YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Caviar.2023.1080p.(CM).mp4

2.58 GB N/A video/mp4 17 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Young Detective Dee: Rise of the Sea Dragon
6.3

Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(2.9 GB)/(1.7 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.3 2013 133 mins
Young Detective Dee: Rise of the Sea Dragon
ZOKKI
7.5

ဂျပန်ရဲ့ အရည်အချင်းရှိတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ဒါရိုက်တာ ၃ယောက် ပူးပေါင်းပြီးတော့ ရိုက်ကူးထားပြီး imdb 6.5/10ရရှိထားတဲ့ ဟာသ ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။main leadတွေအများကြီးနဲ့ ဝေဝေဆာဆာရိုက်ကူးထားတာပါ။ Manga artistဖြစ်တဲ့ Hiroyuki Ohashiရဲ့ မန်ဂစီးရီးထဲက ဇာတ်လမ်းတိုတွေကိုစုစည်းပြီး ရိုက်ကူးထားတဲ့ Comedyရုပ်ရှင်ကားဖြစ်ပါတယ်။ ဟာသတွေ ဇာတ်ဝင်ခန်းတွေက ဂျပန်စတိုင်ဆန်လွန်းတယ်လို့ ပြောကြတာမို့ ဂျပန်cultureကို နှစ်သက်ရင်းနှီးပြီးသားသူတွေကတော​့ ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။ ပထမဆုံးဇာတ်လမ်းမှာတော့ စက်ဘီးတစ်စီးနဲ့ ခြေဦးတည်ရာသွားနေတဲ့ ဖူဂျီမူရာရဲ့အကြောင်းပါ။ သူ့မှာစက်ဘီးရယ် လွယ်အိတ်တစ်အိတ်ရယ် Porn magazineတစ်စောင်ရယ်ပဲပါပါတယ်။ စက်ဘီးစီးထွက်လာရင်းနဲ့ ငါးဖမ်းသမားအဖိုးကြီးနဲ့ဆုံပြီး အဖိုးကြီးရဲ့မွေးနေ့မှာ ဝင်စားသောက်ဖြစ်တဲ့အကြောင်းပါ။ နောက်တစ်ယောက်ကတော့ ပေါင်းစရာညိုကီမရှိတဲ့ ကြောင်တောင်တောင် ကျောင်းသား "မခိတ"ပါ။ အထက်တန်းကျောင်းမှာတော့ "ဘန်"ဆိုတဲ့ သူနဲ့ဘဝတူသူငယ်ချင်းတစ်ယောက်ရလာခဲ့ပေမဲ့ "ဘန်"က မခိတရဲ့အစ်မကို စွဲစွဲလမ်းလမ်းကြိုက်နေတဲ့သူပါ။ အစ်မကိုတွေ့ချင်စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး မခိတအစ်မရဲ့အတွင်းခံဘောင်းဘီကို ယန်း၅သောင်းပေးပြီး ဝယ်တဲ့လူပါ။ နောက်ဇာတ်လမ်းကတော့ သားအဖနှစ်ယောက်အကြောင်းပါ။ အဖေဖြစ်သူက လက်ဝှေ့ဝါသနာပါပေမဲ့ ပိုက်ဆံမရှိတော့ လက်ဝှေ့လေ့ကျင့်စရာ သဲအိတ်လည်းမရှိပါဘူး။အဲဒါကြောင့်သားအဖနှစ်ယောက်သားက ကျောင်းထဲကို ညဘက်ကြီး ခိုးဝင်ပြီး သဲအိတ်သွားခိုးကြပါတယ်။ ခိုးနေတုန်းမှာပဲ ကျောင်းထဲက အရုပ်သရဲနဲ့ တည့်တည့်တိုးပါလေရော။ ဇာတ်လမ်း၃ပုဒ်လုံးမှာ ကွဲပြားတဲ့ရှုထောင့်နဲ့ ဟာသတွေ ထေ့လုံးတွေနဲ့ ဂျပန်ဟာရုပ်ရှင်တစ်ကားရဲ့အရသာကို သေချာခံစားရမဲ့ ထူးခြားတဲ့ဇာတ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:52:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Drama
7.5 2021 113 mins
ZOKKI
Splinter

ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် ‌လက်ဆောင် တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့ အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊ လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင် ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းပါတဲ့လေ။ ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်း ဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ် ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခု ပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွား ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(823 MB) / (269 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Action • Crime • Drama
0 2022 75 mins
Splinter
Army of the Dead
6.3

ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ ဇာတ်လမ်းက ဒီလိုပါ ..... လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။ အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။ အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ တွေးလို့မရပါဘူး။ တရားဝင်ငွေ မဟုတ်လို့ပါ။ ဒီလိုနဲ့ ငွေလိုနေတဲ့ စစ်သားဟောင်းကြီးတွေနဲ့ လူတစ်စုဟာ ဗီးဂက်စ်မြို့ထဲကို ဝင်သွားတဲ့အခါ.. ဒန် .... တန့် ..... တန် ..... ပွဲဦးထွက်မှာတင် IMDb - 7.5/10 ဆိုတော့ ဘာမေးနေစရာ လိုဦးမလဲဗျာ။ Review and Translated by : Mr.Anderson Encoded by : August File size…3.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action & Adventure • Crime • Drama
6.3 2021 148 mins
Army of the Dead
Alkhallat+
6.9

Alkhallat+ (2023) ဆော်ဒီနိုင်ငံ နဲ့ Nextflix ပူးပေါင်းမှုရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ Alkhallat+ ပါ။ Alkhallat ဆိုတဲ့ series က ဆော်ဒီရဲ့ Youtube မှာနာမည်ရပြီးသားစီးရီးတစ်ခုဖြစ်ပါတယ်။ ၁.၅ဘီလီယံဗျူးတောင် ရထားတယ်ဆိုပါတယ်။။ ဒီ Alkhallat+ ကိုတော့ဇာတ်ကားအဖြစ်ပဲရိုက်ကူးထားပြီး ဟာသဇာတ်လမ်းငယ်လေးတွေ လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ IMDb လဲ ၇ ဆိုတော့ပွဲဦးထွက်လှတယ်ပြောရပါမယ် အာရပ်နိုင်ငံတွေဟာ များသောအားဖြင့်သီးသန့်နေကြတဲ့နိုင်ငံတွေပါ။ အမူအကျင့်ဓလေ့စရိုက်တွေကလဲ တခြားအာရှနိုင်ငံတွေနဲ့ တော်တော်ကိုထူးခြားကွဲဲပြားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေကလဲနည်းပါးတော့ အပြင်ကလူတွေအနေနဲ့ အာရပ်ကမ္ဘာကိုသိရဖို့ခက်ခဲပါတယ်။ ဒီဇာတ်လမ်းမှာတော့ အာရပ်ကမ္ဘာရဲ့ပင်မဖြစ်တဲ့ ဆော်ဒီကိုကြည့်ခွင့်ရမှာပါ။ ဆော်ဒီနိုင်ငံသားတွေရဲ့ အကျင့်ပျက်မှုတွေ ကြောင်သူတော်ဆန်မှုတွေကိုလဲ ပါးပါးလေးပုတ်ပြီးပြထားပေမယ့် ဟာသကိုပဲအဓိကဦးတည်တယ်လို့ ဒါရိုက်တာကပြောထားပါတယ်။ ဇာတ်လမ်းလေးပုဒ်လုံးမှာတော့ လူတွေဟာဆင်းရဲချမ်းသာမရွေး ကျဥ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားရင် အဲဒီအခြေအနေကလွတ်ဖို့ ရရာနည်းလမ်း ရရာလူကိုအသုံးချတတ်တာကို အတည်ပေါက်ကြီးနဲ့အူတတ်စေမယ့် ဆော်ဒီသားတွေက သရုပ်ဆောင်ဖော်ပြထားတာမို့ တမူထူးပြီးကြည့်သင့်တဲ့ dark comedy တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.78GB | 886MB | 186MB Format… mp4 Duration…. 1b 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

6.9 2023
Alkhallat+
Strange Wilderness
5.2

Strange Wilderness (2008) ==================== ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်း – ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ထွက်ကြရပါတော့ တယ်။ သူတို့ တင်ဆက်မဲ့ အစီအစဉ်က လူဝံကိုရှာဖွေခြင်း တဲ့။ ကဲ ရှုစား လိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.07 GB) / (766 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy Translator……May Thet Khine Soe Encoder……….Zin Phyo Aung

5.2 2008 87 mins
Strange Wilderness
The Thundermans Return
5.5

Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့ Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊ အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက် လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီး ဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုး အဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်း Thundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆ ထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ် ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကို Thundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့ အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင် အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 675MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 10m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

5.5 2024
The Thundermans Return
Snow Valley

Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။ နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦး ထပ်ရောက်လာခဲ့တဲ့ အခါ အိမ်ရဲ့ သဘာဝလွန် စွမ်းအားတွေ နိုးထလာခဲ့ပါတယ်။ Heath ရဲ့ အပန်းဖြေ အိမ်ကြီးမှာလည်း ရာဇဝင် ရှိနေခဲ့ပါတယ်။ Mystery/Horror ကြိုက်သူတွေ သဘောကျမယ့် ရုပ်ရှင်တစ်ကားပါ။ File size…(1 GB)/(541 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Snow Valley
In Good Company

မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို လျှော့ပေါ့လိုက်တာပါ။ သူ့ကိုလည်း ရာထူးလျှော့လိုက်ပြီး ဌာနဦးစီးမှူးနေရာကို Globecom က ငယ်ငယ်ရွယ်ရွယ်နဲ့ တက်ကြွတဲ့ Carter ဆိုတဲ့ ကောင်လေးကို ပေးလိုက်ပါတယ်။ Carter က ကြော်ငြာအရောင်းပိုင်းမှာ အတွေ့အကြုံမရှိသေးတဲ့ အပြင် သူ့ရာထူးကိုပါ လုသွားတော့ Dan တစ်ယောက်အခဲမကြေဖြစ်နေရပါတယ်။ ဒီလိုနဲ့ တစ်ရက် Dan တို့အိမ်ကို Carterက ညစာ ဝင်စားရင်းနဲ့ Dan ရဲ့ သမီးအကြီးမလေး Alex နဲ့ ခင်သွားပါတယ်။ ဆက်တွေ့ဖြစ်ကြရင်း ချစ်ကြိုးသွယ်တဲ့ အဆင့်ရောက်သွားတဲ့အခါ သမီးတွေကို ဘယ်သူနဲ့ အရောမဝင်စေချင်တဲ့ Dan တစ်ယောက် သူ့ဘော့စ်ဖြစ်တဲ့ Carter နဲ့ရော သဘောတူပါ့မလား။ ဘာဆက်ဖြစ်မှာလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2004
In Good Company
Winnie-the-Pooh: Blood and Honey
4.3

Winnie-the-Pooh: Blood and Honey (2023) ============================== ဝင်နီ သပုချ်ကာတွန်းရုပ်လေးတွေကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာအမျိုးအစားဖြစ်ပြီး ဝင်နီသပုချ်ဟာ အရိုင်း စိတ်ဝင်နေတဲ့ စိတ္တဇလူသတ်ဝက်ဝံဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးတော့ နောက်တစ်ကားအဆက်လည်း ရိုက်နေပြီဖြစ်ကြောင်းတောင် ပြော ကြားထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ——————— ခရစ္စတိုဖာရော်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တောထဲမှာ မျိုးစိတ်မတူဘဲ စပ်ပြီးမွေးဖွားလာတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါလေး ကောင်နဲ့ မိတ်ဖွဲ့မိခဲ့ပါတယ်။ သူတို့ကိုစားစရာတွေယူပေး၊ အတူကစား ရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီးမှ အရွယ်ရောက်လာတဲ့ ခရစ္စတိုဖာ ဟာ ဆေးကျောင်းတက်ဖို့ သူတို့ကိုထားခဲ့ပြီး မြို့တက်သွားရပါတော့ တယ်။ ခရစ်မရှိတော့တဲ့အချိန်မှာ အရမ်းကြမ်းတမ်းတဲ့ဆောင်းရာသီ ကြောင့် ပုချ်တို့တွေ အရမ်းငတ်မွတ်လာပြီး အစာငတ်သေရမလိုဖြစ် လာတဲ့အချိန်မှာ သူတို့လေးကောင်ထဲက တစ်ကောင်ကိုအချင်းချင်း ပြန်စားပြီး အသက်ဆက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့စိတ်တွေ ကြမ်းတမ်းရက်စက်လာပြီး သူတို့ကို ထားခဲ့တဲ့ ခရစ္စတိုဖာကိုရော လူသားတွေကိုရော မုန်းတီးလာတဲ့အခါ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(1.3 GB) / (523 MB) / (300 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 24Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Mr.Anderson Encoder……….Zin Phyo Aung

4.3 2023 84 mins
Winnie-the-Pooh: Blood and Honey
Golam
7.7

Golam ( ဂိုလမ် ) 7.7/10 · IMDb အလုပ်ရှင်သူဌေးကို လုပ်ကြံကြမယ့် ဝန်ထမ်းတွေအကြောင်းဇာတ်ကားဖြစ်ပြီး သည်းထိတ်ရင်ဖိုမှုခင်းစုံထောက်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း- ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့် အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ… Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင် လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့် လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)

7.7 2024
Golam
Maid in Manhattan

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon

0 2002
Maid in Manhattan
Anatomy

၂၀၀၀ ခုနစ်က ဂျာမန် horror ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ပေါ်လာရဲ့ အဘိုးဟာ တချိန်က အထင်ကရ ဆရာဝန်ကြီးဖြစ်ခဲ့ပြီး မြေးမလေး ပေါ်လာဟာလည်း ဆေးကျောင်းသူတစ်ယောက်ပါ စာမေးပွဲတစ်ခုမှာ တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး ရခဲ့တာကြောင့် နွေရာသီပိတ်ရက်မှာ Heidelberg တက္ကသိုလ်က ခန္ဓာဗေဒ အထူးသင်တန်းကို သွားတက်ခွင့်ရတယ် အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ အဲဒီတက္ကသိုလ်အသိုင်းအဝိုင်းမှာ လျှို့ဝှက်တဲ့ ဘယ်လိုအမှောင်ခြမ်းရှိနေမလဲ Heidelberg ကိုအလာ ရထားပေါ်မှာ သူကိုယ်တိုင်အသက်ကယ်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်က ဆေးကျောင်းသားတွေ လေ့လာကြမယ့် အလောင်းကုတင်ပေါ် ရောက်နေတဲ့အခါမှာတော့ ။ ။ File size…(2.2 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

Comedy • Horror • Thriller
0 2000
Anatomy
Melukis Harapan Di Langit India
8

Melukis Harapan Di Langit India 2024 (အဖေဖြစ်သူကို ရှာဖို့ အိန္ဒိယကို သွားရာဝယ်) မွေးလာကတည်းက မိခင်ဖြစ်သူရဲ့ အပြောကြောင့် သူ့ကိုယ်သူ အမီတာဘချမ်းရဲ့ သမီးလို့ ထင်နေတဲ့ ကောင်မလေး ဒေဗီ၊ ဒေဗီ့မှာ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် အမီရ်နဲ့ အူလီ သူတို့ကတော့ ညီအစ်ကိုတွေပါ။ အမီရ်ကတော့ ဘရုစ်လီရူးရူးနေပြီး အူလီကတော့ သီချင်းရေးဖို့ ကြိုးစားနေသူတစ်ယောက်ပေါ့။ ဒေဗီတစ်ယောက် အမေဖြစ်သူရဲ့ ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ စကားတွေအရ သူ့ဖခင်လို့ထင်နေသူ အမီတာဘချမ်းကို တွေ့ချင်လို့ အိန္ဒိယကို သွားပြီး ဖခင်ဖြစ်သူကို သွားရှာချင်နေသူတစ်ယောက်ပါ။ သူ့အိပ်မက်ကို အမီရ်တစ်ယောက်ကလည်း ကူညီအားဖြည့်ကာ ဒေဗီနဲ့အတူ အိန္ဒိယကိုလိုက်ပြီး ဖခင်ဖြစ်သူကို ကူရှာပေးမယ်ဆိုပြီး ငယ်စဉ်ကတည်းက ပြောထားသူပေါ့။ ဒီလိုနဲ့ ဒေဗီတို့ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ ဖခင်ရှာပုံတော်ကြီးဖွင့်ဖို့ အိန္ဒိယကို သွားရောက်တဲ့အချိန်မှာတော့ …… ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)

8 2024 97 mins
Melukis Harapan Di Langit India
Immortal Demon Slayer Wu Kong
6

Immortal Demon Slayer (Aka) Wu Kong (2017) ကဲနာမည်လေးမြင်လိုက်တာနဲ့သိမှာပါ။ ကျွန်တော်တို့ငယ်ဘဝကတည်းကအသည်းစွဲအားပေးလာတဲ့မျောက်မင်းဝူခုန်းကားလေးဖြစ်ပါတယ်။ မင်းသား Eddie Peng ရဲ့ ဝူခုန်းဇာတ်ကားပေါ့ဗျာ။ Action/Fantacyကားအမျိုးအစားဖြစ်ပြီး ဝူခုန်းကိုအသွင်တမျိုးနဲ့မြင်ရမှာပါ။ ဒီကားကိုအင်တာနက်မှာနာမည်ကြီးတဲ့ဝူခုန်းရဲ့ဝတ္ထုတပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ ရုံဝင်ငွေအနေနဲ့လည်းဒေါ်လာ၁၀၄သန်းအထိရရှိခဲ့တဲ့ကားလေးပါ။ ဇာတ်လမ်းကတော့… ဟိုးရှေးအချိန်က နတ်ဘုရားတိုင်းပြည်ပြိုကွဲလုနီးနီး ကောင်းကင်ကြီးနှစ်ခြမ်းကွဲလုနီးနီးဖြစ်ခဲ့တုန်းက ကယ်‌တင်ရှင် နတ်ဘုရားမ နုဝါက ကောင်းကင်ကြီးကို ပြန်လည်ဖာထေးဖို့ မှော်ဝင်ကျောက်တုံးတွေကို အသုံးပြုခဲ့တယ်။ ဒီမှော်ဝင်ကျောက်တုံးတွေကနေ မကောင်းဆိုးဝါးတစ်ကောင်ပေါက်ဖွားလာပြီး သူ့ကို ကောင်းကင်နတ်မင်းတွေ နှိမ်နင်းလိုက်နိုင်တာတောင် သူ့ရဲ့အမြုတေက ကမ္ဘာမြေဆီရောက်ပြီး နတ်ဘုရားမဟုတ် နတ်ဆိုးမဟုတ် အားလုံးသိကြတဲ့ စွန်းဝူခွန်းကို မွေးဖွားခဲ့တယ်။ ကျောက်ရဲ့အမြု‌တေကို ရှာဖွေနှိမ်နင်းဖို့ ကောင်းကင်ဘုံနတ်ဘုရား‌တွေကြိုးစားရင်း တကယ်ရှာဖွေတွေ့ခဲ့ရတာတွေက အပေါ်ယံထက်ခက်ခဲနက်နဲလှတဲ့ ပုထုဇဉ်ခံစားချက်တွေပါ။ ယုံကြည်ချက်၊ အချစ်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖန်တီးမယ့်လမ်းမှာ တားဆီးနေတဲ့ ရက်စက်တဲ့ကံကြမ္မာ‌တွေ။ လွယ်လွယ်အညံ့မခံတတ်တဲ့ စွန်းဝူခုန်း၊ ကောင်းကင်ဘုံရဲ့ အားကိုးရတဲ့ စစ်သည်တွေစစ်သည်တွေဖြစ်တဲ့ အားလင်နဲ့ တျန်းပေ၊ ချစ်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးလေး အားဇီ၊ နတ်ပြည်ကနေ ပြစ္ဒဏ်အပေးခံရပြီး စုတေသွားတဲ့ အားယု၊ သူတို့တွေ ဒီရက်စက်တဲ့ကံကြမ္မာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ကံကြမ္မာဟာရော အမြဲတမ်းမှန်နေရဲ့လား။ ဒီ Wu Kong ဇာတ်ကားမှာတော့ သာမာန်တွေ့နေကျ အနောက်ရက်သို့ခရီးသွားခန်းဇာတ်လမ်း‌တွေလိုမဟုတ်ဘဲ နတ်ဘုရားနီးနီး အစွမ်းထက်ကြသူတွေကို သာမာန်ဘဝ၊ လူသားတစ်ယောက်ရဲ့ခံစားချက်များနဲ့ တွေ့မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို KZL မှ တင်ဆက်ထားပါတယ်။)

6 2017 130 mins
Immortal Demon Slayer Wu Kong