YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) His.Dark.Materials.S01E01.1080p.BluRay.mp4

589.48 MB N/A video/mp4 1388 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wolf and the Lion
7.5

မိသားစုနဲ့ကြည့်လို့ရပြီး တိချစ်သူတွေ သဘောကျစေမယ့် ကားကောင်းပါ။ အယ်မာဆိုတဲ့ ‌ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ထဲကို လေယာဉ်ပျက်ကျပြီး ဆပ်ကပ်ပိုင် နှင်းမြေခွေးလေးနဲ့ ခြင်္သေ့ပေါက်လေးရောက်လာပါတယ်။ နှင်းမြေခွေးလေးက မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်ဖြစ်ပြီး ‌တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ရှာနေတာဖြစ်ပါတယ်။ ခြင်္သေ့ပေါက်လေးဟာလည်း ဆပ်ကပ်ပိုင်ဖြစ်ပြီး ဆပ်ကပ်အဖွဲ့က အပူတပြင်းလိုက်ရှာနေတာပါ။ သူတို့ နှစ်ယောက်ကို အယ်မာဟာ သံယောဇဉ်တွယ်သွားပြီး ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကနေဒါနိုင်ငံရဲ့ တောအုပ်ကြီးထဲမှာ ရိုက်ကူးထားပြီး သဘာ၀ရှုခင်းရိုက်ချက်တွေလည်း အရမ်းလှပါတယ်။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်) File size…(2.5GB)/(1.3GB)/(800MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Adventure/ Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing

Action • Crime • Drama
7.5 2021 99 mins
The Wolf and the Lion
Son of Satyamurthy
6.7

ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်... အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ... ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။ Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။ File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu

Crime • Drama
6.7 2015 162 mins
Son of Satyamurthy
Good Time
7.2

IMDb - 7.4/10_____Rotten - 92% Rating 7.4 ထိရထားတဲ့ Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။ (ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (852 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Comedy
7.2 2017 102 mins
Good Time
Chopper
7.1

ဒီဇာတ်ကားကတေ့ာသြစတေးလျလူမိုက် ချော့ပါ ရိဒ်ရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။အမေရိကမှာ အယ်ကပုန်း အင်္ဂလန်မှာ ကရေးညီနောင်တို့လိုပဲ သြစတေးလျမှာအပီအပြင်ကြမ်းခဲ့တဲ့လူမိုက်ကြီးပါ။သြစတေးလျရဲ့ရောင်းအားအကောင်းဆုံးဖြစ်တဲ့ From The Insideဆိုတဲ့ Chopperကြီးရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကိုအခြေတည်ပြီးရိုက်ကူးထားပါတယ်။ဆိုးသွမ်းတဲ့ပြစ်မှုတွေကျူးလွန်သလောက် သူ့ချစ်ခင်သူ သူငယ်ချင်းတွေအပေါ်ဘယ်လိုအနစ်နာခံပုံ၊သူ့ရဲဉာဏ်ကောင်းပုံနဲ့အကွက်ရွှေ့တတ်ပုံတွေကိုလည်းမြင်တွေ့ရမှာပါ။ဖြစ်ရပ်မှန်လူမိုက်ကားရှာနေတဲ့ပရိသတ်ကြီးတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။Chopper ကြီးရဲ့နေရာကနေတော့ Hulkမင်းသားကြီးEric Banaကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.07 GB / 449.5 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

7.1 2000 94 mins
Chopper
Ripper’s Revenge
5.3

လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအကြောင်း ရေးထားပါတယ်။ နောက်တစ်နေ့မနက်မှာလည်း စာထဲက ရေးထားတဲ့နေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားပါတယ်။ စာထဲမှာလည်း လူသတ်သမားက သူ့လူသတ်မှုတွေကြောင်းကို ရှေ့ဆုံးစာမျက်နှာမှာ ထည့်ရေးစေချင်တယ်လို့ ပြောထားပါတယ်။ စာတွေ ထပ်ရောက်လာပြီး လူသတ်မှုတွေ ထပ်ဖြစ်လာချိန်မှာတော့ ဆီဘက်ရှန်တစ်ယောက် စုံစမ်းရပါပြီ။ စာတွေအကြောင်း သတင်းထည့်ရေးပြီး သူ့ငွေကြေး အကြပ်အတည်းကို လွယ်လွယ်ပဲ ဖြေရှင်းလိုက်မလား လူသတ်သမား လိုချင်တဲ့ လူထုအာရုံစိုက်မှု မရအောင် မရေးဘဲနေမလား ဝေခွဲမရဖြစ်နေပါပြီ။ အမှုကို ထပ်ပြီးတူးဆွလိုက်တဲ့အခါမှာတော့ အမှန်တရားဟာ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာ တွေ့လိုက်ရပါတယ်။ ထင်မထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(950 MB)/(400 MB)/(220 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Twe

5.3 2023
Ripper’s Revenge
My Mom’s New Boyfriend
5.2

My Mom’s New Boyfriend (2008) ဒီကားလေးကတော့ Romance Comedy ရောထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေနဲ့ အပျင်းပြေ ကြည့်ရှုလို့ရမှာပါ။ တစ်ခေတ်တစ်ခါရဲ့ Romcom Queen တစ်ပါးဖြစ်ခဲ့တဲ့ Meg Ryan နဲ့ ဇောရိုးမင်းသားကြီး Antonio Banderas ပါတဲ့အပြင် Selma Blair နဲ့ Tom Hanks ရဲ့သား Colin Hanks တို့ပါ ပါဝင်ထားလို့ လူစုံတက်စုံလို့ ပြောရမှာပါပဲ။ လူငယ် FBI Agent တစ်ယောက်ဖြစ်တဲ့ ဟင်နရီက ၃နှစ် ကွင်းဆင်းပြီးတော့ အမေ့အိမ်ကို ပြန်ရောက်လာတာကနေစပါတယ်။ အဲဒီအချိန်မှာ အရင်က ဝတုတ်ကြီးဖြစ်ခဲ့တဲ့ သူ့အမေက ဝိတ်တွေကျ၊ ပိန်ပိန်ပါးပါး၊ ခန္ဓာကိုယ်လှလှ၊ စမတ်ကျကျနဲ့ စော်အလန်းတပွေဖြစ်နေပြီး ဘဲတွေထည်လဲတွဲနေတဲ့ အမိုက်စားလေးပေါ့။ ဟင်နရီတို့စုံတွဲ အိမ်ရောက်ပြီး တစ်ရက်အတွင်းမှာပဲ သူ့အမေ မာတီက တွမ်မီဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ပြီး ရင်းနှီးသွားတယ်။ တွမ်မီက စီးပွားရေးအကြံပေး ဟန်ဆောင်ထားတဲ့ နိုင်ငံတကာ အနုပညာလက်ရာ သူခိုးတစ်ယောက်ဖြစ်ပြီး သူတို့မြို့မှာရောက်နေတဲ့ ဘာနီနီ ကျောက်ဆစ်ရုပ်ကို ခိုးယူဖို့ ကြိုးစားနေတာပါ။ မာတီနဲ့ တွမ်မီနဲ့ ကြိုက်နေတဲ့အချိန်မှာမှ တွမ်မီ သူခိုးဆိုတာကို ဟင်နရီသိသွားတယ်။ သူ့အထက်လူကြီးတွေက တွမ်မီတို့ ရုပ်ထုခိုးမယ့်အကြံကို တားဆီးပြီး တွမ်မီကို ဖမ်းချင်လို့ တွမ်မီနဲ့ သူ့အမေကို စောင့်ကြည့်ဖို့ ဟင်နရီကို တာဝန်ပေးလိုက်တယ်။ အချစ် ဥပဒေအမိန့် သားသမီးသံယောဇဉ်တွေ ရောယှက်ရှုပ်ထွေးကုန်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ… သူ့အမေအိပ်ခန်းထဲ အသံဖမ်းစက်တပ်ပြီး ခိုးနားထောင်တာကနေ မဟုတ်ကဟုတ်ကအသံတွေ ကြားကုန်တာတွေရော… အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရင်း ရယ်မောလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 655MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 59Min Genre – Comedy, Crime, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

5.2 2008 97 mins
My Mom’s New Boyfriend
Coraline
7.7

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ… လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်… စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့… သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်… တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်… ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့… ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ… ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်… မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်… လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…

7.7 2009
Coraline
What Happens Later
5

What Happens Later (2023) Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You’ve Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ The X-Files စီးရီးရဲ့ မင်းသားကြီး David Duchovny ပါ။ ဇာတ်လမ်းကတော့ အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာက‌တော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ… အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။ နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 875MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 43Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 104 mins
What Happens Later
Candy Cane Lane

Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ – ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ကျင်းပဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ပဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သူတွေထဲက အနိုင်ရရှိသူကတော့ ဒေါ်လာ ၁သိန်း ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ ခရစ်လည်း ဒေါ်လာ ၁သိန်း ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒါပေမယ့် အနိုင်ရရှိဖို့လုပ်ရာကနေ မကောင်းတဲ့ နတ်သူငယ် တစ်ယောက်နဲ့ အပေးယူ လုပ်မိပါတော့တယ်။ ထိုအပေးယူကို မလုပ်နိုင်ခဲ့ရင် ခရစ်တစ်ယောက် ကျိန်စာမိပြီး Legoအရုပ်လေးတွေလို အရုပ်အဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားရတော့မှာပါ။ ခရစ်တစ်ယောက် အရုပ်အဖြစ် အပြောင်းမခံရအောင် နတ်သူငယ် ပက်ပါ ​ခိုင်းသလို လက်စွပ်တွေကို ရှာရပါတော့တယ်။ ခရစ်တစ်ယောက် အပေးယူအတိုင်း လက်စွပ်တွေကို ရှာနိုင်သွားမလား …. ဒါမှမဟုတ် Legoအရုပ်အဖြစ်ပဲ ပြောင်းသွားမလား ….. ခရစ္စမတ်ရဲ့ အမှန်တကယ် အနှစ်သာရကိုရော ရှာဖွေတွေ့ရှိသွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ရှု့လို့ကောင်းပြီး ခရစ္စမတ်ကာလနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် မိသားစုနဲ့ပဲအဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ချစ်ရသူလေးနဲ့ပဲအဖြစ်ဖြစ် ကြည့်ရှု့ဖို့ သင့်တော်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.1 GB) Quality…. 720p Format…mp4 Duration….02:00:00 Genre…Comedy, Fantasy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Drama
0 2023
Candy Cane Lane
Remember Me
6.3

Remember Me ဆိုတဲ့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် သားတစ်ယောက်ကို ဆုံးရှုံးပြီး သားသေတာနဲ့ နောက်ယောက်ျားနောက်လိုက်ပြေးသွားတဲ့ ချွေးမလက်ထဲကို သူ့မြေးမလေး ကျားရိကို မထည့်ပေးခဲ့တဲ့ အဖွားအတွက်… ဘဝကို အဖွားတစ်ခု မြေးမလေးတစ်ခု ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ… မြို့ထဲ အင်္ကျီဝယ်ရင်း မြေးမလေးကို ပျောက်သွားခဲ့တယ်… တစ်ခါပျောက်တာ အနှစ် ၂၀ ကြာသွားခဲ့တယ်… ကျားရိကို ပြန်ရှာတွေ့ချိန်မှာ ကျားရိက ဘာကြောင့်လည်းတော့မသိ ခိုးတတ်ဝှက်တတ်တဲ့ ကလေကချေမလေးဖြစ်နေခဲ့တာပေါ့… သူနဲ့ခင်တဲ့ သူငယ်ချင်းဆိုးတွေလက်ထဲက ထွက်ပြေးလာနိုင်ခဲ့ချိန်မှာ အဖွားနဲ့ ပြန်ဆုံခဲ့တယ်… ကျားရိက တကယ် ဖွားဖွားရှာနေတဲ့ကျားရိပဲလား… သူတို့ပြန်ဆုံတော့ ဘာတွေဖြစ်မှာလဲ… ကျားရိတစ်ချိန်က ခင်ခဲ့တဲ့ သူငယ်ချင်းဆိုးတွေကရော ဘာတွေလုပ်ဦးမှာလဲ… နှလုံးသားရှိတဲ့သူတိုင်း ငိုမိမှာမို့ တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့

Science Fiction • Horror
6.3 2024
Remember Me
A House in Jerusalem
6.9

ဒီတစ်ခါ cm ပရိသတ်ကြီးကို ဆယ်ကျော်သက် ဒရာမာကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB မှာ Rating 6.9 အထိ ရရှိထားပြီး ၂၀၂၃ ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံခဲ့ရပါ သေးတယ်။ ဒီဇာတ်ကားမှာဆိုရင် ၁၉၄၈ ခုနှစ် ဝန်းကျင် အစ္စရေး-ပါလက်စတိုင်း သမိုင်းကြောင်းဆိုင်ရာ စစ်ပွဲ မငြိမ်းချမ်းမှုတွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ ချစ်ခင်သူတွေကို ဆုံးရှုံးရတဲ့ ပူဆွေးဝမ်းနည်းမှုတွေကို တစ်စိတ်တပိုင်း ဖော်ကြူးရိုက်ကူးထားတာပါ။ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိုင်လေလော့ခ် ဟာ Stranger Things ထဲက နာမည်ကြီးမင်းသမီး မီလီဘရောင်းရဲ့ ဇာတ်ကောင် စရိုက်နဲ့ အတော်လေးဆင်တူတာကိုလည်း တွေ့ရပါတယ်။ ဇာတ်ကားအဆုံးသတ်ဟာဆိုလည်း ထင်မထားတဲ့ အံ့ဩစရာ လှည့်ကွက်နဲ့ အတူ ကြည့်ရှုသူတွေ မေးခွန်းထုတ်စရာ ပဟေဠိ အတွေးပွားစေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့…. ရီဘက်ကာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဟာ မိခင်ဖြစ်သူကို ကားမတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အဖိုးအမွေ ထားခဲ့တဲ့ ဂျေရုဆလင်မြို့က အိမ်လေးကို ဖခင်နဲ့အတူ ပြောင်းရွှေ့လာခဲ့ ပါတယ်။ အဲဒီအိမ်မှာ ရီဘက်ကာ တစ်ယောက်ပဲ မြင်နိုင်တွေ့နိုင်တဲ့ သူမနဲ့ ရွယ်တူ ရာရှာဆိုတဲ့ ပါလက်စတိုင်းလူမျိုး ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခဲ့ပါတယ်။ ဒီကောင်မလေးဟာ ရီဘက်ကာရဲ့ စိတ်ကူးထဲက ကောင်မလေးပဲလား… ဒါမှမဟုတ် ဒီအိမ်ရဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေတဲ့ ဝိဉာဉ်အပိုင်းအစလား ဆိုတာကိုတော့…။ File size…1.88GB / 970MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Science Fiction • Adventure • Action • Drama • Thriller
6.9 2023 104 mins
A House in Jerusalem
Mother, Couch!
5.8

ဒီတစ်ခေါက် CMကနေတင်ဆက်ပေးသွားမဲ့ဇာတ်ကားလေးကတော့ နာမည်နဲ့တင်ထူးဆန်းနေတဲ့ Mother, Couch ဆိုတဲ့ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ထဲကအတိုင်း အမေနဲ့ဆိုဖာတစ်လုံးကို ဦးတည်ပြီး ဇာတ်အိမ်တည်ထားတာပါ။ အသက် ၈၂ အရွယ် အဘွားကြီးတစ်ယောက်ဟာ Oakbed ဆိုတဲ့ ပရိဘောဂအ‌ဟောင်း ဆိုင်ထဲကိုဝင်ပြီး ဆိုဖာအစိမ်းရောင်ကြီးပေါ်မှာ သွားထိုင်နေပါတယ်။ ခဏထိုင်တာ ကိစ္စမရှိပေမဲ့ အဘွားကြီးကတော့ ဆိုဖာပေါ်မှာ ထိုင်ရာကမထဘဲ အိမ်မပြန်ဘူးငြင်း‌ရာကနေ ပြဿနာက စပါတော့တယ်။ သူ့သားအကြီးဖြစ်တဲ့ ဂရစ်ဖ်ကတော့ ဒီကိစ္စကိုပေါ့ပေါ့ တန်တန်ပဲတွေးပြီး ပရိဘောဂဆိုင်ကကောင်မလေးနဲ့ ပရောပရည်လုပ်လို့ နေပါတယ်။ အဲဒီအချိန်မှာ သားအငယ် ဒေးဗစ်ဟာ သူ့သမီး မွေးနေ့ပွဲကို သွားရမဲ့ကြားကနေ အမေကိုအိမ်ပြန်ပို့ဖို့ရောက်လာခဲ့ကာ စိတ်မကျန်းမာတဲ့ ပုံပေါက်နေတဲ့မိခင်ကို ဆိုဖာကြီးကနေထပြီး အိမ်ပြန်ဖို့ ချော့မော့ပြောပါ တော့တယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ဆိုဖာထိုင်ခုံပေါ်ကနေထဖို့စိတ်ကူးလုံးဝမရှိတဲ့ အမေနဲ့ သူ့သားသမီးတွေကြားက ဆက်ဆံရေးကို တစ်စတစ်စပုံဖော်သွားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေးဗစ်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ မွန်းကြပ်ပေါက်ကွဲ မှုတွေကို ဖြည်းဖြည်းချင်းစီ ချပြသွားတာပါ။ အစတုန်းက ဒီရုပ်ရှင်ကို ရိုးရိုးတန်းတန်း family/drama လို့ပဲထင်ခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်လိုက်တော့မှ psychology/drama အမျိုးအစား ဖြစ်နေတာပါ။ ဒေးဗစ်နဲ့သူ့မိသားစုကိုဦးတည်ထားတဲ့ metaphor တွေ၊ တွေးကြည့်မှ သဘောပေါက်နိုင်မဲ့အရာတွေနဲ့ အဓိကဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေနဲ့ trauma တွေအကြောင်း ကောင်းကောင်းကြီးကြည့်ရှုရမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size…1.18GB / 629MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2024
Mother, Couch!
Deadpool & Wolverine
7.9

Deadpool & Wolverine (2024) IMDb Rating (7.9) / Rotten Tomatoes (78%) Official WED-DL Version ရုပ်သံအကြည်ထွက်လာလို့ 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။ Deadpool & Wolverine (2024) အပြင် အရင်ထွက်ခဲ့တဲ့ Deadpool နှစ်ကားကိုလည်း Channel Myanmar Web and App မှာ ကြည့်နိုင်ပါပြီ။ ပြီးတော့ ဒီရုပ်ရှင်နဲ့ဆက်စပ်တဲ့ MCU ရုပ်ရှင်အကုန်၊ Fantastic Four နှစ်ကား၊ Blade ၃ ကား၊ Loki စီးရီး စတာတွေကိုလည်း Channel Myanmar Web and App မှာ အသင့်တင်ပေးထားပါတယ်။ Deadpool & Wolverine (2024) ရုပ်ရှင်ဟာ Loki စီးရီးထဲက TVA အချိန်ခရီးသွားအဖွဲ့နဲ့ ချိတ်ထားတာမို့ ဒါမကြည့်ခင် Loki စီးရီး ကို အရင်ကြည့်ရင် ပိုနားလည်မှာပါ။ ဇာတ်လမ်းအကျဉ်း ဒက်ပူးဟာ အဗန်ဂျာအဖွဲ့ထဲကို ဝင်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တာရယ်၊ စော်နဲ့ ပြတ်တာရယ်ကြောင့် စိတ်ဓာတ်ကျပြီး ကားအရောင်းစာရေးပဲ လုပ်နေတော့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်စီးကြောင်းကွဲထွက်တာတွေကို ထိန်းချုပ်တဲ့ TVA ဆိုတဲ့အဖွဲ့က လာဖမ်းသွားပါတယ်။ အဓိက အကြောင်းရင်းကတော့ ဒက်ပူးရဲ့ စကြဝဠာက ပျက်စီးတော့မှာဖြစ်လို့ ဒက်ပူးကို ပျက်စီးတဲ့အထဲ မပါအောင် သူတို့အေးဂျင့်အဖြစ်ခိုင်းလို့ရအောင် ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စကြဝဠာကို မပျက်စီးအောင် ကယ်ဖို့ ဝူးဗရင်းရဲ့ အကူအညီနဲ့ ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတဲ့အခါ စကြဝဠာပေါင်းစုံကို ခြေဆန့်ပြီး ဝူးဗရင်းတစ်ယောက်ကိုရှာပါတော့တယ်။ နောက်ပိုင်းမှာတော့ ဝူးဗရင်းနဲ့ဒက်ပူး နှစ်ယောက်သား အချင်းချင်းချလိုက်၊ စွန့်စားခန်းတွေဖွင့်လိုက်ဖြစ်နေတာကို ဆက်ကြည့်ရုံပါပဲ။ ဒီရုပ်ရှင်မှာ အရင်ရုပ်ရှင်တွေထဲက နာမည်ကြီး ဇာတ်ကောင်တွေကို ဧည့်သည်အဖြစ်ထည့်ပြီးဟာသတွေလုပ်ထားတာမို့ ရယ်လည်းရယ်ရ ကြည့်လို့လည်း ကောင်းပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။

Comedy • Horror • Science Fiction
7.9 2024
Deadpool & Wolverine
[18+] Sex and Fury
6.7

Sex and Fury (1973) IMDb Rating (6.7) မလှည့်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန်ဂန္ဓဝင် Pink Film လေးတွေဆီပြန်လှည့်ကြရအောင်ပါ။ Pink Film ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်ခိုင်ခိုင်မာမာ ဇာတ်ကောင်အင်အားတောင့်တောင့်တင်းတင်းနဲ့တည်ဆောက်ထားတဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ ၁၈၈၆ ဂျပန်နိုင်ငံရဲ့မေဂျီခေတ်မှာ ကျိုကိုဆိုတဲ့ကလေးမလေးရယ် ရဲဖြစ်သူ သူ့ဖခင်ဟာ အတူတူ လမ်းလျှောက်လာကြရင်း သူတို့လူစုကွဲချိန်မှာ သူ့ဖခင်ကို လူ သုံးယောက်က သတ်ဖြတ်သွားတာခံခဲ့ရပါတယ်။ သူ့ဖခင်အလောင်းဆီကို သူရောက်ချိန်မှာတော့ လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ ဖဲချပ်သုံးခုကိုတွေ့ရှိခဲ့ရပြီး အဲ့ဒီဖဲချပ်တွေမှာ ဝက်ဝံ၊ သမင်နဲ့ လိပ်ပြာတို့ ပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။ နောက်ဆယ့်ကိုးနှစ်အကြာမှာတော့ ကျိုတိုဟာ နာမည်ကျော် ဖဲဝိဇ္ဇာ ခါးပိုက်နှိုက်ဝိဇ္ဇာတစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်ပြီး သူ့ဖခင်အတွက် သွေးကြွေးဆပ်ဖို့ကြိုးစားမှုတွေကို ခေတ်ကာလ နောက်ခံ၊ အဲ့ဒီခေတ်က ခြေရှုပ်နေတဲ့ နိုင်ငံရဲ့အကြီးပိုင်းထဲက မသမာသူတစ်စု၊ ဂိုဏ်းဂဏပြိုင်ဆိုင်မှုတွေနဲ့ ကြမ်းကြမ်းရမ်းရမ်းရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (680 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Crime Duration….01:30:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

6.7 1973 88 mins
[18+] Sex and Fury
Goodbye Mom
6.7

Goodbye Mom (2009) ************************ IMDb….. 6.7 Goodbye Mom ကတော့ ၂၀၀၉ခုနှစ်မှာထွက်ခဲ့ပြီး အမေနဲ့သမီးကြားက ဆက်ဆံရေးကို ဦးစားပေးရိုက်ကူးထားတဲ့ မိသားစုကိုရီးယားဟာသကားလေး တစ်ကားဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Director for Asian New Talent ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ တစ်ကားလုံးရသအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ သမီးအဖြစ် Good casting, Hello Me တို့ထဲက ဝါရင့်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Choi Kang Hee ရဲ့ ငယ်စဉ်အရွယ်ကို မြင်တွေ့ရမှာဖြစ်ပြီး အမေအဖြစ်အနေနဲ့ကတော့ မင်းသမီးကြီး Kim Young Ae က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း- အယ်ဂျာ (Choi Kang Hee) ကတော့ စာရေးတဲ့နေရာမှာပါရမီပါပြီး ကျောင်းပညာရေးမှာပါထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လိမ္မာတဲ့စံပြကျောင်းသူပုံစံမျိုးမဟုတ်ဘဲ ဂျစ်ကန်ကန်နဲ့ အမြဲတမ်း ပြဿနာရှာနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။ အယ်ဂျာရဲ့ အမေဖြစ်သူ (Kim Young Ae) ကတော့ အယ်ဂျာ ရှာသမျှ ပြဿနာတွေကို နောက်ကနေ လိုက်ရှင်းရင်း ခေါင်းပူနေရသူပေါ့။ ငယ်စဉ်ကတည်းက အမေနဲ့ တကျက်ကျက် စကားများနေရတဲ့ အယ်ဂျာဟာ အရွယ်ရောက်တော့လည်း တစ်ပုံစံတည်းဖြစ်နေပြီး အိမ်ကိုတောင်ပြန်မလာဘဲ တခြားမြို့မှာပဲ တစ်ယောက်တည်း အခြေချရင်းစာရေးဆရာမဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့အမေဖြစ်သူရဲ့ ရောဂါဟောင်းကပြန်ထလာပြီး စောင့်ကြည့်မယ့်သူမရှိဘဲ နေလို့မရတဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့ အယ်ဂျာဟာ အမေကိုပြုစုဖို့ အိမ်ကိုပြန်လာခဲ့ရတော့တယ်။ မတည့်အတူနေ သားအမိနှစ်ယောက် ဘယ်လိုအတူတူနေရင်း ဖြတ်သန်းသွားကြမှာလဲ… အယ်ဂျာကရော ဘယ်လိုပြဿနာတွေဆက်ရှာနေဦးမှာလဲ… အမေကရော ရောဂါနဲ့ဘယ်လိုရင်ဆိုင်သွားမလဲ.. ဆိုတာကိုတော့ Goodbye Mom ဇာတ်ကားလေးထဲမှာ မင်းသမီးကြီးနှစ်ယောက်ရဲ့ Chemistry မိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ခံစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Vanessa ပဲ ဖြစ်ပါတယ်။) File Size : 1.69GB/ 780MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:51:02 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by Tiff

Crime • Drama • Romance
6.7 2009 111 mins
Goodbye Mom