YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Choice Husband E11 (1080p) CM.mp4

562.92 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Twelve Days
3

အခုတစ်ခေါက် အချစ်ကားအေးအေးလေးတွေကို ကြိုက်တတ်တဲ့ပရိတ်သတ်တို့အတွက် 12 Days ဆိုတဲ့ အချစ်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့- လှပချောမောတဲ့ လေယာဉ်မယ်လေး အားနန်နဲ့ အင်္ဂလန်မှ ပညာသင်ပြီး ပြန်လာတဲ့ ဆိုင်းမွန်တို့ဟာ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာ သူတို့နှစ်ယောက်အတွက် ကိုယ်ပိုင်နေရာရှိဖို့ရာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဇာတ်လမ်းတွေထဲမှာတော့ အိမ်ထောင်ပြုခြင်းနဲ့ ဇာတ်သိမ်းလှလှလေးတွေ ထည့်တတ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အခုမှ စမှာ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် အမြင်မတူညီမှုကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။ အချစ်ဆုံးဆိုတဲ့ လူနှစ်ယောက်က အိမ်ထောင်ကျပြီးနောက် အနေနီးပေမဲ့ စိတ်ချင်းဝေးသွားကြပါတယ်။ ဒီဇာတ်လမ်းလေးက အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ပြုဖို့ မသင့်တော်ဘူးဆိုတာကို နားလည်စေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ကဲ မိုးအေးအေးလေးနဲ့ feel ချင်တဲ့ ပရိသတ်ကြီးတို့ အတွက် ဒီကားလေးက အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

Mystery
3 2023 89 mins
Twelve Days
Sing A Song
5

အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ် - သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေ‌နဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့်‌ ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား သူငယ်ချင်းလား.... ဒီကားလေးကို အချစ်, အိပ်မက်,သူငယ်ချင်းတွေရဲ့ကြားထဲက ပဋိပက္ခလေးတွေပါရောပြီး ဒရာမာဆန်ဆန်လေးကြည့်လို့ရပါပြီ သီချင်းဆိုတာဝါသနာပါတဲ့သူတွေနဲ့ Idol fan တွေအတွက်ဆို ကွက်တိပါပဲရှင် Cast တွေလည်း အလန်းတွေပါ။ Kpop Wave 2nd Gen နဲ့ 3rd Gen တွေ ဖြစ်တဲ့ - 4Minute ရဲ့ Gayoon - B.A.P Member Yoo Young Jae - A-Jax ရဲ့ Moon Ji-hoo တို့ပဲ ဖြစ်ကြပါတယ်။ ဒီတော့ သီချင်းတွေ မကောင်းမှာကတော့ စိတ်ပူစရာကို မလိုတော့တာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Htet Eaindray Khin ပဲ ဖြစ်ပါတယ်။ Genre.....Friendship, Musical, Romance Quality….WEB-DL 1080p and 720p and 360p File size…1.4GB and 752MB and 239MB Format…mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hardsub) Translator ..... Htet Eaindray Khin Encoder ..... August

Crime • Drama
5 2022 102 mins
Sing A Song
Bohemian Rhapsody
8

IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ဘိုဟီးမီးယန်း ရာ့ပ်ဆိုဒီ ၂၀၁၈ ==================== ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။ လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။ Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ဖရက်ဒီဟာ ပရိသတ်ကို တစ်သားထဲဖြစ်အောင် ဆွဲဆောင်နိုင်ဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူနဲ့ တထပ်တည်းနည်းပါတူအောင် သရုပ်ဆောင်ထားတဲ့ ရာမီမားလက်ခ် ရဲ့ စွမ်းရည်ကြောင့်လည်း ဒီရုပ်ရှင်ကို ပိုကြိုက်မိတယ်ထင်ပါတယ်။ --------------------------------------- File Size : (2.07 GB) and (0.99 GB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 14min Format : Mkv and Mp4 Genre : Biography, Drama, Music Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
8 2018 135 mins
Bohemian Rhapsody
Raatchasi
7.4

ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။ သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။ သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။ အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။ “ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။ ———————————————– ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။ (မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ) (ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)

7.4 2019 153 mins
Raatchasi
Inside Job
8.2

Drama တွေ အက်ရှင်တွေရိုးနေတဲ့ လူတွေအတွက် Documentary type ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2008ခုနှစ်မှာဖြစ်ခဲ့တဲ့အရာတွေအများကြီးထဲကမှ ၂၀၀၈ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုရင် အတော်များများကြားဖူး သိဖူးမယ်လို့ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနဲ့ အမေရိကက စီးပွားရေးလုပ်ငန်းနဲ့ အိမ်ခြံမြေအရောင်းအဝယ်နဲ့ ကြွေးမြီကိစ္စတွေ အတော်လေးကို ထိုးဆင်းပြီး အရှုံးတွေလည်း ဒေါ်လာ ထရီလီယံနဲ့ချီတယ်လို့ပြောကြပါတယ်။ ဒီ 2008 စီးပွားပျက်ကပ်အကြောင်းကို စိတ်ဝင်စားပြီး ဘယ်ကနေဘယ်လိုအစပြုလို့ ဘယ်လိုကိစ္စ ဘယ်လိုလုပ်ငန်းတွေမှာ တိုင်ပတ်ခဲ့သလဲ ဘယ်သူတွေအကျိုးအမြတ်ရသွားကြလဲ ဘယ်လောက်တောင်ရသွားကြလဲဆိုတာနဲ့ ဘယ်လိုတွေ ဖြေရှင်းခဲ့ကြသလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ File Size : 1.9 GB, 703 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 49min Format : Mp4 Genre : Crime, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

Thriller • Action
8.2 2010 109 mins
Inside Job
Johnny Puff: Secret Mission
5.5

ပေါ့ပေါ့ပါးပါး သားသားမီးမီးတို့ကြည့်ဖို့ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကာတွန်းကားလေးရဲ့ နာမည်ကတော့ Johnny Puff : Secret Mission ဖြစ်ပြီး 2020 တုန်းက ထွက်ရှိခဲ့တဲ့ Puffins ဆိုတဲ့ တီဗီ Series လေးရဲ့ အဆက်ဖြစ်ပါတယ်။ဇာတ်ကားနာမည်က Johnny Puff ဖြစ်သလို အသံသရုပ်ဆောင်ကလည်း ဂျက်စပဲရိုးသရုပ်ဆောင် Johnny Depp ပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးရဲ့အဓိကဇာတ်ဆောင်တွေကတော့ ပင်လယ်ပျော် ငှက်ကလေး ၄ ကောင်နဲ့ သူတို့ရဲ့ရန်သူတော်အင်ဂျင်နီယာ ဖျံကြီးတို့ပဲ ဖြစ်ပါတယ်။အဲ့ဒီပင်လယ်ပျော်ငှက်ကလေး ၄ ကောင်ကစွန့်စားခန်းတွေ ထွက်ရတာကြိုက်ပြီး တစ်နေ့မှာတော့ ဥက္ကာခဲကြီးတစ်ခုနဲ့တွေ့ကာ တစ်ကောင်ကိုအစွမ်းတစ်မျိုးစီရခဲ့တဲ့စူပါငှက်ကလေးတွေဖြစ်တဲ့အတွက် သူတို့ရဲ့ရန်သူတော် လူဆိုးဖျံကြီးက သူတို့ကိုနှောင့်ယှက်ဖို့ပစ္စည်းတစ်ခု တီထွင်လိုက် မအောင်မြင်လိုက်နဲ့လုံးလည်ချာလည်လိုက်နေပုံတွေကို ရယ်စရာရိုက်ကူးထားတာဖြစ်တဲ့အတွက် သားသားမီးမီးတွေသဘော ကျမဲ့ကာတွန်းကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 710MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance • Fantasy
5.5 2024 85 mins
Johnny Puff: Secret Mission
At Midnight
5.6

At Midnight (2023) ဆိုဖီဝိုင်လ်ဒါက နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်ရှင် ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သုံးကားတွဲကားရဲ့ နောက်ဆုံးဇာတ်ကားကိုရိုက်ဖို့ မက္ကဆီကန်ကိုရောက်ရှိနေပါတယ်။ ဒီဇာတ်ကားအပြီးမှာတော့ သူကိုယ်တိုင်ခေါင်းဆောင်ခွင့်ရမယ့် spin-off ရိုက်ရဖို့လည်းမျှော်လင့်နေတာပါ။ ဇာတ်ကားမှာသူ့ရဲ့သရုပ်ဆောင်ဖက်လည်းဖြစ် အပြင်မှာလည်းရည်းစားဖြစ်တဲ့ အဒမ်ရဲ့ဖောက်ပြန်မှုကို သူမိသွားတဲ့နောက်မှာတော့ ပုံမှန်အတိုင်းရှေ့ဆက်နိုင်ဖို့ကြိုးစားရပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့တည်းနေတဲ့ဟိုတယ်ရဲ့ မန်နေဂျာ Alejandro ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တာပါ။ အစပိုင်းမှာ အလွဲတစ်ခုနဲ့စခဲ့ကြပေမယ့် ပိုမိုရင်းနှီးလာရင်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေပိုလာပြီး အဆင့်တက်ချင်လာချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲဆိုတာ ဟာသလေးတွေစွက်ပြီး ပေါ့ပေါ့ပါးပါးရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး ချောချောလှလှတွေ၊ သာယာတဲ့ရှုမျှော်ခင်းတွေ ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ rom/com တွေရဲ့အငွေ့အသက်တွေကိုပြန်လည်ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.6 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Romance Duration….01:40:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5.6 2023
At Midnight
The Vanished
6.6

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက် သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော် ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။

Romance
6.6 2018 101 mins
The Vanished
Extraordinary Rescue
5.8

ဒီတစ်ခေါက် CMကတင်ဆက်ပေးမယ့်ဇာတ်ကားကောင်းလေးကတော့ actionကားဖြစ်တဲ့ Extraordinary rescue ဖြစ်ပါတယ် ဇာတ်ကားထဲမှာ ကျန်းချိန်က ထရိန်နင်နည်းပြတစ်ယောက်ဖြစ်ပါတယ် သာမန်လည်ပတ်နေတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုအထင်နဲ့ အလုပ်လက်ခံပြီး ထရိန်နင်သွားပေးရာကနေ ပြသနာတွေစလာခဲ့ပါတော့တယ် Demiဆိုတဲ့သတင်းထောက်မလေးက‌လည်း ဒုက္ခသည်အကြောင်းတွေစုံစမ်းရင်း အစီစဉ်တင်ဆက်ရာကနေ ကျန်းချိန်ရဲ့ပြသနာတွေထဲကိုပါ ရောပါလာခဲ့ပါတယ် ပြသနာရဲ့နောက်ကွယ်ကကြိုးကိုင်ကိုလိုက်စုံစမ်းရင်းနဲ့ ဘယ်လို‌အသက်အန္တရာယ်မျိူးတွေကြုံရမလဲ သူတိုတွေအကုန်လုံးလွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်

5.8 2023
Extraordinary Rescue
Sunset Boulevard
8.4

Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောက ထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ဘယ်လိုတွေ စခန်းသွားကြမလဲ။ နော်မာကရော သူ့ရဲ့ အိပ်မက်ကို ဘယ်လို အကောင်အထည် ပြန်ဖော်မလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။ File size…(1.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Film Noir, Drama, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

8.4 1950 110 mins
Sunset Boulevard
The Dirty Dozen
7.7

ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် အမေရိကန်စစ်တပ်အရာရှိ မေဂျာရိုက်စ်မန်းဟာ ‌ရိုင်းစိုင်းပြီးအမိန့်ကို ဖီဆန်တတ်ရုံမက ခံစားချက်မဲ့သူဆိုပြီး ဝေဖန်ရှုတ်ချခံရကာ အထက်လူကြီးတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူ။ တစ်နေ့မှာတော့ သူဟာ လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ သေဒဏ် မဟုတ်ရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၂ ယောက်ကိုရွေးကာ အပြင်းအထန်လေ့ကျင့်ပေးပြီး နာဇီအခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ရမယ့် စစ်ဆေးရေးတစ်ခုကို တာ၀န်ပေးအပ်ခြင်းခံခဲ့ရတယ်။ စစ်ဆင်ရေးကို အောင်မြင်ခဲ့ရင် အရွေးချယ်ခံထားရတဲ့ အကျဉ်းသားတွေဟာ အပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်ခြေရှိသလို လျှော့ပေါ့ပေးမခံရနိုင်တာမျိုးလည်းရှိမယ်။ အကျဉ်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆိုးသွမ်းပုံချင်းမတူကြပေမဲ့ အရာရှိတွေကို မုန်းတီးတဲ့နေရာမှာတော့ တူညီကြတယ်။ သူတိုရဲ့ရန်သူဟာ နာဇီတွေမဟုတ်ဘဲ အမေရိကန်စစ်တပ်အရာရှိတွေသာဖြစ်ပြီး ကမ္ဘာစစ်ကလည်း သူတိုနဲ့မဆိုင်၊ ခံယူချက်ကိုယ်စီနဲ့ ထိန်းချုပ်ရခက်တဲ့ စိတ္တဇလူသတ်ကောင် မုဒိမ်းကောင်တွေ။ ဒီလိုမျိုး ကိုင်တွယ်ရခက်ပြီး စည်းလုံးမှုမရှိတဲ့ အကျဉ်းသား တစ်ဒါဇင်ကို မေဂျာရိုက်စ်မန်းတစ်‌ယောက် ဘယ်လိုမျိုး လေ့ကျင့်ပေးမလဲ။ လေ့ကျင့်ရေးအပြီး စစ်ဆင်ရေးကိုလုပ်ဆောင်ချိန်မှာရော ဆိုးမိုက်လိုထောင်ကျနေတဲ့သူတွေနဲ့ဖွဲစည်းထားတဲ့ မေဂျာရိုက်စ်မန်းတိုအဖွဲဟာ စစ်ဆင်ရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်မလား။ စစ်ဆင်ရေးအောင်မြင်သွားခဲ့သည်ရှိသော် အကျဉ်းသားတွေကရော အပြစ်ဒဏ်လျှော့ပေါ့ပေးခံရလေမလား…..။ The Dirty Dozen ဟာ ၁၉၆၇ ခုနှစ်ထွက် ဂန္တ၀င်မြောက် စစ်ကားကြီးတစ်ကားဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပေမဲ့ ဒီနေ့ထိတိုင် ဇာတ်ကားကောင်းစာရင်းထဲ၀င်နေဆဲဖြစ်တာမို အချိန်ပေးရကျိုးနပ်စေမှာပါ။ File size…(13.5 GB)/(4.1 GB)/(2 GB) Quality….WEB-DL HEVC 4K/ Blu-Ray 1080p / 720p Format… mp4 Duration…. 02:30:00 Genre… Action, Adventure, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Romance • Drama
7.7 1967 149 mins
The Dirty Dozen
Ant-Man Ant Man
7.2

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Ant-Man (2015) IMDb Rating (7.2) / Rotten Tomatoes (83 %) “Ant-Man” (2015) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ ဆဌမမြောက် ဇာတ်ကားဖြစ်ပြီး၊ ပုရွက်ဆိတ်လို သေးငယ်ပြီး စွမ်းအားကြီးမားတဲ့ Scott Lang (Ant-Man) ရဲ့ ဇာတ်ကောင်ကိုမိတ်ဆက်ထားပါတယ်။ Pym Particles နဲ့ Quantum Realm တို့လို အဆင့်မြင့်နည်းပညာတွေနဲ့ အချိန်ခရီးသွားနည်းပညာတွေကို မိတ်ဆက်ထားပြီး ဒီနည်းပညာတွေဟာ MCU ရဲ့ နောက်ပိုင်းဇာတ်ကားတွေမှာ အဓိကနေရာကနေ အလှည့်အပြောင်းတွေဖန်တီးပေးနိုင်ခဲ့ပါတယ်။ Budget $130–169.3 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $519.3 million ထိပြန်လည်ရရှိခဲ့ပါတယ်။

Drama • Romance
7.2 2015 117 mins
Ant-Man Ant Man
Justice High
6.1

၂၀၁၉ ခုနှစ် မတ်လကထွက်ရှိထားတဲ့ Justice High ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့ လူငယ်တက်သစ်စသရုပ်ဆောင်လေးတွေတော်တော်များများ အားဖြည့်ပါဝင်ထားတဲ့ ကျောင်းသား Action ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချီယောင်းဆိုတဲ့ကောင်မလေးက ဂွန်းဆူဒို(တိုက်ကွမ်ဒိုလိုသိုင်းပညာတစ်မျိုး)ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ကောင်မလေးပါ။ကျွမ်းဆို သူအဖေကိုယ်တိုင်ကလည်းအဲ့ ဒီဂွန်းဆူဒိုအားကစားရုံပိုင်ရှင်တစ်ယောက်ပါ။ သူက အရင်တက်နေတဲ့အထက်ကျောင်းတစ်ခုကနေ မတရားအနိုင်လာကျင့်တဲ့သူတွေကို ပညာပေးဆုံးမခဲ့လို့ ကျောင်းပြောင်းလာရတဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲ ကောင်မလေးတစ်ယောက်ပေါ့။ သူကျောင်းပြောင်းလာပြီးမကြာဖူး။ကျောင်းအသစ်မှာအဲ့လိုပဲ ကောင်လေးတစ်ယောက်ကိုအနိုင်ကျင့်နေတဲ့ ကျောင်းသားလူမိုက်အုပ်စုကိုတွေ့လို့ အဲ့ကောင်လေးကို အဲ့လူဆိုးလေးတွေလက်က ကယ်ပြီးကာကွယ်ပေးခဲ့တယ်။ ဒီကားမှာထူးခြားတာက ကောင်လေးကိုကောင်မလေးကကာကွယ်ပေးရတာ။ ကောင်လေးကတော့ ကိုယ်ခံပညာမတတ်တဲ့ခပ်ရိုးရိုးကောင်လေးပေါ့။ သူနာမည်က ဂျောင်းဂူတဲ့။နောက်ထပ်ကျောင်းသားကားလေးတွေထုံးစံအတိုင်း သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခုက လှလည်းလှ သိုင်းလဲတတ်တဲ့ ချီယောင်းကို အဲ့ကျောင်းက ဟယ်ဆောင်းလို့ခေါ်တဲ့စီနီယာ အကိုကြီးကလည်းကြိတ်ကြွေနေတယ်။အဲ့စီနီယာကလည်းပြောရရင် ကျောင်းမှာ လူဆိုးထိန်းသဘောမျိုးပေါ့။ရန်ဖြစ်ရင်ပွဲတိုင်းကျော်တယ်။ ဒါပေမယ့် လူဆိုးကနေလူကောင်းဖြစ်လာအောင်ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဂျောင်းဂူနဲ့ဆန့်ကျင်ဖက်ပဲ စီနီယာဟယ်ဆောင်းကတော့ တိုက်တတ်ခိုက်တတ် ရန်ဖြစ်လဲ သူမပါမပြီး အထက်တန်းမှာ နှစ်ချီနေတဲ့ Oldie စီနီယာတစ်ယောက်ပေါ့။နောက်ဒီကျောင်းမှာ ကျောင်းသားခေါင်းဆောင်လုပ်ပြီး တခြားလူမိုက်အဖွဲ့တွေကို ကျောင်းသားတွေဆီကမုန့်ဖိုးတွေကို အဓမ္မတောင်းပြီး ဗိုလ်လုပ်နေတဲ့ လူဆိုးအဖွဲ့လည်းရှိတယ်။ဒီအဖွဲ့က ဂျောင်းဂူကိုအနိုင်ကျင့်တဲ့ ကျောင်းသားလူဆိုးလေးတွေရဲ့ ဆရာတွေပေါ့။ဒါကိုချီယောင်းက ဆုံးမလိုက်တာကို အံ့ဒီကကျောင်းသားခေါင်းဆောင် လူဆိုးအဖွဲ့က မကျေနပ်ကြဘူး အဲ့အချိန်ကစပြီးချီယောင်းကို ညှိုးထားကြတယ်။ဒါကို ဒီကျောင်းသားလေးသုံးယောက်ဘယ်လိုဖြေရှင်းကြမလဲ။ ငယ်ရွယ်တဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကကော ဘယ်လိုလာမလဲဆိုတာ ကိုယ်တိုင် ဆက်ကြည့်လိုက်ကြပါ။ ညွှန်းပေးရရင် ဒီကားလေးက Action ကားလေးဆိုလို့ အတိုက်အခိုက် အသတ်အပုတ်ကြီးပဲမဟုတ်ပဲ ကျောင်းသားဘဝက အပျော်လေးတွေ၊ Romanceလေးတွေပါ တစ်ဖန်ခံစားပြီးကြည့်နိုင်လို့ မိန်းကလေးရောယောကျာ်းလေးကော ကြည့်ပျော်မယ့် ဇာတ်ကားကောင်းလေး တစ်ကားလည်းဖြစ်ပါတယ်။

Horror • Thriller
6.1 2020
Justice High