YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Broken News.Ep7.1080p.WEB DL.AAC2.0CH.Hind(CM)i.mp4

416.35 MB 1080p video/mp4 141 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Locke
6.9

IMDb - 7.1 , RT - 91% ဒီဇာတ်ကားက ကျွန်တော်တို့ရဲ့ အချစ်တော် Venom ကြီး Tom Hardyနဲ့ Spidyလေး Tom Holland တို့ရဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် Heart Stopper၊ The Crown၊ Puss in boots တို့ထဲမှာ သရုပ်ဆောင်ဖူးတဲ့ Olivia Colmanလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းလေးကို မပြောခင် သင်ဟာ One Night Stand ကို ဘယ်လိုမြင်ပါသလဲ။ သင်ဟာ One Night Stand လုပ်နေသူလား၊ လုပ်ခဲ့သူလား၊ လုပ်ဖို့ကြံရွယ်နေတဲ့လူလားဆိုတာကို သုံးသပ်စေလိုပါတယ်။ အိုင်ဗန်လော့ခ်ဆိုတဲ့ အမျိုးသားက ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ အောင်မြင်တဲ့ ဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာအဆင်ပြေလှတဲ့ သူ့ရဲ့ဘဝထဲကို သူ တစ်ညတာ One Night Stand ခဲ့ဖူးတဲ့ ဗေသန် မက်ဂွားယားဆိုတဲ့ အမျိုးသမီးတစ်ယောက်က အိုင်ဗန်နဲ့ရတဲ့ ကလေးကို မွေးဖို့ သားဖွားခန်းထဲရောက်နေတယ်ဆိုပြီး ဖုန်းဝင်လာခဲ့တဲ့အခါမှာတော့ .... ။ အဖေက သူ့ကိုမွေးပြီး ပစ်သွားခဲ့တဲ့ အဖေ့အပေါ် နာကျည်းချက်တွေရှိနေတဲ့ အိုင်ဗန်တစ်ယောက် သူ့အဖေ အမှားမျိုး ထပ်မမှားအောင် ကိုယ်ဝန်ကိုတာဝန်ယူပါ့မလား၊ ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့တည်ထောင်ထားတဲ့ မိသားစုဘဝလေးနဲ့ ဗေသန် အကြား ဘယ်သူ့ကိုရွေးချယ်သွားမလဲ။ ပုဂ္ဂိုလ်ရေး ပြဿနာတက်နေတဲ့သူ့အဖို့ အလုပ်မှာပါ ပြဿနာ တက်လာသောအခါ .....အိုင်ဗန်တစ်ယောက် မိသားစုရေး၊ One Night Standခဲ့တဲ့အမျိုးသမီးနဲ့ရတဲ့ ကလေးအရေး၊ အလုပ်အရေးတွေကို သူဘယ်လိုများစီမံမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလေ ဘာသာပြန်သူအဖို့တော့ တော်တော်လေး ပညာရတဲ့ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ အမှားတစ်ခုကနေ အရာရာဟာ ဖြစ်တတ် ပျက်တတ်တဲ့ သဘောကို ပေါ်လွင်အောင်ရိုက်ပြထားတာ အဆုံးထိကို ပြီးလို့ပြီးသွားမှန်းကို မသိလိုက်ဘူး။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆုံးတာနဲ့ ရင်ထဲမှာ တစ်ခုခုကို ကျန်ခဲ့တဲ့ဇာတ်ကားကို့ပြောရင်း Reviewလေးကို အဆုံးသတ်ပရစေ။ File size…(1.4 GB)/(677 MB)/(323 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Thriller
6.9 2014 85 mins
Locke
...ing
6.8

အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး "လက်ဆောင်" ပါပဲ အဲ့ဒါကြောင့် "Present is Present❤" "လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း... File size…1.89GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama • Horror • Thriller
6.8 2003 104 mins
...ing
Gangster Gangaraju
6

ဒယ်ဗာလန်ကာလို့ခေါ်တဲ့မြို့လေးတစ်မြို့ကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါလို့ခေါ်တဲ့ဂန်းစတားနှစ်ယောက်က‌အုပ်စိုးလျက်ရှိပါတယ် သူတို့ရဲ့ဆရာကြီးဥပဒေအရာရှိ ဆီ‌ဗာရက်ဒီကွယ်လွန်ပြီးနောက်မှာ သူတို့ကတရားဝင်နိုင်ငံရေးအာဏာမှာ ပါဝါတည်ဆောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုဖို့ကြိုးစားကြပါတော့တယ် ဒယ်ဗာလန်ကာမြို့မှာလည်းသူတို့ကိုဘယ်သူမှမလှန်ရဲဘဲ ပြည်သူ‌တွေက ရွံကြောက်ကြီးဖြစ်နေပါတော့တယ် ဒီဇာတ်ကားရဲ့အဓိက‌ဇာတ်ကောင်မင်းသားဖြစ်တဲ့ ဂန်ဂါရာဂျူးကတော့ အဲ့ဒီမြို့လေးမှာ အပေါင်းအသင်းတွေနဲ့ပရုတ်ကျနေတဲ့ ဂျစ်ပစီလေးတစ်ယောက်ပဲဖြစ်ပါတယ် ဥမာဒေဝီလို့ခေါ်တဲ့မင်းသမီးဖြစ်တဲ့ ရဲမေ‌အချောလေး ရောက်ရှိလာချိန်မှာတော့ မင်းသားကသူ့သူငယ်ချင်းတွေနဲ့အကူအညီနဲ့နောက်ပိုးပါ‌တော့တယ် တနေ့မှာမင်းသားက သူ့‌အဖေကိုစော်ကားတာကြောင့် ဆစ်ဟပ်ပါရဲ့လူတွေကိုဆော်လွှတ်လိုက်ရာမှ ဂန်းစတားအာဏာရှင်တွေရဲ့လက်အောက်မှာခံစားနေရတဲ့လူထုကြီးက အုံကြွလာကာမင်းသားကို ဆရာ့ဆရာကြီးထင်ပြီးထောက်ခံမြှောက်စားပါတော့တယ် ဒီလိုနဲ့ဆရာ့ဆရာကြီးလို့ ပြည်သူတွေကရော ချစ်ရည်းစားရဲမေလေးကပါအထင်ခံရတဲ့အချိန် ဂန်းစတားတွေရဲ့စစ်ပွဲကြားထဲအာဏာပါဝါတွေလုတာရော ကြားမှာ မင်းသားကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ .................... ဒီကားမှာ သူငယ်ချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေ ဟာသ‌ရောနှောကာ ပျော်ရွှင်မြူတူးစရာကောင်းပေမဲ့ တဖက်မှာအာဏာရှင်တွေလက်အောက်ကဘဝတွေ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဖော်ကျူးရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်.......... File size…2.25GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kevin & Kham Mon & Yunni & Khai & Honeyey

Mystery
6 2022 132 mins
Gangster Gangaraju
Lesson Plan
6.3

သူ့နာမည်က ဒမ်မီယမ်... သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။ သိပ်မကြာခင်မှာပဲ... သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ... ဒီ ၂၀၂၂ မှ ထွက်ထားတဲ့ Low budget ပိုလန်ကားလေးပါ... စိတ်ဝင်စားရင် ဒေါင်းကြည့်လိုက်ပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance
6.3 2022 101 mins
Lesson Plan
Yenni Thuniga
8

ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...? ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ရှိနေပြန်တယ်။ သူကရော ဘယ်သူဖြစ်မလဲ…? လူငယ်ဓားပြအဖွဲ့ကလည်း မထင်မှတ်ထားဘဲ စိန်တွေအကုန် အံ့ဩစွာ ပျောက်ဆုံးသွားတဲ့အခါမှာတော့… File size…8GB / 2.46GB / 1.09GB Quality…1080p True WEB DL  AAC5.1CH / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & BpL & Yunni & Sora

Horror • Science Fiction
8 2022 145 mins
Yenni Thuniga
No Limit
6.2

(ပြင်သစ်ကားတွေထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါ) ဒီဇာတ်ကားကတော့ Audrey Mestre ရဲ့တစ်ကယ့်အဖြစ်အပျက်ပေါ်မူတည်ပြီး Netflix ကရိုက်ကူးထားတဲ့ပြင်သစ်ဇာတ်ကားတစ်ကားပါ။ The Deep House မှာပါဝင်သရုပ်ဆောင်ထားတဲ့ Camille Rowe က Roxana Aubry အနေနဲ့သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ Roxy ကလမ်းပျောက်နေပြီး ငယ်ငယ်တည်းက ရေငုပ်လာခဲ့ပေမဲ့ ကြီးလာတော့ သူ့ရဲ့ Passion တွေက ပျောက်ဆုံးပြီး ဘာလုပ်ရကိုင်ရမလဲဝေဝါးနေချိန် ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကိုတွေ့ သွားပြီး သွားတက်မိလိုက်တာကနေဖြစ်ပေါ်လာတဲ့အချစ်တွေ လူ့သဘာဝတွေ လက်တွဲဖော်ကိုယုံကြည်မှုတွေအပြင် အဓိကအနေနဲ့ သူကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီအားကစားကို စိတ်ဝင်စားတဲ့လူမှ ကြည့်သင့်တဲ့ဇာတ်ကားမဟုတ်ပဲ ပင်လယ်ပြင်ကိုနှစ်သက်သဘောကျတဲ့လူတွေပါကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ရင်သပ်ရှုမောဖို့ကောင်းတဲ့ရှုခင်းတွေနဲ့ ပါဝင်ထားတဲ့ဇာတ်လိုက် ဇာတ်ပို့တွေအကုန်လုံးကလည်း လိုလေသေးမရှိ သရုပ်ဆောင်ကောင်းမွန်ပြီး တစ်ကယ့်အဖြစ်အပျက်လား စိတ်ကူးယဥ်လားဆိုပြီး ဇာတ်လမ်းအဆုံးမှာ အတွေးတွေနဲ့ ချန်ခဲ့ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အခြားဇာတ်လမ်းတွေလို အချစ်အကြောင်းချည်းသက်သက် ပြွတ်သိပ်ထည့် အိုဗာတင်းမလုပ်ထားပဲ ကွဲထွက်ပြီးလှပနေတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 920MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Comedy • Horror
6.2 2022 119 mins
No Limit
Nenu Leni Na Premakatha
7

အချစ်မှာ အချိန်ဆိုတာမရှိဘူး။ ကန့်သတ်ချက်တွေမရှိပါဘူးတဲ့။ 2020ခုနှစ်က ခရစ်ရှနာဆိုတဲ့ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ ကောင်လေးတစ်​ယောက်။ အတိတ်ကအကြောင်းအရာတွေကို သိချင်လို့ အတိတ်ကို ပြန်သွားလို့ရမယ့် စက်ပစ္စည်းတွေကို ရှာနေရင်းကနေ ဟမ်ရေဒီယိုဆိုတဲ့ စက်တစ်ခုကို ရှာတွေ့သွားပြီး 1983ကို ဆက်သွယ်မိသွားပါတယ်။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ ခရစ်ရှနာဟာ လက်ရှိမှာ မတွေ့ရတော့တဲ့ မိဘနှစ်ပါးကို ပြန်ရှာဖို့အတွက် 1983ခုနှစ်က ရာဒါဆိုတဲ့ မိန်းကလေးကို အကူအညီတောင်းလိုက်တဲ့နောက်မှာ မထင်မှတ်ထားစရာ ဇာတ်လမ်း အလှည့်အပြောင်းလေးတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။ "သံယောဇဉ်ဖြစ်လာတဲ့အပေါ်မှာ ပျော်တတ်တဲ့ နှလုံးသားက အဲဒီသံယောဇဉ်တွေကို ဖြတ်ပစ်ရမယ့်အချိန်မှာ ရလာမယ့်နာကျင်မှုအတွက် အသင့်ဖြစ်နိုင်မှာ မဟုတ်ဘူး" တဲ့ အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ မဟုတ်ပါဘူး။ မှတ်ဉာဏ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့တင် ရင်ထဲမှာ ထာဝရရှင်သန်နေတတ်တဲ့အရာလေးတစ်ခုပါပဲ။ အနာဂတ်ကို ကြိုသိနေလို့လည်းပေးဆပ်ရမယ့်သူတစ်ယောက်ရဲ့ ကံကြမ္မာက ပြောင်းလဲမသွားတဲ့အခါ....။ မင်းသားအနေနဲ့ Naveen Chandraနဲ့ Krish Siddipalli, မင်းသမီးကတော့ Gayathri Sureshတို့ ပါဝင်ထားပြီး IMDb Rating 8.5 ရထားတဲ့ Nenu Leni Na Premakatha ဆိုတဲ့ 2021ထွက် ကားလေး CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီနော်။ File size…900MB / 1.8GB Quality…720p WEB DL / 1080p WEB DL  AAC 5.1CH  Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Yate & HM

Crime • Thriller
7 2021 123 mins
Nenu Leni Na Premakatha
Pachuvum Athbhuthavilakkum
7.6

Paachuvum Albhuthavilakkum 2023 2023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ် ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါ ပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ်

7.6 2023
Pachuvum Athbhuthavilakkum
Boudica

ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။ Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။ Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

TV Movie • Comedy • Drama • Romance
0 2023
Boudica
Universal Soldier: Regeneration
5.3

ဒီ​ရုပ်ရှင်​ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi​ အမျိုးအစား​ဖြစ်ပါတယ်။ အရင်​ဇာတ်ကား​တွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်​ထားပြီး​ သူ့ရဲ့ရန်သူတော် Andrew နေရာမှာ​ ၁၉၉၂ ရုပ်ရှင်​မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက​ ၁၉၉၂ ရုပ်ရှင်​ရဲ့ နောက်​ဆက်​တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier​ : The​ Return လိုပဲ​ ၁၉၉၂ ရုပ်ရှင်​ရဲ့နောက်ဆက်တွဲ sequel ဇာတ်​ကားဖြစ်ပါတယ်။ ဒါပေမဲ့​ ၁၉၉၉ ရုပ်ရှင်​နဲ့ မတူညီတဲ့ Alternative​ story ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်​အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်​ပေးဆွဲပြီး ချာနိုဘိုင်း​မြို့​ပျက်​ကြီး​က နျူကလီးယား​စက်ရုံ​ဟောင်းမှာ ထိန်းသိမ်း​ထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့​တောင်းဆို​တာမလိုက်လျောရင် အဏုမြူ​ဓာတ်​ပေါင်းဖို​ကို ဖောက်​ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့​ဘက်မှာ NGU လို့​ခေါ်​တဲ့ မျိုးဆက်​သစ် Universal Soldier​ တစ်ဦးလည်းရှိနေပါတယ်။ ဇာတ်​လိုက်​ဖြစ်​တဲ့ Luc (ဗန်ဒိန်း)​ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ ​Flemming ဆိုသူ​ရဲ့ အကူအညီနဲ့ စိတ်​ပိုင်း​ဆိုင်ရာ​နာလန်ပြန်ထဖို့ ရုန်း​ကန်နေရပါတယ်။ စက်ရုံ​ကိုသိမ်းပိုက်ပြီး နျူကလီးယား​ဓာတ်​ပေါင်းဖို​ပေါက်ကွဲမဲ့ အရေးကို အစိုးရ​တပ်တွေက ကာကွယ်​ဖို့ကြိုးစားပေမဲ့ နောက်ဆုံး​ပေါ်​ Universal​ Soldier​ ဖြစ်​တဲ့ NGU ကြောင့် ရှုံး​နိမ့်​ခဲ့ရာမှာ မူလ​လက်ဟောင်း​ Universal​ Soldier​ ဖြစ်​တဲ့ Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်း​က pace မြန်​ပြီး အက်​ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့​နာမည်​ကျော်​ Luc Devereaux​ ဇာတ်​ကောင်​အဖြစ်​ ပြန်​မြင်​ရမှာ​ဖြစ်​လို့ Universal Soldier​ ရုပ်ရှင်​ကားများ​ကို ကြိုက်​နှစ်သက်​သူများ၊ အက်​ရှင်​ဇာတ်​လမ်း​ပရိသတ်​များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(935 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Action, Science Fiction, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

5.3 2009
Universal Soldier: Regeneration
Getaway

Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
Getaway
Better Living Through Chemistry

Better Living Through Chemistry (2014) IMDb: 6.2/10 Rotten Tomatoes: 23% Genre: Comedy/Drama တစ်ခါတလေဘဝက အရမ်းမွန်းကြပ်လာတဲ့အခါမှာ မထင်မှတ်ထားတာလေးတွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိပါတယ်။ ဖြစ်သင့်တာတွေရှိသလို၊ မဖြစ်သင့်တာတွေလည်းရှိပါတယ်။ Better Living Through Chemistry မှာတော့ ဒါတွေကိုဟာသလေးနှောပြီးပြသွားမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့လိုတာက ပြောင်းလဲခြင်းပါပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပထမဦးဆုံးခြေလှမ်းက အခက်ခဲဆုံးပါပဲ။ ဇာတ်ညွှန်း ဒေါက်ကလက်စ်ဗာနီဆိုတာကတော့ မြို့လေးတစ်မြို့က ဆေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ အီသန်ဆိုတဲ့သားလေးတစ်ယောက်နဲ့ ကာရာဆိုတဲ့ အမျိုးသမီးရှိပါတယ်။မိသားစုတစ်ခုရှိနေပေမယ့် ဘဝရယ်လို့ရေရေရာရာ မရှိခဲ့ပါဘူး။တစ်ရက်မှာတော့ အယ်လိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အကြောင်းပါခဲ့ပါတယ်။အယ်လိဇဘတ်ကလည်း ဒေါက် လိုပဲ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။အိုးခြမ်းပဲ့ခြင်းတွေ့တော့ အဆင်ပြေခဲ့တယ်ပဲ ဆိုရပါမယ်။ နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတော့ ခံစားကြည့်လိုက်ကြပါ။ သရုပ်ဆောင်တွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းနဲ့နာမည်ကြီးတွေဖြစ်ပြီးမကြာသေးခင်ကမှ ဆုံးပါးသွားတဲ့ မင်းသားကြီး Ray Liotta လည်းပါဝင်အားဖြည့်ထားပါတယ်။ File size… 1.5 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

Comedy • Horror
0 2014
Better Living Through Chemistry
GirlHouse

“Girl House” ဆိုတဲ့ ရုပ်ရှင်ဟာ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းနဲ့ ကြည့်ရတာကောင်းတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။”Girl House” ဟာ အွန်လိုင်းတွင် လူကြီးအကြည့် စီစဉ်မှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေတဲ့ လူငယ်မိန်းကလေးတွေကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ ဒီအလုပ်ကို လုပ်ရင်း အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့် ကောင်မလေး Kylie (Ali Cobrin) ရဲ့ အတွေ့အကြုံကို ပုံဖော်ပြထားပါတယ်။ Kylie သည် သူ့အမေရဲ့ ကုန်ကျစရိတ်များတဲ့အတွက် Girl House လို့ခေါ်တဲ့ အွန်လိုင်းအိမ်တွင် အလုပ်လုပ်ရင်း ဇာတ်လမ်းစတင်ပါတယ်။ Kylie က သူ့ရဲ့ အလုပ်ကို သာမာန်အလုပ်တစ်ခုလိုလုပ်ရင်း အမိုက်စား အိုင်တီနည်းပညာတွေနဲ့ အွန်လိုင်းဘဝကို ဖြတ်သန်းနေစဉ်၊ လျှို့ဝှက်သော ပုရိသတစ်ယောက်ဖြစ်တဲ့ “Loverboy” (Slaine) ဟာ အစီအစဉ်ကို ကြည့်ရှုနေပြီး ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ သူ့ကို ရင်ဆိုင်စေတဲ့အခါမှာ ဇာတ်လမ်းက ပိုမိုစိတ်ဝင်စားစရာဖြစ်လာပါတယ်။ “Girl House” ဟာ သည်းထိတ်ရင်ဖို၊ အင်တာနက်အန္တရာယ်နဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းဖြစ်လို့ သင့်ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို တက်သက်စေမှာပါ။ သရုပ်ဆောင်တွေကလည်း ထူးချွန်ပြီး ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။Horror ရုပ်ရှင်တွေရဲ့သဘောအတိုင်း ကိုယ်ကြည့်ရှုမှပဲ ခံစားချက်အပြည့်အဝရတာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦး။ File size…(1.6 GB)/(839 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Action • Animation • Science Fiction
0 2014
GirlHouse
Roohi
4.3

Roohi ( 2021 ) ပြန်ပေးဆွဲလက်ထပ်ပွဲ ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Roohi အမည်ရ ဟင်ဒီစကားပြော Comedy-Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – စက်မှုမြို့တော်မူဂျီရာဘတ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘာဂတ်ပါဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာ ထူးဆန်းတဲ့ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲလက်ထပ်ပွဲပါ။ မိန်းကလေးတစ်ယောက်ကို ကြိုက်မိတာနဲ့ ကောင်လေးဘက်က လက်ထပ်ပွဲကို အတီးအမှုတ် အကအခုန်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးမှ မိန်းကလေးကို သွ ားပြီးဖမ်းခေါ်ရတဲ့ဓလေ့ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဖမ်းခေါ်ဖို့မလွယ်တဲ့အတွက် ဒါကို အခကြေးငွေယူပြီး လုပ်ပေးတဲ့ကြေးစားအဖွဲ့တွေလည်း ရှိပါသေးတယ်။ တစ်ရက်မှာတော့ အဲဒီကြေးစားအဖွဲ့အတွက်အလုပ်လုပ်တဲ့ ဘာဝရာပန်ဒေးနဲ့ ကတ်တန်နီဆိုတဲ့ သတင်းထောက်ယောင်ယောင် ၊ ဗေဒင်ဆရာယောင်ယောင် သူငယ်ချင်းနှစ်ယောက်ဟာ ပြန်ပေးဆွဲလက်ထပ်ပွဲအတွက် မိန်းကလေးတစ်ယောက်ကို သွားရောက်ဖမ်းခေါ်ဖို့ အမိန့်ကျလာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ဟာ မိန်းကလေးကို မနည်းဖမ်းဆီးခေါ်ဆောင်လာပြီးခါမှပဲ လက်ထပ်ပွဲဟာ တစ်ပတ်လောက် ရွှေ့ဆိုင်းဖို့အကြောင်းဖန်လာပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်နဲ့ ကောင်မလေးဘယ်လိုစခန်းသွားမလဲ ၊ ဘာကြောင့် ဇာတ်ကားရဲ့ Genre က Horror ဖြစ်နေသလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုအဖြေရှာလိုက်ကြပါခင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ Bpl , Alex , V . Thura , Linn တို့ဖြစ်ပါတယ် )

4.3 2021
Roohi
My Old Ass
7.1

၂၀၂၄ နှစ်အကုန်ပိုင်းမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ညိုကီတို့ရဲ့ အချစ်တော်မမ Lady Death တဖြစ်လည်း မမအော်ဗရေးပလာဇာ ပါဝင်ထားပြီးတော့ ကိုယ့်ရဲ့ Younger self ကို ပြန်သတိရသွားစေမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ Comedy Drama ဇာတ်လမ်းကောင်းလေး ဖြစ်လို့ ချက်ချင်းသာ ကြည့်လိုက်ကြပါတော့ဗျာ။ ဇာတ်လမ်းအကျဉ်း +++++++++ အဲလယတ်ဟာ ၁၈ နှစ်ပြည့်မွေးနေ့မှာ သူမရဲ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကျွန်းလေးတစ်ခုဆီသွားပြီး မှိုခြောက်စားကာ Good trip လေးရဖို့ စမ်းလုပ်ကြည့်ကြပါတော့တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ သူမရဲ့ သူငယ်ချင်းနှစ်ယောက်က ကိုယ်စီ good trip တွေ သွားနေပေမဲ့ အဲလိယတ်ကတော့ ဘာဆိုဘာမှ မခံစားရသေးပါဘူး။ ဒါကြောင့် မှိုခြောက်က အစွမ်းမပြဘူးလို့ ထင်နေတဲ့အချိန်မှာ သူမဘေးမှာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်က ဗြုန်းစားပေါ်လာပြီး သူမက အဲလိယတ်ရဲ့ ၃၉ နှစ်အရွယ်သူမဖြစ်ကြောင်း ငယ်ဘဝအမှတ်တရ တွေနဲ့ သက်သေပြပါတော့တယ်။ မှိုခြောက်ကြောင့် လွင့်နေတာပဲလား ထင်ယောင်ထင်မှားဖြစ်နေတာပဲလား တကယ့်အစစ်လားဆိုတာကို မယုံတဝက် ယုံတဝက်ဖြစ်နေတဲ့အချိန်မှာ ၃၉ နှစ်အရွယ်သူမက ၁၈ နှစ် အရွယ်သူမကို ဘယ်အရာကိုတော့လုပ်ဖို့ ဘယ်အရာကိုတော့ဖြင့် မလုပ်ဖို့ မဟုတ်ရင် နောင်တရလိမ့်မယ်စသဖြင့် သတိပေးပါတော့တယ်။ ဒီတော့ ဒီဇာတ်ကားလေးမှာ အဲလိယတ်က မှိုခြောက်ကြောင့် လွင့်နေတာ ပဲလား သူမရဲ့အနာဂါတ်က သူမနဲ့ တကယ်ပဲ ပြောဆိုနေခဲ့တာလား၊ ဘာကို သတိပေးခဲ့တာလဲ၊ သူမကရော ပြောသလို ပြင်ဆင်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှုရင်း ငြီးငွေ့ပျင်းရိဖွယ် လူကြီးဘဝကနေ ခဏတာ လွတ်မြောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ File size… (9.4 GB) / (2.32GB) / (1.09GB ) Quality… WEB-DL 4K HEVC/1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Action • Crime • Thriller
7.1 2024 89 mins
My Old Ass