YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Clean Job.2023.WEB-DL.1080P(CM).mp4

1.81 GB 1080p video/mp4 140 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Extraordinary Adventures of Adèle Blanc-Sec
6.2

ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ ဇာတ်လမ်းကတော့.... အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်... သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie

Comedy • Family
6.2 2010 105 mins
The Extraordinary Adventures of Adèle Blanc-Sec
The Milagro Beanfield War
6.5

Rt-61 ~ IMDb-6.8 1988 မှာထွက်ရှိခဲ့တဲ့ The Milagro Beanfield War ရုပ်ရှင်ကို စာရေးဆရာ John Nichols ရဲ့ The Milagro Beanfield War ဆိုတဲ့ဝတ္တုကိုယူပြီး ဒါရိုက်တာ Robert Redford ကရိုက်ကူးခဲ့တာပါ။ 1989 ခုနှစ်အတွက် Best Original Score အော်စကာ ဆုကိုလည်းရရှိခဲ့ပါသေးတယ်။ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ လူပေါင်း 450 ခန့်နေထိုင်ကြတဲ့ မီလန်ဂရိုဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။ အတိတ်မှာတုန်းကတော့ ရေအရင်းအမြစ်ပေါများတာကြောင့်စိုက်ပျိုးရေးအဆင်ပြေပေမဲ့ ဆည်ကိုတည်ဆောက်ပြီးနောက်ပိုင်းမှာ မြို့အတွက်ဆည်ရေလွှတ်မပေးတော့တာကြောင့် စိုက်ခင်းတွေခြောက်သွေ့ပြီး ဘာမှစိုက်ပျိုးလို့မရတော့ပါဘူး။ ဒါပေမဲ့လည်း မြို့ကို အံ့ဖွယ်တောင်ကြားပ‌ရောဂျက်ဆိုတဲ့နာမည်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတဲ့ ကုမ္ပဏီအတွက်တော့ သီးသန့်ရေမြောင်းတစ်ခုကိုဖောက်ပေးထားပြီး ဒေသခံတွေအသုံးပြုတာကိုလည်း တားမြစ်ထားပါတယ်။ တစ်နေ့မှာတော့ ဒေသခံလယ်သမား ဂျိုး မွန်ဒရာဂွန်ဟာ အလုပ်ကလည်းရှားတဲ့အပြင် ဘာမှလည်းစိုက်ပျိုးလို့မရတာကြောင့်စိတ်ပေါက်ပေါက်နဲ့ ရေမြောင်းကိုကန်လိုက်မိပြီး ရေမြောင်းပေါက်သွားတဲ့ အတွက်ကြောင့် သူ့ရဲ့ပဲစိုက်ခင်းထဲကိုရေသွင်းမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲခင်းသေးသေးလေးကို ရေသွင်းမိတဲ့ကိစ္စကနေစပြီး ကုမ္ပဏီကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမဲ့အပြင် နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျိုး တို့ရဲ့ မီလန်ဂရိုမြို့လေး ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2.7 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre...Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • Drama
6.5 1988 117 mins
The Milagro Beanfield War
Another Way To Make A Living
5

Eric ဟာ ဂျာနယ်လစ်တစ်ယောက်ပါ။ သူဟာ အသေးစား ပြည်တွင်းသတင်းစာလေးတစ်ခုမှာအလုပ်လုပ်ကိုင်သူပါ။ ရုံးမှာလည်း သူနဲ့ သူ့အထက်က Celine နဲ့နှစ်ယောက်သာရှိပါတယ်။ သူဟာ ဒီသာမန်ဘဝလေးမှာမနေချင်ပဲ သူ့ဘဝအတွက် ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ရပ်ကိုစတင်ဖို့ ကြိုးစားပါတော့တယ်။ ဂိုဏ်းတစ်ခုရဲ့အကြောင်းကိုစာအုပ်တစ်အုပ်ထုတ်ချင်တာပေါ့။ Eric ဟာ ထောင်ထဲထိဝင်ပြီး လူပေါင်းများစွာကို အင်တာဗျူးပါတယ်။ လူများစွာထဲကမှ Moritz ဟာ ထူးခြားသူပါ။ သူနဲ့သူ့ညီမလေးဟာ Gang တစ်ခုရဲ့လက်အောက်ကနေရုန်းထွက်ချင်နေပေမယ့် အခြေအနေမပေးကြလို့ ဒီတိုင်းနေကြရသူတွေပေါ့။ ဒီလိုနဲ့ပဲ ‌Moritz နဲ့ခင်မင်မှုရလာပြီး Moritz က သူလွတ်မယ့်နေ့မှာ လာကြိုခိုင်းပါတယ်။ လာကြိုပြီး သူ့ရဲ့ အပေါင်းအသင်းတွေရှိတဲ့‌ Bar တစ်ခုဆီကိုမောင်းခိုင်းပါတယ်။ အဲဒီကစလို့ Eric ရဲ့ Article ရေးမယ့်ခရီးရှည်ကြီးနဲ့ Moritz တို့မောင်နှမနှစ်ယောက်ရဲ့ ရုန်းထွက်ကြဖို့ကြိုးစားရင်း ရင်ဆိုင်ရမယ့်အရာတွေကို ကြည့်ရမယ့် ဖြူမည်း German ဒရာမာကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 630MB Quality - 1080p, 720p Format - mp4 Duration - 1H 5Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Adventure • Mystery • Thriller
5 2022
Another Way To Make A Living
[18+] Blonde
6.1

ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။ မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ Little Women (1933) မင်းသမီး ကတ်သရင်းဟိဘန်းပါပဲ။ ဒီရုပ်ရှင်ကတော့ မွန်ရိုးရဲ့ အတ္ထုပ္ပတ္တိဆိုတာထက် ကောလဟာလတွေကိုရော တကယ့်အခိုင်အမာအဖြစ်အပျက်တွေကိုရော ရောမွှေပြီး စိတ်ကူးယဉ်ရေးသား ထားတဲ့ဇာတ်လမ်းနဲ့ပိုတူပါတယ်။ မွန်ရိုးနေရာမှာသရုပ်ဆောင်ထားတဲ့ မင်းသမီး အန်နာဒီအားရ်မက်စ်ကိုတော့ ပရိသတ်တွေ Knives Out, No time to die, blade runner, knock knock တို့လို ရုပ်ရှင်ကြီးတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ၁၄ မိနစ်ကျော် အားလုံးမတ်တပ်ရပ် လက်ခုပ်တီးပေးခဲ့တဲ့အထိ ပြောင်မြောက်တဲ့ ရုပ်ရှင်လို့လည်းပြောကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော်တွေကတော့ ဘာကားလာလာ မတ်တပ်ရပ်တီးနေကျဆို‌တော့ အဲဒီအတွက်တော့ အရမ်းမကိုး ကားတော့ပါဘူး။ ဒါပေမဲ့ ဘယ်လိုအနုပညာဆန်ဆန်ရိုက်ကူးပြီး ဘယ်လိုပီပြင်အောင် သရုပ်ဆောင်ထားလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။ မင်းသားကြီး ခရစ်စ် အီဗန်ကတော့ အန်နာကို ဒီကားနဲ့ အော်စကာရရချည်သေးရဲ့လို့ ချီးကျူးသွားပါတယ်။ နောက်ဆုံးသတိပေးချင်တာကတော့ အန်နာရဲ့ အိပ်ရာခန်းတွေ တုံးလုံးခန်းတွေ တစ်ခန်း ထက်မနည်းပါဝင်နေတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘူးဆိုတာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.11 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........2Hrs 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Romance Translator.......Mr.Anderson Encoder..........SWM

Action • Drama • War
6.1 2022 167 mins
[18+] Blonde
Winter on Fire: Ukraine's Fight for Freedom
8

ယူကရိန်းနိုင်ငံဟာ အရှေ့နဲ့ အနောက် နိုင်ငံတွေကြားထဲမှာ တည်ရှိပါတယ်။ အစက ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါပေမယ့် ၁၉၉၁ မှာ ယူကရိန်းဟာ ဆူဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့တယ်။ ဒါပေမယ့် ၂၃ နှစ်လုံး ရွှေရည်စိမ်ဒီမိုကရေစီနဲ့ စီးပွားရေး ချွတ်ခြုံကျနေတဲ့ နိုင်ငံလို့ပဲ ပြောရမှာပါပဲ။ ၂၀၀၄ မှာ ရုရှားဘက်ယိမ်းတဲ့ အမတ်လောင်း ဗစ်တာ ယာနူကိုဗစ်ချ်ဟာ သမ္မတအဖြစ် မဲအနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မသမာကြောင်း ပေါ်ပေါက်ပြီး ပြည်သူတွေ ဆန္ဒပြခဲ့တာကြောင့် နောက်ဆုတ်လိုက်ရပါတယ်။ ၂၀၁၁ မှာတော့ ရာနူကိုဗစ်ချ်ဟာ ယူကရိန်းကို EU အဖွဲ့ဝင်မယ်ဆိုတဲ့ ကတိနဲ့အတူ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက်မှာ ကတိဖျက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ပဲ ကြိုးစားခဲ့ပါတယ်။ EU သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့တာကြောင့် ကျောင်းသားတွေက စပြီး သူတို့အနာဂတ်အတွက် မိန်ဒန်လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒပြရာကစပြီး တစ်နိုင်ငံလုံးပါဝင်လာတဲ့ သပိတ်ကြီးပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကို သမ္မတက ရဲတွေ ဆန္ဒပြနှိမ်နင်းရေးအထူးရဲတွေ ကြေးစားလူမိုက်တွေနဲ့ ဖြိုခွင်းဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဆောင်းတွင်းကာလကြီးမှာ မီးဟုန်းဟုန်းတောက်ခဲ့ရပါတော့တယ်။ အစိုးရကိုဖြုတ်ချတဲ့ တော်လှန်ရေးဆိုတာ မလွယ်ပါဘူး။ အရင်းအနှီးကြီးပါတယ်။ ထိခိုက်သေဆုံးမှုတွေ အများကြီးရှိခဲ့ပြီး မိန်ဒန်ရင်ပြင်တွေမှာ အိမ်မပြန်တမ်း စခန်းချပြီး အဆုံးထိ ဆက်တိုက်ခဲ့လို့သာ သမ္မတရာနူကိုဗစ်ချ် ပြုတ်ကျပြီး ယူကရိန်းတွေ အတွက် လွတ်လပ်ရေးအစစ်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကာလထဲမှာ ပြောခဲ့တဲ့စကားတွေ လှုပ်ရှားခဲ့တဲ့ လူတွေ၊ စတေးခဲ့ရတဲ့လူတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပြီး မျက်ရည်ဝဲစရာ ကြက်သီးထစရာတွေနဲ့ ပြည့်နေတာမို့ ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ Translated by : Mr.Anderson File size… Quality…. 720p Format…mp4 Genre ..... Documentary Duration….1hr 42min Subtitle….Myanmar Subtitle (Hardsub)

Drama • Horror • Mystery • Thriller
8 2015 98 mins
Winter on Fire: Ukraine's Fight for Freedom
Royal Warriors
7

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(2.8 GB)/(999 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Murphy

Horror • Mystery • Thriller
7 1986 96 mins
Royal Warriors
Purusha Pretham
7.4

Purusha Pretham(2023) IMDb 7.2/10 The times of India. 3.5/5 စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni

Drama
7.4 2023 152 mins
Purusha Pretham
Spin Me Round
5.1

နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Alison Brie(Community) နဲ့ Audrey Plaza(Parks and rec) တို့ရဲ့ romatic comedy thriller ပေါင်းစုံထားတဲ့ ကားလေးပါ။ Tuscan Grove လို့ခေါ်တဲ့ စားသောက်ဆိုင်ခွဲတစ်ခုရဲ့မန်နေဂျာဖြစ်သူ Amber ဟာ ကုမ္ပဏီရဲ့အီတလီသို့ အလည်အပတ်ခရီးမှာ လိုက်ပါဖို့ရွေးချယ်ခံရပါတယ်။တခြားဆိုင်ခွဲမန်နေဂျာတွေနဲ့အတူ အီတလီက ဈေးပေါတဲ့ဟိုတယ်တစ်ခုမှာနေရပြီး ကုမ္ပဏီကပြုလုပ်တဲ့ပျင်းစရာအစီအစဉ်တွေအတိုင်း နေရပါတယ်။ ဒါပေမဲ့ ချမ်းသာ၊သဘောကောင်းပြီးဆွဲဆောင်မှုရှိတဲ့ သူဌေးနဲ့တွေ့အပြီးမှာတော့ Amber တစ်ယောင်ကြည်နူးပြီး ဘေးက၀န်းရံလာတဲ့ ပုံမှန်မဟုတ်တဲ့ အန္တရာယ်တွေကို သတိမထားမိတာကြောင့် ထင်မထားတဲ့စွန့်စားခန်းတွေဖြစ်လာရပါတော့တယ်။ ထင်ထားသလိုသာမာန် rom com မဟုတ်တဲ့ကားလေးပါ။ ခေါင်းဆောင်မင်းသမီးနှစ်ယောက်အပြင် Alessandro Nivola,Molly Shannon တို့လည်းပါ၀င်ထားပါတယ်။ File size…(1.86GB)/(944MB)/(437MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre…Comdey Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Romance
5.1 2022 104 mins
Spin Me Round
Free Fire
7

Free Fire 2016 ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ…..။ Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။ File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung

Comedy • Drama
7 2016 90 mins
Free Fire
Sukhee
7.3

Sukhee 2023(“ဒေလီက နုပျိုခဲ့သောနေ့ရက်များ”) ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။ စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Family • Drama
7.3 2023
Sukhee
Cronos
6.7

IMDB – 6.7 Rotten Tomatoes – 90% 1990 ကျော်ကဇာတ်လမ်းဖြစ်တဲ့အတွက် သူ့ခေတ်သူ့အခါမှာတော့ အတော်လေးပေါက်တယ်လို့ ဆိုရမှာပါ။ အကောင်းဆုံး ဒါရိုက်တာ ၊ အကောင်းဆုံးသရုပ်ဆောင် စတဲ့ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ၁၅၃၆ ခုနှစ်မှာအဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်တဲ့ အူဘာတိုဖူလ်ကာနလီ ဟာ ထာဝရအသက်ပေးစွမ်းနိုင်မယ့်စက်တစ်ခုကိုတီထွင်ခဲ့ပါတယ်။ ရဲတွေစုံစမ်းမှုတွေကြောင့် ထွက်ပြေးရင်း မက်စီကိုနိုင်ငံ ဗယ်လာကုဇ် မှာပုန်းနေခဲ့တယ်။ နှစ်ပေါင်း ၄၀၀ ကြာပြီးနောက်မှာ အူဘာတိုဖူလ်ကာနလီဟာ အမိုးပိပြီးနှလုံးကိုသစ်ချောင်းထိုးမိကာသေဆုံးသွားခဲ့တယ်။ သူရဲ့တီထွင်မှုတွေ ပိုင်ဆိုင်မှုတွေကို ရဲအရာရှိတွေဟာ ပြည်သူတွေကိုမချပြခဲ့ပဲ လေလံတင်ရောင်းချခဲ့တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုက GRAND BAZAAR ရှေးဟောင်းပစ္စည်းအရောင်းဆိုင် မှာရှိနေခဲ့တယ်။ ဒီလာဂွာဒီယာ လုပ်ငန်းစုကလည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုအသည်းအသန် လိုက်ဝယ်နေတယ်။ GRAND BAZAAR ပိုင်ရှင် အဖိုးကြီးက ရုပ်ထုတစ်ခုထဲက နေရွှေရောင်အင်းစက် စက်ရုပ်ပစ္စည်းလေးကိုရှာတွေ့ပြီးနောက်မှာတော့…….. File size…1.40 GB/ 589 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6.7 1993
Cronos
A Summer at Grandpa’s
7.6

A Summer at Grandpa’s ( 1984 ) Directed by Hou Hsiao-Hsien ထိုင်ဝမ်ပထမနယူးဝေ့ရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရတွေထဲက တစ်ယောက်ဖြစ်တဲ့ Hou Hsiao-hsienဟာ ဟောင်ကောင်နယူးဝေ့ စကတည်းက နောက်ဆုံး ဖီးချားဖလင် ၁၈ကားရိုက်ခဲ့ပြီး A Summer at Grandpa’s (1984)ကတော့ ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးပိုင်းကားတွေထဲက တစ်ကားပါပဲ။ ထိုင်ဝမ်နယူးဝေ့ မစခင်မှာ ထိုင်ဝမ်မှာ ကင်းဟူရဲ့ သိုင်းကားတွေလို သိုင်းကားတွေ, မယ်လိုဒရာမာတွေ ခေတ်စားခဲ့ပေမဲ့ ထိုင်ဝမ်နယူးဝေ့မှာတော့ ထိုင်ဝမ်ရုပ်ရှင်ဟာ ထိုင်ဝမ်နေဘဝတွေကို လက်တွေ့ကျကျပုံဖော်ထားတဲ့ ရုပ်ရှင်တွေ အရိုက်များလာခဲ့တယ်။ A Brighter Summer Day တို့ Taipei Storyတို့ A City of Sadness တို့ In Our Timeတို့ Growing Upတို့ဟာာ ဒီနယူးဝေ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြတယ်။ Hou Hsiao-hsienဟာ ထိုင်ဝမ်နယူးဝေ့မစခင်မှာ ဟာသကားသုံးကား ရိုက်ခဲ့ဖူးပြီး အတ်ဒဝတ်ယန်းတို့က In Our Time နဲ့ ထိုင်ဝမ်နယူးဝေ့ကို စဖောက်ပြီးတဲ့နောက်မှာ The Boys from Fengkuei (1983)ကို စရိုက်ခဲ့တယ်။ he Boys from Fengkuei က သူ့ရဲ့ပထမဆုံး Art House ရုပ်ရှင်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးအကျဆုံးကားလည်း ဟုတ်ခဲ့တယ်။ ဒီနောက်မှာတော့ သူက A Summer at Grandpa’s (1984)နဲ့ A Time to Live, A Time to Die (1985)ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားအပြီး တစ်ကားထပ်ရိုက်ပြီးမှ Daughter of the Nile (1987)ကို ဆက်ရိုက်ခဲ့တယ်။ ဒီသုံးကားကို ဟောင်ရဲ့ The “Coming of Age” Trilogyလို့ ခေါ်ကြတယ်။ A Summer at Grandpa’s ( 1984 )ကတော့ “Coming of Age” Trilogyရဲ့ ပထမကားပါပဲ။ ထိုင်ဝမ်နယူးဝေ့မှာ ထိုင်ဝမ်ဒါရိုက်တာတွေဟာ ထိုင်ဝမ်နေပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်ဝင် စာစာနာနာနဲ့ လက်တွေ့အကျဆုံး ပုံဖော်လာကြသလို Houရဲ့ A Summer at Grandpa’s ( 1984 ) ဟာ သူ့ရဲ့ ပထမဆုံးထိုင်ဝမ်နယူးဝေ့ရုပ်ရှင်ဖြစ်တာနဲ့အညီပဲ အဲဒီကာလရဲ့ ထိုင်ဝမ်နေ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတယ်။ ဇာတ်ကတော့ ကောင်လေးရယ် သူ့ညီမလေးရယ် နွေရာသီကျောင်းပိတ်ရက်မှာ အဘိုးအိမ်မှာ သွားနေရတဲ့ အချိန်ကာလတွေကို ရိုက်ပြထားတယ်။ အမေနေမကောင်းလို့ မလွှဲရှောင်သာ ရွာမှာ သွားနေနေရတဲ့ ထိုင်ဝမ်မြို့ကြီးက ကလေးတွေစိတ်ထဲ ရွာက သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့အရာတွေ တွယ်ငြိလာပုံကိုပြထားတယ်။ နောက် ကလေးရဲ့ ဦးလေးကနေတစ်ဆင့် အဲဒီခေတ် ထိုင်ဝမ်လူငယ်တွေနဲ့ လူကြီးတွေကြားက ပဋိပက္ခတွေ လူကြီးတွေရဲ့ အမြင်တွေ လူငယ်တွေရဲ့ဖြတ်သန်းမှုတွေကိုလည်း ဆင့်ကဲပြထားသေးတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့အများစုကို ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့ နေရာကနေပဲ မြင်ရလိမ့်မယ်။ သူ့အဘိုးက သူ့ဦးလေးကို ပြောတဲ့ တစ်ချို့အရာတွေ, သူ့အဘိုးရဲ့ တစ်ချို့လုပ်ရပ်တွေကို သူနားမလည်ပုံတွေကိုလည်း မြင်ရလိမ့်မယ်။ ပြောရရင် A Summer at Grandpa’sဟာ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကနေ ထိုင်ဝမ်ဘဝတွေကို မြင်ရအောင် တင်ဆက်သွားတဲ့ ရုပ်ရှင်ပါပဲ။ Flowers of Taipei Taiwan New Cinema ဒိုကူမန်ထရီထဲ ဟောင်က ” နယူးစီနီမာဆိုတာ ဘာများလဲ။ ဘာအသစ်မှမရှိတော့တဲ့အထိ ဟိုးကတည်းက ပုံစံမျိုးစုံနဲ့ ရိုက်ခဲ့ကြဖူးပြီးသားပဲ။ အရေးအကြီးဆုံးက အကြောင်းအရာပဲ။ ကိုယ့်မျက်မှောင်ခေတ်က အကြောင်းအရာတွေပေါ့”လို့ ပြောဖူးတယ်။ ဟောင်ဟာ ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့လည်း ဘာအသစ်မှမရှိဘူးလို့ ခံယူထားခဲ့ပုံပါပဲ။ ဟောင် သူ့မျက်မှောက်ခေတ်ကိုပဲ သူတင်ပြခဲ့ပုံပါပဲ။ A Summer at Grandpa’sဟာ ဟောင်အနေနဲ့ သူ့မျက်မှောက်ခေတ်ကို သူပထမဦးဆုံး စတင်ပြဖြစ်ခဲ့တဲ့ ရုပ်ရှင်လို့ ပြောလည်း မမှားပါဘူး။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by W

7.6 1984
A Summer at Grandpa’s
Rendition
6.8

ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီး Reese Witherspoon တို့ ဆန်ခါတင်စာရင်း nomination တွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပါတယ်။ ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာ မြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာ အခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင် အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာ ကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။ သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ် အပြစ်ရှိတဲ့သူတစ်ယောက်လား။ စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရော မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား….။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Adventure • Action • Science Fiction
6.8 2007 120 mins
Rendition
Alien: Romulus
7.3

နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ File size…4.49GB /1.83GB / 978MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.3 2024 119 mins
Alien: Romulus
iPossessed
5

iPossessed (2025) ကိစ္စတွေအကုန်လုံးက စစ်မှုထမ်းဟောင်းဖြစ်ပြီး အိမ်ကို ပြန်ရောက်လာခဲ့တဲ့ တက်ဒ်ဗိုလို ကို ဂုဏ်ပြုပွဲ ကျင်းပပေးရာက စပါတယ်။ တက်ဒ်ရဲ့ ညီမဖြစ်သူ ဇိုဝီ ကို ဝင်ပူးရာကနေ မနက် ၆နာရီထိ အိမ်ထဲက ထွက်မသွားဖို့ မကောင်းဆိုးဝါး နဲ့ အပေးအယူလုပ်ခဲ့ရပါတယ်။ ၆နာရီထိ တက်ဒ်၊ ဇိုဝီ၊ တက်ဒ်ရဲ့ ရည်းစားဖြစ်တဲ့ ဒန်နီ ၊ ဒန်နီရဲ့အမ တာရာနဲ့ သူငယ်ချင်းဖြစ်တဲ့ ဘက်ကလီတို့ ၅ယောက် တညလုံး ဘယ်လိုတောင့်ခံပြီး ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ တက်ဒ် ရဲ့ အိမ်ကကော ဘယ်လိုကြောင့် ဒီလို ခြောက်လှန့်မှုတွေခံနေရတာလဲဆိုတာကို ဇာတ်ကားအဆုံးမှာ မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.3 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:45:53 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

5 2025 104 mins
iPossessed