YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Remember.Me.2022.S01E07.1080p.WEB-DL.mp4

403.8 MB N/A video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Amazing Grace
6.9

IMDB...7.4 ၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့် ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့ စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာ ကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်က ပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလို ဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုက အကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်.. File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • History
6.9 2006 117 mins
Amazing Grace
Yashoda
6.6

ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း -တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ် ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲ ဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB / 835MB Quality…4k HEVC /1080p True WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni ~ BpL ~ Hay Man

Comedy
6.6 2022 135 mins
Yashoda
The Autopsy of Jane Doe
6.7

Horror ကားတွေ Thriller ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် IMDb 6.8 ရရှိထားတဲ့ ဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ် တစိမ့်စိမ့်ကြည့်ရင်းကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေနဲ့အတူ.ကြည့်ရှုလိုက်ရအောင် သေမှုသေခင်းက အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီး သေရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ပေးရတဲ့ ရင်​ခွဲရုံက သားအဖနှစ်​​ယောက်​ဆီကို ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ ပိုင်ရှင်မဲ့အမျိုးသမီးအလာင်​းတစ်​ခုရောက်​လာပါတယ်​ အဲ့အမျိုးသမီးဟာ သေစေနိုင်လောက်တဲ့ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘဲ ​သေဆုံး​နေတာဖြစ်​ပါတယ်​ သူသေဆုံးရခြင်​းအ​ကြောင်​းအရင်​းကိုလိုက်​ရှာရင်း​ ရှာရင်းနဲ့ သူတို့နှစ်ယောက် ကြုံတွေ့သိရှိလိုက်ရတဲ့အရာတွေကတော့... ​ အဲ့ဒီအမျိုးသမီးရဲ့ ​သေဆုံးရတဲ့အ​ကြောင်​းအရင်​းကိုပဲ အ​ဖြေရှာနိုင်​မလား အဲ့အမျိုးသမီး မ​သေခင်​ဘာ​တွေဖြစ်​ခဲ့လဲဆိုတာကို အ​​ဖြေရှာနိုင်​မလား မရှာနိုင်​ဘူးလား ဆိုတာကို​တော့ ...... Translated & Review By May Myat Thu Encoded By LK

Crime • Drama
6.7 2016 86 mins
The Autopsy of Jane Doe
Minority Report
7.3

တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။ precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ အထူးတာဝန်နဲ့ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်း အထက်ဌာနတို့ထုံးစံအတိုင်း မာန်တကြွကြွနဲ့ဖြစ်တာကြောင့် ရဲအဖွဲ့မှူး အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ တစ်နေ့မှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်မှုတားဆီးဖို့ precogs တွေခန့်မှန်းပေးတဲ့ လူသတ်သမားနာမည်ပါတဲ့ ဘောလုံးအနီကို အန်ဒါတန်တစ်ယောက် ကြည့်မိချိန်မှာ လူသတ်သမားနာမည်ဟာ သူကိုယ်တိုင်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ အန်ဒါတန်အနေနဲ့ ဒါဟာ Precrime စနစ်ရဲ့ဟာကွက်ကို ‌မျက်စိဒေါက်ထောက်ကြည့်နေပြီး သူ့ကိုလည်းမကြည်တဲ့ ဖယ်ဒရယ်အေးဂျင့် ဝစ်တ်ဝါရဲ့ ထောင်ချောက်ဆင်မှုဖြစ်ကြောင်း သံသယဖြစ်မိပြီး ထွက်ပြေးဖို့ကြံပါတော့တယ်။ အန်ဒါတန်အနေနဲ့ precogs တွေခန့်မှန်းသလို တကယ်ပဲ လူသတ်မိမှာလား၊ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ Precrime စနစ်ရဲ့အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ အန်ဒါတန်ကို တကယ်ပဲ ဝစ်တ်ဝါကထောင်ချောက်ဆင်ခဲ့သလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားကြည့်ကြပါ။ အခြား sci-fi တွေလို ဂြိုဟ်သားတွေ၊ လက်နက်ဆန်းတွေ၊ သတ္တဝါကြီးတွေ မပါပေမယ့် စိတ်ကူးစိတ်သန်းဆန်းသစ်စွာနဲ့ သာမန်မှုခင်းဇာတ်အိမ်မျိုးကို ပုံစံတစ်မျိုးနဲ့ရိုက်ကူးပြထားတာဖြစ်လို့ ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ကြည့်သွားရမယ်လို့ ရဲရဲကြီးအာမခံပါတယ်။ ဇာတ်လမ်းမှာပါတဲ့ လှည့်ကွက်လေးတွေ၊ အချိတ်အဆက်တွေကလည်း ဇာတ်အီမသွားအောင် သေသေသပ်သပ်ထည့်ထားတာဖြစ်လို့ ဘောလိဝုဒ်၊ တောလိဝုဒ်ကားတွေလို expected twist မျိုးဖြစ်မသွားပါဘူး။ File size…(4.4 GB)/(1.5 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:25:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ninja

Drama
7.3 2002 145 mins
Minority Report
Detective Dee and the Mysterious City
6

ထန်မင်းဆက်ရဲ့ဧကရီဘုရင်မ အုပ်ချုပ်တဲ့အချိန်မှာကျိုင်း‌ကောင်ကပ်ဘေးကျရောက်တာကြောင့် ဒုက္ခသည်တွေကိုကယ်ဆယ်ဖို တိုင်းပြည်ဘဏ္ဍာတိုက်ကနေ ရန်ပုံငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်၊ဒါပေမဲ့လည်း ငွေတုံးတွေဟာ သယ်ယူပိုဆောင်တဲ့လမ်းခရီးမှာတင် လုယက်ခံလိုက်ရပါတယ်… ဒါပေမဲ့ ထင်သလောက်တော့ သူခိုးဓားပြလုယက်ရုံသာမာန်အမှုလောက်တော့ မဟုတ်ခဲ့ပါဘူး၊အမှုမဖြစ်ခင်မှာ “ယင်းယန်လိပ်ပြာ”လိုခေါ်တဲ့ နှစ်ရောင်ပြန်လိပ်ပြာအုပ်စုပေါ်လာပြီး ငွေသတ္တာတွေဟာ လေထဲမှာရုတ်တရက်ပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်… ‌ဒါကြောင့် သံသယဝင်စရာပစ်မှတ်ဟာ “ယင်းယန်လိပ်ပြာ”တွေဖြစ်နေတဲ့အခါ… တကယ်ပဲ ထင်ထားသလိုဖြစ်နေမလား ဆိုရိုးရှိသလို မိစ္ဆာဝိညာဉ်ထက် လူ့မိစ္ဆာစိတ်/မကောင်းတဲ့ လောဘစိတ်ကပိုကြောက်စရာကောင်းတယ်ဆိုသလို နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလား? ရည်ရွယ်ချက်အစစ်မှန်ကရော ငွေတွေသိမ်းပိုက်နိုင်ဖိုပဲလား…? “စုံထောက်ကြီးဒီးရန်ကျယ်”ဆိုတိုင်း အမှုတစ်ခုကိုပဟေဠိဆန်ဆန် ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာတွေ့မြင်ရမှာမလို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးရှင့်…

6 2020
Detective Dee and the Mysterious City
Endless Love
6.2

Endless Love (2014) ~ IMDb rating – 6.2/10 ~ ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်‌ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်း‌ဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ”အန်း”နဲ့ အစ်ကို”ကိ့သ်”တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။ မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ… တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ… မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား… ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ စောင်ကိုက်နေရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 44Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Drama
6.2 2014
Endless Love
Bleeding Steel
5.1

2018 ခုနှစ်ထွက် မင်းသားကြီးဂျက်ကီချန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါ ဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ဝန်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံး၀ မခံဘဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သူ့ အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ် ဒါပေမဲ့ သက်သေရော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ် အဲ့ဒီနောက်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre… Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arkar Phyo

5.1 2017
Bleeding Steel
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Leha
5

ဒီဇာတ်ကားကတော့ မှုခင်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေအနေနဲ့ သဘောကျလောက်မယ့် ဇာတ်ကား ဖြစ်ပါတယ်။ Malaysian Crime Thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Comedy လေးတွေလည်း အနည်းငယ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်‌တော့ Khai နဲ့ Sani တို့ သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့ လုံခြုံရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ပြီးတော့ Khai ဟာ အဲဒီကုမ္ပဏီက ဝန်ထမ်းမလေး Leha ကို ကြိတ်ကြိုက် နေတာပါ။ ဒါပေမယ့် Leha က ကုမ္ပဏီကိုဟန်ပြပြီးတော့ နောက်ကွယ်မှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့အကြောင်းကို သိထားတာကြောင့် ကုမ္ပဏီရဲ့ပစ်မှတ်ထားတာကို ခံနေရပါတယ်။ Leha ကို Khai နဲ့ Sani တို့နှစ်ယောက် ဒုစရိုက်အဖွဲ့ရဲ့လက်ကနေ ဘယ်လိုတွေကာကွယ်ပေးသွားမလဲ၊ Leha ကရော ဒုစရိုက်အဖွဲ့ အကြောင်းကို ဘယ်လိုရအောင်ဖော်ထုတ်မလဲဆိုတာတွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.43GB / 864MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Romance • Comedy
5 2024
Leha
Dying to be Famous
4.1

Dying to be Famous (2024) နာမည်ကြီး influencer ဖြစ်ဖို့ ကြိုးစားနေတဲ့ London က မကြာခင်မှာပဲ သူ့ဖခင်ဆီက အမွေသုံးစွဲခွင့်ကုန်ပြီး ဆင်းရဲတော့မှာဖြစ်ပေမဲ့ သူ့အမေက အဲဒီအကြောင်းကိုဖုံးကွယ်ထားတာမို့ မသိခဲ့ဘူး။ ဒါပေမဲ့ London ရဲ့ ကျော်ကြားမှုနောက်ကိုလိုက်တဲ့ခရီးလမ်းက စိတ်ဖိစီးမှုတွေ အခက်အခဲတွေအများကြီး ရင်ဆိုင်လာရတဲ့အခါ London ရဲ့အတိတ်ကအရိပ်မဲတစ်ခုက ဘယ်လိုပြန်ပေါ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမဲ့ Thriller ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ စိတ်ကျန်းမာရေးအပေါ်ထိခိုက်စေတဲ့ Social Media ရဲ့ ဆိုးကျိုးတွေနဲ့၊ အခုခေတ်လူငယ်တွေရဲ့ နာမည်ကြီးချင်စိတ်တွေ၊ အောင်မြင်တဲ့သူဖြစ်ဖို့ ဘယ်အရာမဆိုလုပ်ရဲကြတဲ့ ပြိုင်ဆိုင်မှုပေါတဲ့ influencer တွေရဲ့လောကအကြောင်းကို သင်ခန်းစာယူဖွယ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery, Thriller Duration….01:26:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

4.1 2024 85 mins
Dying to be Famous
Guardian of Graveyard
5.8

ချင်လင်တောင်ထက်ကလျှို့ဝှက်ဆန်းကြယ်တဲ့ ဇာမဏီဘုရင်သင်္ချိုင်းဗိမာန်ကို ဖောက်ဝင်ဖို့ကြိုးစားတဲ့ သဲထိတ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့အကျိုးအတွက် သေဆုံးသွားတဲ့ ဇာမဏီဘုရင်နဲ့မိဖုရားရဲ့သင်္ချိုင်းကို သူ့ရဲ့သစ္စာရှိစစ်သူကြီးမျိုးရိုးဟာ ခေတ်အဆက်ဆက်စောင့်ရှောက်လာခဲ့ပါတာ နှစ်၁၀၀၀ကျော်ပါပြီ။ ပလိပ်ရောဂါကပ်ဘေးဖြစ်တဲ့အတွက် ရွာသူရွာသားတွေကယ်တင်ဖို့ ဆေ းနည်းရှိတယ်ဆိုတဲ့ တောင်အောက်ကို လူတစ်စုဟာဝင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ၂ယောက်သာအသက်ရှင်ကျန်ပြီး ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာသူတို့၂ယောက်ဟာ ဇာတ်မြှုပ်နေထိုင်လာခဲ့ကြပါတယ်။ ၁၀နှစ်ကျော်ကြာပြီးတဲ့နောက်မှာ လောဘကြီးတဲ့ကုန်သည်တစ်ယောက်နဲ့ နိုင်ငံခြားသားတစ်ယောက်အကြပ်ကိုင်တာကြောင့် ဇာမဏီဘုရင်သင်္ချိုင်းဂူထဲကိုထပ်ဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ ရှေးဟောင်းဘုရင်သင်္ချိုင်းတွေရဲ့အစဉ်အလာအတိုင်းထောင်ချောက်တွေ အပြည့်ရှိနေတဲ့ သင်္ချိုင်းထဲကိုသူတို့လူစုကဆင်းသွားပြီးနောက်မှာဘယ်လိုအနာဂတ်တွေဖြစ်လာမလဲ……

5.8 2025
Guardian of Graveyard
War of the Worlds: Extinction

War of the Worlds: Extinction (2024) ဒီရုပ်ရှင်က ကမ္ဘာဂြိုလ်ပေါ်ကို တခြားဂြိုလ်သားတွေ ကျူးကျော်လာတာမဟုတ်ဘဲ အမ်မီယိုစ်ဆိုတဲ့ဂြိုလ်ကို ကမ္ဘာဂြိုလ်သားတွေ သွားကျူးကျော်တဲ့ရုပ်ရှင်ပေါ့။ ကမ္ဘာကြီးက လေထုညစ်ညမ်းမှုကြောင့် ပျက်စီးတော့မှာမို့ နေလို့ရမဲ့ဂြိုလ်ရှာရင်း ကမ္ဘာဂြိုလ်သားတွေနဲ့ တစ်ပုံစံတည်းတူတဲ့ အမ်မီယိုစ်ဂြိုလ်သားတွေရဲ့ ဂြိုလ်ကို မောင်ပိုင်စီးဖို့ကြိုးစားပါတော့တယ်။ နှစ်ဘက်စလုံး တိုက်ကြခိုက်ကြရင်း အထိနာလာကြချိန် အပစ်အခတ်ရပ်စဲရေးကြေငြာချိန်မှာပဲ အမ်မီယိုစ်ဂြိုလ်သား ဗိုလ်ချုပ်စကာလာရဲ့ သမီးဖြစ်သူ ကမ္ဘာဂြိုလ်ကလက်နက်ကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်စကာလာက သမီးဖြစ်သူသေဆုံးရမှုကြောင့် အပစ်အခတ်ရပ်စဲရေးဆိုတာကို ဂရုမစိုက်တော့ဘဲ ကမ္ဘာဂြိုလ်ပေါ်က သက်ရှိမှန်သမျှကို အပြတ်ရှင်းဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

Romance
0 2024 84 mins
War of the Worlds: Extinction
4PM
5.9

4PM (2024) ************ ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် စာရေးဆရာမ Amelie Notomb ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်… ဒီကားလေးမှာတော့ love next doorထဲမှ မင်းသမီးကြီးJang Young Nam, Miracle in Cell No. 7မှ မင်းသားကြီး Oh Dal-su, Reply 1994 မှ Min Do-heeနဲ့ The Plotထဲမှ မင်းသားကြီး Kim Hong-pa တို့မှ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************* အီဂျောင်အင်း(Oh Dal-su)ဟာ အတွေးအခေါ်ပညာရှင် ပါမောက္ခကြီးတစ်ဦးဖြစ်ပါတယ်.. တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ နယ်မြို့လေးမှာ ဇနီးသည်နှင့်အတူအေးအေးချမ်းချမ်း နေထိုင်လိုတာကြောင့် ကျောင်းကနေခွင့် တစ်နှစ်ယူပြီး နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်.. ။ အေးအေးချမ်းချမ်းနေချင်တဲ့ သူတို့လင်မယားရဲ့ဘဝလေးထဲကို ဝင်ရောက်နှောင့်ယှက် လာသူကတော့ ဘေးအိမ်မှာ နေထိုင်တဲ့ ဆရာဝန်ကြီး(Kim Hong-pa)ပါပဲ .. ။ အဲဒီဆရာဝန်ကြီးဟာ ညနေ ၄ နာရီရောက်တိုင်း အိမ်ကိုရောက်လာပြီး စကားကို တိုတိုတုတ်တုတ်ပဲ ပြောကာ ၆နာရီ ထိုးတဲ့အထိ ငုတ်တုတ်ထိုင်နေခဲ့ပါတယ် .. တစ်ရက်နှစ်ရက်မကဘဲ နေ့တိုင်း ၄နာရီအတိမှာ အိမ်ကို အတင်းဝင်ရောက်လာပြီး ၆နာရီအတိမှာ ဘာမှမပြောဘဲ ပြန်သွားတတ်တဲ့ ထိုဆရာဝန်ကြီးကြောင့် ပါမောက္ခကြီး လင်မယားဟာ စိတ်မွန်းကျပ်လာပြီး အိပ်မပျော်တဲ့ရောဂါအထိပါ စွဲကပ်လာပါတော့တယ် .. ပါမောက္ခကြီးလင်မယားက အဲဒီအိမ်ကလေးမှာ အေးအေးချမ်းချမ်းနေသွားနိုင်ပါ့မလား .. ၄နာရီအတိမှာရောက်လာတဲ့ အဲဒီဆရာဝန်ကြီးကရော သွေးရိုးသားရိုးဟုတ်ရဲ့လားဆိုတာကို CM နဲ့အတူ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ကြရအောင်နော် .. ။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…1.70GB / 677MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi, Hnin Wai Oo, Htoo Pyae & Esther Encoded by AHtet

Horror • Thriller
5.9 2024 109 mins
4PM
Kundo: Age of the Rampant
6.8

Kundo: Age of the Rampant(2014) ********************************** IMDb…6.8 (၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok ကြောင့်ဆိုရင်လည်းမမှားပါဘူး…. ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable , The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့ သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင် အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက် လွင့်သွားတာလည်း အားရစရာကြီးပါပဲ… ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်… နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး.. သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ…. ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကို ရိုက်ပြထားတာပါ… ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့ နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်… ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာ ပါဝင်တဲ့အတွက်ကြောင့် Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး… (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet

Drama
6.8 2014 137 mins
Kundo: Age of the Rampant