YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Mr.Midnight - Beware The Monsters.S01E01.1080p.mp4

464.04 MB N/A video/mp4 271 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
All I Want
8

All I Want (2017) ============= မယ်လစ်ဆာနဲ့ အန်ဒရူးက သူတို့အိမ်ထောင်ရေးဆယ်နှစ် ပြည့်နှစ်ပတ်လည်အတွက် သူငယ်ချင်းတွေနဲ့ မိသားစုဝင် တွေကိုဖိတ်ပြီး ပါတီလုပ်ကြပါတယ်။ သူငယ်ချင်းတွေစုံကြ တဲ့အခါ ထုံးစံအတိုင်း အလုပ်အကြောင်း စီးပွားရေး အိမ် ထောင်ရေးတွေ ပြောကြတာပေါ့။ ငယ်ဘဝက အမှတ်တရ တွေလည်း မပါမဖြစ်ပေါ့ဗျာ။ အဲဒီလိုသာယာပျော်ရွှင်နေတဲ့အချိန်မှာ မယ်လစ်ဆာတို့ လင် မယားက သူတို့ကွာရှင်းတော့မယ်ဆိုတဲ့ အကြောင်း အသိ ပေးလိုက်ပါတယ်။ ဟုတ်ပါတယ် ၁၀နှစ်ပြည့်တဲ့နေ့မှာတင် ပါတီလုပ်ပြီး ကွာရှင်းမဲ့အကြောင်း ကြေညာတာပါ။ အပြင်ပန်းမှာတော့ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင် ရေးကိုပိုင်ဆိုင်ထားတဲ့ပုံပေါ်တဲ့ မယ်လစ်ဆာတို့က ဘာကြောင့် များ ကွာရှင်းရတဲ့အထိ ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ သူငယ် ချင်းဆက်ဆံရေး မိသားစုဝင်ကြားဆက်ဆံရေးတွေ သူတို့တွေရဲ့ မကျေနပ်မှုတွေ အမှန်တရားတွေကို သဘာဝကျကျ ရိုက်ကူးတင် ဆက်ပေးထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.5 GB) / (522 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......EL Encoder..........SWM

Crime • Drama • Horror • Thriller
8 2018 91 mins
All I Want
Executive Decision
6.2

Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ဓားစားခံကယ်ဆယ်ရေး လုပ်ဆောင်မယ့် ဗိုလ်မှူး အော်စတင် ထရာဗစ် (Steven Seagal) နဲ့ပူးပေါင်းပြီး သူတို့ဓားစားခံတွေကို ဘယ်လိုကယ်တင်ကြမလဲ။ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ကရော တစ်ခုတည်းပဲလား။ ဘယ်လိုတွေရော အသက်တွေရင်းပြီး ကယ်ဆယ်ရမလဲဆိုတာကို လိုက်ပါကြည့်ရှု့ရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ကျော်က အက်ရှင်ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်သူတွေ တစ်ဖန်ပြန်ကြည့်ရှု့သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းကို အကြံ​ပြုလိုပါတယ်။ File size…(2.6GB)  / (1.21GB) /575MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:13:00 Genre...Action / adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Wallace

Drama • Fantasy • Horror
6.2 1996 133 mins
Executive Decision
Heaven in Hell
7.3

ဒီကားထဲ အဓိက မင်းသားကို  365 ကြည့်ဖူးတဲ့သူဆိုရင် သိပါလိမ့်မယ်... ဘော်ဒီခပ်မိုက်မိုက်နဲ့ မွှေနှောက်လိုက်တာ 365ထဲမှာ ဘယ်လောက်ဗြောင်းဆန်သွားလဲ သိကြပါလိမ့်မယ်.. ဒီမှာလည်း ဆန်းသစ်တဲ့နည်းနဲ့ ထပ်မွှေခဲ့ပြန်ပြီ... ထုံးစံအတိုင်း nude /sex scene တွေ ရှယ်ပါတဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. တချို့အချစ်ဇာတ်လမ်းတွေက စကိုမစခဲ့သင့်ပါဘူး။ စခဲ့မိရင်တော့ သုခဘုံတစ်လှည့် ဒုက္ခဘုံတစ်လှည့်ရောက်ရတော့တာပဲ။ ဒီဇာတ်လမ်းထဲမှာလည်း အဲ့လိုပဲ။ အိုလ်ဂါဟာ အောင်မြင်တဲ့တရားသူကြီးတစ်ယောက်၊ ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက် သမီးလေးကိုသာစောင့်ရှောက်၊အလုပ်ကိုသာဖိလုပ်ရင်းနေခဲ့တာပါ။ အနှစ်နှစ်အလလ အချစ်ကိုမေ့လျော့ထားခဲ့ပေမယ့် တစ်ခါကျတော့ ကိုယ့်ထက် ၁၅နှစ်ငယ်တဲ့အီတာလျံကောင်လေးတစ်ယောက်နဲ့ကျမှ ထိန်းထားတဲ့ ရမက်တွေပွင့်ထွက်လာမိပါတယ်။ ကံတရားက ရွေးချယ်လာရင် ဘယ်သူကလွန်ဆန်နိုင်မှာပါလဲဗျာ။ သို့ပေမဲ့ ခုကောင်လေးက အိုလ်ဂါကိုင်နေတဲ့အမှုရဲ့ မျက်မြင်သက်သေဖြစ်နေတဲ့အပြင် မရိုးမသားသဘောနဲ့ချဥ်းကပ်လာမှန်း အိုလ်ဂါကမသိပါဘူး။ ပိုဆိုးတာက ဒီကောင်လေးဟာ အိုလ်ဂါရဲ့သမီးနဲ့ သမီးရည်းစားကိစ္စပတ်သက်ဖူးသူဖြစ်နေတဲ့အခါမှာတော့.....။ အချစ်ကြောင့် တစ်ဖန်နုပျိုနိုင်သလို၊ အချစ်ကြောင့်တစ်ဖန်မျက်ကန်းဖြစ်နိုင်ပြီး စစ်စစ်မှန်မှန် ပိုချစ်မိလေ ပိုခံစားရကြောင်း ရိုက်ကူးပြထားတဲ့ romanceကားကောင်းလေးပါပဲ။ File Size          : 1.5GB, 743MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : 1hr 49mins Genre              : Romance, Drama Translated by   Themes Encoded by Phyo Pyae

Romance
7.3 2023 120 mins
Heaven in Hell
A Ghost Story
7.1

IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw

Crime • Drama
7.1 2017 93 mins
A Ghost Story
Confession of Pain
6.5

Confession of Pain (2006) ~ IMDb rating – 6.5/10 ~ ဒါရိုက်တာက‌တော့ Alan Mak ပါ။ Infernal Affairs ၃ကားကို ဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့သူတွေပါပဲ။ သူတစ်ယောက်တည်းရိုက်တာတော့ မဟုတ်ဘူးပေါ့။ Andrew Lau က စီနီမာတိုဂရပ်ဖီ ကူရိုက်ပေးထားပြီး Felix Chong က ကူရေးပေးထားပါတယ်။ ဒီရုပ်ရှင်မှာလည်း ဒီလိုပါပဲ၊ သူတို့၂ယောက်စလုံး ကူပေးထားကြပါတယ်။ ပြောရရင် Infernal Affairs ကို ဖန်တီးတဲ့သူ အစစ်တွေ ဖန်တီးထားတဲ့ကားပါ။ ဟောင်ကောင်မာစတာပိစ်တွေထဲအပါအဝင်ဖြစ်တဲ့၊ မာတင် စကောဆေးစိကြီးတောင် လီယိုနာဒိုနဲ့ပြန်ရိုက်လိုက်ရတဲ့ Infernal Affairs ကိုတော့ မမီပေမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းထက် စီနီမာတိုဂရပ်ဖီနဲ့ ပိုနာမည်ကြီးပါတယ်။ စီနီမာတိုဂရပ်ဖီရိုက်တဲ့လူက Andrew Lau ပါ။ Infernal Affairs ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်သလို Chungking Express မှာ ခရစ်စတိုဖာဒွိုင်းနဲ့ တွဲရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ အဲဒီ၂ကားကိုတော့ ဟောင်ကောင်ဖန်မှန်ရင် ကောင်းကောင်းသိကြမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် မင်းသားတွေကလည်း တိုနီလျောင်ချူဝေနဲ့ Takeshi Kaneshiro ပါ။ ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးလူတွေထဲက ၂ယောက်ပါပဲ။ ဒါရိုက်တာ ဇာတ်ညွှန်း စီနီမာ မင်းသား အကုန်ဆရာတွေချည်း သုံးထားပေမဲ့ ဒီကားက ထင်သလောက်တော့ တာမသွားခဲ့ပါဘူး။ သို့ပေမဲ့ သူတို့အရင်လက်ရာတွေနဲ့ မယှဉ်ဘဲ ဒီတိုင်းသီးသန့်ကားတစ်ကားအနေနဲ့ကြည့်ရင်တော့ သူ့အဆင်နဲ့သူ အဆင့်တစ်ခုတော့ရှိတယ်။ အထူးသဖြင့် စီနီမာတိုဂရပ်ဖီပေါ့။ အကွက်တိုင်းကလှနေတယ်။ ဒီလူတွေပဲရိုက်မယ့် အသစ်ထွက်လာမယ့် တိုနီလျောင်နဲ့ အန်ဒီလောင်ကားအသစ်က စီနီမာနဲ့တောင် ဆင်သလိုခံစားရတယ်။ ပုရိသတွေရဲ့ အသည်းစွဲ ရှုကျီလည်းပါပါတယ်။ ဇာတ်ကတော့ တော်တော်လေး စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ စုံထောက်၂ကောင်ရှိတယ်။ တစ်ကောင်က အငြိမ်းစားယူပြီး အလွတ်စုံထောက်လုပ်တယ်။ တစ်ကောင်က အစိုးရဌာနမှာပဲလုပ်တယ်။ တစ်နေ့ကျ အစိုးရဌာနက စုံထောက်ရဲ့ မိန်းမရဲ့အဖေက အသတ်ခံလိုက်ရတယ်။ တရားခံဖမ်းမိပေမဲ့ သူ့သမီးက သိပ်မသင်္ကာလို့ အလွတ်စုံထောက်ကို အပ်လိုက်တယ်။ သူတို့သူငယ်ချင်း၂ယောက် အဲဒီအမှုကိုလိုက်ကြတယ်။ အဲဒီကနေ ပေါ်လာတဲ့မြုပ်ကွက်တွေက တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ စုံထောက်ကားကြိုက်တဲ့ သူတွေအတွက်‌တော့ တကယ့်ကားကောင်းပေါ့။ တစ်ခုရှိတာက ဒီရုပ်ရှင်ဟာ စုံထောက်ကားပေမဲ့လည်း သူ့နာမည်နဲ့လိုက်အောင်ကို သိပ်နာကျင်စရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် Infernal Affairs က Creator တွေ ဖန်တီးထားတဲ့ကားကိုမှ တိုနီလျောင်ကြီးရဲ့ မထုံတက်သေးဟန်၊ တာကဲရှိရဲ့ အေးစက်စက် ခပ်မိုက်မိုက်ဟန်၊ ရှုကျီရဲ့ ဆက်စီကျတဲ့ဟန်တွေကို တွဲဖက်မြင်ရမှာမို့ ဟောင်ကောင်ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.08GB, 830MB, 665MB Quality – 1080p, 720p, 480p IMDb Rating – 6.5/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror
6.5 2006
Confession of Pain
Lower City
6.5

Lower City (2005) ============== IMDb Rating – 6.5/10 ဒယ်ဒင်ဟိုနဲ့ဒီကိုဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ထဲက ခင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တစ်ယောက် ကကြက်တိုက်ရတာကြိုက်ပြီး တစ်ယောက်က လက်ဝှေ့ထိုးပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စပ်တူပိုင်တဲ့လှေပေါ်မှာပဲ ရရာအလုပ် လေးလုပ်ပြီး အတူနေလေ့ရှိပြီး မိန်းမတစ်ယောက်ကိုတောင် နှစ်ယောက် မျှကြတဲ့ ညီအကိုတွေလိုခင်ကြပါတယ်။ တစ်နေ့မှာတော့ ကရီနာဆိုတဲ့ ညည့်ငှက်ကလေးနဲ့ နှစ်ယောက်သားစုံ ကြပြီး ခါတိုင်းလိုမျှဝေကြရာကနေ ညီအကိုလိုခင်တဲ့သူငယ်ချင်းတွေမှာ ညည့်ငှက်ကလေးကို ကြိုက်မိကုန်ကြပြီး သူငယ်ချင်းနှစ်ယောက်လုကြရင်း ဘယ်သူနဲ့နောက်ဆုံးမှာ ရသွားမလဲဆိုတဲ့ ဇာတ်ကြောင်းလေးကို ဇာတ် အိမ်တည်ထားတာပါ။ ဘယ်လောက်ပဲခင်ခင် ညီအကိုတွေထပ်ပိုရင်းနီး နေပါစေ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်လာတဲ့အခါ အခုလိုရန်သူ တွေပါဖြစ်နိုင်တယ်ဆိုတဲ့ message လေးကိုပေးထားတာမို့ အားလုံး ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (အဖော်အချွတ်အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်) File Size……….(2.17 GB) / (846 MB) / (529 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….momo Encoder……….SWM

6.5 2005
Lower City
[21+] SexWorld
6.2

ဆုတွေ တသီကြီးရထားတဲ့ ဆင်ဆာမဖြတ် အမေရိကန် ဘွင်းဘွင်းရှင်းရှင်း ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ လူကြီးကြိုက်ဇာတ်ကားလေးလာပါပြီ ချစ်ချင်းတရားတွေက ရိုးအီတက်လား အဲလိုပြောရင် တစ်ချို့က လက်မခံကြဘူး တစ်ချို့က လက်ခံတယ် ပြောရရင် ခုတင်ပေါ်ကကိစ္စက အဆိုးဆုံးဖြစ်နေတယ် လင်မယားတွေ အဆင်မပြေတဲ့ ဆက်ဆံရေးကို အကောင်းဆုံးဖြေရှင်းဖို့ Sex World လို့သမုတ်ထားတဲ့ နေရာလေးတစ်ခုက ရှိနေပါတယ် လေယာဉ်တစ်တန်ကားတစ်တန် လာရပြီး အရမ်းကို ကုန်ရကျိုးနပ်ပြီး ရောက်ဖူးသူတိုင်း မပြန်ချင်ဖြစ်လို့ နာမည်ကြီးနေတဲ့နေရာလေးတစ်ခု အဲဒီထဲမှာ Sex နဲ့ပက်သက်လို့အကုန်ရတယ် ဖြစ်ချင်တာသာပြောလိုက် အကုန်ရတယ်… ဘယ်လောက်တောင် လူ့အကြိုက် သရမ်းနိုင်မလဲ ဘယ်လောက်ထိ ကဲလို့ရလဲဆိုတာ DS Fans တွေအတွက် အထူးတစ်လည် တင်ဆက်လိုက်ပါတယ်

6.2 1978
[21+] SexWorld
Mad Max 2 The Road Warrior
7.6

Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒါကတော့ ဒုတိယဇာတ်ကား Mad Max 2 The Road Warrior (1981)ဇာတ်ကားပါ။ IMDb (7.6) နဲ့ Rotten Tomatoes(93%) ရရှိထားပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Road ဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။ Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။ တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ? ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။ Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။) ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။ တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ…. ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။ Imperator Furiosa ထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။ အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း? အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။ Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ IMDb Rating: 8.1/10 Rotten Tomatoes Rating: 97% ~WH~ +++++++++++++++++++++++++++++++++

Horror • Comedy
7.6 1981 96 mins
Mad Max 2 The Road Warrior
Rob-B-Hood
6.6

IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ် ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ် အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ “မွေးကင်းစကလေး” တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ သွေးစစ်ဖို့ ပို့ဆောင်ပေးရမှာပါ ဒီကနေ ထောန်နဲ့ ရေဘဝဲတို့က ကလေးကို ပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်သွားတဲ့အခါမှာ ကလေးလေးကို ဘယ်လိုအဆုံးထိ နှစ်ယောက်သား ကာကွယ်သွားကြမလဲဆိုတာကိုတော့ … အရွှန်းလည်း ဖောက် ဒရာမာလည်းပါပြီး အက်ရှင်ကားစစ်စစ်မဟုတ်တဲ့ ဟာသ ဒရာမာ အက်ရှင်ကားလေးထဲမှာ ရသစုံ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Access

6.6 2006
Rob-B-Hood
Maborosi
7.5

Maborosi (1995) ~ IMDb – 7.5/10, Rotten Tomatoes – 100% ~ Maborosi ဟာ Hirokazu Kore-eda ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်မှာ Kore-edaနဲ့ ပတ်သက်ပြီး တော်တော်လေးသိသာတာက Kore-edaဟာ သူ့ရုပ်ရှင်သက်တမ်း အစကတည်းကို အိုဇုရဲ့လွှမ်းမိုးမှု တော်တော်ကြီးခဲ့တယ်ဆိုတဲ့အချက်ပေါ့။ ဇာတ်ကတော့ ယုမိခိုဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကို ဗဟိုပြုထားတယ်။ သူ့ဘဝနဲ့ သူဆုံးရှုံးခဲ့ရသူတွေ၊ သူ့ဘဝကို သူရှေ့ဆက်ပုံတွေကို တင်ပြထားတယ်။ ဇာတ်လမ်းသွားက တကယ်ဆို ဒီလောက်ပဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒါကို Kore-eda က ဘယ်လိုလှည့်ကွက်တွေနဲ့ တင်ပြသွားလဲဆိုတာက ဒီရုပ်ရှင်ရဲ့အသက်ပဲ။ ဒီကားနာမည်က Maboroshi no Hikari သူ့ရဲ့ အကောင်းဆုံးဘာသာပြန်ကတော့ Trick of The Light အလင်းရဲ့ပရိယာယ်တဲ့။ သူ့ဆိုလိုရင်းက တံလျှပ်တော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တော့ တံလျှပ်လို့ပဲ လှလိုက်ချင်ပါတယ်။ Kore-eda က ဒီရုပ်ရှင်ကို တင်ဆက်ရာမှာ အဲဒီအလင်းကို တော်တော်သုံးသွားတယ်။ ကားကမှိုင်းပေမဲ့ ဇာတ်ဆောင်ရဲ့ စိတ်ခံစားချက်တွေကို အလင်းရောင်ကိုသုံးပြီး ပုံဖော်ထားသလို ကားတစ်ခုလုံးရဲ့ အသက်ကလည်း အဲဒီအလင်းရဲ့ပရိယာယ်နောက်ပါသွားတဲ့ ဇာတ်ဆောင်ချစ်ရတဲ့ လူတစ်ချို့ဖြစ်ခဲ့တယ်။ ၁၉၉၅ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စီနီမာတိုဂရပ်ဖီဆုလည်းရထားတော့ စီနီမာတိုဂရပ်ဖီကို Kore-eda က အလင်းနဲ့ရောပြီး ဒီကားကို ဘယ်လိုလှပစေခဲ့လဲလည်း မြင်ရလိမ့်မယ်။ ဇာတ်နဲ့ပတ်သက်ပြီး ပြောနိုင်တာကတော့ ဒီလောက်ပါပဲ။ ပုံမှန်ဆို Kore-eda ရုပ်ရှင်တွေမှာ ကျွန်တော်တို့ အိုဇုကို မြင်ရတဲ့ပုံက ဇာတ်အိမ်နဲ့ဇာတ်လမ်းမှာပဲ အမြင်ရများပေမဲ့ ဒီမှာတော့ အိုဇုရဲ့ Tatami Shot ကိုပဲ တော်တော်သုံးသွားတယ်။ နောက် အိုဇုရဲ့ Pillow Shot ဆိုတဲ့ တင်ဆက်ပုံကိုလည်း သုံးသွားတယ်။ Pillow Shot ကို အိုဇုကိုယ်တိုင်ကလည်း ဂျပန်ကဗျာက Pillow Word Makurakaotoba ဆိုတဲ့ဟန်ကနေ ယူသုံးထားတယ်။ ကဗျာရဲ့တစ်ထောက်နားနေရာဆိုတဲ့ သဘောပဲ။ အဲဒီနေရာမှာ သုံးတဲ့စကားလုံးတွေက ကျန်တဲ့ကဗျာတစ်ပုဒ်လုံးနဲ့ ဝေးလည်းဝေးကွာမသွားသလို တိုက်ရိုက်လည်းမဆက်စပ်နေတဲ့ ကဗျာကနေ တစ်ထောက်နားလိုက်တဲ့စကားလုံးတွေတဲ့။ ဆိုတော့ Maborosi မှာ Kore-eda ဟာ ဇာတ်လမ်းအမျိုးအစား၊ တင်ဆက်ပုံ၊ ရိုက်ပုံ အကုန်လုံး အိုဇုကို Homage အပြည့်ပေးထားခဲ့တယ်။ အိုဇုအငွေ့အသက်ကိုအမြင်ရဆုံး သူ့ရုပ်ရှင်လည်း ဖြစ်နေခဲ့တယ်။ အိုဇုရဲ့ Floating Weeds အဖွင့်က လှေရဲ့အသံကိုလည်း ဒီမှာ Kore-eda က ယူသုံးထားခဲ့တယ်။ တစ်ချက်ရှိတာက အိုဇုရုပ်ရှင်တွေမှာ ပါတတ်တဲ့ Kore-eda ရဲ့ ခုနောက်ပိုင်းရုပ်ရှင်တွေအထိ ပါတတ်တဲ့ ရေခဲတုံးကြီးရဲ့ အောက်ဘက်လို့ခေါ်မလား။ ဒါမှမဟုတ် ဇာတ်လမ်းရဲ့ မပြောသွားတဲ့ အပိုင်းတွေလို့ ခေါ်မလား။ အဲဒီဟာတွေပါတာက သူတို့ရုပ်ရှင်တွေကြည့်ရတာ ကျွန်တော့်အတွက် အရသာအရှိဆုံးအချက်တစ်ချက်ပါပဲ။ Maborosi မှာတော့ အဲဒီမပြောသွားတဲ့ဇာတ်လမ်းက သိသိသာသာကို ရှိနေပြီး မပြောသွားတာဖြစ်နေတယ်။ ဒီမှာ ကျွန်တော်ဝေဝါးသွားတာက ဘယ်ဟာက ပိုအားကောင်းလဲဆိုတာပါပဲ။ ဇာတ်လမ်းထဲ ပေါ့ပေါ့ပါးပါးနဲ့ ဒီတိုင်းရှိနေတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ ဇာတ်လမ်းထဲ သိသိသာသာနဲ့ ဇာတ်လမ်းတစ်ခုလုံးကို သက်ရောက်သွားတဲ့ မပြောသွားတဲ့ဇာတ်လမ်းက ပိုအားကောင်းလား။ နောက်ပိုင်းမှာတော့ Kore-eda ကိုယ်တိုင်လည်း ပထမလမ်းကိုပဲ ရွေးခဲ့ပါတယ်။ သူ့ဟာနဲ့သူတော့ ကောင်းကြပေမဲ့ မဖြစ်မနေဆိုရင်တော့ ကျွန်တော်တော့ ပထမလမ်းကိုပဲ ရွေးမိပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 440MB Quality – BluRay 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 1995 110 mins
Maborosi
Un mondo a parte A World Apart
6.5

Un mondo a parte (2024) IMDb Rating (6.5) အီတလီမှ ဒါရိုက်တာ Riccardo Milani ၏ ရေးသားပြီး ဟာသနှင့် ဒရာမာ ပေါင်းစပ်ထားသော ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်ကားက စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ အတွေးကောင်းကောင်း အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Un Mondo a Parte ၏ ဇာတ်လမ်းမှာ ဇာတ်ကောင်တွေက ပညာရေးလောကအတွင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အလှည့်အပြောင်းများနှင့် သူတို့ရဲ့ တာဝန်ယူစိတ်ကို ဖော်ပြထားတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဇာတ်ကားက Nastro d’Argento Awards နှစ်ခု ဆုရထားပါတယ်။ ပထမတစ်ခု အကောင်းဆုံး ဟာသဇာတ်ကား ဆု ဖြစ်ပြီး၊ ဒုတိယတစ်ခုက ဟာသဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆု ရထားပါတယ်။ Riccardo Milani ၏ ပုံဖော်ရိုက်ကူးထားမှု့က စိတ်ကို ခွန်အားဖြစ်စေပါတယ်။ A World Apart က 2024 ရဲ့ ဟာသနှင့် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီးတော့, စိတ်ဝင်စားဖို့ကောင်းပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:49:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Drama
6.5 2024 113 mins
Un mondo a parte A World Apart
Tom and Jerry: A Nutcracker Tale
6.3

ခရစ္စမတ်အချိန်အခါ နီးလာတာနဲ့အမျှ ကျွန်ုပ်တို့ငယ်စဉ်က သဘောကျခဲ့ရတဲ့ Tom and Jerryတို့ရဲ့ ခရစ္စမတ်ကာလ ဇာတ်ကား‌ကောင်းလေးတစ်ကားကို ပြန်ပြီးတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ဖူးသူအများစုရှိလောက်ပေမဲ့ ငယ်ဘဝအမှတ်တရအနေနဲ့ ပြန်ကြည့်နိုင်ဖို့ Quality updateပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ခရစ္စမတ်စစ်သားရုပ်ဘဲလေးပြဇာတ်ကို အရမ်းသဘောကျတဲ့ Jerryလေးတစ်ကောင် မထင်ထားတဲ့အံ့ဖွယ်မှော်အစွမ်းတစ်ခုကြောင့် သူကိုယ်တိုင် စစ်သားလေး ဖြစ်သွားသလို စံစားစရာ တိုင်းပြည်တစ်ခုကိုပါ ပိုင်ဆိုင်သွားပါတယ်။ ဒါပေမဲ့ အဲဒီမှော်အစွမ်းက Jerry ရဲ့ မဟာရန်ဘက် Tomတို့ ကြောင်အဖွဲ့ကိုပါ သက်ရောက်သွားတဲ့အခါ Jerryတို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နှင်ထုတ်ပြီး အဲဒီတိုင်းပြည်လေးကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ ဒါကြောင့် Jerry နဲ့ သူ့ရဲ့မိတ်ဆွေတစ်သိုက်တို့ Tomတို့အဖွဲ့ရဲ့လက်ထဲကနေ သူတို့ပိုင်ဆိုင်တဲ့ တိုင်းပြည်ကို ပြန်ရအောင် ကြိုးစားရပါတော့တယ်။ File Size : 1.1 GB, 540 MB Quality : Blu-Ray 1080p / 720p Running Time : 47min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.3 2007 46 mins
Tom and Jerry: A Nutcracker Tale
Polar Opposites
6.1

Polar Opposites (2025) IMDb Rating (6.1) Hallmark Channel ရဲ့ ရုပ်ရှင်ဇာတ်ကားဟာ အားလုံးကို စိတ်ဝင်စားစရာနှင့် ချစ်ခြင်းမေတ္တာအပြည့်အစုံနဲ့ ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းမှာ Emma ဆိုတဲ့ မိန်းကလေးဟာ သူ့အဖေနဲ့ ပြန်တွေဖို့အန္တာတိကပြည်ကို ခရီးထွက်ပြီး Andy ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့ဆုံလာပါတယ်။ သူတို့နှစ်ယောက်ဟာ အစပျိုးမှုကွာဟမှုများပေမယ့်၊ ခရီးစဉ်အတွင်း ပိုပြီးနားလည်လာပြီး ချစ်ခြင်းမေတ္တာတစ်ခုတည်ဆောက်ကြပါတယ်။ ဇာတ်လမ်းကတော့ စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး၊ ရုပ်ရှင်မှာ မြင်ရတဲ့ အန္တာတိက၏ ရှုခင်းလှပမှုတွေဟာ အရမ်းထူးထူးခြားခြားပါပဲ။ ဇာတ်သိမ်းမှာတော့ ချစ်ခြင်းနှင့် လူမှုရေးအခြေအနေတွေကို ပြသပြီး၊ လူတွေ အားလုံးက ပိုပြီးနားလည်လာတဲ့အခါ ဘယ်လိုချစ်ခြင်းမေတ္တာတစ်ခု ဖော်ဆောင်နိုင်သလဲဆိုတာကို ပြသပါတယ်။ Emma နဲ့ Andy တို့ရဲ့ ပုံပြင်ကတော့ ချစ်ခြင်း၊ ယုံကြည်မှု၊ နှစ်သက်မှု၊ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းဖြစ်ပြီး၊ ဒီဇာတ်ကားက အန္တာတိက ရှုခင်းလှပမှုနဲ့ လွတ်လပ်မှု့တွေကို ပေါင်းစပ်ပြီးပြထားပါတယ် ဇာတ်ကောင်တွေ ကောင်းမွန်တာကို ခံစားရသလို၊ ချစ်ခြင်းမေတ္တာနဲ့ ရင်သပ်ရှုမောမှုကိုလည်း ရနိုင်ပါတယ်။ Polar Opposites က ချစ်ခြင်းနှင့် စိတ်ဝင်စားစရာဇာတ်လမ်းကို ခံစားချင်သူတွေအတွက် အကောင်းဆုံး ရုပ်ရှင်တစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:24:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Comedy • Drama
6.1 2025 84 mins
Polar Opposites
Captain Phillips
7.9

Captain Phillips (2013) IMDb Rating (7.8) / Rotten Tomatoes (93%) ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။ အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ဝါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။ IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသောဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ … Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သင်္ဘောကြီးဟာ Oman သဘောၤဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သင်္ဘောနားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သင်္ဘောပေါ်ကိုရောက်လာခဲ့ပါတယ်… တခြားသင်္ဘောသားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သင်္ဘောကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သင်္ဘောသားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သင်္ဘောပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်… ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲဆိုတာ…။ ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်… သင်္ဘောနားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သင်္ဘောပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သင်္ဘောသား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သင်္ဘောပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သင်္ဘောသားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ).. နောက်တစ်ခန်းက သင်္ဘောစက်ပိတ်လိုက်လို့ လူဆိုးတွေက သင်္ဘောသားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်… နောက်တစ်ချက်က အသက်ကယ်သဘောၤပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ တန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေခဲ့ပါတယ်..။ (ရုပ်ရှင်အညွှန်းကို မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှ ကူးယူဖော်ပြပါသည်။)

Family • Drama • Comedy
7.9 2013 134 mins
Captain Phillips