YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Devil.in.Ohio.S01E05.Alright.720p.CM.mp4

351.29 MB 720p video/mp4 165 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Spiderwick Chronicles
6.6

The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM

Comedy • Drama • Romance
6.6 2008 95 mins
The Spiderwick Chronicles
Get Hard
6

ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကား လုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း (Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက် တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက် သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်း တောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြား တွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင် မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက် တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန် နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံး ဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊ နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လို အရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TmmT

Documentary • Comedy
6 2015 100 mins
Get Hard
The Wind That Shakes the Barley
7.4

အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုး သူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့ အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။ အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွား သရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။ File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • TV Movie
7.4 2006 127 mins
The Wind That Shakes the Barley
A Christmas Karen
8

ကာရင်' ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။ 'ကာရင်' ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက 'ငါ ရဲခေါ်လိုက်မယ်' 'မန်နေဂျာနဲ့ စကားပြောမယ်' 'နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား' ဆိုတာတွေပါ။ 'ကာရင်' ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။ တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ချုပ်နှောင်ခံနေရသလဲ...။ သူမလို မဖြစ်စေဖို့ ကာရင့်ကို လာရောက် သတိပေးတဲ့အခါမှာရော ဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲ...။ ဒီလိုနဲ့ ကာရင်တစ်ယောက် သူမရဲ့ သူဌေးဟောင်း လွှတ်ပေးလိုက်တဲ့ တစ္ဆေတွေနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလတွေရဲ့ ခရစ္စမတ်တွေကို ပြန်လည်သွားရောက်ခဲ့တဲ့အခါမှာရော ဘယ်လိုအကြောင်းအရာတွေကို သိရှိလိုက်ရမလဲ။ ပြဿနာအိုး ကာရင်နဲ့ တစ္ဆေတို့ရဲ့ ခရီးလမ်းဟာရော ဖြောင့်ဖြူးပါ့မလား... ပြဿနာ တက်ရော တက်ပါ့မလား...။ ဒီလိုနဲ့ ကာရင်တစ်ယောက် ခရစ္စမတ်ပေါင်းများစွာ ပြန်လည်ဖြတ်သန်းရချိန်မှာ တွေ့ကြုံရမယ့်ဖြစ်ရပ်တွေနဲ့ ကိစ္စရပ်တွေကို ရယ်စရာ မောစရာ ဒေါသထွက်စရာ စုံလင်စွာနဲ့ ကြည့်ရှုနိုင်တော့မှာပါ။ ​ရာသီဥတုအေးတဲ့ဆောင်းညတွေမှာ Christmas Vibe အပြည့်နဲ့ အပန်းဖြေဖို့ဆိုရင် ဒီလိုဇာတ်ကားကောင်းလေးတစ်ခုကိုလည်း လက်မလွတ်ပါစေနဲ့နော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shin Mann Htet Myat မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shin Mann Htet Myat Encoded by Y

8 2022 98 mins
A Christmas Karen
Love At First Lie

Right Person ကို Dating app ကနေတဆင့် ရှာနေတဲ့ ထက်မြက်တဲ့အမျိုးသမီးလေး ကိတ်ဟာဆိုရင် ဝေါ်ကာဆိုတဲ့ လူချောလူခန့်နဲ့ တွေ့ကြပါတော့တယ်။ မောင်လူချောက ပိုက်ဆံတွေသုံးပြီး ကိတ်ကို အချိုတွေကျွေးတော့ ကိတ်လည်း တစ်လအကြာမှာ သူဖွင့်ပြောတော့ ချက်ချင်းပဲလက်ခံပြီးတော့ တွဲခဲ့ကြတာပေါ့။ မောင်လူချောအကြောင်းသိထားတာဆိုလို့ ရုပ်ချော ရေလျှံတဲ့ အနုပညာပစ္စည်းကုန်သည်ဆိုတာအပြင် ဘာမှမရှိတော့ အချစ်ဆုံးသူငယ်ချင်းကလည်း သိပ်မယုံနိုင်ဖြစ်နေတော့ ကိတ်ခမျာ ချစ်သူဘက်ကကာပြီး သူ့ကို ဘယ်လောက်ထိချစ်ကြောင်းတွေပြောရတော့တာပေါ့။ တစ်နေ့တော့ ဝေါ်ကာတစ်ယောက် လူဆိုးတွေအလိုက်ခံရာကနေစပြီး သူတို့ကြားမှာ မသင်္ကာစရာတွေဖြစ်လာတော့ ဝေါ်ကာအကြောင်းစုံစမ်းရင်းကနေ ချစ်သူကောင်လေးအကြောင်းသိပြီးတော့ သူတို့တွေဘယ်လိုဆက်ပြီးနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Love at First Lie ဆိုတဲ့ ဒီဇာတ်ကား‌လေးက IMDb 4.9/10 ရရှိထားတာမလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ ဇာတ်ကားလေးဖြစ်မှာပါခင်ဗျာ။

Action & Adventure • Drama • Mystery
0 2023 87 mins
Love At First Lie
The Ghost Within

မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့် အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေး ဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာ အပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီး ငယ်ဘဝကမှတ်ဉာဏ်တွေက ပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင် နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်က နေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာ ယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ ပိုက်ဆံတွေကိုပဲ စိတ်ရောက်နေပါတော့တယ်။ အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့ သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့ အိမ်မှာတစ်ယောက်တည်း ကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့ အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့ သူ့ညီမက သူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီး အဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။ ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီး အစ်မဖြစ်သူကိုဘာတွေပြောဖို့ ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…836MB / 347MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
The Ghost Within
Mastemah

Mastemah (2022) Mastemah ဆိုတဲ့ စကားလုံးကို ခရစ်ယာန်ကျမ်းစာထဲမှာတော့ အနက်မျိုးစုံနဲ့ ဖွင့်ထားကြပါတယ်။ နတ်ဆိုးနဲ့ အဆက်သွယ်လုပ်တဲ့သူ ဒါမှမဟုတ် ကျမ်းစကားအရဆိုရင်တော့ “မိမိကိုယ်ကို သတ်သေသည်အထိ ခဲယဉ်းဆိုးယုတ်သောသူ” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီကားထဲမှာကတော့ နတ်ဆိုးနဲ့ သွားကစားမိလို့ ဘဝကြီးတစ်ခုလုံး ပျက်သွားခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်ကောင်ဖြစ်တဲ့ လူးဝိစ်လေးဟာ သူ ချစ်ရတဲ့သူနဲ့ ဘဝချင်းကွေကွင်းခဲ့ရလို့ ကျေးလက်တစ်နေရာမှာ ဇာတ်လာမြှုပ်သူပေါ့။ ဒါပေမဲ့ သူ ကျေးလက်က အိမ်ကိုပြောင်းပြောင်းပြီးချင်းပဲ အနိဌာရုံတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ အလျောက် စစချင်းမှာ သူက သိပ္ပံနဲ့ အဖြေရှာဖို့ကြိုးစားကြည့်တာပေါ့။ ဒါပေမဲ့ ပြဿနာတွေဟာ ပိုပိုပြီးဆိုးလာပါတယ်။ ဒီပြဿနာတွေကို သူ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို တစ်မေ့တစ်မောကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ခရစ်ယာန်ဘာသာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲက ရူပါရုံတွေအကြောင်းအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကြောင့် Horror ကြိုက်တဲ့သူတွေအတွက် သုတကော ရသမျိုးစုံပါပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 825MB Quality – 1080p, 720p Format – mp4 Duration – 1H 40Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Romance
0 2022
Mastemah
[18+] Blood Bead (Red Ball)
5.5

အသက်ကြီးပေမယ့် မပျက်စီးသေးတာကို သက်သေပြချင်နေတဲ့ ဒါရိုက်တာတိုကီတာ ကတော့ အနုပညာကျောင်းမှာ ပရော်ဖက်ဆာအဖြစ် ကျောင်းဆရာလုပ်နေရင်းနဲ့ သူ့ဘဝရဲ့နောက်ဆုံးရုပ်ရှင်ကားကို အောင်မြင်အောင်ရိုက်ကူးချင်နေခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အရရော ခေတ်အနေအထားအရရော မတူညီတာကြောင့် အဆင်မပြေဖြစ်နေတဲ့ တိုကီတာဘဝထဲကို ဆယ်ကျော်သက်ကျောင်းသူလေး ရီဆူကို ဝင်ရောက်လာခဲ့ပါတယ်။ ရီဆူကို က ဇာတ်ညွှန်းရေးတဲ့နေရာမှာလည်း ကူညီပေးနိုင်သလို အထီးကျန်ပြီးငတ်မွတ်ဆာလောင်နေတဲ့လူအိုကြီးတစ်ယောက်ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အတန်းသားတွေစုပေါင်းပြီး ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်တဲ့အချိန်မှာ ပြသာနာတွေတစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ အရမ်းကိုအပြာကားဆန်လွန်းတယ်ဆိုပြီး စိုးရိမ်နေရတဲ့ တိုကီတာရဲ့ဇာတ်ညွှန်းကရော ဘယ်လိုဖြစ်သွားမလဲ ? တိုကီတာနဲ့ ရီဆူကိုတို့ရဲ့ ဇာတ်လမ်းကရော ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်….

Thriller • Action • Science Fiction
5.5 2015
[18+] Blood Bead (Red Ball)
The Wedding March
6.3

The Wedding March (2016) IMDb – 6.3/10 ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်း ငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။ မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးက ဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။ တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့ မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကို သိလိုက်ရတဲ့နောက်မှာ။ မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.3GB, 678MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2016
The Wedding March
Kubi
6.7

လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာ ခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့ သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေ တည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကို ထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ် ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေ အများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက် ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါက မီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီး ဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင် ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသော စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူ သိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။ နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာ နိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေက စောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023
Kubi
Officer Black Belt
7

Officer Black Belt (2024) ************************* ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့ အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူ Moving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင် Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာ ပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ‌ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့ သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့ ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။ တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ ၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့ အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ.. ပေါ့ပေါ့ပါးပါး‌နေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ.. ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်‌မောမောနဲ့ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို May Thet မှ ရေးသားပေးထားပါတယ်။) File size…2.45GB / 740MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Comedy, Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri, May Thet, Yati, Treasure Htet, Zuri Theint & Licien

Drama
7 2024
Officer Black Belt
E.T. the Extra-Terrestrial
7.9

၈၀-၉၀ ဖွားတွေအတွက် ဒီရုပ်ရှင်ကိုမြင်တာနဲ့ နားထဲစကြားယောင်မယ့် အသံရှိမယ်ထင်ပါတယ်။ ET Phone Home ဆိုတာပါပဲ။ ဒီရုပ်ရှင်လေးကတော့ ကလေးဘဝ အိပ်မက်လေးတွေဆီကို ပြန်ခေါ်သွားပါလိမ့်မယ်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခုလို့ ဘာတွေနဲ့ ပြောကြမလဲ။ နာမည်ထဲကအတိုင်းပါပဲ သိပ္ပံစိတ်ကူးယဉ် လို့ရေးထားတဲ့အတွက် သိပ္ပံဇာတ်လမ်းဖြစ်ရမယ်၊ ရုပ်ရှင်လို့ရေးထားတဲ့အတွက် ဇာတ်ညွှန်း ဇာတ်ဝင်ခန်း သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက် စတာတွေ ပါရမယ်၊ ဒါတွေအကုန်ပါရင်တောင် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် လို့ပဲ ပြောလို့ရပါတယ်။ ဇာတ်ကားကောင်းလို့ပြောဖို့ကတော့ ဇာတ်လမ်း ရိုက်ချက် သရုပ်ဆောင် ဂီတ အထူးပြုလုပ်ချက် နေရာတိုင်းမှာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။ Effect လေးတွေထည့် မဖြစ်နိုင်တာတွေ မဖြစ်သေးတာတွေ ရိုက်ပြလိုက်ရုံနဲ့တော့ သိပ္ပံစိတ်ကူးယဉ်ဆိုတာနဲ့ ရပ်နေပြီး ရုပ်ရှင်ကောင်းဆိုတာ ဖြစ်မလာပါဘူး။ ************************* ၁၉၈၂ က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ စတီဗင်စပီးဘက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်သမိုင်းမှာအအောင်မြင်ဆုံး အဖြစ် ၁၉၉၃ ခုနှစ်အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ Box Office ကတော့ ၇၉၂ သန်းပါ။ အဲဒီခေတ်ရဲ့ ဒီငွေပမာဏနဲ့ဆို ဘယ်လောက်များမလဲ မှန်းကြည့်လို့ရပါတယ်။ ၁၉၉၃ မှာတော့ စတီဗင်စပီးဘတ်ကပဲ Jurassic Park နဲ့ သူ့စံချိန်ကိုသူပြန်ချိုးခဲ့လို့ပါ။ အဲဒီနောက်မှာတော့ တိုက်တင်းနစ်နဲ့ အဗာတာတို့က ပြန်ဦးဆောင်သွားခဲ့တာပါ။ ဒီရုပ်ရှင်ကို ၁၉၈၂ မှာ သမ္မတနဲ့ သမ္မတကတော်အတွက် အိမ်ဖြူတော်မှာ သီးသန့်ပြသပေးခဲ့ရပါသေးတယ်။ ဒီတော့ ရခဲ့တဲ့ ဆုလေးတွေကို ကြည့်ရအောင်။ အော်စကာ ဆုပေးပွဲမှာ နောက်ခံဂီတဆု၊ Sound Mixing ဆု၊ Visual Effect ဆု၊ Sound Editing ဆု ဆိုပြီး ၄ ဆု ဆွတ်ခူးခဲ့ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ မူလဇာတ်ညွှန်းဆု နဲ့ Cinematography ဆုတွေ ဆန်ကာတင်ပါခဲ့ပါတယ်။ ****************** – ပထမဆုံးအနေနဲ့ ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာက script ရေးသားခဲ့ပြီး screenplay အဖြစ် ပြန်ရေးဖို့ ဟယ်ရစ်ဆင်ဖို့ဒ်ရဲ့ ဇနီးဖြစ်လာမယ့် Melissa Mathison က ကူညီခဲ့ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက ယုတ္တိကျကျ လုံးဝဆန်းသစ်ပြီး လူတိုင်းရဲ့ စိတ်ထဲမှာ စွဲထင်သွားစေခဲ့ပါတယ်။ အော်စကာလည်း ရခဲ့တယ်လေ။ – သရုပ်ဆောင်အဖြစ်ကတော့ အဲလိယော့အဖြစ်သရုပ်ဆောင်ဖို့ လူတွေ့စစ်ဆေးရွေးချယ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲလိယော့ကလေးနေရာမှာ သရုပ်ဆောင်မယ့် ဟင်နရီသောမက်လေးဟာ သူ့ရဲ့ခွေးလေး သေသွားတဲ့နေ့ကို ပြန်တွေးပြီး ငိုတဲ့အခန်းမှာ သရုပ်ဆောင်ပြလိုက်တာ ဒါရိုက်တာကြီးကိုယ်တိုင် မျက်ရည်ကျရပြီးကို ဇာတ်လိုက်နေရာကို ရရှိသွားတာပါ။ – ဒီရုပ်ရှင်ကို အသက်ကြီးမှ ပြန်ကြည့်တဲ့အခါ သိပ်ကို ပီပြင်လွန်းတဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အီးတီကို ဆရာဝန်တွေ အသက်ကယ်ဖို့ အရေးပေါ် ကြိုးစားတဲ့အခန်းပါ။ ဆေးပေးတာ၊ စစ်ဆေးတာ၊ အရေးပေါ်အသက်ကယ်တာ၊ တဖြည်းဖြည်း အခြေအနေဆိုးလာပြီး သေပြီလို့ ထင်သွားရတဲ့အထိ စကားလုံးတွေ လှုပ်ရှားမှုတွေက အရမ်းကို သဘာဝကျပြီး ပီပြင်ပါတယ်။ အံံ့သြလွန်းလို့ ရှာကြည့်လိုက်တော့ ဒါရိုက်တာကြီးက အရေးပေါ်ခန်းက ဆရာဝန်တွေ သူနာပြုတွေကို ခေါ်ပြီး တကယ် အသက်ကယ်နေသလိုကို လုပ်ခိုင်းပြောခိုင်းလိုက်ခဲ့လို့ပါပဲ။ ဆရာဝန်တွေ သူတို့မမြင်ဖူးတဲ့ ဂြိုလ်သားတစ်ကောင်ကို နည်းအမျိုးမျိုးနဲ့ အရေးပေါ် ကုတဲ့အခန်းက အရမ်းကို မှန်ကန်တိကျပါတယ်။ အီးစီဂျီဖတ်ပြီး ကိုယ်ဝန်ရှိတဲ့အကွက်မျိုးတွေ မလာပါဘူး။ နောက်ပြီးတော့ အထူးပြုလုပ်ချက်အနေနဲ့ အီးတီနဲ့အတူ စက်ဘီးလေး မိုးပေါ်ပံျသွားတဲ့အခန်းကတော့ ရုပ်ရှင်လောကရဲ့ မှတ်တိုင်အထိမ်းအမှတ်တစ်ခုလိုတောင် ဖြစ်လာခဲ့တာပါပဲ။ လူတိုင်းမျက်စိထဲမှာလည်း အဲဒီအခန်းကို စွဲနေကြပါတယ်။ ဒါရိုက်တာရဲ့ အရည်အချင်းပါပဲ။ – ရယ်ရတာတစ်ခုကတော့ ဒီရုပ်ရှင်မှာ အီးတီကို မုန့်နဲ့မျှားခေါ်တဲ့အခန်းအတွက် M&M မုန့်လေးတွေကို သုံးဖို့ ကုမ္ပဏီကို ခွင့်တောင်းခဲ့ပါတယ်။ ကုမ္ပဏီက အီးတီဟာ ရုပ်ဆိုးလွန်းလို့ ကလေးတွေ ကြောက်လိမ့်မယ်ဆိုပြီး သုံးခွင့်မပေးခဲ့လို့ Reese’s တံဆိပ်မုန့်တွေကိုပဲ သုံးခဲ့ရပါတယ်။ ဒီရုပ်ရှင်ကြောင့် Reese’s မုန့်ရောင်းရနှုန်းက တရှိန်ထိုးကို ထောင်တက်သွားတာပါပဲ။ – Star wars ဖန်တွေ ပြန်ကြည့်ရင် အကြိုက်တွေ့မယ့် အချက်ကတော့ အီးတီဟာ ဟောလိုးဝင်းမှာ Yoda ဝတ်စုံကို ဝတ်ထားတဲ့ ကလေးကို မှတ်မိနေကြောင်း ပြသခဲ့တာပါပဲ။ အီးတီဟာ Yoda ကို သိပါတယ်ဗျာ။ – အီးတီနေရာမှာတော့ အရပ် ၂ ပေကျော်ပဲ ရှိတဲ့ လူပုလေး ၂ ယောက်ကို သရုပ်ဆောင်စေခဲ့ပြီး မီးဖိုချောင်ခန်းတွေမှာတော့ ၁၂ နှစ်အရွယ် ခြေထောက်မရှိဘဲ လက်နဲ့ပဲ လမ်းလျှောက်တတ်တဲ့ ကလေးက သရုပ်ဆောင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ အိုကြီးအိုမတွေလည်း ပြန်ခံစားနိုင်အောင်။ ကလေးတွေလည်း ကြည့်ဖူးသွားအောင် တင်ပေးလိုက်ပါတယ်။ File Size : 10 GB, 2.5 GB, 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 55min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Adventure, Family, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Little Neo Encode by : Thit San Khant

Horror
7.9 1982 115 mins
E.T. the Extra-Terrestrial
Alien Apocalypse
3.3

Alien Apocalypse (2023) သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားတစ်မျိုးပါ။ Proxima B ကနေ ပြန်လာတဲ့ယာဥ်ပေါ်မှာ ဂြိုလ်သားနမူနာ ပါလာပါတယ်။ ဒါကို စမ်းသပ်ချင်စောနဲ့ သိပ္ပံပညာရှင်စီလက်စ်က ယူစမ်းလိုက်တဲ့အခါမှာ သက်ရှိနေတဲ့စက်ရုပ်ဂြိုလ်သားဖြစ်နေတာကို သွားတွေ့ပါတယ်။ စမ်းသပ်နေရင်းနဲ့မှ အမှားတစ်ခုဖြစ်သွားပြီးတော့ ဒီဂြိုလ်သားဟာ ကမ္ဘာ့အော်ဂဲနစ်နဲ့ ထိတွေ့နိုင်သွားတဲ့အခါမှာတော့..။ ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေအနေနဲ့ ဒီဂြိုလ်သားကို ရသမျှနည်းလမ်းနဲ့ တားဆီးကြရပါတော့တယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Adrain Avila က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 3.3 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.4 GB) / (820 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Sci-Fi Duration….01:28:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

Romance • Drama
3.3 2023
Alien Apocalypse
Hey Joe
6.2

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒရာမာ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ “ဟေး ဂျိုး” ဆိုတာကတော့ အီတလီရောက် အမေရိကန်တွေ နားမစိမ်းတော့တဲ့ စကားတစ်ခုပါပဲ။ ဖောက်သည်ရှာတဲ့အခါဖြစ်ဖြစ်၊ မှောင်ခိုလုပ်ဖို့ချဥ်းကပ်တာ ဖြစ်ဖြစ် အီတလီသားတွေက အမေရိကန်စစ်သားတွေကို “ဟေး ဂျိုး” လို့ လိုက်ခေါ်လေ့ရှိကြပါတယ်။ ဒင်းန် ဆိုတဲ့ အမေရိကန် စစ်သားတစ်ယောက်က ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အီတလီနိုင်ငံ နေပယ်မြို့ကို စစ်ဆင်ရေးတာဝန်နဲ့ရောက်လာပြီး အီတလီသူလေး လူစီယာ နဲ့ မေတ္တာမျှခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဒင်းန်ဟာ စစ်ဆင်ရေးတာဝန်ပြီးဆုံးလို့ ပြည်တော်ပြန်သွားရချိန်မှာ လူစီယာမှာ ဒင်းန် နဲ့ ရထားတဲ့ သားယောက်ျားလေး ကိုယ်ဝန်ကျန်ရစ်ခဲ့ပါတယ်။ ဒင်းန် ဟာ လူစီယာ ကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြန်မလာနိုင်ခဲ့ပါဘူး။ နှစ်ပေါင်းများစွာအကြာ ၁၉၇၇ ခုနှစ် ရောက်မှ ဒင်းန် ဟာ ရှိသမျှအကုန်ရောင်းပြီး အမေရိကန် ကနေ ထွက်လာကာ သားဖြစ်သူကို ရှာဖို့ နေပယ်မြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ သားပျောက်လိုက်ရှာတဲ့ ဒင်းန် အကြောင်းကို အချိတ်အဆက်မိမိတင်ဆက်ထားပြီးတော့ သားဖြစ်သူနဲ့ ပြန်တွေ့ချိန်မှာ ကြုံရမဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အားလပ်ရက်မှာ အချိန်ပေးကြည့်ရှုလိုက်လို့ နောင်တရစေရမဲ့ ဇာတ်ကားမျိုးမဟုတ်တာကြောင့် တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ File size… (1.88 GB) / (999 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 57m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Thriller • Crime
6.2 2024
Hey Joe
Harriet the Spy
6

ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့ စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။ ၁၁ နှစ်ပဲ ရှိသေးတဲ့ ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့ သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ ဂေါ်လီဟာ အကြောင်းတခုခုကြောင့် အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက် လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ ဒီထဲမှာ ဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့ အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကို ပြသပေးနိုင်ပါတယ်။ မိသားစု သားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေ ပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။ File size… 3.7 GB / 1.13 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 40m Genre ….. Comedy/Drama/ Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

6 1996 100 mins
Harriet the Spy