YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Running.Man.E539.210124.1080p.mp4

1.15 GB N/A video/mp4 2985 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ran
8.1

~ IMDb - 8.2/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ "Rashomon" ကနေ ၁၉၆၅ ရဲ့ "Red Beard" အထိအတွင်းပါပဲ။ ဒီကာလတွေအတွင်းမှာ "The Seven Samurai", "The Throne of Blood", "Ikiru", "The Hidden Fortress", "High and Low" တို့လို မာစတာပိစ်ကားတွေ သူထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ သူနောက်ဆုံးရိုက်ခဲ့တဲ့ ၁၉၉၃အထိ ၂၈နှစ်အတွင်းမှာတော့ ၆ကားလောက်ပဲ ထွက်နိုင်တော့တယ်။ အဲဒီကာလဟာ သူ့အတွက် အဖြူအမဲနဲ့ ရောင်စုံရုပ်ရှင်အကူးအပြောင်း ကာလလည်း ဟုတ်တယ်။ ၁၉၆၅နောက်ပိုင်းမှာတော့ ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝဟာ အဆင်မပြေလှတော့ပါဘူး။ သူရိုက်ချင်တဲ့ကားတွေအတွက် ဘတ်ဂျက်ရှာကြည့်ပေမဲ့ ဂျပန်ကလူတွေက သူ့ကိုမပေးကြသလို နိုင်ငံခြားဘတ်ဂျက်ရှာပြီး ရိုက်တဲ့အခါမှာလည်း ပြည်တွင်းက မကျေနပ်ချက်တွေကို ခံခဲ့ရပြန်တာပါပဲ။ ၁၉၇၅မှာ သူ ကင်းလီယာကို ဆာမူရိုင်းကားအနေနဲ့ ပြန်ရိုက်ချင်တယ်လို့ ‌ကြေညာခဲ့ပေမဲ့ ရန်ပုံငွေမရခဲ့ပါဘူး။ ၁၉၈၃ ကျမှ ပြင်သစ်ပရိုဂျူဆာက ငွေထုတ်ပေးလို့ ရိုက်နိုင်ခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်၇၅ရှိနေပြီဖြစ်သလို သူ့မျက်လုံးကလည်း မကောင်းတော့ပါဘူး သတ်သေဖို့တောင် ကြိုးစားပါသေးတယ်။ Ran ကို သူ့နောက်ဆုံးရုပ်ရှင်အဖြစ်လည်း ကြေညာခဲ့သေးပါတယ်။ သူ့မိန်းမဟာလည်း ရုပ်ရှင်ရိုက်နေတုန်း သေသွားသလို သူ့နဲ့တွဲလုပ်နေကျ အသံဖမ်းအင်ဂျင်နီယာကလည်း ရုပ်ရှင်ပြီးလုဆဲဆဲမှာ သေသွားပါတယ်။ ဒါကြောင့်မို့ပဲ Ran မှာ ကူရိုဆာဝါရဲ့ အကြောင်းကိုပါ တွေ့နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ Ran ဟာ လောကကြီးရဲ့ ရက်စက်မှုတွေကို ခါးစည်းခံနေရတဲ့ လောကကြီးထဲ ပြန်မလာချင်လောက်တော့တဲ့ လူအိုကြီးတစ်ယောက်အကြောင်းဆိုလည်း မမှားပါဘူး။ အဲဒီလူအိုကြီးဟာ ကင်းလီယာဖြစ်သလို ဟိဒဲတိုရဖြစ်သလို အဲဒီလူအိုကြီးဟာာ ကူရိုဆာဝါလည်း ဟုတ်ပါတယ်။ ကူရိုဆာဝါဟာ ဒီရုပ်ရှင်အတွက် ဆယ်စုနှစ်နဲ့ချီပြီး အားစိုက်ထုတ်ခဲ့ရတာနဲ့အညီပဲ Ran ဟာ တော်တော်လေးခမ်းနားခဲ့သလို မာစတာပိစ်ရုပ်ရှင်တစ်ကားလည်းဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာ ကူရိုဆာဝါကို သူ့ရုပ်ရှင်တွေထဲ သူ့အကြိုက်ဆုံးရုပ်ရှင်က ဘာကားလဲမေးတိုင်း ကူရိုဆာဝါက နောက်ရိုက်မယ့်ကားပေါ့လို့ ဖြေတတ်ပေမဲ့ Ran ကို ရိုက်ပြီးတဲ့နောက် ကူရိုဆာဝါဟာ သေတဲ့အထိ ဒီမေးခွန်းမေးတိုင်း Ran လို့ပဲ ဖြေတော့တဲ့အထိ သူ့ကိုယ်သူလည်း အားရခဲ့ပုံပါပဲ။ ခေတ်အဆက်ဆက်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေရဲ့ စာရင်းထဲလည်းဝင်ခဲ့ပါတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ်တွေကို သုံးကားယူသုံးခဲ့ရာမှာ အဲဒီသုံးကားလုံးနီးပါး အဲဒီဇာတ်တွေကိုရိုက်တဲ့ထဲ အကောင်းဆုံးကားတွေဖြစ်ခဲ့ကြပါတယ်။ Ran ကတော့ ဒီထဲကမှ အကောင်းဆုံးကားလို့ ပြောရင်လည်းရပါတယ်။ ဒီကားကိုမကြည့်ခင် မင်းသုဝဏ် ဘာသာပြန်ထားတဲ့ ကင်းလီယာစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ Ran က အကျိုးအကြောင်းပိုပြည့်စုံတယ်လို့လည်း ခံစားရပါတယ်။ ကူရိုဆာဝါဟာ ရုပ်ရှင်လောကရဲ့ ဗင်းဆင့်ဗန်ဂိုးလိုပါပဲ။ ကူရိုဆာဝါဟာ သူ့ဘက်မရှိခဲ့တဲ့ လောကကြီးအတွက် အခမ်းအနားဆုံး အနုပညာတွေချန်သွားပေးခဲ့တဲ့ သူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.3GB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 42Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Western
8.1 1985 160 mins
Ran
(18+) Body Heat
7

~ IMDb - 7.4/10, Rotten Tomatoes - 98% ~ ဒီကားက Neo-Noir ကိုမှ Erotic ကားပါ။ Neo-Noir ကားတွေ ကြမ်းရင် ဘယ်လောက်ထိကောင်းလဲ အားလုံးသိကြလောက်ပါတယ်။ ဒီကားကလည်း ရိတ်တင်၉၈ရာခိုင်နှုန်းတောင်ရထားတဲ့ Neo-Noir ကားပါ။ David Fincher ရဲ့ နာမည်ကြီးကားဖြစ်တဲ့ Seven တို့ Zodiac တို့ထက်တောင် များပါတယ်။ ဆိုတော့ ဒီကားဘယ်လောက်ကောင်းမလဲ စဉ်းသာစားကြည့်ပေါ့။ ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း နက်ဒ်လက်လှမ်းတည်းက ပါသွားခဲ့တယ်။ မတ်တီ့ယောက်ျားနောက်ကွယ်မှာ နှစ်ယောက်သား ပျော်ပျော်ကြီးကြိတ်ပုန်းခုတ်ရင်း တစ်ရက်မှာတော့ သူတို့ဖောက်ပြီးသားစည်းထက် အများကြီးပိုကြီးကျယ်တဲ့ စည်းတစ်ခုကို ထပ်ကျော်ဖို့အတွက် နက်ဒ်တို့တွေ စိတ်ကူးရလာကြတယ်။ အဲဒါကတော့ ငွေကြေးအတော်တောင့်တင်းတဲ့ မတ်တီရဲ့ယောက်ျားဖြစ်သူကို လုပ်ကြံပြီးတော့ ကျန်ခဲ့မယ့်အမွေတွေကို သူတို့နှစ်ယောက် အပိုင်သိမ်းယူဖို့ပဲ။ ဒါပေမဲ့ အဲဒီအကြံအစည်ကို အကောင်အထည်ဖော်ရင်းကနေ ကြုံလာရတာတွေက မှန်းထားသလိုနဲ့ မကိုက်တော့တဲ့နောက်မှာ သူ မြွေပွေးခါးပိုက်ပိုက်မိပြီလားလို့ နက်ဒ်တစ်ယောက် မယုံနိုင်ခြင်း တုန်လှုပ်ခြင်းများစွာနဲ့အတူ မေးခွန်းထုတ်လာမိတော့တယ်။ ကားကောင်းတွေ မရှားခဲ့ဘဲ ရိုက်သမျှနီးပါး အကောင်းတွေချည်းဖြစ်ခဲ့တဲ့ မင်းသားကြီး William Hurt ရဲ့ ကားပါပဲ။ သူ့ကို ကျွန်တော်တို့ ကလေးဘဝမှာကတည်းက MCU ရဲ့ The Incredible Hulk ထဲက General Thaddeus Ross အနေနဲ့ စသိခဲ့ရတာပေါ့။ ခုတော့ သိပ်မကြာသေးခင်ကပဲ သူကြွေလွင့်သွားပြီပေမဲ့ သူ့အနုပညာတွေကတော့ ဆက်လက်ကျန်ရှိနေပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 53Min Genre - Crime, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Romance
7 1981 113 mins
(18+) Body Heat
Kung-Fu Zohra
5.6

Action/ Drama တကယ့်ကားပဲ‌ဆိုပါတော့ဗျာ။ ကားနာမည်ကိုကြည့်လိုက်တာနဲ့ ကွန်ဖူးကားမှန်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဇိုရာဆိုတဲ့ တစ်ယောက်က မင်းသားမဟုတ်ဘဲ မင်းသမီးဖြစ်နေတာပါပဲ။ ဒီမင်းသမီး ကွန်ဖူးတတ်လာပုံကလည်း တကယ့်ကို အဆန်းကြီးပါ။ အဓိကညွှန်းရမယ်‌ဆိုရင်တော့ ဒရာမာပါတဲ့ကွန်ဖူးကားလေးဆိုတဲ့ အတိုင်း လူ့သရုပ်ကို ပီပြင်နေကြတာပါပဲ။ ပြီးတော့ တ-ရုတ်နိုင်ငံက မဟုတ်ဘဲ ပြင်သစ်နိုင်ငံက ရိုက်ကူးတဲ့ တ-ရုတ်သိုင်းကားပါ။ အခုခေတ်တ-ရုတ်သိုင်းကားတွေကလည်း ပေါနေကြတာများ တာတော့ လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ကွန်ဖူးကားကိုမှ အသွင်သဏ္ဍာန်တစ်မျိုးနဲ့ ချဉ်းကပ်တာမို့ တကယ့်ကို ကြည့်ပျော်ရှုပျော်ရှိတာပါ။ ကွန်ဖူကားကောင်းလေးတွေ ငတ်နေတာ လည်း ကြာပြီ၊ ကွန်ဖူးကားလေးတွေကို ဒီနေ့ခတ်မှာ ပြန်ခံစားချင်တယ် ဆိုရင်တော့ ဟောဒီ Kung Fu Zohra ဆိုတဲ့ ရုပ်ရှင်ကားလေးကို ခံစား ရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.4 GB) / (600 MB) / (400 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......San Thu Aung Encoder..........SWM

Action
5.6 2022 100 mins
Kung-Fu Zohra
The Twins Effect
6

၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။ အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Action, Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • War
6 2003 107 mins
The Twins Effect
First Love

ဒီတစ်ခါမှာလည်း Channel Myanmar ကနေပြီးတော့ လူငယ်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို ရွေးချယ်တင်ဆက်ပေးထားပါတယ်။ "အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့နိုင်ဘူး" ဆိုတဲ့ စကားလေးလိုပါပဲ.... ပထမဆုံးအချစ်ကို လူတိုင်းမေ့မရနိုင်ပါဘူး...... ဒီဇာတ်လမ်းလေးထဲမှာတော့..... ဂီတကိုရူးသွပ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက် အိမ်ကချုပ်ချယ်မှုတွေကြားထဲမှာ ဝါသနာနဲ့ ပညာရေးကို ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ...သူ့ရဲ့အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ာက်ဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ဖို့ အခွင့်ကြုံလာရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် "အန်" ဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတဲ့အခါမှာတော့....... ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ...... ဝါသနာနဲ့ မိဘတွေကြား ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ပြထားတဲ့အပြင် ...... ဗီယက်နမ်သီချင်းကောင်းလေးများကိုပါ နားဆင်ကြရမယ့် High School Musical Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ "သီယိန်" အဖြစ် Nguyen Thai Son ကသရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Lam Thanh My က "အန်"အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်) Genre.....Romance Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 852MB and 273MB Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder .....August

Drama
null 2019 88 mins
First Love
Robin Hood
5.9

Robinhood အကြောင်း သင်ဘယ်လောက်သိလဲ???????? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကိုဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်........လို့ အကြမ်းဖျဉ်းသိထားကြမှာပါ........... Robinhood လို့ပြောရင် မြှားပစ်ကျွမ်းကျင်သူတစ်ယောက် ဆိုတာလဲ မျက်လုံးထဲပြေးမြင်မိမှာပေါ့ ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင်ခဲ့တာ မဟုတ်ပါဘူး ..................... သင် ငယ်ငယ်က သိခဲ့တဲ့ တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့ သင် သူ့အကြောင်းကို သိပြီးသားလို့ ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်....... သင်သိထားပြီးတဲ့ သူ့ရဲ့ဇာတ်လမ်းဟာ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် ပါပဲ ဒီဇာတ်ကားလေးကတော့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး အသပြာတွေခိုးယူခဲ့ရုံသက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီး နာမည်တွင် ကျန်ရစ်မှာ မဟုတ်ပါဘူး သူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် လုပ်ရပ်တွေကို ဒီဇာတ်ကားမှာတွေ့ရမှာပါ..... ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေပါတယ် ....... ရော်ဘင်ဟုဒ်ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်...... လော့စ်လေကို ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူ သူ လေ့ကျင့်ခဲ့ရတဲ့ ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ........ သူကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေတွေ....... သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ စစ်ပွဲတွေ........ စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ အကုန်လုံးကို မြင်တွေ့ရမှာပါ ဒီတော့ ဒီကားလေးဟာ ဟုဒ်ရဲ့အတ္ထုပ္ပတိမဟုတ်ဘဲ ရော်ဘင်လော့စ်လေက ဟုဒ်အဖြစ် သမိုင်းသစ် အစပျိုးခဲ့တဲ့အချိန်လေးကို ရိုက်ပြထားတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်   File Size : (2.2 GB), (1 GB)  Quality : BluRay 1080p 5.1 CH , BluRay 720p Running Time :1hr 56 min Format : Mkv / Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King & Tar Tee Poe Encoded by Moe Myint Lwin

Crime • Sci-Fi & Fantasy
5.9 2018 116 mins
Robin Hood
The Devil Conspiracy

The Devil Conspiracy (2022) ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ငရဲမှာ ချုပ်နှောင်ထားခဲ့တယ်။ ဒီနောက် နတ်ပြည်ကို ပြန်သွားတယ်။ နောက်တော့ ဒီဘက်ခေတ်ရောက်လာတယ်။ ယေရှု့ခြုံထည်အပိုင်းအစလေးကို ပြပွဲလုပ်ပြီး ပြသတဲ့ပွဲတစ်ခုမှာ တမန်တော်တွေကို မယုံတဲ့ မိန်းကလေးနဲ့ ဖာသာတစ်ပါး အတူတူရှိနေကြတယ်။ လူစီဖာ့တပည့်မကောင်းဆိုးရွားတွေက အဲဒီခြုံထည်ကို လာခိုးကြတယ်။ ခရစ်တော်ရဲ့ ဒီအန်အေကနေ ခရစ်တော်ကိုပြန်မွေးဖွားလာအောင်လုပ်ပြီး လူစီဖာရဲ့အခွံအဖြစ်အသုံးချမလို့ပေါ့။ မကောင်းဆိုးရွားတွေ ယေရှု့ခြုံထည်ကို လာခိုးတာနဲ့တိုးပြီး ဖာသာကသေပြီး ကောင်မလေးက အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အကြောင်းရင်းက လူစီဖာဝင်ပူးဖို့အတွက် ဖန်ပြွန်သန္ဓေသားနဲ့ ယေရှု့ကို ကိုယ်ဝန်ပြန်ဆောင်ခိုင်းဖို့ပါတဲ့။ ယေရှု့ခြုံထည်က ဒီအန်အေနဲ့ သူက ယေရှု့ဒီအန်အေကိုသုံးပြီး ဖန်ပြွန်သန္ဓေသားလိုစနစ်နဲ့ ကောင်မလေးထဲထည့်ပြီး ကောင်မလေးကို ကိုယ်ဝန်ဆောင်ခိုင်းပြီး လူစီဖာအတွက်အခွံဖန်တီးကြမှာပါ။ ဖာသာဟာ နောက်ဆုံးထွက်သက်မှာ မိုက်ကယ်ကို ဆုတောင်းလိုက်တယ်။ ဖာသာ့ကိုယ်ထဲ မိုက်ကယ်ဝင်သွားပြီး ကောင်မလေးကိုပြန်ကယ်ဖို့ လူစီဖာကိုတားဖို့ လုပ်လာတယ်။ ဒီနောက် ကောင်းကင်နဲ့ငရဲ အမှန်တရားနဲ့ဆိုးယုတ်မှု အကောင်းနဲ့အဆိုး လူစီဖာနဲ့ မိုက်ကယ်ကြားက ဒီဘက်ခေတ်တိုက်ပွဲအစစ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ့်ကားအလန်းကြီးမို့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်ကိုမှ ဘုရားသခင်က ဂျင်းထည့်ပြီး ထပ်ပေါက်ပေါက်ရှာရှာလုပ်ထားသေးတော့ ဒီလောက်ပေါက်တီးပေါက်ရှာဇာတ်မျိုးကို ခင်ဗျားဘဝမှာ ထပ်မြင်ရဖို့ မသေချာလို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 880MB Quality – 1080p, 720p Format – mp4 Duration – 1H 51Min Genre – Horror, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • Thriller • Mystery
0 2022 111 mins
The Devil Conspiracy
Marui Video
5.6

Marui Video (2023) Marui video ဆိုတဲ့နာမည်အတိုင်းပဲ ဗီဒီယိုတစ်ခုကနေ အစပြုခဲ့တဲ့ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပါ ပီဒီဂင်ဆူချန်းတို့အဖွဲ့ဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ လူသတ်မှုရဲ့ ဗီဒီယိုကို ရှာတွေ့ပြီး အဲဒီလူသတ်မှုက သွေးရိုးသားရိုးမဟုတ်ဘဲ အခန်းရဲ့မှန်ထဲမှာ လူတစ်ယောက်ကို ခပ်ရေးရေးတွေ့လိုက်ရာကနေ အဲအမှုကို ဆက်လိုက်ပါတော့တယ် အနှစ် ၂၀ ကျော်ကြာသွားပြီးဖြစ်သလို ပိတ်ပြီးသားအမှုဖြစ်တဲ့အတွက် အသေးစိတ်လိုက်မှကို အဲအမှုရဲ့ ဇစ်မြစ်ကိုသိရပါတော့တယ် အဲအမှုဟာ တူးလေနက်လေဆိုသလိုပဲ ကွင်းဆက်ကကြီးကြီးလာပြီး သူတို့သာ လမ်းတစ်ဝက်နဲ့တင်ရပ်လိုက်ရင် ဇာတ်သိမ်းကတစ်မျိုးပြောင်းသွားဦးမှာပါ ဇာတ်လမ်းပုံစံကိုက မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားပြီး ရင်တထိတ်ထိတ်ကြည့်ရမယ့် Horror Thriller ကိုကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1GB | 477mB | 244MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

5.6 2023
Marui Video
Beyond Existence
5.7

ဂြိုလ်သားတွေနဲ့ ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကို ရှာဖွေကြည့်ရှုနေကြတဲ့လူတွေအတွက် Beyond Existence ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ အယ်လန်ဆိုတာ အစိုးရရဲ့သတင်းအချက်အလက်တွေကို ဖလှယ်နေတဲ့ ပါမောက္ခတစ်ယောက်ကို ရှာဖွေသုတ်သင်ဖို့စေလွှတ်ခံထားရတဲ့ အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ အယ်လန်က ပါမောက္ခကို တွေ့အောင်ရှာခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုသတ်ဖို့လုပ်တဲ့အချိန်မှာ ပါမောက္ခကရိုးရိုးသာမန်လူမဟုတ်ပဲနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုလ်သားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့တာဝန်က ပါမောက္ခကို သတ်ဖြတ်ဖို့ကနေ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်တွေ ရန်ကကာကွယ်ပေးရတဲ့ လူဖြစ်သွားပါတော့တယ်။အယ်လန်နဲ့ ပါမောက္ခလည်း အန္တရာယ်တွေရန်က နေထွက်ပြေးပုန်းရှောင်ရင်းနဲ့ ရင်းနှီးလာကြပြီး အယ်လန့်ရဲ့ ဘဝမှာ တစ်ခါမှမမြင်မကြားဖူးတဲ့ အရာတွေကိုသိမြင်လာရပါတော့တယ်။ ပါမောက္ခက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတဲ့လူမျိုးဖြစ်နေမလဲ သူတို့နောက်ကိုအဆက်မပြတ်လိုက်လာနေတဲ့ အန္တရာယ်ကရောဘာဖြစ်မလဲ သူတို့နှစ်ယောက်အတူတူပူးပေါင်းလာပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ပန်းတိုင်အသစ်ကရော ဘာတွေဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.37GB / 588MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2022
Beyond Existence
House of Dolls

ခြောက်ခြားဖို့ကောင်းတဲ့ အရုပ်မအိမ် လူသတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင် introမှာ လူ၂ယောက်ကို ရက်ရက်စက်စက် သတ်ပြသွားတာနဲ့ အစပျိုးထားပါတယ်။ ဇာတ်လမ်း အစကနေ အဆုံးထိ ရှယ်ကိုသတ်တာဆိုတော့ Horrorကြိုက်တဲ့လူတွေအတွက် ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။ ပြဿနာ အကြီးကြီးဖြစ်ထားကြလို့ ဖအေတူ မအေကွဲ ညီအစ်မ ၃ယောက်ဖြစ်တဲ့ ချာလီ၊ ချားလော့၊ ဒိုင်ယာနာတို့က မခေါ်မပြောဘဲ နေနေကြပါတယ်။ တစ်နေ့မှာ သူတို့၃ယောက်ရဲ့အဖေဖြစ်သူ ဆုံးပါးသွားလို့ သူတို့၃ယောက် ပြန်လည်ဆုံတွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်။ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သမီး၃ယောက်ကို ပေါင်းစည်းပေးဖို့အတွက် အမွေပစ္စည်းတွေကို ပေးဖို့ဆိုပြီး အရုပ်မအိမ်ကို ညီအစ်မ၃ယောက်ကို ခေါ်လာခဲ့ပါတယ်။ အရုပ်မအိမ်လို့ခေါ်ရတဲ့အကြောင်းရင်းက အိမ်ကြီးကို ကလေးတွေဆော့တဲ့ အရုပ်အိမ်လိုမျိုး တည်ဆောက်ထားလို့ပါ။ ဒီအိမ်ကြီးထဲမှာ အမွေပစ္စည်းဥစ္စာတွေကို ရှာဖွေရင်း မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတဲ့အခါမှာတော့ …… အညွှန်းနဲ့ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

0 2023
House of Dolls
The Greatest Game Ever Played
7.4

ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်. တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ. အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်. ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best Sport Movie ဆုကိုပါရရှိခဲ့ပါသေးတယ် အဓိကသရုပ်ဆောင်အနေနဲ့ Transformers ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပြီး 2005 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ Transformers ရုပ်ရှင်မထွက်ခင် ၂ နှစ်လောက်က ထွက်ရှိထားခဲ့တာမလို့ Shia ရဲ့ ငယ်ရုပ်လေးကို Transformers လို အက်ရှင်ဇာတ်လမ်းမျိုးမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် မြင်ရမှာပါ. File size…(2.5GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Biography,Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

7.4 2005
The Greatest Game Ever Played
The Three Stooges
6.9

The Three Stooges ကိုအားလုံးသိကြမှာပါ။ ငယ်ဘဝရဲ့တစ်စိတ်တပိုင်း၊ ပရိသတ်ကို ပါးစပ်မစေ့ရအောင် ဖျော်ဖြေပေးတဲ့ လူသုံးယောက်အဖွဲ့ပေါ့။ Stooge ကို မြန်မာလိုပြန်ရင် “အရူး” တဲ့။ အဲတော့ “အရူး သုံးယောက်” ပေါ့ဗျာ။ ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့မြင်နေကြ Three Stooges မဟုတ်သလို ရယ်ရတဲ့ ဇာတ်လမ်းတစ်ခုလည်းမဟုတ်ပါဘူး။ သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထားတဲ့ Docu/Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။ “အမြဲတမ်းရယ်မောနေတဲ့လူက ဝမ်းနည်းစရာတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတဲ့လူဖြစ်ပြီး၊ ပေါတောတောနေတဲ့လူတွေကလည်း ဘဝရဲ့ထိုးနှက်ချက်ကို အလူးအလဲခံဖူးတဲ့လူ” ဖြစ်ပါတယ်တဲ့။ Robert DeNiro ရဲ့ “The King of Comedy” မှာဆို “ခင်ဗျားတို့ကိုအရမ်းရယ်ရတဲ့ ဟာသတစ်ခုပြောပြမယ်” ဆိုပြီး သူ့ဘဝကို ပြန်လည်ပြောပြတဲ့အခန်းပါပါတယ်။ ဒီ Three Stooges မှာလည်းအဲလိုပါပဲ။ Moe Howard Curly Howard Larry Fine Shemp Howard သူတို့ဘယ်လိုမျိုး ဟာသလောကထဲကိုဝင်လာလဲ ခေါင်းပုံဖြတ်အမြတ်ကြီးစားခံရတဲ့ဘဝကနေပြီး “Colombia Pictures” “20th Century Fox” “Werner Bros” တို့လို ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ စာချုပ်ကမ်းလှမ်းခြင်းက်ုခံရအောင် ဘယ်လိုများ ကြိုးစားခဲ့ရလဲ။ မူယာမာယာများလှတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကကို အတန်းပညာမတက်၊ ဟာသပဲလုပ်တတ်တဲ့ အရူးသုံးကောင်က ဘယ်လိုများ ပရိသတ်ရင်ထဲစွဲအောင်လုပ်ခဲ့လဲ။ သူများကိုရယ်အောင်မောအောင်လုပ်ပေးနေပေမယ့် ကိုယ်တိုင်ရင်ထဲမှာ ဘယ်လိုတွေခံစားနေရလဲ။ ဒါတွေကို မြင်သာအောင်ရိုက်ပြထားတဲ့ Docu/Drama တစ်ကားဖြစ်တာကြောင့်လက်မလွှတ်သင့်ဖူးလို့ထင်ပါတယ်။ File Size : 2.6 GB, 992 MB Quality : WEB-DL 1080p / 720p Running Time : 1hr 28min Format : Mp4 Genre : Biography, Comedy, Documentary, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

6.9 2000 88 mins
The Three Stooges
Thaanara
6.4

Thaanara (2024) “အမှုပွေတဲ့ ညတစ်ည” ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။ သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

History • War • Drama • Action
6.4 2024
Thaanara
Tom and Jerry: The Magic Ring
Gran Torino
8.1

Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162 ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။ သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ဘာမှသိပ်ပြီးစွဲမက်စရာမရှိသလိုလို….။ ဒါပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ ဘာသာပြန်ပြီးကြည့်မိတယ်ဆိုပါတော့…။ ဒီကားမှာ သူကိုယ်တိုင်ပဲ အဓိကသရုပ်ဆောင်နေရာကနေပါဝင်ထားပါတယ်။ ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်။ သူ့မိန်းမရဲ့ အသုဘ အခမ်းအနား လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့ သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေအများစုတစ်ဖွဲဖွဲရောက်လာတယ်။ သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲဒဲ့ဒိုးပြောဆိုတတ်တဲ့သူ. သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင် ဝန်လေးနေတယ်။ ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်။ ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး။ သို့ပေမယ့် ခင်ဗျားကိုဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်။ သေချာတယ် ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Crystal Win မှတင်ဆက်ထားပါတယ်။)

Comedy • Drama
8.1 2008 116 mins
Gran Torino