YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Cinderella Game (2024) E66 WEB-DL 1080p (CM).mp4

555.55 MB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phantom

၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။ ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။ ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမက ရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။ ကိုယ်က ‌တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊ ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်‌အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။ သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ Sol Kyung-gu, Lee Honey, Park So-dam, Park Hae-soo, Kim Dong-hee နဲ့ Seo Hyun-woo တို့က ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုရတန်စေမှာ အသေအချာပါပဲ။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထာပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။a Genre..... Action Quality…. 1080p | 720p | 480p File size… 1.3GB | 660MB | 344MB Format… mp4 Duration…. 2h 10 min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Mystery • Thriller
0 2023 20 mins
Phantom
Shaakuntalam
5.5

ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ် သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin

Adventure • Drama
5.5 2023
Shaakuntalam
The Railway Man
6.9

၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့ မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာ အခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာ ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။ အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊ မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။ တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့ နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာ ဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်း သေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။ လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့ အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့ အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီး အချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / 538MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….1h 56m Genre ..... Biography , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Crime • Drama • Thriller
6.9 2013 116 mins
The Railway Man
Aftersun
7.7

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။ A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။ နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.81GB, 858MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 42Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
7.7 2022 101 mins
Aftersun
Adipurush
4.9

Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…1.33GB Quality…720p WEB DL  Format…mp4 Duration….2h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollowood Team

Drama • Science Fiction
4.9 2023 179 mins
Adipurush
The Promise
7

ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။ တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။ အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကို အစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေက အားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့ သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။ တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလို သတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိ စိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာ နိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီး အားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။ သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင် အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။ မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။ နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ကြားမှာတော့ လူမျိုးတွေဘာသာတွေ စည်းမခြားနိုင်ပါဘူး။ ဒီလိုသူငယ်ချင်းသံယောဇဉ်ကိုလည်း အကောင်းဆုံး ပြသသွားခဲ့တယ်။ ဒီဇာတ်ကားလေးက ရိုက်ကွင်းရိုက်ကွက်နဲ့ အဲဒီခေတ်အဝတ်အစားအပြင်အဆင်တွေကောင်းသလို သရုပ်ဆောင်တွေကလည်း တကယ်ကို အသက်ပါလှပါတယ်။ ဒီကားလေးကြည့်ပြီး အတုယူစရာတွေများသလို ခံစားချက်တွေလည်း အမျိုးမျိုးပေးစွမ်းနိုင်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးရှင်းပါတယ်…………….. အားမေးနီးယန်းလူမျိုးဖြစ်တဲ့ “မီးခေး” ဟာ တိုင်းရင်းဆေးပညာရှင်တစ်ဦးဖြစ်ပြီး သူတို့ရွာမှာ မျိုးရိုးစဉ်ဆက်ဆက်ခံလာတဲ့ပညာနဲ့ လူအများကို ဆေးဝါးကုသပေးနေပါတယ်။ သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒကတော့ ဆေးပညာသင်ကျောင်းကနေ ဆေးပညာကိုဆက်လက်လေ့လာပြီး ဆေးကုသပေးချင်တာပါ။ ဒီအတွက် ငွေကြေးမတတ်နိုင်လို့ ရွာကသူဌေးသမီးလေးနဲ့ စေ့စပ်ပြီး မြို့ကို ဆေးပညာသင်ဖို့ တက်လာခဲ့တယ်။ မြို့မှာ “အန်နာ” ဆိုတဲ့ မိန်းမချောလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အန်နာမှာလည်း သူ့အပေါ်အစစအရာရာကောင်းတဲ့ခရစ်ဆိုတဲ့ရည်းစားရှိနေပါပြီ။ ဒါပေမယ့် အချစ်ဆိုတာကလည်း ထူးဆန်းလှပါတယ်။ ဆိုင်သူတွေကိုယ်စီရှိထားပေမယ့် စိတ်တူကိုယ်တူ သူတို့နှစ်ယောက်ကြားကို အချစ်ဆိုတဲ့အရာ ရောက်လာတဲ့အခါမှာတော့…………….. အဲဒီအချိန်မှာပဲ ကမ္ဘာစစ်အတွင်းကို တူရကီနိုင်ငံဝင်ရောက်လာတဲ့အခါမှာတော့………………… ဘယ်လိုတွေများ ဖြတ်သန်းကျော်ဖြတ်ရမလဲကြည့်လိုက်ရအောင်……………………………………………… Quality…..BluRay 1080p Duration…..02:13:00 Format…Mp4 File Size…(954 MB , 410 MB) Translator…..Little Twinlay Encoder…..Moe Myint Lwin

Horror
7 2016 133 mins
The Promise
Snake 4: The Lost World
5.7

ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့ မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာ လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။ မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာ လေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေး အကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေက ခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။

5.7 2023
Snake 4: The Lost World
One More Shot
5.5

အသတ်အပုတ်ကောင်းတဲ့ ဖိုက်တာမင်းသားကြီး Scott Adkinsအဓိက သရုပ်ဆောင်ထားတဲ့ကားမို့ အက်ရှင်ခန်းတွေကတော့ အများကြီးကြည့် ရတော့မှာပါ…။ ဒီရုပ်ရှင်ဟာ 2021ထွက် one shotရဲ့ sequelပါ…။ ဇာတ်လမ်းအကျဥ်းကတော့ ဝါရှင်တန်ဒီစီတစ်မြို့လုံးကို ရေဒီယို ဓာတ်သတ္တိကြွဗုံးဖောက်ခွဲဖို့ အကြမ်းဖက်သမားက ဗုံးပို့ထားပါတယ်…။ ဒီအကြမ်းဖက်သမားကိုလည်း ရှေ့ဇာတ်ကားမှာ ဖမ်းဆီးရမိ၊ခေါ်ဆောင်လာပြီးသားပါ…။ ဗုံးကဘယ်နားမှာလဲဆိုတာကို စစ်မေးဖို့ပဲကြံပါတယ်…။ ဒါပေမဲ့ ပြဿနာက လုံခြုံရေးတွေအထပ်ထပ်ရှိနေတဲ့ကြားက ဒီအကြမ်းဖက်သမားကို ပြန်လာဖမ်းတဲ့ကြေးစားလက်နက်ကိုင် အဖွဲ့တစ်ခုထပ်ပေါ်လာပြန်ပါတယ်…။ ပစ်ခတ်မှုတွေကြား နိုင်ငံ့မြို့တော်ကြီးတစ်ခုလုံး မီးမြိုက်ခံရမယ့်အရေးကို ဘယ်လိုကာကွယ်မလဲ… အကြမ်းဖက်သမားတွေရဲ့ရည်ရွယ်ချက်အစစ်ကရောဘာဖြစ်မလဲဆိုတာကို တစ်ဝကြီးခံစားရမယ့်ဇာတ်ကားပါပဲ….။ File size…2.14 GB/ 1.01 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024 102 mins
One More Shot
Miller’s Girl

မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီ Wednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ် (ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ) ဇာတ်လမ်းအကျဥ်းကတော့……. မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး “ကိုင်ရို”ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ”ဂျွန်နသန်မီလာ”ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့”ကိုင်ရို”တစ်ယောက် “ဂျွန်နသန်”ရဲ့အတန်းကိုလာတက်တဲ့အခါ…….. “ဂျွန်နသန်”ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး “ကိုင်ရို”ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ “ကိုင်ရို”က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ…… “ကိုင်ရို”ရဲ့သူငယ်ချင်း “ဝင်နီ”ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် “ကိုင်ရို”တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား….. File size…(1.2 GB)/(682 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Documentary
0 2024
Miller’s Girl
Dragon Stone Password
5.7

ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။

Drama
5.7 2024
Dragon Stone Password
Scooby-Doo! Shaggy’s Showdown
6.6

ဒီဇာတ်ကားမှာတော့ အားလုံးရဲ့ဇာတ်လိုက်ကျော်ကြီး ရှက်ဂီတစ်ယောက် အွန်လိုင်းပေါ်ကနေ သူ့ရဲ့ဝမ်းကွဲညီမဆိုသူနဲ့ ဆက်သွယ်မိပြီး သူကတဆင့် ဆိုဂန်ဆိုတဲ့ ကောင်းဘွိုင်မြို့လေးတစ်မြို့ကို Mystery Incအဖွဲ့နဲ့တူတူ အလည်အပတ် ရောက်သွားခဲ့ပါတယ်။ ဆိုဂန်မြို့က ခရီးသွားလုပ်ငန်းနဲ့ လည်ပတ်နေတဲ့ မြို့လေးပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီမြို့လေးမှာ ဒက်ပါဂျက်ဆိုတဲ့ တောပုန်းဓါးပြကောင်းဘွိုင် သရဲကြီးတစ်ကောင်က ‌ခြောက်လှန့်နေတာကြောင့် လာလည်ရဲသူ မရှိတော့ဘဲ တစ်မြို့လုံးနီးပါး ခြောက်ကပ်နေပါတော့တယ်။ အဲဒီသရဲကြီး ဒက်ပါဂျက်ဆိုတာ တခြားသူ မဟုတ်ဘဲ ရှက်ဂီရဲ့ ဘိုးဘေးအရင်းကြီး ဖြစ်နေတာပါ။ သရဲတစ္ဆေဆိုရင် အသံ‌တောင်ကြားလို့မရတဲ့ မဟာသတ္တိခဲ ရှက်ဂီတစ်ယောက် သူ့ဘိုးအေရဲ့ ဝိညာဉ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ။ အဲဒီသရဲကြီး ခြောက်လှန့်နေတဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲဆိုတာ စကူဘီဒူး ထုံးစံအတိုင်း အလွဲတွေ တပြုံတမကြီးနဲ့ ကြည့်ရှုရမှာပါ။ File Size : 1.4 GB, 659 MB Quality : WEB-DL 1080p / 720p Running Time : 1hr 19min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Horror
6.6 2017 80 mins
Scooby-Doo! Shaggy’s Showdown
Flakka Zombie Drug
3

Flakka Zombie Drug (2023) ခင်ပွန်းဆုံးသွားလို့ ဘ၀အသစ်စဖို့ကြိုးစားနေတဲ့ ဒေါက်တာကတ်စ်လိုးဟာ လက်စ်ဗီးဂတ်စ်မြို့ကိုပြောင်းရွေ့ရင်း လူတွေကိုဖုတ်ကောင်တွေလိုပြောင်းသွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ကြုံတွေ့ရပါတော့တယ်။ အဲ့ဒီဗိုင်းရပ်စ်က ဆုံးသွားတဲ့ခင်ပွန်းဖြစ်သူနဲ့ ဘယ်လိုဆက်စပ်နေလဲ အိမ်နီးနားချင်းဆိုတဲ့သူကရော ဘာတွေကြံနေသလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(1.4 GB) / (680 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery Duration….01:15:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw

3 2023 86 mins
Flakka Zombie Drug
Like Girls
5

ဒီဇာတ်ကားလေးကတော့ ဟာသကားကိုမှ အေးအေးဆေးဆေး ဒရာမာခန်းလေးတွေနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ************* ဆီဗီယာ .. ဆယ်လာနဲ့ ရိုဇာနာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်း သုံးယောက်ဖြစ်ပါတယ်။ ဆီဗီယာရဲ့ ယောက်ျားဖြစ်သူက ဖောက်ပြန်နေတာကို သိသွားပြီးတဲ့ နောက်မှာ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ဘဝရဲ့ အသစ်အဆန်း အတွေ့အကြုံတွေကို ရှာဖွေကြရင်းနဲ့ သူတို့ အချင်းချင်းကြားမှာ ရှိတဲ့ သူငယ်ချင်း သံယောဇဉ်ကို အသားပေးထားတာကို ဒီကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက ခက်ခဲတဲ့အချိန်တွေမှာ တစ်ယောက်အနား တစ်ယောက် ရှိနေပေးတတ်ပြီး စည်းလုံးတဲ့ သူငယ်ချင်းသုံးယောက် အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ကားလို့ ပြောလို့ ရမယ် ထင်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ BZW ပဲ ဖြစ်ပါတယ်။ ) File size… (1.58GB) / (839MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Action • Thriller
5 2024 97 mins
Like Girls
Love 4 Sale

Love 4 Sale (2024)”ပျားရည်ထောင်ချောက်'” ================================= ၂၀၂၄ က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ မှုခင်းဆန်တယ်ဆိုပေမဲ့ တခြားမှုခင်းရုပ်ရှင်တွေလို ဆီရီယယ်ကေလာတွေကို လူလွန်မသား စုံထောက်တွေက မရှိတဲ့သဲလွန်စကိုရှာပြီး ဖမ်းဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ မကြာမကြာတွေ့နေရတဲ့ နှစ်ကိုယ်ကြားဓာတ်ပုံဗွီဒီယိုတွေ ပြန့်နေတဲ့ကိစ္စတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာလျာလမ်လူမျိုးတွေ အနေများတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းကို အမေရိကန်က မာလျာလမ်လူမျိုးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ အဲဒီမြို့က ဟန်နီဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ကို အဖော်အချွတ်ပုံတွေပြပြီး ငွေနှစ်သိန်း(ဗမာငွေမဟုတ်)လိမ်သွားတယ်လို့တိုင်ချက်ဖွင့်တယ်။ အဲဒီအမှုကို စုံစမ်းကြည့်လိုက်တော့ အမေရိကန်ကလူကို ရိုက်စားလုပ်သွားတဲ့သူက ဟန်နီမဟုတ်ဘဲ ဟန်နီရဲ့ရည်းစားဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ဟန်နီက သူ့သိက္ခာကို ပြန်ဆယ်ဖို့ကြိုးစားပြီး သူ့ရည်းစားရဲ့ နောက်ထပ်သားကောင်တွေကိုပါ ကယ်ဖို့လုပ်ရင်းကနေ နောက်ထပ်အများကြီးပိုကြီးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V~ Star~ Cym~ KKKZ နဲ့ ZweYan တို့ပါ။)

0 2024
Love 4 Sale
Remember You
6.8

Remember You (2016) / Don’t Forget Me (2016) ********************************************** ဒီတစ်ခါမှာတော့ မင်းသားကြီး Jung Woosung နဲ့ မမလှလှ Kim Haneul တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို CM Team က ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းကတော့ .. ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်တဲ့ ယွန်းဆော့ဝန်း ( Jung Woosung )နဲ့ စတင်ထားပါတယ် ။ ရဲစခန်းမှာ ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်ရတဲ့အထိ ဖြစ်နေတဲ့ ယွန်းဆော့ဝန်းဟာ ကားမတော်တဆမှုကြောင့် ၁၀ နှစ်တာ မှတ်ဉာဏ် ပျောက်ဆုံးနေတဲ့သူတစ်ယောက်ပါ ။ သူ မသိလိုက်တဲ့ အဲဒီ ၁၀ နှစ်အတွင်းမှာပဲ သူဟာ ရှေ့နေတစ်ယောက် ဖြစ်နေခဲ့သလို ငယ်စဉ်တည်းက ကွဲကွာသွားတဲ့ မိခင်ဖြစ်သူနဲ့လည်း ပြန်ဆုံပြီးလျက်သား ဖြစ်နေခဲ့ပါတယ် ။ နေ့စဉ်ဘဝကို အဆင်ပြေပြေဖြတ်သန်းနေခဲ့ပေမဲ့ ယွန်းဆော့ဝန်းဟာ ဘာမှမသိတော့တဲ့ သူ့ဘဝကို သူ မပိုင်သလိုပါပဲ ။ ဒီလိုအချိန်မှာ အလုပ်ပြန်လုပ်နိုင်ဖို့အတွက် စိတ်ရောဂါကုဆရာဝန်ဆီကနေ ထောက်ခံစာယူဖို့ လာခဲ့တဲ့ ယွန်းဆော့ဝန်းဟာ ဂင်ဂျင်ယောင်း ( Kim Haneul ) လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ် ။ အတိတ်မေ့နေတဲ့ ယွန်းဆော့ဝန်း နဲ့ လျှို့ဝှက်ချက်တွေများလွန်းပုံရတဲ့ ဂင်ဂျင်ယောင်းတို့ ချစ်မိသွားတဲ့အခါမှာ တရိပ်ရိပ်နဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက သူတို့ အချစ်ရေးလမ်းခရီးမှာ ဘယ်လိုအနှောင့်အယှက်ဖြစ်လာမလဲ ။ ယွန်းဆော့ဝန်းရဲ့ ပျောက်နေတဲ့ ၁၀ နှစ်တာအတွင်းမှာ အီဘိုယောင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာတဲ့အခါ သူကရော ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိခဲ့တာလဲဆိုတာကိုတော့ Remember You ဇာတ်ကားမှာ ယွန်းဆော့ဝန်းနဲ့အတူတူ မှတ်ဉာဏ်တွေကို အတူတူရှာဖွေလိုက်ရအောင်နော် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…1.04GB / 469MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 46 min. Genre ….. Mystery, Romance, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Science Fiction • Action • Animation • Adventure • Comedy • Drama • Fantasy
6.8 2016 106 mins
Remember You