YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]The.Killing.Vote.2023.E07.720p.WEB-DL.mp4

443.03 MB N/A video/mp4 1339 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dreaming Walls: Inside the Chelsea Hotel
5

Dreaming Walls: Inside the Chelsea Hotel (2022) ~ IMDb - 6.1/10, Rotten Tomatoes - 70% ~ ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။ ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။ နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။ Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။ အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။ ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။ ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။ ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။ "နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး" လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 620MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 17Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5 2022 80 mins
Dreaming Walls: Inside the Chelsea Hotel
Dragon Hunting Mystery
3

ရှန်နုံရတနာသေတ္တာဟာ "ထာဝရရှင်သန်ခြင်းရဲ့ တံခါးဝ"လို့ ဒဏ္ဍာရီတွင်တဲ့ အမတဆေးနဲ့ဆက်နွှယ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာတစ်ခုဖြစ်ပါသတဲ့။ ဒီလျှို့ဝှက်ချက်ကို သိတဲ့လူအနည်းကျဉ်းသာရှိပေမဲ့ အဲ့ဒီထဲမှ "မုဖုန်းချန်"ဆိုသူဟာ ထိုရတနာကိုမျက်စိကျပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်၊‌ ရှေးဟောင်းအစဉ်လာဒဏ္ဍာရီလျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ ယန်ဟွမ်ခန်းမက မော့ရွှမ်နဲ့ချန်ရွှင်တို့ဟာလည်း ထိုနတ်ပစ္စည်းရတနာကို မသမာသူလက်ထဲမကျရောက်အောင် တာဝန်အရ အမြန်ရှာဖွေပါတော့တယ်။ တကယ်တမ်းမှာတော့ ရှန်နုံရတနာသေတ္တာဟာ စစ်ဦးစီးချုပ်"ကျန်းချန်ဇစ်" လက်ထဲရောက်နေပါတော့တယ်၊ဒါပေမဲ့ ကျန်းချန်ဇစ်ဟာ ရှန်နုံရတနာသေတ္တာဟာဘာမှန်းမသိခဲ့ပါဘူး။ -ဒီလိုနဲ့‌‌ ရတနာရှိရာကို လောဘရဲ့သားကောင်တွေ ပစ်မှတ်ထားလာတဲ့အခါ... ∆ရန်သူရဲ့ရန်သူဟာ သူငယ်ချင်းဖြစ်တတ်တယ်ဆိုတဲ့အတိုင်း ကျန်းချန်ဇစ်၊ချန်ရွှင်နဲ့ မော့ရွှမ်တို့သုံးယောက် ရှန်နုံရတနာကို ဘယ်လိုတွေဆက်ရှာဖွေသွားမလဲ... ∆အရာအားလုံး ပုံရိပ်ယောင်တွေပြည့်နှက်နေတဲ့ နယ်နိမိတ်ကြီးမှာ သူတို့သုံးယောက်ကရော အစစ်မှန်ဖြစ်ပါ့မလား... ∆အားလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ ရှန်နုံရတနာသေတ္တာနဲ့ အမတ‌ဆေးနောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိနေမလဲ... ဘယ်လိုအန္တရာယ်တွေကိုရင်ဝယ်ပိုက်ပြီး နောက်ဆုံးမှာ အမတဆေးဟာ ဘယ်သူ့လက်ထဲကိုပဲရောက်ရှိသွားလေမလဲ..... ဆိုတဲ့အံ့ဖွယ်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်လို့ CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။ [ Reviewed By Clytie ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Science Fiction
3 2023 91 mins
Dragon Hunting Mystery
Jayeshbhai Jordaar
5.9

ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖိုဝါဒ အလေးပေးမှု၊ အမျိုးသမီးတွေကို နှိမ်ချမှု တို့ကို မီးမောင်းထိုးပြထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်လာတဲ့ မိသားစုရဲ့ သားတစ်ယောက်။ သူက မူဒရာဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီး သမီးလေးတစ်ယောက်မွေးထားတယ်။ ဂျက်ရှ်တို့ မိသားစုမှာ ဆက်ခံဖို့အတွက် သားမွေးပေးရမှာက မူဒရာ ရဲ့တာဝန်ပေါ့။ အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးမှန်း သိရတဲ့အချိန်တိုင်း ကလေးကို ဖျက်ချခဲ့ရတာ ၆ ကြိမ်ရှိပြီ။ ဒီတစ်ဗိုက်မှာတော့ မူဒရာ‌တစ်ယောက် သားလေး မွေးပေးနိုင်ဖို့ကို တစ်မိသားစုလုံးက မျှော်လင့်ထားကြတယ်။ ဂျက်ရှ်ကတော့ စိတ်နှလုံးသား နူးညံ့တဲ့ ခင်ပွန်းပါပဲ။ မူဒရာရဲ့ ဗိုက်ထဲက ကလေးဟာ မိန်းကလေးမှန်း သိပြီးတဲ့နောက် ဂျက်ရှ်တစ်‌ယောက် ရင်သွေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘဲ သူ့မိဘတွေ ရှေးရိုးစွဲတာတွေကို ဘယ်လို ပုန်ကန်နိုင်မလဲ? သူ့ဇနီးသည်နဲ့ အတူ ဘယ်လိုကျော်ဖြတ်သွားမလဲ? ဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ။ အခုခေတ်အချိန်ထိ ကျွန်မတို့ နိုင်ငံမှာလည်း ဖိုဝါ‌ဒကြီးစိုးတဲ့ ရှေးရိုးစွဲ အမြင်တွေကို စွဲကိုင်ထားကြသူတွေရှိပါသေးတယ်။ လူဟာ လူပဲဆိုတာကို မြင်နိုင်တဲ့တစ်နေ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ပြီး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Kit နဲ့ Hae Areum က ရေးထားတာပါ။) File Size : 2.2GB, 1GB, 505MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr & 1min Genre : Comedy, Drama Translated by Kit & Hae Areum Encoded by Kinnov

Animation
5.9 2022 124 mins
Jayeshbhai Jordaar
Closer
6.8

ဒီကားက 2004 က ထွက်ခဲ့တဲ့ Romance/Dramaကားပါ IMDb မှာ 7.2 ရထားတယ် Cast ကလဲအပြည့်ပဲ 90s movie တွေရဲ့ queen ဖြစ်တဲ့ Julia Roberts ရယ် Dumbledore အငယ် နဲ့နာမည်ကြီးတဲ့ Jude Law ရယ် Marvel က Thor ရည်းစား Jane, star wars, Black swan ကားတွေနဲ့နာမည်ကြီးတဲ့ Natalia Portman ပါတယ် ဇာတ်လမ်းကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲနီးပါးလိမ်နေကြတဲ့ လူ၄ယောက်ရဲ့ အချစ်ရေးကို အဓိက ရိုက်ထားတာပါ လူ၄ယောက် အတွဲ၂တွဲက အဆင်ပြေနေရာကနေ တစ်တွဲစီက တစ်ယောက်စီက တွေ့ပြီး ကြိုက်ကြ ခိုးတွေ့ကြ ဖောက်ပြန်ကြတဲ့အခါ ပြဿနာတွေဖြစ်လာတဲ့ relationship ကိုပြထားတာပါ Julia Roberts က လန်ဒန်မှာ နေတဲ့ အမေရိကန်ဓာတ်ပုံဆရာမတစ်ယောက်၊ Jude Law က သတင်းစာတိုက်က ဂျာနယ်လစ်တစ်ယောက်၊ Natalia Portman က အမေရိကန်က ပြောင်းလာတဲ့သူတစ်ယောက်၊ နောက်တစ်ယောက်က အရေပြားဆရာဝန်ပါ ဇာတ်လမ်းကို spoil မဖြစ်အောင် ကိုယ်တိုင်ပဲကြည့်လိုက်ကြတော့နော် File size…(2.6GB)/(1.01 Gb)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Marie

Mystery
6.8 2004 104 mins
Closer
Death to 2021
5.9

IMDb Rating - 6.3/10 Netflix ကထွက်ရှိထားတဲ့ ဒီTV Special ဇာတ်ကားဟာဆိုရင် IMDb 6.3 ထိရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် TV Program တစ်ခုကို ကြည့်နေရသလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2020 , 2021 မှာဆိုရင် ကမ္ဘာတစ်လွှားမှာ ကပ်ရောဂါဘေးတွေရင်ဆိုင်ရသလို နိုင်ငံရေး စီးပွားရေး သဘာဝပတ်ဝန်းကျင်ကပ်ဘေး အစသဖြင့် ကိစ္စတော်တော်များများကြုံတွေ့ခဲ့ရပါတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင်တွေက ကျွန်တော်တို့ 2021 ခုနှစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းကို အကုန်ပြန်သုံးသပ်ပြီးပြောကြတာဖြစ်ပါတယ်။ နိုင်ငံရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ နယ်ပယ်မျိုးစုံကအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတာကြပြီးတော့ အသိ ပညာဗဟုသုတ တိုးစေမဲ့ဇာတ်ကားလေးဖြစ်တာကြောင့်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Shwe Pyae မှရေးသားပေးထားပြီး ဘာသာပြန်များကတော့ Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။) File Size -(1.12 GB) / (580 MB) / (276 MB) Quality – WebDL -(1080p) /  (720p) / (480p) Duration - 1hr 10min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, TV Program Translator – Shwe Pyae, Jo Jo Va Encoder – San Win Maung

Action • Adventure • Fantasy
5.9 2021 60 mins
Death to 2021
Fatal Fandom
5.5

Fatal Fandom (2022) ================ ဧဒင်ချေ့စ်ဟာ နာမည်ကြီး ပေါ့ပ်အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ လူချစ်လူခင်ပေါများသလို သီချင်းဆို လည်း ကောင်းတာမို့ ပရိသတ်တွေကတော့ အရူးအမူးပါပဲ။ ဒီလိုနဲ့ စတူဒီယိုတစ်ခုမှာ သီချင်းဗွီဒီယိုအသစ်အတွက် အသံ သွင်းပြီးအပြန် ကားပါကင်မှာ လူတစ်ယောက်က သေနတ်နဲ့ ချိန်ပြီး သူ့ကို ပြန်ပေးဆွဲဖို့ လုပ်တာနဲ့ ကြုံလိုက်ရပါတယ်။ အဲအချိန်မှာပဲ ဂျက်ဆန်ဆိုတဲ့ လုံခြုံရေးတစ်ယောက်က ဧဒင့် တို့ကို ဝင်ရောက်ပြီး ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ ရဲတွေလည်း အဆိုပါလူကို လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် မမိ ခဲ့ပါဘူး။ ဧဒင်ရဲ့ သူငယ်ချင်းတွေလည်း ဧဒင့်အတွက် စိုးရိမ်ပြီး ဧဒင့်ကို အချိန်ပြည့်စောင့်ရှောက်ပေးနိုင်မယ့် လုံခြုံရေးတစ် ယောက်လိုတဲ့အတွက် ဂျက်ဆန့်ကို ငှားလိုက်ပါတယ်။ ဂျက်ဆန် ဟာ ဧဒင့်ရဲ့ ပရိသတ်ဖြစ်တဲ့အတွက် အလုပ်ကိုလက်ခံလိုက်ပါ တယ်။ ဂျက်ဆန်လည်း ဧဒင်နဲ့အတူ အိမ်ကြီးမှာ နှစ်ယောက်တည်း အတူနေရင်း အနီးကပ် လုံခြုံရေးပေးခဲ့ပါတယ်။ အဲနောက်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်းရင်းနှီးလာခဲ့ပါတယ်။ ဒီလိုနဲ့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိဆိုသလို ဂျက်ဆန်တစ်ယောက် ဧဒင့်အပေါ် စိတ်ခံစားချက်တွေ ဝင်လာခဲ့ပါ တယ်။ ဧဒင့်ကို ပြန်ပေးဆွဲဖို့ လုပ်ခဲ့တဲ့ သူကရော ဘယ်သူလဲ၊ ဧဒင်နဲ့ ဂျက်ဆန်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ ဧဒင်တစ်ယောက် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး ဖြစ်မလားဆို တာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.75 GB) / (600 MB) / (380 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Leonard Lin Encoder……….SWM

Action • Thriller
5.5 2022
Fatal Fandom
If I Stay
6.7

If I Stay (2014) IMDb-6.7/10 အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက် သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ် သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့ နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရ စာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက် ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့် မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်း လမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။ မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီး သတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ် ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့ မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 829 mb / 684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

6.7 2014 106 mins
If I Stay
Elf
7.1

ခရစ္စမတ်နီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားကောင်းကောင်းလေးတွေ ရှာရတာ ပင်ပန်းနေရောပေါ့။အဲ့ဒါဆိုရင် ၂၀၀၃ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ခရစ္စမတ်နဲ့ ပတ်သတ်ရင်နာမည်ကြီးခဲ့တဲ့ လူတော်တော်များများလည်းကြည့်ဖူးလောက်ပြီဖြစ်တဲ့ Elf ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်မှာ ကြည့်ဖို့ဇာတ်ကားတွေထဲမှာ ဒီကားလေးကိုပါထပ်ထည့်လိုက်လို့ရပါပြီ။ ဘာလို့လဲဆိုတော့ IMDb Rating 7.1 အထိတောင်ရရှိထားပြီး ကြည့်ရတာလည်း ပျော်စရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေလို့ပါ။ဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေပဲနဲ့ ဇာတ်ကားအကျဉ်းချုပ်လေးကို ပြောလိုက်ရအောင်။ ဘက်ဒီဆိုတဲ့ မိဘမဲ့ကလေးပေါက်စလေးတစ်ယောက်က မိဘမဲ့ဂေဟာမှာရှိနေတုန်း ဆန်တာကလော့စ်က လက်ဆောင်ပစ္စည်းတွေလာပို့တဲ့ အချိန်မှာ ဆန်တာ့ရဲ့အိတ်ကြီးထဲကို ဝင်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားခဲ့ပြီး နတ်သူငယ်တစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတော့တယ်။ဘက်ဒီလေးက တခြားနတ်သူငယ်တွေနဲ့အတူတူကြီးပြင်း လာပေမဲ့ လူသားဖြစ်နေတဲ့အတွက် အရွယ်အစားကနှစ်ဆလောက်ပိုကြီးနေပါတော့တယ်။ ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမဲ့ကြီးလာတဲ့အခါမှာတော့ လူသားတစ်ယောက်နဲ့ နတ်သူငယ်တွေနေတဲ့ နေရာကအံဝင်ခွင်ကျမဖြစ်တော့ပါဘူး။ဒါ့ကြောင့်ပဲ ဆန်တာက သူ့ကိုသူ့အဖေအရင်းရှိရာ နယူးယောက်မြို့ကိုပြန်ပို့လိုက်ပါတော့တယ် အခုမှ လူ့လောကကြီးထဲကိုခြေပြန်ဆန့်တဲ့ ဘက်ဒီတစ်ယောက်သူ့အဖေနဲ့ပြန်တွေ့ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ခရစ္စမတ် Vibe အပြည့်အ၀ ရအောင်ရိုက်ကူးထားတဲ့ Old But Gold ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.74GB / 835MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy
7.1 2003 97 mins
Elf
Life, Animated
7.4

ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ…. File size… 1.1 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
7.4 2016 91 mins
Life, Animated
Between the White Key and the Black Key
6

ဘားအသေးစားလေးမှာ ဖျော်ဖြေနေတဲ့တီး၀ိုင်းထဲက စန္တယားသမားလေး ဟီရိုရှိကို ဘယ်ကမှန်းမသိတဲ့လူတစ်ယောက် သီချင်းတစ်ပုဒ်တောင်းဆိုလာပါတယ်, ဒီသီချင်းက The Godfather ထဲက ဇာတ်၀င်တေးသီချင်းပါ ဒါပေမယ့်တစ်ခုရှိတာက ဒီသီချင်းကို ယာကူဇာဘော့စ် ကူမာနိုတစ်ဦးထဲကပဲ တောင်းခွင့်ရှိပြီးတော့ တီးခွင့်ရှိတာကလဲ ဂင်ဇာမြီု့ကနာမည်ကြီးတီး၀ိုင်းမှာတီးနေတဲ့ မီနာမီဆိုတဲ့ စန္တယားဆရာတစ်ယောက်တည်းရှိတာပါ, ဒါကိုမသိပဲ The Godfather သီချင်းကိုဖျော်ဖြေမိသွားတဲ့ ဟီရိုရှီ ရဲ့ ကံကြမ္မာက… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ ) File size_(750MB)/(350MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Son Gohan

6 2023 94 mins
Between the White Key and the Black Key
Blade
7.1

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

War • Thriller
7.1 1998
Blade
Today Again Un oggi alla volta
6.8

Today Again (2023) IMDb Rating (6.8) အခုခေတ်နည်းပညာတွေကို သဘောမကျတဲ့ အူကြောင်ကြောင် စိုးရိမ်လွယ်တဲ့ 19 နှစ်အရွယ်ကောင်လေး Marco က သူငယ်ချင်းတွေနဲ့ သူ့တစ်ယောက်တည်းကမ္ဘာမှာ အေးဆေးနေတတ်တဲ့သူဖြစ်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို Aria လို့ခေါ်တဲ့ ပစ္စုပ္ပန်ကိုပဲတွေးပြီး ဘဝကို သွက်သွက်လက်လက်နေထိုင်တတ်တဲ့ ကောင်မလေးနဲ့တွေ့အောင်လုပ်ပေးခဲ့ပြီးနောက်မှာတော့ သူ့ဘဝ အများကြီးပြောင်းလဲလာခဲ့တယ်။ Aria က စာညံ့တဲ့ Marco ကို အထက်တန်းစာ သင်ပေးရင်း သူတို့နှစ်ယောက်အတူတူ အချင်းချင်းရဲ့ကြောက်ရွံမှုတွေကို နှစ်သိမ့်ပေးပြီး သံယောဇဥ်တွယ်လာခဲ့ကြတယ်။ ဒီဇာတ်လမ်းလေးက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ “နေ့တစ်နေ့ချင်း ဖြတ်သန်းဖို့” ရဲ့ အရေးပါမှုကို ဖော်ပြထားပြီး ရယ်စရာအလွဲတွေနဲ့ နှလုံးသားနွေးထွေးမှုတွေပါ ရသစုံအောင်ပေးစေမယ့်အီတလီ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:42:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

6.8 2023 101 mins
Today Again Un oggi alla volta
Pacific Rim
6.9

Pacific Rim (2013) IMDb Rating (6.9) / Rotten Tomatoes (72 %) အမေရိကန် စိတ်ကူးယဉ်သိပ္ပံ Monster ရုပ်ရှင် ဖြစ်တဲ့ Pacific Rim ဟာ 2013 မှာစတင်ထွက်ခဲ့ပြီး Monster ရုပ်ရှင်ကြိုက်တဲ့ သူတွေကြားမှာ အရမ်းအောင်မြင်မှုရရှိခဲ့ဖူးပါတယ်။ အကြောင်းအရာကတော့ အနာဂတ်ကာလမှာ Kaiju လို့ခေါ်တဲ့ ပင်လယ်သမုဒ္ဓရာထဲ ဧရာမ မွန်းစတားကြီးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လူသားတွေဟာ ဧရာမစက်ရုပ်ကြီး (Jaegers) တွေ တည်ဆောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အကြောင်းပါ။ 2013 မှာ ထွက်ရှိခဲ့တဲ့ Pacific Rim ဟာ visual effects၊ action scene တွေနဲ့ ပတ်သက် အများအပြား ချီးကျူးခံခဲ့ရပေမဲ့ U.S Box office မှာ underperforming ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ အရမ်းအောင်မြင်မှု ရခဲ့တဲ့အပြင် ဝင်ငွေ စုစုပေါင်း $411 million ထိ ရရှိခဲ့ပါတယ်။ ငယ်ငယ်က DVD အခွေနဲ့ ထပ်ခါထပ်ခါ အကြိမ်ကြိမ် ကြည့်ခဲ့ရတဲ့ မွန်းစတားကား တစ်ခုဆိုလည်း မမှားဘူး။ ဇာတ်လမ်းအကျဉ်း – Pacific သမုဒ္ဓရာ ကြမ်းပြင်တစ်နေရာက Interdimensional Portal ကနေ ထွက်လာတဲ့ Kaiju ခေါ် Alien Monster ကြီးတွေဟာ အချိန်အပိုင်းအခြားတစ်ခုကြာတာနဲ့ ကုန်းပေါ်တက်လာပြီး မြို့ကြီးပြကြီးတွေကို လိုက်ဖျက်စီးခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ လက်နက်တွေနဲ့ မတိုး‌တဲ့ ဒီ Kaiju တွေကို ခုခံဖို့ လူသားတွေဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် Monster (Jaegers ခေါ် ဧရာမစက်ရုပ်ကြီးများ) တွေကို တည်ဆောက်ကာ ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ သိုသော်လည်း ခုခံနေရုံ မပြီးမှန်းသိရှိလာတဲ့ အခါမှာတော့ လူသားတွေဟာ Kaiju တွေ အမြဲထွက်လာတဲ့ Pacific သမုဒ္ဓရာ ကြမ်းပြင်က portal ကို ပိတ်ဖို့ Mission နဲ့အတူ ကျန်‌ရှိနေတဲ့ Jaegers အကုန်လုံးစုစည်းပြီး စေလွှတ်ခဲ့ပါတယ်။ Monster ကားကြိုက်တတ်တဲ့သူမျိုးဆိုရင် ချန်ထားလို့မရတဲ့ ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်.. – Paras1te (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) Pacific Rim ရဲ့ ဒုတိယမြောက်ရုပ်ရှင်အဖြစ် cific Rim: Uprising (2018)ထွက်ရှိခဲ့ပြီး CM မှာ တပါတည်းတင်ဆက်ထားပါတယ်။

Thriller • Crime • Comedy • Mystery
6.9 2013 131 mins
Pacific Rim
Bucha
6.1

ဒီဇာတ်ကားက ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားက ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကိုစတီယာ ဆိုတဲ့ ကာဂျစ်စတန်သားဟာ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ ဒုက္ခသည်အနေနဲ့ နေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်လာတဲ့အခါ လူပေါင်းများစွာ ဒုက္ခရောက်ကြရတာကို သူ့အနေနဲ့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကိုစတီယာဟာ ကြောက်ကြောက်နဲ့ ရှေ့ဆက်တိုးတဲ့ သတ္တိရှိသူတို့ရဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ယူကရိန်းနိုင်ငံသားပေါင်း ၂၀၀ ကျော်ကို စစ်ဘေးသင့်နေရာတွေကနေ သူ့ရဲ့ ကာဂျစ်စတန် မှတ်ပုံတင်နံပါတ်ကို သုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စစ်ရဲ့ အနိဌာရုံတွေကို ပြသပေးရုံမက ကိုစတီယာရဲ့ ရဲရင့်မှုကိုလည်း ပြသပေးပါတယ်။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့တွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်စပ်ခံစား ကြည့်လို့ ရမှာ အသေချာပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်။ ) File size… (1.48GB) / (861MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.1 2024 118 mins
Bucha