YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Love.ft.Marriage.and.Divorce.S03E03.1080p.WEB-DL.mp4

970.98 MB N/A video/mp4 265 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hello Zindagi

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူငယ်တွေအတွက် ပညာပေးဇာတ်ကားလေးဆိုလည်း မမှားလောက်ပါဘူးနော်။ ဒီဘက်ခေတ်မှာ နည်းပညာတွေမြင့်တက်လာတာနဲ့အမျှ လူငယ်တွေဟာ လောကကြီးရဲ့အလှတရားတွေကို သဘာဝတရားကြီးမှာ ရှာဖွေမနေကြတော့ဘဲ မိုဘိုင်းဖုန်းကမ္ဘာထဲမှာပဲ မိန်းမလှလေးတွေကို ရှာဖွေနေကြပါတယ်။ တချို့မိန်းကလေးတွေဆိုရင် လိုက်ခ်တစ်ခု ကော်မန့်တစ်ခုရဖို့အတွက် အဖေါ်အချွတ်တွေတောင်လုပ်ဖို့ ဝန်မလေးကြပါဘူး။ ဒီဇာတ်လမ်းလေးက ဆိုရှယ်မီဒီယာကို တအားစွဲလမ်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ ဒီရှားဟာ သူ့တစ်နေ့တာလုပ်ငန်းစဉ်ဘဝကို ဆိုရှယ်မီဒီယာပေါ် အမြဲတင်လေ့ရှိတော့ ဖခင်ဖြစ်သူဟာ သမီးအတွက် လွန်စွာစိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒီတော့ သူ့သမီးက သူပြောတဲ့အတိုင်းခရီးတစ်ခုကို တစ်ယောက်တည်းထွက်ပေးမယ်ဆိုရင် သမီးဖြစ်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုပြီး စည်းကမ်းချက်တစ်ခုသတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာ စမတ်ဖုန်းလုံးဝ ယူသွားခွင့်မပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဒီရှားတစ်ယောက် ခရီးလမ်းမှာ ကြုံတွေ့ရမယ့်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ...။ လောကရဲ့အလှစစ်ကို ရှာဖွေတွေ့ရှိခဲ့သလား...။ ဘယ်သူတွေနဲ့ ကြုံဆုံရဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးကြပါဦးနော်။ File size…2.16GB / 971MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Thriller
0 2022 114 mins
Hello Zindagi
Bubble

ဒီနေ့မှာတော့ Trailer စထွက်ကတည်းက ထိပ်ထိပ်ကြဲတွေနဲ့ ဆရာ့ဆရာကြီးတွေကို တစ်စုတစ်စည်းထဲမြင်ခဲ့ရလို့ ပရိသတ်ရဲ့စိတ်ဝင်စားမှုအများဆုံးခံခဲ့ရပြီး Rating ကောင်းတဲ့ Netflix က အလန်းစား Anime တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အရင်ဆုံး ဒီကားကိုကြည့်ကိုကြည့်သင့်တဲ့ ပထမဆုံးအချက်က နာမည်ကြီး Anime တွေဖြစ်တဲ့ (Attack on Titan) တို့ (Vinland Saga) တို့ကိုဖန်တီးပေးခဲ့တဲ့ Wit Studio ကထုတ်တာဖြစ်တဲ့အတွက်ပါပဲ။ ဒါ့အပြင် ဇာတ်ကောင်ဒီဇိုင်းကို (Death Note) ရဲ့ Illustrator က ရေးဆွဲပေးထားပြီး AOT Director ကြီးရဲ့လက်ရာဆိုတော့ ဒီဇိုင်းကာလာ ဘာညာအနေအထားက ဘယ်လောက်ထိအမိုက်စားဖြစ်နေမလဲဆိုတာ ခန့်မှန်းကြည့်လို့ရနေပါပြီ။ BG music အပိုင်းနဲ့ Theme song ကိုတော့ AOT ရဲ့တေးရေးဆရာဖြစ်တဲ့ Hiroyuki Sawano နဲ့ (Jujutsu Kaisen) ရဲ့ OP ကိုသီဆိုပေးခဲ့တဲ့ Eve တို့ဆိုတော့ ကောင်းမကောင်းဆိုတာ ပြောစရာတောင်မလိုတော့ဘူးနော်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့.... တိုကျိုမြို့ကြီးမှာ ကမ္ဘာမြေဆွဲအားကိုဆန့်ကျင်တဲ့ ပူဖောင်းတွေ မြေပေါ်ကျလာတဲ့အခိုက်အတန့်ကစလို့ တိုကျိုဟာသီးခြားကမ္ဘာတစ်ခုလိုဖြစ်လာပြီး မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ လူငယ်တွေအတွက် စွန့်စားခန်းတွေပြည့်နှက်နေတဲ့ ကစားကွင်းကြီးတစ်ခုလိုဖြစ်လာပါတော့တယ်။ အဲ့ဒီလူငယ်တွေထဲကမှ သူမတူတဲ့စတိုင်၊ အန္တရာယ်များတဲ့အကွက်တွေနဲ့ ကစားတတ်တဲ့ ဟီဘိခိ ဆိုတဲ့ကောင်လေးဟာ တစ်နေ့မှာသူ့အသက်ကို ဆန်းကြယ်တဲ့အစွမ်းတွေရှိနေတဲ့ အုတ ဆိုတဲ့ကောင်မလေးရဲ့ ကယ်တင်ခံလိုက်ရပြီးနောက် ထူးခြားတဲ့အသံတစ်ခုကို သူတို့နှစ်ဦးတည်းသာ ကြားနိုင်မှန်းသိရှိသွားတဲ့အခါ... သူတို့နှစ်ဦးရဲ့ ဆုံစည်းမှုကနေ ကမ္ဘာကြီးကိုတစ်ဖန်ပြောင်းလဲနိုင်မှာလား...? ဆိုတော့ကာ အများကြီးညွှန်းမနေတော့ပါဘူး။ Japan Animation လောကထဲက ထိပ်တန်းအနုပညာရှင်၊အတတ်ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့လက်ရာတစ်ခုကို ကြည့်ရမယ့်အခွင့်အရေးကိုသာ လက်လွှတ်မခံကြပါနဲ့လို့ အကြံပြုရင်း... အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Piwnt Phyu ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Animation Quality….WEB-DL 1080p and 720p File size…1.79GB and 742MB and 288MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama • Family
0 2022 2 mins
Bubble
North Hollywood
5.7

ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။ rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။ comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ ဇာတ်လမ်းအကျဉ်း ================== လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့ မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ် ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။ သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကို အထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့ စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရ အဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကို ပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
5.7 2021 94 mins
North Hollywood
When a Stranger Calls
5.7

"Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ကလေးငယ်နှစ်ယောက်ကို ကလေးထိန်းလက်သစ်ဖြစ်သူ ဂျေးလ် လက်ထဲအပ်ပြီး ညစာစားပွဲကို ထွက်ခွာသွားကြပါတယ်။ ရည်းစားဖြစ်သူ ဘော်ဘီနဲ့ နားလည်မှုလွဲပြီး စိတ်လေနေတဲ့ ဂျေးလ်ဟာ ထိုအိမ်မှာ ရှိနေစဥ်အချိန်အတွင်း လူစိမ်းတစ်ယောက်ရဲ့ ဖုန်းခေါ်အနှောင့်အယှက်ပေးမှုကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာရသောအခါ... ထို အမည်မသိဖုန်းသရဲ ရဲ့ ရည်ရွယ်ချက်... ဂျေးလ်နဲ့ သူထိန်းရမယ့် ကလေးတွေ ကျရောက်လာမယ့် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလား... ဆိုတာတွေကို လက်​​တွေ့ သိရှိ​စေဖို့ "When a stranger calls" လို့အမည်ရတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားကြပါစို့။ File size…1.51GB / 543.5MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 27m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Action • Adventure • Fantasy
5.7 2006 87 mins
When a Stranger Calls
47 Meters Down
5.8

မက်ဆီကိုနိုင်ငံကို အလည်ထွက်လာတဲ့ ညီအမနှစ်ယောက် ငါးမန်းသွားကြည့်ဖို့ ပင်လယ်ထဲ ထွက်လာခဲ့တယ်။ ဖြစ်ချင်တော့ သူတို့အလှည့်ရောက်မှ ငါးမန်းလှောင်အိမ်က ကြိုးပျက်ပြီး သမုဒ္ဒရာအောက်ခြေ ၄ရမီတာကို ကျသွားကာ သူတို့ ပိတ်မိသွားခဲ့တော့တယ်။ လေO2ကလဲ တစ်နာရီစာလောက်ပဲကျန်တော့တယ် ပြီးတော့ ကြီးမားတဲ့ငါးမန်းဖြူကြီးတွေကလဲ အနားမှာ ပတ်လည်ဝိုင်းနေတာ သူတို့ ရှင်သန်ဖို့က တိုက်ခိုက်မှရမယ်။ ကြားထဲ လှေနဲ့ အရမ်းဝေးလွန်းသွားတော့ အဆက်အသွယ်လုပ်တဲ့စက်က အလုပ်မလုပ်တော့ဘူး။ သူတို့ ဘယ်လို ဆက်သွယ်ဖို့ကြိုးစားကြမလဲ??? ငါးမန်းတွေရန်ကို ဘယ်လို တိုက်ခိုက်ကြမှာလဲ??? သူတို့ အသက်ရှင်မှာလား??? ဒါမှမဟုတ် ငါးမန်းစာပဲ ဖြစ်သွားမလား??? ဆိုတာကို စောင့်ကြည့်ရအောင်(ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 35min Format : Mp4 Genre : Adventure, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Luna Encode by Jessica

Drama
5.8 2017 89 mins
47 Meters Down
Cop Secret
6.6

Cop Secret (2021) (1080p ရပါပြီ) Iceland ရဲတပ်ဖွဲ့ရဲ့ ခေါင်းအမာဆုံး ရဲ ဖြစ်တဲ့ ဘူစီနဲ့ ဟော်ဒါတို့အတူ ဓားပြတိုက်မှုတွေကျူးလွန်ထားတဲ့ အဖွဲ့တစ်ခုကို အတူစုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်ဓားပြအဖွဲ့က ခေါင်းဆောင်ဖြစ်သူ ရီကီကလည်း ထင်မထားစရာပရောဂျက်ကြီးတွေနဲ့ လောကကိုချုပ်ကိုင်ဖို့စီစဉ်ထားသူတစ်ဦးဖြစ်တာမို့ လွယ်ကူလှတဲ့ မစ်ရှင်တော့မဟုတ်ပါဘူး။ အကြင်နာတရားမဲ့တဲ့ ရီကီရဲ့ လုပ်ငန်းအစီအစဉ်တွေကို သူတို့နှစ်ဦးအပါ ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားတားမြစ်မလဲ? ထောင်သောင်းချီတဲ့ ပြည်သူတွေကိုရော ရီကီလက်ထဲကကယ်ထုတ်နိုင်ပါ့မလား? ဆိုတာကိုတော့ ခေါင်းဆောင်မင်းသမီးတစ်လက်မှမပါဘဲ ဘဲကြီးနှစ်ယောက်တင် တအားချစ်ကြတဲ့ ဇာတ်လမ်းကောင်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size : 2.1GB, 656MB, 318MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 38mins Genre : Action, Comedy Translated by Hae Areum Encoded by Kinnov

Thriller
6.6 2021 100 mins
Cop Secret
Bird Box Barcelona

Bird Box Barcelona (2023) ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။ နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။ သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Sci-fi Quality…. 1080p | 720p File size… 1.6GB | 832MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

0 2023
Bird Box Barcelona
VII XII (Tujuh-Dua Belas)

ဒီတစ်ခါမှာတော့ Action, Adventure, Crime movie လေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးကဝောာ့ မလေးရှားမှာ ကလေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းဝယ်တဲ့အဖွဲ့ သောင်းကျန်းနေတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်ပါတယ် အဒမ်ဆိုတဲ့ကောင်လေးဟာ အဖေရော အမေရော တစ်ခါတည်း ဆုံးရှုံးလိုက်ရပါတယ် သူ့အဖေရဲ့ သေတမ်းစာအရ သူဟာ အ‌မွေတွေအကုန်လုံးကိုရရှိသွားပြီး သူ 18 နှစ်မပြည့်ခင်အထိ သူ့ဒေါ်လေး ဆာဖီယာရဲ့ အစောင့်အရှောက်အောက်မှာနေရမှာပါ တစ်ရက်မှာတော့ အဒမ်တစ်ယောက် လမ်းမှာ လူဆိုးတွေပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် ဆာဖီယာကိုလည်း ရဲတိုင်ရင် အဒမ်သေမယ်လို့ ခြိမ်းခြောက်သွားပါသေးတယ် သူ့အဒေါ် ဆာဖီယာဟာဆိုရင်လည်း သာမာန်လူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ်ခံပညာရှင် အားကစားသမားတစ်ယောက်ပါ ဒီလိုနဲ့ ဆာဖီယာတစ်ယောက် ပြန်ပေးဆွဲသမားတွေလက်ထဲက တူလေး အဒမ်ကို လိုက်ကယ်ပါတော့တယ် သူ့ရဲ့တူလေးကို ကယ်တင်နိုင်သွားမှာလား ဆာဖီယာတစ်ယောက် ဘယ်လို‌အခက်အခဲတွေကြုံလာရမလဲဆိုတာကတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.3 GB)/(726 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
VII XII (Tujuh-Dua Belas)
Tomb Keeper
5.9

ဒီဇာတ်လမ်းလေးတော့ နာမည်အတိုင်း သင်္ချိုင်းစောင့်တွေရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် ။ ဇာတ်လမ်းမှာထူးခြားတာက ဒီကားထဲက သင်္ချိုင်းစောင့်နေတာ ရိုးရိုးမြေပြင်ပေါ်က သင်္ချိုင်းတွေကို စောင့်တာမဟုတ်ဘဲ ရေဘေးကြောင့်နဲ့နစ်မြစ်သွားရတဲ့ ရေထဲက သင်္ချိုင်းတွေကို စောင့်ကြပ်ကြတာပဲဖြစ်ပါတယ် ။ ရှေးဟောင်းသင်္ချိုင်းတွေနစ်မြုပ်နေတဲ့နေရာက မြစ်ဝါမြစ်ရဲ့ ကြမ်းအောက်ခြေမှာဖြစ်ပြီး ထိုမြစ်ဝါမြစ်မှာ အလုပ်လုပ်ပြီး ဘိုးဘေးအမွေတွေကို ဆက်ခံနေတဲ့ သင်္ဘောဂိုဏ်းတစ်ဂိုဏ်းကလည်းရှိနေပါတယ် ။ အဲ့ဒီသင်္ဘောဂိုဏ်းမှာက ထောင်ရှား ( ရွှေကျင်တဲ့အဖွဲ့ ) , မြစ်ထဲကအလောင်းဆယ်ယူတဲ့အဖွဲ့နဲ့ ‌အလောင်းမြှပ်ပြီး သင်္ချိုင်းစောင့်အဖွဲ့ဆိုပြီးလေးဖွဲ့ရှိပါတယ် ။ မြစ်ဝါမြစ်ရဲ့လျို့ဝှက်ချက်တွေကဘယ်အရာတွေဖြစ်နိုင်မလဲ ဘယ်လိုမျိုးအန္တရာယ်တွေရှိနိုင်လဲ…သင်္ချိုင်းစောင့်အဖွဲ့ တွေကြားထဲက ပတ်သတ်မှုတွေကရောဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပါ CGI တွေလည်းတကယ်ကောင်းပြီး တရုတ်ရိုးရာ ပြင်္ကဒိန်ကခုနှစ်လတွေနဲ့ လုပ်ထားတဲ့ စက်ယန္တယားတွေ တခြားစိတ်ဝင်စားစရာ ရာဇဝင်တွေရော အစုံပါပါသေးတယ်။ ဆိုတော့ ‌ဇာတ်လမ်းကစလယ်ဆုံးဟာကွက်မရှိလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ချင်ပါတယ်

Comedy
5.9 2023
Tomb Keeper
Persona : Sulli
8.8

‘Persona: Sulli’ အညွှန်း အခုအချိန်ထိ ရင်ထဲမှာတသသနဲ့ လွမ်းဆွတ်ရဆဲဖြစ်တဲ့ နတ်သမီးမလေး Sulli (or) ချွဲဂျင်လီရဲ့ ဘဝခရီးကို Documentary အဖြစ် ဖန်တီးထားတဲ့ “Persona: Sulli” ဆိုတဲ့ documentary film လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အောင်မြင်မှုရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ရင်ဆိုင်ရတဲ့အမျိုးသမီးလေးတစ်ယောက်အကြောင်း ၊ လူထုရဲ့မျက်စိရှေ့မှာ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ရောက်ရှိသွားခဲ့တဲ့ အတွေ့အကြုံတွေ ခံစားချက်တွေအကြောင်း..။ ဒါလေးကိုကြည့်ခြင်းအားဖြင့် Sulli ဆိုတဲ့ကောင်မလေး ကြုံတွေ့ခဲ့ရတဲ့ ရှုပ်ထွေးတဲ့ ဘဝအလွှာအထပ်ထပ်တွေ ၊ အောင်မြင်မှုရဲ့ဖိအားတွေ ၊ သူနဲ့မကိုက်ညီခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံသေသတ်မှတ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ ၊ social phobia နဲ့ cyberbullying အစရှိတာတွေကို ခံစားနားလည်လာရမှာပါ။ ချွဲဂျင်လီ (သို့) Stage Name Sulli လို့ခေါ်တဲ့ K-pop idol ကောင်မလေးရဲ့ ဘဝခရီးကို ပုံဖော်ထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးဟာ Sulli ကို ချစ်ခင်ပြီး နက်နက်ရှိုင်းရှိုင်းနားလည်ချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်နော်။ အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre….. Documentary Quality…. 1080p | 720p File size… 1.1GB| 513MB Format… mp4 Duration…. 2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin and Cali Encoder ….. Aaron

8.8 2023 101 mins
Persona : Sulli
The Homesman
6.6

The Homesman (2014) ~ IMDb – 6.6/10, RT – 81%, Meta – 68% ~ ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။ Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။ ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့‌ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ ‌အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။ မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။ ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း ‌သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစဉ်မဲ့ ကိုယ်စီရူးသွပ်မှုနဲ့ လူ ၂ ယောက်။ ရုပ်ရှင်နာမည်အရတော့ ယောက်ျားတစ်ယောက်အကြောင်းလို့ထင်ရက်စရာရှိပေမဲ့ ဒါက အမျိုးသမီးတွေကို ဦးတည်ထားတာပဲ။ Tommy Lee Jones က အဓိကဇာတ်ဆောင်အနေနဲ့ ပါတယ်ဆိုရင်တောင် Hilary Swank နဲ့ယှဉ်လိုက်ရင် Sidekick တယောက်လိုဖြစ်သွားတယ်။ Western ရုပ်ရှင်တွေမှာ ဒီလို အမျိုးသမီးဇာတ်ကောင်ကို တည်ရိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ။ ‌အဲဒီခေတ်ရဲ့ ကောင်းဘွိုင်ကြီးတွေကြားက အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်ဆိုရင် ပိုလို့တောင်ရှားသေးတယ်။ ဒီရုပ်ရှင်က သာမန် Western Genre ကနေကွဲထွက်ပြီး အမျိုးသမီးတွေရဲ့ ရပ်တည်နိုင်စွမ်းကိုအဓိကထားထားတယ်။ ဇာတ်ကောင်တွေကို အသေးစိတ် ဒါကြောင့် ဒီလိုဖြစ်တာလို့မပြောခဲ့ဘဲ အရိပ်အမြွက်လေးတွေပြရင်း သူက ဒါတွေကြုံခဲ့လို့ပါလား လို့ သွယ်ဝိုက်ပြောပြတာမျိုးပဲ။ အသံပိုင်းကိုတော့ သိပ်အားမရတဲ့အခါတွေရှိပေမဲ့ ဇာတ်လမ်း ၂ နာရီအတွင်းမှာ Cinematography ကောင်းကောင်းလေးကို အဝကြည့်ရတာနဲ့တင် ကြည့်ပျော်ပါတယ်။ ဇာတ်သိမ်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်လေးတစ်ခုပေးပါလိမ့်မယ်။ အရူး ၃ ယောက်ကစတဲ့ဇာတ်လမ်းဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့လည်း တမျိုးစီ ရူးနေကြတာပဲမဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 2Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.6 2014
The Homesman
Whale Rider
7.5

Mulan 2020 ဇာတ်ကားနဲ့ပဲ Best Director ဆုရရှိခဲ့တဲ့ နယူးဇီလန် ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး၊ နယူးဇီလန် မင်းသားကြီး Cliff Curtis နဲ့၊ GOT ထဲက ဒွန်း နိုင်ငံက ကီရှာ နေရာမှာ သရုပ်ဆောင်ထားတဲ့ နယူးဇီလန် မင်းသမီးချောလေး Keisha Castle-Hughes ကို သူ့ရဲ့ငယ်ရုပ်လေးနဲ့ ကြည့်ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း Best Actress in a Leading Role အော်စကာဆု ရရှိခဲ့ပြီး တခြားဆုပေါင်းမှားစွာလည်းရရှိထားတဲ့ Drama/Family ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်ကတော့ နယူးဇီလန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒဏ္ဍာရီလာ ဝမ်ဂရာ လူမျိုးတွေအကြောင်းရိုက်ကူးထားတာပါ ကနူးလှေနစ်မြှပ်ပြီး ဝေလငါးတစ်ကောင်က ကျောပေါ်တင်ပြီး ကမ်းစပ်ကိုပို့ပေးခဲ့လို့ သေဘေးကနေလွှတ်မြောက်ခဲ့တဲ့ ရှေးဦးလူတို့ဖန်ဆင်းပေးခဲ့တဲ့ ပိုက်ကီယာ ဆိုတဲ့ ဝမ်ဂရာ လူမျိုးတွေရဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်….. ပိုက်ကီယာ ကို အစွဲပြုပြီးတော့ သားဦးယောက်ျားလေးတိုင်းဟာ ပိုက်ကီယာ ရဲ့ အမွေဆက်ခံသူအနေနဲ့ အလေးထားသတ်မှတ်ပြီး လူမျိုးစုကို ဦးဆောင်နိုင်မယ့်သူဆိုပြီး ယုံကြည်ထားကြတာပေါ့……. ဒီလို သားဦးယောက်ျားလေးပဲဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကနေ…. တစ်နေ့မှာတော့ ပိုက်ကီယာ လို့နာမည်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဟာ ဒီလိုအရိုးစွဲနေတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုရဲ့အမြင်တွေကြားမှာ ဘယ်လိုရုန်းကန်ရဦးမလဲဆိုတာကိုတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.5 2002
Whale Rider
Reverse the Curse

2023 ထွက် ဒီရုပ်ရှင်ကားလေးကတော့ အဖေနဲ့ သား ဆက်ဆံရေးကို ဘေ့စ်ဘောနောက်ခံလေးနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ Cast တွေကတော့ David Duchovny, Stephanie Beatriz, Logan Marshall-Green တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အဖေနေရာက သရုပ်ဆောင် David Duchovyရဲ့ ဝတ္ထု ကို သူကိုယ်တိုင်ပဲ Direct လုပ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း အနေနဲ့ Marty ဟာ အဆုတ်ကင်ဆာကို ခံစားနေရပြီး အသက်ရှင်ဖို့လည်း သိပ်မကျန်တော့ပါဘူး။ သူက ဘေ့စ်ဘောအသင်း Boston Red Sox ကို အရူးအမူး အားပေးပေမယ့် Red Sox ဟာ ချန်ပီယံ မရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ သူ့သားဖြစ်သူ Teddy ဟာ Red Sox တွေရဲ့ ပြိုင်ဘက် Yankees တွေရဲ့ ရုံမှာ မြေပဲ လိုက်ရောင်းပြီး စာရေးဆရာ ဖြစ်ဖို့ ကြိုးစားနေသူပါ။ အဖေ နဲ့ သားက စကားမပြော အဆက်အသွယ်မလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး Marty ရဲ့ nurse ဖြစ်တဲ့ Mariana က Teddy ကို ဖုန်းဆက်ပြောမှ အဖေဖြစ်သူ Cancer ဖြစ်နေမှန်း သိရတာပါ။ ဒီလိုနဲ့ Teddy က ဖခင်ဖြစ်သူ နဲ့ အတူ သွားနေရင်း Mariana နဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Teddy သိလာတာက Marty ရဲ့ ကျန်းမာရေးက Red Sox အသင်းရဲ့ အနိုင် အရှုံးနဲ့ ဆက်စပ်နေတယ် ဆိုတာပါပဲ။ Red Sox အသင်းကလည်း အရှုံးများနေတဲ့အတွက် Teddyက သူ့အဖေ ကျန်းမာရေး ကောင်းအောင် လှည့်ကွက်တွေ အမျိုးမျိုးသုံးရပါတော့တယ်။ သားရဲ့ ဘဝမှာ ပျက်ကွက်ခဲ့မိတဲ့ အဖေနဲ့ အဲ့ဒီအတွက် အဖေ့ကို အပြစ်ပေးပြီး ရှောင်ဖယ်နေခဲ့တဲ့ သားရဲ့ ဆက်ဆံရေးက ဝမ်းနည်းစရာလည်း ကောင်းပြီး ကြည်နူးစရာလည်းကောင်းတာမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Reverse the Curse