YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Betrayed.2020.480p.BluRay.CM.mp4

566.16 MB N/A video/mp4 352 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Soulmate
7.2

“အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ” အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့ မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကို ဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။ Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Our Beloved Summer ထဲက Kim Dami, Our Blooming Youth ထဲက Jeon SoNee နဲ့ 20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 799MB | 394MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Comedy
7.2 2023 124 mins
Soulmate
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
[18+] Raped by an Angel 4: The Rapist's Union
6.2

Raped by An Angel စီးရီးရဲ့ ၄ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားက ရှေ့ကားတွေထက် ပိုကြမ်းတမ်းတဲ့ဇာတ်လမ်းဇာတ်ကွက်ရှိပါတယ်။ မိန်းကလေးသူငယ်ချင်းတစ်အုပ်စုကို မျက်စိကျပြီး မကောင်းကြံနေတဲ့ နှာဘူးကောင်အုပ်စုလိုက်ကို တွေ့ရမှာပါ။ နှာဘူးကောင်အုပ်စုက သေချာအကွက်ချစီစဉ်ပြီး အုပ်စုလိုက်ယုတ်မာတတ်တာမို့ သူတို့ကို ပြန်တွယ်ဖို့ မိန်းကလေးတွေဖက်က ဘယ်လိုစီစဉ်မလဲ ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို အသည်းတယားယားကြည့်ရှုရမှာပါ။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။ File Size : (3.8 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:28:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB

Action • Animation • Fantasy
6.2 1999 81 mins
[18+] Raped by an Angel 4: The Rapist's Union
Escape Room
6.5

Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊ အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင် အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။ အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့ သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင် တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်း တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊ အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။ Review (Minor Spoiler alert) … Minor Spoiler alert လု့ိသာ တပ်ထားတာပါ။ ဒီလိုကားမျိုးက (trailer အရရော) spoil လည်း ဖြစ်စရာသိပ်မရှိသလောက်ပါပဲ။ Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။ သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီး အချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။ Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။ Plot လည်း မရှိသလောက်။ ရုပ်ရှင်ကားတစ်ကားအနေနဲ့ quality ကြီးတွေ မပါဝင်ခဲ့ပေမဲ့ တစ်ကားလုံးနီးပါး မရပ်မနားနဲ့ entertain လုပ်ပေးသွားနိုင်တဲ့ကားတစ်ကားတော့ ဖြစ်ပါတယ်။ သူ့ဇာတ်လမ်းအရကလည်း အရမ်းကြီး အံ့သြစရာကောင်းလောက်တဲ့ revealation တွေမပါ၊ plot twist ကြီးတွေမပါပေမဲ့ suspense ဖြစ်စရာလေးတွေ တော်တော်များတယ်။ ဒီလိုကားမျိုးမှာ သေချာမြင်ရမှာကတော့ လူတွေအကြောင်းပဲပေါ့။ လူတွေက ရှေ့မှာဘယ်လိုနေနေ သေရေးရှင်ရေး၊ မိနစ်ပိုင်းအတွင်း ကိုယ် သို့မဟုတ် ဘေးလူတွေ သေကုန်နိုင်တယ် ဆိုတဲ့ အခြေအနေမျိုးရောက်လာတဲ့အခါ ပေါ်ထွက်လာတဲ့ သူတို့ရဲ့ အတွင်းစိတ်တွေ၊ သူတို့ရဲ့ ကြောက်လန့်မှုတွေ မြင်ရတယ်။ ဒီထက်အများကြီးပိုပြနိုင်ရင်တော့ ပိုကောင်းမယ်။ Room ထဲမှာ လာဆော့ကြတဲ့ ဇာတ်ကောင်တွေက random stranger တွေမဟုတ်ဘဲ သေချာရွေးထားတဲ့ selection ဆိုတဲ့အကွက်ကလည်း မဆိုးဘူး။ နည်းနည်း overkill ဖြစ်နေသလိုဆိုပေမဲ့ပေါ့။ အခန်းထဲမှာ clue တွေရှာရတဲ့ဟာတွေ၊ ထောင်ချောက်ဆင်တာမျိုးတွေလည်း လုပ်ထားတာ မဆိုးဘူး။ ပြီးပြီးရောဆိုတာထက် တော်တော်လေး creative ဖြစ်တဲ့အကွက်လေးတွေ တွေ့ရတယ်။ တချို့အကွက်တွေကျတော့လည်း cheat လုပ်သလိုအကွက်တွေဖြစ်နေတတ်သလို plot မဖြစ်ဖြစ်အောင်ကြီး အရမ်းလုပ်ပြထားသလိုမျိုးတွေ တွေ့ရတယ်။ သေကြတဲ့အခန်းတွေဆိုလည်း brutal ဖြစ်ပေမဲ့ မကြည့်ရဲလောက်အောင် သွေးထွက်သံယိုတွေ လုပ်မထားဘူး။ အေးဆေးကြည့်လို့ရတယ်။ Escape room က လန်ထွက်နေတဲ့ကားကြီးပါလို့ ပြောလို့မရဘူးဆိုပေမဲ့ အချိန်ပေးကြည့်ရတန်တယ်။ ပျင်းရတာမျိုးမရှိဘဲ ပြီးတဲ့အထိ ကြည့်ဖြစ်သွားအောင် ဆွဲဆောင်ထားနိုင်တယ်။ ကားကြီးတွေ ပင်ပင်ပန်းပန်းမကြည့်ချင်ပဲ နည်းနည်းပေါ့ပေါ့ပါးပါးနဲ့ brutal suspense ကားမျိုးကြည့်ချင်တယ်ဆို အဆင်ပြေပါလိမ့်မယ်။ (ဒီကားရဲ့အညွှန်းကိုတော့ DatShin မှ ကူးယူဖော်ပြပါတယ်…) File Size : (998 MB)  Quality : BluRay 720p Running Time : 1 hr 39 min Format : Mp4 Genre : Action ,Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Mystery • Thriller
6.5 2019 100 mins
Escape Room
5000 Blankets
6.1

5000 Blankets (2023) IMDb ~ 6.3 တက္ကဆက်ပြည်မြောက်ပိုင်း ဖို့တ်ဝေါ့သ်မှာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ “Philip’s Wish” ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ရှိပါတယ်။ အိမ်ခြေရာမဲ့တွေကို စောင်၊ စားစရာနဲ့ အခြေခံ လူသုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးပါ။ အဲဲဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူတွေကတော့ စင်ဒီနဲ့ဖေးလ်လစ်ဆိုတဲ့ သားအမိနှစ်ယောက်ပါ။ ဒီသားအမိက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီး အိမ်က ထွက်သွားတဲ့ စင်ဒီရဲ့ယောကျာ်း၊ ဖေးလ်လစ်ရဲ့အဖေ ဘော်ဘီကို လိုက်ရှာဖို့ ကြိုးစားရင်း ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့တွေရဲ့ ညတာရှည်ပြီး ချမ်းအေးလှတဲ့ ဘဝကို သိရှိခဲ့ရပါတယ်။ ဘော်ဘီလည်း သူတို့လို ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့ ၅၀၀၀ ထောင်ကျော်အတွက် စောင်တွေ လိုက်ဝေပေးဖို့ စိတ်ကူးမိရာကနေ ဒီဖောင်ဒေးရှင်းကြီး ပေါ်ပေါက်လာတာပါ။ ဒီဇာတ်လမ်းက အဲဒီဖြစ်ရပ်မှန်ကို အသက်သွင်းပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Plot twist တွေလည်း မရှိသလို တင်ပြပုံကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာတွေလည်း ရှိသေးကြောင်း လှလှပပ ပုံဖော်ပြထားပါတယ်။ ဖြစ်ရပ်မှန်လည်း ဖြစ်တာကြောင့် အသက်ဝင်ပြီး တစိမ့်စိမ့်ကြည့်ရင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားမျိုးပါ။ စင်ဒီတို့သားအမိ ဘော်ဘီကို ရှာတွေ့ခဲ့လားဆိုတာကို ဇာတ်ကားထဲမှာ အဖြေရှာရင်း မေတ္တာတရားနဲ့ ယုံကြည်ချက်တွေအကြောင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.93GB | 673MB | 328MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. Aaron

6.1 2023 105 mins
5000 Blankets
Pendulum
7.8

Pendulum (2023) “အိပ်မက်အပိုင်းအစများကို ခြယ်လှယ်ခြင်း” IMDb 7.7 CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူရင်း ကြည့်ဖို့ Malayalam စကားပြော fantasy/ thriller ဇာတ်လမ်းအဆန်းလေး တင်ဆက်ပေးလိုက်ပါတယ်… တက်သစ်စ ဒါရိုက်တာတစ်ယောက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ထားတဲ့ ပွဲဦးထွက် ရုပ်ရှင်တစ်ကားအနေနဲ့ ဒီလောက် rating ရတာ မဆိုးဘူး ပြောရမှာပါ အမီးရ်ဆိုတဲ့ လူတကာအပယ်ခံ ကောင်လေးတစ်ယောက်… အရပ်ထဲက လူတွေက အမီးရ်ရဲ့ အဖေကို မိစ္ဆာမှော်ပညာရှင်လို့ သမုတ်ထားကြတာ ဖြစ်ပြီး… သူချစ်မိတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေး ကတော့ သူ့ရဲ့ တစ်ဦးတည်းသော စကားပြောဖော် ကောင်မလေးပေါ့… ဒါပေမဲ့လည်း ကောင်မလေးရဲ့အဖေ သိသွားခဲ့အခါမှာ အမီးရ်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ် အမီးရ်မှာ အိပ်မက်တွေကိုခြယ်လှယ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ရှိနေပြီး တစ်နေ့ အိန်ဂျယ်နဲ့ အိပ်မက်တစ်ခုထဲမှာ ဆက်သွယ်ဖို့ ချိန်းဆိုခဲ့ပေမယ့် အိန်ဂျယ် သူ့အိပ်မက်ထဲ ရောက်လာတဲ့အချိန် သူတို့နှစ်ယောက် အပြင် သူစိမ်းတစ်ယောက် ရှိနေတဲ့အခါမှာတော့ ….. ဒီထူးဆန်းတဲ့ အဖြစ်ကို ဒေါက်တာ မဟေ့ရှ်ဆိုတဲ့ လူတစ်ယောက် မထင်မှတ်ပဲကြုံတွေ့လာတဲ့အခါ နောက်ဆုံး အိပ်မက်မက်ခြင်းနည်းနဲ့ သူ့အတိတ်စာမျက်နှာကို ပြန်လည် တူးဆွဖို့ ကြိုးပမ်းပါတော့တယ် သူကရော သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီး အနာဂတ်ကို ပြန်လည်ပြုပြင်နိုင်မလားဆိုတာကို ၁ နာရီ ၄၅ မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ပရိသတ်ကို မျက်တောင်တစ်ချက် မခတ်ရအောင် တင်ဆက်ထားတာမို့ ထူးဆန်းထွေလာ ဇာတ်လမ်းမျိုး နှစ်ခြိုက်ကြသူတွေ သဘောတွေ့မယ့် လက်ရာတစ်ခု ဖြစ်ကြောင်း ပြောရင်း… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Thriller • Drama • Horror
7.8 2023 106 mins
Pendulum
The Crazy Dad
5.9

” ကျွန်တော့ဘဝတစ်ခုလုံးရဲ့ပြိုင်ဘက်တွေကို ကြိုးဝိုင်းထဲမှာပဲတွေ့ရမယ်ထင်ခဲ့တာ.. နောက်မှနားလည်ခဲ့တာက ကိုယ်တိုင်အတွက်အသန်မာဆုံးပြိုင်ဘက်က ဘဝဆိုတာကိုပဲ ” ဒီဇာတ်ကားလေးကတော့ အရမ်းကိုမှနာမည်ကြီးကျော်ကြားခဲ့တဲ့ လက်ဝှေ့ချန်ပီယံချန်ဖုန်းတစ်ယောက် လမ်းပေါ်က မတော်တဆရန်ပွဲလေးကြောင့် ဘဝပျက်ပြီးထောင်ထဲ ရောက်သွားခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ် ။ Slice of life ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ လက်ဝှေ့ချန်ပီယံချန်ဖုန်းဟာ လမ်းပေါ်ကရန်ပွဲတစ်ခုကြောင့် ဘဝပျက်ပြီးထောင်ထဲဝင်ခဲ့ရပါတယ် ။ သူထောင်ကျတဲ့အချိန် အပြင်ဘက်မှာကျန်ခဲ့တဲ့ ချစ်သူဆီမှာ ကိုယ်ဝန်ကျန်ခဲ့ပါတယ် ။ ဒီလိုနဲ့ အရာရာကျရှုံးနေပြီလို့ထင်ခဲ့တဲ့ ချန်ဖုန်းတစ်ယောက် သမီးလေးကြောင့် မျှော်လင့်ချက်ရောင်ခြည်လေးပြန်ရှိလာခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ သူထောင်ကထွက်လာတဲ့အချိန်မှာ သမီးလေးက သူ့ကိုအသိအမှတ်မပြုတဲ့အပြင် ထောင်ထွက်တစ်ယောက်ဖြစ်နေလို့ မုန်းပါမုန်းနေတဲ့အခါ…. သူသမီးလေးအတွက် ဘယ်လိုမျိုး ရူးရူးသွပ်သွပ်ကြိုးစားသွားမလဲ ? သမီးလေးဆီက အသိအမှတ်ပြုမှုကို ရအောင် ဘယ်လိုတွေ ရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ရှင် ။

5.9 2024
The Crazy Dad
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
Joker: Folie à Deux
5.3

Joker: Folie à Deux (2024) IMDb Rating (5.3) 2019 တုန်းက မင်းသားကြီးဝါကင်းဖီးနစ်ကို အော်စကာ ရစေခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Folie à Deux ဆိုတာကတော့ ပြင်သစ်ဘာသာဖြစ်ပြီး “နှစ်ယောက်တွဲ ရူးသွပ်မှု” လို့ အဓိပ္ပါယ်ရပါတယ်။ ရူးသွပ်မှုတစ်ခုခုကို လူတစ်ယောက်ထက်ပိုပြီး ခံစားရတဲ့အခါ ဒီရောဂါ နာမည်ကို သုံးလေ့ရှိပါတယ်။ ဒီဂျိုကာရုပ်ရှင်ကတော့ DC ရဲ့ မူရင်း စကြဝဠာမှာ မပါပါဘူး။ “DC Elseworlds” လို့ခေါ်တဲ့ အခြားစကြဝဠာ တစ်ခုမှာ ဖြစ်ပျက်နေတာတွေကို ပြသထားတာ ဖြစ်ပါတယ်။ မူရင်းဒါရိုက်တာ Todd Phillips ပဲ ရိုက်ကူးထားပြီး ဟာလီကွင်း နေရာမှာတော့ လေဒီဂါဂါက ပါဝင်ထားပါတယ်။ ရုပ်ရှင်ကတော့ မှုခင်း ဆိုက်ကို ဒရာမာကိုမှ musical နဲ့ ရောထားတာပါ။ ဒါကြောင့် Greatest Showman တို့ Les Misérables တို့လို သီချင်းဆိုတာ ကတာတွေ ပါဝင်နေပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအကျဉ်းထောင်ထဲမှာ တရားခွင်အတွက် စောင့်ဆိုင်းရင်း လီဆိုတဲ့မိန်းကလေးနဲ့ ချစ်မိသွားကြပါတယ်။ ဒီရုပ်ရှင်အစအဆုံးကတော့ တရားခွင်မှာ ဂျိုကာနဲ့ သူ့ကို သေဒဏ်ပေးချင်တဲ့ ရှေ့နေ ဟာဗေးဒန့်တို့ အပြန်အလှန် ချေပပုံတွေရယ် ဂျိုကာနဲ့ ဟာလီကွင်း ကြားထဲက စိတ္တဇအချစ်ရယ်ကိုပဲ ပုံဖော်ပေးထားပါတယ်။ စီးရီးသဘောအရ ဆိုရင် အဓိကဇာတ်လမ်းပါတဲ့အပိုင်းမဟုတ်ဘဲ အဖြည့်ခံအပိုင်းလောက်ပဲ ရှိတာမို့ အားပေးမှုနည်းပြီး rating နည်းနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဇာတ်အိမ်ကြီးကျယ်မှုဆီ မသွားဘဲ ဖျော်ဖြေရေးသက်သက်သာ ဖန်တီး ထားတာမို့ ရိုက်ချက်တွေ သီချင်းတွေ ခံစားဖို့သက်သက်ပဲ ကြည့်တာ အကောင်းဆုံးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(8.3 GB) / (2.9 GB) / (1.1 GB) Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….02:18:29 Genre ….. Crime , Drama , Musicl , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Benjamin, Ka Naung Translated by Mr.Anderson

Action • Crime • Drama
5.3 2024 138 mins
Joker: Folie à Deux
Court – State Vs. A Nobody
8

Court – State vs. A Nobody (2025) “အညတရလူတစ်ယောက်အတွက်” တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့် အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲ စိတ်ပျက်လျက်ရှိပါတယ် ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့် အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါ တရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ ဒီကောင်လေးအတွက် တေဂျာတစ်ယောက် ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Cherry ~ Yunni မှ ဖြစ်ပါတယ်

8 2025 149 mins
Court – State Vs. A Nobody
National Lampoon’s Christmas Vacation
7.5

မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့ နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကို ပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသော အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကို တလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစု အဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက် ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လို အဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကို ယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “National Lampoon’s Christmas Vacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။ File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror
7.5 1989 97 mins
National Lampoon’s Christmas Vacation
1 Imam 2 Makmum
6.3

1 Imam 2 Makmum (2025) IMDb Rating (6.3) ဆုံးပါးသွားတဲ့ အရင်ဇနီးဟောင်းကို မမေ့နိုင်သေးတဲ့ Arman က သူ့အမေဆန္ဒအရ Anika ဆိုတဲ့ မိန်းမငယ်လေးကို အလိုမတူဘဲ လက်ထပ်ခဲ့ရတယ်။ Anika က Arman နဲ့ Arman ရဲ့သမီးလေး Yasmin ကို အရမ်းချစ်ပြီး ပြုစုစောင့်ရှောက်ပေးရင်း အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အရင်ဇနီးဟောင်းကို မေ့မရသေးတဲ့ ခင်ပွန်းသည် Arman ကို Anika နောက်ဆုံးမှာ သူ့ကိုချစ်လာအောင် ပြောင်းလဲနိုင်မလား၊ Yasmin လေးနဲ့ Anika ကြားက သံယောဇဉ်က အမေနဲ့သမီးဆက်ဆံရေးအဖြစ် တည်ရှိသွားနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ မိသားစုချစ်ခြင်းမေတ္တာ၊ ကတိကဝတ်တည်မြဲမှုတွေနဲ့ ရင်ထဲနွေးထွေးဖွယ် ကြည့်ရှုရမဲ့ ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.3 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:52:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Animation • Horror • Action • Science Fiction
6.3 2025 112 mins
1 Imam 2 Makmum