YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Charlie (2015) Malayalam 1080p Bluray YK(CM).mp4

2.48 GB N/A video/mp4 248 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Flash
6.7

The Flash (2023) ============= HDTC version ပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.8 GB) / (1.36 GB) / (900 MB) Quality............HDTC 1080p / 720p / 480p Duration.........2Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Mr.Anderson Encoder..........SWM, Aaron

Drama
6.7 2023 144 mins
The Flash
Piggyback

Piggyback ဆိုတာကတော့ ကျောပိုးတာကို ပြောတာပါ။ အဖေက သားကို ကျောပိုးထားတာ ဆိုတော့ သားအဖ မေတ္တာအကြောင်းပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ..... တံငါရွာလေးမှာနေထိုင်တဲ့ သားအဖအကြောင်းလေးကို သဘာဝဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ အသက်ကြီးမှမွေးတဲ့သားလေးကို မိခင်မရှိဘဲ ဖအေတစ်ယောက်တည်း ပျိုးထောင်ရင်းနဲ့ ပိုင်ဆိုင်တဲ့လှေလေးကိုပါ မဆုံးရှုံးအောင် ကြိုးစားတဲ့ နိုမာရဲ့အဖေနဲ့... အသက်ငယ်ပေမဲ့လည်း သိတတ်ပြီး ထက်မြက်တဲ့ နိုမာဆိုတဲ့ကောင်လေးရယ်... အသက် ၂၄ နှစ်ကွာတဲ့ တရုတ်မလေးကိုမှ တမ်းတမ်းစွဲဖြစ်နေတဲ့ နိုမာရဲ့ဦးလေး... သားအဖရဲ့ မေတ္တာ၊ ညီအစ်ကို သံယောဇဉ်တွေနဲ့ နိုမာတို့ သူငယ်ချင်း တစ်သိုက်တလွဲတွေလုပ်တာကို ဒရာမာချိုးရင်းနဲ့ ပြုံးမိစေမယ့် မိသားစုဟာသရုပ်ရှင်လေးကို ကြည့်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော် ဖခင်ဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတာကတော့ From now on Showtime မှ စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ Jung Joon Ho ပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Family Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Drama
null 2022 107 mins
Piggyback
Irresistible
6.1

Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ File Size : 732 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre :   Comedy, Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Htet Wai Lwin, T Lone Encoded by Littleneo

Action & Adventure • Animation • Drama • Sci-Fi & Fantasy
6.1 2020 101 mins
Irresistible
Pain and Glory
7.4

ဒါကတော့ အောင်မြင်မှုတစ်ပုံကြီးရရှိထားတဲ့ စပိန်Dramaကားကောင်းတစ်ကားပါ။ ဒါရိုက်တာ Pedro Almodóvar ရိုက်ကူးထားပြီး IMDb rating 7.7နဲ့ ခရမ်းချဉ်သီးမှာ 97%ရရှိထားပါတယ်။ စပိန်နိုင်ငံတွင်းဆုပေးပွဲတွေသာမကပဲ Oscarတို့ Cannes film festivalတို့ Golden globesတို့မှာလည်း စကာတင်စာရင်းတွေဝင်ပြီး စုစုပေါင်းစကာတင်134ခုနဲ့ ဆု25ခုရထားပါတယ်။ Lead actorကလည်း Cannes film festivalမှာ Best Actorအပါအဝင် ဆု၅ဆုရထားပြီး Oscar စကာတင်စာရင်းထဲလည်းဝင်နေပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းရေးဆရာ၊ဒါရိုက်တာဆာဗာဒါမယ်လိုရဲ့ လက်ရှိအခြေအနေနဲ့ အတိတ်ကအခြေအနေအနေတွေကို ပြသထားတဲ့ Flashbacksပါ။ ဆာဗာဒါဟာ အနုပညာကိုရူးသွပ်နေဆဲဖြစ်ပေမယ့် သူ့မှာဖြစ်နေတဲ့ရောဂါတွေ စိတ်ပိုင်းဆိုင်ရာခံစားနေရမှုတွေကြောင့် ရုပ်ရှင်မရိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့နေ့စဉ်ဘဝမှာ သူငယ်ရွယ်စဉ်ကလုပ်ဆောင်ခဲ့တဲ့အရာတွေ သူ့ရွေးချယ်မှုတွေဟာ လက်ရှိသူနဲ့သူအနုပညာတွေဖြစ်လာစေတဲ့အကြောင်းကို တွေးတောနေတာတွေကိုရိုက်ကူးပြသထားတာပါ။ 113မိနစ်လောက်အချိန်ပေးကြည့်ရှုလိုက်ရင် နောင်တရမယ့်ကားမဟုတ်ပါဘူး။ အကြမ်းအရမ်းဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းမြောတဲ့ကားဖြစ်မယ်ဆိုပေမယ့် ဒရမ်မာကားကောင်းတွေကြည့်ချင်တဲ့သူ‌တွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 GB , 386 MB ) Quality : WEB-DL 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.4 2019 114 mins
Pain and Glory
Angela
5.8

ကြည်နူးစရာကောင်းတဲ့ ကလေးအဖေနဲ့ ကလေးအမေကြားက ဖြစ်ရပ်မှန် အိမ်ထောင်ရေး ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အိန်ဂျလာဆိုတဲ့ အမျိုးသမီးဟာ ကလေးသုံးယောက်ရဲ့ မိခင်ဖြစ်ပြီး ယောက်ျားနဲ့ကွဲနေသူပါ သူဟာ ကိုယ်ပိုင်အိမ် မပိုင်ဆိုင်ခြင်းကြောင့် ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ဆုံးရှုံးထားရသူလည်းဖြစ်ပါတယ်။ အိန်ဂျလာဟာ ပါတီပွဲတစ်ခုမှာ ရအူးဆိုတဲ့လူတစ်ယောက်နဲ့ တွေ့ခါ ချစ်ကြိုက်မိသွားပါတော့တယ် တကယ်တော့ ရအူးဟာလည်း အိမ်ထောင်ရှင်တစ်ယောက်ဖြစ်ပြီး ကလေးအဖေတစ်ယောက်ပါ ကလေးတွေကို ထိန်းသိမ်းခွင့်မရလိုက်တဲ့ အိန်ဂျလာတစ်ယောက် မြို့မှာနေရတာ မွန်းကြပ်လာပြီး ရအူးနဲ့အတူ ကမ်းခြေမှာ အိမ်လေးတစ်လုံးဝယ်ကာ အေးအေးဆေးဆေးနေထိုင်ပါတော့တယ် အိန်ဂျလာနဲ့ ရအူးတို့ ကြားကအချစ်ဟာ အချစ်စစ်ဖြစ်လား ဘယ်အခက်အခဲတွေများ ကြုံလာရမှာလဲ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို သေချာရိုက်ကူးတင်ဆက်ထားတာမလို့ စောင့်ကြည့်လိုက်ကြပါဦးဗျာ….. File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Crime, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

5.8 2023 104 mins
Angela
Manbaby
5.7

လောကမှာ ရတာမလို လိုတာမရ ဆိုတဲ့ ဖြစ်ရပ်တွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာကိုရဖို့ လောကသဘာဝ နိယာမတွေနဲ့ ဆန့်ကျင်ပြီး လုပ်ယူမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိစမြဲပဲလေ….. ဒီဇာတ်ကားလေးကတော့ မိသားစုဟာသ ကားလေးတစ်ကားဖြစ်ပြီးတော့ လူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ယောကျ်ားဖြစ်သူနဲ့ မျိုးရိုးစဉ်ဆက် ဟော်မုန်းဆိုင်ရာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ မိန်းမနဲ့ လင်မယားချင်း ကလေးယူမယ်/မယူဘူး သဘောထားကွဲလွဲတာကနေ စတဲ့ဇာတ်အိမ်ကလေးပေါ့။ ကလေးရူး ရူးနေတဲ့ယောက်ျားဖြစ်သူနဲ့ No Child Marriage ဖြစ်ချင်နေတဲ့ မိန်းမဖြစ်သူ သိပ္ပံပညာရှင် ဒေါက်တာတို့ သဘောထားကွဲပြီးတော့ ယောကျ်ားဖြစ်သူက သူ့မိန်းမစိတ်ကိုပြောင်းလဲနိုင်ဖို့အတွက် ကလေးတစ်ယောက်လို ဟန်ဆောင်ပြီး ကြိုးစားတဲ့ Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.8 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

5.7 2022
Manbaby
I’ll Show You Mine
6.7

I’ll Show You Mine (2022) =================== IMDb Rating – 6.7/10 လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီတော့ရှိစမြဲပါပဲ။ မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင် ထုတ်မပြောဖြစ်တဲ့ လျှို့ဝှက်ချက်တွေထဲကမှ အနက်နဲဆုံးအလျှို့ဝှက်ဆုံးအရာတွေပေါ့။ ဒီဇာတ်ကားထဲမှာတော့ အဲလိုလျှို့ဝှက်ချက် မျိုးတွေထဲကမှ လိင်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကို တူဝရီးနှစ်ယောက်တိုင်ပင်ပြောဆို ကြတဲ့ပုံစံနဲ့ ကြည့်ရှုရမှာပါ။ ပါဝင်တဲ့အသုံးအနှုန်းနဲ့ ပြကွက်တချို့ကြောင့် ကလေးသူငယ် တွေ၊ မိသားစုတွေနဲ့ အတူကြည့်လို့ရမဲ့ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ် ပါတယ်။ ဇာတ်ညွှန်းကတော့ဒီလိုပါ။ နစ်ခ်က Pansexual မော်ဒယ်ဟောင်းတစ်ယောက်။ လက်ရှိ မှာတော့ အပြာကာတွန်းရေးဆရာအဖြစ် အသက်မွေးတယ်။ သူ့ရဲ့အဒေါ်ပရီယာ(ဦးလေး အရင်းရဲ့မိန်းမ)က စာရေးဆရာမ။ တစ်နေ့ကျ သူ့စာမူကြမ်းအတွက် အိမ်ကိုဖိတ်ပြီး နစ်ခ်ရဲ့ Pansexuality နဲ့ အလုပ်အကိုင်အကြောင်း၊ ဘဝအကြောင်းတွေ အင်တာဗျူးတယ်။ တစ်ကားလုံး လူနှစ်ယောက်တည်းစကားပြောသွားတာဆိုပေမဲ့ လူတွေရဲ့တကယ့်အမှောင် ဘက်ခြမ်း၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာလို့သတ်မှတ်ပြီး တော် ရုံတန်နဲ့ ပါးစပ်ကနေတောင် ထုတ်ပြောလေ့မရှိကြတဲ့ လျှို့ဝှက်ချက်တွေ၊ ကလေးဘဝတုန်းက ရင်းနှီးသူတွေဆီကနေ ကိုယ်တိုင်တောင်မသိဘဲ Abuseလုပ်ခံရတာတွေကို ပါးပါးနပ်နပ်ချပြ သွားတာမျိုးပါ။ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.6 GB) / (602 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….Zin Phyo Aung

Western • Action
6.7 2022
I’ll Show You Mine
Noah
5.8

Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက် သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက် ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

5.8 2014
Noah
A Royal Recipe for Love
6

A royal recipe for love (2023) A Christmas Masquerade ကားထဲက ခေါင်းဆောင်မင်းသားဖြစ်တဲ့ David Lafotaine ဦးဆောင်ပါဝင်ထားတဲ့ Rom-Com ကားလေးတစ်ကားကို ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးပါရစေ CM ပရိသတ်ကြီးတို့ ဇာတ်လမ်းပေါင်းစုံ အမျိုးအစားပေါင်းစုံကို ကြိုက်နှစ်သက်သလို ခုလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ မိသားစုစုံညီ ပိတ်ရက်လေးမှာ ကြည့်လို့ရမယ့်ဇာတ်ကားလေးတွေလည်း တခါတလေကြည့်ချင်မှာပါပဲ ငယ်ဘဝမှာ တီဗီကလာတဲ့ဇာတ်လမ်းမျိုးကြည့်ရတဲ့ အရသာပေါ့…. ခုဇာတ်လမ်းလေးကတော့ တော်ဝင်မင်းသားလေး အိုလီဗာက အချက်အပြုတ်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ မုန့်ဖုတ်ဆရာမလေး အမ်မာနဲ့ စူပါးမားကတ်တစ်ခုမှာ ဆုံခဲ့ပါတယ် ဟင်းချက်တာကိုပဲ ဝါသနာပါပြီး ဟိတ်ဟန်နဲ့မနေချင်တဲ့ အိုလီဗာနဲ့ မုန့်ဖုတ်လက်ရာကောင်းပြီး မအောင်မြင်သေးပေမဲ့ စိတ်ထားကောင်းတဲ့ အမ်မာလေးတို့ဟာ မင်းသားအိုလီဗာရဲ့ မိဘတွေနှစ်ပတ်လည်မှာ အစားအသောက်တာဝန်ယူချက်ပြုတ်ဖို့ အိုလီဗာရဲ့ညီမ မင်းသမီး အဲလက်ဇန်ဒရာကဖိတ်ခေါ်လိုက်တဲ့အခါမှာ Rom com တို့ရဲ့ဇာတ်လမ်းသွားလေးအတိုင်းပဲ ဟာသလေးတွေ ကြည်နူးစရာလေးတွေ ပေါ့ပေါ့ပါးပါးဒိုင်ယာလော့ခ်လေးတွေနဲ့ မေတ္တာတရားကို ပုံဖော်သွားမှာဖြစ်လို့ မိသားစုနဲ့အတူ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 656MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6 2023
A Royal Recipe for Love
The Perfect Escape
5.5

နှစ်ကူးအကြို ပိတ်ရက်လေးမှာ ဆွစ်ဇာလန်နှင်းတောင်ပေါ်က အပန်းဖြေအိမ်လေးမှာ လာရောက်စုဝေးကြတဲ့ အကျင့်စရိုက်မတူ အနေအထားမတူညီကြတဲ့ လူပေါင်းစုံရဲ့ အဖြစ်အပျက် ပြဿနာလေးတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ပထမစုံတွဲကတော့ ကလေးလည်းရှိပြီး အိမ်ထောင်သက်တမ်းကြာပြီး တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေကြတဲ့ လင်မယားတွေ ခပ်တည်တည်နဲ့ အွန်လိုင်းဒိတ်တင်းမှာ တခြားလူထင်ပြီး လာချိန်းတွေ့ရာကနေ နှစ်ယောက်သား ပြန်ပြီး တွေ့ကြရော။ ဒုတိယစုံတွဲကတော့ သဘာဝပတ်ဝန်းကျင်ကို ဇွတ်ရောအတင်းရော ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ကောင်မလေးနဲ့ သီချင်းတွေ ဖန်တီးရတာကို နှစ်ခြိုက်တဲ့ ကောင်လေးတို့အတွဲ။ တတိယစုံတွဲကတော့ ကလေးအင်မတန်လိုချင်နေတဲ့ ကျောင်းဆရာမလေးရယ် အင်တာနက်မရှိ ဖုန်းမရှိရင် ဘယ်လိုမှမနေနိုင်ပဲ ဘဝကို လူမှုကွန်ရက်မှာ နှစ်မြုပ်ထားတဲ့ အင်ဖလူယန်ဆာမလေးတို့ရဲ့ လက်စ်ဘီယန်အတွဲ။ နောက်ဆုံးအတွဲကတော့ ဒီအပန်းဖြေစခန်းလေးရဲ့ ပိုင်ရှင်လင်မယားဖြစ်ပြီး အူကြောင်ကြောင်နဲ့ ဟိန္ဒူဘုရားတွေကိုးကွယ်ကြတာပါ။ ဒီလိုနဲ့ စုံတွဲတိုင်း ပြဿနာ ပဋိပက္ခပေါင်းစုံနဲ့ နေကြတဲ့အခါ နှင်းမုန်တိုင်းကျပြီး အကုန်လုံး အိမ်ပြန်မရပဲ ပိတ်မိသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါ။ File size…(1.5 GB)/(760 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

Drama • Romance
5.5 2023
The Perfect Escape
The Haunted Hotel
5.5

cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကား ကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့ “Panggonan Wingit” လို့လည်း ခေါ်ပါတယ်။ ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်က ဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေ ရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာ အခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူက ပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီး ငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါ အခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက် ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ ဘာတွေပတ်သတ်မှု ရှိနေတာလဲ….။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2023 110 mins
The Haunted Hotel
The Vanished Murderer
Life After Beth
5.7

Life After Beth (2014) ဒီဇာတ်ကားက Studio A24 ကထုတ်တဲ့ ကြည့်ဖူးသမျှရုပ်ရှင်တွေထဲမှာ အစားဆုံးဇာတ်လမ်းလို့ပြောလို့ပြောလို့ရပါတယ်။ ဒီကားရဲ့ Genre က Horror , Romance , Drama ပါ။ ရှင်းရှင်းပြောရရင်တော့ Zombie ဇာတ်ကားပေါ့။ ဒါပေမဲ့ ကြည့်ဖူးသမျှ Zombie ဇာတ်ကားတွေထဲမှာ အဆန်းဆုံးနဲ့ ကြောင်တောင်တောင်အနိုင်ဆုံးပါ။ ကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ ဇာတ်လမ်းက ရယ်ရခက်ငိုရခက်ပါတယ်။ ဇာတ်လမ်းက ဇာ့ခ်ဆိုတဲ့ ကောင်လေးရဲ့ ရည်းစား ဘက်တ် ဟာ မြွေပေါက်ပြီးတော့ ဆုံးသွားရာကနေ ရက်လည်အပြီးမှာ ပြန်ရှင်လာပြီးတော့ အိမ်ကိုပြန်ရောက်နေပါတော့တယ်။ ဘယ်လိုရောက်နေတာလဲ ရိုးရိုးသားသားပဲလား အနောက်ကွယ်မှာ ဘာတွေရှိနေတာလဲကို ဟာသ ပုံစံနဲ့ အချစ်ဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားပါ။ Studio A24 ကရိုက်တဲ့ ထူးထူးဆန်းဆန်းကားတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Adventure • Drama • Family
5.7 2014 90 mins
Life After Beth
We Girls
6.2

ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ… ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်… ဟုတ်ပါတယ်… ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်… ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား… ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ… အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ… ဘယ်သူကမြင်မှာလဲ… ဒီလိုမလုပ်သင့်ဘူး… ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်… တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့… ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို… မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့… ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ… ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့… ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်… သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့… ဆွံ့အနားမကြားလေးပေါ့… ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့… ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့… ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား… သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ အရာရှိကောင်းပေါ့… တစ်ချိန်တည်းမှာပဲ ထောင်ထဲ သူတို့ကိုအနိုင်ကျင့်နေတဲ့ ဆေးမှုနဲ့ ထောင်ကျတဲ့ သက်ကြီးသမား ဟူဖျင်ကလည်း ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ အခန်းက ပါထားပြန်တယ်…

Horror • Thriller
6.2 2025
We Girls