YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Blame.The.Game.2024.1080P.(CM).mp4

1.49 GB 1080p video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chaahat
6.7

ပရိတ်သတ်အချစ်တော်မင်သားကြီး ဘောလိဝုဒ်King SRKရဲ့ 1996ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 5.5ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်း ရူပ်းဆင်းရာထောရ်နဲ့ သူ့အဖေ ရှန်ဘူးနားသ်ဟာ ရွာမှာသီချင်းဆိုတဲ့သူတွေဖြစ်ကြပြီး တစ်နေ့မှာတော့ အဖေဖြစ်သူ ရှန်ဘူးနာသ်းဟာ နာမကျန်းဖြစ်လာကာ ဆေးကုရမယ့်အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ အဖေကို ဆေးကုပေးဖို့အတွက် မြို့ပေါ်တက်လာတဲ့ တောသားလေးရူးပ်နဲ့ သဘောကောင်းပြီးဖော်ရွေတဲ့သူနာပြုမလေး ပူဂျာတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံရာကနေ သူမကို မြင်မြင်ချင်း ချစ်မိသွားတယ်။ အဲဒီအချိန်မှာပဲ ရွှေဇွန်းကိုက်မွေးလာပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ သူဌေးသမီးလေး ရေးရှ်မာကလည်း ရူးပ်ကိုမြင်မြင်ချင်းစွဲလမ်းမိသွားပြီး ရူးပ်ကိုပိုင်ဆိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပါတော့တယ်။ ရူးနဲ့ ပူဂျာတို့ ပေါင်းဖက်ခွင့်ရနိုင်မှာလား ? ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ရမလဲ ? မင်းသားကြီး ရှာရွတ်ခန်းရဲ့ Action/Romanceအမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပြီး သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်တွေမမေ့နိုင်တဲ့ ကားလေးလည်းဖြစ်တာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝ လက်မလွှင့်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…3.21GB/ 1.47GB Quality…1080p NF  WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San,Intelligence, Soe Kalayar

Action • Drama • Romance
6.7 1996 155 mins
Chaahat
To Live
8

~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~ " Directed by Zhang Yimou " အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။ ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို " မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်" ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။ ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။ To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။ To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.21GB Quality - Blu-ray 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 13Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Thriller
8 1994 133 mins
To Live
The Commuter
6.3

မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။ တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင််မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ရှာတွေ့ခဲ့ပေမယ့် တကယ် တမ်း လုပ်ကြည့်တဲ့အခါမှာ လှည့် ကွက်တွေရှိနေတယ်ဆိုတာ ရိပ် မိခဲ့လို့ ရှေ့မဆက်ဖို့ မိုက်ကယ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျိုဟန်နာ ပြောသလို ဆက်မလုပ်ခဲ့ဘူးဆိုရင် သူနဲ့မိိသားစုဝင်တွေရော၊ အခြား ခရီးသည်တွေအတွက်ပါ အန္တ ရာယ်ရှိတဲ့ အနေအထားမို့ မိုက်ကယ်ခမျာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်အခြေအနေနဲ့ ကြုံခဲ့ရ ပါတော့တယ်။ ဂျိုဟန်နာက ဘယ်လိုရည် ရွယ်ချက်နဲ့ မိုက်ကယ်ကိုစေခိုင်းခဲ့ တာလဲ။ မတိုးသာ၊ မဆုတ်သာအ ခြေအနေမှာ မိုက်ကယ် ဘာတွေ ဆက်လှုပ်ရှားမလဲဆိုတာတော့ ကိုယ်တိုင်ဆက် ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇတ်ကားမှာ မင်းသားကြီးလီယမ်နီးဆန်က မိုက်ကယ်နေရာကနေ အဓိကဇာတ်ဆောင် အဖြစ် ပါဝင်ထားပြီး ဗီရာဖာမီဂါ၊ ပက်ထရစ်ဝီလ်ဆင်၊ ဂျိုနသန်ဘန့်စ်၊ အဲလိဇဘက် မက်ဂိုဗာန်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြသည်) File Size : (899 MB) and (375 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Thazin Myint Encoded by Thanhtike Zaw

Drama
6.3 2018 104 mins
The Commuter
Countdown
6.3

CM Fan တွေအတွက် ၂၀၁၉ အောက်တိုဘာ လထဲ ရုံတင်သွားတဲ့ Horror ရုပ်ရှင်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်... တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က " Countdown" ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်... ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်... အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်... အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP က ချိန်းခြောက်ခံထားရတဲ့ ကောင်မလေးပါပဲ... တကယ်တမ်း ၃ နာရီ အတွင်းသေမလား ရှင်မလား ဆိုတာကိုတော့ CM Fan တွေ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ရုပ်ရှင်ကားကို Htet Wai Lwin နှင့် Chanyein Soe တို့က ဘာသာပြန်ပေးထားပြီး အညွှန်းကို Thit San Khant မှ ရေးပေးထားပါတယ်

6.3 2019 90 mins
Countdown
Fear and Loathing in Las Vegas

အားလုံးရဲ့အချစ်တော် ဂျွန်နီဒက်ပ်ရဲ့ Las Vegasမှာကြမ်းတဲ့ ရုပ်ရှင်လာပါပြီ။ ကျွန်တော်တို့တွေ အရမ်းကြိုက်ကြတဲ့ Spidermanသရုပ်ဆောင် တိုဘီမက်ဂွိုင်းယားလည်းပါဝင်အားဖြည့်ထားတဲ့အပြင် Cars animationမှာပါဝင်ခဲ့တဲ့ကက်သရင်း ဟယ်မွန်လည်းပါတော့ သိပ်ကိုကောင်းပေါ့။ ဂျွန်နီဒက်ပ်က ဒီကားနဲ့ Best Foreign Actorဆုကိုရထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရာအိုးဒု(ဂျွန်နီဒက်ပ်)က သတင်းစာပညာပါရဂူတစ်ယောက်ပါ။ သူ့မှာ သွားအတူတူ၊လာအတူတူ၊စားအတူတူ၊ဆေးအတူတူသုံးနေကြ ဒေါက်တာဂွန်ဇွန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူငယ်ချင်း၂ယောက် သုံးစားနေကြတုန်း ဆိုင်ကယ်ပြိုင်ပွဲသတင်းသွားယူဖို့ Las Vegasဆီသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဆေးသမား၂ယောက် Las Vegasမှာ ဘာတွေမွှေကြမလဲ၊ ဘယ်လိုတွေဖြေရှင်းကြမလဲ၊ ဘယ်လိုတိုင်တွေပတ်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Personallyအရဆိုရင် Story Buildပိုင်းဖြစ်တဲ့ ရှေ့ပိုင်းမိနစ်၃၀လောက်တော့ စမ်းတဝါးဝါးဖြစ်နေပင်မယ့် အဲ့နောက်ပိုင်းမှာတော့ ရုပ်ရှင်က ကြည့်ရတာတော်တော်ကောင်းပါတယ်။ ဆေးသမား၂ယောက် ဆေးမူးပြီး တိုင်ပတ်ကြတာတွေ ပလပ်ကျွတ်နေတာတွေနဲ့ကို တစ်ခါတလေရယ်ရတဲ့အခန်းလေးတွေပါပါသေးတယ်။ ညဘက် Beerလေးသောက်ရင်း ဆေးလိပ်လေးဖွာရင်းနဲ့ chillရင် အတော်ကိုကောင်းဖို့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.83GB) / (1.5GB) / (761.39MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre… Adventure / Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action
0 1998 118 mins
Fear and Loathing in Las Vegas
Miguel Wants to Fight
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ တိုက်ချင်ခိုက်ချင်တဲ့ မီဂဲလ်အကြောင်း comedy movieလေးကိုကြည့်ရှုရမှာပါ….။ မီဂဲလ်ဟာ အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး ရန်ဖြစ်တာ မထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းသုံးယောက်နဲ့ ပျော်ပျော်နေလေ့ရှိသူပါ…။ တိုက်ရခိုက်ရတာကို အကြိုက်ကြီးကြိုက်ပေမယ့်လည်း တစ်ခါမှ ရန်မဖြစ်ဖူးတဲ့ လူလိမ္မာလေးပေါ့…။ သူ့သူငယ်ချင်းသုံးယောက် ရန်ဖြစ်တိုင်း ဝင်မပါဘဲ ဘေးမှာပဲတိတ်တိတ်လေး ရပ်နေလေ့ရှိသူပါ….။ ဒီလိုနေနေတာကို သူ့သူငယ်ချင်းတွေ သတိထားမိသွားပြီး ဝိုင်းပြောတဲ့အခါမှတော့ မီဂဲလ်တစ်ယောက် ရန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….။ နောက်တော့ သူ့ရဲ့ ပထမဆုံးရန်ပွဲအထွက် ပထမဆုံးလက်သီးထိုးခံရမယ် ရန်သူကိုလိုက်ရှာပါတော့တယ်….။ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့အပြင် စိတ်ကူးယဥ် တိုက်ကွက်တွေနဲ့ anime တိုက်ကွက်တချို့ကိုပါ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။ File size…1.68GB / 636MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 15m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Romance • Drama
6.3 2023
Miguel Wants to Fight
Paper Bride
5.9

မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။ နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။ ၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ…… လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။

5.9 2023
Paper Bride
Heaven’s Seven 2
6.5

Heaven’s Seven 2 (2005) ဒုတိယ ကမ္ဘာစစ်က ထိုင်းနိုင်ငံအတွင်း ဂျပန်အင်ပါယာတွေ ကြီးစိုး‌ခဲ့တဲ့ခေတ်ပါ ဂျပန်အင်ပါယာတွေကို တော်လှန်ဖို့ ဖိုက်တာ ခုနှစ်ယောက် (ခေါ်) သူရဲကောင်းခုနှစ်ဖော် ရှိခဲ့ပါတယ် ဂျပန်ဘက်က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ် တစ်နေ့ သူတို့ကို ဖမ်းဖို့အတွက် တရုတ်ပြဇာတ်ရုံကို ဂျပန်တွေ ၀င်တိုက်ရောက်တိုက်ခိုက်ပါတယ် သို့ပေမဲ့ သူရဲကောင်းခုနှစ်ဖော်ကို ဖမ်းမမိတော့ ပြဇာတ်ရုံပိုင်ရှင်ကို ဖမ်းခေါ်သွားပါတယ် ဖမ်းပြီး မီးရထားလမ်းဆောက်လုပ်ရေး စခန်းကို ပို့ဆောင်လိုက်ပါတယ် အဲ့ဒီဆောက်လုပ်ရေးစခန်းမှာ လိင်မှုကိစ္စပြုကျင့်ဖို့အတွက် ထိုင်းအမျိုးသမီးတွေကိုလည်း ဂျပန်တွေ ဖမ်းခေါ်ထားပါတယ် ဆိုတော့ သူရဲကောင်းခုနှစ်ဖော် သူတို့ရဲ့ထိုင်းလူမျိုးကို ဘယ်လိုသွားကယ်ထုတ်ကြမှာလဲ သူတို့နိုင်ငံအတွက် ဘယ်လိုပုန်ကန်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ အညွှန်း န့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size…1h 28min Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Fake Love Encoder ….. Aaron

Drama • War
6.5 2005 101 mins
Heaven’s Seven 2
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
I Sell the Dead
6

I Sell the Dead (2008) ================= ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့‌သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ဆရာဖြစ်သူ အလောင်းခိုးမှု၊ လူသတ်မှုနဲ့ ခေါင်းဖြတ်ခံရတဲ့အခန်းကနေစထားတာပါ။ တပည့်အလှည့်ကတော့ မနက်ဖြန်ပေါ့လေ။ အဲလိုသေဒဏ်မပေးခင်မှာ ဘုန်းတော်ကြီးတစ်ပါးကို အပြစ်သားဆီလွှတ်ပြီး အပြစ်ဖော်ဆုံးမခိုင်းလေ့ရှိပါတယ်။ ဘုန်းတော်ကြီးနဲ့ တပည့်ဖြစ်သူတို့ စကားပြောရင်း တပည့်လေးက သူတို့ရဲ့အလောင်းသူခိုးအတွေ့အကြုံတွေ၊ မျက်မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာတွေကို ပုံပြင်တစ်ခုလိုပြန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာပါတော့တယ်။ ကြည့်ရှုခံစားလိုက်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:25:00 Genre_Comedy , Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin Thike

Action • Crime • Thriller
6 2008
I Sell the Dead
Gam Gam Ganesha
7

Gam Gam Ganesha (2024)”ဂျင်ပေါ်က ထုံးများ” ===================================== Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့ အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။ သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။ တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခု ကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့ လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့ လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7 2024
Gam Gam Ganesha
Juna Furniture
7

Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10 ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။ တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ ရုပ်ဝါဒီတွေ ကြီးစိုးနေတဲ့ လူ့အသိုင်းအဝန်းမှာ သားသမီးတွေရဲ့ လျစ်လျူရှုမှု ခံရတဲ့ သက်ကြီးရွယ်အိုမိဘတွေရဲ့ဖြစ်ပေါ်လာတဲ့ ပြဿနာ အကျပ်အတည်းဒုက္ခတွေကို မီးမောင်းထိုးပြပေးထားတဲ့ ပညာပေးကားကောင်းလေးပဲ ဖြစ်ပါတယ်လို့ နိဂုံးချုပ်လိုက်ပါစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7 2024
Juna Furniture
Oversize Love
6.3

ဒီတစ်ခါ တစ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့၁၈ ရက်နေ့ကမှ ထွက်ရှိထားတဲ့ a girl like me ဆိုတဲ့ ဇာတ်ကားလေးထဲက Guang Xiao Tong မင်းသမီး(Lu Han ရဲ့ Girlfriendလေး) ရဲ့ movieလေးပါ မင်းသားကလည်း အားလုံးနဲ့ မစိမ်းတဲ့ Love desinger ကားလေးထဲက မင်းသားပါနော် ဇာတ်လမ်း အကြောင်းအရာလေးကတော့….ရှောင်ရှီးဆိုတဲ့ ကောင်မလေးက သဘောကောင်းပြီး လူတကာကို ကူညီပေးတတ်တဲ့ အတွင်းစိတ်လှသူလေးဆိုပေမဲ့ သူဟာ အဝလွန်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အပြင်ပန်းကိုပဲမြင်ကြတဲ့ ယောကျာ်းလေးတွေရဲ့ အထင်သေးမှုကိုခံရတဲ့လူတစ်ယောက်ဖြစ်ပါတယ် သို့ပေမဲ့လို့ သူ့ကို ဘယ်တုန်းကမှ အထင်မသေးဖူးဘဲနဲ့ အရာရာဖြည့်ဆည်းပေးတတ်တဲ့လူကတော့ ရှောင်ရှီးရဲ့ အချစ်ဆုံးယောကျာ်းလေးသူငယ်ချင်းဖြစ်တဲ့ နာမည်ကျော်ဂီတထုတ်လုပ်သူ ဟန်ပင်းပါပဲ ရှောင်ရှီးရဲ့ ဆန္ဒတစ်ခုကတော့ အရမ်းချောတဲ့ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့နိုင်ဖို့ပါ အဲဒါကြောင့် ရှောင်ရှီးက လှပသွယ်လျတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ချင်လာခဲ့ပါတယ် ဒါပေမဲ့ သူဟာ အစားအရမ်းကြီးပြီး အားကစားမလိုက်စားတဲ့အတွက် သူ့ရဲ့ဆန္ဒဟာ ပြည့်ဝ မလာခဲ့ပါဘူး သို့ပေမဲ့လည်း ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် နတ်မင်းတစ်ပါးဆီကနေ အိမ်မက် ပိန်ဆေး ရလာပြီးတော့ သူ့ရဲ့အိမ်မက်လေး အမှန်တကယ်ဖြစ်လာတဲ့ အချိန်ကို ရောက်ရှိလာပါတယ် ဒါပေမဲ့ ပိန်ဆေးရဲ့ဆိုးကျိုးက ၁၀နါရီပဲခံပြီးတော့ အချိန်စေ့သွားတဲ့အခါမှာ ပြန်ပြီးဝလာတာပါ အရာရာတိုင်းမှာ သူ့တန်ရာတန်ကြေးရှိတယ်ဆိုတဲ့အတိုင်း အိမ်မက်ပိန်ဆေးရဲ့ အဖိုးအခက ဘာဖြစ်နေမလဲ ရှောင်ရှီးလေးကရော ကောင်လေးချောချောလေးနဲ့ ချိန်းတွေ့နိုင်မှာလား သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကရော ဘယ်လိုတွေကူညီပေးမှာလဲ ဆိုတာကို ဆက်လက်ကြည့်လိုက်ကြရအောင်ပါ

6.3 2020 103 mins
Oversize Love
Cracks
6.6

Cracks (2009) ************** ၁၉၃၀ ပြည့်နှစ်မှာ စည်းကမ်းတင်းကြပ်တဲ့ အထက်တန်းလွှာ ဗြိတိန်မိန်းကလေးဘော်ဒါကျောင်းတစ်ခုက ဒိုင်ဗင်အဖွဲ့ခေါင်းဆောင်ဒိုင်ဟာ ချောမောတဲ့နည်းပြမစ္စဂျီကို မိန်းကလေးချင်းကြိတ်ကြိုက်နေခဲ့သလို မစ္စဂျီကလည်း မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးပါ။ တစ်ရက်မှာတော့ အပယ်ခံစပိန်တော်ဝင်မင်းသမီးတစ်ဦးရောက်လာပြီး ကျောင်းကမိန်းကလေးအားလုံးထက် ပိုလှနေခဲ့ပါတယ်။ ဒိုင်ဗင်ထိုးစွမ်းရည်လည်းကောင်းမွန်တဲ့မင်းသမီးလေးဖီအမ်းမာကို မစ္စဂျီက ချက်ချင်းမျက်စိကျသွားခဲ့ပါတေ့တယ်။ မစ္စဂျီရဲ့ချဥ်းကပ်မှုကို ဖီအမ်းမာကလက်မခံတဲ့အခါမှာတော့ မစ္စဂျီတစ်ယောက် ဖီအမ်းမာကိုရဖို့အမျိုးမျိုးကြံစည်ပါတော့တယ်။ ဒါကိုသိနေတဲ့ဒိုင်က ဖီအမ်းမာကိုမနာလိုမုန်းတီးပြီး နေရာတကာမှာ ဖီအမ်းမာနဲ့လိုက်ပြိုင်ဆိုင်ခဲ့ပါတယ်။ မိန်းကလေးဘော်ဒါဆောင်တစ်ခုရဲ့သာမန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက အရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်ဆိုးတစ်ခုကို ဘယ်လိုဖြစ်စေခဲ့တယ်ဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်) File size…1.98GB / 1.42GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by JULY Encoded by AHtet

Action • Crime • Thriller
6.6 2009 104 mins
Cracks
Cliffhanger
6.5

Sylvester Stallone ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေအကြောင်းကို ပြောမယ်ဆိုရင် Cliffhanger ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ မင်းသားဆို ဗလတောင့်တောင့်၊ ရုပ်ကြမ်းကြမ်းနဲ့မှ ပရိသတ်နှစ်ထောင်းအားရဖြစ်ကြတဲ့ ဟောလိဝုဒ်အက်ရှင်ကားတွေဟာလည်း ၉၀ ခုနှစ်များရဲ့ အမှတ်တရတွေလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ အားလပ်ရက်များမှာ အမှတ်တရပြန်ကြည့်ဖြစ်ကြမယ့် ရုပ်ရှင်စာရင်းတွေထဲမှာလည်း Cliffhanger က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော်ကီတောင်တန်းကယ်ဆယ်ရေးရဲ့ ရိန်းဂျား နှစ်ယောက်ဖြစ်ကြတဲ့ ဂေ့ဘ်ဝေါ်ကာ (Sylvester Stallone) နဲ့ ဟဲလ်တက်ကာ (Michael Rooker) တို့နှစ်ယောက်ဟာ သူတို့ကိုသွေးကွဲသွားစေမ‌ယ့် အဖြစ်ဆိုးကြီးဖြစ်မလာခင်အထိ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ရက်မှာတော့ ရည်းစားနဲ့အတူတောင်တက်ရင်း ဒဏ်ရာရကာ အခက်အခဲတွေ့နေတဲ့ ဟဲလ် နဲ့ ဆယ်ရာ တို့စုံတွဲကို ဂေ့ဘ် နဲ့ ဂျက်ဆီတို့ စုံတွဲက ကယ်ဆယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတုအခြေအနေကြောင့် ချောက်ကမ်းပါးပေါ် ကြိုးသွယ်တန်းပြီး ကယ်ဆယ်ရတဲ့ အခြေအနေမှာ ဟဲလ်က တစ်ဖက်ခြမ်းကို ချောချောမွေ့မွေ့ ရောက်သွားနိုင်ခဲ့ပေမယ့်။ ဆယ်ရာကတော့ ကြိုးသိုင်းကလစ်ပြုတ်ထွက်ပြီး ပြုတ်ကျမလိုဖြစ်နေတာကြောင့် နှစ်ယောက်ဒဏ်မခံနိုင်တဲ့ကြိုးပေါ်ကို ဂေ့ဘ်ကိုယ်တိုင် တက်ရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ဆယ်ရာကို အမိအရဖမ်းဆုပ်ထားနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ တွဲခိုကာလှမ်းမတက်နိုင်ခဲ့တဲ့ဆယ်ရာဟာ ကံမကောင်းအကြောင်းမလှဘဲ ဂေ့ဘ်လက်ကနေပဲ ချောက်ထဲကို ကျသွားခဲ့ပါတယ်။ အပြစ်ရှိစိတ်ရဲ့ဖိအားပေးမှုကြောင့် ဂေ့ဘ်ဟာ ရိန်းဂျားအလုပ်ကိုရော အားလုံးကိုပါ ရှောင်တိမ်းခဲ့ပါတယ်။ ၁ နှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုချင်တာကလည်း တစ်ကြောင်း၊ သူ့ရဲ့ရည်းစားဂျက်ဆီကိုလည်း သူနဲ့တပါတည်း ခေါ်ခဲ့ဖို့ သိမ်းသွင်းချင်တာကြောင့် ရော်ကီတောင်တန်းကယ်ဆယ်ရေးဆီကို ပြန်လာခဲ့ပါတယ်။ သူထင်မှတ်ထားသလိုဖြစ်မလာခဲ့ဘဲ သူ ရှောင်တိမ်းခဲ့တဲ့တောင်တက်သမားဘဝကသူ့ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့ပါတော့တယ်။ ဂျက်ဆီကလည်း သူနဲ့အတူလိုက်ဖို့ ငြင်းဆန်ခဲ့တဲ့အပြင်. တောင်ပေါ်မှာ ဒုက္ခရောက်နေတဲ့အဖွဲ့ကို ကူညီဖို့ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဟဲလ်ကို ပါဝင်အားဖြည့်ဖို့ ဂျက်ဆီက ဂေ့ဘ်ကို နားချခဲ့ပါတယ်။ သူ့ရဲ့အပြစ်ရှိစိတ်ကို ကုစားနိုင်ဖို့အတွက်အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဟဲလ်နဲ့ ဆက်ဆံရေးကို ပြန်လည်ရယူနိုင်ဖို့ ဒီအဖွဲ့ကို ကယ်ဆယ်မယ့်ဂေ့ဘ်ဟာ သူ့ကို စောင့်ကြိုနေတဲ့အန္တရာယ် နဲ့ ပြဿနာအရှုပ်အထွေးတွေကိုတော့ ကြိုမမြင်နိုင်ခဲ့ပါဘူး… File Size : 9.4 GB, 2 GB, 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 53min Format : Mkv and Mp4 Audio : AAC & E-AC-3 Genre : Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

6.5 1993 112 mins
Cliffhanger