YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM)Boys.To.Men.2019.E02.720p.WEB-DL.AAC.H264.mp4

391.76 MB N/A video/mp4 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Priest of Evil
5.5

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုက ရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင် သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့ အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့ မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေး မသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကို လိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ် ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာ ထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့ အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊ အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ဘာလို့ကျူးလွန် နေရလဲဆိုတာကိုတော့ Priest of Evil ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြပါနော်။ File size…1.93GB / 788MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 46m Genre ..... Action , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Action • Adventure • Comedy • Drama • Mystery
5.5 2010 106 mins
Priest of Evil
Cube
5.5

Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။ ​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊ ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့် တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ... သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊ မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။ လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍ ကြိုက်သည့်အ​ပေါက်မှ ကြိုက်သည့်အခန်းသို့ကူးနိုင်သည်၊ သို့​သော် ကိုယ်ကူးသည့်အခန်း မှားရင်​ဖြင့် ပြန်လမ်းမရှိတဲ့ မရဏလမ်းဆီ ​ရောက်နိုင်သည့် ​ထောင်​ချောက်အသီးသီးနဲ့ တိုးပါမည်။ ဘယ်အ​ပေါက်ကကူးလျင် ​ထောင်​ချောက်မရှိတဲ့ အခန်းကိုရောက်မလဲ၊ ထိုမှတဆင့် ဘယ်လို​ရွေးချယ်မှု​တွေနဲ့ပင်မထွက်​ပေါက်ကြီးကို ​ရောက်​အောင်သွားကြမလဲ၊ ဘယ်သူ​​တွေ ရှင်ကျန်ပြီး ဘယ်သူ​တွေသေမလဲ၊ ထောင်​ချောက်ဒီဇိုင်း အမိုက်စား​တွေနဲ့ ဘယ်သူ​တွေ သေပန်းပွင့်မလဲ​ဆိုတာတော့ CMပရိတ်သတ်​တွေ​ ကိုယ်တိုင်ပဲခေါင်းစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Sci-fi Quality….WEB-DL 1080p and 720p File size… 1.5GB and 779MB Format…mp4 Duration…. 1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Romance
5.5 2021 108 mins
Cube
Anything’s Possible

Amazon prime ရဲ့ ဒီဘက်ခေတ်လူငယ် Gen Z တွေရဲ့ ဘ၀ကိုအကောင်းဆုံး ပုံဖော်ထားပြီး လိင်ကွဲပြားမှု နဲ့ ခံယူချက်တွေကြားက အချစ်ရေး လူမှုရေးတွေကို မီးမောင်းထိုးပြထားတဲ့ကားပါ။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် … ကယ်ဆာဆိုတဲ့ Transgender ကောင်မလေးဟာ အထက်တန်းကို ဖြတ်ကျော်ရင်း သူ့ဘ၀ရဲ့ နောက်တစ်ဆင့် ကောလိပ်တက်ရမယ့် လမ်းကြောင်းမှာ တွေ့ခဲ့တဲ့ ချစ်သူ၊ ခင်သူ တိုက်ခိုက်သူတွေဆီကနေ Trans တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာပါပဲ။ ဒါကို လူတစ်ယောက်ရဲ့ Spiritual Animal တွေနဲ့ ဉပမာပေးတင်စားထားပြီး ပေါ့ပေါ့ပါးပါးနဲ့ အတွေးမြင်သစ်တွေရစေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naingက ရေးသားထားပါတယ်) File size…(1.92GB)/(917MB)/(461MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Thiha Yan Naing

Drama
0 2022
Anything’s Possible
Fear and Loathing in Las Vegas

အားလုံးရဲ့အချစ်တော် ဂျွန်နီဒက်ပ်ရဲ့ Las Vegasမှာကြမ်းတဲ့ ရုပ်ရှင်လာပါပြီ။ ကျွန်တော်တို့တွေ အရမ်းကြိုက်ကြတဲ့ Spidermanသရုပ်ဆောင် တိုဘီမက်ဂွိုင်းယားလည်းပါဝင်အားဖြည့်ထားတဲ့အပြင် Cars animationမှာပါဝင်ခဲ့တဲ့ကက်သရင်း ဟယ်မွန်လည်းပါတော့ သိပ်ကိုကောင်းပေါ့။ ဂျွန်နီဒက်ပ်က ဒီကားနဲ့ Best Foreign Actorဆုကိုရထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရာအိုးဒု(ဂျွန်နီဒက်ပ်)က သတင်းစာပညာပါရဂူတစ်ယောက်ပါ။ သူ့မှာ သွားအတူတူ၊လာအတူတူ၊စားအတူတူ၊ဆေးအတူတူသုံးနေကြ ဒေါက်တာဂွန်ဇွန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူငယ်ချင်း၂ယောက် သုံးစားနေကြတုန်း ဆိုင်ကယ်ပြိုင်ပွဲသတင်းသွားယူဖို့ Las Vegasဆီသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဆေးသမား၂ယောက် Las Vegasမှာ ဘာတွေမွှေကြမလဲ၊ ဘယ်လိုတွေဖြေရှင်းကြမလဲ၊ ဘယ်လိုတိုင်တွေပတ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Personallyအရဆိုရင် Story Buildပိုင်းဖြစ်တဲ့ ရှေ့ပိုင်းမိနစ်၃၀လောက်တော့ စမ်းတဝါးဝါးဖြစ်နေပင်မယ့် အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်က ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဆေးသမား၂ယောက် ဆေးမူးပြီး တိုင်ပတ်ကြတာတွေ ပလပ်ကျွတ်နေတာတွေနဲ့ကို တစ်ခါတလေရယ်ရတဲ့အခန်းလေးတွေပါပါသေးတယ်။ ညဘက် Beerလေးသောက်ရင်း ဆေးလိပ်လေးဖွာရင်းနဲ့ chillရင် အတော်ကိုကောင်းဖို့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.83GB) / (1.5GB) / (761.39MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre… Adventure / Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action
0 1998 118 mins
Fear and Loathing in Las Vegas
The Mistress

The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022 102 mins
The Mistress
Ouija Witch
5.5

မြို့လေးတစ်မြို့မှာ မေရီဘလက်ဝုဒ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိပါတယ် သူမရဲ့ ခင်ပွန်းဟာ အခြားသူနဲ့ နောက်ကွယ်မှာ ဖောက်ပြားနေတာကို သိသွားပြီးတဲ့နောက်မှာ သူမရဲ့ခင်ပွန်းက သူ့အပြစ်ကို ဖုံးကွယ်ချင်တာနဲ့ သူမကို စုန်းမပါဆိုပြီး စွပ်စွဲပြောဆိုပြီး အခြားသူများကိုပါ အယုံသွင်းခဲ့တယ် ကြောက်လန့်တကြားဖြစ်လာတဲ့ မြို့သူမြို့သားတွေဟာ မေရီကို သစ်ပင်ကြီး တစ်ပင်မှာ ချိတ်ဆွဲချည်နှောင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဒီမြို့လေးမှာပဲ ဆာရာဆိုတဲ့ မိန်းကလေးငယ်လေးဟာ ယောကျ်ားတစ်စုကနေ သူ့ကို အညှိုးနဲ့ အကြမ်းဖက် ရိုက်နှက်ပြီး လမ်းဘေးမှာထားပစ်ခဲ့တာကို ခံခဲ့ရပါတယ်။ ဒီလူတွေကို ဒေါသစိတ်နဲ့ လက်စားချေဖို့ ထူးဆန်းတဲ့ ဆိုင်တစ်ဆိုင်မှာ ဝိညာဉ်ခေါ်ဘုတ်သုံးပြီး တိုင်တည်လိုက်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဟောလိုးဝင်း ရာသီအချိန်ဆိုတော့ ရာသီအမီ ထွက်လာတဲ့ စုန်းကားအသစ်လေးပါ။ File size…1.09GB / 506MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Mystery • Crime • Thriller
5.5 2023 88 mins
Ouija Witch
The Woman in the Storm
6.2

မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။ အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ…… ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ…… လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

6.2 2023
The Woman in the Storm
Secret Woman
5.8

စိတ်ကောင်းရှိတဲ့မြေခွေးမလေး ရှင်းရှစ်စစ်ညန်နဲ့ ကျောင်းသားလေးဖုန်ရှန်းတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရှစ်စစ်ညန်ဟာကောင်းမှုကုသိုလ်တွေလုပ်ပြီး နတ်ဖြစ်အောင်ကြိုးစားနေတဲ့ စိတ်ထားဖြူစင်တဲ့ မြေခွေးမလေးတစ်ကောင်ပါ။ သူဟာနတ်ဖြစ်ဖို့ကျင့်ကြံရင်း လူ့လောကရဲ့အတိဒုက္ခကိုခံယူဖို့ လိုအပ်နေတဲ့အချိန်မှာ ဖုန်ရှန်းဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့ တောထဲမှာတွေ့ခဲ့ပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ကလက်ထပ်လိုက်ကြပြီး ဘဝကို အတူဖြတ်သန်းနေတဲ့အချိန်မှာ ရှစ်စစ်ညန်ရဲ့နတ်သမီးလို လှပတဲ့ရုပ်ရည်ကိုမက်မောပြီး မကောင်းကြံချင်သူတွေရှိလာပါတယ်။ မြေခွေးမိစ္ဆာထက် လူတွေရဲ့အတွင်းစိတ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ကပိုကြောက်ဖို့ကောင်းတာကိုသိလိုက်ရပါတော့တယ်……

Drama • Romance
5.8 2023
Secret Woman
Nowhere
7

Nowhere(2023) *************** ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်း အငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။ မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့ သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ ကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။ File Size :(4.02GB) (1.8GB) (666MB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…01:49:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae , Thit San Khant

TV Movie • Romance • Comedy
7 2023 109 mins
Nowhere
The Graduates
6.4

အခုတစ်ခေါက်ဇာတ်ကားလေးကတော့ 2007ခုနှစ်ကထွက်ရှိထားတဲ့ The graduates ဆိုတဲ့ ဂျပန်ကျောင်းသားဇာတ်ကားလေးဖြစ်ပါတယ်။ Kayoko Akimotoဟာဆိုရင် ကျောင်းမှာဘက်စုံတော်ပြီးတော့ တိုကျိုမှာ တက္ကသိုလ်သွားရောက်တက်ဖို့မျှော်မှန်းထားတဲ့ စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဘေ့စ်ဘောအသင်းရဲ့ ace pitcher ဖြစ်တဲ့ Sasaki Tomizoကတော့ Kayokoကို သဘောကျနေသူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း အတန်းရဲ့နောက်ဆုံးမှာထိုင်ပြီး အမြဲတမ်းသီချင်းနားထောင်နေတတ်တဲ့ Kei Shirataဆိုတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ Keiဟာ သူမနဲ့အတန်းတူ Tsujimoto Kazuyaဆိုတဲ့ ကျောင်းကရော့ခ်တီးဝိုင်းမှာ ဝင်ရောက်တီးခက်နေတဲ့ ကျောင်းသားလေးကိုသတိထားမိသွားခဲ့ရာက Tsujimoto ဟာ သူ့လိုမျိုးပဲ ဂီတကိုခံစားတတ်တဲ့သူတစ်ယောက်ဆိုတာကို ခံစားမိခဲ့ပါတယ်။ ဂီတအကြောင်းပြောရင်း နှစ်ယောက်သားရင်းနှီးသွားခဲ့ကြရာကနေ သူနဲ့ဝါသနာပါရာနယ်ပယ်ချင်းတူတဲ့ Tsujimoto အပေါ်မှာ Kei ဟာ ခံစားချက်တွေရှိလာပါတော့တယ်။ Kei ရဲ့ခံစားချက်တွေကို Tsujimotoက သိရှိပြီးလက်ခံသွားမှာလား။ Kei ရဲ့တေးရေးဆရာဖြစ်ချင်တဲ့အိပ်မက်ကရော ပြည့်ဝသွားမှာလားဆိုတာရယ်။ ‌Kayokoတက်ချင်တဲ့ တိုကျိုကတက္ကသိုလ်ကို တက်နိုင်သွားမလား။ Sasaki ရဲ့ Kayokoအပေါ်ထားတဲ့ခံစားချက်တွေက ထပ်တူကျသွားနိုင်မှာလားဆိုတာတွေကိုစောင့်ကြည့်ရမယ့်အပြင် အထက်တန်းကျောင်းသားဘဝရဲ့ အနာဂတ်ရည်မှန်းချက်တွေ ချစ်ခြင်း‌မေတ္တာတွေ စတဲ့ လူငယ်ဘဝခံစားချက်လေးတွေကို ပြန်ပြီးသတိရနိုင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khaing ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 2GB | 750MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

6.4 2007
The Graduates
Craig Before the Creek
7.7

2018ထွက် Craig of the Creek ဆိုတဲ့ American Cartoon Seriesက Season 5ခုထွက်ခဲ့ပြီး လူကြိုက်များတဲ့ Comedy seriesတစ်ခုဖြစ်ပါတယ်။ အဲဒီ seriesကိုမှ movie versionအနေနဲ့ “Craig before the Creek 2023 movie” သက်သက် ထွက်ရှိခဲ့ပါတယ်။ ကလေးကြိုက်ကာတွန်းသီးသန့်မဟုတ်ပဲ လူကြီးတွေပါအကြိုက် ရယ်ရပြီးကြည့်လို့ကောင်းတဲ့ကာတွန်းပါနော် ဇာတ်လမ်းအကျဉ်း ခရက်ဆိုတဲ့ ၁၀နှစ်သားကောင်လေးက မိသားစုနဲ့အတူ အိမ်ပြောင်းကျောင်းပြောင်းခဲ့ရလို့ စိတ်ဖိစီးနေတယ်။ အိမ်အသစ်က အရင်အိမ်လောက်မပြည့်စုံ.. သူငယ်ချင်းဖွဲ့ရတာလည်းမလွယ်တော့ အပြောင်းအလဲကိုလက်မခံနိုင်ဖြစ်နေတဲ့ခရက်က တစ်နေ့ အိမ်အသစ်မှာပဲ မြေပုံတစ်ခုကိုရှာတွေ့သွားတယ်။ အဲဒီမြေပုံကတော့ ကလေးတွေအတွက် လိုရာဆုကိုတောင်းလို့ရတဲ့ပစ္စည်းရှိတဲ့ တည်နေရာရဲ့မြေပုံပါ။ ခရက်ရဲ့ဆုတောင်းကတော့ အရင်အိမ်မှာပြန်နေရဖို့ပါပဲ။ ဒါပေမဲ့ အဲဒီပစ္စည်းက ပင်လယ်ဓားပြကလေးတွေလို့ခေါ်တဲ့ ခိုးဆိုးလုယက်ကလေးအဆိုးတွေကျက်စားတဲ့ ချောင်းတက်မှာရှိနေတဲ့အခါ… File size…(1.3 GB)/(739 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

7.7 2023 88 mins
Craig Before the Creek
Layar
8.8

Layar ( 2023 ) =========== အန်နီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အမေ သူ့ကိုမွေးတဲ့ အချိန်မှာ ရုပ်ရှင်ကြမ်းပိုး သူ့အဖေက သူ့အမေနားမရှိနေဘဲ ရုပ်ရှင်ရုံကိုသွားနေခဲ့တာကြောင့် သူဟာ မွေးကတည်းက ရုပ်ရှင်တွေကို မုန်းတဲ့လူအဖြစ် မွေးလာတယ်။ ရုပ်ရှင်တွေကိုချစ်တဲ့ သူ့အဖေက သူ့ကို ရုပ်ရှင်ရုံကို လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ သူက တစ်ခါမှ မလိုက်ခဲ့ဘူး။ တီဗီမြင်ရင် တီဗီကို တုတ်နဲ့ရိုက်ချင်တဲ့အထိ ရုပ်ရှင်ကို မုန်းတဲ့ပိုးက သူ့မှာပါလာခဲ့တယ်။ ဒါက သူ့အဖေမဆုံးခင်အထိပေါ့။ သူ့အဖေဆုံးသွားတဲ့နောက် သူ့အဖေချစ်တဲ့ ရုပ်ရှင်တွေကို သူ့အဖေ ဘာလို့ ဒီလောက်ချစ်နေလဲသိရအောင် အဖြေရှာဖို့လုပ်ရင်း ရုပ်ရှင်တွေသွားသွားကြည့်ရာက ရုပ်ရှင်တွေချည်းဆက်တိုက်ကြည့်နေမိပြီး သူလည်း ရုပ်ရှင်ကြမ်းပိုဖြစ်လာခဲ့တယ်။ နောက်ဆုံး ရုပ်ရှင်အမြဲကြည့်နေရအောင် ရုပ်ရှင်ရုံမှာ အလုပ်လုပ်ခဲ့တဲ့အထိ သူက ရုပ်ရှင်တွေကိုချစ်ခဲ့တယ်။ ဒီလိုနဲ့ ကိုဗစ်ကာလရောက်လာတဲ့အချိန် ရုပ်ရှင်ရုံတွေ အားလုံးပိတ်လိုက်ရတယ်။ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူတွေ ရုပ်ရှင်ရုံကို အမီပြုပြီးနေနေရသူတွေလည်း အခက်တွေ့ကုန်ကြတယ်။ အန်နီတို့ရဲ့ နယ်ဘက်ကျေးဘက်က ရုပ်ရှင်ရုံလေးဆို အရှုံးပေါ်နေတာလည်း ကြာပြီဆိုတော့ ပိုင်ရှင်က ချောလဲရောထိုင် တစ်ခါတည်းရောင်းပစ်ဖို့လုပ်လာတယ်။ အန်နီကတော့ သူချစ်တဲ့ရုပ်ရှင်ရုံမပိတ်သွားဖို့အတွက် ပိုင်ရှင်နဲ့ညှိပြီး သူဦးစီးပြီး ရုပ်ရှင်ရုံကို အမြတ်အစွန်းထွက်အောင် လုပ်ပါ့မယ်လို့ အာမခံပြီး လက်လွှဲယူခဲ့တယ်။ ဒီလိုနဲ့ အန်နီနဲ့ သူ့မိတ်ဆွေတွေဟာ ဒီရုပ်ရှင်ရုံကြီး ဆက်လက်ရှင်သန်နိုင်အောင် လုပ်နိုင်ပါ့မာလး ဒီရုပ်ရှင်မှာ ကျွန်တော်တို့ကြည့်ရလိမ့်မယ်။ ကိုဗစ်ကာလ ရုပ်ရှင်ရုံတွေရဲ့အခက်အခဲနဲ့ ရုပ်ရှင်ကို ချစ်တဲ့လူတွေအကြောင်းကို ပေါင်းစပ်ရိုက်ပြထားတဲ့ အင်ဒိုနီးရှားကားလို့ပဲပြောရပါမယ်။ ဇာတ်က အရမ်းကြီးလည်းမကောင်းနေသလို စုတ်လည်းစုတ်မနေဘူး။ ဒါပေမဲ့လည်းရုပ်ရှင်ကို ချစ်လို့ ကြည့်ကြတဲ့လူတွေဆိုတော့ ရုပ်ရှင်ကိုချစ်လို့ ရုပ်ရှင်ရုံပိတ်မသွားအောင် ကြိုးစားကြတဲ့လူတွေ ရုပ်ရှင်ကိုချစ်ကြတဲ့သူတွေအကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ကို သဘောကျကြမှာပါပဲ။ အရမ်းကြီးမကောင်းနေဘူးဆိုပေမဲ့ အင်ဒိုးနီးရှားကားအနေနဲ့တော့ တော်တော်လေးကောင်းတဲ့ အနေအထားလို့ပြောရမယ်ထင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(800MB)/(400MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

Romance • Drama
8.8 2023 70 mins
Layar
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
Music Teacher
5.3

Music Teacher (2019) “ဂီတဆရာ” IMDb 6.3 ၂ ၀၁၉ က ရိုမန့်တစ်/ဒရာမာ ဟင်ဒီဇာတ်လမ်းဟောင်းလေးတစ်ပုဒ်အား ပြန်လည်တင်ဆက်လိုက်ပါတယ် ဘီနီဆိုတဲ့ သက်လတ်ပိုင်းဂီတသမားတစ်ယောက်ဟာ အတိတ်ကချစ်သူကြောင့် အခုထိအိမ်ထောင်မပြုသေးဘဲရှိပါတယ် သူဟာ တချိန်က ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဂီတဆရာဖြစ်ခဲ့ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့ဝေးခဲ့ရပါတယ် ထိုမိန်းကလေးတစ်ယောက် နာမည်ကျော်အဆိုတော်ဖြစ်လာတဲ့အခါ သူ့ရဲ့ဆရာဟောင်းနဲ့ ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာရာမှာတော့ေ ကြေကွဲဇာတ်လမ်းလေးပဲ ဖြစ်မလား ပျော်ရွှင်တဲ့အဆုံးသတ်လေးပဲဖြစ်မလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.3 2019 101 mins
Music Teacher
Shanghai Blues
7

ဒီဇာတ်ကားလေးကတော့အချစ်ဟာသဇာတ်ကားလေးပါ။ ထွက်ထားတာကြာပြီဆိုပေမဲ့ ကြည့်လိုကောင်းနေဆဲပါပဲ။ ၁၉၂၇ခုနှစ်မှာ ဂျပန်တွေက ရှန်ဟိုင်းကိုဗုံးဝင်ကြဲတဲ့အချိန်… တံတားအောက်မှာပုန်းခိုကြရင်း အချစ်ဇာတ်လမ်းတစ်ခုဖြစ်သွားတဲ့သာမညစစ်သားကောင်‌လေးတစ်ယောက်နဲ့ ကောင်မလေးအကြောင်းဖြစ်ပါတယ်… စစ်ပွဲကြီးပြီးသွားရင်ပြန်တွေ့ကြမယ်လို့ ကတိပေးထားကြရင်း တကယ်စစ်ပွဲပြီးသွားတဲ့အခါ… သူတို့အိပ်မက်တွေတကယ်ပဲဖြစ်လာမလားဆိုတာကို အလွဲလေးတွေတချိုနဲ့ကြည့်ရမဲ့အချစ်ဟာသဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.7 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt

7 1984 103 mins
Shanghai Blues