YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM)Empresses In The Palace 35.mp4

545.77 MB N/A video/mp4 306 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Autumn Sonata
5.3

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး အဓိပ္ပာယ်အပြည့်နဲ့ လှပတဲ့ ကိုရီးယားဇာတ်ကား‌ဟောင်းလေး ဖြစ်ပါတယ်။ အဆို တော်သရုပ်ဆောင်မင်းသမီး BoA နဲ့အတူ မင်းသား Lee Hak Joo တို့အဓိက ပါဝင်ထားပါတယ်။ ကိုယ့်‌ မွေးရပ်မြေ မြို့လေးနဲ့ သဘာဝတရားကို ချစ်မြတ် နိုးပြီး သင်္ခါရတရားကို သေချာနားလည်ထားတဲ့ ရင့်ကျက် တဲ့ ၂၉ နှစ်အရွယ် မမ "ဆူရွန်း"နဲ့  သူ့နောက်အမြဲ တကောက် ကောက်လိုက်နေတဲ့ ၂၆ နှစ်အရွယ် မောင်လေး "ဂျွန်းလေး" တို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေး... • အင်ဆူရွန်း အဖြစ် BoA • ဂျွန်းလေး အဖြစ် Lee Hak Joo ဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိတ်သတ်ကြီးကို ရင်ထဲထိ စေမယ့် ရသတစ်ခုခု ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ဇာတ်ရှိန်ပျက်မှာစိုးလို့ ဒီကားလေးကိုတော့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူးနော်...ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.22 GB) / (475 MB) / (273 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Romance Translator.......Khaing Khin Encoder..........Zin Phyo Aung

Action • Crime • Drama
5.3 2017 84 mins
Autumn Sonata
Cop Secret
6.2

(1080p ရပါပြီ) Iceland ရဲတပ်ဖွဲ့ရဲ့ ခေါင်းအမာဆုံး ရဲ ဖြစ်တဲ့ ဘူစီနဲ့ ဟော်ဒါတို့အတူ ဓားပြတိုက်မှုတွေကျူးလွန်ထားတဲ့ အဖွဲ့တစ်ခုကို အတူစုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်ဓားပြအဖွဲ့က ခေါင်းဆောင်ဖြစ်သူ ရီကီကလည်း ထင်မထားစရာပရောဂျက်ကြီးတွေနဲ့ လောကကိုချုပ်ကိုင်ဖို့စီစဉ်ထားသူတစ်ဦးဖြစ်တာမို့ လွယ်ကူလှတဲ့ မစ်ရှင်တော့မဟုတ်ပါဘူး။ အကြင်နာတရားမဲ့တဲ့ ရီကီရဲ့ လုပ်ငန်းအစီအစဉ်တွေကို သူတို့နှစ်ဦးအပါ ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားတားမြစ်မလဲ? ထောင်သောင်းချီတဲ့ ပြည်သူတွေကိုရော ရီကီလက်ထဲကကယ်ထုတ်နိုင်ပါ့မလား? ဆိုတာကိုတော့ ခေါင်းဆောင်မင်းသမီးတစ်လက်မှမပါဘဲ ဘဲကြီးနှစ်ယောက်တင် တအားချစ်ကြတဲ့ ဇာတ်လမ်းကောင်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size          : 2.1GB, 656MB, 318MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 38mins Genre              : Action, Comedy Translated by Hae Areum Encoded by Kinnov

Drama
6.2 2022 100 mins
Cop Secret
Ghost Game
5.3

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်က ကမ္ဘောဒီးယားက တားဆီးနယ်မြေ Case ၁၇ မှာ ဝင်သွားတဲ့လူတွေ အကြောင်းရင်းမရှိဘဲ သေဆုံးခဲ့ကြပါတယ် အဲ့နောက်ပိုင်း အဲ့နေရာကို ဘယ်သူမှမသွားရဲတော့ပါဘူး ဒါကို Reality Show တခုက ဂိမ်းပြိုင်ပွဲတခုလုပ်လိုက်ပါတယ် အဲ့ဒီနေရာကိုသွားပြီး အကြောက်တရားတွေကိုခံနိုင်သူ နောက်ဆုံးကျန်ရစ်ခဲ့သူက အနိုင်ရသူဖြစ်ပြီး ဆုငွေ ၅ သန်းရမှာဖြစ်ပါတယ် ယှဉ်ပြိုင်သူအားလုံး ၁၁ ယောက်ရှိပြီး သူတို့တွေ ဘယ်လိုရုန်းကန်ကြမှာလဲ အဲ့ထဲမှာရော ဘယ်လောက်တောင်ခြောက်ခြားစရာကောင်းနေမလဲ ဇာတ်ကားထဲမှာကြည့်ရှုရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.6GB) / (900MB) Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:48:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Drama
5.3 2006 100 mins
Ghost Game
Ali Wong: Don Wong
7.3

စင်ဂယ်ဘဝကို ပြန်အားကျနေကြတဲ့ အိမ်ထောင်သည်တွေ အိမ်ထောင်သည်ဘဝကို မျှော်လင့်နေကြတဲ့ စင်ဂယ်တွေအတွက် ချစ်သူများနေ့အမှတ်တရဆိုပြီး Netflix အထူး တင်ဆက်ပေးထားတဲ့ show လေးကတော့ Ali Wong ရဲ့ Don Wong ပဲဖြစ်ပါတယ်။ ဒီရှိုးလေးမှာတော့ Ali တစ်ယောက် စင်ဂယ်တွေကို ဘာလို့အားကျတာလဲဆိုတာတွေ အမေတို့ခေတ်နဲ့မတူတော့တဲ့ ၂၁ရာစုကြီးမှာ မိန်းမတွေရဲ့ဖောက်ပြန်ချင်စိတ်နဲ့ အလိုဆန္ဒ အကြောင်းတွေ သတ်လတ်ပိုင်းအိမ်ထောင်သည်ဘဝမှာ ကြုံတွေ့ရတဲ့ ဆန္ဒမပြည့်ဝခြင်းလေး တွေကို ဘွင်းဘွင်းရှင်းရှင်းကြီး ဟာသနှောပြီးတင်ဆက်ထားတဲ့ comedian Ali Wong ရဲ့ အထူးရှိုးလေးမို့ စိတ်ဝင်တစားသိရှိလိုသူအပေါင်းတို့ လက်မလွတ်တမ်းကြည့်ရှုနိုင်ကြပါပြီနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.25 GB) /(441 MB) / (273 MB) Quality – WebRip 1080p / 720p/480p Duration - 50mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy Translator – Lwin Lwin Aung Encoder – SWM

Comedy • Drama
7.3 2022 59 mins
Ali Wong: Don Wong
Hijacked: Flight 73
6.7

၂၀၂၃ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် Documentory ရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ ဒီ Hijacked Flight 73 ရုပ်ရှင်ဟာဆိုရင် နာမည်ကြီး 9/11 ကိစ္စတွေမဖြစ်ခင် ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်မှာဖြစ်ပွားခဲ့တဲ့ တစ်ကမ္ဘာလုံးကိုထိတ်လန့်သွားစေခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပန်အမေရိကန်ဟာဆိုရင် အဲဒီခေတ်အခါက ကိုကာကိုလာနဲ့တန်းတူ ကမ္ဘာမှာ နာမည်ကြီးခဲ့တဲ့ လေကြောင်းလိုင်းလုပ်ငန်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ၁၉၈၀ခုနှစ်တွေရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ သမိုင်းဖြစ်ရပ်တွေလည်း ပါဝင်နေတာဖြစ်ပြီးတော့ ဒီပြန်ပေးဆွဲတိုက်ခိုက်မှုမှာဆိုရင် ခရီးသည် ၃၀၀ကျော်ကို ဓားစာခံထိန်းသိမ်းခဲ့တာဖြစ်ပြီးတော့ သေဆုံးသူ ၂၀ ဝန်းကျင်ရှိခဲ့ပြီး လူ ၁၀၀ လောက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီရုပ်ရှင်မှာ အဓိကအားဖြင့်တော့ ပြန်ပေးဆွဲခံရတဲ့လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်၊ အသက်ရှင်ဖို့ရုံးကန်ကြိုးစားခဲ့တာတွေကိုကြည့်ရှုကြရမဲ့အပြင် အစိုးရနဲ့ တာဝန်ရှိတဲ့သူတွေက ဒီကိစ္စကို ဘယ်လိုမျိုးသဘောထားပြီး ကိုင်တွယ်ခဲ့ကြသလဲဆိုတာတွေကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Action • Crime • Drama • Mystery
6.7 2023 94 mins
Hijacked: Flight 73
I Killed Bapu
7.3

I Killed Bapu(2023) IMDb – 7.3/10 ကြမ္မာငင်ခဲ့တဲ့ မဟတ္တမဂန္ဓီ..။ တစ်နိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ အိန္ဒိယရဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ၊ အသက် ၇၈ နှစ်အရွယ်မှာ ဟိန္ဒူလူမျိုး နာသူရမ် ဗီနာရက် ဂိုဆေးရဲ့ အနီးကပ်ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရပါတယ်။ ဟိန္ဒူလူမျိုးချင်းဖြစ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်ခံရတဲ့ ခေါင်းဆောင်ကြီး ဂန္ဓီလိုလူမျိုးကို လုပ်ကြံရခြင်းအကြောင်းဟာ ထင်ထားတာထက်ကို ရိုးရှင်းပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းလှပါတယ်။ ပြည်ထောင်စုအိန္ဒိယနိုင်ငံကြီး တစ်စစီပြိုကွဲလာဝာာကို မကြည့်ရက်နိုင်တော့တဲ့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်လူမျိုးကို နှိမ့်ချတယ်ဆိုတဲ့ လူမျိုးကြီးဝါဒရဲ့ရိုက်ခက်မှုပါ ရောပြွန်းနေတဲ့ မီးစတစ်ဖက် ရေမုတ်တစ်ဖက်သော ကြံစည်မှုလို့ခေါင်းစဉ်တပ်ရမှာပါပဲ။ ဒီဇာတ်ကားမှာတော့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သမိုင်းမှာ နာမည်အကြီးဆုံးလုပ်ကြံရေးသမား နာသူရမ့်ရဲ့ အတွေးအမြင်နဲ့ လုပ်ကြံရခြင်းအကြောင်းအရင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂန္ဓီသေဆုံးပြီးနောက် တရားခွင်တင်ခံလိုက်ရတဲ့ နာသူရမ်ဟာ တစ်နိုင်ငံလုံးက မုန်းတီးရွံရှာကြတာမို့ သူ့ဘက်ကနေလိုက်ပေးမယ့် ရှေ့နေတောင်မရှိတာမို့ ကိုယ်တိုင်ပဲ အမှုကိုခုခံလျှောက်လဲခဲ့ရပါတယ်။ ဂန္ဓီကို ဘာကြောင့်လုပ်ကြံခဲ့တာဖြစ်မလဲ…။ သူကရော ဘယ်လိုလူလဲ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ကြည့်ရှုလို့ရအောင် CM BOLLYWOOD TEAM မှ Aditi နဲ့ Cherry တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.3 2023
I Killed Bapu
Heroic
7

Heroic (2023) ~ IMDb – 7/10, Rotten Tomatoes – 81% ~ ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 915MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 28Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Action
7 2023 88 mins
Heroic
The Tuxedo
5.4

ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။ အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။ အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ အဲ့ဝတ်စုံကို ဝတ်ပြီးတဲ့နောက် သူ့ဆရာရဲ့ အဆက်အသွယ်တွေနဲ့ ဆက်သွယ်ပြီး သူ့ဆရာ ဟန်ဆောင်ကာ သူ့ဆရာကို လုပ်ကြံတဲ့ အဖွဲ့ အစည်းကို ဖော်ထုတ်ဖို့ ကြိုးပမ်းသွားတာကို ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

Animation • Adventure • Family • Fantasy
5.4 2002 98 mins
The Tuxedo
Butchers

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့ လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန် အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။ ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာ စောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့ လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲ ဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး.. File size…1.29GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Thriller • Mystery • Adventure • Crime
0 2020 93 mins
Butchers
Muri and Ko
6.4

ဒီနှစ်ထဲမှာပဲ ထွက်ရှိထားတဲ့ နိုင်ဂျီးရီးယား ဟာသကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ Muri က ခါးပိုက်နှိုက်တစ်ယောက်ဖြစ်ပြီး တစ်ရက် တစ်ရက် ပိုက်ဆံအိတ်တွေ လုရတာ စိတ်ကုန်လာတဲ့ Muri ကို သူငယ်ချင်း ဖြစ်သူ Raski က အကြံကောင်းတစ်ခုပေးပါတယ်။ အကြံကတော့ ကားခိုးဖို့ပါ။ ကားအပိုပစ္စည်းတွေ ဖြုတ်ပြီး Chukwudi ဆိုတဲ့ လူဆိုးခေါင်းဆောင်ဆီမှာ ရောင်းပြီးရင် ရတဲ့ငွေနဲ့ Muri ဟာ busကား အသေးစားလေး ဝယ်ပြီး မောင်းစားဖို့ စီစဥ်ထားတာပါ။ ဒါနဲ့ တစ်ရက် စူပါမားကတ်ရှေ့က ကားတစ်စီးရဲ့ အမှတ်တံဆိပ်ကို ဖြုတ်နေတုန်း အန်တီကြီး တစ်ယောက်က ကားတံခါးကို မပိတ်ပဲ အမှုမဲ့ တစ်ဖက်ကို ထွက်သွားတာ မြင်လိုက်ပါတယ်။ အခွင့်ကောင်းကို အသုံးချတဲ့ Muri တစ်ယောက် ကားပေါ်တက်ပြီး မောင်းပြေးပါတော့တယ်။ လမ်းမှာ ကားရောင်းဖို့ အစီအစဥ်ချပြီး ပျော်နေတုန်း ကားနောက်ခန်းက ကလေးလေး တစ်ယောက် ထလာပါတယ်။ အဲ့ဒီကလေးဟာ နာမည်ကြီး Celebrity တစ်ယောက်ဖြစ်တဲ့ Didi ရဲ့ သားလေး ဖြစ်ပါတယ်။ Didi ကိုလည်း မသိ သူ့ရဲ့သားလေးကိုလည်း မသိတဲ့ Muri က ကလေးကို ကားပေါ်က ဆွဲချပြီး လမ်းပေါ်မှာ ထားခဲ့ဖို့ လုပ်ပေမယ့် မနေနိုင်ပဲ ပြန်တင်ခေါ်လာခဲ့ပါတယ်။ Muri နဲ့ အတူ Koဆိုတဲ့ ကလေး ရဲ့ ဟာသနဲ့ အလွဲတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Comedy • Drama
6.4 2024
Muri and Ko
Moana 2
7

Moana 2 (2024) IMDb Rating (7.0) / Rotten Tomatoes (61%) မိုအာနာ ဒုတိယရုပ်ရှင်ကို ကြည်တောက်ရှင်း 4K နဲ့ပါ တင်ထားပေးပါတယ်။ 4K ကိုတော့ CM App မှာ ကြည့်ပါ။ Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။ မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(6.2 GB) / (2.5 GB) / (1.5 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy, Family, Fantasy, Musical Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Matteo, Act Molemy

Comedy
7 2024 100 mins
Moana 2