YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Diabolik (2021) 1080p.mp4

2.15 GB N/A video/mp4 1056 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Locksmith
6.2

The Locksmith (2023) ဒီဇာတ်ကားရဲ့ ဇာတ်ဆောင် Miller ဟာ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ သော့ပြင်သမားတစ်ယောက်ပါ။ အဲလိုပါရမီနဲ့ Miller ဟာ ဒုတိယဘုရားသခင်ဖြစ်တဲ့ ငွေကို ကိုးကွယ်ပြီး အကျင့်ပျက်ရဲတစ်ယောက်နဲ့ပေါင်း၊ ဖောက်ထွင်းမှုကျူးလွန်ရာမှ အဲရဲသစ္စာဖောက်တာကိုခံရပြီး သူ့အခင်ဆုံးသူငယ်ချင်းကိုရော လွတ်လပ်တဲ့ဘဝကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ အဲလိုနဲ့ ထောင်ကပြန်ထွက်လာတဲ့အခါမှာတော့ သူဘဝသစ်ပြန်စပြီး သူ့ဇနီးဟောင်းနဲ့ သမီးအပေါ် ပျက်ကွက်ခဲ့တာတွေကို ပြန်ပေးဆပ်မယ်ဆိုတဲ့ စိတ်ကူးပဲရှိတဲ့ Miller ကို သူ့ကြောင့်သေသွားရတဲ့ သူငယ်ချင်းရဲ့ညီမက သူ့အစ်ကိုအတွက်ပြန်ပေးဆပ်ချင်ရင် သူ့ရဲ့စောရပညာနဲ့ သူ့ကို ဒုက္ခတွင်းက ကယ်ထုတ်ပေးဖို့ ပြောလာတဲ့အခါမှာ Miller တစ်ယောက် ဒုစရိုက်မှုတွေ ပြန်ကျူးလွန်ဦးမလားဆိုတာ ဒီဇာတ်လမ်းမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(2.78GB)  / (1.26GB) /698MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Action / mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Mariposa

Action • Crime • Thriller
6.2 2023 91 mins
The Locksmith
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
Weathering with You
8

သဘာဝ ၏ ရင်သွေးငယ် "နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodaka ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ် ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား? ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်... အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။ ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။ မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက် အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး တိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်...ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့...... အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် "Weathering with you" ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်.... ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ် အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့ အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ ဇာတ်ဝင်တေးနဲ့ နောက်ခံတီးလုံးတွေကလည်း ထုံးစံအတိုင်း ရှယ်တွေပါ... နားကြပ်လေးတပ်ကြည့်သင့် (ဒီကားထဲမှာပါတဲ့ cameo အခန်းလေးတွေကလည်း ပရိသတ်ကို အတော်လေးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်) ကဲ အညွှန်းလည်း အတော်လေးရှည်သွားပြီမို့လို့ … အခုပဲ ကြည့်ရှု့ခံစားကြည့်လိုက်ကြပါဦး။ အညွှန်းကိုတော့ မားရဲကရေးသားပေးထားပါတယ် Quality – Blu-ray 1080p/720p Duration – 1hr 52min Format – Mp4 Translator – IdiotMyoKo Synced and Edited by CM Encoder – YK,Myoko

Action & Adventure • Sci-Fi & Fantasy
8 2019 112 mins
Weathering with You
Abducted on Prom Night
5.2

======================= အနောက်နိုင်ငံတွေမှာတော့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ကျောင်း ကပွဲညဆိုတာ အမှတ်တရအဖြစ်ဆုံး ညတစ်ညပါ။ တစ်သက်မမေ့ နိုင်စရာ ပျော်ရွှင်မှုတွေနဲ့ ညလေးတစ်ညဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အဲဒီညက ကင်ဘာတို့ ဆယ်ကျော်သက်သူငယ်ချင်းလေး ယောက်အတွက်တော့ ထိတ်လန့်ဖွယ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ညတစ် ည ဖြစ်လို့လာခဲ့ပါတယ်။ ကင်ဘာက ကျောင်းကပွဲညမတိုင်ခင် လပိုင်းအလိုမှာ ပြန်ပေးဆွဲခံရ ပြီး ကံသီလို့ လွတ်မြောက်လာခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအတွက်ကြောင့် မိခင်ဖြစ်သူရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုကို ခံနေရပြီး နေအိမ်အ ကျယ်ချုပ်သဘောမျိုးနဲ့ နေလာခဲ့ရပါတယ်။ ကျောင်းကပွဲနေ့ရောက်တဲ့ အချိန်မှာတော့ ကင်ဘာ့ရဲ့ချစ်သူ အော်စတင်ရဲ့ စည်းရုံးရေးကောင်းမှု ကြောင့် ကင်ဘာတစ်ယောက် ကပွဲကို သွားခွင့်ရခဲ့ပါတယ်။ ကင်ဘာနဲ့အတူ အော်စတင်၊ ဂျိုအန်၊ အဲဗာလီ၊ လုခ် တို့ သူငယ်ချင်း လေးယောက် ဇိမ်ခံကားကြီးနဲ့ ကျောင်းကပွဲညကို သွားကြတဲ့အချိန်မှာ တစ်ကျော့ပြန် ပြန်ပေးဆွဲမှုကြီး ပေါ်လာခဲ့ပြီး သူတို့ရဲ့ အမှတ်တရည လေး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို မြှုပ်ကွက်များစွာနဲ့ ကြည့် ရှု့ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.46 GB) / (492 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….May Thet Khine Soe Encoder……….SWM

5.2 2023 87 mins
Abducted on Prom Night
Cloudy with a Chance of Meatballs 2
6.5

အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာ ငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။ သူ့နာမည်ကတော့ ချက်စတာဗွီပါ။ ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့ စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ကျွန်းပေါ်က ဒေသခံတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ချက်စတာဗွီက ဖလင့်ရဲ့ အစားအသောက်ဖန်တီးစက်ကို လိုက်ရှာချင်ခဲ့တာပါ။ ဒါပေမဲ့လည်း အသက်ဝင်နေတဲ့ အစားအသောက်တွေကြောင့် သူထင်သလို အလွယ်မရှာနိုင်ခဲ့ဘူး။ အဲဒီအခါမှာ ချက်စတာဗွီက ဖလင့်ကို သူ့အစား စက်ကိုလိုက်ရှာဖို့ လှည့်ကွက်တွေ ထုတ်သုံးတော့တယ်။ ဖလင့်ကလည်း ချက်စတာဗွီကို နဂိုကတည်းက လေးစားအားကျခဲ့တာမလို့ သူ့ရဲ့ အလိမ်အညာတွေထဲ နစ်သွားခဲ့တော့တာပါ။ ဖလင့်တစ်ယောက် သူ့ရဲ့စက်ကို ကျွန်းဆီ ပြန်သွားရှာတဲ့အခါ ဘယ်လိုအန္တရာယ်တွေ စွန့်စားခန်းအသစ်တွေကို ကြုံတွေ့ရမလဲ၊ ချက်စတာဗွီကရော ဒီစက်ကိုယူပြီး ဘာလုပ်ဖို့ ကြံစည်ထားတာလဲဆိုတာကိုတော့ ဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါနော်။ ဇာတ်ကားထဲမှာက သူငယ်ချင်းတွေရဲ့ အရေးပါပုံတွေ၊ ကိစ္စတစ်ခုကို ပုံသေမမှတ်ဘဲ ရှုထောင့်နှစ်ခုကနေ သုံးသပ်ကြည့်ရှုသင့်ပုံတွေကို တင်ဆက်ထားတာမလို့ အထူးသဖြင့် ကလေးငယ်တွေကို ပြသင့်တဲ့ ကာတွန်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းကလည်း ပထမကားလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာမလို့ မိသားစုနဲ့အတူ အချိန်ပေးကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Horror • Drama • Mystery
6.5 2013 94 mins
Cloudy with a Chance of Meatballs 2
Lantrani
5.3

Lantrani (2024) (မြေနိမ့်ရာလှံစိုက်) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ… လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။ လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။ လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5.3 2024
Lantrani
Manon of the Spring
8

ဒီဇာတ်လမ်းက အချစ်နဲ့ လောဘအလိုရမ္မက်ကိုဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အူဂိုလင်ဆူဘေရန်နဲ့ သူရဲ့ဦးလေးဆီဆာဆူဘေရန်က မျိုးရိုးစဥ်ဆက် ရွှေငွေဥစ္စာဓနတွေစုဆောင်းလာခဲ့တဲ့ဆွေကြီးမျိုးကြီးဖြစ်တယ်။ ဒါပေမဲ့ အူဂိုလင်ပြီးရင် မျိုးဆက်ထဲမှာအမွေဆက်ခံမယ့်သူမရှိတော့ဘူး။ ဒါကြောင့် ပါပိ(ဆီဆာဆူဘေရန်)က အူဂိုလင်ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတယ်။ တကယ်တော့ ဆူဘေရန်တွေက လောဘကြီးတဲ့သူတွေဖြစ်လို့ လွန်ခဲ့တဲ့၁၀နှစ်က အိမ်နီးချင်း(မာနွန်တို့မိသားစု)ရဲ့ငွေရပေါက်တစ်ခုကို လုယူခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ရဲ့သက်ရောက်မှုကြောင့် မာနွန်ကလေးဘဝမှာပဲ မာနွန့်အဖေသေသွားခဲ့တယ်။ မာနွန်အရွယ်ရောက်လာချိန်မှာ အဖြစ်မှန်ကိုသိသွားခဲ့ရာကစပြီး ဆူဘေရန်တွေရဲ့အတိတ်ကမကောင်းမှုက သူတို့ဆီပြန်လည်ရိုက်ခတ်လာတော့တယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

8 1986 113 mins
Manon of the Spring
[18+] Huwad
5

[18+] Huwad (2024)===============ရိုမီနာနဲ့လန်ဒိုတို့က ငယ်လင်ငယ်မယားတွေဖြစ်ပြီး တစ်ချိန်ကတော့ချစ်လို့ယူခဲ့ပေမယ့် အခုချိန်မှာခင်ပွန်းဖြစ်သူလန်ဒိုက သူ့အပေါ်အေးစက်စပြုနေပါပြီ။ဒါကို ရိုမီနာကိုယ်တိုင်ခံစားမိသလို အနားမှာရှိတဲ့ သူ့မိခင်ကလည်းရိပ်မိပါတယ်။ လန်ဒိုခြေလှမ်းတွေပျက်နေတာကို ဖိနပ်ပေါက်လို့ထင်ပါတယ်ဆိုပြီးမသိကျိုးကျွံထားခဲ့ပေမယ့် တစ်နေ့မှာတော့လန်ဒို့အိမ်ထဲက မိန်းမစီးဖိနပ်တစ်ရံကိုတွေ့တဲ့အချိန်မှာ သံသယဟာပိုခိုင်မာစရာဖြစ်သွားခဲ့ပါတယ်။ဒီအဖြစ်ကိုအတည်ပြုလိုက်နိုင်တာကတော့ လန်ဒိုအလုပ်လုပ်တဲ့စားသောက်ဆိုင်နားက စျေးဆိုင်ရှင်မိန်းမတစ်ယောက်ဆီမှာအဲ့ဒီဖိနပ်ကိုတွေ့လိုက်ရတာပါပဲ။မခံချိမခံသာ အူနုကျွဲခတ်ခံလိုက်ရတဲ့ ရိုမီနာဟာ ဒေသခံဗိန္ဓောဆရာတစ်ယောက်နဲ့ပေါင်းပြီးအစီအရင်တွေပီယဆေးတွေနဲ့သူ့ချစ်သူကိုပြန်ရဖို့ တစ်ဖက်ဇနီးကိုဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။ကားရိုက်ကြဲသွားတဲ့ ကာလသားတွေရဲ့အချစ်တော် မင်းသမီးချောလေး Azi acosta ကိုပြန်တွေ့ရမယ့်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

5 2024
[18+] Huwad
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
Killer Influence
3

Killer Influence (2024) Influencer အရှိန်အဝါကြီးသူ(အင်ဖလူအန်ဇာ)တွေဆိုတာ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွက်၊ အင်စတာဂရမ်၊ တင်ဒါ၊ တစ်တော့ခ် စတာတွေကနေ ကုန်ပစ္စည်းတွေကို အခကြေးငွေယူပြီး ကြော်ငြာပေးတာ၊ ရောင်းပေးတာတွေ လုပ်ပေးရသူတွေပါ။ အဲဒီလို လုပ်နိုင်ဖို့ကို သူတို့ကိုယ် သူတို့ နာမည်ကြီးလာအောင် ကိုယ်ပိုင်ဇာတ်နဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခုခုနဲ့ အရင်ဆုံး လူသိများလာအောင် လုပ်ရပါသေးတယ်။ ပရိသတ် အားပေးမှု ကျမသွားအောင်လည်း ထိန်းသိမ်းရပါသေးတယ်။ စိတ်ဖိအားအလွန်များသလို အချိန်ပြည့်လဲ အသစ်အသစ်တွေချပြနိုင်အောင် ဖန်တီးနေရပါတယ်။ အဲဒါအပြင် သူတို့ကို အကြောင်းမဲ့ နာမည်လိုက်ဖျက်တတ်သူတွေ၊ စော်ကားချင်သူတွေ Harasser၊ စွဲလမ်းလွန်ပြီး တကောက်ကောက်လိုက် နှောက်ယှက်တတ်သူ stalker တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။ အခု ရုပ်ရှင်မှာတော့ influencer တစ်သိုက် ဖန်တီးမှုအသစ်လုပ်ဖို့ ပြင်သစ်နိုင်ငံ၊ ကျေးလက်ဒေသလေးတစ်ခုကိုသွားပြီး ဗီဒီယိုအသစ်တွေဖန်တီးဖို့သွားခဲ့တာပါ။ ဇာတ်လမ်းပြောဆရာမ အဲလက်စ်က ဦးဆောင်ပြီး သူငယ်ချင်း influencer တွေဖြစ်တဲ့ အကဆရာဆမ် ခေါ် ဆမ်မြူဝယ်၊ နာလာအီးဇီးမိတ်ကပ် ခေါ် နာလာ၊ တကိုယ်တော်မင်းသမီးလေး ၆၉ ခေါ် မာရီတို့အပြင် လူမှုမီဒီယာတောင်မသုံးတတ်တဲ့ သူမရဲ့ချစ်သူ ကာမီးလ်တို့ကို ခေါ်ပြီး သူမပိုင် ကျေးလက်အိမ်လေးတစ်ခုကို သွားခဲ့ပါတယ်။ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို Location ထည့်လိုက်မိရာကနေ အနီးနားက စိတ္တဇ Stalker တစ်ယောက်ကို ဖိတ်ခေါ်မိရက်သားဖြစ်သွားပြီး သူတို့ဖန်တီးနေတဲ့ Horror story ထဲမှာ သူတို့ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မိရက်သား ဖြစ်သွားခဲ့ပုံများကို ရှုစားရမှာပါ။ (အမျိုးသမီးချင်း) လိင်ဆက်ဆံခန်း၊ အရက်သေစာ ဆေးဝါးသုံးစွဲမှု၊သတ်ဖြတ်ခန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သေးသူများ ဆင်ခြင်သင့်ပါသည်။ ၂၀၂၀ခုနှစ်ထုတ် The Revolution မင်းသမီး Marilou Aussilloux၊ အစ္စရေး နာမည်ကျော် မင်းသမီး Joy Rieger၊ ပြင်သစ်သရုပ်ဆောင်Ouidad Elma၊Alix Gavoille၊ Lea Julianတို့ ပါဝင်ထားပြီး Abel Dananက ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ထားတာဖြစ်ပါတယ်။ Jury Prize မှာ အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဂီတ နဲ့ Joy Rieger က အကောင်းဆုံးသရုပ်ဆောင်ဆုတွေ ရထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:21:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Action • War
3 2024 84 mins
Killer Influence
Primal Rage
5

အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။ သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့ မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။ မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့် အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကို ရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့် ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။ အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲမှူးကြီးဟာ လူစိမ်းကိုလည်း မတွေ့ရ၊ ဖုန်းခေါ်ထားတဲ့ အက်ရှလေတို့ရဲ့ကားကိုသာ တောင်စောင်းအောက်မှာ တွေ့ခဲ့ရပါတယ်။ ပါကင်ဂီယာထိုးထားတဲ့ကားကိုတောင်စောင်းအောက်ရောက်အောင်ပို့ဖို့ဆိုတာ အရမ်းအားသန်တဲ့လူတစ်ယောက် တွန်းမှသာ ဖြစ်နိုင်ခြေရှိကြောင်း သိသွားတဲ့အချိန်မှာတော့ ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်ဒီးယန်းတို့ရဲ့ ဒဏ္ဍာရီဖြစ်တဲ့ အို-မာ (ခေါ်) နှင်းလူရဲ့အကြောင်းကို လစ်လျူရှုထားလို့မရတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ ရေစီးထဲ မျောပါသွားတဲ့ မက်စ်နဲ့အက်ရှလေ၊ အို-မာရဲ့အကြောင်းကို စုံစမ်းမယ့် ရဲမှူးကြီးနဲ့ တောအုပ်ထဲကို အမဲလိုက်သွားကြတဲ့ တောသားမုဆိုးတစ်သိုက်တို့ရဲ့ ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်နေမလဲဆိုတာကို ဆက်လက်ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.9 GB, 863 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Crime
5 2018 106 mins
Primal Rage
The Way We Speak
6.3

The Way We Speak (2024) IMDb Rating (6.3) / Rotten Tomatoes (94%) နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ဟာရစ်ဆန်က နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဂျော့နဲ့ စကားရည်လုပွဲမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တယ်။ ဂျော့က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ချိန်မှာ သူ့နေရာမှာ ဆာရပ်ဆိုတဲ့ ခရစ်စယာန် စာရေးဆရာမတစ်ယောက်နဲ့ အစားထိုးစေခဲ့တယ်။ စတိတ်စင်ပေါ်မှာ တည်ငြိမ်တဲ့ပုံစံပေါက်နေတဲ့ဆိုင်မွန်ဟာ တကယ်တမ်းတော့ စိတ်မတည်ငြိမ်နိုင်ဘဲ ကင်ဆာရောဂါခံစားနေရတဲ့ မိန်းမဖြစ်သူနဲ့ အခြေအနေတွေ တင်းမာနေခဲ့သူပါ။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်၊ မိန်းမဖြစ်သူကို စိုးရိမ်ပူပန်တဲ့စိတ်၊ သူ့ရဲ့ အလုပ်ရည်မှန်းချက်တွေ ပျက်စီးသွားမလားဆိုတဲ့ ပူပင်သောကပေါင်းများစွာနဲ့ ဆိုင်မွန်ဟာ သူ့ပြိုင်ဘက်ဆာရပ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မမြင်တော့ဘဲ ရန်သူတစ်ယောက်အနေနဲ့ မြင်ယောင်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? ဘယ်လောက်ပဲစံနမူနာထားစရာလူတစ်ယောက်ဖြစ်နေပါစေ လက်တွေ့မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတဲ့အရာတွေဆိုတာ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မျက်ရည်လွယ်သူတွေက တစ်ရှူးဆောင်ပြီး ကြည့်ရမယ့် စိတ်ခံစားမှုကို အပြည့်အဝပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Comedy • Drama
6.3 2024 87 mins
The Way We Speak
The Quick and the Dead
6.5

The Quick and the Dead (1995) IMDb Rating (6.5) မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက် ၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့… အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် … အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့ တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ … သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ…..။

6.5 1995 107 mins
The Quick and the Dead
Keluang Man
6.3

Keluang Man (2025) IMDb Rating (6.3) ကူလောင်မန်းဆိုတဲ့ ဒီကားလေးကတော့ မလေးရှားဘတ်မန်း(လင်းနို့လူသား)ကားလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ကူလောင်မန်းဆိုတဲ့ မလေးရှားစူပါဟီးရိုး animated series ကို ၂၀၂၅ မှာ live action ပြန်လည်ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ဘိုဟန်ဟာ စိတ်ကျန်းမာရေးကုသပေးတဲ့စင်တာတစ်ခုမှာနေထိုင်နေသူပါ။ ဒေါက်တာမာလီနီရဲ့ ဆေးကုထုံးတွေကြောင့် သူ့ရဲ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကို ပြန်ရလာခဲ့ပါတယ်။ သူရဲ့တစ်ပိုင်းတစ်စ မှတ်ဉာဏ်အရ သူဟာငယ်စဉ်က ကလေးမှောင်ခိုဂိုဏ်းတစ်ခုတွင် မိဘများ၏ရောင်းစားခြင်းကို ခံခဲ့ရတယ်။ သို့သော် အားမက်ဒ်ဆိုတဲ့လူတစ်ယောက်ဟာ သူတို့ကိုကယ်တင်ပေးခဲ့ပြီး မိဘမဲ့ဖြစ်နသည့် သူနဲ့အတူ ရှန်မ်ဆေးဆိုသည့်သူငယ်ချင်းကိုပါ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ သူတို့သူငယ်ချင်းနှစ်ဦးဟာ မွေးစားဖခင်ဖြစ်တဲ့ အားမက်ဒ်ရှိရာ အစိုးရရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ နောက်ထပ်သူမှတ်မိသလောက်ကတော့…. ရှန်မ်ဆေး… သစ္စာဖောက်ကောင်။ အားမက်ဒ်ကို သူလုပ်ကြံခဲ့တယ်၊ ဘိုဟန်ကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပေးမယ့် ကံအားလျော်စွာ အသက်မသေခဲ့ဘဲ နဖူးက ကျည်ဆံဒါဏ်ရာကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခဲ့ရသည်။ ဘိုဟန်အနေနဲ့ ဒါတွေကို နာကျင်ရလို့ ဆက်မတွေးချင်ခဲ့ပါ။ ဒါပေမယ့် တစ်ချိန်မှာတော့ ရှန်မ်ဆေးကို စိတ်ကျန်းမာရေးစင်တာမှာ တွေ့လိုက်ရပါတယ်။ နောက်ဖြစ်လာမယ့်အရာတွေဟာ ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာတဲ့အတွက် ဘိုဟန်ရဲ့ လက်စားချေချင်စိတ်ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့ ဘိုဟန်ဟာ မျက်နှာဖုံးဝတ်ထားတဲ့ ညဉ့်နက်သူရဲကောင်းဖြစ်လာခဲ့ပါတော့တယ်။ DCက ဘတ်မန်းလိုအတည်ပေါက်မဆန်ပဲနဲ့ ရူးကြောင်ကြောင်ဘတ်မန်းကိုတွေ့မြင်ရမယ့် Comedy Action ကားလေးဖြစ်ပါတယ်။ budget အနေနဲ့ RM 13million လောက်သုံးထားတဲ့အတွက် မလေးရှားနိုင်ငံအတွက်ဆိုရင် High production တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ်ကလည်း မြင်နေကျမဟုတ်ဘဲ plot twist များလည်း ပါတဲ့အတွက် entertainment တစ်ခုကို ကောင်းကောင်းခံစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။) File size… (2.1 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Adventure,Comedy,Science Fiction Duration…. 02:11:49 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by ZMT

Horror • Thriller
6.3 2025 137 mins
Keluang Man