YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Candle In The Sun.2019.EP4.mp4

929.02 MB 720p video/mp4 339 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gangs of Lagos
6.3

Gangs of Lagos [ RT 86% / IMDB 6.3] ဂိုဏ်းဂဏတွေ ဂန်းစတားတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာ ပေါချင်းသောချင်းပါပဲ... ကျွန်တော်တို့ဟာ ဟောလီးဝုဒ်နဲ့ အရှေ့တိုင်းက ဂန်းစတားတွေကို ထပ်ဖန်တလဲလဲ ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ကြပြီးပါပြီ... ဒီဇာတ်ကားလေးမှာတော့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့က ဂိုဏ်းတွေအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်... သူတို့လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေ... ဘယ်လိုလည်ပတ်ကြလဲ... လူမိုက်ဆိုတာဘာလဲ.... ယုံကြည်ကိုးကွယ်မှုက ဘယ်အတိုင်းအတာထိ လွှမ်းမိုးထားသလဲ... ဒီဂိုဏ်းဂဏတွေက နိုင်ငံရေး ရွေးကောက်ပွဲတွေမှာ ဘယ်လိုပါဝင် ပက်သက်လဲ... တစ်သက်လုံး လူဆိုးလူမိုက်တွေ အဖြစ်ပဲ နေသွား သေသွားကြလားဆိုတာကို ကြည့်ရှုရမှာပါ... ဇာတ်လမ်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဖအေ ဂန်းစတားကြီး နီနိုကို သတ်သွားတဲ့ ရန်သူတော်တွေကို လက်စားချေဖို့ ဘယ်လိုတွေ လှုပ်ရှားဆောင်ရွက်ကြသလဲဆိုတာကို ပုံဖော်ထားတာပဲဖြစ်ပါတယ်... ဂန်းစတားကားတွေ ကြည့်ချင်ရင်တော့ ဖီလင်အသစ်ကို ပေးမေယ့် အာဖရိက ဂိုဏ်းကားလေးကို ကြည့်ဖို့ အကြံပြုလိုက်ပါတယ်... Rating ကလည်း မသေးလှပါဘူးဗျ RT 86%တောင် ရထားပြီး IMDBလည်း 6.3 ရှိပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(3GB) / (1.5GB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:05:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy • Crime
6.3 2023 124 mins
Gangs of Lagos
Robots
6.3

ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ် တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့ ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ် သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ် ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့ ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။ ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့ တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။ ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ် ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ် ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ် ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။ ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့် Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(1.24 GB) / (523 MB) / (290 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance, Sci-Fi Translator.......EL Encoder..........SWM

Crime
6.3 2023 93 mins
Robots
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Chasing Love Game
5.9

❏ ပေါ့ပေါ့ပါးပါးနေတတ်ပြီး အရာရာကို ဖြစ်သလို လုပ်တတ်သည်ဟု ထင်ရတဲ့ ယွင်နန်မှ ခရီးသွားလမ်းညွှန်တစ်ယောက်ဖြစ်သူ – တစုန်း တစ်နေ့မှာတော့ သူဟာ ချောမောလှပပြီး ဇီဇာကြောင်လွန်းလှတဲ့ ပန်းချီဆရာမလေး ထုန်ထုန်ကို ခရီးလမ်းညွှန်ပြသပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ် ပန်းချီဆရာမလေးထုန်ထုန်ဟာ သူမရဲ့ချစ်ရသူ ပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်ထဲက အချက်အလက်တွေအရ ယွင်နန်က ရှီရွှမ်ပန်န ကို လာရောက်ခဲ့တာပါ ၎င်းဒိုင်ယာရီထဲမှာ သူမရဲ့ ချစ်သူက တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခြင်းမရှိပဲနဲ့ ရှီရွှမ်ပန်နမှာ “ချစ်ခြင်းကိုလိုက်လံရှာဖွေခြင်းဂိမ်း” ကစားကြမယ်လို့ရေးသားထားပါတယ် တကယ်လို့ ထုန်ထုန်ဟာ ဒိုင်ယာရီစာအုပ်ထဲကအတိုင်း တာဝန်တွေကို မသွေမတိမ်းလိုက်လုပ်ပြီးတော့ ဒီဂိမ်းကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အောင်မြင်ခဲ့ရင် နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာလေးက အောင်မြင်သွားမှာပါ အစပိုင်းမှာတော့ တစုန်းဟာ ဒီကစားနည်းကို ဟာသတစ်ခုလို့ထင်နေပေမဲ့ နောက်ဆုံးမှာတော့ ထုန်ထုန်ကို ကူညီပေးခဲ့ရင်း- ❏ ဒိုင်ယာရီထဲမှာပါတဲ့ သဲလွန်စတွေကို နှစ်ယောက်သား လိုက်လံရှာဖွေကာ ဘာတွေဆက်ဖြစ်ကြမလဲ? ❏ ဒီဂိမ်းအတွင်းမှာ ဘယ်လိုအခက်အခဲတွေကိုရော ကြုံတွေ့ကြရမလဲ? ❏ ဘယ်လိုထူးဆန်း ဆန်းကြယ်မှုတွေကိုရော ကြုံတွေ့ကြရမလဲ? ❏ ဒီဂိမ်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲဆိုတာ ? အဖြေရှာကြရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဟာသနှောပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့ CM က ပရိသတ်တွေလဲ အမောပြေစေမှာ အမှန်ပါပဲရှင်

Crime • Drama • Mystery • Thriller
5.9 2022
Chasing Love Game
Last Radio Call

ဒီတစ်ခါမှာတော့ Horror ကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ကြည့်လို့ကောင်းမယ့် Horrorကာားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း သရဲခြောက်တယ်လို့ နာမည်ကြီးလှတဲ့ ယော့ခ်တောင်းအောက်မေ့ဖွယ်ဆေးရုံကြီးနဲ့ပတ်သတ်ပြီး တိုင်ကြားချက်ရောက်လာတာကြောင့် ရဲအရာရှိဒေးဗစ်တို့နှစ်ယောက် သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ သွားရောက်စစ်ဆေးသူနှစ်ယောက်မှာ ဒေးဗစ်က ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ကတော့ အလုပ်ကထွက်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒေးဗစ်ရဲ့ အမျိုးသမီးဖြစ်သူ ဆာရာက သူ့ယောက်ျားပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး အမှန်အတိုင်း သိလိုတာကြောင့် ကင်မရာမန်းတစ်ယောက်ကိုငှားပြီး ယောက်ျားရှာပုံတော် အမှန်တရားရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်စပြီးတစ်စ အမှန်တရားနဲ့ နီးကပ်လာချိန်မှာပဲ ထူးဆန်းတဲ့အရာတွေကို ပိုပိုသိလာရတဲ့အခါ.. ဆာရာက သူ့ယောက်ျားဒေးဗစ်ကို ရှာတွေ့သွားနိုင်မှာလား.. ဒေးဗစ်ကရော အသက်ရှင်လျက်ရှိနေသေးတာလား.. တကယ်လို့ အသက်ရှင်လျက်ရှိနေတုန်းဆိုရင် ဘာလို့ဆာရာ့ဆီ ပြန်မလာတာလဲ.. ဆာရာတစ်ယောက်ရော ဒေးဗစ်ကို အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့အရေး ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ… documentary ဇာတ်လမ်းလေးတစ်ပုဒ်အနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1,54GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:16:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue

Action • Adventure • Animation • Comedy • Family
0 2022
Last Radio Call
Sneakers

IMDb – 7.1 Rotten tomatoes – 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ကမ္ဘာပေါ်မှာရှိတဲ့ကုဒ်တိုင်းကိုချိုးဖောက်နိုင်တဲ့အရာဖြစ်နေတဲ့အခါမှ သူတို့ဘယ်လိုဇာတ်ရှုပ်ထဲကိုဝင်ပါမိပြီးသားဖြစ်နေမလဲ၊ ဘယ်လိုအန္တရာယ်တွေကိုကျော်လွှားရမလဲ၊ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ အဲဒီ‌ခေတ်ကာလကအစိုးရအရှုပ်အရှင်းတွေကရော ဘယ်လိုတွေရှိနေမလဲ ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…(2.2 GB)/(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

0 1992
Sneakers
A Writer’s Odyssey
6.5

ဒီတစ်ခေါက်ကတော့ yang mi ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါ ဝတ္ထုတစ်ပုဒ်က လက်ရှိကမ္ဘာကို ပြောင်းလဲနိုင်သလား ဇာတ်လမ်းအကြောင်းအရာလေးကတော့… ကွမ်နင်ဟာ သူ့မှာရှိသမျှအရာအားလုံးကို ရင်းပြီး ပျောက်သွားတဲ့ သမီးဖြစ်သူကို ခြောက်နှစ်လုံးလုံး လိုက်ရှာနေသူတစ်ယောက်ပါ တစ်နေ့မှာ ထူလင်ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သမီးကို ရှာပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ် ဒါပေမဲ့ ပြန်ပေးရမဲ့တန်ကြေးကတော့ “နတ်ဘုရားသုတ်သင်သူ” ဆိုတဲ့ ဝတ္ထုကိုရေးသားတဲ့ လုခုံဝမ်ကို သတ်ပေးရမှာပါ သတ်ရမှာလွယ်မယ်လို့ ထင်ထားပေမဲ့လည်း “နတ်ဘုရားသုတ်သင်သူ” ဝတ္ထုက လက်ရှိကမ္ဘာနဲ့ ဆက်နွယ်မှုတွေရှိနေတဲ့အခါ ဘယ်လိုမထင်မှတ်ထားမှုတွေက ကွမ်နင်ကို စောင့်ကြိုနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ

6.5 2021 130 mins
A Writer’s Odyssey
Snake Island Survival
5.7

ဒီနေ့တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မြွေကျွန်းက ရှင်ကျန်သူတွေ အကြောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးမှာဆိုရင် ပင်လယ်ကာကွယ်ပေးတဲ့ စောင့်ကြည့်ရေး အဖွဲ့ဝင်တစ်ယောက်က တစ်နေ့ လေပြင်းမုန်တိုင်းက ကယ်ဆယ်ရင်း ဇနီးသည်ကို ဆုံးရှုံးခဲ့ရတာကြောင့်… တောက်လျှောက် သူ့သမီးလေးကိုရော သူကိုယ်တိုင်ပါ ပင်လယ်နဲ့ အဝေးမှာ နေလာခဲ့တယ်… ဒါပေမယ့်လည်း သမီးလေးကလည်း ပင်လယ်ရဲ့အဝေးမှာမနေသလို… သူကိုယ်တိုင်ကလည်း ပင်လယ်ပတ်ဝန်းကျင်က ညစ်ညမ်းပြီ းပျက်စီးလာတာကြောင့် နောက်ဆုံးမှာတော့ သူလည်း ပင်လယ်ကို ကာကွယ်ဖို့အရေးပါဝင်လာပါတယ်… သူတို့ရင်ဆိုင်ရတာကတော့ သဘာဝအတိုင်းမွေးလာတဲ့ မြွေတွေရဲ့ မွေးဖွားနှုန်းကို ပြောင်းလဲတဲ့အပြင် မြွေအဆိပ်နဲ့ ဆေးဖော်တာရေ ာ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးဖို့ရော ကြိုးစားနေတဲ့ လူမဆန်တဲ့ လူအရေခွံခြုံထားတဲ့ မကောင်းဆိုးဝါးတွေကို ပေါ့… ဒီတော့ ဒီပတ်ဝန်းကျင်ညစ်ညမ်းမှုက ဘာကြောင့်ဖြစ်တာလဲ… နောက်ပြီး ပင်လယ်ကာကွယ်သူတွေက အဆုံးထိ ကာကွယ်ပေးသွားနိုင်မှာလား ဆိုတာတော့ ကြည့်ကြည့်လိုက်တော့နော်

Action • Comedy
5.7 2025
Snake Island Survival
Walking with My Grandma
6.8

Walking with My Grandma (2018) ******************************* ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ အဘွားနဲ့ မြေးမလေးတို့ရဲ့ ခိုင်မာတဲ့ သံယောဇဉ်ကို ပုံဖော်ရိုက်ကူးထားတဲ့ ပြုံးတလှည့် ဆွေးတလှည့် ခံစားရမယ့် ဂျပန်ကားကောင်း တစ်ကားဖြစ်ပါတယ်။ …………… ငါးဖမ်းသမားဖြစ်ဖို့ ကြိုးစားနေတဲ့ ယာမာတိုဆိုတဲ့ အမျိုးသားက ချစ်သူ နတ်ဆုမိကို အိမ်ထောင်ပြုဖို့ ခွင့်တောင်းခဲ့ပါတယ်။ နတ်ဆုမိဟာ သူနဲ့အတူ မင်္ဂလာလျှောက်လမ်းမှာ လက်တွဲလျှောက်သွားရမယ့်သူကို ဖခင်ဖြစ်သူအစား အဘွားဖြစ်သူကို ဖြစ်စေချင်ပါသတဲ့။ အဘွားကတော့ မတော်တဆချော်လဲပြီး ခြေထောက်ကျိုးလို့ သက်ကြီးစောင့်ရှောက်ရေးမှာ နေနေတာပါ။ နတ်ဆုမိရဲ့ မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြတာကြောင့် အိမ်မှာပဲ အဘွားရဲ့ ပြုစုပျိုးထောင်မှု အောက်မှာကြီးပြင်းလာခဲ့တာပါ။ ကျောင်းပထမဆုံးတက်တဲ့နေ့မှာ အဘွားပဲ လိုက်ခဲ့သလို မင်္ဂလာဆောင်တဲ့ အချိန်မှာလည်း အဘွားကို အတူရှိနေစေချင်တာပါ။ အဘွားကိုပဲ အမြဲဂရုစိုက်နေရတဲ့အတွက်ကြောင့် နတ်ဆုမိနဲ့ ယာမာတိုကြားမှာလည်း အငြင်းပွားပြီး လက်မထပ်တော့ဖို့ နတ်ဆုမိ တွေးမိပြန်ပါတယ်။ အဲဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကားလေးထဲပဲ ဆက်ကြည့်လိုက်ကြပါဦးနော် .. အဘွားချစ်တဲ့ မြေးတွေအတွက်တော့ ဒီကားလေးဟာ မျက်ရည်ဝဲစေမှာ အမှန်ပါပဲ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.51GB / 629MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 28m Genre ….. Family, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

6.8 2018 89 mins
Walking with My Grandma
I Want to Live on Mars
6.2

I want to live on Mars (2023) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သူငယ်ချင်းနှစ်ယောက်အကြောင်းရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်…. ပစ်ကယ်စ်ဆိုတဲ့ကောင်မလေးက Centralia ဆိုတဲ့ မြို့ပျက်တစ်ခုမှာနေထိုင်တဲ့သူပါ… (Centralia ဆိုတာကတော့ ၁၉၆၂ ခုနှစ်ထဲက မြို့အောက်မှာကျောက်မီးသွေးတွေလောင်ကျွမ်းနေလို့ ၂၀၂၀ ခုနှစ်ထဲကလူဦးရေငါးယောာက်ပဲရှိတော့တဲ့မြို့ပျက်တစ်ခုပါ)…. ဒီမြို့ပျက်ကိုဘရီဇီနဲ့သူ့အမေနန်စီရောက်ရှိလာခဲ့ပါတယ်… ဘရီဇီနဲ့သူ့အမေကအဆင်မပြေတာတွေရှိနေခဲ့ပြီး ဘရီဇီကပစ်ကယ်စ်ဆီသွားနေခဲ့ပါတယ်…. ဒီလိုနဲ့ပုံစံမတူတဲ့သူငယ်ချင်းနှစ်ယောက် မြိုပျက်ကအဆင်မပြေမှုတွေကိုကျောခိုင်းပြီး အတူတူထွက်သွားကြတဲ့အကြောင်းလေးကိုရိုက်ပြထားတာပဲဖြစ်ပါတယ် File size… 1.2 GB / 550 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Akm

6.2 2023 80 mins
I Want to Live on Mars
The Secret Recipe aka Rahasia Rasa
7.2

The secret recipe 2025 အရသာရဲ့အရသာ ရေဆာဆိုတာ မဟာရာဆာစားသောက်ဆိုင်ရဲ့ စားဖိုမှူးကြီး၊ တစ်နည်းပြောရရင် နာမည်ကြီးအီတလီစားသောက်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးပေါ့။ သူ့ရဲ့အိပ်မက်ကတော့ အင်ဒိုကနေတစ်ဆင့် အီတလီမှာ စားသောက်ဆိုင်ဖွင့်ချင်တာဖြစ်ပြီးတော့ ဒီအတွက် အရင်းအနှီးထုတ်ပေးမယ့်သူကတော့ သူ့ရဲ့ချစ်သူလေးဒင်ဒါရဲ့အဖေ ဘရိုတို သူ့ရဲ့ယောက္ခထီးလောင်းလေးပေါ့။ ဒါပေမဲ့ ဟင်းလျာနဲ့ပတ်သက်ရင် ရေဆာနဲ့ မစ္စတာဘရိုတိုတို့ကြားမှာ ကွဲလွဲမှုက ကြီးမားနေပြန်ပါတယ်။ ရေဆာကတော့ အီတလီအစားအစာကို အားသန်ပြီး မစ္စတာဘရိုတိုကတော့ မျိုးချစ်ပီပီ အင်ဒိုအစားအစာကို တန်ဖိုးထားသူပေါ့။ ဒီလိုနဲ့ အီတလီစားသောက်ဆိုင်စာချုပ်အတွက် လက်မှတ်ထိုးမယ့်နေ့မှာ ဘရိုတိုက ရေဆာကို မူတီကာရာဆာဆိုတဲ့ လျှို့ဝှက်ဟင်းချက်နည်းစာအုပ်ပေးလိုက်ပါတယ်။ ဒီစာအုပ်က ဟင်းချက်နည်းတစ်ထောင်ရှိတာပေမဲ့ အခုတော့ တစ်ပိုင်းတစ်စပဲရှိတာပါ။ ‌ရေဆာအတွက် ဘရိုတိုရဲ့စမ်းသပ်မှုကတော့ မူတီကာရာဆာကို မှီငြမ်းပြီး မီနူးသစ်ထွင်ဖို့ပါပဲ။ ဒါပေမဲ့ ရေဆာတစ်ယောက် အဖြစ်ဆိုးတစ်ခုနဲ့ကြုံပြီး အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားချိန်မှာတော့ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်)

Comedy • Drama • Romance
7.2 2025 121 mins
The Secret Recipe aka Rahasia Rasa
Creation of the Gods I: Kingdom of Storms
7.4

2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ Creation of the Gods I: Kingdom of Storms ( 2023 ) ကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် … ဒါရိုက်တာ Wuershan ရိုက်ကူး တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား​ကြီးဟာဆိုရင် တရုတ်ပြည်ရဲ့ ဂန္ထဝင်မြောက် ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာတရုတ်ပြည်ရဲ့ နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ် Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အပြင် ဒါရိုက်တာကလဲ အကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ် ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ်ကြပြီးတော့ တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊ နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။ ဇာတ်လမ်းကတော့… အမြီး ၉ ချောင်းမြေခွေးဖြစ်တဲ့ စူးတာကျိမိဖုရားနဲ့ ရှန်းဘုရင်တို့ကြောင့် တိုင်းသူပြည်သားတွေ ဒုက္ခရောက်ပြီး လောကတခွင်ကို မိစ္ဆာနတ်ဆိုးတွေနှောက်ယှက်ဖျက်ဆီးနေကြတာကြောင့် နတ်တွေကဝိုင်းဝန်းတားဆီးဖို့ ဖြစ်လာတဲ့အခါ….။ ရှေးခေတ်က လူသားတွေ မိစ္ဆာတွေ နတ်ဘုရားတွေကြားက ဒဏ္ဍာရီစစ်ပွဲတွေအကြောင်းကို စိတ်လှုပ်ရှားစွာကြည့်ရှုခံစားရမယ့် ရုပ်ရှင်အလန်းစားစစ်စစ်ကြီးဖြစ်ပါကြောင်း။ IMDb Rating (7.4) ထိ ရရှိထားပါတယ်။

Drama • Mystery
7.4 2023 148 mins
Creation of the Gods I: Kingdom of Storms