YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Blooming Days E15 1080p WEB-DL CM.mp4

508.52 MB 1080p video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
Private Eye
6.5

Private Eye(2009) ***************** ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလို plot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ.. ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီ တစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာ လူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်း နောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီး အထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့် အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်.. File Size : (2.1GB) and (875MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myat Noe Encoded by Phyo Pyae

Drama • Horror • Mystery • Romance • Thriller
6.5 2009 111 mins
Private Eye
Maggie Moore(s)
5.8

Maggie Moores (2023) ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။ 2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။ အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။

Action
5.8 2023 99 mins
Maggie Moore(s)
Greyhound
7.4

Greyhound(2020) IMDb...7.2,,,Rotten....78% အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ... ကပ္ပတိန် Ernest Krause  ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီး North Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ... သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာ ရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ.... ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်း စစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့.... ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီး Captain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီး စက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့ အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့ တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူး ဝုန်းဂျိန်းနဲ့ကိုတွယ်တာပါ...ကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause  နေရာကိုရောက်သွားပြီး မွန်းကြတ်လာပါလိမ့်မယ်...ခံစားကြည့်ကြပါဉီး.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်... File Size : (1.74GB) (900 MB) and (340 MB) Quality :WEB-DL 1080p 5.1CH, WEB-DL 720p Format…mp4 Duration…01:31:00 Genre : Action , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by  Hein That Naing & Aye Mon Kyaw Encoded by Phyo Pyae

Drama
7.4 2020 91 mins
Greyhound
[18+] Piaffe
6

Piaffe (2022) ~ IMDb – 6/10, Rotten Tomatoes – 92% ~ ဒီကားကို German Expressionist Cinema ရုပ်ရှင်လို့ပြောလို့ရလောက်မယ်။ ဂျာမန်တွေဟာ German Expressionist ရုပ်ရှင်တွေကို ပထမကမ္ဘာစစ်လွန်ကာလတွေကတည်းက ရိုက်ခဲ့ကြတာဆိုတော့ ဒီလိုင်းမှာ ဂျာမန်တွေရဲ့စကေးက အထင်တော့သေးမရဘူး။ The Cabinet of Dr. Caligari (1920), Nosferatu (1922), Metropolis (1927) နဲ့ M (1931) တို့လို ရုပ်ရှင်သမိုင်းရဲ့ မှတ်ကျောက်တစ်ခု အထင်ကရတစ်ခုဖြစ်ခဲ့ကြတဲ့ Expressionist ရုပ်ရှင်တွေလည်း ဂျာမန်က ဟိုးကတည်းက ထုတ်ခဲ့ဖူးတယ်။ ဒီတော့ ဂျာမန် Expressionist ရုပ်ရှင်တွေကို အထင်သေးလို့မရပါဘူး။ ဒီကားလည်း ခရမ်းချဉ်သီး ၉၂လုံးရထားတဲ့ကားပါပဲ။ ဇာတ်ကတော့ စားတယ်။ Expressionist ရုပ်ရှင်ပီသအောင်ပဲ Realism ကိုပယ်ပြီး ထင်ယောင်ထင်မှားအမြင်တွေ အတွင်းစိတ်ကိုထင်ဟပ်နေတာတွေကို နိမိတ်ပုံဆန်ဆန်ပြထားတယ်။ ဇာတ်လမ်းအကျဉ်းတော့ မလိုပါဘူး။ ကြည့်ကြည့်ဖို့ပဲလိုတာပါ။ မရဘူး ဇာတ်လမ်းသိချင်သပဆိုရင်တော့ ဒီလို… ကောင်မလေးတစ်ယောက်က သူ့မောင် ဆေးရုံရောက်နေတုန်း သူ့မောင်အလုပ်ကို အစားဝင်လုပ်ပေးတယ်။ သူက Introvert ဆိုတော့ လူတွေနဲ့ ဆက်ဆံရတာကို သိပ်အသားမကျဘူး။ ဒီလိုနဲ့ လုပ်ရင်းကိုင်ရင်း သူ့မြှီးညှောင့်ရိုးကနေ မြင်းမြီးကြီးထွက်လာခဲ့တယ်။ ဒါပါပဲ။ ပြောခဲ့သလိုပဲ ကြည့်ကြည့်ဖို့ပဲလိုတာပါ။ မောင်နဲ့နှမ သားနဲ့အမေ တူယှဉ်တွဲမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတွေတော့ ဖောဖောသီသီပါပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 26Min Genre – Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6 2022 86 mins
[18+] Piaffe
Klip Anker Baai

Klip Anker Baai (2023) ဇာတ်လမ်းအညွှန်း အဲလက်စ်ဒွန်နေးက သူမရဲ့ ဖခင်နဲ့ အဆင်မပြေဖြစ်ပြီး မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးမှာ အသက်မွေးဝမ်းကျောင်းပြုအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့ ဖခင် ပင်လယ်ထဲထွက်ရင်း သေဆုံးသွားတဲ့ အကြောင်း သူမရဲ့ အစ်ကိုနဲ့ အဒေါ်တို့က လှမ်းအကြောင်းကြားလိုက်တဲ့အခါ သူမဖခင်ရဲ့ နာရေးကိစ္စအတွက် မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ နာရေးအခမ်းအနားကိုရောက်လိုက်မှ သူမဖခင်ရဲ့ သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သူမဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကဘာလဲဆိုတာကို သူမဖော်ထုတ်နိုင်မှာလား။ သူမရဲ့မွေးရပ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ မြေတွေကို ကုမ္ပဏီအကြီးကြီးတစ်ခုက ဖိအားပေးလိုက်လံဝယ်ယူနေတဲ့အခါ သူမဘယ်လိုဖြေရှင်းပေးမလဲ။ သူမဖခင်သေဆုံးမှုကရော ထိုကုမ္ပဏီကလူတွေရဲ့ လက်ချက်များဖြစ်နေမလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(794 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
Klip Anker Baai
Second Life
6

တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။ လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ……

6 2024
Second Life
The Killer’s Game

Dave Bautista ရဲ့ အက်ရှင်ကားအသစ် ထွက်လာပါပြီ။ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်း‌ရော ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဖလက်ဆိုတဲ့လူဟာ ဥရောပရဲ့ အတော်ဆုံး ကြေးစားလက်မရွံ့ပါ။ တစ်နေ့မှာတော့ သူဟာ ဘဲလေးအကမယ်လေးတစ်ယောက်နဲ့ ချစ်မိသွားပြီး အငြိမ်းစားယူဖို့ကြိုးစားလာပါတယ်။ ဒါပေမဲ့ အငြိမ်းစားမယူခင်မှာပဲ ကုမရတဲ့ရောဂါတစ်ခုကြောင့် ၃ လလောက်ပဲ နေရတော့မယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် သူ့အလုပ်ကို သူ့ချစ်သူမသိခင် သူ့ကိုယ်သူ အသတ်ခံရအောင် ဆုငွေထုတ်ပြီး ထွက်သွားဖို့ လမ်းကိုရွေးလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့ကို တကယ်တမ်း လက်မရွံ့တွေ အကုန်လိုက်ပြီး သတ်ကြတဲ့အခါမှာတော့ အသက်ရှင်စရာအကြောင်းတွေနဲ့ သူ့ချစ်သူကို ကယ်ဖို့လိုအပ်လာတာတွေပေါ်လာတာကြောင့် သူဆုငွေထုတ်မိတဲ့ ကြေးစားတွေကို သူကိုယ်တိုင် အကုန်ပြန်ရင်ဆိုင်ရပါတော့တယ်။ File size… (4.7 GB)/(1.9 GB)/(677 MB) Quality….Webrip 4K HEVC / 1080p / 720p Format…mkv / mp4 Duration….01:38:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2024
The Killer’s Game
The Larva Island Movie

The Larva Island Movie (2020) ***************************** The Larva Island Larva လို့ဆိုလိုက်တာနဲ့…ကျွန်တော်တို့ ၂၀၁၁လောက်က ထွက်တဲ့ အနီရောင်နဲ့အဝါရောင်.. ပိုးကောင်လေး၂ကောင်ကိုမြင်မိကြမှာပါ။ Tom & Jerry ပြီးရင် အရီရဆုံး animated cartoon လို့ပြောရင်မမှားပါဘူး။ ကျွန်တော်တို့ စမြင်ခဲ့တဲ့ Lava ၂ကောင်ဟာမြို့ပြရဲ့ရေဆိုးမြောင်းအောက်လိုနေရာလေးကနေ စရင်းနှီးခဲ့ပါတယ် … နောက်ပိုင်းseason တွေမှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ လူတစ်ယောက်နဲ့အတူပါလာတာတွေ့မိပါတယ် … အခု Larva Island ဟာ Larva season timeline တွေကိုရှေ့သွားနောက်လိုက်ညီအောင်ချုပ်ပေးလိုက်တာပါ… ဒီ movie လေးကြည့်ရင်နောက်ထွက်တဲ့ series အပိုင်းတွေပါကာမိမယ်ထင်ပါတယ်။ အခုmovie ရဲ့ Plot ကတော့ ချက်ခ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အပျော်စီးသင်္ဘောပျက်ရာကနေ…အသွားအပြန်ခြေငါးလှမ်းစာလောက်ရှိတဲ့ ကျွန်းပိစိလေးပေါ်မှာသောင်လာတင်ပါတော့တယ်။ အဲဒီမှာ လာဗာ၂​ကောင်နဲ့စတွေ့မိတာပဲ။ ချက်ခ်တစ်ယောက်ဘယ်လိုလုပ်… အဲဒီကျွန်းကလွတ်လာမလဲဆိုတာ ဟာသလေးတွေနှောပြီးကြည့်ရမှာပါ…Larva မှာအထူးအခြားပြောစရာရှိတာက… သူသုံးထားတဲ့ humour type ပါ။ slapstick လို့ခေါ်တဲ့အကောင်သေးသေးလေးတွေ heavy ကြီးတွေလုပ်ပြတာမျိုးပေါ့။ ဥပမာ Tom and Jerry မှာ Tom တို့ Jerry တို့ ပစ္စည်းအလေးကြီးတွေ မ ပြသလိုဟာလေးတွေသုံးထားတယ် … နောက်ပြီးသူ့ရဲ့ signature humour ဖြစ်တဲ့ toilet humour ကိုဖောဖောသီသီထည့်ပေးထားလို့ ပါးစပ်တောင်စေ့ချိန်မရပါဘူး … သို့ဖြစ်စေကာမူ Korea Production တို့ထုံးစံအတိုင်း လူကိုကြည်နူးသလို ငိုချင်သလို လွမ်းသလိုဖီးကြီးမျိုးရအောင်လုပ်ဦးမှာမို့.. ဘဝအမောပြေရုံသာမက message လေးတစ်ခုခုမျှော်ကိုးချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ကာတွန်းကောင်းလေးတစ်ခုပါ… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပါတယ်… File Size : 1.9GB / 900MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Heather Oo

0 2020
The Larva Island Movie
Scooby-Doo! Abracadabra-Doo
6.8

ဒီဇာတ်ကားမှာ စကူဘီတို့ Mystery Incအဖွဲ့သားတွေဟာ ဗယ်မာရဲ့ညီမလေး မယ်ဒလင်း တက်နေတဲ့ မျက်လှည့်သင်တန်းမှာ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် ခြောက်လှန့်နေတယ်ဆိုပြီး တစ်ဖွဲ့လုံးသွားစုံစမ်းကြတဲ့အကြောင်းရိုက်ကူးထားတာပါ။ မယ်ဒလင်းတက်နေတဲ့ မျက်လှည့်‌ကျောင်းက ရှေးရဲတိုက်တစ်ခုမှာ ဖွင့်ထားတာဖြစ်ပြီး မှော်အတတ်လိုက်စားတယ်လို့ နာမည်ကြီးတဲ့ အိုင်ယာလန်နယ်စားတစ်ယောက် ပိုင်ခဲ့တဲ့ရဲတိုက်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီရဲတိုက်ဟာ ကျိန်စာတိုက် ခံထားရတာကြောင့် ဂရစ်ဖင်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ခံနေရပြီး ကျောင်းကိုပါပိတ်ပစ်လိုက်ရမလို ဖြစ်နေတာပါ။ စကူဘီတို့အဖွဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာလား။ အဲဒီရဲတိုက်က တကယ်ပဲ ကျိန်စာသင့်နေတာလား။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ File Size : 1.2 GB, 676 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.8 2010
Scooby-Doo! Abracadabra-Doo
Christmas Cowboy
6.8

Christmas Cowboy (2024) Genre – Drama, Romance, Comedy IMDb – 6.9/10 Christmas Cowboy ဆိုတာ ခရစ္စမတ်ပွဲတော် နဲ့ ‌‌‌‌ကောင်းဘွိုင်(မြင်းစီးနွားကျောင်းသား)တို့ရဲ့ ရိုးရာပုံစံ၊ တစ်နည်း ဥရောပနှင့် အမေရိကန်တို့၏ ဓလေ့များကို ရောနှောပေါင်းစပ်ထားသော ပွဲလမ်းသဘင်တစ်မျိုးဖြစ်ပါတယ်။ ခရစ္စမတ်ကာလတွင် ခရစ္စမတ်အပြင်အဆင် သို့မဟုတ် ဝတ်စုံများဖြင့် ကောင်းဘွိုင်စွမ်းရည်ပြပွဲများပြုလုပ်ခြင်း သို့မဟုတ် ကောင်းဘွိုင်အပြင်အဆင်ရှိသော ခရစ္စမတ်ပွဲပါတီကျင်းပခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဇာတ်လမ်းကတော့ မယ်ရီဆိုတဲ့ မိန်းကလေးဟာ ကျော်ကြားတဲ့ မြင်းစီးပညာရှင်အမေကို အားကျသူဖြစ်ပြီး မြင်း‌ခင်းပွဲကြောင့်ပဲ အမေကိုဆုံးရှူံးလိုက်ရတဲ့အခါမှာတော့ ဇာတိမြို့လေးကို မပြန်ချင်တော့လောက်အောင် စိတ်နာသွားခဲ့ပါတယ်။ တွန်းအားပေးလွန်းတဲ့ အဖေနဲ့လည်း ကတောက်ကဆရှိသူဖြစ်တာကြောင့် အိမ်မပြန်ဖြစ်တာ ဆယ်စုနှစ်ချီပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တန်ကြေး ဘီလီယမ်ချီတဲ့ စီမံကိန်းတစ်ခုကြောင့် ခရစ္စမတ်ကာလနီးနေချိန်မှာ ဇာတိကိုမပြန်ချင်ပဲ ပြန်လာခဲ့ရသလို စီမံကိန်းပိုင်ရှင်ကလည်း တခြားကုမ္ပဏီမှ ကိုယ်စားလှယ်နဲ့ သူမကို စာချုပ်ချုပ်ခွင့်ရဖို့အတွက် မိသားစုပြိုင်ပွဲနွှဲခိုင်းပါတယ်။ အဲဒီအခါမှာတော့ သူမနဲ့ စိတ်အစာမကြေတာတွေ ပြည့်နေတဲ့ သူမမိသားစုတို့ ပူးပေါင်းပြီး ပြိုင်ပွဲကို အနိုင်ရဖို့ ကြိုးစားကြတဲ့အခါ… ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ တခြား Christmas theme ရုပ်ရှင်တွေလို မဟုတ်ဘဲ ခရစ္စမတ်ကို လုံးဝနီးပါး ဇောင်းပေးမထားတာပါ။ နောက်တစ်ခု credit ပေးချင်တာကတော့ ဗီလိန်ကောင်းပါ။ ဗီလိန်ကောင်းကြောင့် ဇာတ်ကားက အရသာရှိတာလို့ပဲ ပြောချင်ပါတယ်။ ခရစ္စမတ်ရုပ်ရှင်တို့ ထုံးစံအတိုင်း သီချင်းကောင်းလေးတွေနဲ့ ရှုစားရမှာပါ။ သရုပ်ဆောင်တွေကတော့ Eliana Ghen, Gracie Cashman, Courtney Gains နဲ့ Armando Gutierrez တို့က ဦးဆောင်ပါဝင်ပါတယ်။ ဒါရိုက်တာကတော့ Khoa Le ဖြစ်ပြီး ဇာတ်ညွှန်းကို Eliana Ghen ကိုယ်တိုင်ရေးပေးထားပါတယ်။ အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။

6.8 2024 118 mins
Christmas Cowboy
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood
The Prophecy
6.4

The Prophecy (1995) IMDb Rating (6.4) / Rotten Tomatoes (46%) အယ်လ်အေမြို့က စုံထောက် သောမတ်စ်ဒက်ဂတ် သူလက်ရှိကိုင်နေရတဲ့ အမှုကြောင့် ဒွိဟတွေ အကြီးအကျယ် ဝင်နေရတယ်။ ခက်တာက ဒီဒွိဟဟာ အမှုထောက်လှမ်းရေးမှာတင် မကဘူး၊ သူ့ကိုးကွယ်ယုံကြည်မှုအပိုင်းနဲ့ပါ ပတ်သက်နေတာပဲ။ ဒက်ဂတ်က ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် ခံယူဖို့ ကြိုးစားပေးမဲ့ မအောင်မြင်ခဲ့တဲ့နောက် ဘုရားသခင်အပေါ် သူ့သက်ဝင်ယုံကြည်မှုအပေါ် မေးခွန်းထုတ်လာတဲ့သူ။ အဲဒီလိုလူအတွက် သူ့ရဲစခန်း-ရင်ခွဲခန်းထဲက အလောင်းကောင်ဟာ သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းစေတော့မယ့်အရာ ဖြစ်နေတယ်။ အကြောင်းကတော့ ဒီအလောင်းဟာ ကောင်းကင်ဘုံက သက်ဆင်းလာတဲ့ နတ်တမန်တစ်ယောက်လို့ ယုံကြည်စရာ အကြောင်းအချက်တွေကို သူတို့မြင်လာရတာမို့ပဲ။ ဒီလိုနဲ့ အမှုကို ဆက်ထောက်လှမ်းရင်း ဒီသေသူ့လက်စွဲ သမ္မာကျမ်းစာထဲက စာတစ်ပိုဒ်မှာ ဘုရားသခင်ရဲ့ သစ္စာတော်ခံတွေနဲ့ လူတွေကိုမလိုလားတဲ့ တခြားနတ်တမန်တွေကြား လူသားတွေကို အကြောင်းပြုပြီး ဒုတိယမြောက် ကောင်းကင်ဘုံစစ်ကြီး ဖြစ်နေတယ်လို့ ဆိုထားတာနဲ့ ကိုက်ညီနေတဲ့ အဖြစ်တွေကို ဒက်ဂတ် လက်တွေ့မြင်လာရတဲ့နောက် လူသားတစ်ရပ်လုံးရဲ့ကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ဒီစစ်ပွဲမှာ သူကိုယ်တိုင် အဓိကနေရာက ပါဝင်နေရမှန်း ရိပ်စားမိလာတော့တယ်။ ၁၉၉၅ ခုနှစ်က ထွက်ခဲ့တဲ့ ဒီ The Prophecy ဟာ သုံးသပ်သူတွေဆီက အမှတ်ပြည့်မရခဲ့ပေမဲ့ ဟော်ရာပရိသတ်တွေကြား cult following တစ်ခု ရှိနေပြီး၊ လူသိများတဲ့ charactor actor ဖြစ်တဲ့ Elias Coteas က ဇာတ်လိုက်နေရာက ပါဝင်ထားသလို ရယ်စရာရော စက်ဆုပ်စရာပါကောင်းတဲ့ Christopher Walken ကြီးရဲ့ နတ်တမန်ဇာတ်ရုပ်ကိုပါ တွေ့ရမှာဖြစ်ပေမဲ့၊ Prophecy ရဲ့ လူပြောအများဆုံးဂုဏ်ပုဒ်ကတော့ LotR ပရိသတ်တွေ အသည်းစွဲ Viggo Mortensen က လူစီဖာဇာတ်ကောင်ကို ကျောချမ်းရအောင် သရုပ်ဆောင်ပြသွားတဲ့ဇာတ်ကား ဖြစ်နေခြင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Costanza ဖြစ်ပါတယ်။) File size… (2.8 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Drama, Fantasy, Horror, Mystery, Thriller Duration…. 01:38:06 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Costanza

6.4 1995 98 mins
The Prophecy
Jack Frost
5.5

Jack Frost (1998) IMDb Rating (5.5) ဟိုး… 1998 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jack Frost ဆိုတဲ့ မိသားစုဒရာမာကားလေးအကြောင်း ပြောပြမယ်နော်။ ဒီဇာတ်ကားက နွေးထွေးတဲ့ မိသားစုအချစ်အကြောင်းနဲ့ ခရစ္စမတ်ရဲ့ မှော်ဆန်တဲ့ခံစားချက်ကို ရောစပ်ထားတဲ့ ကားလေးပါ။ နည်းနည်းတော့ ရင်ထဲထိမယ် ဒါပေမယ့် ရယ်လည်းရယ်ရတယ် ကလေးတွေရော လူကြီးတွေရော ကြည့်လို့အဆင်ပြေတဲ့ ဇာတ်လမ်းမျိုးပေါ့။ ဇာတ်လမ်းက ဂျက် ဖရော့စ် (မိုက်ကယ် ကီတန်) ဆိုတဲ့ ဂီတသမားတစ်ယောက်အကြောင်းပါ။ ဂျက်က သူ့ရဲ့ ဂီတအဖွဲ့နဲ့ နာမည်ကြီးဖို့ အမြဲအိပ်မက်မက်နေတဲ့သူ။ ဒါပေမယ့် သူ့ရဲ့ အိပ်မက်တွေနဲ့ တစ်ခါတလေ သူ့မိသားစုကို မေ့သွားတယ်။ သူ့မှာ ချစ်စရာဇနီးလေး ဂါဘီ နဲ့ သားလေး ချာလီ ရှိတယ်။ ဂျက်က ချာလီကို အရမ်းချစ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် သားဖြစ်သူနဲ့ အချိန်မပေးနိုင်ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံဆိုးစွာနဲ့ ဂျက်တစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးဘူးနော်။ တစ်နှစ်အကြာမှာ ခရစ္စမတ်ကာလမှာ မှော်ဆန်တဲ့အရာတစ်ခု ဖြစ်လာတယ်။ ချာလီက သူ့အဖေပေးခဲ့တဲ့ ဟာမိုနီကာလေးကို တီးလိုက်တဲ့အခါ ဂျက်ရဲ့ဝိညာဉ်ဟာ နှင်းလူသား (Snowman) တစ်ယောက်အဖြစ် ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့သားလေးနဲ့ အချိန်ပြန်ရဖို့ အခွင့်အရေးရလာတယ်။ ဒါပေမယ့် နှင်းလူသားဖြစ်နေတော့ သူလုပ်ချင်တာ လုပ်ဖို့ မလွယ်ဘူးလေ။ ဒီလိုနဲ့ ဂျက်နဲ့ ချာလီတို့ အတူတူ အချိန်ကုန်ဆုံးရင်း ဘဝရဲ့အဓိပ္ပာယ် မိသားစုရဲ့တန်ဖိုးကို နားလည်လာကြတယ်။ ဇာတ်လမ်းထဲမှာ ရယ်ရတဲ့အခန်းတွေလည်း အများကြီးပါတယ်။ ဂျက်က နှင်းလူသားဖြစ်နေတော့ လှုပ်ရှားလို့မလွယ်ဘူး အအေးဓာတ်လည်း လိုတယ် ဒါကြောင့် သူ့ရဲ့ ဟာသဆန်တဲ့အလွဲလွဲအချော်ချော်တွေက ကြည့်ရတာ တကယ်ကိုပျော်ဖို့ကောင်းတယ်။ ဥပမာ နှင်းလူသားဖြစ်နေတဲ့ဂျက်က ချာလီကို ဟော်ကီဆော့ဖို့ သင်ပေးတဲ့အခန်းဆို တကယ်ကိုချစ်စရာကောင်းတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ရင်ထဲထိတဲ့ အခန်းတွေလည်း ရှိတယ်။ ဂျက်က သူ့သားကို ဘယ်လောက်ချစ်ပြီး သူမရှိတုန်းက လစ်ဟာခဲ့တဲ့အချိန်တွေကို ပြန်ဖြည့်ဆည်းပေးချင်တဲ့ စိတ်က ကြည့်ရင်း မျက်ရည်လည်လာစေတယ်။ မိသားစုနဲ့အတူ ခရစ္စမတ်ကာလမှာ ကြည့်လို့ရမယ့် နွေးထွေးတဲ့ ကားလေးပါပဲ။ ကလေးတွေအတွက်လည်း နှင်းလူသားရဲ့ ဟာသတွေက အရမ်းပျော်ဖို့ကောင်းပြီး လူကြီးတွေအတွက်လည်း ဘဝမှာ တကယ်အရေးကြီးတဲ့အရာက ဘာလဲဆိုတာ ပြန်တွေးမိလာစေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.8 GB) / (870 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Family, Fantasy Duration…. 01:42:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Romance • Mystery
5.5 1998 101 mins
Jack Frost