YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Servant.of.the.People.S02E02.1080p.NF.WEB-DL.AAC2.0.x264-Nyein.mp4

522.85 MB 1080p video/mp4 474 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Secret Name
6.2

IMBb Rating - 6.4/10 ဒီကားလေးကို ကြည့်ပြီး ကျွန်တော် တစ်ခု ပြေးမြင်မိတာကတော့ ဝင်ကစွပ်အကောင်လေးတွေအကြောင်းပါ။ ကိုယ်နဲ့မသက်ဆိုင်တဲ့ အခွံလေးထဲ ဝင်ရောက်နေထိုင် ရှင်သန်ကြတယ်မဟုတ်လား...။ ဒီဇာတ်လမ်းလေးကလည်း ၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံ အခြေပြု ထားတဲ့ ဒရမ်မာကားလေးတစ်ကားပါ။ ဇာတ်ဆောင်ဖြစ်သူ နေလီ ရဲ့ဘဝဟာ အင်မတန်မှ ကြမ်းတန်းလွန်းလှတယ် ဘာတစ်ခုမှ အ ဆင်ပြေတာမရှိသလို စားဖို့သောက်ဖို့ ခိုးဝှက်တာကအစ ပြည့်တန် ဆာအဆုံး လုပ်ခဲ့ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ လေလွင့်ပေတေနေတုန်း ကြက်ခြေနီအသင်းနဲ့ ချိတ်ဆက်မိပြီး ဝင်ကူညီရာကနေ စစ်ပွဲရှေ့ မျက်နှာပြင်ထိ ခက်ခက်ခဲခဲ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ခရီးသွားမိန်းကလေးတစ်ယောက် ကို ကယ်တင်ပေးပြီး အကျိုးအကြောင်းမေးကြည့်တော့ သူဟာ ဆွစ်ဇာလန်သူတစ်ယောက်ပါ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ဖခင်ဖြစ် သူရဲ့ မိတ်ဆွေဆီကို လာရောက်ခိုလှုံကြောင်း ပြောပြပါတယ်။ အကြောင်းအရာကတော့ ချမ်းသာတဲ့လူကုံထံ အမျိုးသမီးတစ် ယောက်ရဲ့အိမ်ကို စာဖတ်သူအနေနဲ့ သွားရောက်ရမှာတဲ့ သူ့ကိုလည်း မြင်ဖူးခြင်းမရှိလို့ ထောက်ခံစာနဲ့ အတူလာရပါတယ်ပေါ့။ ဒီလိုနဲ့ ပြောဆိုနေတုန်း အမြှောက်ဆန်မှန်ပြီး ဒီဆွစ်ဇာလန်သူဟာ သေ ဆုံးသွားပါတော့တယ် ဒီအချိန်မှာ သွားစရာလမ်းပျောက်နေတဲ့ နေလီတစ်ယောက် သူနဲ့ ပုံစံသိပ်မကွာတဲ့ ဒီမိန်းကလေးအဖြစ် ဟန်ဆောင်ပြီး ချမ်းသာတဲ့အမျိုးသမီးကြီးရဲ့အိမ်ကို စာဖတ်သူ အနေနဲ့ ဝင်ရောက်လာခဲ့ပါတော့တယ် (သူ့ဘဝက ကြမ်းတမ်း ပေမယ့် စာဖတ်တတ်တဲ့သူတစ်ယောက်ပါ)။ တခြားလူတစ် ယောက်ရဲ့နေရာကိုဝင် ဟန်ဆောင် မုသားတွေပြောရင်း နေထိုင် ရတဲ့ နေလီတစ်ယောက် ဘယ်လိုတွေဖြတ်သန်း ကြုံတွေ့ရမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.7 GB) / (660 MB) / (360 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM

Animation • Romance • Science Fiction
6.2 2021 112 mins
Secret Name
Troll
6.7

နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2GB, 745MB, 397MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 41mins Genre              : Action, Adventure, Drama Translated by Mr.Anderson Encoded by Kinnov, Thit San Khant

Romance
6.7 2022 104 mins
Troll
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Fantasy • Mystery • Thriller
7.3 1991 154 mins
Center Stage
Rubikon
5.6

အနာဂတ်မှာ စစ်ပွဲတွေဖြစ်ပြီး စစ်ပွဲမှာသုံးတဲ့ ဓာတုလက်နက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ‌ကြောင့် ကမ္ဘာကြီးမှာ ကပ်ဘေးရော အငတ်ဘေးပါ ကြုံနေတဲ့အချိန်၊ အဲ့အချိန်ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဩစတြီးယား Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တပ်မှူး ဝက်ဂ်နာ နဲ ဓာတုဗေဒပညာရှင် ဒေါက်တာ ကရိုင်လို တို့နှစ်ယောက် အာကာသစခန်းဆီ သွားဖို့အတွက် ယာဉ်ပျံနဲ့ထွက်လာပေမယ့်။ လမ်းပျောက် သွားလို့ ဝက်ဂ်နာ က လက်စွမ်းပြပြီး ကိုယ်တိုင်မောင်းပေးလိုက်လို့ စခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတယ်ပေါ့။ နောက်ရက်နည်းနည်းကြာတော့ ကမ္ဘာနားမှာ မြူတွေဖုံးနေလို့ စုံစမ်းကြည့်ဖို့ ယာဉ်တစ်စင်းလွှတ်လိုက်ပေမဲ့ အဲဒီယာဉ်က မြူတွေထဲပိတ် အဆက်အသွယ်ပျက်သွားလို့ ဝက်ဂ်နာတို့နှစ်ယောက် မြူတွေကြောင့် အသက်ရှူကြပ်နေတဲ့ ယာဉ်ပေါ်ကလူကို ကယ်ပေးလိုက်ရတယ်။ ကမ္ဘာကြီးမှာလည်း ခံတပ်တွေထဲ‌ဝင်ပုန်းပြီး ရှင်တဲ့သူကရှင် အပြင်မှာသေတဲ့လူ ကလည်းသေကုန်ကြပြီ ကံကကောင်းချင်တော့ ဒေါက်တာ ကရိုင်လိုက အောက်စီဂျင် ထုတ်ပေးတဲ့ရေညှိတွေကိုစမ်းသပ်ထုတ်နေတာဆိုတော့ သူတို့ ကမ္ဘာကိုပြန်ပြီး အသက်ရှင်နေတဲ့လူတွေကို ကူညီမလား။ သူတို့ဒီအတိုင်း ယာဉ်ပေါ်မှာပဲနေပြီး တစ်‌ကိုယ်ကောင်းဆန်မလားဆိုတာကို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ May Thet Khine Soe, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.13 GB) / (650 MB) / (330 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Sci-Fi Translator.......May Thet Khine Soe, Khant Sett Naing Encoder..........SWM

Action • Adventure • Science Fiction • War
5.6 2022 110 mins
Rubikon
The Virgin Suicides
7.1

The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ညပါတီပွဲတက်ခွင့်ရတဲ့အခါမှာတော့... လှောင်အိမ်ထဲက ငှက်ကလေးတွေ ပျံဝဲရင်း ဘာတွေဆက်ဖြစ်မှာလဲ...? မိဘတွေကရော ဘာကြောင့် အဲ့လောက်ထိချုပ်ခြယ်တာလဲ...? သေဆုံးမှုမှာ ဘယ်သူက အဓိကတာဝန်ရှိတာလဲ...? စတဲ့အတွေးပေါင်းစုံနဲ့ 1970 ဝန်းကျင်လောက်ကို Retro Vibe နဲ့အတူ ပြန်သွားရင်း ယနေ့ခေတ်နဲ့ ယှဥ်ပြီး အတွေးနယ်ချဲ့လို့ကောင်းမယ့် ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ File size…(1.92GB)/(1B)/(470MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener

Drama • Romance
7.1 1999 97 mins
The Virgin Suicides
The Pirates
7

IMDb Rating (6.6) ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီး ဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်.. ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ် စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့် ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။ မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။ The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ.. တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်... ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ် အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်... အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်.. တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်း ဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်း အလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်.... တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ် ဝေလငါးလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ.... ဒီဇာတ်ကားရဲ့ ရိုက်ကွင်း ရှုခင်းရှုကွက်တွေလည်း အရမ်းလှပြီး ကိုးရီးယားကားတွေထဲမှာတာ့ တော်တော်လေးကို ခမ်းနားပါတယ်။ အတည်ပေါက်နဲ့ကို ဟာသတွေဖြစ်အောင်လည်း ရိုက်ပြသွားတယ်.. ၂၀၁၄ ခုနှစ်မှာတော့ ဒီဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု အကောင်းဆုံးမင်းသမီးဆု အကောင်းဆုံးဇာတ်ပို့ဆု အကောင်းဆုံးဒါရိုက်တာဆု နည်းပညာပိုင်းဆိုင်ရာ အကောင်းဆုံးဆုတွေ သိမ်းကျုံးယူသွားနိုင်ခဲ့တယ်.. ပင်လယ်ဓားပြကနေ တောပုန်းဓားပြ ပြောင်းလုပ်တဲ့ချွဲဘုန်းနေရာက ဝါရင့်သရုပ်ဆောင် ရိုဟီဂျင်းဟာ တကယ်ကို တစ်ကားလုံး အသက်ဝင်အောင် ဇာတ်ပို့ပေးနိုင်တဲ့အတွက် ကိုးရီးယားမှာအကောင်းဆုံးရုပ်ရှင်ဆုတွေဖြစ်တဲ့Baeksang Art award, Grand Bell award တွေမှာ အကောင်းဆုံးဇာတ်ပို့ဆုကို တစ်ယောက်တည်း သိမ်းပိုက်နိင်ခဲ့တဲ့အပြင် 6th korea flim award, 1st  korea flim producer association awardက ချီးမြင့်တဲ့ အကောင်းဆုံးဇာတ်ပို့ဆုတွေကိုရခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အကြိုက်ဆုံးစကားလေးကတော့ မင်းသမီးက ချွဲဘုန်းကို မှာလိုက်တဲ့ စကားလေးပါ “တောပုန်းဓားပြပဲလုပ်လုပ် ပင်လယ်ဓားပြပဲလုပ်လုပ်  သူခိုးဓားပြကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပါ”တဲ့ ပထမဆုံး ပြုံးမိသွားတယ် နောက်စဉ်းစားလေစဉ်းစားလေ ရီချင်လေပဲ။ သူခိုးဓားပြကများ သူခိုးဓားပြကောင်းဖြစ်အောင်ကြိုးစားရဦးမယ်တဲ့ နောက်တော့အတွေးစလေး တစ်ခုရသွားတယ် သူပြောတာလည်းဟုတ်တာပါပဲ ဘယ်ဘ၀ ဘယ်အခြေအနေကို ရောက်ရောက်ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားရမှာပေါ့။ ဘုရင်တို့ စစ်သူကြီးတို့ဆိုတာ တကယ်တော့ လူအများက လေးစားအားကျဂုဏ်ယူရတဲ့ရာထူး နေရာတွေပါ အားကိုးအားထိုက်ပြုရမယ့်သူတွေပါ အရင်ဦးဆုံး သူခိုးဓားပြထက် စစ်သူကြီးတို့ ဘုရင်တို့ဖြစ်အောင် မကြိုးစားသင့်ဘူးလား ဒါပေမယ့်ဘုရင်ကောင်း စစ်သူကြီးကောင်း မဖြစ်ကြလို့ ဒီလိုနေရာတွေမှာတောင် ကောင်းအောင်မကြိုးစားတဲ့ရာထူးအာဏာရှိသူတွေကြောင့် ပြည်သူတွေပိုဒုက္ခရောက်ကြရတာမဟုတ်လား ဒါကြောင့် ဘယ်နေရာ/ ဘယ်ဘဝပဲရောက်နေနေ ဘယ်အခြေအနေပဲဖြစ်ဖြစ် အများအကျိုးပြုတဲ့လူကောင်းဖြစ်အောင်ကြိုးစားသင့်ပါတယ် ဒီဇာတ်ကားလေးကြည့်ရှုပြီး ရယ်မောပျော်ရွင်ပြီး ဘဝအမောတွေပြေသလို အတုယူသင့်တာတွေယူပြီး ရှောင်ကြဉ်သင့်တာလေးတွေလည်းရှောင်ကြဉ်နိုင်ကြပါစေ...... File Size : (2.2 GB) / (1.2 GB ) / (700 MB) Quality : BluRay 5.1 CH 1080p/ 720p / 360p Running Time : 2 hr 10 min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Nyeinsaeya Aung

Horror
7 2014 130 mins
The Pirates
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
A Safari Romance
6.6

ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။File size…(1.85 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.6 2023 84 mins
A Safari Romance
Persepolis

Persepolis (2007) IMDb rating – 8/10 French-Iranian ဝတ္ထုရေးဆရာ “Marjane Satrapi” က ၂၀၀၀ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Persepolis” ကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာထွက်ရှိခဲ့တဲ့ film adaptation ဖြစ်ပါတယ်။ သူ့ဘဝခရီးအနိမ့်အမြင့်အတက်အကျအကြောင်းတွေ ကြည့်ရမယ်ဆိုတာထက် အဓိကထူးခြားနေတဲ့အချက်က သူဟာ အီရန်နိုင်ငံသူတစ်ဦးပါ။ သူတွေ့ကြုံခဲ့ရတဲ့ အီရန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ယှဉ်ပြီး သူ့ဘဝ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်။ အီရန်နိုင်ငံရဲ့စစ်ပွဲတွေနဲ့၊ အကျိုးဆက်အရ အီရန်ပြည်သူတွေ နှစ်ရှည်လများစွာ ဆင်းရဲဒုက္ခတွင်းကျရတာတွေကို မီးမောင်းထိုးပြထားပါတယ်။ အီရန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ်ခဲ့ရတာတွေ၊ နေ့ရက်တိုင်းမှာ ကြောက်လန့်စိတ်နဲ့နေရတာတွေကို ပုံဖော်ပြသထားပါတယ်။ အီရန်နိုင်ငံမှာ လူသားအရင်းအမြစ်တွေ၊ လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့အကြောင်းကို သူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြသထားပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်တွေက အမျိုးသမီးတွေအပေါ် ဘယ်လောက်ထိချုပ်ချယ်ဖိနှိပ်လဲဆိုတာတွေ ကမ္ဘာသိအောင်ချပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း သူဟာ နိုင်ငံရေးစိတ်အားထက်သန်တဲ့မိသားစု၊မဟုတ်မမှန်တာကို ရပ်ထိုင်ကြည့်မနေနိုင်တဲ့ မိသားစု၊လူသားဆန်တဲ့ ပညာတတ်မိသားစုကနေ မွေးဖွားလာတဲ့သူပါ။ အီရန် နိုင်ငံ ရဲ့ ခေတ်ဆိုးစနစ်ဆိုးမှာ မွေးဖွားလာခဲ့တော့ ကျောင်းစတက်တဲ့အချိန်တည်းက မင်းစိုးမင်းညစ်ကိုသစ္စာရှိဖို့ မှိုင်းတိုက်ခံခဲ့ရတယ်။ အသက်ငယ်ငယ်လေးနဲ့ အစ္စလာမ်မစ်တော်လှန်ရေးနဲ့ တွေ့ကြုံခဲ့တယ်။ အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက် အီရန် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုမှာ မဟုတ်မမှန်တာကို ခေါင်းငုံ့မခံနိုင်၊ထုတ်ဖော်ပြောတတ်တဲ့ Marjane ကို သူ့မိဘတွေက ပညာကောင်းကောင်းသင်နိုင်ဖို့ ဩစတီးယား၊ ဗီယင်နာမြို့ကို ပို့လိုက်ကြရတယ်။ နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူတဲ့လူမျိုးတွေကြား အသက်ငယ်ငယ်နဲ့ အီရန်နိုင်ငံဖွားမိန်းကလေးတစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ဖို့ သူကြိုးစားခဲ့ရတယ်။ Animation အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ Oscar ဆုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီး တခြားဆုတွေအများကြီးရရှိထားပါတယ်။ ဗဟုသုတတွေ အပြည့်ပေးစွမ်းမယ့်ဇာတ်လမ်းဖြစ်တာမို့ လက်မလွှတ်ဘဲ ကြည့်ရှုလိုက်ကြပါဦးနော်၊ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 1.3 GB / 650 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

0 2007
Persepolis
Empire V aka Ampire V
5.1

ကျွန်တော်တို့ CM ကနေ ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်ထွက် IMDB 5.1 ရထားတဲ့ Ampire V ဆိုတဲ့ ရုရှားသွေးစုပ်ဖုတ်ကောင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ရုရှားမင်းသားကြီး Igor Zhizhikin, တက်သစ်စမင်းသား Pavel Tabakov နဲ့ မင်းသမီးချော Marina Zudina တို့က အဓိကပါဝင်ထားကြပါတယ်။ လူ့ဘဝကြီးရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်နေတဲ့ အညတရရိုမန်ဟာ ဘဝကိုရည်ရွယ်ချက်မရှိဖြတ်သန်းနေပါတယ်။ တစ်ရက်မှာ မျှော်လင့်မထားပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အကိုက်ခံလိုက်ရပြီ သူ့နေရာကို သွေးစုပ်ဖုတ်ကောင်အဖြစ်ဆက်ခံဖို့ ဖြစ်လာပါတယ် ။ သွေးစုပ်ဖုတ်ကောင်ဖြစ်လာတဲ့အခါ ရိုမန်ဟာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ နေထိုင်ပုံစံကိုလေ့လာရတယ်။ အရင်ကသူသိခဲ့တဲ့ သာမန်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေအစား အာဏာ၊ ပိုက်ဆံ၊ ကြွယ်ဝမှုတွေနဲ့ ပတ်ရစ်ထားတဲ့ သွေးစုပ်ဖုတ်ကောင်လောကကြီးကို ထိတွေ့ခွင့်ရလာပါတယ် ။ လူ့သမိုင်းကြောင်းတစ်လျှောက်မှာ သွေးစုပ်ဖုတ်ကောင်တွေပါဝင်ခဲ့ပုံသိလာပြီးနောက် ရိုမန်ဟာ ဒီစနစ်ကြီးရဲ့အောက်မှာ မိမိရဲ့ ခံယူချက်နဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်ရင်း စနစ်ကိုကိုယ်ကျိုးအတွက်အမြတ်ထုတ်နေတဲ့ အခြားသွေးစုပ်ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ ဖြစ်လာပါတယ်။

5.1 2023
Empire V aka Ampire V
Un mondo a parte A World Apart
6.5

Un mondo a parte (2024) IMDb Rating (6.5) အီတလီမှ ဒါရိုက်တာ Riccardo Milani ၏ ရေးသားပြီး ဟာသနှင့် ဒရာမာ ပေါင်းစပ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်ကားက စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ အတွေးကောင်းကောင်း အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Un Mondo a Parte ၏ ဇာတ်လမ်းမှာ ဇာတ်ကောင်တွေက ပညာရေးလောကအတွင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အလှည့်အပြောင်းများနှင့် သူတို့ရဲ့ တာဝန်ယူစိတ်ကို ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်ကားက Nastro d’Argento Awards နှစ်ခု ဆုရထားပါတယ်။ ပထမတစ်ခု အကောင်းဆုံး ဟာသဇာတ်ကား ဆု ဖြစ်ပြီး၊ ဒုတိယတစ်ခုက ဟာသဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ရထားပါတယ်။ Riccardo Milani ၏ ပုံဖော်ရိုက်ကူးထားမှု့က စိတ်ကို ခွန်အားဖြစ်စေပါတယ်။ A World Apart က 2024 ရဲ့ ဟာသနှင့် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီးတော့, စိတ်ဝင်စားဖို့ကောင်းပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:49:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Drama
6.5 2024 113 mins
Un mondo a parte A World Apart
Bloody Johann Krvavý Johann
3.2

Bloody Johann (2024) ဇာတ်ကားက Horror ရုပ်ရှင်အမျိုးအစားပါ။ ဂျာမဏီရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်ကို အမှီပြုပြီးတော့ ဒီရုပ်ရှင်ကို ရိုက်ကူးထားတာပါ။ ယောဟန်ဖော့စ်က မားဂရက်ကို ရဖို့အတွက် နတ်ဆိုးနဲ့ အလောင်းအစားလုပ်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်ပေးဆပ်လိုက်ရတာကတော့ သူရလိုက်တဲ့ မားဂရက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာပါပဲ။ မားဂရက်က သူ့ကို ဒီလို အောက်လမ်းနည်းနဲ့ ရယူလိုက်မှန်းသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ မိသားစုဘဝက ရာစုနှစ်ပေါင်းများစွာ မကျေမချမ်းဖြစ်မှုတွေနဲ့ ရှေ့ဆက်ကြရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Fantasy, Horror Duration….01:31:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

3.2 2024
Bloody Johann Krvavý Johann
Lego Scooby-Doo! Blowout Beach Bash
5.3

စကူဘီဒူးတို့အဖွဲ့ကို ဒီတစ်ခေါက်မှာတော့ Lego version အနေနဲ့ တွေ့ကြရမှာပဲဖြစ်ပါတယ်။ Lego movie တွေရဲ့ ထုံးစံအတိုင်း မထင်ရင် မထင်သလိုပြောင်တဲ့ဇာတ်ကွက်တွေ ဒိုင်ယာလော့တွေနဲ့ စကူဘီဒူးတို့ရဲ့ ပုံမှန်အလွဲတွေ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းကြပုံတွေလည်း ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကတော့ စကူဘီတို့တို့အဖွဲ့က အမှုတစ်ခုပြီးတဲ့နောက် အနားယူတဲ့အနေနဲ့ ဘလိုးအောက် ကမ်းခြေမှာ သုံးရက်တိုင်တိုင်ကျင်းပတဲ့ ဘင်ဂိုဘက်ရှ် ပွဲတော်ဆီကို ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ကမ်းခြေကို ပင်လယ်ဓားပြသရဲတွေက ဝင်သောင်းကျန်းသွားခဲ့တဲ့အပြင် ဘင်ဂို ဘက်ရှ်ပွဲတော်ပါ ပျက်လုနီးပါးဖြစ်ရုံမက ဖရတ်နဲ့ ဗယ်မာတို့ရဲ့ ဘင်ဂိုဘက်ရှ်ရဲ့ ကပ္ပတိန်ဖြစ်ချင်ကြတဲ့ အိမ်မက်လေးပါ ပျောက်သွားခဲ့တဲ့အချိန်မှာတော့ အပန်းဖြေခရီးကနေ စုံစမ်းစစ်ဆေးရေးခရီးတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။ ဒီပင်လယ်ဓားပြသရဲတွေက ဘယ်သူတွေလဲ ဘာကြောင့်တိုက်ခိုက်နေကြတာလဲ ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေတာလဲဆိုတာကို စကူဘီဒူးတို့ သူငယ်ချင်းတသိုက် ဘယ်လိုအဖြေရှာသွားကြမလဲဆိုတာ ရယ်မောခံစားကြည့်ရှုပေးကြပါဦးခင်ဗျ။ File Size : 1.4 GB, 686 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 17min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

5.3 2017
Lego Scooby-Doo! Blowout Beach Bash
Stolen
5.3

Stolen 2025 (ကလေးပျောက်တရားစီရင်ခန်း) ဂေါ်တမ်တစ်ယောက် သူ့အမေရဲ့ မင်္ဂလာပွဲအတွက် ညီဖြစ်သူက လေယာဉ်ချိန်နောက်ကျပြီးတော့ ရထားနဲ့လာခဲ့လိုက်တာဖြစ်တဲ့အတွက် ရထားဘူတာကို သွားကြိုဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ညီဖြစ်သူဟာ ဘူတာကိုရောက်လို့ လာကြိုတဲ့အစ်ကိုဖြစ်သူကို စောင့်နေတုန်းမှာပဲ သူ့ဘေးကနေ ဖြတ်သွားတဲ့ အမျိုးသမီးတစ်ယောက်ဆီကနေ ကလေးဦးထုပ်လေး ပြုတ်ကျတာတွေ့လို့ သွားကောက်မိလိုက်တဲ့အချိန်မှာ ဂျမ်ပါလို့ခေါ်တဲ့ အမျိုးသမီးက သူ့ကလေးကို ခိုးပါတယ်ဆိုပြီး စွပ်စွဲပြောဆိုပါတော့တယ်။ ဒါပေမဲ့လည်း ဂျမ်ပါလို့ခေါ်တဲ့ အမျိုးသမီးဟာ အမှန်တကယ် ကလေးပျောက်သွားခဲ့တာဖြစ်ပြီး ကလေးသူခိုးနဲ့ ကလေးအမေကြားမှာ ဂေါ်တမ်ရဲ့ ညီတော်မောင် ကြားညှပ်ပါတော့တယ်။ ဂေါ်တမ်တစ်ယောက်ရောက်လာတဲ့အချိန်မှာတော့ ညီဖြစ်သူရဲ့ ပြဿနာကိုရှင်းပေးပြီး ထွက်သွားမယ်အလုပ် ရထားဘူတာစောင့်က ရဲတွေကို ဆက်သွယ်ထားကြောင်း ထွက်ဆိုချက်ပေးပြီးမှ ပြန်လို့ရမယ်ဖြစ်ကြောင်းပြောလာတဲ့အခါမှာတော့ ကလေးပျောက်တဲ့ ပြဿနာကြားထဲမှာ ကြားညှပ်ရပြီဆိုတာကို ညီအစ်ကိုနှစ်ယောက် သိလိုက်ရပါတော့တယ်။ မိခင်ဖြစ်သူကလည်း သားငယ်ကို တွေ့ချင်နေပြီဖြစ်ပြီး ဖုန်းတစ်ဂွမ်ဂွမ်ဆက်လို့နေပါတယ်။ ဒီလိုနဲ့ ဂေါ်တမ်တစ်ယောက် ညီဖြစ်သူကို ဒီအမှုတွဲထဲကနေ ဘယ်လို ရအောင်ဆွဲထုတ်မလဲ ……… ကလေးပျောက်ပြဿနာကို ဘယ်လိုနည်းလမ်းသုံးပြီး ဖြေရှင်းသွားမလဲ ….. ဂေါ်တမ်တို့ ညီအစ်ကို မိခင်ကြီးရဲ့ မင်္ဂလာပွဲကို အချိန်မီ ရောက်သွားနိုင်ပါ့မလား …. ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Cym~ Yunni ~ KKKZ~ Zwe Yan တို့ပဲဖြစ်ပါတယ်)

Thriller • Mystery
5.3 2025 94 mins
Stolen
Sister Midnight
6.4

Sister Midnight (2025) အမှောင်ကျနေ့ရက်များ မိဘတွေစီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးတိုင်းဟာ ဇာတ်သိမ်းကောင်းနဲ့ကြုံရမှာပဲလို့ တွေးနေပြီဆိုရင်တော့ အခုရုပ်ရှင်လေးက သင့်အတွက်ပါပဲ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မိဘစီစဉ်ပေးတဲ့အိမ်ထောင်ရေးကြောင့် ပြောင်းလဲသွားတဲ့ အူမာဆိုတဲ့ မိန်းကလေးအကြောင်းပေါ့။ မိဘ‌တွေ စီစဉ်ပေးထားတဲ့သူနဲ့ လက်ထပ်အပြီးမှာပဲ ပျောက်သွားပြီး နောက်တစ်ရက်မနက်မှ မူးရူးပြန်လာတဲ့ယောက်ျားဖြစ်သူဂိုပယ်ကြောင့် အူမာတစ်ယောက် ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် ရင်လေးနေပါပြီ။ ယောက်ျားဖြစ်သူဂိုပယ်ကလည်း တစ်နေ့တစ်နေ့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်၊ မူးရူးပြစ်တင်ဖို့လောက်သာသိတော့ တစ်စတစ်စနဲ့ လင်ဆိုးမယားတဖားဖားဖြစ်လာခဲ့ရတဲ့အူမာ ဒီလိုကနေ မုဆိုးတစ်ပိုင်း မိန်းမရိုင်းဖြစ်လာတဲ့အထိ အိမ်ထောင်ရေးမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့Alex ~ ToMo ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)

Drama • Family
6.4 2025 107 mins
Sister Midnight