YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Drillbit.Taylor.2008.Blu-Ray720P(CM).mp4

957.85 MB N/A video/mp4 485 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lola 2
4

အောင်မြင်မှုဆိုတာ ရယူဖို့မလွယ်သလို ထိန်းသိမ်းထားဖို့ ပိုခက်ခဲတဲ့အရာပါ.. ကိုယ်လိုချင်တဲ့အရာတစ်ခုကို မဖြစ်မနေ အရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လက်လွှတ်လိုက်ရမယ်ဆိုရင်.. အခွင့်အရေးရလာတာနဲ့ ပြန်အရယူဖို့ပဲကြိုးစားမလား.. comfort zone မှာ ရေလိုက်ငါးလိုက်ဆက်နေရင်း ဘဝကိုဖြတ်သန်းမလား.. အမျိုးသမီးလက်ဝှေ့ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lola 1 ရဲ့ sequelဖြစ်တဲ့ Lola 2 (2022)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာက ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက်မှာပဲ သူ့အတွက် အမြဲရှိနေခဲ့သူဒေးဗစ်နဲ့ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။ စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲအနိုင်ယူရင်း ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူ့ဘဝမှာမမျှော်လင့်ထားတဲ့အရာလေး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူတို့ဘဝထဲကို ရင်သွေးလေးတစ်ယောက် ရောက်ရှိနေခဲ့တယ်ဆိုတာ သိလိုက်ရတာပါပဲ။ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဗျာများနေခဲ့ပေမယ့် ဒေးဗစ်ရဲ့အားပေးမှုတွေနဲ့ ချစ်ခြင်းတွေကြောင့် လိုလာက ကလေးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကို စိန်ခေါ်သူ ထရီနာက မခံမရပ်နိုင်တဲ့ စကားလုံးတွေနဲ့ ကြိုးဝိုင်းထဲပြန်လာဖို့ စိန်ခေါ်နေခဲ့တာကြောင့် လိုလာက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မမွေးခင်ကလည်း မမွေးခင်မို့လို့ စိတ်ပူရပေမယ့် မွေးပြီးတော့လည်း ပြုစုဖို့ ပူပန်ရပြန်တာကြောင့် လက်ဝှေ့ကိုအသွေးအသားထဲကချစ်သူ လိုလာ့အတွက်တော့ သမီးလား၊ လက်ဝှေ့လားဆိုပြီး တကယ့်ကို ရွေးချယ်ရခက်တဲ့အခြေအနေမျိုး ဖြစ်နေခဲ့ရတာပေါ့။ မိခင်တစ်ယောက်ဖြစ်ရတာက မလွယ်ကူသလို ကလေးတစ်ယောက်အမေအဖြစ် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ရဖို့ကလည်း လိုလာ့အတွက်တော့ တကယ့်ကို ဖိအားတွေ၊ စိတ်ဖိစီးမှုတွေနဲ့မို့ သူ့ကိုနားမလည်ပေးနိုင်တဲ့ ခင်ပွန်းသည် ဒေးဗစ်ကိုလည်း ရင်မဖွင့်နိုင်၊ သမီးလေးကိုလည်း မစွန့်ပစ်နိုင်တဲ့ လိုလာတစ်ယောက် နောက်ဆုံးမှာတော့ ခေါင်းမာစွာနဲ့ပဲ ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချခဲ့ပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ကြိုးဝိုင်းထဲကို ရဲရဲဝင့်ဝင့်နဲ့ ပြန်ဝင်လိုက်ဖို့ပါပဲ။ ကလေးတစ်ယောက်အမေ ဖြစ်သွားပြီဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ လိုလာတစ်ယောက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား.. ခင်ပွန်းသည်ဒေးဗစ်ကရော ကြည်ကြည်ဖြူဖြူခွင့်ပြုပေးနိုင်ပါ့မလား.. ပြောင်းလဲသွားတဲ့အခြေအနေတွေမှာ စိန်ခေါ်သူ ထရီနာ့ကိုရော ယှဉ်ပြိင်ထိုးသတ် အနိုင်ရနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.4 GB)/(550 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
4 2022 93 mins
Lola 2
Longling Insect Valley

"လုံလင်ပိုးမွှားတောင်ကြား" ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊ ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့ သတ္တဝါတွေကျက်စားနေထိုင်ရာနေရာပေါ့။ နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်းသားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။ ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊ ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။ ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ? လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင် ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။ ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်က အရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။ သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်​သေပြချင်နေခဲ့တယ်။ ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့ ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။ သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့ လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့် စွန့်စားခန်းစတင်ပါတော့တယ်။ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့ မတူညီတဲ့လူတွေ အတူတကွခရီးဆက်ကြတဲ့အခါ.... ဆန်းကြယ်တဲ့ ပဟေဠိ​တွေကိုအဖြေညှိကြရင်း ရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။ မသေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။ ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။ Quality : WEB-DL 1080p , 480p Fomat : mp4 Genres : Adventure . Thriller Runtime : 1h 7min Subtitle :  Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Horror • Thriller
0 2022 68 mins
Longling Insect Valley
Tiger Cage II
6.5

ဒီဇာတ်ကားကတော့ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်ဂျက်မဇာတ်ကား In The Line of Duty ဇာတ်ကားတွေလိုပါပဲ... လူဆိုးဂိုဏ်းတွေနဲ့ ဟောင်ကောင်စုံထောက်ရဲတွေကြားက စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ Tiger Cage ရဲ့အဆက် Tiger Cage 2 ဖြစ်ပါတယ်... မင်းသား Donnie Yen ကို ငယ်ငယ်က ဂျစ်ကန်ကန်ပုံနဲ့မြင်ရမှာပါ။ မင်းသမီး Rosamund Kwan ကတော့ ချစ်စရာကောင်းလွန်းလို့ မှတ်မိနေမှာပါ...အဲ့ဒီခေတ်အခါက ဂျက်လီ ဂျက်ကီချန်း စတီဖင်ချောင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ ဇာတ်ကားတွေရိုက်ခဲ့ဖူးပါတယ်။ဟောင်ကောင်ဂျက်မ Cynthia Khan တို့ David Wu တို့လဲပါဝင်ထားပါတယ်။ IMDb Rating(7.0) ထိ ရရှိထားပြီး အချစ်အကြမ်းစွန့်စားခန်းတွေနဲ့ ရီလဲရီရတာမို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါဘူး။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Comedy
6.5 1990 96 mins
Tiger Cage II
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
Love Story

IMDb - 6.9 2021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ အချစ်ဇာတ်လမ်းအသစ်လေးတစ်ပုဒ်ပေါက်ဖွားလာတော့တာပါပဲ။ ထပ်ပြောရမယ်ဆိုရင် လူတိုင်းမှာ မတူညီတဲ့အချစ်ဇာတ်လမ်းလေးတွေ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ကမ္ဘာပေါ်က မြောက်များစွာသော ဇာတ်လမ်းတွေထဲက တစ်ပုဒ်ပေါ့။ "Love Story"ဆိုတဲ့အတိုင်းပဲ သူတို့နှစ်​ယောက်ကြားမှာ ဖြည်းဖြည်းချင်း ပေါက်ဖွားလာတဲ့ ဇာတ်လမ်းကို အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှုဘဝ၊ ဆင်းရဲနွမ်းပါးမှု၊ ကြပ်တည်းနေတဲ့အလုပ်အကိုင်ကို Romanceလေးနဲ့ တွဲပြီး ပျော်စရာ၊ စိတ်ဝင်စားစရာလေး ရိုက်ပြသွားတာဖြစ်ပါတယ်။ ဒါဆိုရင်တော့အခုပဲ ကိုယ့်ဘဝမှာ ကြုံခဲ့ကြတဲ့ Love Storyလေးကို အောက်မေ့ရင်း အိန္ဒိယ Romance Drama "Love Story"လေးကို ကြည့်ရှူလိုက်ကြပါဦးနော်။ File size…3.4GB / 1.56GB Quality…1080p WEBDL Uncut AAC5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Eliza , Yate

Action • Adventure • Thriller
null 2021 155 mins
Love Story
Swordsman’s Romance
5.9

သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။ သိုင်းကားဆိုပေမယ့် ပေါတောတောပြီးသွားမယ့်ကားမဟုတ်ဘူးဗျ။ ဘဝအဓိပ္ပါယ်ကို ဓါးသမားတစ်ယောက်က နားလည်သလိုရိုက်ပြထားတဲ့ပုံစံလေးပါ။ အလွယ်ပြောရရင်တော့ Comfort Zone ထဲကထွက်လာခဲ့တဲ့သိုင်းသမားအကြောင်းပေါ့…. တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။ တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ သူကယ်လိုက် ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။ နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ? သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:28:00 Type__Action, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Comedy
5.9 2022
Swordsman’s Romance
[18+] Y Tu Mamá También
7.7

Y Tu Mamá También (2001) ~ IMDb – 7.7/10, Rotten Tomatoes – 92% ~ (လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ) သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။ Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု… ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ… မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ… မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ မရင့်ကျက်မှုတွေကို ဒီဇာတ်ကားကနေတဆင့်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဆိုးခဲ့ မိုက်ခဲ့ဖူးတဲ့အချိန်တွေရှိခဲ့ရင်လည်း သေချာပေါက် လွမ်းရမှာပါ။ သုံးလောကမှာ တစ်ခုတည်းသောဝေဒနာရှိရင် အဲဒီဝေဒနာဟာ မမပဲဆိုပေမဲ့… ဒီဇာတ်ကားထဲက မမ လူဝီဆာတစ်ယောက်ရဲ့ စိုးရိမ်မှုတွေဟာရော ဘာများဖြစ်လိမ့်မလဲ စိတ်ဝင်စားစရာပဲ။ ဒီ့အပြင် ဒီဇာတ်ကားကိုရိုက်ခဲ့တဲ့ ဒါရိုက်တာဟာ အဲဒီနှစ်ကာလတွေတုန်းက မက္ကဆီကိုဒေသရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေရဲ့ အပုပ်အပွတွေ အကြောင်းကို ခပ်ပါးပါးလှစ်ဟပြထားခဲ့သေးတယ်။ ဒီလိုလေးနက်တဲ့အကြောင်းတွေကို ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ဇာတ်လမ်းကြောင်းထဲ ဆီလျော်အောင်ထည့်ပြီး တင်ဆက်ပြသနိုင်တာ သိပ်လေးစားဖို့ကောင်းတယ်ဆိုရလိမ့်မယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းပြသခဲ့ချိန်တုန်းက ပြင်းထန်တဲ့ဝေဖန်မှုတွေရခဲ့ပေမယ့်လည်း Golden Globe Awards လို ဆုပေးပွဲမျိုးမှာ Best Foreign Language Film အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာဖြစ်လောက်မယ်။ ပြီးတော့ အပိုထပ်ဆောင်းအချက်အလက်တစ်ခုအနေနဲ့ပြောရရင် ဒီဇာတ်ကားဟာကောင်လေးတွေရဲ့ အရွယ်ရောက်ကြီးပြင်းလာခြင်း အဆင့်ဆင့်ကို အပိုအလိုမရှိ ကွက်တိပုံဖော်ထားနိုင်တဲ့ဇာတ်လမ်းမျိုးတစ်ခုဖြစ်တာကြောင့် ကြည့်ရှုရမယ့်စာရင်းထဲ သေချာပေါက်ထည့်ထားသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို tadaa_j မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – REMASTERED 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 46Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by tadaa_j Encoded by Y

Action • Horror • Thriller
7.7 2001
[18+] Y Tu Mamá También
Deadly Entanglement
720

Deadly Entanglement (2023) ====================== လောကမှာ ပစ္စည်းတစ်ခုခုကိုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ကိုပဲဖြစ်ဖြစ် ကိုယ်မှမပိုင်ဆိုင်ရရင် တခြားဘယ်သူ့ကိုမှပိုင်ဆိုင်ခွင့်မပေးနိုင်လောက် တော့တဲ့ စွဲလမ်းစိတ်ကြီးမားတဲ့သူတွေရှိကြမှာပါ။ ကျွန်တော်တို့တတွေ ဟာ တွေ့ဆုံကြုံကွဲ ဆိုတဲ့ သံသရာစက်ဝန်းထဲမှာပဲ လည်ပတ်နေတာ ဖြစ်လို့ တစ်ခါတစ်ရံ မစွန့်လွှတ်ချင်ပေမဲ့လည်း စွန့်လွှတ်လိုက်ရတဲ့ အခိုက် အတံ့ပေါင်းများစွာ ကြုံတွေ့ကြရမှာ။ အဲလိုမှ မဟုတ်ပဲ တစ်ဖက်သတ် အတင်း တွယ်ကပ်နေမယ်ဆိုရင်တော့ ‘တစ်ဖက်သတ်’ ဆိုတဲ့အတိုင်း တစ်ဖက်ကို သတ် ရင်း ကိုယ်ပါသေတတ်တယ်မဟုတ်လား။ ဒီဇာတ်ကားလေးထဲမှာလဲ ကွာရှင်းပြီးတဲ့ သူ့ရဲ့ခင်ပွန်းဟောင်းကို ဖက်တွယ် မိတဲ့ ဒီဒရာ ဆိုတဲ့ တစ်ယောက် သူတို့ရဲ့ သားလေးကို အုပ်ထိန်းခွင့် ရဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခင်ပွန်းဟောင်းရဲ့ မိသားစုနဲ့ ပတ်သတ်ဖို့အကြောင်းဖန် လာပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်အစစ်က သူ့ခင်ပွန်းရဲ့ အနား မှာ ရှိတဲ့ တခြားသူတွေကို ဖယ်ရှားပစ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သား ရယ် ခင်ပွန်း ရယ် ဇနီးဟောင်းရယ် ဇနီးသစ်လေးရယ် ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ် ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.39 GB) / (489 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thetti Tun Encoder……….SWM

Comedy • Family • Drama • Fantasy
720 2023 88 mins
Deadly Entanglement
Bambi II
6.1

ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့ ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့် နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့ ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူ ရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့ မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲက သတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာ အရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာက သူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့် ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီး အဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက် ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲ ဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။ Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပ ဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။ မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့ မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။ နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့ များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့ ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။ သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့ ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့ Bambi 2 ကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Adventure , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Comedy • Romance • Science Fiction • Mystery
6.1 2006
Bambi II
Heaven’s Seven
6.1

Heaven’s Seven (2002) ဗီယက်နမ်စစ်ပွဲအပြီး သွေးသောက်ညီအစ်ကိုဖြစ်တဲ့ထိုင်းစစ်သား၇ဦးအဖွဲက သူတိုနေရပ်ကိုပြန်သွားခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ အမေရိကန်လူမျိုးတွေက ဓာတုအဆိပ်တမျိုး လာသိုလှောင်တာကို ရဲအုပ်အွန်အတ်က သက်သေရှာဖိုတာဝန်ကျနေခဲ့ပါတယ် စစ်သားဟောင်း၇ဦးတိုအဖွဲကို သူဌေးတစ်ဦးက အမေရိကန်လူမျိုးတွေဆီက ရွှေခိုးဖို ငှါးရမ်းခဲ့တယ် တစ်ဖက်ကလည်း ရဲအုပ်အွန်အတ်ကို ဒီဓာတုအဆိပ်ကားခိုးဖိုကူညီခဲ့တာကြောင့် သူဌေးကြီးအပါအဝင် ပြည်သူအများ ဓားစာခံအဖြစ် ဖမ်းစီးခြင်းခံခဲ့ရရာကနေ ဒီအဖွဲက ဗျာများစရာ ဓာတုကားနဲ့ပြည်သူ့အသက်ကြားမှာ ဘယ်လိုတွေရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် အညွှန်း န့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 5GB } 2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator …..Lei Wutyi Tun Encoder ….. Aaron

Family • Adventure • Science Fiction • Drama
6.1 2002 106 mins
Heaven’s Seven
Black Death
6.4

၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူ အစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ…။ အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲက ဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beast မင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမ မယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Carice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ…။ ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံက ပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့ တစ်သားတည်းဖြစ်လွန်းလှပါတယ်…။ ဇာတ်လမ်းအကြောင်းကိုပြောပြရရင်…။ အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါ ကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေ သေကြေပျက်ဆီးကြရပါတယ်…။ လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်က ပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့…။ သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့ အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့…။ ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသား လူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်း ဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်….။ အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည် သက်ဝင်သူရှိရင်…၊ စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်…။ အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲ စုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးက သူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်…။ ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး…. Action, Drama, History, Horror, Mystery စတဲ့ရသအစုံ ပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်…. File size…2.19GB / 1.3GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Thriller
6.4 2010 102 mins
Black Death
The Usual Suspects
8.6

The Usual Suspects (1995) *************************** IMDB……….8.6 Rotten…..96% IMDb နဲ့ Rotten ကို ကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကို နည်းနည်းတော့ ရိပ်စားမိမယ်လို့ထင်ပါတယ် .. ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေးတွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သည်းခံပေးပါ……. တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်……. ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် .. ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ .. ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ .. ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာတ်လမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ .. ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ .. ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် spoil အဆင့်ရောက်သွားမှာလည်း စိုးမိတယ် .. ဒီကားရဲ့ Plot ,dialogue ,Tempo ,Twist စတဲ့ ရသတွေဟာ ကျွန်တော့ရဲ့ ဝါကျဖွဲ့စည်းမှု ခပ်ညံညံအောက်မယ် ကြည့်ရှုသူအတွက် စိတ်အနှောင့်ယှက်ဖြစ်သွားမှာ စိတ်ပူမိတဲ့အပြင် The usual suspects ရဲ့ ကြီးကျယ်ခမ်းနားမှုမှေးမှိန်သွားမှာ ကြောက်မိလို့ပါ……. ကိုင်း ကျွန်တော်ပြောတာဟုတ်မဟုတ်ဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ပါဦး ပရိသတ်ကြီးရေ……… (ဇာတ်လမ်းအညွှန်းကို Aye Mon Kyaw မှ ရေးသားပေးထားပါတယ်) File Size… 2.82GB, 674 MB Quality… BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…AHtet Translated by Aye Mon Kyaw

8.6 1995 106 mins
The Usual Suspects
Journey to the West: The Helltown of Heaven
5.8

CM ရဲ့ တရုတ်ကားချစ်သူတို့ရေ… မတူညီတဲ့ စွန်းဝူခုန်းဗားရှင်းတွေထဲမှာ ဒီတစ်ခေါက်တော့… ကောင်းကင်ဘုံကို ပြဿနာရှာခဲ့တဲ့ စွန်းဝူခုန်းတစ်ယောက် ဘာလို့ စိတ်ပြောင်းသွားရတာလဲ ဆိုတဲ့ မေးခွန်းကို အခြေခံပြီး စိတ်ကူးယဉ် ပုံစံ အဆန်းလေး ဖန်တီးထားတာပေါ့… မိစ္ဆာတိုင်းက ဆိုးတာလား… သူတော်စင်ဂိုဏ်းဆိုတိုင်း ကောင်းကြတာလား… ဒီဇာတ်ကားလေးထဲမှာ သူတော်စင်ဂိုဏ်းက တပည့်အသစ်အားလုံးရဲ့ ဆရာတူအစ်ကိုကြီး မိစ္ဆာဖမ်းသူအဖြစ် ကျင့်ကြံအားထုတ်နေပြီး ဆရာအားလုံးက အလေးထားရတဲ့သူက တကယ်တော့ မိစ္ဆာတစ်ဝက် လူတစ်ဝက်တဲ့… ဒါကြောင့်လည်း သူတော်စင်ဂိုဏ်းက ဝရမ်းထုတ်တဲ့အထိ ဖြစ်ခဲ့တာပေါ့… ဒါကြောင့်လည်း ပျော်ရွှင်ခြင်းမြို့ကို ရောက်လာပြီး သူလူအပြည့်အဝဖြစ်စေမယ့် နည်းလမ်းကို ရှာတာပေါ့… သူ့ကိုကာကွယ်ပေးခဲ့တာက မိစ္ဆာမလေး… ဒီမိစ္ဆာမလေးက အကြိမ်ကြိမ်ကယ်တာကို လက်ခံခဲ့ရတာတောင် သူက ဒီကောင်မလေးရဲ့ အမြုတေနဲ့ လူအပြည့်အဝပြန်ဖြစ်ဖို့ကို ကြိုးစားချင်နေခဲ့တာ… ဒီတော့ ဆရာတူအစ်ကိုကြီးက လူအပြည့်အဝပြန်ဖြစ်မှာလား… နောက်တော့ သူ့ကိုကယ်တဲ့ မိစ္ဆာလေးကရော ဘယ်သူလဲ… သူကရော ဘာကြောင့်ကယ်တင်နေတာလဲ… ဘယ်လိုပုံစံကွဲတဲ့ အနောက်ခရီးသွားဇာတ်လမ်းမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်…

Mystery • Thriller • Action • Science Fiction
5.8 2025
Journey to the West: The Helltown of Heaven