YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Our Flag means Death.S01E08.720p.mp4

302.75 MB 720p video/mp4 665 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Eraserhead
7.4

ဒေးဗစ်လင့်ချ်ကို ဒီဘက်ခေတ်ရဲ့ အရေးအပါဆုံး ရုပ်ရှင်ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒီပွဲဦးထွက်ကား Eraserhead ကစလို့ လင့်ချ်ရိုက်သမျှကားတိုင်းဟာ အနုပညာအရ အောင်မြင်ခဲ့တာတွေချည်းပါပဲ။ သူ မအောင်မြင်ခဲ့တဲ့ Dune ကိုတောင်မှပဲ လက်ရှိ Dune ထက် ပိုကြိုက်တဲ့လူတွေ ရှိပါသေးတယ်။ ဒေးဗစ်လင့်ချ်ရဲ့ Eraserhead ဟာ သူ့အပြတွေအရတော့ Kafkaesque တော်တော်ဖြစ်တဲ့၊ ကာဖကာတော်တော်ဆန်တဲ့ ရုပ်ရှင်လို့ပြောရမှာပဲ။ ဆန်းတော့လည်း မဆန်းဘူး။ Eraserhead ရဲ့ Script ကိုရေးတဲ့နေရာမှာ လင့်ချ်ဟာ ဖရန့်ကာဖကာရဲ့ The Metamorphosis စာတွေရဲ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ အရှိတရားနဲ့ စိတ်ကူးယဉ်ဆန်မှုကို ရောပြွမ်းထားပြီး ပရိသတ်ကို Visual ကိုပဲ အဓိကထားပြီး သူပြောချင်တဲ့ အကြောင်းအရာကိုပြောပြထားတယ်။ သူ့ဇာတ်အိမ်ကိုတော့ နားမလည်နိုင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အဖွင့်နဲ့ဖွင့်ထားပြီး အရှိတရားဆန်တဲ့ အခြေအနေကို ပြန်ပို့သွားတယ်။ ပြီးကျ အဲဒီအရှိတရားဆန်တဲ့ အခြေအနေက စိတ်ကူးယဉ်ဆန်တဲ့ အခြေအနေကို တဖြည်းဖြည်းချင်းပြန်တွန်းပို့ပစ်ပြီး နောက်ဆုံး ခုနအရှိတရားဆန်တဲ့အခြေအနေက ပျောက်သွားပြီး အသိရ ခက်လာတယ်။ သူ့ဇာတ်အိမ်က ဒါပါပဲ။ ဒီလိုပဲ ပြောတတ်ပါတယ်။ Eraserhead ဟာ လင့်ချ်ရဲ့ပွဲဦးထွက်ကားဆိုပေမဲ့ ဘယ်ဒါရိုက်တာရဲ့ ပွဲဦးထွက်ကားနဲ့မှ မတူဘဲ သူ့ခေတ်သူ့အခါက ရုပ်ရှင်လောကကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခဲ့တဲ့ ကားလို့ပြောရမယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး လင့်ချ်ကိုယ်တိုင် "my Philadelphia Story", "Believe it or not, Eraserhead is my most spiritual film" စသဖြင့် ပြောခဲ့တာတွေများပေမဲ့ သူ့ဘာလို့ အဲဒီလိုပြောလဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်တော့ ဘယ်လိုမှ လိုက်မမီပါဘူး။ ရှင်းရှင်းပြောရရင် ကာဖကာရဲ့ဖော်ပြပုံတွေနဲ့ တူတဲ့ ဖော်ပြပုံတွေကို ဒီတိုင်းငေးကြည့်နေရုံကလွဲ သူ့ရုပ်ရှင်ကို ဘယ်လိုမှ လိုက်မမီခဲ့ပါဘူး။ သူဘာပြချင်တာလဲ အသာထား ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အမြင်နဲ့တောင် ဖွင့်ဆိုလို့မတတ်ဘူးလို့ ပြောရမှာပဲ။ ဘာနေနေ တစ်ခေတ်ရဲ့တစ်ယောက် ဒါရိုက်တာဖြစ်တဲ့ ဒေးဗစ်လင့်ချ်ရဲ့ ရုပ်ရှင်ကို မြည်းစမ်းကြည့်ချင်လို့ဖြစ်ဖြစ် ကာဖကာဖန်ဖြစ်နေလို့ဖြစ်ဖြစ် Eraserhead ကို ကြည့်တော့ ကြည့်ကြည့်ကြသင့်တာပါပဲ။ သတိချပ်စေချင်တာက‌တော့ အပြတွေက ကြမ်းတမ်းနေတာပါပဲ။ မိတ်ဆွေအတွက် မကြမ်းတမ်းရင်တောင် ဒီကားကိုယ်တိုင်ကိုက လူတိုင်းကြိုက်မယ့်ကားမျိုးလည်းမဟုတ်ပါဘူး။ ဒီလို Type မျိုး ကြိုက်တဲ့သူတွေပဲ ကြိုက်မယ့်သီးသန့်ကားမျိုးပါပဲ။ ကျွန်တော့် Type လည်း မဟုတ်တော့ ညွှန်းလည်းမညွှန်းတတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် Type ဖြစ်သွားမဖြစ်သွားသိဖို့တော့ ကြည့်ကြည့်ရမှာပါပဲ။ တကယ်လို့ ဘာကားကြီးလဲကွာလို့ ပြောမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ လင့်ချ်ကိုယ်တိုင်လည်း ဘယ်ရဗျူးသမားမှ သူ့ရည်ရွယ်ရင်းအတိုင်း နားမလည်ခဲ့ကြဘူးလို့ ဆိုထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 29Min Genre - Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction
7.4 1977 89 mins
Eraserhead
The Blue Lagoon
6.2

The Blue Lagoon ဆိုတာ အချောအလှတွေနဲ့ နာမည်ကြီးတဲ့ မင်းသမီး Brooke Shields ရဲ့နာမည်ကျော် ဇာတ်ကားပါ။ သူမအသက် ၁၄ နှစ် မြီးကောင်ကောက်အရွယ်မှာ ရိုက်ထားတာဖြစ်သလို အဖော်အချွတ်ခန်းတွေနဲ့မို့ ပုရိသတို့ရဲ့အိမ်မက်တွေထဲထိ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့... ပင်လယ်ပြင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောတစ်စီးပေါ်ကလူတွေအကုန် အသက်လုပြေးကြရသလို ရစ်ချတ်နဲ့ အမ်မလိုင်းဆိုတဲ့မောင်နှမဝမ်းကွဲကလေးနှစ်ယောက်ကို သင်္ဘောရဲ့ချက်ကြီးဖြစ်တဲ့ ပတ်တီက ကယ်တင်ခဲ့ရပြီး လူသူဝေးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတော့တယ်။ ကလေးနှစ်ယောက်ကိုထိန်းကျောင်းပေးရင်းနဲ့ ပတ်တီတစ်ယောက် အရက်မူးလွန်ပြီးတော့ ရေနစ်သေဆုံးသွားတဲ့အခါတော့ မောင်နှမနှစ်ယောက်တည်း ကျွန်းလေးပေါ်မှာပဲ အသက်ဆက်ရှင်ဖို့ကြိုးစားနေထိုင်ရပါတော့တယ် တဖြေးဖြေးနဲ့ ရစ်ချတ်နဲ့အမ်မလိုင်းတို့နှစ်ယောက်အရွယ်တစ်ခုကိုရောက်လာချိန်မှာတော့ လူသားဗီဇအရသွေးသားဆန္ဒကိစ္စတွေပါ စိတ်ဝင်စားလာပါတော့တယ်.. ဒီတော့ ရစ်ချတ်နဲ့အမ်မလိုင်းတို့ကို လူသူကင်းမဲ့တဲ့ကျွန်းလေးပေါ်ကနေ ကယ်ဆယ်မယ့်သူပေါ်လာနိုင်မလားဆိုတာနဲ့ သူတို့နှစ်ယောက်ရဲ့ လူသားသဘာဝဇာတ်လမ်းကရော ဘယ်ထိခရီးဆက်သွားမလဲဆိုတာ.....။ ငယ်ဘဝက ချောင်းကြည့်ခဲ့ရတဲ့ ဒီဇာတ်ကားလေးကို အကောင်းဆုံး Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File Size : (3 GB) & (1.5 GB) Quality : BluRay DS4K 1080p HEVC & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Encoded by RGB

Drama
6.2 1980 104 mins
The Blue Lagoon
Don't Breathe
7

လက်ရှိ နာမည်ကြီး လူကြိုက်များနေတဲ့ Horror/Thriller တစ်ကားကို တင်ပေးလိုက်ပါတယ်။ Evil Dead ကို ဖန်တီးခဲ့သူ Fede Alvarez ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။ ဘက်ဂျက် ၉ သန်းပဲ အသုံးပြုခဲ့ပြီး လက်ရှိ သန်း ၁၄၀ အထိ Box office မှာတက်နေပါပြီ။ အိမ်လေးတစ်လုံးထဲမှာ သရုပ်ဆောင်လေး ၄-၅ ယောက်ကိုပဲ အားပြုပြီး တင်ဆက်သွားတာပါ။ ဒါပေမယ့် ဇာတ်လမ်း၊ မထင်မှတ်တဲ့လှည့်ကွက်တွေ၊ သရုပ်ဆောင်၊ အသံပိုင်းတွေမှာ ပြောစရာမရှိအောင် ကောင်းမွန်လွန်းတဲ့အတွက် ဒီလို အောင်မြင်သွားတာပဲ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိတော့ IMDb 7.1 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် မျက်မမြင်အဘိုးကြီးဟာ သူတို့ထင်သလို အဆိပ်မရှိတဲ့ ရေမြွေမဟုတ်တဲ့အခါ......တံခါးတွေ အားလုံးပိတ် မီးအမှောင်ချပြီး အကုန်လုံးကို သတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါ.... အသက်မရှုလိုက်နဲ့ ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်း အသက်ရှုသံ တစ်ချက် ခြေသံတစ်ချက်က သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလာပြီဆိုရင်......။ File size…(1.4 GB) / (600 MB) Quality…BluRay 1080p/720p Format…mp4 Duration….01:28:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung & Little Neo Translated by Little Neo

Drama • Sci-Fi & Fantasy
7 2016 89 mins
Don't Breathe
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
Stigmatized Properties
5

Stigmatized property ဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး လူပါခိုက်လာတဲ့အခါမှာတော့ … ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:50:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Animation • Comedy • Family
5 2020 111 mins
Stigmatized Properties
Two Tickets to Greece
6.1

ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller • Crime • Drama
6.1 2022
Two Tickets to Greece
King of Devil’s Island
7.5

၁၉၀၀ကျော်ခုနှစ်တွေတုန်းက နော်ဝေးနိုင်ငံမှာ ဆိုးသွမ်းတဲ့လူငယ်တွေကို ထိန်းသိမ်းဖို့ ကျွန်းပေါ်မှာတည်ထားတဲ့ ကျောင်းတစ်ကျောင်းရှိခဲ့ပါတယ် ယခုဇာတ်ကားက ထိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်ကို အခြေပြုပြီးတော့ ပြန်လည်ရိုက်ကူးထားပြီး IMDb 7.5ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းအညွှန်း အဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်‌ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။ ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိ‌တ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(887 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:56:00 Genre…Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

7.5 2010
King of Devil’s Island
Spaceman

Adam Sandler ကြီးရဲ့ Netflix ရုပ်ရှင်အသစ်ပါ… ဒီကားမှာတော့ ပုံမှန်မြင်နေကြ ဇာတ်ကောင်မျိုးမဟုတ်ဘဲ အာကာသယာဉ်မှူးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ချက်ဇ်သမ္မတနိုင်ငံကိုယ်စားပြု အာကာသခရီးစဉ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ယာကိုခေါ် Adam Sandler ဟာ ချော်ပရာတိမ်တိုက်တွေရှိရာ စကြဝဠာထဲကို တစ်ကိုယ်တော်တစ်နှစ် အာကာသခရီးစဉ်ထွက်လာပါတယ် ချော်ပရာခရမ်းရောင်တိမ်တိုက်တွေဟာ ယာကိုတို့နိုင်ငံရဲ့ ကောင်းကင်ကို ဖုံးလွှမ်းနေတာ ၄ နှစ်လောက်ရှိနေတဲံအတွက် ဒီပြဿနာကိုအဖြေရှာဖို့အတွက် ယာကိုကို လွှတ်လိုက်တာဖြစ်ပါတယ် ယာကိုလည်း ခရီးစဉ်ထွက်လာပြီး ၆ လအကြာ ဂျူပီတာဂြိုလ်ိကို ကျော်လွန်အပြီးမှာ တိမ်တိုက်တွေနဲ့နီးစပ်လာပါတယ် အဲ့ဒီမှာ စကြဝဠာကြီးအစထဲကရှိခဲ့တဲ့ ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်နဲ့ တွေ့ဆုံလိုက်ရပါတယ် ဒီသတ္တဝါကြီးက ယာကိုဒီတိမ်တိုက်တွေကိုရဖို့ ကူညီပြီး ယာကိုတို့ လူသားမျိုးနွယ်တွေကို စောင့်ကြည့်လေ့လာနေတာဖြစ်ပါတယ် သတ္တဝါကြီးရဲ့အကူညီနဲ့ ချော်ပရာတိမ်တိုက်တွေကို စုဆောင်းဖို့လာတဲ့ယာကိုဟာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကိုပါ သိရှိသွားတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.4 GB)/(818 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Science Fiction, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha

Drama • Romance
0 2024
Spaceman
Warning 2
7.5

Warning 2 (2024) ကလဲ့စား IMDb – 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။ အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။ ( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်)

7.5 2024 125 mins
Warning 2
Bunraku
6.1

Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန် ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာ နောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့ အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင် အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကို Bunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့် ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့် သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့် အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။ သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့် နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ ပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Comedy • Crime
6.1 2010 124 mins
Bunraku
The Girl on the Bridge
7.5

ဘဝဟာ စစလာကတည်းကိုက ဝေဒနာပါ။ အားလုံးမှာ ကိုယ်စီဝေဒနာချည်းပဲတဲ့။ တစ်စစီကွဲအက်နေတဲ့ ဘဝတွေတွေမြင်ဖူးလား။ ဒါငါတို့ရဲ့ မိုက်မဲမှုလည်းဖြစ်နိုင်တယ်။ ဒါငါတို့ရဲ့ ဒရာမာလည်းဖြစ်နိုင်တယ်။ အားလုံးအမြင်မှာ ဘယ်လိုရယ်စရာတွေပဲဖြစ်သွားဖြစ်သွား ဒါတွေက ငါတို့အတွက်တော့ အစစ်အမှန်ပါပဲ။ အသည်းကွဲတာပဲဖြစ်ဖြစ် , ထမင်းစားစရာမရှိတာပဲဖြစ်ဖြစ် တစ်ထောင့်တစ်ဘက်ကကြည့်မယ်ဆို ပြင်ဆင်လို့မရတာ ဘာမှမရှိပါဘူး မှန်ပါတယ်။ ပြင်ဆင်ခြင်းကို အရှုံးပေးခဲ့ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ကိုယ်မိုက်လို့ကိုယ်ခံပဲပေါ့။ ဒါပေမဲ့လည်း ကြားဖူးတယ်မလား အားလုံးဟာ အရူးတွေချည်းပဲတဲ့။ အဓိပ္ပာယ်တစ်ခုခုရှိလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဘာအဓိပ္ပာယ်မှမရှိမှန်းလည်း သိလာခဲ့ကြတယ်။ ကိုယ်ထင်မှဖြစ်တဲ့အရာတွေချည်းပါပဲ။ ဒါဆို ဘာယုံကြည်ချက်မှမရှိတော့ရင်ရော။ ဘဝက ခက်ခဲလို့ဖြစ်ဖြစ် ငါတို့က မိုက်မဲလို့ဖြစ်ဖြစ် တံတားတစ်စင်းပေါ်ကနေ ရေပြင်ကိုငေးပြီး ချီတုံချတုံနဲ့ အစကို ပြန်မသွားချင်တော့တဲ့အချိန်တွေ တစ်ချို့ဘဝတွေမှာ ရှိကောင်းရှိလိမ့်မယ်။ တစ်ထောင့်တစ်ည တစ်နေ့တစ်လမှာတော့ အလင်းတွေ ကယ်တင်ခြင်းတွေ ဘယ်လိုနာမည်ပဲတပ်တပ် တစ်စုံတရာဟာ ရှိတတ်တယ်။ ဒါကိုအချစ်လို့ပြောဖို့တော့ သုံးဖန်များတဲ့အခါ စကားလုံးဟာ ပျက်ပြယ်သွားတတ်လွန်းလို့ အခုတော့ အချစ်ဟာ ယေဘုယျအားဖြင့် ဆယ်ကျော်သက် လက်သုံးစကားတစ်ခုသက်သက် ဖြစ်သွားခဲ့ပြီ။ တစ်စုံတရာလို့ပဲ ဆိုကြပါစို့။ ပြောပြောနေကျတဲ့ အချစ်ဆိုတာက ဒီတစ်စုံတရာထက်တော့ အများကြီးလွယ်ကူပါတယ်။ တံတားထိပ်မှာ တစ်ယောက်က ရေပြင်ကိုငေးကြည့်မိနေတဲ့အခါမှာ နောက်တစ်ယောက်က ကယ်တင်မယ်။ တံတားထိပ်မှာ နောက်တစ်ယောက်က ရေပြင်ကို ငေးကြည့်မိနေတဲ့အခါမှာ တစ်ယောက်က ကယ်တင်မယ်။ ကံကိုမယုံလို့ သတ်သေချင်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကံကိုပါယုံကြည်ရင်း မျက်မှိတ်စိပြီး ဓားပေါက်ပြမှ အသက်ဆက်လို့ရမယ့် ဓားပေါက်သမားတစ်ယောက် ။ ဒါဟာ ဘယ်လိုရေစက်မျိုးလဲ။ နှစ်ပိုင်းပြတ်နေတဲ့ ငွေစက္ကူတစ်ရွက်ဟာ တစ်ဘက်က တစ်နေရာစီမှာဆို ဘာတန်ဖိုးမှမရှိတော့ဘူးတဲ့။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ကံမကောင်းခြင်းကို တစ်ယောက်က ဖေးမရင်း သက်တံ့တွေဖြာနေတဲ့နေ့တွေလည်း ရှိကောင်းရှိလာပါလိမ့်မယ်။ မင်းတို့ ငါတို့ရဲ့ စောက်ဖြစ်မရှိလှပါသော ဘဝတွေမှာပေါ့။ ဇာတ်လမ်းထဲမှာတော့ ဒီတစ်စုံတရာကို ဘာပါလို့ နာမည်မတပ်နိုင်ခင်မှာပဲ သူတို့ဝေးသွားခဲ့ကြတယ်။ ဆေးလိပ်ဖြတ်တာပဲဖြစ်ဖြစ် မေ့ဖျောက်ချင်တာပဲဖြစ်ဖြစ် စစချင်းမှာ ခက်ခဲပေမဲ့ အရာရာဟာ တစ်ပတ်လောက်ကြာပြီးရင်တော့ နေသားကျသွားတယ်တဲ့။ ဒီတစ်ပတ်ကို ကျော်လွန်ပြီးသွားရင်တော့ ဒါဟာ တစ်စုံတရာဖြစ်သွားပါပြီ။ နှစ်ပိုင်းပြဲသွားတဲ့ ငွေစက္ကူတစ်ရွက်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း မဆုံနိုင်ကြတော့တဲ့ အဖြစ်မျိုးတွေပေါ့။ မီးခြစ်ဟောင်းတစ်လုံးနဲ့ ပြဲနေတဲ့ပိုက်ဆံတစ်ခြမ်းကို မစွ့န်လွှတ်နိုင်တဲ့ တစ်ချိန်က တစ်ယောက်ယောက်ကို ကယ်ဖူးတဲ့လူကလည်း စုတ်ပြတ်သတ်စွာနဲ့ ဒီတံတားကြီးပေါ် သူ့ကိုယ်သူ အရှုံးပေးဖို့ ပြန်လာတယ်။ တစ်စစီကွဲအက်နေတဲ့ ပျက်စီးခြင်းမျိုးနဲ့ပေါ့။ ဒါဟာ ဒီတံတားပေါ်မှာ ကျွန်တော်တို့ဆက်ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ သေချာတာက ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာ ချစ်တယ်လို့ တစ်ခွန်းမှ မပြောသွားခဲ့ဘူး။ Girl on the Bridgeဟာ သူ့နာမည်အတိုင်းပဲ တံတားထိပ်မှာရပ်ရင်း ချီတုံချတုံနဲ့ ရေပြင်ကို ငေးကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အဖြစ်အပျက်ပါပဲ။ ဘဝဟာ စစလာကတည်းကိုက ဝေဒနာပဲမဟုတ်လား။ ဘယ်တစ်စုံတရာက ဒီတံတားပေါ်မှာ သက်တန့်တွေဖြာစေမလဲတော့ အားလုံးသိကြပေမဲ့ အဲဒီသက်တန့်တွေ ဘယ်အချိန်ထိဖြာနေမလဲတော့ ကျွန်တော်တို့မသိနိုင်ဘူး။ File Size : 2.2 GB, 937 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.5 1999 90 mins
The Girl on the Bridge
Mad Sad Bad

Mad Sad Bad (2014) ****************** Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့… ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ… သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– “ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့… လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့… ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်” “ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ… ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ… ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်” “နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း… ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ … တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်” ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့ Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ… အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်… ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ် File Size : 2.39GB / 852MB Quality : WEB-DL 1080p / 720p Duration : 1 hr. 57 min. Genre : Thriller, Horror, Drama, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Ni Encoded by Heather Oo

0 2014
Mad Sad Bad
The Bear Lake Murders
5.1

The Bear Lake Murders (2025) IMDb Rating (5.1) Mercedes de la Zerda, Tom Stevens, Blake Williams နဲ့ Magalie တို့က ဦးဆောင်ပါဝင်ထားပါတယ်။ Director ကတော့ Danny J.Boyle ဖြစ်ပါတယ်။ ဘာသာပြန်ရင်း သတိရမိတာကတော့ တရုတ်ပြည်မကြီးတံခါးဖွင့်ဝါဒ စကျင့်သုံးတော့ တိန့်ရှောက်ဖိန် ပြောတဲ့စကားပါ။ “အိမ်ပြတင်းပေါက်ကို ဖွင့်လိုက်ရင် လေကောင်းလေသန့်တွေရသလို ခြင်၊ ယင်၊ အမှိုက်တွေလည်း ဝင်လာနိုင်တယ်” ဆိုတာပါ။ ခရီးသွားဧည့်သည်ဆိုတာလည်း ကျနော့်အမြင်အရ မရှိလည်းကောင်း၊ ရှိလည်းကောင်း ပါပဲ။ ဇာတ်လမ်းအကျဉ်း ကွင်းဆက်လူသတ်သမားတစ်ယောက်ကို တပင်တပန်းလိုက်ဖမ်းခဲ့ရလို့ ခြေကုန်လက်ပမ်းကျနေတဲ့ စုံထောက် အယ်လီ ဟာ အနားယူအားပြန်ဖြည့်ဖို့ ဇာတိမြို့လေးကို မပြန်ချင်ပေမယ့် ပြန်လာခဲ့ပါတယ်။ မပြန်ချင်ရတာကတော့ ဇာတ်လမ်းဟောင်းတွေရှိခဲ့တဲ့ လက်ရှိရဲမှူးကြီး ရွိုင်း၊ စစ်မှုထမ်းဟောင်း မိုင်းလ်စ်တို့နဲ့ မတွေ့ချင်တာကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိမြို့လေး “ဝက်ဝံကြီးရေကန်”ကလည်း အပန်းဖြေစခန်းအဖြစ် နာမည်ကျော်လာစဖြစ်လို့ ခရီးသွားတွေ၊ ဘလော့ဂါတွေ ခြေချင်းလိမ်နေပါပြီ။ အယ်လီရောက်ပြီး မကြာခင်မှာပဲ သူမ တပင်တပန်းလိုက်ဖမ်းခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားက ထောင်ပြောင်းရင်း ကားမတော်တဆဖြစ်ကာ သူမရဲ့ဇာတိမြို့နားမှာပဲ ပျောက်ဆုံးသွားကြောင်း ကြားရပါတယ်။ မကြာမီမှာပဲ မတော်တဆလိုပုံစံမျိုးတွေနဲ့ လူသတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး စုံထောက် အယ်လီ နဲ့ ရဲမှူး ရွိုင်းတို့ အတူစုံစမ်းကြရာမှ မထင်မှတ်ထားတာတွေ ဖြစ်လာသောအခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.3 GB) / (660 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Thriller • Crime
5.1 2025 88 mins
The Bear Lake Murders
Walking with My Grandma
6.8

Walking with My Grandma (2018) ******************************* ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ အဘွားနဲ့ မြေးမလေးတို့ရဲ့ ခိုင်မာတဲ့ သံယောဇဉ်ကို ပုံဖော်ရိုက်ကူးထားတဲ့ ပြုံးတလှည့် ဆွေးတလှည့် ခံစားရမယ့် ဂျပန်ကားကောင်း တစ်ကားဖြစ်ပါတယ်။ …………… ငါးဖမ်းသမားဖြစ်ဖို့ ကြိုးစားနေတဲ့ ယာမာတိုဆိုတဲ့ အမျိုးသားက ချစ်သူ နတ်ဆုမိကို အိမ်ထောင်ပြုဖို့ ခွင့်တောင်းခဲ့ပါတယ်။ နတ်ဆုမိဟာ သူနဲ့အတူ မင်္ဂလာလျှောက်လမ်းမှာ လက်တွဲလျှောက်သွားရမယ့်သူကို ဖခင်ဖြစ်သူအစား အဘွားဖြစ်သူကို ဖြစ်စေချင်ပါသတဲ့။ အဘွားကတော့ မတော်တဆချော်လဲပြီး ခြေထောက်ကျိုးလို့ သက်ကြီးစောင့်ရှောက်ရေးမှာ နေနေတာပါ။ နတ်ဆုမိရဲ့ မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြတာကြောင့် အိမ်မှာပဲ အဘွားရဲ့ ပြုစုပျိုးထောင်မှု အောက်မှာကြီးပြင်းလာခဲ့တာပါ။ ကျောင်းပထမဆုံးတက်တဲ့နေ့မှာ အဘွားပဲ လိုက်ခဲ့သလို မင်္ဂလာဆောင်တဲ့ အချိန်မှာလည်း အဘွားကို အတူရှိနေစေချင်တာပါ။ အဘွားကိုပဲ အမြဲဂရုစိုက်နေရတဲ့အတွက်ကြောင့် နတ်ဆုမိနဲ့ ယာမာတိုကြားမှာလည်း အငြင်းပွားပြီး လက်မထပ်တော့ဖို့ နတ်ဆုမိ တွေးမိပြန်ပါတယ်။ အဲဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကားလေးထဲပဲ ဆက်ကြည့်လိုက်ကြပါဦးနော် .. အဘွားချစ်တဲ့ မြေးတွေအတွက်တော့ ဒီကားလေးဟာ မျက်ရည်ဝဲစေမှာ အမှန်ပါပဲ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.51GB / 629MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 28m Genre ….. Family, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

6.8 2018 89 mins
Walking with My Grandma
The Swan Princess
6.4

IMDb – 6.4 Rotten Tomatoes – 50% မင်းသမီးလေးကနေ ငန်းမလေးဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ နှစ်ပေါင်းများစွာသားသမီးမထွန်းကားတဲ့ ဘုရင်ကြီးတစ်ပါး တစ်နေ့မှာ သမီးတော်လေးတစ်ယောက် ဖွားမြင်လာခဲ့တယ်။ မင်းသမီးလေးငယ်ငယ်ထဲက တစ်ဖက်နိုင်ငံက မင်းသားလေးတစ်ပါးနဲ့ မိဘချင်း သဘောတူထားတာပေါ့။ အဲလိုနဲ့ မင်းသမီးလေး အရွယ်ရောက်တဲ့တနေ့မှာတော့ တိုင်းပြည်ကိုသိမ်းချင်နေတဲ့ မှော်ဆရာကြီးရဲ့ အကောက်ကြံတာကို ခံရပါတော့တယ်။ မင်းသ‌‌မီးလေး Odette ရဲ့ အသံချိုချိုလေးနဲ့ မင်းသမီးဆန်တဲ့ အပြုအမူလေးတွေက မင်းသားနဲ့အတူ ကြည့်ရှူသူကိုပါ မျောသွားစေတာ အမှန်ပါပဲ။ Disney ကမဟုတ်တဲ့ နုနုယွယွမင်းသမီးလေးတစ်ပါးရဲ့ ဇာတ်လမ်းလေးပေါ့။ another princess story လေးမို့ မိုးရွာတဲ့ပိတ်ရက်တွေမှာ မိသားစုနဲ့တူတူ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ခုပါပဲ။ File size… 1.9 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ginevra

Drama
6.4 1994 89 mins
The Swan Princess