YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Dead Line (2023) Telugu WEB-DL - 1080p - AVC - YK(CM).mp4

1.93 GB N/A video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[ 18+ ] Betty Blue
7.2

တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ... Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ဘက်တီ့ကို နှင်မထုတ်စေချင်ရင် တဲတွေကို ဆေးလိုက်သုတ်ပေးဖို့ ပြောသွားခဲ့ပါတယ်။ ဘန်ဂလို ၅၀၀ ကို အလကား ဆေးသုတ်ခိုင်းတဲ့အလုပ်ရှင် ၊ ငြိမ်ခံနေတဲ့ Zorg နဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ဘက်တီတို့​ ထိပ်တိုက်တွေ့ကြရာကနေ ရန်ဖြစ်ကြပြီး ပစ္စည်းတွေပစ်ပေါက်ရင်း ဘက်တီဟာ Zorg ရဲ့လက်ရေးမူဝတ္ထုတစ်ပုဒ်ကို မတော်တဆတွေ့သွားခဲ့ပါတယ်။ ဒီကစလို့ Zorg ကို စာရေးဆရာဖြစ်စေချင်လွန်းလှတဲ့ ဘက်တီရဲ့စိတ်အားထက်သန်မှု ၊ ကြိုးစားအားထုတ်မှု ၊ ကံကြမ္မာအလှည့်အပြောင်းတွေကို ရသမျိုးစုံ ခံစားရနိုင်မယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဘက်တီဟာ မြင်းရိုင်းတစ်ကောင်ဆိုရင် Zorg ကိုရော ဘယ်လိုမျိုးသတ်မှတ်နိုင်မလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ရှုစေချင်ပါတယ်။ တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ရင်ရော ဘယ်လို​ဖြေရှင်းမလဲ..။ ချစ်ခြင်းတရားကတော့ သိပ်လှပါတယ်။ ဒါပေမဲ့ ဘက်တီရယ်.. လောကကြီးမှာ မကောင်းတဲ့ကောင်တွေ မျိုးသုဉ်းသွားမှာလည်း မဟုတ်သလို ၊ မျှော်မှန်းသလို မဖြစ်တဲ့အဖြစ်အပျက်တွေ၊ အချိန်ကိုက် ချော်လွဲရတဲ့ဖြစ်ရပ်တွေ ရှိနေဦးမှာပါပဲ..။ (လိင်အင်္ဂါများကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်ပါ)   File size…(4.29GB)  / (`1.94GB) / (1.01GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:59:00 Genre...  Drama /Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Shinn Man Htet Myat

Drama
7.2 1986 120 mins
[ 18+ ] Betty Blue
Love Can't Be Said

ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး - ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး - ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ "တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ "...! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ "ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ" ဆိုတာ သိရှိလာစေပါလိမ့်မယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama
0 2023
Love Can't Be Said
The Borrowers
6

ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့် 1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့ အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့ (၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။ သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါ ပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။ လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။ မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ.. သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါ ကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ.. ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေက လူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား.. အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကို မိသားစုနဲ့အတူ ချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။ File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Fantasy
6 1997 86 mins
The Borrowers
Akhanda
5.2

Drama/ Fantasy IMDb 7.9/10 ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကို ရှယ်ကောင်းတဲ့‌တောင်ပိုင်းကားလေးပါ။ Box office မှာ ကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။ Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့ အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ် မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။ အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်က ကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။ မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့ စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေက တစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်း အ‌ဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။ ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီး ကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီး ကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့ ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းက ဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်‌‌ယောက်ဟာ သဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီး သဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာ ညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာ သဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီး ဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။ ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကွက်ဇာတ်ပြောင်းမကောင်းနိုင်တာသေချာတယ်ဗျ။ ဒီတော့ တောင်ပိုင်းကားဖန်တွေအတွက် ၂၀၂၁ ခုနှစ်မှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ထွက်ထားတဲ့ ဒုတိယမြောက်ရုံတင်ဝင်ငွေအကောင်းဆုံးကားလေးကိုလည်း ရှယ်ဝုန်းပေးကြပါဦးခင်ဗျာ။ File size…3.7GB / 1.5GB Quality…1080p True Web DL AAC 5.1CH / Format…mp4 Duration….2h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe ~ Yunni ~ San Thu Aung

Drama • Family
5.2 2021 167 mins
Akhanda
Fatherhood
7.6

ကဲ ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် June 18 ပူပူနွေးနွေးလေး ထွက်ရှိထားတဲ့ Fatherhood လို့အမည်ရတဲ့ Netflix movie လေးကို တင်ဆက်ပေးချင်ပါတယ် ရုပ်ရှင်ကလည်း ပူပူနွေးနွေး ထွက်ရှိထားတာ မကြာသေးသလို ဇာတ်အိမ်ကလည်း ဖခင်တစ်ဦးရဲ့မေတ္တာကို ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသူတိုင်းကို နှလုံးပီတိ ဂွမ်းဆီထိစေမှာ အသေအချာပါပဲ ကဲ ဒါဆို ဇာတ်လမ်းအသွားအလာလေးကို အရင်စပြီး မိတ်ဆက်ပေးတာပေါ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ မတ်လိုဂယ်လင်းကနေ စကြတာပေါ့ မတ်ဟာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်ဇနီးလေးလစ်ဇ်နဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့ ဒီလိုနဲ့ ကလေးမွေးပြီး ဖခင်တစ်ဦးရဲ့ဘဝကို ကျေနပ်နေတဲ့ မတ်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး မတ်ရဲ့ကြင်သူလစ်ဇ်မှာ မတ်ရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးလေး မတ်ဒီကို မွေးဖွားပေးခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ မတ်ကိုကျောခိုင်းပြီး တမလွန်ကို ကူးသွားခဲ့ပါတယ် ကလေးပုခက်တောင် ဖြောင့်အောင် မဆင်တတ်တဲ့မတ်တစ်ယောက် သူ့သမီးလေးကို ပြုစုပျိုးထောင်နိုင်ပါ့မလား...... သူတစ်ယောက်ထဲနဲ့ မတ်ဒီလေးရဲ့ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ လိုလေသေးမရှိအောင် ဖြည့်ဆည်းစောင့်ရှောက်ပေးနိုင်ပါ့မလား..... အမြဲ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ မတ်ရဲ့ သမီးလေးအပေါ်မှာ ဖခင်တာဝန်တွေ ကျေပွန်အောင် ကြိုးစားပုံတွေကို ဟာသလေးနှောပြီး ကြည်နူးစွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် Jumanji ကားထဲက ဟာသသရုပ်ဆောင် ကီဗင်ဟာ့တ်က မတ်နေရာက ပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ရိုက်နေကျဇာတ်ရုပ်မဟုတ်ဘဲ ဖခင်မေတ္တာလေးကို ကီဗင်တစ်ယောက် ဘယ်လိုရင်နဲ့ရင်းပြီး ဖော်ကျူးသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ Comedy Drama အမျိုးအစားလေးဖြစ်ပြီး IMDb Rating ကလည်း 6.7/10 တောင်ရရှိထားတာဆိုတော့ မနက်ဖြန်ပိတ်ရက်မှာ ဒီလို Netflix movie ကောင်းကောင်းလေးနဲ့ Chill လိုက်ကြတာပေါ့ Translated and Review By Shwe Pyae and Shwe Pu Encoded by  : YK File Size : 1.7Gb and 877Mb Quality :1080p WEB H264 5.1Ch. and 720p Duration : 1h 49min

Comedy
7.6 2021 109 mins
Fatherhood
Taichi’s Beast Mound
6.4

ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကို Tai Chi’s Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေ မရှင်းပြတော့ဘူး… အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက် ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက် ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကို သေချာနားမလည်တဲ့အပြင် ဦးလေးရဲ့ စကားအောက်မှာပဲ ဦးလေး အလိုကျ နေခဲ့တာပေါ့… ဒီလိုနဲ့ အနားက လူတချို့ နဲ့ အပြစ်မဲ့လူသားတွေ ဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက် သူလက်စားချေဖို့ စတင်စဉ်းစားပါတော့တယ်… ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်း ဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့ နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့… ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ… နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာ ချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ… နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကို ချန်ချန်ဖုန်း နားလည်သွားမှာလား… ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 32min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6.4 2022
Taichi’s Beast Mound
Flypaper
6.4

လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ် ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစ အဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ် ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့ FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ် လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့် ၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေ အကြွေလာလဲတဲ့ သူက OCD ဝေဒနာသည် အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော် ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူ ဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေ သေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ် ဘယ်သူပစ်လိုက်မှန်းလဲ မသိ ဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ် smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ် ငပေါ ဓါးပြ ၂ကောင်ရယ် plot မိုက်မိုက်လေးနဲ့ twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများ အကြိုက်တွေ့မှာပါ အစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့ လိုချင်ရင် tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန် ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကို YeWai LynnHtut မှတင်ဆက်သည်။)

TV Movie • Comedy • Romance
6.4 2011 87 mins
Flypaper
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Batman Unlimited: Monster Mayhem
5.6

Batman Unlimited: Monster Mayhem(2015) IMDb: 5.6/10 Rotten Tomatoes : 80% Batman Unlimited: Monster Mayhem ဟာ DC မှထုတ်ထားတဲ့ Animation ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ Animation ဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်း ဆေးဗားလ် ဘန်ရှီးနဲ့ ဆော်လမွန် ဂရမ်ဒီတို့နှစ်ယောက် အာခမ်ကနေ ဟော်လိုးဝင်းညမှာ ဖောက်ပြေးလာခဲ့ပါတယ်။ နှစ်ယောက်သားထွက်ပြေးရင်း စကဲခရိုးနဲ့တွေ့ခဲ့ပါတယ်။ စကဲခရိုးဟာအစည်းအဝေးလုပ်မယ့်နေရာကိုခေါ်သွားတော့ ရှိနေတဲ့လူဆိုးတွေက စကဲခရိုး၊ ဆော်လမွန်ဂရန်ဒီ၊ ဆေးလ်ဗားဘန်ရှီး၊ ကလေးဖေ့စ် တို့ပဲဖြစ်ပါတယ်။ သူတို့အားလုံးကိုအစည်းအဝေးခေါ်လိုက်သူကတော့ ဂျိုကာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဂိုဂိုရိုတိုဆိုတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်ကို ဖမ်း၊ အင်ကာပြတိုက်ထဲကနေပြီး အဖိုးတန်နှင်းဆီ ကျောက်တုံးကိုခိုးခဲ့ပါတယ်။ ဂျိုကာတို့ဘာတွေကြံစည်နေတာလဲ။ အဲဒါကို ဘတ်မန်း၊ အိုလီဗာ(ဂရင်းအဲရိုး)၊ တင်မ်ဒရိတ်(ရက်ဒ်ရော်ဘင်)၊ ဆိုက်ဘော့တို့ကဘယ်လိုများတားဆီးသွားမှာလဲ။ File size… 1.2 GB / 590 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Animation, Action, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

5.6 2015 81 mins
Batman Unlimited: Monster Mayhem
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
Salut d’Amour
7.2

Salut d’Amour (2015) ************************ IMDb….7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့ Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊ မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့ မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။ -ဇာတ်လမ်းအကျဉ်း- ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာ ဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ မားကတ်တစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ ဆောင်ချီးရဲ့ ဘေးအိမ်ကို ပန်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ အင်မ်ဂွန်နင်း (Youn Yuh Jung) တစ်ယောက် အိမ်ပြောင်းလာခဲ့ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ ဒေါသအိုးဆောင်ချီးတစ်ယောက် နူးညံ့တဲ့အင်မ်ဂွန်နင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာပြီး ခံစားချက်တွေ အရောင်ဆိုးလာတဲ့အခါ အသက်ကြီးစုံတွဲဖြစ်တဲ့အလျောက် ဂင်ဆောင်ချီးနဲ့ အင်မ်ဂွန်နင်းတို့ နှစ်ယောက် သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်ကြမလဲ.. သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အင်မ်ဂွန်နင်းရဲ့ သမီးဖြစ်သူ ဂင်မင်ဂျောင်း (Han Ji Min) က ကန့်ကွက်လာတဲ့အခါမှာရော ထိုအခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုတော့ နွေးထွေးပြီး နှလုံးသားအရည်ပျော်ကျမတတ် ကြည့်လို့ကောင်းတဲ့ Salut D’ Amour ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ‌ရေးသားထားပါတယ်။) File Size : 1.93GB/ 930MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:51:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Hazelle & Esth Encoded by Tiff

Action
7.2 2015 112 mins
Salut d’Amour
Let Life Be Beautiful
8.9

ဒီတစ်ခါတင်ဆက်ပေးမဲ့ ကားလေးကတော့ အားလုံးကို မျက်ရည်ချူမဲ့ ဇာတ်ကားလေးပါ ဒီကားလေးဟာဆိုရင် သွေးကင်ဆာဖြစ်နေတဲ့ ဝမ်ရှင်းယန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ ဒီဇာတ်ကားလေးကို ကြည့်ရင်း ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်လာပြီး ကိုယ့်မှာ ရှိတဲ့ အချိန် တစ်မိနစ် တစ်စက္ကန့်လေးကအစ တန်ဖိုးထားတတ်လာမှာပါ မိသားစုရဲ့မေတ္တာတွေ သူငယ်ချင်းတွေရဲ့ မေတ္တာတွေကိုလည်း တစ်ဝကြီးခံစားရမှာပါ ဇာတ်ကြောင်းလေးကတော့ ဝမ်ရှင်းယန်က အဆိုတော် ဖြစ်လာဖို့ အိမ်မက်တွေတစ်ပုံကြီးရှိတဲ့လူငယ်တစ်ယောက်ပါ ဒါပေမဲ့ ကံအကြောင်းမလှစွာ မမျှော်လင့်ဘဲ ကင်ဆာရောဂါခံစားနေရတာကို သိလိုက်ရပါတယ် ပထမတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်းမှာ ဒီရောဂါကြီးက ဘယ်ချိန်မဆိုသေသွားနိုင်တဲ့ အခြေအနေလို့ သိလိုက်ရတဲ့အချိန်မှာဝမ်ရှင်းယန်အနေနဲ့ သူ့ရဲ့ကျန်နေတဲ့အချိန်လေးတွေမှာ ကမ္ဘာကြီးအတွက် တစ်ခုခုကျန်ခဲ့အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ဒီနေ့သေမလားမနက်ဖြန်သေမလား မသိနိုင်တဲ့ဘဝကြီးမှာ ဝမ်ရှင်းယန်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လိုတွေ ရှင်သန်နိုင်ဖို့ ကြိုးစားအားထုတ်မှာလဲဆိုတာအပြင် ဒီဇာတ်ကားလေးမှာ ရိုက်ကူးပုံဖော်ထားတဲ့ လူအများစု မသိကြတဲ့ ကင်ဆာရောဂါသည်တွေရဲ့ဘဝအကြောင်းကို ဒီကားလေးကနေတဆင့် ဆက်လက်ကြည့်ရှုခံစားရင်း ကိုယ့်ရဲ့ အဖိုးတန်တဲ့ဘဝလေးကို တန်ဖိုးထားချစ်မြတ်နိုးလိုက်ကြရအောင်…

8.9 2020
Let Life Be Beautiful
The Phoenician Scheme
6.9

ဒီဇာတ်ကားလေးကတော့ အရင်လကမှ ထွက်ရှိထားပြီးတော့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲထိပ်တန်းသရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Rating အားဖြင့် IMDb 6.9/10, Rotten Tomatoes မှာ 78% တောင် ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ အန်နာတိုး ကိုဒါ တဖြစ်လည်း ဇာဇာဟာ တကယ့်ကို ကျိကျိတက်ချမ်းသာပြီးတော့ ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်တဲ့ စီးပွားရေးသမားဖြစ်ပါတယ်။ သူဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု အခွန်ရှောင်မှု ဈေးကွက်ချုပ်ကိုင်မှု လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ စွပ်စွဲချက်ပေါင်းစုံနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး သူ့ကို မကျေနပ်တဲ့ စီးပွားပြိုင်တွေ ဂိုဏ်းတွေ အဖွဲ့အစည်းတွေက သူ့ကို ဘုံရန်သူအနေနဲ့ သတ်မှတ်ကာ စုပေါင်းပြီး လုပ်ကြံဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ ဒီလိုနဲ့ အသက်ပြင်းတဲ့ ကိုဒါဟာ လုပ်ကြံရေးသမားတွေလက်ချက်နဲ့ ခြောက်ကြိမ်မြောက်လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ တစ်ဦးတည်းသောသမီး သီလရှင်လောင်းလေးကို အမွေဆက်ခံခိုင်းဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အဲအချိန်မှာပဲ စီးပွားပြိုင်လုပ်ငန်းတွေ စုပေါင်းပြီး ဈေးကွက်ကို ကစားလိုက်တဲ့အခါ ဇာဇာတစ်ယောက် သူ့လုပ်ငန်းကိုင်ငန်းတွေ ကမောက်ကမဖြစ်သွားပြီးသူ့ခမျာ စည်းစိမ်မပျောက်အောင် သူ့သမီး သီလရှင်ပေါက်စလေးနဲ့အတူ သူနဲ့လက်တွဲထားတဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေ စီပွားရေးလက်မဲကြီးတွေကို လိုက်ပြီးတော့ ညှိနှိုင်းရပါတော့တယ်။ ဒီဇာတ်ကားကို ကြည့်ရင်တော့ နားလည်သလိုလို မလည်သလိုလို မမဆောင်း vibe နဲ့ ကြည့်ရမှာဖြစ်ပြီးတော့ သူတို့သားအဖ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File Size… (6.55GB)/(1.57GB)/(939MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 41m Genre …..Action , Comedy , Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy & Matteo

Action • Crime • Thriller
6.9 2025 102 mins
The Phoenician Scheme
Kirikou and the Sorceress

Kirikou and the Sorceress (1998) က နာမည်ကြီး ပြင်သစ်ဒါရိုက်တာ Michel Ocelot ရဲ့ အာဖရိကရိုးရာပုံပြင်တစ်ပုဒ်ကို 2D animation ဖြင့် ဖန်တီးထားတဲ့ ထူးထူးခြားခြားဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းကတော့ရွာသားတိုင်းကြောက်ရွံ့နေတဲ့ စုန်းမကြီး Karaba ချုပ်ကိုင်ထားတဲ့အာဖရိကရွာလေးတစ်ရွာက မွေးဖွားလာတဲ့Kirikou ဟာ သူ့ရွာကိုစုန်းမကြီးရန်ကလွှတ်မြောက်စေဖို့ စွန့်စားခန်းတစ်ခုသွားပုံကို ရိုးရာပုံပြင်နဲ့ပေါင်းစပ်ပြီးဖော်ပြထားပါတယ်။ Karaba ဟာ အမှန်တကယ်ဆိုးဝါးတာမဟုတ်ဘဲမကောင်းတဲ့သူတွေကသူ့ကိုလုပ်ခဲ့တဲ့အဖြစ်အပျက်ရဲ့နောက်ကွယ်မှ တကယ့်အကြောင်းအရင်းများကို Kirikou က တဖြည်းဖြည်းနားလည်သွားရာကနေ ဘယ်လိုအဆင်ပြေအောင်လုပ်ပေး မလဲဆိုတာကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက 1999 ခုနှစ် Annecy International Animated Film Festival မှာ Grand Prix ဆု ရရှိခဲ့ပြီး အာဖရိကရိုးရာပညာပေးပုံပြင် ကို ပုံဖော်ထားတဲ့ Adventure,Fantasy and Family Animationဇာတ်ကား. ကောင်းလေးမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။ File size…(1.4 GB)/(747 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Adventure, Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

Family • Fantasy • Animation • Adventure
0 1998
Kirikou and the Sorceress