YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dragon Tiger Gate [2006] (MM Sub).mp4

999.62 MB 720p video/mp4 1268 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
National Treasure: Book of Secrets
6.3

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဒီကားမှာတော့ ဘန်ဂိတ်စ်တို့ရဲ့ အဘီ သောမတ်စ်ဂိတ်စ်ဟာ ပြည်တွင်းစစ်ခေတ်က လင်ကွန်းကို လုပ်ကြံဖို့ ကြိုးကိုင်ခဲ့တဲ့သူလို့ စွပ်စွဲခံရပါတယ်။ တကယ်လုပ်ကြံခဲ့တဲ့သူ ဘုရှ်ရဲ့ ပျောက်ဆုံးနေတဲ့ ဒိုင်ယာရီစာရွက်က စာရွက်ပေါ်‌ သောမတ်စ်ဂိတ်စ်နာမည်နဲ့အတူ ပေါ်လာခဲ့လို့ပါပဲ။ သောမတ်စ်ဂိတ်စ်ရဲ့ နာမည်ပျက်ကို ရှင်းဖို့ကတော့ သောမတ်စ်ဂိတ်စ် ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ဘုရှ်ရဲ့စာရွက်ဟာ ရတနာမြေပုံဆိုတာကို သက်သေပြနိုင်မှဖြစ်မှာပါပဲ။ ဒီတော့ ဘန်တို့တွေ ထုံးစံအတိုင်း ရတနာရှာကြဖို့ အကြောင်းဖန်လာခဲ့တယ်။ National Treasure ကားတွေရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ သမိုင်းတွေ လှိုင်လှိုင်သုံးပြီး သဲလွန်စတွေတစ်ခုပြီးတစ်ခုနောက်လိုက်တာကို အက်ရှင်လေး နည်းနည်းနှောပြီး ပြသွားတဲ့ ရုပ်ရှင်ပါပဲ။ ဒီဒုတိယကားမှာတော့ အထင်ကရနေရာတွေပိုပါလာသလို သမ္မတတွေ ဘာတွေအဆင့်ထိပါ ပတ်သက်လာတဲ့ကားဖြစ်လာပါတယ်။ ထွက်မလာသေးတဲ့ နောက်ကားအတွက် ကြည့်ရှုသူတွေကို သိချင်စိတ် မီးစာပျိုးသွားတဲ့ ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနှစ်ကားကို ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Size - 2.3GB, 1.15GB, 730MB Quality - 1080p, 720p, 480p IMDb Rating - 6.5/10 Format - mp4 Duration - 2h 4Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Music • Romance
6.3 2007 124 mins
National Treasure: Book of Secrets
[ 18+ ] Betty Blue
7.2

တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ... Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ဘက်တီ့ကို နှင်မထုတ်စေချင်ရင် တဲတွေကို ဆေးလိုက်သုတ်ပေးဖို့ ပြောသွားခဲ့ပါတယ်။ ဘန်ဂလို ၅၀၀ ကို အလကား ဆေးသုတ်ခိုင်းတဲ့အလုပ်ရှင် ၊ ငြိမ်ခံနေတဲ့ Zorg နဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ဘက်တီတို့​ ထိပ်တိုက်တွေ့ကြရာကနေ ရန်ဖြစ်ကြပြီး ပစ္စည်းတွေပစ်ပေါက်ရင်း ဘက်တီဟာ Zorg ရဲ့လက်ရေးမူဝတ္ထုတစ်ပုဒ်ကို မတော်တဆတွေ့သွားခဲ့ပါတယ်။ ဒီကစလို့ Zorg ကို စာရေးဆရာဖြစ်စေချင်လွန်းလှတဲ့ ဘက်တီရဲ့စိတ်အားထက်သန်မှု ၊ ကြိုးစားအားထုတ်မှု ၊ ကံကြမ္မာအလှည့်အပြောင်းတွေကို ရသမျိုးစုံ ခံစားရနိုင်မယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဘက်တီဟာ မြင်းရိုင်းတစ်ကောင်ဆိုရင် Zorg ကိုရော ဘယ်လိုမျိုးသတ်မှတ်နိုင်မလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ရှုစေချင်ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ရင်ရော ဘယ်လို​ဖြေရှင်းမလဲ..။ ချစ်ခြင်းတရားကတော့ သိပ်လှပါတယ်။ ဒါပေမဲ့ ဘက်တီရယ်.. လောကကြီးမှာ မကောင်းတဲ့ကောင်တွေ မျိုးသုဉ်းသွားမှာလည်း မဟုတ်သလို ၊ မျှော်မှန်းသလို မဖြစ်တဲ့အဖြစ်အပျက်တွေ၊ အချိန်ကိုက် ချော်လွဲရတဲ့ဖြစ်ရပ်တွေ ရှိနေဦးမှာပါပဲ..။ (လိင်အင်္ဂါများကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်ပါ)   File size…(4.29GB)  / (`1.94GB) / (1.01GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre...  Drama /Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Shinn Man Htet Myat

Drama
7.2 1986 120 mins
[ 18+ ] Betty Blue
As Good as Dead
6.7

As Good As Dead (2022) ~ Rotten Tomatoes - 71% ~ အခုမိတ်ဆက်ပေးမယ့် အက်ရှင်ဇာတ်ကားကတော့ ဝါရင့်မင်းသားကြီး Michael Jai White ကိုယ်တိုင်ရေး ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Rotten Tomatoes မှာ 71 % အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ Michael Jai White ကတော့ Boxing လောကမှာ The Man, The Myth, The Legend လို့ ခေါ်လေ့ရှိကြတဲ့ Mike Tyson အနေနဲ့ HBO က ထုတ်လုပ်ထားတဲ့ 1995 တုန်းက Tyson - O Mito ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့သူပါ။ ဒီဇာတ်ကားထဲမှာတော့ Lucas Oriel နဲ့ Gabriela Quezada တို့က Michael ကို လူငယ်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဘရိုင်ယန့်ဆိုတဲ့သူတစ်ယောက်ကနေ ပြဿနာရှာလာခဲ့တဲ့ အော်စကာဆိုသူ ချာတိတ်တစ်ယောက်ကို မိတ်ဖွဲ့မိရာကနေ ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတယ်။ အော်စကာဟာ MMA ဖိုက်တာ တစ်ယောက်ဖြစ်ချင်တဲ့အတွက် ဘရိုင်ယန့်ပုံမှန် ကိုယ်ဟန်ပြလေ့ကျင့်နေတဲ့အချိန်မှာ သွားချောင်းပြီး လိုက်အတုယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ အော်စကာပြဿနာတက်သွားတာကို ဘရိုင်ယန့်ကတွေ့သွားပြီးတော့ သူ့ကို သနားသွားလို့ သူရဲ့ Signature တိုက်ကွက်တွေကို သင်ပေးလိုက်ပါတော့တယ်။ အဲဒါကို အော်စကာက သတိမထားမိဘဲ သူ့စွမ်းရည်ကို တိုင်းတာချင်သပဆိုပြီး သူ့အစ်ကိုခေါ်သွားတဲ့ ချိန်းပွဲတစ်ခုမှာဝင်ထိုးပြီး နာမည်ကြီးသွားပါတော့တယ်။ ဘရိုင်ယန့်သင်ပေးလိုက်တဲ့ တိုက်ကွက်တွေမှန်း ဘရိုင်ယန့်ရဲ့ အဆွေအနှောင်းတွေက အော်စကာကနေတစ်ဆင့်သိလိုက်တဲ့အချိန်မှာ ဘရိုင်ယန့်ကို ရှာဖို့ကြိုးစားပါတော့တယ်။ ဒါနဲ့ပဲ ဘရိုင်ယန့်ဟာ တစ်ချိန်က ဘယ်သူများဖြစ်ခဲ့တာလဲ... ဘယ်လိုရာဇဝင်တွေရှိခဲ့မလဲ... ဆိုတာကို ဒီဇာတ်ကားမှာ ရသအပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 29Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

TV Movie • Thriller
6.7 2022 88 mins
As Good as Dead
A Wedding to Remember
6.1

A Wedding To Remember (2021) ======================= IMDb Rating – 6.1/10 အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။ လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့ ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.1 ရရှိထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.64 GB) / (837 MB) / (516 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Action • Adventure • Science Fiction • Thriller
6.1 2021
A Wedding to Remember
Keramat
6.8

Keramat(2009) ************* ရုပ်ရှင်အဖွဲ့တစ်ဖွဲ့ဟာ သူတို့ရုပ်ရှင်ရိုက်ကူးရေးအတွက် မြို့တစ်မြို့ကို သွားကြတယ်.. အဲ့ဒီမြို့ကိုရောက်ရောက်ချင်းညမှာပဲ သူတို့အဆောင်အပြင်ဘက်မှာ ငိုသံကြီးစကြားကြတယ်.. လိုက်ရှာကြည့်တော့လည်း ဘာမှမတွေ့ခဲ့ပါဘူး… နောက်တစ်နေ့မနက်မှာတော့ ရုပ်ရှင်အဖွဲ့ထဲက ဇာတ်ဆောင်မင်းသမီး Migi ဟာ နေမကောင်းချင်သလိုဖြစ်ပြီး ရိုက်ကူးရေးနားလိုက်ရပါတယ်… အဲ့ဒီ့ညနေမှာပဲ Migi ဟာ တစ်စုံတစ်ယောက် ဝင်ပူးချင်းကို ခံလိုက်ရပါတယ်…. အဲ့ဒီမှာပဲ အပနှင်ဆရာလိုလို ဆရာတစ်ဦးရောက်လာပြီး အပနှင်လိုက်ပြီးတော့ အဆင်ပြေသွားပါ‌တယ်.. ဒါပေမယ့် ခဏအကြာMigi ရဲ့အခန်းထဲဝင်ကြည့်တဲ့အခါ Migi ဟာ ပျောက်ဆုံးနေပါတယ်.. Migi ဘာကြောင့်ပျောက်ဆုံးသွားလဲ ဘယ်ကိုရောက်သွားလဲဆိုတာကတော့ …. File Size :(2.3GB) and (973MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:20:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.8 2009
Keramat
Fugitive Pieces
6.9

ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့် ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်း နေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကို ဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့ အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကို သုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီး မွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရ အစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာ ကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရော သူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရော အပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.9 2007 104 mins
Fugitive Pieces
Tribble Riding

Triple Riding (2023) ================== အိန္ဒိယရုပ်ရှင်ပရိသတ်တွေ ခေတ္တခဏအမောပြေစေမယ့် Kannada စကားပြော rom-com ရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ရမ်ဟာ ဆရာဝန်တစ်ယောက်ဆိုပေမဲ့ လူနာတွေကို ဂူဂဲလ်ခေါက်ပြီးကုနေတဲ့ ရမ်းကုတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ တာဝန်ကျတဲ့နေရာက ခွဲစိတ်ဆရာဝန်မလေးကို မြင်မြင်ချင်းကြွေဆင်းသွားခဲ့ပြီး နှစ်ဦးနှစ်ဖက် မေတ္တာမျှခဲ့ကြပေမဲ့ ဆရာဝန်မလေးရဲ့အဖေက သူ့သမီးကို ဝန်ကြီးချုပ်ရဲ့သားနဲ့ ပေးစားဖို့ပြင်ဆင်လာတဲ့အပြင် နောက်ထပ် မိန်းမလှလေးနှစ်ယောက် ထပ်ပေါ်လာချိန်မှာတော့ လေးပွင့်ဆိုင် Triple Riding ဇာတ်လမ်းသွားလေး ဖြစ်ပေါ်လာခဲ့ပါတယ်။ လောင်ရတာတွေ ကြည့်ရတာများလို့အီနေတဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးခံစားလို့ရမယ့် ၂ နာရီကျော်စာ အချစ်ဟာသဇာတ်မြူးလေးဖြစ်ပါတယ်…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM ရဲ့ Bollywood Team member တွေပဲဖြစ်ပါတယ်။)

0 2022
Tribble Riding
[18+] The Margin
5.2

(18+) The Margin (La marge) (1976) IMDb – 5.2/10 “အပြာရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကြီး”လို့တောင် သမုတ်ခြင်းခံရတဲ့ ဒါရိုက်တာကြီး Walerian Borowczykရဲ့ လက်ရာကောင်းတွေထဲက တစ်ကားပေါ့။ သူ့ခေတ်သူ့အခါမှာ ပြောင်မြောက်တဲ့ရိုက်ချက်တွေနဲ့ ထိထိမိမိတင်ပြတတ်သူမို့ ဒီဘက်ခေတ်အနုပညာရှင်တွေထိတောင် သူ့ကိုစံထားပြီး အတုယူရတယ်လို့ ဆိုကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့ ဇနီးချောလေးရယ်ကိုပိုင်ဆိုင်ထားတဲ့ ဆီဂီစ်မွန်တစ်ယောက် ပါရီမြို့ကြီးဆီကို အလုပ်ကိစ္စနဲ့သွားဖို့ဖြစ်လာပါတယ်။ အမြဲတမ်းစိတ်တူကိုယ်တူဖြစ်တဲ့ ဇနီးဖြစ်သူကို အတူခေါ်သွားချင်ပေမဲ့ သားလေးကိုပစ်ထားပြီး မလိုက်ချင်တာကြောင့် ဆီဂီစ်မွန်တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ်။ ပါရီမြို့ကြီးက ညည့်ငှက်လေးတွေဆွဲဆောင်သမျှ ငြင်းပယ်ရင်း ဇနီးဖြစ်သူနဲ့တူတဲ့ အမျိုးသမီးလေးကို တွေ့တဲ့အခါမှာတော့ မရှောင်တိမ်းနိုင်တော့ဘဲ စွဲလန်းမိပါတော့တယ်။ ဒီမှာပဲ အိမ်မှာကျန်ခဲ့တဲ့သားမိနှစ်ယောက်ဆီက သတင်းဆိုးတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့…။ (aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 878MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5.2 1976
[18+] The Margin
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
In a Violent Nature
5.8

Gore Slasher တွေအထွက်နည်းနေတဲ့အချိန်မှာတော့ အသစ်စက်စက်ဒီကားလေးဟာ Slasher ကြိုက်တဲ့သူတွေအတွက် ရေငတ်ပြေစေမှာပါ။ Personal အရတော့ Jason X တို့ Wrong Turn တို့လောက်တော့ သိပ်အားမရတာအမှန်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်းတက်သစ်စ၊ ဘက်ဂျက်ကလည်းနည်းတော့ ဒီလောက်ကွာလတီရတာကိုပဲ မဆိုးဘူးလို့ဆိုရမယ့်ပုံပါ။ ဇာတ်လမ်းအရလည်း Prequel အတွက်လမ်းခင်းပေးထားတာတွေ့ရပါတယ်။ CM ပရိသတ်ကြီးကြိုက်မယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လူငယ်တစ်စုပျော်ပွဲစားထွက်ရင်း မယူသင့်တဲ့နေရာကပစ္စည်းကိုယူမိတဲ့အခါ မကျွတ်မလွတ်သေးတဲ့လူသတ်သမားဟာ ပြန်အသက်ဝင်လာပြီးတော့ သူ့ပိုင်နက်ထဲလာသမျှလူ အကုန်သတ်ပါတော့တယ်။ ဒါပါပဲ။ အဓိကကတော့ လူငယ်ခြေတက်ဒါရိုက်တာလေးရဲ့ Low budget movie လေးဟာ ဘယ်လောက်ကွာလတီရှိတယ်၊ ဘယ်လိုတွေပီပြင်အောင်လုပ်နိုင်တယ်ဆိုတာကို slasher ကြိုက်သူတွေအတွက် ရေငတ်ပြေ ခံစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex666 ပါ။ File size…(1.8 GB)/(1.5 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre… Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex666

5.8 2024
In a Violent Nature
Exhuma
7.4

Exhuma 2024 ************** EXHUMA ရုံတင်ကားကြီး ကြည်တောက်ရှင်းထွက်လာပါပြီ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာတဲ့ ‘Exhuma’ ရုပ်ရှင် ပထမဆုံးရုံတင်ရက်ကနေ အခုချိန်ထိ Box office No 1 မှာပဲရှိနေခဲ့တဲ့ Exhuma ရုပ်ရှင်ဟာ စံချိန်တင်ကြည့်ရှု့သူ 10 သန်းကျော်ရရှိတဲ့ ပထမဆုံး Korean Occult Horror Film ဖြစ်လာရုံသာမက Box Office သမိုင်းမှာ 10 million viewers ကျော်ရရှိတဲ့ 23 ခုမြောက် ကိုရီးယားရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အကြည်ထွက်လာလို့ cm ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. နာမည်ကြီး kdrama တွေဖြစ်တဲ့ (Goblin, TheKing: Eternal Monarch, Little Women) တို့ရဲ့ မင်းသမီး Kim Go Eun နဲ့ (Youth Of May, The Good Bad Mother, The Glory) တို့ရဲ့ မင်းသား Lee Do-hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်…. ဒီ movieထဲမှာဆိုရင် မင်းသမီး Kim Go Eun ရော မင်းသား Lee Do-hyun ကပါ သူတို့တစ်ခါမှ သရုပ်မဆောင်ဘူးကြသေးတဲ့ နတ်ဆရာကာရိုက်တာတွေနဲ့ မြင်တွေ့ကြရမှာပါ…. ဇာတ်လမ်းကတော့ နတ်ဆရာအဖွဲ့ ဟာ အုတ်ဂူတွေတူးပြီး ဝိညဉ်တွေကိုနေရာပြောင်းဖို့လုပ်ရာကနေ ထင်မှတ်မထားတဲ့ကြမ္မာဆိုးတွေ ဆက်တိုက်တွေ့ကြုံလာတဲ့အကြောင်းဖြစ်ပါတယ်… ခံစားကြည့်ကြပါဦး…. File size…3.87GB / 1.73GB / 759MB Quality…WEB-DL 4K HEVC 1080p 720p Genres: Thriller, Mystery, Horror, Supernatural Duration: 2 hr. 13 min. Subtitle….Myanmar Subtitle (Hard Sub) Translated By Tiff, Theint, Miri, Chit Thae, Stary, Shwe Pyae & Zuri Encoded By Heather Oo , Min Wai

7.4 2024
Exhuma
Bureau 749
5.9

တရုတ်နိုင်ငံမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေအားလုံးကို ခေါ်ရိုက်ထားသလားထင်ရအောင် နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းအားဖြည့်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ TF boys အဖွဲ့ဝင် Karry Wang က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်စွန့်စားခန်းရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အနာဂတ်ခေတ်မှာ ကမ္ဘာပေါ်မှာ အမည်မသိသက်ရှိတွေ ထွက်ပေါ်လာတဲ့အတွက် ၇၄၉ သက်ရှိသုတေသနစခန်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းပြိုကျပြီးနောက် သတ္တုတွင်းတစ်ဝိုက်မှာ မြူငွေတွေ ထွက်ပေါ်လာပါတယ်။ အဲဒီမြူငွေ့တွေက လူတွေအတွက် အန္တရာယ်မရှိပေမဲ့ တဖြည်းဖြည်းပိုပြီး သိပ်သည်းလာပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းထဲမှာလည်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးကို တွေ့ခဲ့ပြီး အဲဒီသက်ရှိဟာ သတ္တုရော ပရိုတင်းဓာတ်ကိုရော စုပ်ယူဝါးမြိုနိုင်ပြီး အဲဒီအကောင်ကို အနိုင်ယူနိုင်တဲ့အရာမရှိ ဖြစ်နေပါတယ်။ အဲဒီသက်ရှိကို အမှတ်သုညသက်ရှိအဖြစ် နာမည်ပေးခဲ့ပါတယ်။ အမှတ်သုညသက်ရှိက ကြီးလာတာနဲ့အမျှ လူတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။ သတ္တုတွင်းထဲက ပြဿနာကို ဖြေရှင်းဖို့ သာမန်ကောင်လေးတစ်ယောက်အဖြစ် ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မာရှန်းကို ၇၄၉ စခန်းက လိုအပ်လာတဲ့အတွက် မာရှန်းရဲ့ဘဝဟာ စတင်ပြောင်းလဲရပါတော့တယ်။ မာရှန်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ…… သတ္တုတွင်းထဲက သက်ရှိကိုရော ဘယ်လို အနိုင်ယူရမလဲ…… ၇၄၉ စခန်းက ဒီအန္တရာယ်ဘေးက ကျော်ဖြတ်နိုင်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller • Science Fiction • Drama • Mystery
5.9 2024
Bureau 749
The Prosecutor
6.5

Ip Man မင်းသားကြီး Donnie Yen ရဲ့ ရှေ့နေကားသစ်ကြီးရပါပြီ။ Donnie Yen ကအစိုးရရှေ့နေလုပ်နေပြီဆိုပြီးတော့ အက်ရှင်တွေမပါဘူးလို့တော့မထင်လိုက်ပါနဲ့ (၆၁)နှစ်အရွယ်မင်းသားကြီးရဲ့လက်ရည်တွေကိုမြင်ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိဟော့ဟာ တရားခံနဲ့ရှေ့နေတွေပူးပေါင်းပြီး တရားဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီးတော့ ပြစ်မှုကနေကွင်းလုံးကျွတ်လွတ်သွားတာကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ ရာထူးမှနှုတ်ထွက်ခဲ့ရတယ်။ အဲဒီနောက်မှာ သူကဥပဒေပညာကိုကြိုးစားသင်ယူပြီးတော့ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။ တရားဥပဒေဌာနကိုရောက်တဲ့အခါမှာလဲ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားမှုနဲ့ကြုံလာတဲ့အခါ သူ့ရဲ့တရားဥပဒေအပေါ်ခေါင်းမာတဲ့စိတ်နဲ့မတရားမှုကို တော်လှန်နိုင်ဖို့ကြိုးစားတဲ့အခါ အောင်မြင်လာနိုင်မလားဆိုတာကို အက်ရှင်တွေနဲ့စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Animation • Comedy • Adventure • Family
6.5 2025
The Prosecutor
Madraskaaran
4.8

Madraskaaran (2025) “အိပ်မက်များ” အသစ်စက်စက် တမီးလ်အက်ရှင်ဇာတ်ကြမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ် သရုပ်ဆောင်တွေအနေနဲ့ Shane Nigam နဲ့ Niharika Konidela တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကိုပြောရရင် နယ်မြို့လေးတစ်မြို့က ဆတ်တယာဟာ ချန်နိုင်းမြို့သူလေး မီရာ့ကိုမှ တန်းတန်းစွဲချစ်သွားခဲ့ပြီး သူတို့နယ်လေးမှာ အမျိုးတွေအများကြီးနဲ့ ခြိမ့်ခြိမ့်သဲမင်္ဂလာဆောင်ကျင်းပဖို့ စီစဉ်နေကြတာပါ ဒါပေမဲ့ ကံဆိုးချင်တော့ သတိမမူမိတဲ့ အမှုမဲ့အမှတ်မဲ့ ကိစ္စလေးတစ်ခုကြောင့် ပြဿနာတွေ မီးခိုးကြွက်လျှောက်လိုက်လာပြီး နှစ်ကိုယ်တူမက်ခဲ့တဲ့ အတူပေါင်းဖက်ရဖို့ အိမ်မက်တွေနဲ့ တစ်စစီဝေးကွာသွားမလား ပြန်လည်ပြုပြင်ဖို့ ကြိုးစားလို့ရနိုင်ဦးမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

4.8 2025
Madraskaaran
After Party

လူငယ်ပီပီ လွတ်လပ်ပြီး အပူအပင်ကင်းတဲ့ ဂျင်ဒရစ္စကာ ဆိုတဲ့ ကောင်မလေးဟာ သူတို့အိမ်ကို အကြွေးသမားတွေ သိမ်းဖို့ရောက်လာချိန်မှာပဲ သူ့အဖေမှာ အကြွေးတွေအများကြီး တင်နေတာကို သိလိုက်ရပါတယ်။ တစ်နေ့တည်းမှာပဲ ဂျင်ဒရစ္စကာရဲ့ ကမ္ဘာကြီး ပြိုလဲသွားပြီး သူ့အဖေကို ကူညီပေးရမလား ၊ ဒါမှမဟုတ် အရမ်း နောက်မကျခင် သူ့ကိုယ်သူ ကယ်ရမလား ဆိုတာ ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ 2024 တုန်းက ထွက်ရှိခဲ့တဲ့ Czech coming-of-age ရုပ်ရှင်ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းက အရမ်း မရှည်တဲ့အတွက် အများကြီး ပြောစရာမရှိပါဘူး။ မှုန်မှိုင်းပြီး တချို့နေရာတွေမှာ မွန်းကြပ်စရာကောင်းပါတယ်။ ဒါရိုက်တာကတော့ ဒီဇာတ်လမ်းဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ လွှမ်းမိုးမှုတွေ အများကြီး ပါဝင်နေတယ်လို့ ဆိုထားပါတယ်။ File size… (1.5 GB) / (852 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by OliveLyu

Romance • Drama
0 2024
After Party