YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Equilibrium (2002) OPEN-MATTE 1080p BluRay REMUX x264 AVC AAC 5.1-Naung.mp4

2.3 GB N/A video/mp4 1273 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
Bullet Proof
5.7

တမ်ပယ်လ်ဆိုတာ နယ်တစ်ခွင်မှာ အဆိုးတကာ့ထိပ်ခေါင် မူးယစ်ရာဇာကြီးတစ်ယောက်ပေါ့ အဲဒီမူးယစ်ရာဇာကြီးရဲ့ လျှို့ဝှက်နေရာထဲကိုမှ ၀င်ပြီး သူခိုးတစ်ယောက်ဟာ ခေါင်းတုံးပေါ် ထိပ်ကွက်လို့ တမ်ပယ်လ်ရဲ့ ပိုက်ဆံတွေ အချီကြီး မပြီး ကားနဲ့ လစ်သွားလေရဲ့ လမ်းခုလတ်မှာတော့ တမ်ပယ်လ်ရဲ့ ကိုယ်၀န်သည်ဇနီး မီယာက ကားထဲမှာ ပါလာတာကို သူခိုးငတိ သိလိုက်ရတော့တယ် ဒါပေမယ့် သူ့အကြောင်းတွေကို ကားထဲကနေ အကုန်ကြားထားတဲ့ မီယာကြောင့် သူဟာ မီယာ့ကို ချန်ထားခဲ့လို့ မရဘဲ ငွေတစ်ထုပ် ကိုယ်၀န်သည်တစ်ယောက်နဲ့ သူခိုးတစ်ကောင် ကားတစ်စီးနဲ့ တစ်စခန်းသွားရပါတော့တယ် တစ်ဖက်မှာ တမ်ပယ်လ်တို့ အုပ်စုကလည်း သူ့ကိုတစ်ပတ်ရိုက်သွားခဲ့တဲ့ သူခိုးကောင်နဲ့ မီယာတို့ကို အပူတပြင်းလိုက်ရှာနေရင်း လိုက်တမ်းပြေးတမ်း ဇာတ်ထုပ်ကြီးကို action ‌ခန်းကောင်းကောငးလေးတွေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre..... Action Quality…. 1080p | 720p | 480p File size…1.4GB | 777MB | 301MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ..... August

Drama
5.7 2022 81 mins
Bullet Proof
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
High & Low The Worst X
6.5

High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။ အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။ File size…2.26GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi

Crime • Comedy • Horror • Thriller
6.5 2022
High & Low The Worst X
In the Line of Fire
7.2

In the Line of Fire (1993) ~ IMDb – 7.2/10, Rotten Tomatoes – 96% ~ ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ ​ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတ​က​နေဒီရဲ့ သက်​တော်​စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ က​နေဒီလုပ်ကြံခံရတဲ့အချိန် သက်​တော်​စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စ​နောက်ပိုင်း လျှို့ဝှက်​အေးဂျင့်အ​နေနဲ့ပဲ လုပ်ကိုင်​နေရင်း တစ်​နေ့မှာတော့ လက်ရှိသမ္မတ​ကို လုပ်ကြံမယ်ဆိုတဲ့ ဖုန်း​​​ခေါ်ဆိုမှုတစ်ခု ဖရန့်ခ်ဆီ ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ​​ရွေး​ကောက်ပွဲအတွက် မဲဆွယ်မှု​တွေ ပြုလုပ်​နေတဲ့အချိန်ဖြစ်လို့ သမ္မတကလည်း မဲဆွယ်ဖို့ နိုင်ငံအနှံ့ သွားလာ​နေရတဲ့အချိန်ပါ။ က​​နေဒီကို မကာကွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟာ လက်ရှိသမ္မတကို ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်ရံ​တော်အဖွဲ့ထဲ ပြန်ဝင်ပြီး လုပ်ကြံမယ်လို့ ခြိမ်း​ခြောက်ထားသူနဲ့ ရင်ဆိုင်ဖို့ ​ရွေးချယ်လိုက်ပါ​တော့တယ်။ မင်းသားကြီး ၂​ယောက်ရဲ့သရုပ်​ဆောင်ပုံ​​တွေက ပီပြင်တာ​ကြောင့် Thriller စစ်စစ် အရသာကို ​ပေးစွမ်းနိုင်ရုံတင်မက သက်​တော်​စောင့်နဲ့ လူသတ်သမားကြား ဘယ်သူအသာရသွားမလဲဆိုတဲ့အားပြိုင်မှုကို ဇာတ်လမ်းပြီးကာနီးအထိ ရင်တထိတ်ထိတ်ကြည့်ရမယ့် ၉၀ခုနှစ် ဝန်းကျင်ရဲ့ အက်ရှင်ကား​ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 8Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by X Encoded by Y

7.2 1993
In the Line of Fire
Incendies
8.3

Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, War, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

8.3 2010
Incendies
Skiptrace
5.6

ဝါရင့်ဟောင်ကောင်ရဲတစ်ယောက်ဖြစ်တဲ့ ဘန်နီချန်းဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလိုပါတနာလည်းဖြစ်တဲ့ ယန်းရဲ့ သေဆုံးမှုကိုအခုတိုင်မေ့မရသေးပါဘူး။ယန်းရဲ့သမီးငယ် ဆမန်သာကို သမီးရင်းလိုစောင့်ရှောက်ရင်း တစ်ဖက်ကလည်း မက်တဒေါ်ဆိုတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့တော့ သူ့သမီးလိုစောင့်ရှောက်ထားတဲ့ ဆမန်သာဟာ ကတ်စီနိုပိုင်ရှင်လူဆိုးတွေနဲ့ပြဿနာတစ်ခုထဲမှာ ဝင်ပါမိပြီး အဲဒီပြဿနာအတွက် အမေရိကန်လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ကွန်နာဝပ်ကိုချန်းကလိုက်ရှာပေးဖို့ဖြစ်လာပါတယ်။ကွန်နာဝပ်ကိုယ်တိုင်ကလည်း ရုရှားမာဖီးယားတွေနဲ့အကြီးအကျယ်ရန်စရှိနေတဲ့သူပါ။ အဲဒီလိုနဲ့ ဘန်နီချန်းနဲ့ကွန်နာဝပ်တို့နှစ်ယောက် ဟောင်ကောင်အပြန်လမ်းမှာ ရုရှားမာဖီးယားတွေ၊ဟောင်ကောင်ဂန်းစတားတွေနဲ့အပြိုင်စွန့်စားခန်းတွေဖွင့်ရပါတော့တယ်။ ဂျက်ကီရဲ့ Shanghai noon တို့ Rush Hour တို့လိုပဲ အရွှန်းဖောက်ထားတဲ့ အက်ရှင်ပြကွက်တွေ သွက်လက်တဲ့ဇာတ်အိမ်တို့နဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Buddy cop action comedy တစ်ကားပါပဲ။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Family • Comedy
5.6 2016
Skiptrace
The Prince of Egypt
7.2

ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆို ဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့် တစ်ခါကအီဂျစ်နိုင်ငံမှာ Moses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။ တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ ကျန်တစ်ယောက်မှာတော့ မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီး ညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာ တိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့ ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။ အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲ ဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲ နောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။ (ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ) File size… 3.7 GB / 1.4 GB / 727 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Animation/ Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Myo Min Thu Thant Myint

7.2 1900 99 mins
The Prince of Egypt
Land of Happiness
7

Land of Happiness (2024) ************************** ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Choo Chang-Min ရိုက်ကူးထားပြီး Castတွေ အနေနဲ့ကတော့ Jo Jung-suk. Lee Sun-Kyun နဲ့ Yoo Jae-Myung တို့ အဓိကပါဝင်ထားတဲ့ ၁၉၇၉ ခုနှစ် သမ္မတလုပ်ကြံခံရမှုအပြီး ခေတ်အခြေအနေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း တရားရေးတိုက်ပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Jung In-Hoo ဟာ သမ္မတကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ ဗိုလ်မှူး Park Tae-Juဘက်နေ ခုခံကာကွယ်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ အခက်ခဲဆုံးသော နိုင်ငံရေးတရားခွင်ထဲက တစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဖြစ်စဥ်ကတော့ သမ္မတ လုပ်ကြံမခံရခင်မှာ Tae-Ju ဟာ သက်တော်စောင့်တွေကို နှိမ်နင်းထားဖို့ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲဆီမှ အမိန့်ကို လက်ခံရရှိခဲ့တာပါပဲ။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို “ကြိုတင်စီစဉ်ထားတဲ့ ပုန်ကန်မှု” အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရတဲ့အခါ In-Hoo ဟာ Tae-Ju ကို အမှုကနေ ကယ်တင်နိုင်မဲ့နည်းလမ်းနဲ့ သက်သေပြဖို့ အကြံတွေပေးခဲ့ပေမဲ့လည်း Tae-Ju က နားမထောင်ခဲ့ပေ။ Tae-Ju ဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်တပ်ဥပဒေအတိုင်း ကြားနားခွင့် တစ်ကြိမ်သာ ပြုလုပ်ပြီး စီရင်ချက်ချခံရမှာ ဖြစ်တာကြောင့် In-hoo က တရားမျှတတဲ့ တရားစီရင်မှု ဖြစ်ဖို့အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ပေမဲ့ တရားမျှတမှု မရှိတဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကြောင့် In-Hoo ရဲ့ စိတ်ပျက်ဒေါသနဲ့ ခံပြင်းမှုတွေသာ ကျန်ရစ်ခဲ့တဲ့ တရားခွင်ဖြစ်လာတော့တယ်။ တစ်ဖက်မှာလည်း ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါင်းဆောင် Jeon Sang-Doo ကလည်း နောက်ကွယ်ကနေ တရားခွင်ကို လိုသလိုကြိုးကိုင်နေတဲ့အခါမှာတော့.. နိုင်ငံရေးခြစားမှုတွေကြား In-Hoo က သမ္မတကို လုပ်ကြံမှုနဲ့ စွဲချက်တင်ခံနေရတဲ့ Tae-Ju ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။) File size…1.25GB / 540MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 05m Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Hnin Wai Oo & Miri

7 2024 124 mins
Land of Happiness
Ikaw Pa Rin Ang Pipiliin Ko
5.8

ဂီတမှူးတစ်ဖြစ်လဲ သံစုံသီဆိုတဲ့တေးအဖွဲ့တွေမှာ အစီအစဉ် ချပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ “မိုက်ကယ်”ဂီတအလုပ်တွေနဲ့ပဲ နစ်မြုပ်နေလို့ တစ်နေ့တစ်နေ့ အေးစက်လာနေတဲ့ မိန်းမဖြစ်သူနဲ့ ဆက်ဆံရေးကနေမှ… လက်ရှိနေနေတဲ့ မနီလာကနေ အဝေးမှာ သွားလုပ်ရမယ့် အလုပ်တစ်ခုကို လက်ခံပြီးနောက် လင်မယားကွဲဖို့ဖြစ်လာပါတော့တယ်… အဲဒီသူပြောင်းရွှေ့မယ့်ဒေသမှာ ရှိနေတာကတော့ ဂျက်ဇ် ရော့ဒရီဂက်ဇ်ဆိုတဲ့ ကောင်မလေးပါ အဲဒီကောင်မလေးကလည်း သီချင်းဆိုရတာကိုအရမ်းချစ်လွန်းလို့ အဲဒါကို နားလည်မပေးနိုင်တဲ့ ကောင်လေးဖြစ်သူနဲ့ပါ ပြတ်စဲပြီး အသည်းကွဲနေခဲ့တာဖြစ်ပါတယ်.. အဲဒီလိုနှစ်ယောက်က သံစုံတေးဂီတအဖွဲ့တစ်ခုမှာ ဂီတမှူးနဲ့ သံစုံအဖွဲ့ဝင် အနေနဲ့ စတွေ့တဲ့အချိန်မှာပဲ အချင်းချင်းကတောက်ကဆဖြစ်ကြပါတယ် ဂီတကြောင့်ပဲ မိန်းမဖြစ်သူနဲ့ကွဲပြီး ကောင်လေးနဲ့ပါ လမ်းခွဲလိုက်ရတဲ့သူတို့… ဂီတကနေတစ်ဆင့် ပြန်ပြီး ဘယ်လိုဆက်နွှယ်မိသွားကြမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်…. Musical ပါဝင်တဲ့ဇာတ်ကားဖြစ်တာမို့လို့ သီချင်းစာသားတွေကိုလည်း သိပ်နားမလည်ပေမဲ့ တတ်နိုင်သလောက် အကောင်းဆုံးဘာသာပြန် ပေးထားပါတယ်… သီချင်းလေးတွေကလည်း အေးအေးလေးနဲ့ နားဝင်ချိုတာမို့လို့ ဇာတ်လမ်းကြည့်ရင်း သီချင်းလေးပါ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်…. File size…1.27GB / 733MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Horror • Thriller • Comedy • TV Movie
5.8 2024
Ikaw Pa Rin Ang Pipiliin Ko
Memoir Seorang Guru
8.4

Memoir Seorang Guru (2024) IMDb Rating (8.4) ဇာတ်ကားကတော့ ပညာပေးဇာတ်လမ်းပါ။ မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Kyoll Hamzah က စီစဥ်ရိုက်ကူးခဲ့ပြီး (IMDb rating 8.4) ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Biography Duration….01:44:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

8.4 2024
Memoir Seorang Guru
The Donkey King
5.2

ဒီကားလေးက animation ဇာတ်ကားတွေထဲမှာဆိုရင် ထူးထူးခြားခြားဖြစ်တာတစ်ခုက အိန္ဒိယအပြင်အဆင်တွေနဲ့ ရိုက်ထားတာပါပဲ Zootopia တို့လို ဇာတ်ကားမျိုးကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီဇာတ်ကားကိုလည်းကြိုက်ကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်တဲ့မြည်းလေးတစ်ကောင်က စိုင်ကော်လို့ခြုံပေါ်ရောက်တာနေဖြစ်လာမဲ့ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းရတဲ့အကြောင်းလေးပါ နိုင်ငံရေး အယူအဆဟာသတွေနဲ့ ပြည့်နှက်နေတဲ့ကားလေးမို့လို့ ကိုယ်တွေအနေနဲ့ကြည့်သင့်တဲ့အထဲမှာပါတဲ့ ကားကောင်းလေးပါ Rating အနဲငယ်နိမ့်တယ် ထင်ရပေမယ့် ဇာတ်လမ်းရဲ့တင်ဆက်မှုက အဆင့်အတန်းတစ်ခုရှိတဲ့အတွက် ကြည့်ပြီး နောင်တရမဲ့ကားမျိုး မဟုတ်တာတော့ အသေချာပါပဲ File size… 2 GB, 966 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Aries

Animation • Drama • Comedy
5.2 2020
The Donkey King
Beauty in the Struggle II

ဒီဇာတ်ကားလေးကတော့ အပြင်လောကမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ အနီးစပ်ဆုံးတူအောင် ရိုက်ပြထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ အမေတစ်‌ယောက်ဖြစ်တဲ့ ဂျက်စမင်းဟာ သူ့သားအတွက် ဘ၀ကို ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။ ‌ယောကျာ်းဖြစ်သူ မိုဇီကလဲ သူ့နောက်ကွယ်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေကို လုပ်ကိုင်နေပါတယ်။ အဲ့ဒီအချိန်မှာ သားဖြစ်သူဟာ လူသတ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတော့တယ်။ ဂျက်စမင်းတစ်ယောက် လောကဓံကြားမှာ ဘယ်လို ကြံ့ကြံ့ခံသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ မိသားစုဘ၀နဲ့ အခက်အခဲတွေကို ရိုးရိုးသားသားရိုက်ပြထားတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ အဆင်ပြေပါတယ်။ File size…(775 MB)/(405 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Horror • Drama • Thriller
0 2025
Beauty in the Struggle II
Lycoris Radiata
5.9

CM တရုတ်ဖန်လေးတွေအတွက် ဒီနေ့ တစ်မူထူးခြားတဲ့ ဇာတ်ကားကောင်းလေးကို မိတ်ဆက်ဘာသာပြန်ပေးလိုက်ပါတယ်… အားလုံး hotel deluna ထဲက သစ်ပင်ခြောက်ကြီးကို မှတ်မိကြလား… မှတ်မိတယ်ဆို တရုတ်ဗားရှင်း သစ်ပင်ခြောက်ကြီးကပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီ… တရုတ်ကားအတော်များများမှာပါတဲ့ ဝမ်ချွမ် ( ခံစားချက်မဲ့မြစ်) ကို တစ်မူထူးခြားတင်ဆက်ထားတဲ့ကားပေါ့… ဒီကားလေးထဲမှာ လူ့ပြည်ရဲ့ အပြစ်တွေကို စီရင်ဖို့အတွက် ဝမ်ချွမ်ဆီ ရောက်လာကြရတယ်… နောက်တော့ မုန့်ဖော်( မုန့်အဖွား) ရဲ့ အဆုံးအဖြတ်အရ အပြစ်ပေးခံရတယ်… တရားမျှတစွာ စီရင်ပေးနိုင်ဖို့ ဥပဒေထက်မှာ ခံစားချက်ကိုမေ့ထားရသလို သွေးအေးရတယ်… ဒါပေမယ့် မန်ရှူးဟာ ဝမ်ချွမ်ရဲ့ ထိန်းသိမ်းသူဆိုပေမယ့် အမှတ်မထင်ကိစ္စတစ်ခုနဲ့ ရှားဟွား ဆိုတဲ့ ပန်းနတ်သားငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ အနွေးဓာတ်ကို ခံစားမိခဲ့တယ်… ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ မသိပေမယ့် သူ့မသိစိတ်ကနေ ဝမ်ချွမ်ကသေဆုံးနေတဲ့ သစ်ပင်ကြီးကို ရှားဟွားက ကူညီပြီး ပန်းပွင့်လာအောင် အပင်အသက်ပြန်ဝင်လာအောင်လုပ်ပေးနိုင်မယ် ယုံကြည်ပြီး ဝမ်ချွမ်ကိုခေါ်လာခဲ့တယ်… ကဲ ဒီလောက်ဆိုရင် ဘယ်လို စိတ်ဝင်စားဖွယ် ပလော့နဲ့ ရိုက်ကူးထားတယ်ဆိုတာ သဘောပေါက်ကြမှာပါ… နောက်ပြီး မင်းသားရူပါတော့မသိပေမယ့် မင်းသမီးရူပါက အကိတ်တလိုင်းမို့ ဒါနဲ့တင်တန်နေပါပြီလို့ ပြောပြီး ဇာတ်လမ်းလေး ပရိုမိုရှင်း ဆင်းလိုက်ပါတယ်.

Drama
5.9 2022
Lycoris Radiata