YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

BLACKPINK's Summer Diary in Seoul 2020.1080p.CM.mp4

1.59 GB N/A video/mp4 535 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mother
6.8

နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 778MB | 380MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron

Action • Drama
6.8 2023 115 mins
The Mother
American Girl
6.5

Golden Horse Film Festival နဲ့ Tokyo International Film Festival မှာ ဆု၅ခု ရပြီး စကာတင် ဆု၇ခုအထိအရွေးခံထားရတဲ့ တကယ်ကောင်းမွန်တဲ့ တရုတ်ကားလေး ဖြစ်ပါတယ်။  မိသားစုကားလေးဖြစ်တာမို့ မိခင်နဲ့ အဆင်မပြေတဲ့သူတွေ တစ်ရှူးဆောင်ပြီး ကြည့်ဖို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... မိခင်ဖြစ်သူ ရင်သားကင်ဆာဖြစ်လို့ LA မှာနေရာကနေ တရုတ်ပြည်ကို ပြန်လာခဲ့ရတဲ့ ၁၃နှစ်အရွယ် ဖန်း‌ဟာ ထိုင်ဝမ်မှာ နေထိုင်မှုပုံစံတွေနဲ့ အသားကျဖို့ ရုန်းကန်နေရတယ်။ ငယ်ငယ်တည်းက ဝေးခဲ့ရတဲ့ ဖခင်နဲ့ တူတူပြန်နေရပေမဲ့ ရောဂါသည် မိခင်နဲ့တော့ ဆက်ဆံရေးတွေ ဆိုးရွားလာခဲ့တယ်။ မိခင်ဖြစ်သူ လီလီဟာလည်း ကင်ဆာရောဂါကြောင့် ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ကာ အဆိုးမြင် ဖန်းကလည်း အမေရိကန်ပဲ ပြန်ချင်ပြီး မိခင်ဖြစ်သူနဲ့ ဘာပြောပြော ကတောက်ကစဖြစ်။ တရုတ်ပြည်မှာ SARS ကူးစက်ရောဂါတွေ စဖြစ်ပြီး သူတို့ မိသားစု၄ယောက် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို အဆုံးထိကြည့်လိုက်ရအောင်... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          :  1.5GB, 550MB & 259MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 41mins Genre              : Drama Translated by  Kit Encoded by Kinnov

Drama • Horror
6.5 2021 101 mins
American Girl
One for the Road
10

" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။ မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။ အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။ "လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်" ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One For The Road" ။ နေပြက္ခဒိန်အဆက်ဆက်မှာ ပလေတိုပြန်မရောက်ခဲ့တဲ့ တောထဲက ပန်းကလေးကို ငါပေးထားတဲ့နာမည်က " One For The Road"။ နိဗ္ဗာန်ဘုံ မျက်ရည်စက်၊ New York Sourတစ်ခွက်၊ အဲဒီလမ်းကျဉ်းကလေးက ငါ့ကိုကျောခိုင်းသွားချိန်က ကော့တေးတစ်ခွက်ဟာ အဲဒီလမ်းကျဉ်းကလေးကို ငါ‌ပြန်ရောက်မယ့်အချိန်မှာ သောက်မယ့် ကော့တေးတစ်ခွက်ပေါ့။ သစ်ရွက်လိုကြွေဖူးတဲ့ တို့ရဲ့နေ့အဆက်ဆက်ရဲ့ " One For The Road". ဝေါင်ကာဝေးပရိုဂျူဆာလုပ်ထားပြီး ဝေါင်ကာဝေးကားတွေဖြန့်ခဲ့တဲ့ Jet Tone Filmsကပဲ‌ ထုတ်ဝေပေးထားပါတယ်။ ဒါရိုက်တာကတော့ သူ့နှစ်က highest-grossingရုပ်ရှင်ဖြစ်ခဲ့တဲ့ Bad Genius ဒါရိုက်တာ Nattawut Poonpiriya ရိုက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ထိုင်းကားပရိသတ်တွေမစိမ်းတဲ့ Thanapob Leeratanakajorn နဲ့ Bad Genius မင်းသမီးတို့လို နာမည်ကြီးတွေပါပဲ။ 2021 Sundanceပွဲမှာ ပွဲဦးထွက်ပြသခဲ့ပြီး World Cinematic Dramatic Special Jury Award ကို ရရှိထားပါတယ်။ ဝေါင်ကာဝေး ပရိုဂျူဆာလုပ်ထားတယ်ဆိုပေမဲ့ The Mediumမှာ Na Hong Jinအငွေ့ အပြည့်လွှမ်းနေသလိုတော့ဖြစ်မနေပါဘူး။ ဝေါင်ကာဝေး အငွေ့သိပ်မပါဘဲ ဇာတ်ကောင်တွေကတော့ ပမာဏတစ်ခုအထိ ဝေါင်ကာဝေးဆန်ပါတယ်။ Chungking Expressနဲ့ ဘာမှမတူပေမဲ့ Chungking Expressကို သဘောကျရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲတော့ ကြည့်ပြီးရင်သိမှာပါ။ ထိုင်းရုပ်ရှင်တွေကို တခြားအာရှရှင်ရှင်ဂုရုကြီးတွေက Support တော်တော်လုပ်လာတယ် ပဲ ပြောရမှာပါပဲ။ မနှစ်ကတော့ ကိုရီးယားက Horror ဆရာကြီး Na Hong Jin က The Mediumကို ထုတ်ပေးခဲ့ပြီး ဒီနှစ်တော့ ဟောင်ကောင် ရိုမန့်ဆရာကြီး ဝေါင်ကာဝေးက ဒီရုပ်ရှင်ကို ထုတ်ပေးခဲ့ပါတယ်။ ထိုင်းရုပ်ရှင်တွေအတွက် အရွေ့ကောင်းလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီကားတွေ အောင်မြင်ခဲ့ကြတော့ ပိုကောင်းတဲ့ရုပ်ရှင်တွေကိုလည်း ထုတ်လာဖို့ရှိလောက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 900MB and 300MB Format…mp4 Duration…. 2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • Thriller
10 2021 15 mins
One for the Road
The Imitation Game
8

IMDb - 8.0/10_____Rotten - 90% Won 1 Oscar. Another 48 wins & 159 nominations ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာၤပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့..........Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ.......။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား........၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ.......................။ အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။) အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူ တာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။ သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး) ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ IMDb Rating(8.0/10) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။ မင်းသားကြီး Benedict Cumberbatch နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာတွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။ Ref; Movies-we watch,we feel.'s FB Page & Movie Review's FB Page (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Lotus Black မှဘာသာပြန်ခဲ့တာဖြစ်ပါတယ်။) File size...(804 MB) Quality....Blu-ray Rip 720p Format...mp4 Duration....01:54:13 Subtitle....Myanmar Subtitle (Hardsub) Translator ....Lotus Black Encoder....Nyeinsaeya Aung

Drama • Mystery
8 2014 113 mins
The Imitation Game
Matilda
6.9

Matilda (1996) Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ် မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။ မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာ​ရေးတတ် ဖတ်တတ်​နေသလို အသက်၄နှစ်မှာ မိဘ​တွေမသိ​​အောင် စာကြည့်တိုက်ကို ခိုးသွားပြီး က​လေးစာအုပ်​တွေသာမက သုတရသစာအုပ်​တွေပါ ထုံးလို​မွှေ ​ရေလို​နှောက် ဖတ်နိုင်တဲ့ ​တောက်မည့်မီးခဲ တရဲရဲ​လေး​ပေါ့ ။ ဉာဏ်ကြီးရှင် ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်​လေ​တော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံ​ပေးတဲ့ မိဘ​တွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါ​သေးတယ်။ ဒီလိုပါရမီရှင်​လေးကို ထိန်းမနိုင်​တဲ့အဆုံး ​ကျေးဇူးရှင်​ဖေ​ဖေနဲ့ ​မေ​မေခမျာ မတေးဒါကို ​ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ​ကျောင်းထား​ပေးလိုက်ပါတယ်။ ​မွေးလာကတည်းက ​ဆရာကြီး​တွေနဲ့​တွေ့လာတဲ့ မတေးဒါ​ဟာ ​​ကျောင်းမှပဲ ဆရာ့ဆရာကြီးနဲ့ သွား​တွေ့ပါ​တော့တယ်။ အ​ပေါက်ကဆိုး အ​ပြောကကြမ်း လက်သံက​ပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်​ဟောင်းဖြစ်တဲ့ ​ကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါ​လေးကို ​ဆီးကြို​နေတာပါ။ ကျောင်းအုပ်ကြီးလက်​အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သ​ဘောမ​နော​ကောင်း စိတ်သ​ဘောထားဖြူစင်တဲ့ ဆရာမ​​လေးတစ်​ယောက်လည်း ရှိ​နေပါတယ်။ မတေးဒါ​က ဆရာမ​လေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကို အရမ်းချစ်ပါတယ်။ ဒါ​ပေမဲ့ဆရာမ​လေးမှာ ​ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ ဆိုးရွားတဲ့ အတိတ်ဇာတ်​ကြောင်း​တွေ ရှိ​​နေတာ​​ကြောင့် မတေးဒါ​လေးဟာ သူချစ်တဲ့ဆရာမ​လေးကို ကူညီဖို့ ​ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Family, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 893MB | 280MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August

Crime • Thriller
6.9 1996
Matilda
Underwater Love
5.5

Underwater love(2011) ဂျပန်ရိုးရာပုံပြင်တွေထဲမှာ Kappaလိုခေါ်တဲ့ သတ္တဝါတမျိုးရှိတယ် သူက ရေထဲမှာနေလေ့ရှိပေမဲ့ လူတွေလိုပဲ အိပ်ချင်အိပ်စားချိန်စား လုပ်နိုင်တယ် သူအကြိုက်ဆုံးကတော့ သခွားသီးပေါ့ ဇာတ်လမ်း က Asukaဆိုတဲ့အမျိုးသမီးဟာ ငါးအရှင်လေးတစ်ကောင်ကိုရေကန်ထဲသွားလွှတ်ရင်း kappa တစ်ကောင်ကိုရေကန်ထဲမှာတွေ့ခဲ့တယ် ဖြစ်ချင်တော့အဲ့Kappaက သူ့ငယ်သူငယ်ချင်း Aokiဆိုတဲ့ကောင်လေးဖြစ်နေတယ် ဒီလိုနဲ့ တရက်မှာ Asukaရဲ့ ရှင်သန်ခွင့်သက်တမ်းက ကုန်ဆုံးတော့မဲ့အချိန်ရောက်လာတဲ့အခါပြန်လည်ရှင်သန်နိုင်ဖို့ Aokiနဲ့အတူတူ ဘယ်လိုတွေစွန့်စားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File Size__(1.3GB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:27:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Action • Crime • Science Fiction
5.5 2011
Underwater Love
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
Sound of the Police
5.6

Sound of the Police (2023) =================== 2020 တုန်းက အမေရိကန်ရဲတစ်ယောက်ရဲ့အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အပြစ်မဲ့တဲ့ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိက်သေဆုံးမှုအကြောင်း ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီတုန်းက “Black Lives Matter” လှုပ်ရှားမှုတွေ အတော်ကျယ်ပြန့်သွားခဲ့တာပါ။ အမေရိကန်ရဲတွေနဲ့ လူမည်းတွေကြားက ပဋိပက္ခဟာ အဲဒီအချိန်ကမှ စခဲ့တာမဟုတ်ပါဘူး။ ဖလွိက် မတိုင်ခင်က ဖလွိက်ပေါင်းများစွာရှိခဲ့သလို ဖလွိက်ကိစ္စအပြီးမှာလည်း ရပ်တန့် မသွားခဲ့ပါဘူး။ ဒီရုပ်ရှင်ကတော့ ဒီမိုကရေစီထွန်းကားလှပါတယ်ဆိုတဲ့ အမေရိကမှာ လူဖြူ၊ လူမည်းတွေခွဲခြားဆက်ဆံမှုတွေ ခုထိရှိနေပြီး တရားဥပဒေစိုးမိုးရေးစနစ်ကပါ လူမည်းတွေကို ဖိနှိပ်ထားဆဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ documentary ရုပ်ရှင်ပါ။ ရုပ်ရှင်အစမှာ ၂၀၂၂ ခုနှစ်က ရဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်း အမျိုးသားလူငယ် အမီရ်လော့ခ်ကို အစပြုပြီး လူမည်း‌တွေအပေါ် အမေရိကန်ရဲ တွေရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်မှုတွေ၊အသားအရောင်ခွဲခြားဘက်လိုက် မှုတွေ၊ ကလေးချင်းအတူတူ ကလေးလိုအမြင်မခံရဘဲ အကြမ်းဖက်ခံရတဲ့ လူမည်း ကလေးငယ်တွေအကြောင်း အကိုးအကား ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်ဆက်ထား ပါတယ်။ လူဖြူလူမည်းခွဲခြားမှု ဘယ်ကစသလဲပြောရရင် သမိုင်းကြောင်းအတော်ရှည်ပါ တယ်။ အမေရိကန်မှာ လူမည်း‌တွေကို ကျွန်ပြုထားတဲ့ ကျွန်စနစ်ထွန်းကားချိန် နှစ်ပေါင်းရာချီသမိုင်းကြောင်း ပြန်လှန်ရမှာပါ။ အမေရိကန်ပြည်တွင်းစစ်ဖြစ်စေ ခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Gone with the Wind လို အမေ ရိကန်ပြည်တွင်းစစ်နောက်ခံ၀တ္ထုမျိုးကို ဖတ်ဖူးရင်တော့ လူဖြူလူမည်းကိစ္စကို ပိုပြီးဇာတ်ရည်လည်မယ်ထင်ပါတယ်။ အမေရိကန်လူမည်းတွေရဲ့ဘ၀ဟာ ကျွန်စနစ်ပျက်သုဉ်းပြီး နှစ်ရာချီလာတဲ့ အခုချိန် အထိ ဖိနှိပ်ခံနေရဆဲ၊ ကြမ်းတမ်းနေဆဲပါပဲ။ လူချင်းအတူတူ အပေါ်ယံ အသားအရောင် ကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံတယ်ဆိုတာကလည်း အတော်ကြီးဆိုးတဲ့ လူမဆန် မှုပါ။ လူသားချင်းစာနာမှုနဲ့ကြည့်တတ်မယ်ဆိုရင် ဒီရုပ်ရှင်မှာမြင်ရမယ့်အကြောင်း အရာတွေက စိတ်မခိုင်သူတို့အတွက် မျက်ရည်ကျလောက်တဲ့အထိ ခံပြင်းဒေါသထွက် စရာ၊ စိတ်မကောင်းစရာအဖြစ်တွေကို ခံစားသိမြင်ကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.68 GB) / (782 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Crime Translator…….C’mon Encoder……….SWM

5.6 2023 85 mins
Sound of the Police
Halloween
6

ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူ ယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenက ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie Lee Curtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie Lee Curtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာ ငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင် Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကို လုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကို ညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါ Michael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှ ထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ Michael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦး တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီး အတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6 2007
Halloween
The Animal Kingdom
6.9

အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာ လူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီး လူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်….။ ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊ တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ…။ ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့ စိတ်မကောင်းစရာပဲပေါ့…။ ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်…။ ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့ ‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ ကြုံတွေ့လာရတဲ့အခါ….။ Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစား ရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမို တင်ဆက်ပေးလိုက်ပါဗျာ…။ File size…2.24GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 8m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.9 2023
The Animal Kingdom
Vanquish
5.5

၂၀၂၁ မှာ ထွက်ရှိခဲ့တဲ့ Vanquish ဇာတ်ကားဟာ နာမည်ကျော်သရုပ်ဆောင် Morgan Freeman အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action ကားကောင်းလေး တစ်ကား ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင် Morgan Freeman သရုပ်ဆောင်ထားတဲ့ ဒေမွန်ဆိုတဲ့ ဇာတ်ကောင်က အကျင့်ပျက် ရဲဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်ပြီး ဒုစရိုက်မှုတွေကို ဦးစီးလုပ်ကိုင်နေသူပါ. တစ်ရက်တော့ သူ့ရဲ့ မကောင်းမှုတွေ သူ့နောက်လိုက်လာတော့မလို ဖြစ်တဲ့အချိန်မှာ သူ့အိမ်က သူ့အတွက် အလုပ်လုပ်ပေးတဲ့ ကောင်မလေးနဲ့သူ့သမီးကို သူ ဘယ်လို အသုံးချမလဲ. အဲ့ကောင်မလေးကရော အတိတ်သမိုင်းတွေ ဘယ်လိုရှိပြီး ဒေမွန်ကို ဘယ်လို ဆက်ဆံမှာလဲ စတာတွေကို တစ်ကားလုံး အပစ်အခတ်တွေ လှည့်ကွက်တွေကြားမှာ ကြည့်ရှုခံစားရမဲ့ အက်ရှင်ကားကောင်းလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျ.. File size…1.67GB / 672MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Romance • Drama
5.5 2021 96 mins
Vanquish
American Girl
7.8

American Girl (2024) IMDb Rating (7.8) ပထွေးဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကနေထွက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဆစ်နေ ဆိုတဲ့ကောင်မလေးက ပထွေးဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ ထွက်ပြေးလာခဲ့ပြီး အတ္တလန္တာဆိုတဲ့ မြို့ကြီးကို ရောက်လာခဲ့ပါတယ်.. အတ္တလန္တာမြို့မှာနေတဲ့ အဖေဖြစ်သူကိုရှာရင်း သူလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်လို့ တွေးခဲ့တဲ့သူမ.. အတ္တလန္တာလမ်းမထက် အန္တရာယ်များတဲ့လောကကြီးအလယ်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Drama
7.8 2024 99 mins
American Girl
American Scream

ဒါရိုက်တာ Evan Jacobs ရိုက်ကူးထားတဲ့ Horror ဇာတ်လမ်းဖြစ်ပြီး၊ ဇာတ်လမ်းထဲမှာ လူသတ်သမားနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ထိုလူနှစ်ယောက်က မမျှော်လင့်ထားတဲ့ သေဆုံးမှုတွေနဲ့ ရင်ဆိုင်လာရပြီး သူတို့အလုပ်လုပ်တဲ့ အလုပ်ချိန်အတွင်း စိတ်ပျက်စရာအဖြစ်တွေနဲ့ ကြုံတွေ့လာရတာကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်း —————- ဇာတ်လမ်းထဲမှာ သူငယ်ချင်းနှစ်ယောက် လူးကတ်နဲ့ ဘန်တို့ အလုပ်မလာခင် လူတစ်ယောက်ကိုသတ်ဖို့အကြောင်း ကြံရွယ်ထားကြပါတယ်။ အလုပ်ရောက်တော့ ထူးဆန်းတဲ့အဖြစ်အပျက်များနဲ့ ကြုံတွေ့လာရပြီး တစ်ယောက်ကိုယ်တစ်ယောက် သံသယဝင်လာခဲ့ကြပါတယ်။ ထို့နောက် thrid person ရဲ့နှောင့်ယှက်မှုတွေကြောင့် အလုပ်မလုပ်နိုင်ဖြစ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် မထင်မှတ်ပဲ လူသေလောင်းတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာ…… အလောင်းကရော ဘယ်ကရောက်လာတာလဲ ? လူးကတ်နဲ့ဘန်တို့ကရော ဒီအလောင်းနဲ့ပတ်သတ်ပြီး ဘယ်လိုများပတ်သတ်နေမလဲဆိုတာ…….. File size…(1.3 GB)/(609 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Mystery • Romance • Drama
0 2025
American Scream