YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Game.of.Witches.2022.E75.720p.HDTV.mp4

184.8 MB N/A video/mp4 187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
The Platform
7

ဒီရုပ်ရှင်ကတော့ IDmb rating 7.0 ရရှိထားတဲ့ Netflix စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ ကလေးတွေ မကြည့်သင့်ပါဘူး။ ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းမှာ လူနှစ်ယောက်စီကို နေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီးဆီ Goreng သွားခဲ့တယ်။ သဘောတူညီချက်တစ်ခုနဲ့ လာရောက်ခဲ့တဲ့ Goreng ဟာ အဲ့ဒီနေရာကို ငရဲမှန်း မသိခဲ့ဘူး။ အဲ့ဒီနေရာက တကယ့်ငရဲ၊ "စားသောက်ခြင်း" အမှုနဲ့ပတ်သတ်ပြီး ကြောက်ဖို့ကောင်းတဲ့ငရဲ။ Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေ စနစ် ကိုလိုက်ပြီး လူတို့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် စနစ်ကို အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ... ဇာတ်ကောင်တွေရဲ့ စကားတွေမှာ တွေးစရာ သဘောကျစရာလေးတွေ... အဲ့လို အဲ့လိုတွေကို ဒီရုပ်ရှင်ကနေ ရရှိခံစားနိုင်ပါတယ်။ File Size : ( 886 MB , 324 MB) Quality : WEB-Rip 720p Running Time : 1 hr 34 min Format : Mp4 Genre : Horror , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lucille Encoded by Moe Myint Lwin

Comedy • Romance
7 2019 95 mins
The Platform
Satan’s Slaves 2: Communion
7.4

Satan’s Slaves 2: Communion (2022) 2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Comedy • Romance
7.4 2022 119 mins
Satan’s Slaves 2: Communion
Full River Red ( 2023 ) Manjianghong
6.5

IMDb Rating (6.5) / Rotten Tomatoes (100%) Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ “Full River Red” ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။ နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလို သူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့ သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာ ကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ ပြည်သူအားလုံးက စွပ်စွဲခဲ့ကြပါတယ်။ စစ်သူကြီးယွဲ့ဖေးကို မတရားစွပ်စွဲသတ်ဖြတ်ခဲ့တဲ့အမတ်ချုပ်ကြီးချင်ဟွေတို့အကြောင်း ရာဇဝင်အမှန်ကိုတော့ ဒီမှာ https://www.facebook.com/tianxiadiyi888888/ ဖတ်ရှုပေးကြပါ။စစ်သူကြီးယွဲ့ဖေးဆိုတာ ဘယ်လိုလူမျိုးဆိုတာနဲ့ သူ့ရဲ့နာမည်ကျော်ကဗျာ မန်ကျန်းဟုန်အကြောင်းကို ပိုမိုသိရှိရမှာပါ။ဒါမှလဲ ရုပ်ရှင်က ပိုမိုရုပ်လုံးကြွလာမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပြီး လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်း မမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။ အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့ လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။ ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီး တော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆမှုအတွင်း တရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေဒဏ်ပေးခံရပါတယ် ။ ဒီလိုပြသနာတွေထဲကနေ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကို လိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ – ❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ? ❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ? ❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆ ဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရော ဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ…….။ ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ – ❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲ ရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊ လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊ သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့ စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန် ❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်း ရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီး ဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့ စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင် ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့ တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။

6.5 2023
Full River Red ( 2023 ) Manjianghong
Allelujah
5.9

Allelujah (2022) ============ IMDb Rating – 5.9/10 လူရယ်လိုဖြစ်လာရင် သေခြင်းတရားနဲ့အိုမင်းခြင်းကိုရင်ဆိုင်ရမှာက မလွဲဧကန်ပါပဲ လူအိုချင်းတူနေရင်တောင်မှ ကိုယ်ရဲ့သားသမီး၊ မြေး မြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့သူတွေရှိသလို တစ်ကိုယ်တည်း အထီးကျန်စွာရှင်သန်နေရတဲ့သူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ လောကဓံကိုတစ်ကိုယ်တည်းရင်ဆိုင်နေတာထက် ဘေးလူတွေရဲ့အကူအညီကလည်း အထောက်အကူဖြစ်စေနိုင်ပါ တယ်။ ဒီဇာတ်လမ်းမှာ သက်ကြီးစောင့်ရှောက်ရေးဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သက်ကြီးဘိုးဘွားတိုရဲ့အပေးအယူမျှမှုကို အလှပဆုံး ဖြစ်အောင်ရိုက်ပြထားပါတယ်။ သားသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ အထီးကျန်စွာဖြတ်သန်းနေရတဲ့သူတွေကို ဒေါက်တာဗယ်လင်တိုင်း နဲ့စစ်စတာဂဲလ်တွေက ဘယ်လိုစိတ်မျိုးထားပြီး ကူညီ စောင့် ရှောက် ပေးလဲ၊ ဒီကြားထဲ ဆေးရုံနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေကလည်း ပေါ်လာတဲ့အခါမှာတော့ . . . ဒီဇာတ်ကားလေးဟာကြည့်ရှူသူတွေအတွက် အသိပညာတစ်ခုခု ရသွားစေမယ့်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.28 GB) / (478 MB) / (264 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….ZWT Encoder……….SWM

Animation • Fantasy • Adventure • Family
5.9 2022 99 mins
Allelujah
After
5.6

“သူနဲ့ မတွေ့ခင်က ကျွန်မဘဝဟာ… အရမ်းကို ရိုးရှင်းပြီး ပုံသေ သတ်မှတ်ထားပြီးသားပါ… အခုတော့ သူနဲ့ တွေ့ပြီးနောက်ပိုင်း… သူနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ဆိုတာပဲ… ရှိတော့တယ်” “ကျွန်တော့်ဘဝမှာ ဝတ္ထုပေါင်းများစွာ ဖတ်ခဲ့ဖူးပါတယ်… အများစုက အချစ်ဆိုတာ စကြဝဠာကြီးရဲ့ ဗဟိုချက်လို့ ပြောကြပါတယ်… အချစ်က ကျွန်တော်တို့ရဲ့ အတွင်းဒဏ်ရာတွေကို ကုစားပေးနိုင်တယ်… အချစ်ဟာ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တဲ့အရာပါပဲတဲ့… သူနဲ့ မတွေ့ခင်အထိ ကျွန်တော့်ကို အခြားတစ်ယောက်က… လုံးဝဖမ်းစားသွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး” ဒီတစ်ခါတော့ ရိုမက်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကောင်းလေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် After ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် တက်ဆာဆိုတဲ့ စာတော်ပြီး အမေစိတ်တိုင်းကျ ကြိုးစားနေတဲ့ စာကြမ်းပိုးမလေးတစ်ယောက် ကောလိပ်ကို ရောက်လာတာက ဇာတ်လမ်းကို စတည်ထားပါတယ် အမေဖြစ်သူက စီစဉ်တဲ့အတိုင်း ဘဝကို နေထိုင်ရင်း ဟာဒင်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ သူဘာတွေ ပြောင်းလဲ သွားမှာလဲ ဟာဒင်ကရော ဘယ်လိုကောင်လေးလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ ဇာတ်ကားအနှစ်သာရ ပျက်သွားမှာ စိုးလို့ အများကြီး မညွှန်းပေးတော့ပါဘူး စကြည့်မိတာနဲ့ လုံးဝနစ်မျောသွားမယ့် အချစ်ဇာတ်လမ်းလေးပါ ကြည့်ပြီး နောင်တမရစေရမယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ကြဖို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Tharaphi Lwin ပါ) File Size : (1.70 GB) , (850 MB) and (420 MB) Quality : AMZN WEB-DL (1080p 5.1,720p,480p) Running Time : 1hr 45min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.AMZN.WEB-DL.DDP5.1.H.264-NTG Translated by May Tharaphi Lwin Encoded by THZ

5.6 2019
After
Trunk: Locked In
5.5

ဒီတစ်ခါ ဂျာမန်စကားပြော ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတွေရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွေမှာ nomination တွေများစွာ ရထားတဲ့ ဂျာမန်လူမျိုး ဒါရိုက်တာ မာ့ခ်ရှီးဆာက ရိုက်ကူးထားတာပါ။ ကလောက်စထရိုဖိုဘီယား ရှိတဲ့သူတွေအတွက်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးက တကယ့် အိပ်မက်ဆိုး တစ်ခုလိုဖြစ်နေမှာပါ။ ဇာတ်လမ်းအကျဉ်း ************** မယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက် ရည်းစားနဲ့ ခရီးထွက်သွားခဲ့တယ်။ သူသတိရလာချိန်က မောင်းနေတဲ့ ကားတစ်စီးရဲ့ နောက်အဖုံးထဲမှာ ရောက်နေပါပြီ။ မေ့ဆေးထုံဆေးတွေ အပေးခံထားရပြီးတော့ ခြေထောက်တွေလှုပ်မရ ပြုမရနဲ့ သတိထားမိချိန် ကျောက်ကပ်တစ်လုံးပါ အထုတ်ခံ ထားရတာ သိလိုက်ရတယ်. သွေးတစိမ့်စိမ့်ထွက်နေတဲ့ ဒဏ်ရာ ရထားပြီးတော့ အကူအညီမဲ့နေတဲ့ မယ်လီနာတစ်ယောက် ကံကောင်းတာက သူ့လက်ကိုင်ဖုန်းက သူနဲ့အတူ ရှိနေသေးတာပါပဲ။ အစ်မဖြစ်သူကို ဖုန်းဆက်ပြီး အကူအညီတောင်းပေမယ့် မယုံကြည်ဘဲ နောက်ပြောင်နေတာထင်ပြီး အရေးမလုပ်ပါဘူး။ မယ်လီနာ တစ်ယောက် ဒီလိုအခြေအနေကနေ လွတ်မြောက်အောင် လုပ်မလဲ။ သူဒီလိုဖြစ်ခဲ့တာကရော ဘယ်သူ့ကြောင့်လဲ။ ဇာတ်ကားတစ်ခုလုံးက ကားနောက်ဖုံးတစ်ခုအောက်မှာ ပြီးသွားသလို ဆိုပေမယ့် ကြည့်ရှုသူကို ဇာတ်ကောင်နဲ့အတူ လိုက်ပါစီးမြော ထိတ်လန့်ခံစားမှု ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားလို့ ဆိုပါရစေ။ File size…1.61GB / 661MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Documentary
5.5 2023 96 mins
Trunk: Locked In
For Love & Honey
6.4

ဘာဇာတ်အိမ်အရှုပ်အထွေးတွေလှည့်ကွက်တွေမှမပါပဲ နားရက်မှာစိတ်အပန်းပြေစေ ဖို့ romance ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းကတော့ ကျွန်းပေါ်မြို့လေးတစ်ခုမှာ မိခင်ရဲ့အမွေဖြစ်တဲ့ ပျားမွေးမြူရေးခြံကို ဆက်ခံထားပြီး အလုပ်ထဲမှာပဲ တစ်ဘဝလုံး နှစ်မြှုပ်ထားတဲ့ အီဗာ။ မြို့ရဲ့စာကြည့်တိုက်ကပျားအုံတစ်ခုကိုထိန်းသိမ်းဖို့သွားယူရင်း ရှေးခေတ်နံရံဆေးရေးပန်းချီတစ်ခုကိုရှာတွေ့ပြီးနောက် မြို့ကိုအလည်ရောက်နေတဲ့ သမိုင်းပညာရှင်လေး အော်စတင်နဲ့တွေ့ဆုံခဲ့တယ်။ အော်စတင်ကလည်း ဒီပန်းချီဟာ သူ့ရဲ့သုတေသနအတွက်အရေးကြီးတယ်လို့ ယုံကြည်ထားပြီး နယ်ခံ အီဗာကို ကျွန်းတစ်လျှောက် လေ့လာရေးအတွက် ကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ အချစ်နဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ အီဗာ ဘုကလန့်တစ်ဇွတ်ထိုးပညာရှင်လေး အော်စတင်နဲ့တွေ့ပြီးနောက် ရင်ခုန်သံတွေတစ်ဖန်ပြန်ပြီးနိုးထလာမလားဆိုတာ ကျွန်းတစ်ဝိုက် စွန့်စားခန်းလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.5 GB)/(840 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

6.4 2024
For Love & Honey
The Caller
6

Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ ဇာတ်လမ်းအညွှန်းလေးကတော့ လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့ နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။ သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်‌ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့ သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။ မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့ အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့ အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့ ၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့ မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို‌ နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။

6 2024
The Caller
[18+] Emanuelle in Bangkok
4.4

Emanuelle in Bangkok (1976) Black Emanuelle ဇာတ်ကားတွေထဲက နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ အီမန်နျူရယ်ကို သူ့သတင်းစာတိုက်ကနေ ထိုင်းဘုရင်မိသားစုအကြောင်း သတင်းဆောင်းပါးရေးဖို့ ဘန်ကောက်ကိုလွှတ်လိုက်တဲ့ သတင်းထောက်တစ်ဦးအနေနဲ့တွေ့မြင်ရမှာပါ။ ထိုင်းနိုင်ငံအတွေ့အကြုံတွေနဲ့ သွားလေရာ ယောက်ျားမိန်းမ မရွေး လိင်ဆက်ဆံတတ်တဲ့ အီမန်နျူရယ်ရဲ့နောက်ထပ် စွန့်စားခန်းတစ်ခုပါပဲ။ တစ်ချိန်က ကာလသားတွေကြားမှာနာမည်ကျော်ခဲ့တဲ့ ဘန်ကောက်က နိုက်ကလပ်တွေမှာ အမျိုးသမီးတွေစင်ပေါ်တက်ပြီး စမူတစ်ပြားနဲ့ဆပ်ကပ်ပြကြတာတွေကိုလည်း ဒီကားမှာတွေ့မြင်ရပါလိမ့်မယ်။ (Dark Side Production မှ တင်ဆက်သည်။)

Action • Adventure • Science Fiction
4.4 1976 94 mins
[18+] Emanuelle in Bangkok
Daud
5.9

Daud 1997 အပြေးအလွှား Daud ဇာတ်ကားဟာ ၁၉၉၇ ခုနှစ်ထုတ် ဟင်ဒီစကားပြော Adventure Comedy ကားဖြစ်ပြီး နာမည်ကျော်မင်းသားကြီးဗီဂျေးရဲ့ လူငယ်ဘဝက ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ IMDb 5.9 ရရှိထားပြီး Box Office မှာ ထက်ဝက်မြတ်ခဲ့ပါသေးတယ်။ ဇာတ်လမ်းစစချင်းမှာပဲ ၃ နှစ်ကြာစီစဉ်ထားရတဲ့ လုပ်ငန်းကိစ္စတွေပျက်ကုန်လို့ ဒေါသထွက်နေတဲ့လူတစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အရေးကြီးသေတ္တာက လိုရာမရောက်ဘဲ အကောက်ခွန်ဌာနက ထိန်းသိမ်းထားတာကြောင့် ရဲတွေစစ်တပ်တွေဝင်မပါခင်မှာ ပြန်လည်ရယူဖို့ အရေးတကြီးစီစဉ်ရပါတော့တယ်။ ဒါကြောင့် နာမည်ကြီးသူခိုးဖြစ်တဲ့ ခူရန်နာကို သေတ္တာကို ပြန်ခိုးပေးဖို့ အလုပ်အပ်လိုက်တဲ့အတွက် ခူရန်နာကလည်း လက်စွမ်းပြပြီးခိုးလာခဲ့တာပေါ့။ ဒါပေမယ့် အလုပ်အပ်သူတွေ ငွေမချေမှာကိုစိတ်ပူတဲ့အတွက် သေတ္တာပြန်မအပ်ဘဲ ငွေနဲ့လဲဖို့ ပြောပြီး ညဘက်တွေ့ဖို့ချိန်းဆိုလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း အဲဒီသေတ္တာပျောက်သွားတဲ့အတွက် တာဝန်ရှိသူတွေ ခေါင်းမီးတောက်ပြီး ရဲအင်အားအလုံးအရင်းအသုံးပြုကာ ခူရန်နာကို လိုက်ရှာကြပါတော့တယ်။ ဒီလိုနဲ့ ရွှေတုံးတွေအပြည့်ပါတယ်လို့ ထင်ရတဲ့သေတ္တာတစ်လုံးပိုက်ကာ ခူရန်နာတစ်ယောက် ဒေါသူပုန်ထနေတဲ့လူဆိုးတွေနဲ့ ရဲတွေကြားကနေ ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးရမလဲ.. သေတ္တာက ဘယ်သူ့လက်ထဲရောက်သွားမလဲ.. တကယ်ပဲ သေတ္တာထဲမှာ ရွှေတုံးတွေအပြည့်ပါလို့ ဒီလောက်အရေးတကြီးလိုက်ဖမ်းနေကြတာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

5.9 1997 180 mins
Daud
The Case of the Christmas Diamond
5.3

The Case of the Christmas Diamond (2024) IMDb Rating (5.3) ခရစ်စမတ်အချိန်မှာ ချစ်ခြင်းတွေ ၊ စွန့်စားမှု တွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဇာတ်လမ်းမှာ Sarah Lydia Sophia ရဲ့ သရုပ်ဆောင်ကအတော်ကောင်းနေပြီးတော့ သူကြောင့်ဇာတ်လမ်းကပိုပြီးတော့ဆွဲဆောင်မှုရှိလာစေပါတယ်။ ခရစ်စမတ်အချိန်ရဲ့ အဓိပ္ပာယ်နှင့် အနုပညာလက်ရာ ကိုတစ်နေရာထဲမှာပေါင်းထည့်ထားတာပါ ။ ဒီကားက ဒါရိုက်တာရဲ့ လှုပ်ရှားမှု တွေကို လည်းသေချာပြထားပြီးတော့ ၊ ဇာတ်လမ်းရဲ့ ခရစ်စမတ်နှင့် စွန့်စားခန်းတွေ အကြောင်း ကို စိတ်လှုပ်ရှားဖွယ် မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ခရစ်စမတ်အချိန်တွင်းမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ နဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ရိုးရာထုံးတန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Mystery, Romance Duration….01:23:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

5.3 2024 90 mins
The Case of the Christmas Diamond
God with Three Eyes
6

League Of Gods Universe ထဲကအာ့လန်နတ်ဆိုတဲ့ စစ်နတ်ဘုရားတစ်ပါးနဲ့ ရေနဂါးတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာတုန်းက ရေနဂါးမိစ္ဆာဘုရင်က (၃)လောကကိုဖျက်ဆီးပြီး အရှင်သခင်ဖြစ်ဖို့ကြိုးစားလာတဲ့အခါ ရှန်ကုန်းနဲ့ကွေဖူဆိုတဲ့နတ်မင်း(၂)ပါးကသူ့ကိုတားခဲ့ကြတယ်။ အဲဒီသမိုင်းတွင်တဲ့တိုက်ပွဲမှာ ကွေဖူကရေနဂါးမိစ္ဆာဘုရင်ကိုမြစ်ဝှမ်းမှာချုပ်နိုင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကိုစတေးခဲ့ပြီး သူ့ရဲ့စွမ်းအားတွေကိုနတ်လက်နက်ထဲသွင်းခဲ့တယ်။ အဲဒီတော့မှမိစ္ဆာကြီးကိုထိန်းချုပ်နိုင်ပြီး လောကကြီးအေးချမ်းသွားခဲ့တယ်။ နတ်ဘုရားစစ်ပွဲပြီးသွားတော့ မော့ချီလင်နဲ့ ရေနဂါးလေးတစ်ကောင်ဟာ အဲဒီတားမြစ်နယ်မြေထဲကိုဝင်ဖို့အကြိမ်ကြိမ်ကြိုးစားကြတယ်။ အဲဒီလိုနဲ့ ကျန်းကျီယာရဲ့အကြံပြုချက်ကြောင့် ကောင်းကင်မင်းကြီးက ကောင်းကင်လောကရဲ့လူမိုက်လေးဖြစ်တဲ့ အာ့လန်နတ်ကို အဲဒီနှစ်ကောင်ကိုသွားဖမ်းဖို့တာဝန်ပေးခဲ့တယ်။ ဒါပေမယ့် သွားဖမ်းတဲ့အချိန်မှာ အာ့လန်နတ်ကလှည့်စားခံရပြီး ကြီးမားတဲ့ထောင်ချောက်ကြီး တစ်ခုထဲကိုဝင်မိသွားလို့ဖြစ်သွားခဲ့ပါတယ်။ အာ့လန်က ဒီထောင်ချောက်ထဲက အချိန်မီထွက်နိုင်ပါ့မလား ဒီထောင်ချောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေရှိနေမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်……

6 2025
God with Three Eyes
Sorry, Baby
7.6

IMDb Rating (7.1) / Rotten Tomatoes (96%) Sorry, Baby ကတော့ Eva Victor ရဲ့ပထမဆုံး ရိုက်ကူးထားတဲ့ Dark Comedy ဒရာမာဇာတ်ကားဖြစ်ပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာတစ်ခုကို ရင်ဆိုင်ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဘဝအကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ အဓိပ္ပါယ်နက်နဲအောင် ရိုက်ကူးပြသထားပါတယ်။ Agnes ဟာ ကျေးလက်နယ်တစ်ခုက ကောလိပ်မှာ စာပေပါမောက္ခအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူ့ဘဝဟာ သူ့ဆရာဟောင်း Preston Decker ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားရပြီးတဲ့နောက် အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် Agnes ဟာ စိတ်ဒဏ်ရာနဲ့ရုန်းကန်နေရပြီး သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း Lydie (Naomi Ackie) ရဲ့ပံ့ပိုးမှုနဲ့ ဘဝကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းက အချိန်အလိုက် ပြောင်းလဲသွားပြီး Agnes ရဲ့ စိတ်ခံစားချက်တွေ ၊ပျော်ရွှင်မှုတွေ၊ နာကျင်မှုတွေနဲ့ ပြန်လည်ထူထောင်ရေးခရီးကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Sundance Film Festival (2025) မှာ Waldo Salt Screenwriting Award ရရှိခဲ့ပြီး Cannes Film Festival ရဲ့ Directors’ Fortnight ကဏ္ဍမှာ ပြသခဲ့ပြီးတဲ့နောက် Queer Palm ဆုအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ Rotten Tomatoes မှာ 97% အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေရရှိခဲ့ပါတယ်။ Sorry, Baby ရုပ်ရှင်ဟာ စိတ်ဒဏ်ရာနဲ့ရုန်းကန်နေရသူတစ်ဦးရဲ့ဘဝကို နက်နက်ရှိုင်းရှိုင်း လေ့လာထားတဲ့ရုပ်ရှင်ဖြစ်ပြီးပရိသတ်တွေကို ရယ်မောခြင်း၊ ငိုကြွေးခြင်းနဲ့အတူ စဉ်းစားဆင်ခြင်စေမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File Size… (1.29GB) / (563MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 43m Genre ….Comdey , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Animation • Family • Action • Comedy
7.6 2025 103 mins
Sorry, Baby