YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Aye.Khoi.Huk.Jao.2022.E17.720p.WEB-DL.mp4

525.4 MB N/A video/mp4 281 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Woman King
7.8

~ IMDb - 6.7/10, Rotten Tomatoes - 94% ~ သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။ "ဇာတ်လမ်းအကျဉ်း" ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာ‌တွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.11GB, 1.1GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 2H 15Min Genre - Action, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Action • Adventure • Fantasy
7.8 2022 135 mins
The Woman King
(18+) Bambola
4.2

Erotic Thriller ပုံစံနဲ့ ဒီအီတလီဇာတ်ကားက နာမည်ကြီးသလို နိုင်ငံတချို့မှာ ပြန်ရိုက်ထားကြတဲ့ Version တွေရှိပါတယ်... 'ကျွန်မ နာမည်က မီနာ ဒါပေမယ့် အားလုံးက ကျွန်မကို ဘမ်ဘိုလာ (အရုပ်ကလေး)လို့ခေါ်ကြတယ်' ဘမ်ဘိုလာက နယ်မြို့လေးတစ်မြို့မှာ စားသောက်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ မိခင်နဲ့အတူနေပြီး လိင်တူစိတ်ဝင်စားတဲ့မောင်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ငယ်ငယ်လေးကတည်းက အိမ်မက်ကတော့ နယ်မြို့လေးတွေမှာရှိတတ်တဲ့လူငယ်အတော်များများနဲ့ထပ်တူပါပဲ၊ ဒီမြို့လေးကိုစွန့်ခွာပြီး အဝေးတစ်နေရာမြို့ကြီးပြကြီးမှာ အခြေချအောင်မြင်ဖို့ပေါ့။ ဘမ်ဘိုလာဟာ နာမည်နဲ့လိုက်အောင် ချောတယ်၊ အရုပ်ကလေးတစ်ရုပ်လိုလှလွန်းတယ်။ ယောက်ျားတကာကိုဆွဲဆောင်နိုင်ရုံတင်မက ရူးသွပ်သွားအောင်ဖမ်းစားနိုင်တယ်။ အဲ့ဒီအလှအပကပဲ သူ့အတွက် အားသာချက်ဖြစ်သလို အဲ့ဒီအလှအပကပဲသူ့အတွက် အန္တရာယ်ဖြစ်လာပြန်တယ်၊ အဲ့ဒါကတော့ ထောင်ထဲက စရိုက်ကြမ်းတမ်းလှတဲ့လူဆိုးလူမိုက်တစ်ယောက်က သူ့ကိုအရူးအမူးချစ်မိသွားတာဖြစ်ပြီး ပိုဆိုးတာကတော့ ဘမ်ဘိုလာကိုယ်တိုင်အဲ့ဒီလူဆိုးရဲ့ သူ့အပေါ်နိုင်ထက်စီးနင်းအဓမ္မတွေကို စွဲလန်းမိသွားခဲ့တာပါပဲ။ ဒါပေမယ့်..။ Bámbola က ဘာမျှော်လင့်ချက်မထားပဲကြည့်ရမယ့် ပေါ့ပေါ့ပါးပါး cheesy ဖြစ်တဲ့ erotic melodrama ကားလေးတစ်ကားပါ၊ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ သာယာလှပတဲ့ရှုမျှော်ခင်းတွေပါမယ်၊ ပီပြင်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခန်းတွေများမယ်၊ ဇာတ်ရုပ်နဲ့လိုက်အောင် မင်းသမီးလေးအရမ်းလှတယ်။ အဲ့ဒီလောက်ဆိုလုံလောက်တာထက်ပိုနေပါပြီ။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:32:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Drama • Romance
4.2 1996 95 mins
(18+) Bambola
Concrete Clouds
6.5

Concret Clouds (2013) လေထဲက အိမ် ..... နှစ်ယောက်သား အိပ်မက်တွေကို အတူတူ မက်ခဲ့ဖူးကြတယ် လေထဲမှာ တိုက်အိမ်ဆောက်ခဲ့ဖူးကြတယ် အရာရာဟာ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ပေမဲ့ တစ်ခါတလေမှာ အနှစ်မဲ့နေတဲ့ တိမ်စိုင်တွေ အရောင်တောက်ခဲ့ကြချိန်ပေါ့။ ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ ထိုင်းနိုင်ငံရေး စီးပွားရေးကပ်ဆိုက်ချိန်ကြောင့် လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို တိတ်တဆိတ်နဲ့ ဖြည်းဖြည်းချင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းပါပဲ။ Mutt ရဲ့အဖေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ Mutt က နယူးယော့ကို ပြောင်းလာခဲ့ပြီး ငွေကြေးရောင်းဝယ်ဖောက်ကားသူအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ဆိုက်ချိန်မှာ အမိနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ ပြန်လာရင်း အထက်တန်းကျောင်းတုန်းက သူ စွဲလမ်းခဲ့ရတဲ့ ရည်းစားဟောင်းဖြစ်တဲ့ Sai နဲ့ ပြန်ပြီး ဆက်သွယ်ခဲ့ပါတယ်။ Sai ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ဈေးကွက်ဖြန့်ချိရေး အလုပ်မှာ ကျရှုံးမှုတွေနဲ့ ကြုံနေရတာပါ။ တစ်ချိန်တည်းမှာပဲ Mutt ရဲ့ ညီဖြစ်သူ Nic က ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။ စီးပွားရေးပျက်ကပ်ထဲက အချစ်ဇာတ်လမ်းကို တစ်နည်းတစ်ဖုံနဲ့ ခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2013 99 mins
Concrete Clouds
Broken Army X-Files Stealth Man
5.8

တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်…… လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။ အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။ အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ…… ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ……

5.8 2023
Broken Army X-Files Stealth Man
La Vie en Rose
7.6

La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။ အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေက စပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင် အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရော နောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင် တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်း ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းက တာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့် အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူ ဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်က ဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက် တောင်းဆိုမှုကြောင့် “La Marseillaise” ကိုသီဆိုပြခဲ့ပြီး ကမ္ဘာကြီးဆီကို “အီဒစ်ပီအပ်ဖ်” ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။ နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင် လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို “စာငှက်ကလေး” လို့ အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့ “အီဒစ်ပီအပ်ဖ်” ဆိုတဲ့ အနုပညာနာမည်ကို စရခဲ့ပါတယ်။ ကံကြမ္မာလှည်းဘီးတစ်ပတ်လည်ပြီး လူးဝစ်လပ်ပလီး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရခဲ့ပါတယ်။ စုံထောက်တွေအနေနဲ့ မာဖီးယားတွေနဲ့ ပတ်သက်တယ်ဆိုပြီး အီဒစ်ပီအပ်ဖ်ကို သံသယဝင်လာခဲ့ပါတယ်။ ပရိသတ်ရဲ့ လက်မခံခဲ့တဲ့အပြင် အချစ်ဆုံးသူငယ်ချင်းပါ ထိန်းသိမ်းခံလိုက်ပြီးမှာတော့ ကြံရာမရဖြစ်နေတဲ့ အီဒစ်ဟာ ရေးမွန်အက်ဆို နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အဆိုတော်ဘဝအတွက်တစ်ဆင့်တက်လာစေမယ့် လက်ဟန် ခြေဟန်နဲ့ ဖျော်ဖြေမှု၊ ပိုပြီးသက်ဝင်ခံစားနိုင်မှု နဲ့ အခြားသင်ခန်းစာတွေကိုပါ လေ့လာခဲ့ရပြီး အောင်မြင်တဲ့ အဆိုတော်ဘဝကို တက်လှမ်းနိုင်ခဲ့ပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ အီဒစ်ရဲ့ ကံမကောင်းတဲ့အချစ်ရေး၊ အောင်မြင်မှုဖိစီးလာပုံ နဲ့ ဇရာပိုင်းရောက်လာချိန် စိတ်ခံစားချက်တွေကို လှလှပပ ပုံဖော်သွားနိုင်ပြန်ပါတယ်။ အီဒစ်ပီအပ်ဖ် အဖြစ် သရုပ်ဆောင်ခဲ့သူ Marion Cotillard အနေနဲ့လည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် -အော်စကာဆု၊ BAFTA AWARD၊ ရွှေကမ္ဘာလုံးဆု နဲ့ César Award တွေပါ ဆွတ်ခူးနိုင်ခဲ့သလို ဇာတ်ကားအနေနဲ့လည်း အကောင်းဆုံးမိတ်ကပ်၊ဆံပင်ပညာရှင်အော်စကာဆု၊ ဝတ်စုံဒီဇိုင်း BAFTA AWARD၊ ၊ အကောင်းဆုံးဂီတရုပ်ရှင်ဆု BAFTA AWARDတွေ ရခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှုနိုင်ပါရန် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 20m Genre ….. Drama/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.6 2007
La Vie en Rose
The Recall
5.5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fi ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့ ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့ မင်းသမီး Laura Bilgeri ,Hannah Rose May တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာ ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့ သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကို ပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ် အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာ ကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်က အဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက် ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန် လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့ တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်း ဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်း ဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်း တစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက် သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီ ဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်း မုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိ သွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေမှာ လမ်းမှာ ဘရန်ဒန်နဲ့ ပြဿနာတက်ခဲ့တဲ့သူက အာကာသယာဉ်မှူးတစ်ဦးဖြစ်နေတာကို တွေ့ရှိလိုက်ရပါတယ် သူကရောဘာလို့မုဆိုးတစ်ယောက်ယောင်ဆောင်ထားတာလဲ… အာကာသယာဉ်မှူးအလုပ်ကနေ ဘာလို့နှုတ်ထွက်ခဲ့တာလဲ.. အများကအငြင်းပွားနေကြတဲ့ ထူးဆန်းတဲ့တိမ်တိုက်တွေကရော တကယ်ပဲမုန်တိုင်းလား ဒါမှမဟုတ် လူတချို့ပြောတဲ့ ဂြိုလ်သား တွေဖြစ်မလား ချာလီတို့သူငယ်ချင်းတစ်တွေကော ဘယ်လိုမျိုး ထူးဆန်းမှုတွေကို ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Action, Horror, Mystery, Sci-Fic & Thriller ဇာတ်ကားအမျိုးအစားကိုမှကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်….. File size…1.43GB / 710MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre …..Action , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5.5 2017 91 mins
The Recall
Mr. Right

IMDb 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Tanner Gillman နဲ့ မင်းသမီး Sierra Reid တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီအချစ်ကားလေးကတော့ Dating ဆောင်းပါးတွေရေးတဲ့ အွန်လိုင်းစာရေးဆရာမလေးရဲ့ Right person ရှာပုံတော်ဖွင့်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ရှားလော့က နာမည်ကြီး အွန်လိုင်း Dating Site တစ်ခုမှာ အလုပ်ရသွားလို့ အလုပ်ရှိရာ မြို့ကို ပြောင်းလာပြီး အလုပ်သစ်၊ နေရာသစ်မှာ အခြေကျအောင် ကြိုးစားနေသူပါ။ ရှားလော့က သူမရဲ့ အလုပ်သစ်က လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ ကော်ဖီဆိုင်က လီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒိတ်လုပ်တဲ့အကြောင်းတွေ ရေးတဲ့စာရေးဆရာမ ဖြစ်ပေမဲ့ အချစ်အကြောင်း တစ်လုံးမှမသိသူ ရှားလော့ကို သူမဆီ ချဉ်းကပ်လာတဲ့ ကောင်လေးတွေကို လက်ခံပြီး အလုပ်အတွက် ကုန်ကြမ်းရအောင် ယူလိုက်ဆိုတဲ့ လိုင်လာ့ရဲ့အကြံပေးမှုကြောင့် ကောင်လေးတစ်ယောက်နဲ့ အရင် ဒိတ်လုပ်ခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ သူနဲ့ ဒိတ်လုပ်တဲ့ကောင်လေးက first date မှာတင် လက်မခံနိုင်စရာအပြုအမူကို လုပ်ခဲ့တာမို့ အပိုင်း ၁ ဇာတ်သိမ်းပိုင်း ဖြစ်သွားခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ သူ့ဆီချဉ်းကပ်လာတဲ့ကောင်လေးတွေနဲ့ ဒိတ်လုပ်တဲ့ အတွေ့အကြုံတွေ ဝေမျှရင်း သူ့ရဲ့ဆောင်းပါးတွေက တဖြည်းဖြည်း လူသိများလာခဲ့ချိန်မှာပဲ သူနဲ့ လီယန်တို့ရဲ့ သံယောဇဉ်ကလည်း တစ်စတစ်စနဲ့ တိုးပွားလာခဲ့ပါတော့တယ်။ သူ့ရဲ့ ဆောင်းပါးနာမည်က Mr. Right မို့ လူမှန်တွေ့အောင်ရှာဖို့လုပ်ရင်း သူနဲ့ ဒိတ်လုပ်သမျှသူတွေက တစ်မျိုးစီ ဆိုးဝါးနေကြချိန်မှာ လီယန်က သူမဘေးကနေအစွမ်းကုန် ကူညီရင်း friend zone ထဲကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ရတာပါ။ ငယ်ငယ်က အတွေ့အကြုံကြောင့် အချစ်ကို ကြောက်နေတဲ့ ရှားလော့အတွက် လီယန်က right person ဖြစ်လာနိုင်မလား၊ ဒါမှမဟုတ် တခြား သူမ ဒိတ်လုပ်နေတဲ့ သူတွေထဲကပဲ right person ပေါ်လာမလား၊ ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ right person ဆိုတာရော ဘယ်လိုမျိုးလဲ၊ ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာသင့်သလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.4 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Mr. Right
My Big Fat Greek Wedding

ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Romance ဇာတ်ကားလေးပါ။ ဂရိမျိုးနွယ်သူဖြစ်တဲ့ တူလာက အသက် ၃၀အရွယ်ထိ အိမ်ထောင်မကျသေးတဲ့၊ ဘဝရည်မှန်းချက် ပျောက်ဆုံးနေတဲ့သူပါ။ သူတို့ဂရိလူမျိုးတွေက ယူရင်လည်း ဂရိအချင်းချင်းပဲယူကြပြီး ကလေးတွေလည်း အများကြီးမွေးကြကာ မျိုးဆက်ပြန့်ပွားရေးကို အလေးထားကြသူများလည်း ဖြစ်ပါတယ်။ တူလာ့ရဲ့အဖေဖြစ်သူက အရေပြားပြဿနာကနေ ဓာတ်မတည့်တာအဆုံး Windex ဆိုတဲ့ မှန်သုတ်ဆေးထည့်ရင်ပျောက်တယ်လို့ ယုံကြည်သူပါ။ (ဘာမဆို ဆရာခိုနဲ့ပျောက် ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပေါ့လေ။) ဂရိဖြစ်ရတာကို အလွန်ဂုဏ်ယူတဲ့ အဖေဖြစ်သူက ဂရိမျိုးနွယ်ဂုဏ်ကို ထိန်းသိမ်းတဲ့သူမို့ သူ့သမီးကို ဂရိတစ်ယောက်နဲ့ အမြန်ဆုံး အိမ်ထောင်ချပေးဖို့ နည်းမျိုးစုံနဲ့ကြံနေခဲ့တာပေါ့လေ။ တူလာက တခြားမိန်းကလေးတွေနဲ့မတူဘဲ ဘဝကို သမားရိုးကျ မဖြတ်သန်းချင်သူဖြစ်တာနဲ့အညီ ဂရိမဟုတ်တဲ့ တခြားအမေရိကန်ကောင်လေး အီယန်ကို ချစ်မိသွားရာမှာတော့ မျိုးရိုးဂုဏ်စောင့်ထိန်းချင်တဲ့ သူ့အဖေနဲ့ တူလာ့ကြား ပဋိပက္ခတွေ ပေါ်လာပါတော့တယ်။ ချစ်သူကိုလည်း အင်မတန်ချစ်ပေမဲ့ အဖေ့စကားကို လွန်ဆန်ရခက်တဲ့ တူလာ့အတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ၊ အီယန်ကရော တူလာ့ရဲ့အဖေဆီက မျက်နှာသာရဖို့လုပ်ရာမှာ ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲ၊ နောက်ဆုံးမှာ သူတို့နှစ်ယောက် ရွှေလက်တွဲမြဲနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2002
My Big Fat Greek Wedding
Everwinter Night

မက်ဒီနဲ့Vတို့သူငယ်ချင်းနှစ်ယောက်ဟာ အားလပ်ရက်ပိတ်ရက်မှာခရီးထွက်ဖို့စီစဥ်ထားကြပေမဲ့ မက်ဒီရဲ့အခြားသူငယ်ချင်းနှစ်ယောက်ကြောင့်မလို့ သူတို့အစကစီစဥ်ထားခဲ့တဲ့နေရာကိုမသွားဖြစ်တော့ဘဲ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက နှင်းလျှောစီးတဲ့တောင်ခြေနားကအိမ်တစ်လုံးကိုသွားဖြစ်ကြပါတယ် အဲ့မှာထူးဆန်းတဲ့လူချမ်းသာတစ်စုက သူတို့ရဲ့ရိုးရာပွဲတော်တစ်ခုကိုကျင်းပကြပါတယ် Vဟာရောက်စကတည်းက အဲ့အိမ်မှာတည်းခိုနေကြတဲ့လူတွေအားလုံးဟာ ပဟေဠိဆန်ပြီးတစ်ခုခုကိုလျှို့ဝှက်ထားတယ်လို့သံသယဝင်ခဲ့ပေမဲ့ သူငယ်ချင်းဖြစ်သူမက်ဒီကတော့မယုံကြည်ခဲ့ပါဘူး Vထင်နေတာတွေကမှန်နေမလား သူတို့ကျင်းပနေတဲ့ပွဲတော်ဆိုတာကရော ဘာအတွက်ကျင်းပတာဖြစ်မလဲ……. တကယ်တော့ဒီဇာတ်ကားက Horror Genreလို့ပြောထားပေမဲ့ တခြားဟော်ရာကားတွေလို ဇာတ်ရှိန်မြင့်မြင့်နဲ့သွားတာမျိုးမဟုတ်ဘဲ ဇာတ်အေးပုံစံမျိုးကြီးရိုက်ပြထားတာပါ နောက်ဆုံးပြီးခါနီးမှ ဇာတ်လမ်းရဲ့အဓိကအကြောင်းပါလာတာမလို့ Horror Vibe တော့အပြည့်အဝခံစားရမှာမဟုတ်ပါဘူး File size…(1.3 GB)/(550 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023
Everwinter Night
9 Windows

ဉာဏ်အရမ်းကောင်းပြီး Liza လို့‌‌ ခေါ်တဲ့‌ကောင်မလေးဟာ ကားမတော်တဆမှုနဲ့ မိဘတွေဆုံးသွားပြီး ကိုယ်တိုင်လည်းဒုက္ခိတဘဝရောက်သွားခဲ့ပါတယ်။ ဒါကြောင့်သူမဟာ စိတ်ဓာတ်တွေတအားကျပြီးစိတ်ကျန်းမာရေးကုထုံးပါခံယူလိုက်ရပါနယ်။ ဒါ‌ပေမယ့် လိုင်းပေါ်က ကွန်မြူနီတီဂရုတစ်ခုမှာ စိတ်ဓာတ်ကျနေတဲ့သူတွေကိုအားပေးရမယ့်အစား လိုက်ပြီးဝေဖန်တိုက်ခိုက်တာတွေလုပ်နေခဲ့ပါတယ်။ တစ်နေ့တော့ လူတစ်ယောက်ကခွေးလေးတစ်ကောင်ကိုရက်ရက်စက်စက်မီးရှို့သတ်ပြတာကိုလိုင်းပေါ်တင်တဲ့အတွက် Liza တစ်ယောက်တွေ့ပြီး ရဲတိုင်ခဲ့ပေမယ့်ဘယ်သူမှမယုံခဲ့ပါဘူး။ နောက်နေ့တွေမှာ ခွေးမဟုတ်တော့ဘဲ လူတွေကိုပါသတ်ပြလာတဲ့အခါ Liza တစ်ယောက်ဘယ်လိုမျိုး ရဲတွေနဲ့ပေါင်းပြီး လူသတ်သမားကိုဖမ်းပြမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(900 MB)/(500 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw For Life

Drama • Romance
0 2024
9 Windows
Demon Celestial Master Netherworld
5.8

The Savior of the World (2025) သံသရာစက်ဝန်းတစ်ပတ်လည်တဲ့အခါ နတ်ဆိုးမိစ္ဆာကြီးဟာပြန်လည်မွေးဖွားလာပါတယ်။ ကောင်းကင်ဝိဇ္ဇာဂိုဏ်းသားတွေဟာနတ်ဆိုးမိစ္ဆာကြီးကို အချိန်မီနှိမ်နင်းနိုင်ခဲ့ပေမယ့် ဂိုဏ်းခေါင်းဆောင်ကြီးအသက်ကိုတော့ပေးဆပ်လိုက်ရပါတယ်။ အနာဂတ်ရဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်လာမယ့် ဝမ်ရွှမ်ကျီဟာ ငယ်သေးတဲ့အတွက် ကျန်းဖန်းမုဆိုတဲ့သူဟာ ဂိုဏ်းကိုကိုယ်စားအုပ်ချုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျန်းဖန်းမုရဲ့လောဘကြောင့် သစ္စာရှိဂိုဏ်းသားတွေကိုသတ်ပစ်ပြီး ဂိုဏ်းချုပ်နေရာကို အပိုင်စီးဖို့ကြံစည်လိုက်ပါတယ်။ သစ္စာရှိဂိုဏ်းသားတစ်ယောက်ဟာ ဝမ်ရွှမ်ကျီလေးကို ကယ်ထုတ်ထွက်ပြေးသွားပြီး ဇာတ်မြှုပ်နေခဲ့ပါတယ်။ ဝမ်ရွှမ်ကျီအရွယ်ရောက်လာတော့ သူ့ရဲ့ဘဝမှန် နေရာမှန်ကိုပြန်ရဖို့ ဘဝခရီးစွန့်စားခန်းကိုစတင်လိုက်ပါတော့တယ်……

Horror
5.8 2025
Demon Celestial Master Netherworld
Anaconda Island
5.6

ကိုယ်နေတဲ့ အေးချမ်းသာယာတဲ့ မြို့လေးကို လူတစ်စုရဲ့ မတော်လောဘကြောင့် တိုက်လောက်ကြီးတဲ့ မြွေကြီးတွေထွက်လာပြီး မြို့ထဲကလူတွေ ဒုက္ခရောက်၊ မြို့လေးက ပျက်ဆီးရတော့မယ်ဆိုရင် …… ဟန်ကျယ်ဆိုသူဟာ ဉာဏ်ရည်သိပ်မထက်ပေမဲ့ ရှီးရှီးနဲ့ နီးနီးဆိုတဲ့ သမီးလေး နှစ်ယောက်နဲ့အတူ ပျော်ရွှင်အေးချမ်းစရာဘဝလေးတစ်ခုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရုတ်တရက်အတွင်း တိုက်လောက်ကြီးတဲ့ မြွေကြီးက မြို့ထဲကလူတွေကို တိုက်ခိုက်ပါတော့တယ်။ မြို့ထဲက အကူအညီတောင်းဖို့ဖုန်းလိုင်းလည်းမရှိ၊ အပြင်ထွက်လိုက်တာနဲ့ အသက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်ရခြေရှိနေပေမဲ့ သူတို့ဟာ ကံကောင်းစွာနဲ့ မြို့အပြင်ကို ထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပျက်ဆီးတော့မဲ့ မြို့ကလေးနဲ့ မြို့နေသူတွေကို ဒီအတိုင်း မထားခဲ့ရက်တဲ့အတွက် သူတို့တစ်တွေ ကျန်လူတွေကို ကယ်တင်ဖို့အတွက် မြို့ထဲကို ပြန်သွားကြပြီး ဒုစရိုက်သမားတွေရဲ့ အသိုက်ကို ဖျက်ဆီးဖို့ လုပ်ပါတော့တယ်။ သူတို့တစ်တွေ အန္တရာယ်ကင်းစွာ အောင်မြင်နိုင်မလား…… မြွေကြီးအန္တရာယ်ကိုရော ဘယ်လို ကျော်ဖြတ်ကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်

Action • Adventure
5.6 2025
Anaconda Island
The Suicide Forecast
7

The Suicide Forecast (2011) *************************** IMDb-7 လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ တစ်ရက်…ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် စာရင်းစစ်ဝင်ပါတော့တယ်။ ဧည့်သည်တွေထဲမှာ နောက်ထပ် သတ်သေသူတစ်ယောက်သာတိုးလာရင် ဘတ်ဗြောင်းဝူရဲ့ အသက်မွေးဝမ်းကျောင်း ပျက်သုဉ်းသွားတော့မဲ့ အခြေအနေမှာ ဘယ်ဗြောင်းဝူဟာ သူ့ရဲ့အရင်ဧည့်သည်တွေထဲက သတ်သေနိုင်ခြေရှိတဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ အသက်အာမခံအဖွဲ့ဝင်ခဲ့တဲ့လူတွေကို ပြန်လည် အမှတ်ရသွားပါတော့တယ်။ တစ်ဘို့တည်းသာ တွေးပြီး လူတကာကို သနားကြင်နာမှုမရှိတဲ့ လူ့ဂွစာ ဘယ်ဗြောင်းဝူတစ်ယောက် အဲဒီဧည့်သည်တွေနဲ့ တွေ့ဆုံပြီး အသက်အာမခံကနေ ပင်စင်အာမခံကို ပြောင်းဖို့တိုက်တွန်းရန် ကြံပါတော့တယ်။မိသားစုဝင်တွေအားလုံး နိုင်ငံခြားမှာ ရောက်ရှိနေပြီး အကြွေးတစ်ပုံတစ်ပင် ရှိနေတဲ့သူ… အကြောလိုက်ရောဂါရှိနေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်…အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ကာ သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့အမေ…အကြွေးရှင်တွေကိုရှောင်ရင်း ဘားမှာသီချင်းဆိုကာ မောင်လေးရဲ့ဝမ်းစာကို ဖြေရှင်းနေတဲ့အစ်မဖြစ်သူ…သူတို့ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေထဲကို ဘယ်ဗြောင်းဝူဆိုတဲ့လူတစ်ယောက် ပါဝင်ပက်သက်မိသွားတဲ့နောက်မှာ သူတို့အားလုံးရဲ့ဘဝဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ…လူ့ဂွစာတစ်ယောက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သနားကြင်နာမှုနဲ့ သူတစ်ပါးကို ဖေးမကူညီမှုတို့ကရော ဘယ်လိုနည်းဟန်တွေနဲ့ ထွက်ပေါ်လာမလဲ…။ အသက်ရှင်နေရတဲ့ဘဝရဲ့ တဒင်္ဂအခိုက်အတန့်လေးတောင်မှ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို ထိထိမိမိ ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naingက ရေးသားထားပါတယ်) File Size – 1.83 GB/ 766 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Yati Naing Encoded by – Treasure Htet

Romance • Comedy • Drama
7 2011 124 mins
The Suicide Forecast