YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Draw the Line E12 (1080p) CM.mp4

459.19 MB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Great Dragon Plague

The Great Dragon Plague (2021) ကားလေးကို ဒီတစ်ခါ CM ပရိတ်သတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးပြောရရင် တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာ ပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကို အခြေခံရိုက်ကူးပြထားတာပါ... chang an ကို အခြေခံထားတာဖြစ်လို့ The Promise of Chang’an (2020) ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးက အမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာ ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့... ဒီဇာတ်လမ်းလေးထဲမှာ ပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာ ဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက် အခုလိုဘဝလေးလည်း မဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆို ဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်.. ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကို ကယ်တင်ဖို့ကြိုးစားနေတဲ့အခါ အဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလား ချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလား ဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီး ကိုယ်သာ သူ့နေရာဆိုရင်ရော ဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကို ကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 17min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon,Chu Chu Encoded by LK

0 2021 77 mins
The Great Dragon Plague
Tari Sathe
7

တစ်ခါတလေတော့ အချစ်ကို ကျွန်တော်တို့တိုင်းတာတဲ့စံနှုန်းတွေဟာ တော်တော်ညှိရခက်သား။ အဲလိုညှိရနှိုင်းရခက်လာတိုင်း ခေတ်သစ်၊ စနစ်သစ်ကြီးရဲ့သဘောလို ကွဲကြပြတ်ကြမလား၊ ပြန်လည်ငြိမ်းချမ်းရေးယူမလားကတော့ လူတစ်ဦးနဲ့တစ်ယောက်ချင်း၊ အတွဲတစ်တွဲနဲ့တစ်တွဲချင်း တစ်ထပ်တည်းတော့ကျနိုင်မယ်မထင်ပါဘူး။ တစ်ခါတလေမှာ ယောက်ျားလေးဖက်ကချည်း တစ်ဖက်သတ်ဆွဲထားရတာမျိုးတွေတွေ့နိုင်သလို၊ တစ်ခါတလေကျပြန်တော့လည်း မိန်းကလေးဖက်ကချည်း တစ်ဖက်သတ် ခြေစုံကန်ထားရတာမျိုး၊ တစ်ခါတလေကျပြန်တော့လည်း နှစ်ဦးနှစ်ဖက် ကတောက်တဆညီတူညီမျှဖြစ်ရင်း သူ့အတ္တ၊ ကိုယ့်မာနပြိုင်ကြတာမျိုးတွေပေါ့။ ဒါမျိုးတွေဟာဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေမို့၊ ဒါမျိုးတွေကို‌ဖြေရှင်းတဲ့အခါ ညှိနှိုင်းတဲ့အခါ ဘယ်လိုမျိုးချဉ်းကပ်ကိုင်တွယ်ရမယ်နည်းလမ်းပေါင်းများစွာပါဝင်ပါတယ်။ ပထမရည်းစားရဲ့စပါယ်ရှယ်ဘဲပစ်ခံရပြီးပျက်သွားခဲ့ရတဲ့ ဘဲပစ်မလေးဟာ သူ့အမေပေးစားမယ့်သူရှိရာ ဘဒိုဒရာဆိုတဲ့မြို့လေးကိုရောက်လာခဲ့တယ်‌ဆိုပါတော့။ သူက အစကတော့ သူ့အမေပေးစားမယ့်သူကို လူချင်းမျက်နှာချင်း‌ဆိုင်တွေ့ပြီးချေပြီးတော့ ငြင်းဖို့သွားခဲ့တာဗျ။ ဒါပေမဲ့ အဲဒီမြို့က ခရစ်ကတ်ကစားသမားအရမ်းဖြစ်ချင်တဲ့ကောင်လေးနဲ့တွေ့တဲ့အခါ၊ အဲဒီကောင်လေးနဲ့ သူ့အမေပေးစားမယ့်သူကြား ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ....။ ဘဲပစ်မလေးတွေပါ ကြည်နူးရမယ့် ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံရဲ့ Gujarat စကားပြော ဇာတ်ကားလေးဖြစ်ပြီး အကအလှရိုမန့်တစ်တွေနဲ့မို့  ကြည့်ပျော်မယ့်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…(2 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Crime • Mystery • Romance • Thriller
7 2021 119 mins
Tari Sathe
Chun Tae-il: A Flame That Lives On
6

ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူး ဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ် ၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ် အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon Hye Hyo နဲ့ Yeom Hye Ran တို့ဖြစ်ပါတယ် File size…953MB / 492MB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subbtitle (Hard Sub) Encoder….YK Translated by Thu Thu

Horror • Mystery • Thriller
6 2021 99 mins
Chun Tae-il: A Flame That Lives On
Splinter

ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် ‌လက်ဆောင် တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့ အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊ လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင် ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းပါတဲ့လေ။ ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်း ဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ် ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခု ပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွား ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(823 MB) / (269 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Action • Crime • Drama
0 2022 75 mins
Splinter
A Message from Brianna
4.5

A Message from Brianna (2021) ======================== အခုနောက်ပိုင်းထွက်တဲ့ Horror ‌ကားတွေထဲမှာမှ ဇာတ်အိမ် ကောင်းကောင်းနဲ့ကြည့်လို့ကောင်းမယ့်ကားလေးဖြစ်တယ်။ ဇာတ်လမ်းအစကို ဘရီအာနာ ဆိုတဲ့ သမီးဦးလေးပိုင်ဆိုင်ထားတဲ့ လင်မယားနှစ်ယောက် အိမ်အသစ်ပြောင်းလာတဲ့အချိန်ကနေ စထားတယ်။ ကလေးက လမ်းလျှောက်နိုင်ရမယ့်အချိန်မှာ လမ်းမလျှောက်လို့ မိဘတွေက ဆရာဝန်ဆီသွားပြလည်း အဖြေ အတိအကျရှာမရဘူး။ နောက်ပိုင်းအိမ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာပြီး စုံစမ်းကြည့်လိုက်တော့မှ သူတို့သမီးနဲ့ မမြင်ရတဲ့အရာ တစ်ခုနဲ့ ဆက်နွှယ်နေတယ်ဆိုတာသိသွားကြရော။ ကလေးနဲ့ အဲ့အရာကြီးနဲ့ ဘာလို့ပက်သက်နေတာလဲ ဘာတွေဆက် ဖြစ်မလဲဆိုတာကတော့ CM ပရိတ်သတ်ကြီးကပဲ ဇာတ်သိမ်းအထိ ရင်တထိတ်ထိတ်နဲ့ ဆက်ပြီးကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.16 GB) / (530 MB) / (350 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 20mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Khant Sett Naing Encoder……….SWM

Drama
4.5 2021
A Message from Brianna
Spaceballs
7.1

ဒီဟာကတော့ ရှားရှားပါးပါး Star Wars နဲ့ Star Trek ကို parody ဟာသလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ meme တွေမှာလည်း မြင်ဖူးကြမှာပါ။ ရယ်ရသလို ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း အာကာသဘောလုံးဂြိုလ်သားတွေဟာ သူတို့ဂြိုလ်က လေသန့်တွေကို အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အကုန်သုံးလိုက်မိတာကြောင့် အခြားဂြိုလ်က လေသန့်တွေကို လုယူဖို့ ကြံစည်နေပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ကလည်း ကာကွယ်ရေးစနစ်နဲ့ လေဆာဒိုင်းတွေ ရှိတာကြောင့် ဖောက်ဝင်နိုင်ဖို့ ပက်စ်ဝါ့လိုတာပေါ့။ အဲဒီပက်စ်ဝါ့ကို ရဖို့ ဂြိုလ်ကြီးရဲ့ ဘုရင်ရဲ့ တစ်ဦးတည်းသောသမီးလေးကို ပြန်ပေးဆွဲပါတော့တယ်။ အဲဒီမင်းသမီးလေးကို ကယ်တင်ဖို့အတွက် အာကာသထဲက မှောင်ခိုသမား သူငယ်ချင်းနှစ်ယောက်က ကြိုးစားကြပုံပါပဲ။ အဓိက အားဖြင့်တော့ Star Wars : A New Hope ကို ဟာသလုပ်ထားတာပါပဲ။ ခွီလိုက်ကြပါဦး။ File size…(2.86GB/1.36GB/(757MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Adventure / Sci-fic / sci -fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Adventure • Fantasy
7.1 1987
Spaceballs
Million Dollar Man
5.4

Million Dollar Man (2018) ====================== (Kenshin နဲ့ Death Note ထဲက ဇာတ်လိုက်ခေါင်းဆောင်မင်းသား နှစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး လာပါပြီ) ထီဆုကြီးပေါက်ရင် ဘာလုပ်ချင်လဲ။ ဇိမ်ခံပစ္စည်းတွေဝယ်ချင်လား။ ရှိသမျှမုန့်တွေ လျှောက်ဝယ်စားချင်လား။ အပန်းဖြေခရီးတွေထွက်ပြီး အေးဆေးနှပ်ချင်လား။ ကျွန်တော်တို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ထီပေါက်ရင်ဆိုတဲ့ အိပ်မက်ကိုမက်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။ တွေးကြည့်ရင် ငွေဆိုတဲ့ဘုရားက လူသားတွေကို အမျိုးမျိုးစေခိုင်းနိုင်တာနော်။ တစ်ဘဝလုံး ငွေနောက်ကိုပဲလိုက်ရင်း ဘဝပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာမသိတော့တဲ့သူတွေ၊ “ငွေ”ဆိုတဲ့ အဆုံးအစ မရှိတဲ့ ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ချက်တွေအတွက် ပျော်တော်ဆက်ရင်း ဘဝနေဝင်သွားကြတဲ့သူတွေကို တွေ့မိတဲ့အခါမျိုးမှာ ခဏတာသံဝေဂရမိပေမယ့် သူနဲ့ကင်းကွာပြီးမနေနိုင်ပြန်တော့ ဒီငွေနတ်ဘုရားရဲ့ ကျေးကျွန်ဘဝနဲ့ထာဝရ ခြေချုပ်မိနေကြတာပေါ့။ အခု ဒီကားထဲက ဇာတ်လိုက်ကတော့ အကြွေးနွံထဲ နစ်မွန်းနေတဲ့ဘဝကနေ (ယန်း)သန်း ၃၀၀ ထီဆုကြီးထပေါက်ပြီး ဒီငွေကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးအသုံးချရမလဲဆိုတာ သူ့အချစ်ဆုံးသူငယ်ချင်းဆီ သွားတိုင်ပင်ပြီးနောက် နှစ်ယောက်သား ပါတီပေးအောင်ပွဲခံကြပြီး နောက်နေ့မနက်နိုးလာချိန်မှာတော့ သူ့ သူငယ်ချင်းနဲ့အတူ ထီပေါက်တဲ့ငွေတွေပါမရှိတော့ကို သိလိုက်ရပါတယ်။ နေ့ချင်းညချင်း မီလျံနာဘဝက သုညဘဝကို ပြန်ရောက်သွားတော့မယ့့် အခြေအနေမှာ အပူတပြင်း သန်း ၃၀၀ ရှာပုံတော်ဖွင့်ရင်း ခရီးစဥ်တစ်လျှောက်မှာ လူမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီးနောက် ငွေဆိုတာဘာလဲဆိုတဲ့ သင်ခန်းစာနဲ့အတူ လောကမှာ တချို့အရာတွေကို ငွေဘယ်လောက်ပုံပေးပေး ဝယ်မရဘူးဆိုတာကို နားလည်သဘောပေါက်သွားကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ တချို့အခန်းတွေမှာဆိုရင် နာကျင်စရာကောင်းတဲ့ အမှန်တရားကို မီးမောင်းထိုးပြသွားတဲ့ ဒိုင်ယာလော့တွေကြောင့် ငိုင်သွားရတာတွေလည်း အများကြီးပါပါတယ်။ ဇာတ်လမ်း ပြီးသွားတဲ့အချိန်မှာလည်း တွေးစရာတွေအများကြီး ကျန်ခဲ့တာမို့ ကြည့်ရတာတန်မယ်လို့ ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 2.1GB | 1.1GB | 485MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Animation • Drama • Fantasy • Romance
5.4 2018
Million Dollar Man
HiGH&LOW: The Red Rain
6.2

ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.76GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Sai Sumali

Action
6.2 2016
HiGH&LOW: The Red Rain
Craving

မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Crime, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Craving
Betty’s Bad Luck In Love
6.2

Betty’s Bad Luck In Love (2024) ======================== IMDb Rating – 6.2/10 ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့ American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laci တဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်း လေးကိုရိုက်ကူးထားတာပါ။ အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲ တွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ် ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက် trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်း ကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ် လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.36 GB) / (571 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thetti Tun Encoder……….SWM

Comedy
6.2 2024 84 mins
Betty’s Bad Luck In Love
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Running on Empty
5.8

Running on Empty က ဒါရိုက်တာ/ဇာတ်ညွှန်းရေးဆရာ အသစ်ဖြစ်တဲ့ Daniel Andre ရဲ့ ပထမဆုံး debut film ဖြစ်ပြီးတော့ Lucy Hale, Dustin Milligan နဲ့ Francesca Eastwood တို့ပါဝင်သရုပ်ဆောင် ထားတဲ့ Comedy ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Life Day Count(LDC) လို့ခေါ်တဲ့ ကိုယ်သေဆုံးမဲ့ရက်ကို ကြိုတင်တွက်ချက်လို့ရတဲ့ သိပ္ပံနည်းပညာသစ်ထွန်းကားနေတဲ့ ကာလမှာ Mort တစ်ယောက် သူ့ရဲ့ရည်းစားနဲ့အတူနေဖို့ အိမ်ဝယ်ဖို့ လုပ်ရင်း သူ့ရဲ့ LDC ကိုတွက်လိုက်မိတဲ့အချိန် သူ့မှာ အသက်ရှင်ဖို့ တစ်နှစ်တောင်မကျန်တော့တာကို သိလိုက်ရပါတယ်။ သူ့ရဲ့သေဆုံးမဲ့ရက်ကိုသိလိုက်ရပြီးနောက် သူ့ရည်းစားကသူ့ကို ပစ်သွားခဲ့ပြီး လူတွေရဲ့ LDC ပေါ်အခြေခံပြီး matching လုပ်ပေးတဲ့ dating service ကနေတဆင့် Kate ဆိုတဲ့ကောင်မလေးကို တွေ့ဆုံခဲ့ရပြီးနောက်…. File size…2GB / 781MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Crime • Drama • Thriller
5.8 2024
Running on Empty
The Hitman’s Bodyguard
6.9

The Hitman’s Bodyguard (2017) IMDb Rating (6.9) 2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား သရုပ်ဖော်ထားတာမို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းချင်ပါတယ်။ ဒီကားရဲ့ အဆက် Hitman’s Wife’s Bodyguard (2021) ကိုလဲ CM မှာ ကြည့်လို့ရပါတယ်။

Adventure • Comedy • Horror
6.9 2017 118 mins
The Hitman’s Bodyguard
The Tale of Iya

The Tale of Iya (2013) ********************** ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဇာတ်ကားတစ်ကား ကြည့်နေရတာထက် ရိုးရှင်းတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖတ်‌နေရသလို ခံစားရစေမဲ့ ဂျပန်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ………………… တိုကူရှီမားခရိုင်၊ အီယာဒေသ အလယ်ပိုင်းမှာရှိတဲ့ တောင်ထိပ်တွေနဲ့ မျက်နှာပြင် မညီညာတဲ့ နေရာဒေသတွေကို ရုပ်မြင်သံကြား ကဗျာတစ်ပုဒ်အဖြစ် ပုံဖော်ရိုက်ကူးထားပါတယ်။ အီယာတောင်ထိပ်မှာ အဖိုးနဲ့ မြေးမဖြစ်သူ ဟာရုနာတို့က လျှပ်စစ်မရှိ၊ ဓာတ်ငွေ့မရှိ တိတ်ဆိတ်ပြီး ကိုယ်တိုင်လုပ် ကိုယ်တိုင်စားဘဝနဲ့ ရှင်သန်နေထိုင်ကြပါတယ်။ တစ်နေ့မှာ တိုကျိုမြို့သား ခုဒိုဟာ ရွာကို အလည်လာရင်း သူတို့မြေးဖိုး နှစ်ယောက်ဆီမှာ နေထိုင်ဖို့ ဖြစ်လာပါတယ်။ ၃၅ မီလီမီတာဖီလင်ဖြင့် ရိုက်ကူးထားပြီး အဘွားရွာသူကြီးတစ်ဦး၊ တောင်ပေါ်မှာပဲ မြေးမလေးနဲ့ သီးသန့်နေတဲ့ အဘိုးကြီးတစ်ဦး၊ သစ်တောမပြုန်းတီးရေးအတွက် ဂျပန်တွေကို ပြန်ပြီး ဆန္ဒပြကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေ… မြို့ပေါ်မှာ ပြဿနာတစ်ခု ကြုံတွေ့ပြီး အလည်လာတဲ့ တိုကျိုမြို့သားတစ်ဦး၊ မြို့သားတွေကို သဘောမကျတဲ့ သက်လတ်ပိုင်း ရွာသားတစ်ဦး၊ ထိုလူတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Spoil မပါအောင် ဒီထိပဲပြောပါမယ်ဗျ။ ဒီထဲမှာ ရင်ထဲထိတဲ့ စကားလေးတစ်ခွန်းကတော့ သပိတ်ခေါင်းဆောင် မိုက်ကယ် သူ့နိုင်ငံကို မပြန်ခင် ပြောသွားတာလေးပါ။ “နောက်ဆုံးတော့ ငါတို့ဟာ အပြင်လူတွေပါပဲ” ပြင်ပလူတွေက ဘယ်လောက်ပဲ ကောင်းစားအောင် ကြိုးစားပေးနေပါစေ ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပဲ ကောင်းအောင် လုပ်နိုင်မယ်ဆိုတာကို အသိသတိရှိမိ‌စေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.89GB / 955MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 50 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Comedy • Drama • Romance
0 2013 170 mins
The Tale of Iya