YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

[CM]Happy.Ending.Romance.2022.S01E06.1080p.WEB-DL.mp4

294.91 MB 1080p video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[REC]⁴ Apocalypse
5.6

လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့... အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ... File Size : (1.6GB) and (744MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Comedy • Romance • TV Movie
5.6 2014 95 mins
[REC]⁴ Apocalypse
4 Horsemen: Apocalypse
6

ကမ္ဘာပျက်ကိန်းကားတွေ သဘာ၀ဘေးအန္တရာယ်ကားတွေ ကြိုက်ကြတယ်ဆိုတဲ့ လူတွေအတွက်ပါ။ Moonfallတို့၊ 2012တို့ဟာ တစ်ချို့အတွက် ပေါပေမဲ့ ဒီလိုကားကြိုက်တဲ့လူတွေအတွက် ကောင်းနေပြန်တာပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကတော့ အဲဒီရုပ်ရှင်တွေနဲ့ လုံး၀မတူပါဘူး။ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ဆိုတာ စူပါနေထရယ်ဖန်တွေ မစိမ်းဘူးမလား။ ဒီရုပ်ရှင်ဟာ အဲဒီ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ရဲ့ ကမ္ဘာပျက်မှာကို တားတဲ့ရုပ်ရှင်ပါပဲ။ ပင်တဂွန်၊ မှိုပညာရှင်(အတည်မှိုပါ)၊ မိုးလေ၀သပညာရှင်၊ မီးတောင်လေ့လာရေး ပညာရှင်၊ စစ်သားတွေ အစုံအလင်နဲ့ တားကြတာပါ။ ဒီနေရာမှာ ပြောချင်တာက ဇာတ်ကောင်တွေအားလုံးဟာ သူမတူအောင် ထူးခြားပါတယ်။ သရုပ်ဆောင်မှန်းသိသာနေအောင် ရုပ်သေကြီး‌တွေနဲ့ ဟာ ငါတို့ ဘာလုပ်မှာဆိုပြီး ကိုယ်ကြွေနေတဲ့ကောင်လေးရှေ့ အသံပေးတဲ့ ဆယ်ကျော်သက်မလေးတွေလို ခဏခဏကို သူတို့ဘာလုပ်မယ့်အကြောင်းကို ဆယ်ခါလောက်ကိုပြောနေတာပါ။ ဥပမာဆို ထမင်းစားမယ်ဆိုပါစို့။ ငါတို့ထမင်းစားမှာကွ။ ဇွန်းနဲ့ပန်းကပ်ထဲ ခပ်ပြီး ပါးစပ်ထဲထိုးထည့် သွားနဲ့ဝါးတာလေလို့ ထိုင်ပြောနေသလိုပါပဲ။ အကြောင်းအရာတော့မတူဘူးပေါ့။။ သရုပ်ဆောင်တွေဟာ ဒါတင်ပဲလားဆိုတော့ ရုပ်ကျတွေကလည်း ထူးပါတယ်။ CGIတွေကလည်း ရှယ်ကြမ်းပါပဲ။ တစ်ချို့အခန်းတွေဆို ဖုန်းမှာ Viva Videoနဲ့ လုပ်ထားသလား မှတ်ရပါတယ်။ ပြောခဲ့တယ်မို့လား။ ဒီရုပ်ရှင်ဟာ Moonfallတို့နဲ့ လုံး၀မတူပါဘူး။ ဘာလို့ဆို Moonfall က ကြိုက်တဲ့သူအတွက်ကောင်းပေမဲ့ ဒီရုပ်ရှင်ကတော့ ၅နှစ်ကလေးသွားပြတောင် "ပေါကားကြီး သားသား မကြည့်ဘူး ဗြဲ ဗြဲ "ဆိုပြီး ငိုပြမယ့်ရုပ်ရှင်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်မှာလည်း ကမ္ဘာပျက်မှာကို အမေရိကန်တွေ ထပ်ကယ်လိုက်ပြန်ပါပြီ။ ကယ်ပုံကယ်နည်းကလည်း မဟားဒရားလန်းလို့ ပရိသတ်ကြီး အားရမိမှာပါ။ ကြည့်ပြီးရင် သေချင်သွားမယ့်ကားမို့ ရည်းစားမရလို့ ဒီပျက်ရှင်၀င်ပြီး ပေါကားကြည့်ချင်နေတဲ့လူတွေ ဆန္ဒပြည့်ဖို့ စေတနာထား တင်ဆက်ပေးလိုက်ပါတယ်။ Size - 1.7GB, 803MB Quality - 1080p, 720p IMDb Rating - 2.6/10 Format - mp4 Duration - 1H 26Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Fantasy • Horror • Thriller
6 2022 86 mins
4 Horsemen: Apocalypse
Signal: Long-Term Unsolved Case Investigation – The Movie

2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့ 2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ် ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ 2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ် ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီ အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။ Genre.....Action, Mystery, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 1GB and 337MB Format…mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hardsub) Translator ..... Loon Swal Eain Encoder .....August

Drama • Romance
null 2021 122 mins
Signal: Long-Term Unsolved Case Investigation – The Movie
The Last Duel
7.5

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။ ၁ - ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။ ၂ - မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။ ၃ - ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။ ၄ - နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။ အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။ (Reviewed by Mr. Anderson) File size…(2.8 GB) / (1.4 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:32:00 Genre...Action, Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,  Phyo Pyae Translated by Mr. Anderson, Thaung Htike Zaw, Paing

7.5 2021 153 mins
The Last Duel
American Animals
6.8

ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာက အတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ် ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့ အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ် IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူး အကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်က တကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါ ဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ် ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာ သန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါ သူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေက သူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲ အတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်က ပြန်ပြောပြထားပါတယ်.... ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှ မကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲ ဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံး ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။

Crime • Drama • Thriller
6.8 2018 117 mins
American Animals
Dunkirk
7.5

ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ဗျူဟာကျကျနဲ့ ဒန်ကာ့ခ်ကမ်း ခြေကို ပြန်တိုက်ခိုက်နိုင်ဖို့ ကြိုး ပမ်းခဲ့ကြပါတယ်။ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီးနောက်မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနဲ့ ဒတ်ချ်စစ်သားပေါင်း သုံးသိန်း ကျော်ဟာ အန္တရာယ်ရှိတဲ့ အရပ် ကနေ ဘေးကင်းစွာနဲ့ စွန့်ခွာနိုင်ခဲ့ ကြပါတယ်။ စစ်တိုက်နေတာတွေချည်းပဲ တစ်ချိန်လုံး ပြနေတာမျိုးမဟုတ် ဘဲ မြေပြင်တိုက်ပွဲဖြစ်ခဲ့တဲ့ သီ တင်းပတ်၊ ပင်လယ်ပြင်မှာတိုက် ပွဲဖြစ်တဲ့ရက်၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဖြစ်စဉ် အလိုက် အပိုင်းခွဲပြီး တင်ဆက် ထားတဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ပြီး စစ်မြေပြင်တိုင်း မှာ တပ်သားတွေ ကြုံဆုံရတဲ့ အကြောင်းအရာ ဇာတ်ကွက် လေးတွေလည်း ပါတာမို့ ပရိ သတ်တွေကြည့်လို့ အဆင်ပြေ မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင် ထားသူတွေက ဖီရွန်ဝှိုက်ဟက်ဒ်၊ တော်မ်ဂလင်းကာနေ၊ ဂျက်လို ဒန်၊ ဟယ်ရီစတိုင်၊ အန်နူရင် ဘားနက်၊ ဂျိမ်းစ်ဒီအာစီ စသူတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ထိပ်တန်းရုပ်ရှင် စာရင်းဝင်နေတဲ့ ဇာတ်ကားမို့ တကယ်ပဲ ကောင်း၊ မကောင်းကို တော့ ကိုယ်တိုင်ကြည့်ပြီးတော့ ဝေဖန်အကဲဖြတ်ကြဖို့ ညွှန်းလိုက်ပါတယ်။ ။ ရုပ်ရှင်အညွှန်းကို 7daily Website မှကူးယူဖော်ပြသည်။ File Size : (853 MB) Quality : Blu-Ray 720p Running Time : 1hr 46min Format : Mp4 Genre :Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Kyaw Lin Tun

Action & Adventure • Animation • Drama • Sci-Fi & Fantasy
7.5 2017 107 mins
Dunkirk
Dope
7.2

မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာ နေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့ လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက် စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကို လွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေး တ‌ယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့ သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်း တို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက် ဖို့အစီအစဉ်က ဒီမူးယစ်‌ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့ အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။ အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသ ဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့ အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့် ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.2 2015 103 mins
Dope
Honeymoon
5.7

ပေါလ်နဲ့ ထရစ္စီတို့ဟာ ညားကာစလင်မယားဖြစ်ပါတယ်။ မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်ခါနီးမှာ ထရစ္စီနေမကောင်းဖြစ်တာကြောင့် မြို့ကြီးပြကြီးတွေဆီမသွားဖြစ်တော့ဘဲ ထရစ္စီတို့မိသားစုပိုင် သစ်တောအိမ်ကလေးမှာပဲ အနားယူဖို့ထွက်လာခဲ့ကြပါတယ်။ လူသူ အရောက်အပေါက်နည်းတဲ့ တောအုပ်လေးနဲ့ ရေကန်လေးနားက အိမ်ကလေးမှာ ကြင်စဦးဇနီးမောင်နှံနှစ်ယောက် အေးအေးလူလူအနားယူနေကြပါတယ်။ တစ်ညနေမှာ လမ်းလျှောက်ထွက်ရင်း မနီးမဝေးက စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်သွားပါတယ်။ ဆိုင်ထဲကိုရောက်တဲ့အခါ ဆိုင်တစ်ခုလုံးခြောက်ကပ်နေပြီး ဆိုင်ရှင်ကလည်း ရန်လိုတဲ့ပုံစံနဲ့အတင်းနှင်ထုတ်တာကြောင့် လင်မယားနှစ်ယောက် ပြန်ခါနီးဆဲဆဲမှာ ဆိုင်ရှင်က ထရစ္စီကို နာမည်ခေါ်ပြီးနှုတ်ဆက်လိုက်ပါတယ်။ ဆိုင်ရှင်ဟာ ထရစ္စီရဲ့ ငယ်ရည်းစား ဝီလ်ဖြစ်နေပြီး ဝီလ်ဟာအိမ်ထောင်ကျပြီးနောက် ဇနီးဖြစ်သူအန်နီတို့မိသားစုပိုင်ဆိုင်တဲ့ တောကြိုအုံကြားက စားသောက်လေးမှာ နေထိုင်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှင်ဇနီးဖြစ်သူ အန်နီရုတ်တရက် ရောက်လာပြီး ဧည့်သည်တွေကိုနှင်ထုတ်ပါတော့တယ်။ ဝီလ်ကဇနီးသည်နေမကောင်း ဖြစ်နေတဲ့အတွက် ပြောမိတာဖြစ်ကြောင်း တောင်းပန်ပြီးပြန်လွှတ်လိုက်ပေမယ့် ဧည့်သည်လင်မယားနှစ်ယောက်ဟာ ဆိုင်ရှင်နှစ်ယောက်ရဲ့ ထူးဆန်းတဲ့အမူအရာ တွေကြောင့် သံသယစိတ်တွေနဲ့ ပြန်လာခဲ့ကြပါတယ်။ အဲဒီညမှာပဲ ပေါလ်ဟာ ဇနီးသည်ထရစ္စီတစ်ယောက် အိမ်ထဲကနေရုတ်တရက် ပျောက်သွားတာ သိလိုက်ရပါတယ်။ အိမ်နားပတ်ချာလည်လိုက်ရှာရင်း အနီးက တောအုပ်ထဲမှာ ထရစ္စီတစ်ယောက် အဝတ်အစားမပါဘဲ တစ်ယောက်တည်းငူငူကြီး ရပ်နေတာ တွေ့လိုက်ရပါတော့တယ်။ ထရစ္စီကိုချက်ချင်းပြန်ခေါ်လာပြီး ဖြစ်ကြောင်း ကုန်စင်မေးမြန်းပေမယ့် အိပ်ပျော်စဉ်လမ်းလျှောက်တာဆိုတဲ့ အဖြေကလွဲလို့ ရေရေ ရာရာမသိခဲ့ရပါဘူး။ နောက်နေ့မနက်စကပြီး ထရစ္စီဟာ ရေတိုမှတ်ဉာဏ်တွေ သိသိ သာသာအားနည်းလာတာ ပေါလ်သိလိုက်ရပါတယ်။ ပေါလ်ဟာထရစ္စီကို ဂရုတစိုက် မေးမြန်းပေမယ့် ထရစ္စီကတော့ အဆင်ပြေကြောင်းသာပြောဆိုနေခဲ့ပါတယ်။ ထရစ္စီရဲ့ ပေါင်ရင်းမှာ ဒဏ်ရာတွေတဖြည်းဖြည်းပေါ်လာပြီး ထရစ္စီကိုယ်တိုင်လည်း ပေါလ်နဲ့လင်မယား ကိစ္စမဖြစ်အောင် သိသိသာသာရှောင်ဖယ်လာခဲ့ပါတယ်။ ညဘက်ရောက်တဲ့အခါမှာလည်း အိမ်အပြင်ကနေ ဓါတ်မီးနဲ့ထိုးနေတာတွေ၊ တချွတ်ချွတ်အသံကြားရတာတွေကြောင့် ပေါလ်ဟာ ဒီကိစ္စမှာ ဝီလ်ရဲ့လက်ချက်မကင်းကြောင်းသံသယဝင်လာပါတော့တယ်။ ထရစ္စီရဲ့ရေတိုမှတ်ဉာဏ်ဟာ တစတစဆိုးရွားလာပြီး ပေါလ်နဲ့တွေ့ရင်ပြောရမယ့် စကားတွေကိုပါ ထရစ္စီဟာအခန်းထဲမှာ တစ်ယောက်တည်းကြိုလေ့ကျင့်နေမှန်း သိလိုက်ရတဲ့နောက်မှာတော့ ပေါလ်ဟာသံသယအကြီးအကျယ်ဝင်ပြီး အိမ်ပြန်ဖို့ စီစဉ်ပါတော့တယ်။ အိမ်မပြန်ခင်မှာ သူသံသယရှိတဲ့ဝီလ်နဲ့စာရင်းရှင်းဖို့သွားပေမယ့် ဝီလ်ကိုမတွေ့ရဘဲ သူ့ဇနီးသည်အန်နီကိုသာတွေ့ခဲ့ပြီး အန်နီ့ဆီမှာလည်း ထရစ္စီလို ဒဏ်ရာတွေရှိနေတာ၊ အန်နီရေးထားတဲ့စာတွေက ထရစ္စီရေးထားတဲ့စာတွေနဲ့ တူနေတာတွေ့လိုက်ရတဲ့နောက်မှာ ပေါလ်ဟာထရစ္စီရှိတဲ့ဆီပြန်လာပြီး အကြီးအကျယ် စစ်ဆေးမေးမြန်းပါတော့တယ်။ အဲဒီအချိန်မှာပဲ ထရစ္စီရဲ့ခန္ဓာကိုယ်ထဲကနေထွက်လာတဲ့ အရာဝတ္ထုတစ်ခုကြောင့် ပေါလ်ဟာလုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားချိန်မှာပဲ ထရစ္စီဟာပေါလ်ရဲ့ခေါင်းကို ရိုက်နှက်ပြီးမေ့မျောသွားအောင်လုပ်လိုက်ပါတော့တယ်။ ပေါလ်သတိရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ..။ ထရစ္စီခန္ဓာကိုယ်ထဲကထွက်လာတဲ့အရာဟာဘာလဲ။ ဝီလ်ကကော ဘယ်ရောက်သွားလဲ..။ ဝီလ်ဟာအဓိကလက်သည်ဖြစ်နိုင်လား..။ ဝီလ်ရဲ့ဇနီးသည်အန်နီကကော တကယ်ပဲ စိတ်မူမမှန်နေတာ ဟုတ်ပါ့မလား..။ ထရစ္စီကိုယ်တိုင်ကကော ရိုးရိုးသားသားပဲလား.. ဟန်ဆောင်နေတာလား..။ သူတို့နှစ်ဦးရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြဖို့ Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ရပါတယ်။ File size…1.54GB / 750MB Quality…Blu-Ray 1080p 720p Format…mp4 Duration….1h 27m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

5.7 2014
Honeymoon
R.A.D.A.R.: The Adventures of the Bionic Dog

ဇာတ်လမ်းလေးကတော့ မိသားစုနဲ့အတူတူ ပေါ့‌ပေါ့ပါးပါးကြည့်လို့ရမယ့် စက်ရုပ်ခွေးလေးရေဒါအကြောင်းပါပဲ….။ ဒီခွေးလေးကို ဒေါက်တာ ဗန်ဟွတ်ဆိုသူ စိတ္တဇလူဆိုးကြီးကဖန်တီးခဲ့တာပါ…။ ရည်ရွယ်ချက်ကတော့ စက်ရုပ်ခွေးလေးရဲ့ အစွမ်းကို အသုံးချပြီး ကမ္ဘာအနှံ့က ရတနာတွေရှာဖွေဖို့ပေါ့လေ…..။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ဖန်တီးထားတယ်ဆိုပေမယ့် စက်ရုပ်ခွေးလေးရေဒါဟာ မေတ္တာတရားကိုသာလိုလားတောင့်တသူပါ…။ တစ်နေ့မှာ ဒီခွေးလေးဟာ ရတနာရှာထွက်ရင်း သူတို့အပူနဲ့သူတို့ ရတနာရှာ ထွက်လာတဲ့ ဂေ့ဘ်နဲ့ ကိုင်လီဆိုတဲ့ကလေးနှစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး…. သူလိုလားတောင့်တတဲ့ မေတ္တာတရားကိုခံစားမိတဲ့အခါ… စက်ရုပ်ခွေး ရေဒါလေးဟာ ဂေ့ဘ်တို့အနားပဲနေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့….။ ဒါကို လူဆိုးကြီး ‌ဒေါက်တာ ဗန်ဟွတ်က လက်ခံပါ့မလား….၊ ဂေ့ဘ်တို့ကိုရော ဘယ်လိုဒုက္ခတွေပေးဦးမှာလဲ….၊ ရေဒါလေးရဲ့အစွမ်းတွေက ဘာတွေဖြစ်မလဲ ဂေ့ဘ်တို့ကရော စက်ရုပ်ခွေးလေးနဲ့အတူ လူဆိုးကြီးကိုဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ….။ File size…1.92GB / 1.02GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Mystery • Science Fiction
0 2023
R.A.D.A.R.: The Adventures of the Bionic Dog
Changle Town is Treacherous
5.8

သည်းထိတ်ရင်ဖို ရုပ်ရှင်ကိုပဲ ကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်က ကြောက်လန့်တဲ့အရသာကို အပြည့်ပေးနိုင်မှာ သေချာပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့- ဟူကော်ဟွာဆိုတာ ချန်လဲ့မြို့မှာ အချမ်းသာဆုံး သူဌေးသားလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ အထင်မကြီးတဲ့ ဟူကော်ဟွာက လောင်းတိုင်း နိုင်နိုင်မယ့် လူအရိုးနဲ့ လုပ်ထားတဲ့ အံစာတုံးကို ရရှိခဲ့ပြီးနောက် ပိုင်ဆိုင်မှုတွေ အားလုံးသုံးပြီး လောင်းခဲ့ပါတယ်။ ဒါပေမဲ့ ညသန်းခေါင်ကျော်တဲ့အထိ မလောင်းရဘူးဆိုတဲ့ တားမြစ်ချက်ကို လျစ်လျူရှုခဲ့တဲ့အတွက် အကုန်ရှုံးသွားခဲ့ပြီး သူတောင်းစား သာသာဖြစ်သွားခဲ့ပါတယ်။ စိတ်မပြတ်နိုင်တဲ့ ဟူကော်ဟွာက သူ့အဖေရဲ့ သင်္ချိုင်းကို သွားတူးခဲ့ပြီး ဦးလေးဖြစ်သူက သူ့အဖေဆီ အကြွေးကျန်နေတာကို သိခဲ့ရပါတယ်။ ဦးလေးဆီ အကြွေးသွားတောင်းချိန်မှာ ဦးလေးက အိမ်ထောင်ကျပြီးမှ ပေးမယ်လို့ ပြောတဲ့အတွက် လူသေအတွက်သုံးတဲ့ စက္ကူသတို့သမီးနဲ့လိမ်ဖို့ စီစဉ်ခဲ့ပါတယ်။ စက္ကူသတို့သမီးက အသက်ဝင်လာပြီး တကယ်လက်ထပ်ဖို့ သူမရှိရာသင်္ချိုင်းကို ခေါ်တဲ့အခါ…… ဟူကော်ဟွာတစ်ယောက် ရှုံးသွားတဲ့ ငွေတွေကို ပြန်ရနိုင်မလား…… သူမြင်တွေ့ရတဲ့အရာတွေ အားလုံးကရော အစစ်အမှန်တွေ ဟုတ်ရဲ့လား…… ဆိုတာကို တရုတ်စတိုင် ခြောက်လှန့်ခြင်းတွေကို ရုပ်ရှင်နဲ့အတူ ခံစားလိုက်ရအောင်နော်။

5.8 2023
Changle Town is Treacherous
Big Fish & Begonia
7

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.6 GB / 758MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Drama
7 2016
Big Fish & Begonia
Batman & Mr. Freeze: SubZero
7.1

1998 ခုနှစ်ကထွက်ရှိထားပြီး IMDB 7.1 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ ဘတ်မန်းရဲ့ အဓိကဗီလိန်တွေထဲကတစ်ယောက်ဖြစ်တဲ့ မစ္စတာဖရိဇ် (Mr. Freeze) ဟာ ဒုစရိုက်မှုတစ်ခုထပ်လုပ်ဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ တခြားအကြောင်းကြောင့်မဟုတ်ဘဲ သေခါနီးဖြစ်နေလို့ အအေးလွန်ဖန်ပေါင်းချောင်ထဲထည့်ထားရတဲ့ သူ့ရဲ့မိန်းမဖြစ်သူ နိုရာဖရီးစ်ကို ကုသဖို့ အစားထိုးအင်္ဂါလိုအပ်နေတာကြောင့်ပါပဲ။ သူ့မိန်းမရဲ့ သွေးအမျိုးအစားက ရှားတဲ့အထဲပါသလို သေပြီးသားအင်္ဂါအလှူရှင်လည်း မရှိတဲ့အခါမှာ မစ္စတာဖရိဇ်ဟာ အသက်ရှင်နေတဲ့ အလှူရှင်တွေကို အသုံးချဖို့လုပ်လာပါတယ်။ အကိုက်ညီဆုံးအလှူရှင်ကို ရှာကြည့်တော့ ဘတ်မန်းကို Bat signal နဲ့အမြဲခေါ်နေတဲ့ ရဲဖြစ်သူ ဂျိမ်းစ်ဂေါ်ဒွန်ရဲ့ သမီးဖြစ်ပြီး ရော်ဘင်ရဲ့ရည်းစားဖြစ်သူ ဘားဘရာဂေါ်ဒွန်ဖြစ်နေတဲ့အချိန်မှာ… File size… 1.9 GB / 842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7.1 1997 67 mins
Batman & Mr. Freeze: SubZero
Possessions
4.2

Possessions (2024) =============== ဒီကားထဲမှာတော့ ပိထ်တွမ်ဆန်ဆိုတဲ့လူဟာ သိုလှောင်ခန်းတွဲတွေ အပါအဝင် နေထိုင်ဖို့အိမ်ပါပါဝင်တဲ့ နေရာကို ဈေးတန်တန်နဲ့ရလိုက် တာကြောင့် မကြာသေးခင်ကမှ မိတဆိုးသားလေးဖြစ်သွားရတဲ့ သူ့ သားဖြစ်သူ တိုင်လာနဲ့အတူ စိတ်သစ်၊ လူသစ်ဖြစ်အောင်ဆိုပြီး ပြောင်း ရွှေ့လာတာနဲ့ ဇာတ်လမ်းအစပြုထားပါတယ်။ ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ ပိထ်တစ်ယောက် သိုလှောင်ခန်းတွဲ လုပ်ငန်းကို ပြန်လည်ပတ်လုပ်ကိုင်ဖို့အတွက် စာရင်းတွေ စစ်ဆေးနေ တုန်း သိုလှောင်ခန်းတစ်ခန်းက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော် တာ လချီနေပြီဖြစ်တာကိုသိလိုက်ရတာမို့ ငှားရမ်းသူအကြောင်း စုံစမ်း ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ တိုင်လာတစ်ယောက် အဲဒီအခန်းထဲ က စက်ဘီးတစ်စီးကိုတွေ့ပြီး လိုချင်စိတ်နဲ့ယူစီးလိုက်ရာကနေ တဖြည်း ဖြည်းနဲ့ အရင်ကနဲ့မတူဘဲ ထူးဆန်းလာပါတယ်။ ဒါတွေကို ပိထ်တစ်ယောက် သတိထားမိလာတဲ့အခါမှာ ဘာတွေဆက် ဖြစ်လာမလဲ၊ သတ်မှတ်ငှားရမ်းရက်ကျော်နေပြီဖြစ်တဲ့ သိုလှောင်ခန်း ကိုရော ဘယ်သူကငှားထားပြီး သူ့သားမူမမှန်ဖြစ်လာတာတွေနဲ့ ဘယ် လိုမျိုးတွေ ဆက်စပ်နေတာလဲဆိုတဲ့မေးခွန်းတွေ‌ရဲ့အဖြေကိုတော့ ဒီကား လေးကို ဆက်လက်ကြည့်ရှူရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(760 MB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Fiona Gillen Encoder……….SWM

4.2 2024 90 mins
Possessions
The Initiated: Written from the Shadows
5.8

The Initiated: Written from the Shadows (2024) IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှ တစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.1 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:40:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

Family • Comedy
5.8 2024 100 mins
The Initiated: Written from the Shadows