YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]The.Real.Has.Come.2023.E39.1080p.WEB-DL.mp4

1.27 GB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pale Moon
6.1

လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။ Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် သာယာမှုမှာ အသားကျလာခဲ့တယ်။ ဒီလိုနဲ့ စာရင်းသေအပ်နှံငွေတွေကိုပါ ဘဏ်ထဲသွင်းပေးမယ်လိမ်ပြီး မသွင်းဘဲ ငွေသုံးရတဲ့ အရသာကိုတွေ့လာခဲ့တယ်။ စစကတော့ ဒီငွေတွေကို မသိအောင် ပြန်ဖြည့်ပေးဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တဖြည်းဖြည်းချင်း များလာတဲ့ လိုငွေတွေ ပျောက်ပျက်လာတဲ့ အတုအယောင်သာယာမှုတွေကြား ကူကယ်ရာမဲ့ဖြစ်လာတယ်။ ဒီနေရာမှာမှ ဒီဇာတ်လမ်း ပြန်ချိုးသွားတဲ့ အချိုးအကွေ့ဟာ ဒီဇာတ်လမ်းဟာ တစ်ခုခုပေးချင်တဲ့ စိတ်ထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့ဘက် ပိုတာသွားတာမို့ ဇာတ်လမ်းကို ဇာတ်လမ်းလို ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.1GB | 610MB | 319MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Drama • Thriller
6.1 2014 124 mins
Pale Moon
The Host
6.3

CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့ မင်းသမီးချောလေး Saoirse Ronan ရဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုး ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့ လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေက လူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီး လူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲ လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါ အပိုင်သိမ်းဖျက်ဆီးတာပါ တွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူး ခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။ အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ ကောင်မလေးလည်း ပါတာပေါ့။ သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်က အပိုင်စီးလိုက်တဲ့အခါမှာ... File size…  1.59 GB /  664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre .....  Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Action • Drama • Horror • Science Fiction • Thriller
6.3 2013 125 mins
The Host
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
The Emigrants
6.1

ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။ 1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။ သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင် ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီး စားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက် အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်က အမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက် အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာ ဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှု လူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကို ရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်​မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ လာအ​ခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊ ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာ သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကား အဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ File size…2.34Gb / 1GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….2h 28m Subtitle….Myanmar SUbtitle (Hard Sub) Encoder….YK Translated by V

Action • Adventure • Crime • Thriller
6.1 2021 148 mins
The Emigrants
Deception
5.6

ပြင်သစ်ကားတွေက အိမ်ထောင်ရေးဖောက်ပြန်တာကို အနုပညာဆန်ဆန် ဖန်တီးတဲ့နေရာမှာ စံထားလောက်တယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ အခု ''Deception'' ဇာတ်ကားလေးကလည်း ဒီလိုပါပဲ။ အိမ်ထောင်ရေး ဖောက်ပြန်တာကို ဇာတ်အိမ်တည်ပြီး အချစ်အ​ကြောင်းကို လှလှပပရိုက် ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီကားရဲ့အဓိကဇာတ်ဆောင်ကတော့ ဖီးလစ်ပေါ့။ ဖီးလစ်က ဂျူး - အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့မယားငယ်အမျိုးသမီးလေးနဲ့အတူ ရုံးခန်းလေးထဲမှာ ပေါင်းသင်းနေထိုင်ပါတယ်။ ဒီအခန်းလေးထဲမှာပဲ ဒီအမျိုးသမီးနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒီတွေအကြောင်းပြောကြတယ်၊ စာပေအကြောင်းတွေဆွေးနွေးကြတယ်။ တစ်ယောက်အပေါ်တစ်ယောက် သဝန်တို စိတ်မချတာတွေမရှိဘဲ စည်းမဲ့ဘောင်မဲ့ အချစ်ကိုခံစားကြတယ်။ ဇာတ်ကားတစ်ခုလုံးက အိမ်ထောင်ရေးဖောက်ပြန်မှု စည်းဘောင်တွေကျော်ပြီး အချစ်အကြောင်းဖန်တီးထားတာ ဖြစ်ပါတယ်။ အကယ်၍ အိမ်ထောင်ရေးကိစ္စတွေကိုသာ လျစ်လျှူရှုပြီး ကြည့်ခဲ့ရင် ဒီဇာတ်လမ်းလေးက အချစ်အကြောင်းကို လှလှပပလေး ပုံဖော်ထားတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်) File Size..........(1.3 GB) / (565 MB) Quality............WebRip 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator....... Thar Htet Encoder..........SWM

Adventure • Animation • Fantasy
5.6 2021 105 mins
Deception
Da Capo
9

"ဂီတဆိုတာ ရင်ထဲကစစ်မှန်မှုမပါရင် အသက်မဝင်ဘူး" တဲ့ ဂီတရုပ်ရှင်တစ်ခု CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေ နားဆင်ရတာကြိုက်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိပေမယ့် နာမည်ကြီးဖြစ်မလာတဲ့ တေးရေးဆရာ/အဆိုတော် ထယ်အီ အရည်အချင်းတစ်ခုရှိနေပေမယ့် ဂီတလောကမှာနေရာယူဖို့မကြိုးစားဘဲ ဂီတကျောင်းတစ်ခုမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျီဝန် အနုပညာဝါသနာပိုးအပြည့်နဲ့ Rock ဂီတကို သီဆိုချင်တဲ့ ဒေါ့ခိုတု့ိ သူငယ်ချင်းတစ်စု တစ်ရက်မှာ ထယ်အီနဲ့ ဂျီဝန်တို့ ဂီတကျောင်းမှာ ပြန်တွေ့တဲ့အခါ... ဒေါ့ခိုတို့ သူငယ်ချင်းတစ်စုရော ထယ်အီ့ဆီက ဘယ်လိုပညာတွေ သင်ယူဖြစ်မလဲ.... အနုပညာလမ်းပေါ် ဘယ်လိုပုံစံလေးနဲ့ ဆက်လျှောက်သွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် File Size__(1.1GB) / (630MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:13:00 Type__Drama, Music Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Horror • Thriller
9 2020 98 mins
Da Capo
Allelujah
5.9

Allelujah (2022) ============ IMDb Rating – 5.9/10 လူရယ်လိုဖြစ်လာရင် သေခြင်းတရားနဲ့အိုမင်းခြင်းကိုရင်ဆိုင်ရမှာက မလွဲဧကန်ပါပဲ လူအိုချင်းတူနေရင်တောင်မှ ကိုယ်ရဲ့သားသမီး၊ မြေး မြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့သူတွေရှိသလို တစ်ကိုယ်တည်း အထီးကျန်စွာရှင်သန်နေရတဲ့သူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ လောကဓံကိုတစ်ကိုယ်တည်းရင်ဆိုင်နေတာထက် ဘေးလူတွေရဲ့အကူအညီကလည်း အထောက်အကူဖြစ်စေနိုင်ပါ တယ်။ ဒီဇာတ်လမ်းမှာ သက်ကြီးစောင့်ရှောက်ရေးဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သက်ကြီးဘိုးဘွားတိုရဲ့အပေးအယူမျှမှုကို အလှပဆုံး ဖြစ်အောင်ရိုက်ပြထားပါတယ်။ သားသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ အထီးကျန်စွာဖြတ်သန်းနေရတဲ့သူတွေကို ဒေါက်တာဗယ်လင်တိုင်း နဲ့စစ်စတာဂဲလ်တွေက ဘယ်လိုစိတ်မျိုးထားပြီး ကူညီ စောင့် ရှောက် ပေးလဲ၊ ဒီကြားထဲ ဆေးရုံနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေကလည်း ပေါ်လာတဲ့အခါမှာတော့ . . . ဒီဇာတ်ကားလေးဟာကြည့်ရှူသူတွေအတွက် အသိပညာတစ်ခုခု ရသွားစေမယ့်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.28 GB) / (478 MB) / (264 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….ZWT Encoder……….SWM

Animation • Fantasy • Adventure • Family
5.9 2022 99 mins
Allelujah
Do Aur Do Pyaar
6.4

Do Aur Do Pyaar (2024)”နှစ် အပေါင်း နှစ်” ================================== ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး ဗီဒယာဘာလန်ရဲ့ IMDb 6.5/10 ရ အသစ်ထွက် dark fantasy ဆန်ဆန် အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဆိုတာ သွားတိုက်ဆေးနဲ့တူတယ်။ မကုန်မချင်း ဖျစ်ညှစ်ခြစ်ကုပ်ပြီး သုံးကြပေမဲ့ ကုန်သွားရင်တော့ လွှင့်ပစ်ပြီး အသစ်ဝယ်ရတော့တာပဲတဲ့။ အန်နီနဲ့ ကာဗ်ရာတို့ လင်မယားနှစ်ယောက်ဟာ ချစ်လွန်းလို့ ခိုးပြေးလက်ထပ်ခဲ့ကြတဲ့သူတွေပါ။ သူတို့ဟာ ချစ်စကြင်နာစမှာတော့ ပျော်ရွှင်ခဲ့ကြပေမဲ့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အေးစက်လာပြီး အချစ်သစ်တွေရှာမိကြပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ အသစ်တွေ့နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားနာပြီး သူက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း လမ်းမခွဲဘဲ တအုံ့နွေးနွေးဖြစ်နေကြတာပါ။ သူတို့တွေ တစ်ယောက်အကြောင်းကို တစ်ယောက်သိသွားကြမှာလား၊ ဖွင့်ပြောရင်ရော ဘယ်လိုတွေဖြစ်ကုန်မှာလဲ၊ လေးပွင့်ဆိုင်ဇာတ်ကို ဘယ်လိုကကြမလဲဆိုတာကို ဒီဒီရုပ်ရှင်ထဲမှာ ပုံစံတစ်မျိုးနဲ့မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL~ ToMo ~ KKKZ ~ Alex ~ Zwe Yan တို့ဖြစ်ပါတယ်။)

6.4 2024
Do Aur Do Pyaar
Part-Time Daddy (Tati Part Time)

Tati Part Time ဆိုတဲ့ဇာတ်ကားလေးက 2024 ခုနှစ်မှာထွက်ရှိလာတဲ့ကားသစ်လေးဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်းပေါ့ပျက်ပျက်လုပ်တတ်လို့ ခဏခဏအဆူခံရတဲ့ lustin ဆိုတဲ့ရှေ့နေလေးဆီကို အမေဖြစ်သူက lustin ခေါင်းကိုင်ဖခင်လုပ်ပေးရမယ့် 8 နှစ်အရွယ် ကလေးမလေးတစ်ယောက်ကိုခေါ်လာပြီး တစ်လတိတိကြည့်ရှုစောင့်ရှောက်ပေးရမယ်လို့ပြောပြီး ကလေးမလေးကိုသူ့ဆီထားခဲ့ပါတယ်။ ကလေးမလေးကလဲ ခေသူမဟုတ်တဲ့စွာစိလေးဖြစ်နေတဲ့အခါ ရှေ့နေလေး lustin ဟာ ကလေးကိုလည်းထိန်းရ အလုပ်လည်းလုပ်ရသေးတာမလို့ ဘယ်လိုအလွဲလေးတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုလို့ရနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Drama
0 2024
Part-Time Daddy (Tati Part Time)
Where Your Heart Belongs
5.5

မက်ကင်ဇီ ဆူလီဗန်က အမေဖြစ်သူဆုံးသွားကတည်းက သူ့မွေးရပ်မြို့ကလေးကို မပြန်ဖြစ်တော့ပဲ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်မခံစားချင်တာကြောင့် နယူးရော့ခ်မြို့မှာ အခြေချကာ အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေးမားကတ်တင်းပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ အချောအလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူမရဲ့အခင်ဆုံးသူငယ်ချင်းက မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲကို မွေးရပ်မြို့ကလေးမှာ ပြန်လုပ်ချင်တဲ့အတွက် သူမကို ပွဲစီစဉ်ကူဖို့ အကူအညီတောင်းလို့ မွေးရပ်မြို့ကလေးကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ အထက်တန်းတုန်းက သူမကို သဘောကျခဲ့တဲ့ အဆက်ဟောင်း ဒေလန်ဟာ အရင်လိုမဟုတ်တော့ပဲ ရင့်ကျက်ခန့်ညားလာကာ သူတို့နှစ်ယောက်သား အတူတူ မင်္ဂလာပွဲစီစဉ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီတော့ မက်ကင်ဇီတစ်ယောက် ဒေလန်နဲ့ ပြန်အဆင်ပြေသွားမလား၊ အမေဖြစ်သူဆုံးသွားတုန်းက ရခဲ့တဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ပါ့မလားဆိုတာကို ချစ်စရာအလွဲအမှားလေးတချို့နဲ့ ကြည်နူးဖွယ်ကြည့်ရှုရမယ့် romance comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:26:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Drama • Thriller • Romance
5.5 2022 84 mins
Where Your Heart Belongs
The Girl on the Bridge
7.5

ဘဝဟာ စစလာကတည်းကိုက ဝေဒနာပါ။ အားလုံးမှာ ကိုယ်စီဝေဒနာချည်းပဲတဲ့။ တစ်စစီကွဲအက်နေတဲ့ ဘဝတွေတွေမြင်ဖူးလား။ ဒါငါတို့ရဲ့ မိုက်မဲမှုလည်းဖြစ်နိုင်တယ်။ ဒါငါတို့ရဲ့ ဒရာမာလည်းဖြစ်နိုင်တယ်။ အားလုံးအမြင်မှာ ဘယ်လိုရယ်စရာတွေပဲဖြစ်သွားဖြစ်သွား ဒါတွေက ငါတို့အတွက်တော့ အစစ်အမှန်ပါပဲ။ အသည်းကွဲတာပဲဖြစ်ဖြစ် , ထမင်းစားစရာမရှိတာပဲဖြစ်ဖြစ် တစ်ထောင့်တစ်ဘက်ကကြည့်မယ်ဆို ပြင်ဆင်လို့မရတာ ဘာမှမရှိပါဘူး မှန်ပါတယ်။ ပြင်ဆင်ခြင်းကို အရှုံးပေးခဲ့ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ကိုယ်မိုက်လို့ကိုယ်ခံပဲပေါ့။ ဒါပေမဲ့လည်း ကြားဖူးတယ်မလား အားလုံးဟာ အရူးတွေချည်းပဲတဲ့။ အဓိပ္ပာယ်တစ်ခုခုရှိလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဘာအဓိပ္ပာယ်မှမရှိမှန်းလည်း သိလာခဲ့ကြတယ်။ ကိုယ်ထင်မှဖြစ်တဲ့အရာတွေချည်းပါပဲ။ ဒါဆို ဘာယုံကြည်ချက်မှမရှိတော့ရင်ရော။ ဘဝက ခက်ခဲလို့ဖြစ်ဖြစ် ငါတို့က မိုက်မဲလို့ဖြစ်ဖြစ် တံတားတစ်စင်းပေါ်ကနေ ရေပြင်ကိုငေးပြီး ချီတုံချတုံနဲ့ အစကို ပြန်မသွားချင်တော့တဲ့အချိန်တွေ တစ်ချို့ဘဝတွေမှာ ရှိကောင်းရှိလိမ့်မယ်။ တစ်ထောင့်တစ်ည တစ်နေ့တစ်လမှာတော့ အလင်းတွေ ကယ်တင်ခြင်းတွေ ဘယ်လိုနာမည်ပဲတပ်တပ် တစ်စုံတရာဟာ ရှိတတ်တယ်။ ဒါကိုအချစ်လို့ပြောဖို့တော့ သုံးဖန်များတဲ့အခါ စကားလုံးဟာ ပျက်ပြယ်သွားတတ်လွန်းလို့ အခုတော့ အချစ်ဟာ ယေဘုယျအားဖြင့် ဆယ်ကျော်သက် လက်သုံးစကားတစ်ခုသက်သက် ဖြစ်သွားခဲ့ပြီ။ တစ်စုံတရာလို့ပဲ ဆိုကြပါစို့။ ပြောပြောနေကျတဲ့ အချစ်ဆိုတာက ဒီတစ်စုံတရာထက်တော့ အများကြီးလွယ်ကူပါတယ်။ တံတားထိပ်မှာ တစ်ယောက်က ရေပြင်ကိုငေးကြည့်မိနေတဲ့အခါမှာ နောက်တစ်ယောက်က ကယ်တင်မယ်။ တံတားထိပ်မှာ နောက်တစ်ယောက်က ရေပြင်ကို ငေးကြည့်မိနေတဲ့အခါမှာ တစ်ယောက်က ကယ်တင်မယ်။ ကံကိုမယုံလို့ သတ်သေချင်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကံကိုပါယုံကြည်ရင်း မျက်မှိတ်စိပြီး ဓားပေါက်ပြမှ အသက်ဆက်လို့ရမယ့် ဓားပေါက်သမားတစ်ယောက် ။ ဒါဟာ ဘယ်လိုရေစက်မျိုးလဲ။ နှစ်ပိုင်းပြတ်နေတဲ့ ငွေစက္ကူတစ်ရွက်ဟာ တစ်ဘက်က တစ်နေရာစီမှာဆို ဘာတန်ဖိုးမှမရှိတော့ဘူးတဲ့။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ကံမကောင်းခြင်းကို တစ်ယောက်က ဖေးမရင်း သက်တံ့တွေဖြာနေတဲ့နေ့တွေလည်း ရှိကောင်းရှိလာပါလိမ့်မယ်။ မင်းတို့ ငါတို့ရဲ့ စောက်ဖြစ်မရှိလှပါသော ဘဝတွေမှာပေါ့။ ဇာတ်လမ်းထဲမှာတော့ ဒီတစ်စုံတရာကို ဘာပါလို့ နာမည်မတပ်နိုင်ခင်မှာပဲ သူတို့ဝေးသွားခဲ့ကြတယ်။ ဆေးလိပ်ဖြတ်တာပဲဖြစ်ဖြစ် မေ့ဖျောက်ချင်တာပဲဖြစ်ဖြစ် စစချင်းမှာ ခက်ခဲပေမဲ့ အရာရာဟာ တစ်ပတ်လောက်ကြာပြီးရင်တော့ နေသားကျသွားတယ်တဲ့။ ဒီတစ်ပတ်ကို ကျော်လွန်ပြီးသွားရင်တော့ ဒါဟာ တစ်စုံတရာဖြစ်သွားပါပြီ။ နှစ်ပိုင်းပြဲသွားတဲ့ ငွေစက္ကူတစ်ရွက်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း မဆုံနိုင်ကြတော့တဲ့ အဖြစ်မျိုးတွေပေါ့။ မီးခြစ်ဟောင်းတစ်လုံးနဲ့ ပြဲနေတဲ့ပိုက်ဆံတစ်ခြမ်းကို မစွ့န်လွှတ်နိုင်တဲ့ တစ်ချိန်က တစ်ယောက်ယောက်ကို ကယ်ဖူးတဲ့လူကလည်း စုတ်ပြတ်သတ်စွာနဲ့ ဒီတံတားကြီးပေါ် သူ့ကိုယ်သူ အရှုံးပေးဖို့ ပြန်လာတယ်။ တစ်စစီကွဲအက်နေတဲ့ ပျက်စီးခြင်းမျိုးနဲ့ပေါ့။ ဒါဟာ ဒီတံတားပေါ်မှာ ကျွန်တော်တို့ဆက်ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ သေချာတာက ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ချစ်တယ်လို့ တစ်ခွန်းမှ မပြောသွားခဲ့ဘူး။ Girl on the Bridgeဟာ သူ့နာမည်အတိုင်းပဲ တံတားထိပ်မှာရပ်ရင်း ချီတုံချတုံနဲ့ ရေပြင်ကို ငေးကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အဖြစ်အပျက်ပါပဲ။ ဘဝဟာ စစလာကတည်းကိုက ဝေဒနာပဲမဟုတ်လား။ ဘယ်တစ်စုံတရာက ဒီတံတားပေါ်မှာ သက်တန့်တွေဖြာစေမလဲတော့ အားလုံးသိကြပေမဲ့ အဲဒီသက်တန့်တွေ ဘယ်အချိန်ထိဖြာနေမလဲတော့ ကျွန်တော်တို့မသိနိုင်ဘူး။ File Size : 2.2 GB, 937 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.5 1999 90 mins
The Girl on the Bridge
Untouchable
6

ကျွင်းဖေးဆိုတဲ့ အရည်အချင်းရှိတဲ့လက်ဝှေ့သမားတစ်ယောက်ဟာ သူ့လူတွေကိုခေါ်ပြီးမကာအိုက ချမ်းသာတဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့စီးပွားရေးသမားတစ်ယောက်ဆီမှာခိုလှုံခဲ့တယ်။ သတ်ဖြတ်မှုတွေနဲ့အန္တရာယ်များတဲ့မြို့မှာ သူ့ရဲ့စွမ်းရည်နဲ့ရပ်တည်နိုင်အောင်လုပ်ခဲ့တယ်။ သူ့ရဲ့အနာဂတ်ဟာတောက်ပလာပြီလို့ထင်လာတဲ့အချိန်မှာ သူဌေးကြီးရဲ့ချစ်သူ မိန်းမလှလေး စူးရှောက်နဲ့တွေ့ခဲ့တယ်။ အကျိုးအမြတ်တွေကိုပိုရအောင် ကြံစည်လာကြတယ်။ အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်ထားပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့ သူတို့ရဲသူဌေးကြီးရဲ့သရုပ်မှန်တွေဟာလဲ တဖြည်းဖြည်းနဲ့ပေါ်လာပါတယ်။ အကွက်ချစီစဉ်မှုတွေ သစ္စာဖောက်ခြင်းတွေနဲ့ အာဏာလုကြတဲ့ကြားမှာ သစ္စာရှိညီကိုတွေဟာ ဆန့်ကျင်ဘက်တွေဖြစ်လာခဲ့တယ်။ အစွန်းနှစ်ဖက်ဖြစ်လာတဲ့အခါ ကျွင်းဖေးဟာ သူ့ရဲ့ညီကိုတွေအတွက် သွေးနဲ့လမ်းကိုဘယ်လိုဖောက်မလဲဆိုတာကို ဝါရင့်သရုပ်ဆောင်တွေနဲ့ပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

6 2024
Untouchable
Tom and Jerry’s Giant Adventure
6

ဒီဇာတ်လမ်းကတော့ ငယ်ငယ်ကကြားဖူးနေကျ မှော်ပဲစေ့နဲ့ နတ်တိုင်းပြည် ပုံပြင်လိုပါပဲ။ တွမ်နဲ့ဂျယ်ရီဟာ ပုံပြင်စာအုပ် မြို့တော်ဆိုတဲ့အပန်းဖြေကစားကွင်းပိုင်ရှင်တွေ မွေးထားတဲ့ကောင်လေးနှစ်‌ကောင်ပေါ့။ အဲဒီကစားကွင်းက လူမလာဘဲ အရှုံးပေါ်နေတာ‌ကြောင့် အကြွေးနဲ့သိမ်းခံရတော့မယ့်အထိအခြေအနေ ဆိုးနေခဲ့တာပါ။ ဒါကြောင့် ကစားကွင်းထဲက ပစ္စည်းတွေ၊ တိရစ္ဆာန်ရုံ‌‌ထဲက အကောင်တွေ ရောင်းထုတ်ပြီး ပိုက်ဆံရှာနေရတာပါ။ ရောင်းရင်းရောင်းရင်း နောက်ဆုံးမှာနွားမလေးတစ်ကောင်ပဲ ရောင်းစရာဆိုလို့ ကျန်တော့တာပါ။ ဒါပေမဲ့ ကစားကွင်းပိုင်ရှင်ရဲ့သား ဂျက်က အဲဒီနွားလေးကို ပိုက်ဆံမယူဘဲ မှော်ပဲစေ့ဆိုတာတွေနဲ့ လဲလိုက်မိသွားပါတယ်။ ဒီလိုနဲ့ စိတ်ဓါတ်ကျနေတဲ့ ဂျက်တို့အဖွဲ့ အဲဒီပဲစေ့တွေကိုပဲ စိုက်လိုက်ရင်း နောက်နေ့မှာတော့ ဧရာမပဲပင်ကြီးအဖြစ်နဲ့ ကောင်းကင်ပေါ်က နတ်သမီးတိုင်းပြည်ဆိုတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုအထိ ရောက်အောင် ပေါက်နေတာကို သိလိုက်ရပါတယ်။ အဲဒီတိုင်းပြည်မှာ ဧရာမဘီလူးကြီးတစ်‌ကောင်ကပြည်သူတွေဆီက ရွှေငွေတွေကို အင်အားသုံး လုယူနေတာပါ။ ဒါကို လက်မခံနိုင်တဲ့ ဂျက် တွမ်နဲ့ ဂျယ်ရီတို့က အဲဒီဘီလူးကိုတားပြီး နတ်သမီးတိုင်းပြည်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။ File Size : 1.1 GB, 595 MB Quality : Blu-Ray 1080p / 720p Running Time : 57min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Action
6 2013 57 mins
Tom and Jerry’s Giant Adventure
47 Ronin
6.3

47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။ သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေ‌ေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်‌ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ ဒီဇာတ်လမ်းမှာ အာကို‌ဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ —————- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John Wickဇာတ်ကား‌ေတွနဲ့ကျွန်တော်တို့ရဲ့ အချစ်တော်ကြီးဖြစ်လာတဲ့ မင်းသားကြီး Keanu Reeves ပါလာတာပါပဲ။ သူဟာဒီဇာတ်ကားမှာ မှော်ဆန်တဲ့ကျွန်းတစ်ခုကနေထွက်ပြေးလွတ်မြောက်ပြီး ဆာမူရိူင်းတို့ရဲ့နေရာကိုရောက်လာတဲ့ကောင်လေးတစ်ယောက်ရဲ့နေရာမှာသရုပ်ဆောင်ထားပါတယ်။ ဆာမူရိုင်းတို့ရဲ့နေရာမှာ နေရတဲ့ဆာမူရိုင်းမဟုတ်တဲ့ လူတစ်ယောက်အနေနဲ့ နေရထိုင်ရတာမလွယ်ပါဘူး။ အနှိမ်ခံရတယ်။ အချိုးခံရတယ်။ ဒါပေမယ့် သူကျေးဇူးမမေ့တတ်ပါဘူး။ အိမ်ယာမဲ့သူ့ကိုကယ်ထားတဲ့ သူ့ရဲ့သခင်ကို သူချစ်တယ်။ ဒါပေမယ့် သူ့သခင်သွေသွားတဲ့နောက်မှာရော သူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။ ဆာမူရိုင်းမဟုတ်တဲ့သူကရော ရိုနင်တစ်ယောက်ဖြစ်လာမှာလား။ ကလဲ့စားခြေတဲ့အချိန်ကျရင်ရော သူက ဘယ်ဘက်ကရောက်နေမှာလဲဆိုတာလေးတွေပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ File Size – (5.9 GB)/ (1.3 GB)/ (575MB) Quality – BluRay 4K HEVC/ 1080p / 720p Subtitle – burmese Translator – Nay Myo Thu Encoder – Thit San Khant

Drama • Mystery • Thriller
6.3 2013 119 mins
47 Ronin
Ex Ex Lovers
7.6

Ex Ex Lovers (2025) ********************* ဖိလစ်ပိုင်မင်းသမီးချောလေး Loisa Andalio ပါဝင်တဲ့ ရယ်ရယ်မောမော ဘဝ အမောပြေမယ့် ဖိလစ်ပိုင် rom com ဇာတ်လမ်းလေးကို ပိတ်ရက်မှာ ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးမှာတော့ ပြဿနာတွေကြောင့် ဆယ်စုနှစ်ကြာဝေးကွာခဲ့ရပေမဲ့ ပြန်လည် ဆုံဆည်းတဲ့အခါမှာ အရင်လို အချစ်တွေ ပြန်လည်ရှင်သန်လာနိုင်မလား ဆိုတဲ့ အကြောင်းလေးကို သရုပ်ဖော်ထားတာပါ။ ဂျွိုင်းက သမီးလေးအက်စ်စီကို တစ်ယောက်တည်း ဆယ်စုနှစ်တစ်ခုကျော် ရုန်းကန် ပျိုး‌ထောင်ခဲ့ရတဲ့ single mother တစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့ ဗယ်လင်တိုင်း‌ဒေးမှာ သမီးနဲ့ဒိတ်လုပ်ဖို့ချိန်းထားရင်း ချစ်လှစွာသော သမီးတော်လေးဆီက စပရိုက်အကြီးစားနဲ့ ဂျွိုင်းတစ်ယောက် ရှော့ခ်ရသွားပါတော့တယ်။ အဲဒါကတော့ သမီးရဲ့ချစ်သူ ဂျိုဝီက အက်စ်စီကို ဂျွိုင်းရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီး သမီးက မကြာခင်လက်ထပ်တော့မယ်ဆိုတာပါပဲ။ သမီးအရွယ်ကငယ်သေးတာကတစ်ကြောင်း ကိုယ်တိုင်လည်း ငယ်ငယ်နဲ့အိမ်ထောင်ကျပြီး အိမ်ထောင်ရေးအဆင်မပြေ ရုန်းကန်ခဲ့ရတာကြောင့် သမီးကို လက်မထပ်စေချင်ပေမဲ့ စိတ်အားထက်သန်နေတဲ့သမီးဖြစ်သူက ဘယ်လိုတားတား တားမရပါဘူး။ ဒီလိုနဲ့သမီးက မင်္ဂလာလျှောက်လမ်းမှာ အဖေ့လက်ကိုတွဲပြီး သွားချင်တယ်ဆိုပြီး တောင်းဆိုလာလို့ သမီးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းရာလည်းရောက် မင်္ဂလာပွဲကို ဆန့်ကျင်ဖို့ စစ်ကူလည်းရအောင် တစ်ချိန်က အနေဝေးခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ဆက်ဒရစ်ကို သွားရှာဖို့ဖြစ်လာချိန်မှာတော့…. သမီးရဲ့မင်္ဂလာပွဲကို အရင်းခံပြီးဖြစ်လာတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ပြန်လည်ဆုံဆည်းမှုကနေ အချစ်ပန်းတွေ ပြန်လည်ပွင့်လန်းလာနိုင်မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.17GB / 602MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Christ Encoded by AHtet

Thriller • Horror
7.6 2025 108 mins
Ex Ex Lovers