YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Bright Eyes in the Dark E26 fixed 1080p WEB-DL CM.mp4

583.89 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Adventures of Sharkboy and Lavagirl
5.1

ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို လျော်ပြီး ကားကို အပိုင်သိမ်းထားပြီးကို ကြည့်ခဲ့ကြတယ်။ နောက်ပိုင်း သူ့ထက်တော့ ပိုကောင်းတဲ့ ဘရန်ဒန်ဖရေဆာပါတဲ့ Looney Tunes: Back in Actionတို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Eventsတို့ ကြည့်ခဲ့ရပေမဲ့ သူတို့ကိုကျော်ပြီး Sharkboy and Lavagirlက ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ DVD ခေတ်မှာ မတူတဲ့ ကားတွေ ဖောခြင်းသောခြင်းကြည့်လာရတဲ့အချိန်ကျတော့ Harry Potter တို့ Lord Of The Ring တို့လိုကားတွေကလွဲ ရုပ်ရှင်တစ်ကားတည်းကို ခဏခဏပြန်ပြန်မကြည့်ဖြစ်ခဲ့ဘူး ဒီလိုနဲ့ အဲဒီကနေ အခုထိ ဒီရုပ်ရှင်ကို ကျွန်တော်ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီကားက မှတ်ဉာဏ်ထဲကတော့ ပျောက်မသွားဘူး။ ဒါပေမဲ့ အမှတ်ရစရာကောင်းနေတာနဲ့ တစ်ချိန်တည်းမှာပဲ ဒီကားကို ပေါတယ် CGI တွေ ညံ့တယ်ဆိုတဲ့ အသိကြီးက မသိမသာကြီးစိုးနေခဲ့တယ်။ ဒီလိုနဲ့ သတိရပေမဲ့ ပြန်ကြည့်လိုက်ရင် မှတ်ဉာဏ်တွေ ပျက်စီးသွားမှာစိုးတာကြောင့် ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ဒီကားကို ပြန်ရေးရင်း ပြန်ကြည့်ဖြစ်တော့ ထင်ထားတာနဲ့ တက်တက်စင်အောင်တော့လွဲနေတယ်။ ကျွန်တော့်ကိုယ်ပိုင်အမှတ်တရကြောင့်လားတော့မသိပေမဲ့ ဒီကားကို ပြန်ကြည့်ရတဲ့ အရသာက အစောကထင်ခဲ့သလို ပေါလည်းမပေါသလို စုတ်လည်း မစုတ်ပြတ်နေခဲ့ဘူး။ ဇာတ်လမ်းဇာတ်အိမ်ကိုပြောပါတယ်။ ဟိုးတုန်းက အရသာမျိုးရှိနေတုန်းပဲလို့ ပြောရမှာပဲ။ တော်တော်လေးလည်း သဘောကျသွားခဲ့တယ်။ အခုအချိန်ထိလည်း ကျွန်တော်က စိတ်ကူးယဉ်တတ်ဆဲမို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ အားလုံးတော့ ကြိုက်ကြမှာမဟုတ်ပေမဲ့ ၉၇ ၉၈ ၉၉ကာလက ကလေးတော်တော်များများအတွက်တော့ ဒီရုပ်ရှင်ဟာ အမှတ်တရတစ်ခုဖြစ်နေမှာပါပဲ။ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းစိတ်ကူးယဉ်တတ်တယ်။ သူ့စိတ်ကူးယဉ်တွေထဲက ကမ္ဘာကြီးမှာ သူ့မှာသူငယ်ချင်း၂ယောက်ရှိတယ်။ Sharkboy နဲ့ Lavagirlပေါ့။ ဆရာတွေ မိဘတွေကတော့ သူ့ကို စိတ်ကူးမယဉ်ဘဲ လက်တွေ့ဘဝမှာ ရှင်သန်ဖို့ ပြောကြပေမဲ့ သူက သူ့စိတ်ကူးအိပ်မက်တွေကို မစွန့်လွှတ်နိုင်တော့ အားလုံးကြားထဲ ငကြောင်လိုလိုဖြစ်နေခဲ့တာပေါ့။ တစ်နေ့ လက်တွေ့ဘဝနဲ့ သူ့စိတ်ကူးယဉ်တွေက အသားကျမနေတဲ့အခါ သူ့ဟာ သူ့စိတ်ကူးယဉ်တွေကို စွန့်လွှတ်လိုက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲဒီမှာ Sharkboy နဲ့ Lavagirlဟာ ကမ္ဘာပေါ်ရောက်လာပြီး သူ့ကို သူ့စိတ်ကူးယဉ်တွေကနေ ဖြစ်တည်လာတဲ့ ဂြိုဟ်ကြီး ပျက်စီးတော့မှာမို့ လာပြန်ပြင်ပေးဖို့ ခေါ်သွားကြတယ်။ ဒီလိုနဲ့ သူ့စိတ်ကူးတွေက တကယ်ဖြစ်နေတာကို သူမျက်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့.... အသစ်ပြန်ဖြစ်တတ်တဲ့ နှလုံးသားတွေအတွက်တော့ ဒီရုပ်ရှင်ဟာ မအိုမင်းနိုင်တဲ့ နေ့ရက်တွေအကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Actino, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2.4GB | 1.1GB | 515MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Drama
5.1 2005 92 mins
The Adventures of Sharkboy and Lavagirl
The Curse of Bridge Hollow
6.6

၂၀၂၂ ရဲ့ အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း နေ့ရက်လေး နီးကပ်လာတာနဲ့အတူ ဟောလိုးဝင်းရဲ့ အဓိကဇာတ်ဆောင် ဆမ်ဟိန်း အကြောင်း ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ဆမ်ဟိန်းက ဖန်တစ်ရာတေနေပြီဆိုတော့ နောက်တစ်ယောက်အကြောင်း ပြောင်းပြောကြတာပေါ့။ စဂျင်ဂျီ ဂျက် တဲ့။ သကောင့်သားက ငယ်တုန်းက လူ့ခွစာ၊ ကြီးလာတော့ လူ့အမြောက်စာ။ လူတကာ့ချဉ်ဖက်။ ဒီတော့ တစ်နေ့မှာ ဘရစ်ခ်ျ ဟောလိုးရွာသားတွေက ဝိုင်းသမပြီး ဆွမ်းကြီးလောင်းကြပါသတဲ့။ ဒီလိုနဲ့ အသားလွတ်သေသွားတဲ့ "ကိုကိုဂျက်" ကို စေတန်သခင် "ကိုလူစီဖာ" က သနားလို့ သူ့ဝိညာဉ်နဲ့ အပေးအယူလုပ်၊ ရွှေဖရုံသီးတစ်ခုမှာ နေရာပေးထားသတဲ့။ ပြီးတော့ ဝိညာဉ်လောကကနေ လူ့လောကကို ဟောလိုးဝင်းည နေဝင်ကနေ သန်းခေါင်အထိ ဝင်ရောက်စိုးမိုးခွင့် ပေးထားသတဲ့။ တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာ ညတစ်ပိုင်းပဲ ကဲရတဲ့ ကိုကိုဂျက် သိပ်မကျေနပ်နိုင်တော့ လူတို့ပြည်မှာ ထာဝရနေရဖို့အရေး သူ့ဝိညာဉ်နေရာ အစားဝင်ယူမယ့်သူကိုရှာ၊ စေတန်ကို လာဘ်ထိုးပြီး မဟုတ်မဟတ် ကြံစည်လာတော့ စိတ်စွမ်းအားရှင် နတ်ဝင်သည် အစ်မကြီး ဟောသွန်းက ချည်နှောင်မန္တန်နဲ့ သူ့ရဲ့ရွှေဖရုံသီးမှာပိတ်လှောင်ထားလိုက်ရောတဲ့။ ဒီမှာပဲ ဒီဘက်ခေတ်ရောက်လာတော့ ဘရွတ်ကလင်ကနေ အိမ်ပြောင်းလာခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး ဆစ်ဒ်နေ က ဂျက် ရဲ့ ရွှေဖရုံသီးကို မီးညှိလိုက်တာကစ၊ ရာစုနှစ်‌ေတွကြာ ပိတ်မိနေတဲ့ စတင်ဂျီ ဂျက် တစ်ယောက် ဟောလိုးဝင်းညကို ပြန်အပိုင်စား ရသွားတဲ့အခါ ...။ Family fantasy horror လေးမလို့ ဟာသကဲတဲ့ သရဲကားလေးပါ။ ဟောလိုးဝင်းည မရောက်ခင်မှာ ဟောလိုးဝင်းကို အကြိုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.4GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:29:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • Romance
6.6 2022 89 mins
The Curse of Bridge Hollow
Ultimate Avengers 2: Rise of the Panther
6.7

ဒါက​တော့ ၂၀၀၆ထွက် Ultimate Avengers: The Movieရဲ့ အဆက်ပဲဖြစ်ပါတယ်။ ပထမကားမှာ ချီတာရီ​တွေကို အနိုင်ယူ ခဲ့​ပေမယ့် ကပ္ပတိန်အ​မေရိကဟာ စစ်ပြန်​တွေရဲ့ ထုံးစံအတိုင်းပဲ PTSDအ​​သေးစား ဖြစ်လာတာ​ကြောင့် မစ်ရှင်​တွေပဲ ဖိလုပ်ရင်း သူဦး​ဆောင်ရတဲ့ Avengersအဖွဲ့နဲ့ အဆင်မ​​ပြေဘဲ One Man Armyလိုဖြစ်လာပါတယ်။ ​ဒေါက်တာဘန်နာကလည်း ​ဟော့ခ် ပုံစံကို မထိန်းချုပ်နိုင်တာ​ကြောင့် ဖြူရီရဲ့ ချုပ်​နှောင်ထားမှုကို ခံ​နေရပါတယ်။ အဲဒီအချိန်မှာ ကပ္ပတိန်အ​မေရိက​ကြောင့် ၁၉၄၅ခုကတည်းက ​သေသွားပြီလို့ ထင်မှတ်ထားကြတဲ့ ချီတာရီ​ကောင် တစ်ဖြစ်လဲ နာဇီဗိုလ်ချုပ်ကလိုင်ဇာဟာ ဝါကန်ဒါတိုင်းပြည်မှာ တစ်ဖန်ပြန် ​ပေါ်လာပြီး တီချာလာတို့ဆီက စွမ်းအင်အရင်းမြစ်ကို လုယူပြီး တစ်ကမ္ဘာလုံးကိုဖျက်ဆီးဖို့ ကြိုးစားလာတဲ့အတွက် စည်းလုံးမှု အားနည်း​နေတဲ့Avengersအဖွဲ့နဲ့ Black Pantherတို့​ပေါင်းပြီး ကလိုင်ဇာနဲ့ ကမ္ဘာဖျက်ရန်စွယ်ကို နှိမ်နင်းဖို့ အ​ကြောင်းဖန်လာ ပြန်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / (410 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......JimX Encoder..........SWM

Drama • Romance • Thriller
6.7 2006 73 mins
Ultimate Avengers 2: Rise of the Panther
One Day, You Will Reach the Sea
7.1

လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။ မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။ လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe Lay Encoded by Kinnov

Comedy • Family • Fantasy
7.1 2022 126 mins
One Day, You Will Reach the Sea
Reign of Fire
6.2

Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ရေခဲခေတ်ကိုရောက်၊ သူတို့က သက်ရှိမှန်သမျှ စားပစ်ကြပြီး စားစရာမရှိ ငတ်မွတ်လာတဲ့အခါမှာ မြေအောက်ကိုဝင်ပြီး တစ်ရေးအိပ်နေကြပါသတဲ့။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့။ နဂါးကြီးဟာ အဖော်အပေါင်းတွေနဲ့ ပြန်လည်နိုးထလာပြီး လူ့လောကကို သိမ်းပိုက်လိုက်ပါတယ်။ တွေ့သမျှကို မီးလောင်တိုက်သွင်း၊ အသက်ရှိသမျှ စားလာလိုက်တာ လူ့ပြည်ပျက်တဲ့အထိပေါ့။ ရှိသမျှလက်နက်တွေ နျူတွေနဲ့ ခုခံခဲ့ပေမဲ့ သူတို့ဘက်ကနေ ကမ္ဘာကို ကူဖျက်ပေးမိသလိုပဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂွတော့အကျသားဗျ။ ဒီတော့ လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်လာပြီး အကာအကွယ်နေရာတွေမှာ စားစရာကြံဖန်ပြီး မြေအောင်းကြွက်တွေလို နေရတဲ့ခေတ် ရောက်သွားတာပေါ့လေ။ ဒီတော့ နဂါးအုပ်စိုးတဲ့ နဂါးတို့ပလ္လင်ကို လူတွေ ဘယ်လိုပြန်လုကြမလဲဆိုတာ ကြည့်ရမယ့် ဇတ်ကားတစ်ကားပါ။ ခေတ်မီကာလမှာ ခေတ်ဟောင်းသတ္တဝါကို ထည့်ရိုက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ကားပေါ့။ Cast တွေကလည်း မညံ့လှဘူးဗျ။ Interstellar ဇာတ်ကားရဲ့မင်းသားကြီး McConaughey က အဓိကသရုပ်ဆောင်ထားပြီး ၊ Christian Bale , Gerard Butler တို့လို မင်းသားကြီးတွေနဲ့ အလန်းပါပဲ။ IMDb 6.2 ဆိုတော့ apocalypse ကားတစ်ကားအတွက် တော်တော်မြင့်နေပါပြီ။ ပြန်လည်ရှုစားကြပါစို့။ File size…(2.4 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Romance
6.2 2002 101 mins
Reign of Fire
Kimi
6.2

Siri လည်းမဟုတ် Alexa လည်းမဟုတ် ... နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။ Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။ တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်...ရပ်လိုက်...တော်ပါတော့...” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ... အညွှန်းကိုတော့ JoJoVa က ရေးသားပေးထားပြီးတော့ ဘာသာပြန်ပေးထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.34 GB, 738MB, 244MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder .....August

Horror • Mystery • Thriller
6.2 2022 89 mins
Kimi
Causality
6.4

Amazon Prime ကနေပြီး ပြသတဲ့ Causality ဆိုတဲ့ မူဗီလေးတင်ဆက်ပေးပါရစေ။ Causality ကိုမြန်မာမှုပြုရင် "အကြောင်းကြောင့်အကျိုးဖြစ်ခြင်း"လို့အဓိပ္ပာယ်ရပါတယ်။ ကိုယ်ကတစ်စုံတစ်ခုအပြစ်လုပ်ထားမိခဲ့ရင် တစ်ချိန်ချိန်မှာထိုအပြစ်ရဲ့အကျိုးကိုပေးဆပ်ရမှာပါ။ ဘယ်လိုပေးဆပ်ရမလဲဆိုတာကိုတော့မသိပေမယ့် ပြန်လည်ပေးဆပ်ရမှာကတော့ရှောင်လွှဲမရတဲ့ အရာပါ။ လူတစ်ယောက်ကိုစောင့်ရင်း ဆေးခတ်ခံလိုက်ရလို့ Metropolitan ဆေးရုံကိုသတိလစ်ပြီး ရောက်လာတဲ့ Claudiaတစ်ယောက်ဆေးရုံထဲမှာပျောက်ဆုံးသွားခဲ့ရာကအစပြုပြီး၊ Metropolitan ဆေးရုံက အရှုပ်တော်ပုံတွေပေါ်လာခဲ့တဲ့ ဒီဇာတ်ကားလေးမှာရော . ဘယ်သူတွေကဘာအပြစ်တွေ လုပ်ခဲ့လို့ ဘာတွေပြန်ပေးဆပ်ရမှာလဲ ဘယ်လိုပြန်ပေးဆပ်ရမှာလဲကိုတော့ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားတစ်ခုလုံးရဲ့နှလုံးအိမ်ကို ဆေးရုံတစ်ခုတည်းမှာပဲတည်သွားခဲ့သလို ဇာတ်ကားတစ်ကားလုံး ကိုလည်း ရိုက်ချက်တစ်ချက်တည်းနဲ့ပဲရိုက်ကူးထားပါတယ်။ရိုက်ကူးနေရင်း တစ်ပြိုင်နက်တည်း Recordပါ လုပ်ခဲ့ပြီးတော့ ပြန်တည်းဖြတ်ထားတာမျိုးလည်းမရှိခဲ့တဲ့ Psychological Thriller and Drama ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.67 GB) /(718 MB) / (448 MB) Quality – WEBRIP 1080p / 720p/480p Duration - 1h 54 mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee Encoder – SWM

Crime • Drama
6.4 2021 114 mins
Causality
The Perfect Dinner
6.4

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးက အီတာလျံ အစားအစာတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ အီတလီနိုင်ငံ နာပိုလီမြို့နဲ့ ရောမမြို့ကို အခြေပြုရိုက်ကူးထားတဲ့ ဟာသ၊ ဒရာမာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အီတလီနိုင်ငံ နာပိုလီမြို့မှာ ကမ်မီလိုလို့ ခေါ်တဲ့ မာဖီးယားဂိုဏ်းက အုပ်စိုးနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု နဲ့ တခြားဒုစရိုက်မှု မျိုးစုံကို လုပ်နေပါတယ်။ ကားမီရဲဆိုတဲ့ ကောင်လေးက ဖခင်ဆုံးပါးပြီးကတည်းက ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ကမ်မီလိုဂိုဏ်းခေါင်းဆောင်က ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ နေခဲ့တာပါ။ နဂိုစိတ်ကောင်းရှိတဲ့ ကားမီရဲက သူ့ပတ်ဝန်းကျင်က မကောင်းမှု လုပ်သူတွေနဲ့ သဟဇာတမဖြစ်တာ မထူးဆန်းပါဘူး။ တနေ့တော့ သူငယ်ချင်းဟောင်းကို သေနတ်နဲ့ ပစ်သတ်ဖို့ ငြင်းဆန်ခဲ့တဲ့ ကားမီရဲကို အပြစ်ပေးတဲ့အနေနဲ့ ရောမမြို့က ငွေကြေးခဝါချတဲ့ စားသောက်ဆိုင်ကို ဟန်ပြဦးစီးဖို့ လွှတ်လိုက်ပါတယ်။ ဟင်းလျာချက်ပြုတ်မှုမှာ တော်ပေမယ့် ခေါင်းမာပြီး လုပ်ချင်ရာ လုပ်တတ်တဲ့ စားဖိုမှူး ကွန်ဆွယ်လို ဆိုတဲ့ မိန်းကလေးနဲ့ ရောမမြို့မှာ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ မစ်ရှီလင်ကြယ်ပွင့်ရဖို့အထိ ရည်မှန်းချက်ကြီးတဲ့ ကွန်ဆွယ်လိုကို ကြိုက်မိသွားတဲ့ ကားမီရဲတစ်ယောက် ဘယ်လိုဘယ်ပုံ ရှေ့ဆက်ကြမလဲ ဆိုတာကို ဟာသလေးတွေနှောပြီး ရိုက်ကူး တင်ဆက်ထားတာကို ကြည့်ရှုရမှာပါ.. File size…2.13GB / 1.01GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

TV Movie • Drama • Romance
6.4 2022
The Perfect Dinner
The Coast Guard

The Coast Guard (2002) ဒီတစ်ခါပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ ၂၀၀၂ ခုနှစ်က ထွက်ထားတဲ့ ကိုရီးယားစစ်အက်ရှင်ကားလေးပဲ‌ဖြစ်ပါတယ်။ IMDb 6.5/10 ရထားပြီး ဆု ၃ ဆုရရှိထားသလို စံကာတင်စာရင်း တစ်ကြိမ်ဝင်ထားတဲ့ ကားလေးမို့ မခေဘူးလို့ပြောလို့ရတဲ့ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးဒါရိုက်တာရင် မင်းသားပါ ပါဝင်ထားတာမို့ သရုပ်ဆောင်ပိုင်းကလည်း ပြောစရာမလိုပါဘူး။ အမြင်မသင့်တော်တဲ့ဇာတ်ကွက်နဲ့ အသုံးအနှုန်း‌တွေပါတာမို့ အသက်မပြည့်သေးတဲ့သူနဲ့ နှလုံးရောဂါရှိသူတွေ မကြည့်ဖို့တော့ ကြိုအကြံပေးပါရစေ။ ဒါဆို Plot ပိုင်းကိုသွားပါမယ်။ Plot ကတော့ တောင်ကိုရီးယားရဲ့ ကမ်းရိုးတန်းက ကမ်းခြေစောင့်တပ်ဖွဲ့မှာ သူလျှိုဖမ်းဖို့ အရူးအမူးဖြစ်နေတဲ့ တပ်သားတစ်ယောက်ရှိပါတယ်။ နေ့နေ့ညည သူလျှိုချင်းထပ် ထိုင်အော်နေရာက တစ်ညမှာတော့ တားမြစ်နယ်မြေထဲကိုမှ အမူးလွန်ပြီး အာဝါဟာကျတဲ့အတွဲရောက်လာပါရော။ ဖြစ်ချင်တော့ ဒီကမဲမဲမြင်ရာပစ်ချင်နေတဲ့ကောင်နဲ့လည်းတိုးရော ယောက်ျားလေးဖြစ်သူမှာ အာဝါဟပြီးစတင် သေနတ်စာမိပါလေရော။ ဒါကို စိမ်းစိမ်းကြီးမြင်ထားရတဲ့ သူ့ကောင်မလေးမှာလည်း ဟက်ကော့ကြီးရူး။ ပစ်လိုက်တဲ့ကိုယ်တွေကောင်ကြီးဆိုတာလည်း သေနတ်အရသာမိပြီး ထရာမာရ။ ဒါ့အပြင်မိန်းမကလည်းပစ် ဂေါက်သွားတော့ တပ်ကလည်းထုတ်နဲ့ ပဋာကိုမြေလူးပါလေရော။ ဒါပေမယ့် ဇာတ်လမ်းကခုမှစမှာ ရူးသာရူးတယ် တပ်ရင်းတစ်ခုလုံးကို နာမည်လေးတစ်လုံးနဲ့သုံးပြီး ပတ်အာဝါဟဝိဝါဟပြီး အစ်ကိုနဲ့ရန်တိုက်ပေးတဲ့ အရူးမနဲ့ တပ်ကိုပြန်ဝင်ဖို့လုပ်ရင်း လက်မခံလို့ သေနတ်ခိုးပြီး ကိုယ့်တပ်စုကလူ ကိုယိပြန်သတ်တဲ့အရူး၊ အရူးနှစ်ကောင် ရွှေဉာဏ်တော်စူးရောက်ချက်တွေကို သေနတ်သံမဆဲကြည့်ရမှာပဲဖြစ်ပါတယ်။ File size… 3.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. War/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aditi

0 2002 96 mins
The Coast Guard
Tiragabadara Saami
6.9

Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း” Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။ ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။ လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့ ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Family
6.9 2024 115 mins
Tiragabadara Saami
Peeping Tom
7.6

Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 41Min Genre – Slasher Horror, Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

War • Drama
7.6 1960 101 mins
Peeping Tom
Meet Me Next Christmas
5.8

ခရစ္စမတ်အချိန်ကာလရောက်တိုင်း မရိုးရအောင်ကြည့်ကောင်းနေကျ ခရစ္စမတ်အချစ်ကားတွေထဲမှာ ၂၀၂၄ အတွက်အသစ်ထွက်ရှိလာတာ ကတော့ Meet Me Next Christmas ပဲဖြစ်ပါတယ်။ လေဆိပ်ဧည့်စောင့်ခန်းမှာဆုံရင်း စိတ်ချင်းဆက်သွယ်မိခဲ့ကြတဲ့ လေလာနဲ့ဂျိမ်းစ်ဟာ နောက်နှစ်ခရစ္စမတ်မှာ လူလွတ်တွေဖြစ်ခဲ့ကြရင် သူတို့ကြိုက်တဲ့အဆိုတော်အဖွဲ့ရဲ့ရှိုးပွဲမှာပြန်ဆုံတွေ့ကြမယ်လို့ ချိန်းဆိုခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ ခရစ္စမတ်မတိုင်ခင်နှစ်ရက်အလိုမှာ လူလွတ်ဖြစ်သွားခဲ့တဲ့လေလာဟာ ဂျိမ်းနဲ့သွားတွေ့ချင်ပေမယ့် ရှိုးပွဲလက်မှတ်က ဝယ်လို့မရတော့ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်တာတောင်မရတဲ့အခါမှာတော့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကိုအကူအညီတောင်းခံခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးသူတတ်ဒီဟာ လေလာနဲ့အတူ လက်မှတ်ရအောင် လိုက်ကြိုးစားပေးရင်း ချစ်ကြိုးသွယ်မိသွားခဲ့တာကြောင့် လေလာတစ်ယောက် တတ်ဒီနဲ့ဂျိမ်းစ်ကြားမှာတစ်ယောက်ကိုပဲ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.62GB) / (883MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.8 2024 105 mins
Meet Me Next Christmas
Sugar Baby
4

Sugar Baby (2024) IMDb Rating (4.0) မာရီဟာတက်သစ်စ Sugar-baby လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာ Sugar-Daddy ကိုတစ်ယောက်ပြီးတစ်ယောက်ပြောင်းထားဖို့ထက် လိုချင်တာအားလုံးဖြည့်ဆည်းပေးနိုင်မယ့် တစ်ယောက်ယောက်နဲ့သာ လက်တွဲသွားဖို့ဆန္ဒရှိနေပါတယ်။ အဲ့ဒီစိတ်ကူးတွေဟာ ဂျက်ဖ်ဆိုတဲ့သူဌေးကြီးတစ်ယောက်က သူနဲ့တစ်ပတ်စာလာနေဖို့သက်သက်ကို ဒေါ်လာခြောက်သောင်းနဲ့ကမ်းလှမ်းလာချိန်မှာတော့ လမ်းစပွင့်လာပါတော့တယ်။ ဂျက်ဖ်ဟာ ချမ်းသာရုံမက၊ ရုပ်ရည်ကပါ ခန့်ညားပြီး သူ့အပေါ် တကယ့်ချစ်သူတစ်ယောက်အပေါ်ဆက်ဆံသလိုလိုလေသေးမရှိဖူးဖူးမှုတ်ထားတဲ့သူပါ။ ခန်းလုံးပြည့် ဒီဇိုင်နာအဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ခြံအကျယ်ကြီးထဲကခဏတာ ဘ၀သစ်ကိုယစ်မူးနေတဲ့ မာရီအတွက် အိမ်မက်က လန့်နိုးစရာအကြောင်းချင်းရာတွေ တစ်စပြီးတစ်စ ရှာတွေ့လာတဲ့နောက်မှာတော့ ဒီအနေအထားကိုပြန်သုံးသပ်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒါကတော့ ဂျက်ဖ်က တကယ်တမ်းမှာ ဘယ်လိုလူစားလဲဆိုတာပါပဲ? လိင်မှုနဲစီးပွားရှာကြတဲ့ သာယာမှုရှာကြသူတွေရဲ့လောကကို အခြေခံတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကြမ်းတမ်းတဲ့အသုံးအနှုန်းတစ်ချို့နဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ ဝတ်လစ်စလစ်အခန်းတချို့ နှင့် 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Thriller Duration….01:28:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Horror • Thriller
4 2024 88 mins
Sugar Baby
Babe: Pig in the City
5.9

Babe: Pig in the City (1998) IMDb Rating (5.9) / Rotten Tomatoes (65%) Pig in the city ကတော့ ၁၉၉၈ ခုနစ်ကထွက်ရှိထားတဲ့ family, adventure, comedy ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဘေဘီလို့ခေါ်တဲ့ဝက်ကလေးဟာ လယ်သမားကြီးအာသာရဲ့အချစ်တော် သိုးထိန်းဝက်ကလေးပဲဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေကြောင့် တစ်နေ့မှာတော့ မြို့ကိုအလည်လာဖို့ဖိတ်ကြားခံရတဲ့ဝက်ကလေးဟာ မြို့ပေါ်မှာ ဘယ်လိုသူငယ်ချင်းအသစ်တွေနဲ့ကြုံဆုံပြီး ဘယ်လိုစွန့်စားခန်းတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Comedy,Drama,Familr Duration….01:36:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Senju

Drama
5.9 1998 96 mins
Babe: Pig in the City
A Boy Who Went to Heaven
6.5

A Boy Who Went to Heaven (2005) *************************************** CM ပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy,Romance ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Cast တွေအနေနဲ့ Decision to leave, Eungyo, War of the arrows စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသားကြီး Park Hae Il နဲ့ Sky Castle ထဲက မင်းသမီးကြီး Yum Jung Ah တို့ အဓိကပါဝင်သရုပ်ဆာင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ******************* “ငါတို့ နယ်မို ကြီးလာရင် ဘာဖြစ်ချင်လဲ… အဆိုတော်လား ရုပ်ရှင်သရုပ်ဆောင်လား” “ကျွန်တော်ကတော့ Single Mother တစ်ယောက်နဲ့ လက်ထပ်ချင်တယ်” နယ်မြို့လေး တစ်မြို့က Single Mother တစ်ယောက်ရဲ့ သားဖြစ်သူ ၁၃နှစ်အရွယ် နယ်မို ဆိုတဲ့ကောင်လေးဟာ အမေဆုံးသွားပြီးနောက် သူ့အမေရဲ့ဆိုင်နေရာကို ဆိုးလ်ကနေပြောင်း‌‌လာတဲ့ Single Mother ဖြစ်သူ ဘူဂျာ ကို ချစ်မိပြီး တစ်နေ့ ဘူဂျာတို့ သားအမိနဲ့အတူ ရုပ်ရှင်သွားကြည့်ရင်း ရုပ်ရုပ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နယ်မို တစ်ယောက် သေဆုံးပြီး ကောင်းကင်ဘုံကို ရောက်သွားခဲ့တယ် အသက် ၉၃ နှစ်အထိ နေရမဲ့ နယ်မို ကို ၁၃ နှစ် အရွယ်မှာ မှားခေါ်ခဲ့မိတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တစ်ရက်ကို တစ်နှစ်အဖြစ်နဲ့ လူ့ပြည်မှာ ရက် ၈၀ ပြန်နေထိုင်ခွင့် ပေးခဲ့တယ်။ ဒီလိုနဲ့ လူ့ပြည် ပြန်ရောက်လာတဲ့ နယ်မို တစ်ယောက် သူချစ်ခဲ့ရတဲ့ ဘူဂျာတို့ သားအမိကို စောင့်ရှောက်ရင်း နေထိုင်ခဲ့ပေမဲ့ ရက် ၈၀ ပြည့်ရင် သေဆုံးရ‌တော့မဲ့ နယ်မိုရဲ့ အချစ်ဇာတ်လမ်းလေးက လှပနိုင်ပါ့မလား…ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ Hsu က ရေးသားထားပါတယ်) File Size – 2.57 GB/ 1.13 GB Quality – WEB-DL 1080p/ 720p Duration – 1h 54m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Hsu Encoded by – Treasure Htet

6.5 2005 114 mins
A Boy Who Went to Heaven