YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Carmen.2022.BluRay.1080p5.1CH(CM).mp4

1.44 GB N/A video/mp4 76 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Star Dancer

Star Dancer (2023) အိုဒတ်ဆာဟာ မနီလာမှာရှိတဲ့ ဘဲလေးကျောင်းတစ်ကျောင်းမှာ ပညာသင်ဆုရခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ ခြေထောက်မှာဒဏ်ရာရခဲ့ပြီး အနားယူရာကနေ ဘယ်တော့မှ ဘဲလေးပြန်မကနိုင်တော့ဘူးဆိုတာသိရပြီး ကျောင်းထွက်ခဲ့ရပါတယ်။ အဆောင်အတူနေ သူငယ်ချင်းကောင်မလေးတွေက သူတို့အလုပ်လုပ်တဲ့ကလပ်မှာ Dancer အဖြစ်လျှောက်ဖို့ပြောလို့ လိုက်သွားခဲ့မိရာကနေ ကလပ်ပိုင်ရှင်ရဲ့သား ပရင်စ့်ဆိုသူက မျက်စိကျပြီး မြှောက်စားတဲ့နောက် သူဟာ Lakeside ဆိုတဲ့ကလပ်မှာ Star Dancer တစ်ယောက်ဖြစ်လာပါတော့တယ်။ မပြေလည်တဲ့ မိသားစုကိုထောက်ပံ့နေရတဲ့ သူ့အတွက် ကလပ်ကရတဲ့ ညကြေးတွေနဲ့တင် မလုံလောက်တဲ့အခါ အခန်းဝင်ဖို့ တစ်ဆင့်တက်ဖို့ ကမ်းလှမ်းတာတွေကြုံရတဲ့ကြားက ပရင်စ့်ရဲ့မျက်နှာကိုထောက်ပြီးသူထိန်းချုပ်ထားခဲ့ပေမယ့်လည်း တစ်ချိန်တုန်းက ကလပ်ရဲ့ Star Dancer ဟောင်း ဂျီဆဲလ်ဆိုတဲ့ မိန်းမလှလေးပြန်ရောက်လာတဲ့အချိန်မှာတော့ အခြေအနေတွေတစ်မျိုးတစ်ဖုံပြောင်းလဲလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျီဆဲလ်ဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ရုံမက သူ့လက်ရှိချစ်သူ ပရင်စ့်ရဲ့ရည်းစားဟောင်းတစ်ယောက်လည်းဖြစ်နေလို့ပါပဲ။ ရင်းနှီးပြီးသားဖြစ်လောက်မယ့် မင်းသမီးချောလေး Denise Esteban နဲ့ ပြီးခဲ့တဲ့ Stalkers Series မှာ Apple အဖြစ်၊ Pantaxa Laiya မှာ Host အဖြစ် ပါဝင်ခဲ့တဲ့ Rose Van Ginkel တို့ရဲ့အကအလှ အကြီး အကျယ် ပြိုင်ဆိုင်မှုတွေကိုဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 2023
[18+] Star Dancer
Hell's Garden
6.8

ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ ... ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ ... ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size          : 3.7GB, 1.1GB, 542MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 42mins Genre              : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • Romance
6.8 2021 102 mins
Hell's Garden
Ante… Sundaraniki!
8.1

Ante Sundaraniki (2022) IMDb Rating- 8.1/10 ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ “ဆန်ဒါ” ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး… သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်…လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး…. ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ… လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ…. သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝဇာတ်ကြောင်းနဲ့ အချစ်ဇာတ်လမ်းလေးအပြင် မတူညီတဲ့မိသားစုနှစ်ခုကြားက အချုပ်အနှောင်ထူထူပါးပါးတွေကိုပါ ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်

Comedy
8.1 2022
Ante… Sundaraniki!
There’s Something Wrong with the Children
4.9

အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။ horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။ File size…(1.92GB) / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

4.9 2023 92 mins
There’s Something Wrong with the Children
The Perfect Find
6.7

The Perfect Find(2023) ********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊ အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama
6.7 2023 99 mins
The Perfect Find
Delicious
7

ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစား တိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင် ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက် ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်း တည်ရိုက်ကူးထားတာပါ…။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေး မစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ…။ ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့…။ ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ…။ အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး…။ လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်…။ ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်း ဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။ စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေ ဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်း ဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်…၊ ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်…၊ သာမန်လူတန်းစားတွေအနေနဲ့ ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ…။ ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာ ချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာ သတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်… ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့ မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်…။ ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေ လူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့…။ ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့ စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့် ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် မရရှာပါဘူး…။ ဘယ်လောက်ထိဆိုးသလဲဆိုရင် အတတ်စမ်းပြီး အာလူးပိုင်မုန့်လေးပြု လုပ်မိလို့ ရဲတိုက်ကနှင်ထုတ်ခံရပါတယ်။ အဲ့တုန်းက အာလူးလိုမျိုး မြေအောက်ကရတဲ့အစားအစာဟာ ယုတ်ညံ့တယ်…၊ တော်ဝင်မျိုးနွယ်နဲ့မသင့်တော်ဘူးလို့အယူရှိလို့ပါ…၊ သို့ပေမယ့် မာစီယွန်တစ်ယောက် သူ့လုပ်ရပ်ကိုမှားတယ်မထင်ခဲ့ဘဲ သူ့သခင်မြို့စားကြီး အမျက်တော်ပြေပြီး သူ့ကိုပြန်ခေါ်ဖို့သာ ကြိုးစားခဲ့ပါတော့တယ်…။ မာစီယွန်တစ်ယောက်ဘာတွေ ဘယ်လိုကြိုးစားပြီး စားသောက်ဆိုင်ဆိုတာကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာ တစ်ခေတ် တစ်ခါက ပြင်သစ်ပြည်ကို အလည်သွားရင် ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…2.13GB / 859MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Comedy , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7 2021 112 mins
Delicious
Street Flow 2

Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။ လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ….. File size…(1.55 GB)/(875 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2023
Street Flow 2
Selma
7.5

၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။ Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ငြိမ်း​ချမ်း​ရေး​နိုဘယ်ဆုကိုလက်ခံရယူနေတဲ့အခန်းနဲ့စဖွင့်ထားပါတယ်။ မကြာ​ခင်မှာပဲ ဒေါက်တာ​ကင်းက လူမည်း​ခွဲခြားရေးစနစ်အရှိန်မကုန်သေးတဲ့ အလာဘားမားပြည်နယ် ဆယ်လ်မာမြို့ကို သူ့အဖွဲ့ SCLC နဲ့အတူရောက်ရှိလာပြီး လူမည်းမဲပေးခွင့်အတွက် လှုံ့ဆော်​ရင်း လူမည်း​မုန်း​တီးသူ ဆယ်လ်​မာ​မြို့​အာဏာပိုင်​တွေ လူဖြူ​ဒေသခံတွေနဲ့ ထိပ်​တိုက်​ရင်ဆိုင်​ရပါတော့တယ်။ အာဏာ​ပိုင်​တွေက နည်း​အမျိုး​မျိုး​နဲ့ အင်​အားသုံးပြီးဖြိုခွဲဖို့ကြိုးစားတာကို ကင်းနဲ့ဒေသခံလူမည်းတွေက အကြမ်းမဖက်​ဘဲကြံ့ကြံခံရင်း မဲပေးခွင့်​ရရှိဖို့ကြိုးစားပုံကို စိတ်ဝင်စား​ဖွယ်ကြည့်ရှုရမှာပါ။ ဇာတ်လမ်း​အမျိုးအစားက​ Drama/Documentary အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်​ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ အကောင်း​ဆုံး​ရုပ်ရှင်​အော်စကာဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပြီး Best Original Song နဲ့ အော်စကာရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်​ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး Documentary​ ထက်​ Drama​ ကိုအလေးကဲထားပြီး ဒေါက်တာ​မာတင်လူသာကင်းရဲ့ အထ္တုပ္ပတိအပိုင်းအစတစ်ခုအဖြစ်ကို ပိုဇောင်းပေးထားပါတယ်။ ဒေါက်​တာကင်းနဲ့ သူ့ဇနီးတို့အကြား ဆက်​ဆံရေး၊ သူ့ရဲ့​လုပ်​ဖော်​ကိုင်​ဖက်တွေအကြား ပဋိပက္ခ​တွေ ဆက်ဆံ​ရေးအနိမ့်အမြင့်အတက်အကျတွေကိုလည်း​ထည့်သွင်း​ပုံဖော်ထားပါတယ်။ဒီရုပ်ရှင်​မှာ ဒေါက်​တာ​ကင်းနဲ့ ခေတ်​ပြိုင်​ပုဂ္ဂိုလ်​တွေဖြစ်တဲ့ နာမည်​ကျော် အမေရိကန်နီဂရိုးခေါင်းဆောင် Malcom ​X နဲ့ အမေရိကန်​သမ္မတ​ Lyndon Johnson အက်ဖ်​ဘီအိုင်တည်ထောင်သူ J Edgar Hoover အလာဘားမားပြည်နယ်​အုပ်ချုပ်​ရေးမှူး Jim Wallace စတဲ့​သမိုင်း​ဝင်ပုဂ္ဂိုလ်များကိုလည်းတွေ့ရမှာပါ။ နိုင်ငံ​ရေး Drama​ ကားမျိုးနဲ့ အထ္တုပ္ပတိ​ရုပ်ရှင်​မျိုးနှစ်သက်သူတွေ အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး သမိုင်း​ကိုစိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ ဖြစ်​ရပ်​မှန်​ကိုအခြေခံထားပေမဲ့ စကား​ချည်း​ထိုင်ပြောနေတာမဟုတ်လို့ ပျင်း​ရိစရာမကောင်းဘဲ သာမန်​ရုပ်ရှင်​ပရိသတ်​တွေ​လည်း ကြည့်ရှုလို့အဆင်ပြေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Comedy • Romance
7.5 2014 127 mins
Selma
Miracle
7.4

ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 81% ရရှိထားတဲ့ ဖြစ်ရပ်မှန် Sport/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ဆောင်းရာသီအိုလံပစ်အားကစားပွဲက အမေရိကန် ဟော်ကီအသင်းရဲ့ နည်းပြတစ်ယောက်အကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Kurt Russell က နည်းပြဟာ့ဘ်အဖြစ်နဲ့ အခြားဟော်ကီကစားသမားပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ၁၉၆၀ နောက်ပိုင်းကစလို့ အိုလံပစ်အားကစားပွဲတွေမှာ အမေရိကန်က ဆိုဗီယက်ကို နှစ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အပြောင်းအလဲတစ်ခုအဖြစ် နည်းပြဟာ့ဘ်ကို အိုလံပစ်ဝင်ဖို့ အသင်းတစ်သင်း ဖွဲ့စည်းစေခဲ့ပါတယ်။ နောက်ခံအသီးသီးက တက္ကသိုလ်အသင်းတွေ၊ ချန်ပီယံရှစ်အသင်းတွေမှာပဲ ပြိုင်ဖူးတဲ့သူတွေနဲ့ အပျော်တမ်းကစားသမားလေးတွေကို နည်းပြ စိတ်ကြိုက်ရွေးချယ်ပြီး အမေရိကန်ကိုယ်စားပြုအသင်းအဖြစ် ဖွဲ့စည်းရာမှာ လူငယ်လေးတွေဖြစ်တာကြောင့် ကျောင်းတော်က ရန်စတွေနဲ့ အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ ကြိတ်ကြနဲ့ ပြဿနာမျိုးစုံတက်နေခဲ့ပေမဲ့ နည်းပြ ဟာ့ဘ်ကတော့ အရေးမထားခဲ့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ နည်းပြရင်း နောက်ဆုံးမှာ အိုလံပစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ၃လအတွင်း ၄၂ ပွဲ ကစားရာမှာ ၄၂ ပွဲလုံးနိုင်ခဲ့တဲ့ ၁၀၀ % အောင်ပွဲရ ဆိုဗီယက်အသင်းကို နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့တဲ့ သမိုင်းကို နည်းပြဟာ့ဘ်ရဲ့အမေရိကန်အသင်းက နိုင်အောင်ကစားနိုင်မလား။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်းတွေကို နည်းပြဟာ့ဘ်က ဘယ်လို ပညာသားပါပါ ထုတ်ပြသွားမလဲဆိုတာနဲ့ သူ့အသင်းကရော သူခိုင်းတဲ့အတိုင်း တစ်သွေမတိမ်း လိုက်ပါလုပ်ဆောင်ပြီး အောင်မြင်နိုင်ပါ့မလား ဆိုတာကိုတော့ နောက်ဆုံးအထိ အသည်းယားစဖွယ် ရှုစားရမှာပါ။ Old but gold ကားလေးမို့ အားကစားချစ်သူ ပရိသတ်ကြီးက လိုက်ပါစီးမျောကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(3.2 GB)/(1.7GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:15:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

7.4 2004 135 mins
Miracle
Unaad
7

Unaad (2023) “နုနယ်ချိန်” ဒီတစ်ခါမှာ CM ပရိသတ်ကြီးအတွက် ရိုးရှင်းပြီး ကြည့်ပျော်မယ့် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပြီး ဘန်ယာ၊ ဆူဘမ်၊ ဂျမ်မီးလ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းသုံးယောက်နဲ့အတူ ပူပင်ကြောင့်ကြမဲ့ လူငယ်ဘဝကို လိုက်ပါခံစားရမှာပါ လှပတဲ့ ရှုခင်းတွေကြား သူငယ်ချင်းသုံးယောက်သား အလုပ်မရှိ ကစားခုန်စား အချိန်ကုန်ရင်း အရွယ်ရောက်ခြင်းနဲ့အတူ ကပ်ပါလာတဲ့ တာဝန်ဝတ္တရားတို့ကို ငြင်းဆန်တတ်တဲ့ ဆယ်ကျော်သက်လူငယ်ဘဝ … ရင်ခုန်သံတို့ အစပျိုးတဲ့အရွယ်မှာ စတင်ခံစားမိတဲ့ အချစ်နှင့် အချစ်နောက်ကို လိုက်ခြင်း၊ သူငယ်ချင်း အချင်းချင်း အခန့်မသင့်လို့ သဘောထားကွဲလွဲကြပုံတွေနဲ့အတူ … ရင့်ကျက်တည်ငြိမ်ခြင်းဆိုတဲ့ ကာလမတိုင်ခင် ဆယ်ကျော်သက်ပြဿနာတို့ကို ဘယ်သို့ဘယ်ပုံ ကျော်ဖြတ်ကြမှာလဲဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7 2023
Unaad
Ninja II: Shadow of a Tear
6.1

IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။ (ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်….. နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ko Soe Htwe ပဲဖြစ်ပါတယ်။) File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Martial Art, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Htwe

Drama • Comedy
6.1 2013 95 mins
Ninja II: Shadow of a Tear
The Book of Everything Het Boek van Alle Dingen
6.7

The Book of Everything (2024) IMDb Rating (6.7) ကိုးနှစ်အရွယ် ကလေးငယ်လေး Thomas ရဲ့ အမြင်ကနေ ကမ္ဘာကြီးကို ကြည့်ရမှာပါ။ Thomas မှာ ဘာသာရေး အရမ်းကိုင်းရှိုင်းတဲ့ ဖခင် ရှိတယ်။ သူ့ဖခင်ဟာ ဘာသာရေး အကြောင်းပြပြီး သူ့အမေကို နှိမ်တယ်၊ ရိုက်တယ်၊ သူတို့ မောင်နှမ နှစ်ယောက်ပေါ်မှာလည်း ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ်။ သူ့မိခင်ကတော့ Thomas ကို အရမ်းချစ်ပြီး ယောကျ်ားရဲ့ ဒဏ်ကိုလည်း သည်းခံလေ့ ရှိတယ်။ ဒီလိုနဲ့ Thomas လေးဟာ သူ့အဖေကို မုန်းလွန်းလို့ ဘုရားမှာ ဆုပန်ပါတယ်။ ဘုရားသာ တကယ်ရှိရင် အဖေ့ကို ပြစ်ဒဏ်ပေး ပေးပါတဲ့။ သူ ဆုတောင်းနေတုန်း သူ့ နောက်ဖက်က ပန်းချီကားထဲက Jesus က ထွက်လာပြီး သူ့ကို ကောင်းကင်ဘုံပေါ် အလည်ခေါ်သွားခဲ့ပါတယ်။ Jesus က သူ့သူငယ်ချင်း မိတ်ဆွေ ဖြစ်ပြီး သူ အလိုရှိတိုင်း ပေါ်လာပေးပါတယ်။ဒါက ကိုးနှစ်သားလေးတစ်ယောက်ရဲ့ စိတ်ထဲက စိတ်ကူးယဥ် မိတ်ဆွေ တစ်ယောက် ပုံဖော်ထားတာ ဖြစ်ပါတယ်။ မိသားစုအပေါ် အရမ်းတင်းကြပ်ပြီး လက်ပါတတ်တဲ့ ဖခင်ကို Thomas လေး ရင်ဆိုင်ပြီး အမေနဲ့အစ်မကို အဖေ့ဆီက ဘယ်လိုကာကွယ်ပေးလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.5 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

6.7 2024
The Book of Everything Het Boek van Alle Dingen
Hell of a Summer
5.9

Hell of a Summer (2025) IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတို့ပဲ သရုပ်ဆောင်ထားသေးပါတယ်။ ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တို့ဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။ နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက စခန်းထဲမှာ လှည့်လည်နေပြီး ကြီးကြပ်ရေးမှူးတွေကို တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ။ ဒီရုပ်ရှင်က ၁၉၈၀ ခုနှစ်က Friday the 13th လို ဂန္ထဝင်စခန်းအခြေပြု သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ဂုဏ်ပြုထားတဲ့ ဟာသပါတဲ့ ဇာတ်လမ်းမျိုးပါ။ သတ်ဖြတ်ခန်းတွေကို ရုပ်ရှင်ထဲမှာ သိပ်ပြတာမဟုတ်ဘဲ မျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ခပ်သွက်သွက်နဲ့ ဟာသလေးနှောပြီး ရိုက်ပြထားတယ်။ Jason နဲ့ သူ့ရဲ့ စခန်းက သူငယ်ချင်းတွေက ဒီလူသတ်သမားကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်သူက ဒီမျက်နှာဖုံးနောက်က ဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားက အရမ်း ကြောက်စရာမဟုတ်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ စခန်းထဲက ရယ်စရာ အပြန်အလှန်ဆက်ဆံမှုတွေက ကြည့်လို့အတော်ပျော်ဖို့ကောင်းတယ်။ ဂန္ထဝင်သည်းထိတ်ရင်ဖိုကားတွေကို သဘောကျရင် ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.1 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror, Mystery Duration…. 01:28:28 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Crime • Drama
5.9 2025 88 mins
Hell of a Summer