YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bell Ringing E02 720p WEB-DL CM.mp4

201.88 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Snowden
7.1

ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။ File Size        :   960 Mb Duration      :   2 : 14: 06 Quality          :   Bluray 720p Format          :    MP4 Genre            :    biography,drama,thriller Translator   :    Littleneo Encoder       :   Littleneo

Drama
7.1 2016 134 mins
Snowden
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
A Perfect Getaway
Dr. Qin : Deadly Novel
5.9

မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်လေးကို သဲထိတ်ရင်ဖိုနဲ့ သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လုံဖန်းမြို့တွင် ဖြစ်ခဲ့တဲ့ လူသတ်မှုတွေဟာ အင်တာနက်ပေါ်က မှုခင်းဝတ္ထုထဲကလူသတ်ပုံအတိုင်း တစ်ပုံစံတည်းဖြစ်နေပါတယ်။ မှုခင်းဆရာဝန် ချင်မင်ဟာ ဝတ္ထုဟာ “စိတ်အဆိပ် ၅ ပါး” ဖြစ်တဲ့ လောဘ၊ ဒေါသ၊ တုံးအ၊ မာန၊ သံသယ တို့ကို အခြေခံပြီး အမှုလုပ်နေတာဖြစ်ကြောင်း သတိထားမိသွားပါတယ်။ ဒါ့အပြင် ဝတ္ထုရဲ့ စာအရေးအသားပုံစံကလဲ ချင်မင်တို့ အထက်တန်းကျောင်းတက်နေချိန်တုန်းက ကျောင်းမဂ္ဂဇင်းမှာ ထည့်သွင်းခဲ့တဲ့ ဆောင်းပါးများရဲ့အရေးအသားနဲ့ အတော်ကိုတူနေပါတယ်။ သဲလွန်စအားလုံးဟာ ချင်မင်ရဲ့ အထက်တန်းကျောင်းမှ သူငယ်ချင်းဖြစ်သူ ဖန်းချီကို ညွှန်ပြနေတဲ့အချိန်မှာ ချင်မင်ရဲ့ အချစ်ဦးဟန်ယွဲ့မှာလည်း အန္တရာယ်ရှိနေသလို ဖြစ်နေပါတယ်။ ချင်မင်နဲ့ ဖန်းချီတို့နှစ်ယောက် တွေ့ဆုံပြီး အချင်းချင်း သံသယမကင်းဖြစ်နေတဲ့အကြောင်းကိုသိရသောအခါမှာတော့ အဖြစ်အပျက်တွေက မရိုးရှင်းတော့မှန်း သတိထားမိသွားပါတယ်။ တရားခံ အစစ်က ဘယ်သူဖြစ်မလဲ…… ကွင်းဆက်လူသတ်သမားဟာ ဘာကြောင့် လူတွေကို လိုက်လံသတ်ဖြတ်နေရတာလဲ…… ချင်မင်တို့ ရဲတပ်ဖွဲ့ကရော တရားခံကို အချိန်မီ ဖမ်းဆီးနိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2023
Dr. Qin : Deadly Novel
Abbabba
7

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

7 2024
Abbabba
Road Wars: Max Fury

ကပ်ဘေးကြီးအပြီးမှာ လူသားတွေတစထက်တစလျော့နည်းလာခဲ့တယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုတွေနဲ့အတူ ရှင်ကျန်ရစ်တဲ့ လူနည်းစုတွေစုပေါင်းပြီး နယ်မြေတွေအုပ်စိုးနေခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းကတော့ ရှင်ကျန်ရစ်ခဲ့တဲ့အုပ်စုတွေထဲက အုပ်စုတစ်စုရဲ့ဇာတ်လမ်းပါ။ သူတို့အုပ်စုမှာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ လူတစ်ယောက်ကို နယ်နှင်ဒဏ်ပေးခဲ့လိုက်ကြတယ်။ နယ်နှင်ဒဏ်ပေးတဲ့အချိန်မှာပဲ တိုက်ခိုက်မှုတွေဖြစ်ပြီး ခေါင်းဆောင်တစ်ယောက် ဆုံးပါးသွားခဲ့ပေမဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့သူကတော့ နာကျည်းမှုတွေနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာတော့ သေဆုံးသွားသူရဲ့ ကျန်နေခဲ့တဲ့ သမီးနှစ်ယောက်အရွယ်ရောက်လာပြီး လက်စားချေလိုမှုတွေနဲ့ သူ့ကိုနယ်နှင်ဒဏ်ပေးလိုက်တဲ့ ကျန်ရစ်တဲ့ခေါင်းဆောင်တွေကို လိုက်ရှာနေခဲ့တဲ့လူနဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(993 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre… Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Road Wars: Max Fury
See Spot Run
5.4

ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့ အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့ စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့် ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးက မူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်က ဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကို ကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့ လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးက ကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။ ၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင် FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်း ဟာသနှောပြီး ရိုက်ကူးထားတာ‌ကြောင့် ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။ File size… 2 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Drama
5.4 2001 94 mins
See Spot Run
[18+] Pukpok

Pukpok (2024) ဂျန်နီလင်းက ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ညီအစ်ကိုနှစ်ဦးရဲ့အတွင်းရေးမှူးဖြစ်ပြီး အပြုံးချိုချို၊ အလှအပ၊ဆွဲဆောင်အားတွေကို အသုံးချပြီးဘ၀တူဝန်ထမ်းတွေကို လိုရာအသုံးချတတ်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ပရိယာယ်တွေအောင်မြင်လာတာနဲ့အမျှ လောဘတွေတစ်ဆင့်တက်လာပြီး အလုပ်ရှင်ညီအစ်ကိုနှစ်ယောက်ကိုပါ နဖားကြိုးထိုးဖို့ကြံရွယ်လာချိန်မှာတော့ သူမျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား၊ လမ်းခုလတ်ကပဲ ခွေးကျဝက်ကျ ကျဆုံးမှာလားဆိုတာ ဆက်လက်ရှုစားကြပါ။ ဂျန်နီလင်းအဖြစ် Allison Smith ဆိုတဲ့အသစ်ကလေးတစ်ယောက်ကို မိတ်ဆက်ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(550 MB) / (310 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:01:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
0 2024 60 mins
[18+] Pukpok
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August
Something Is About to Happen

IMDb – 5.9/10, Rt – 100% Awards – 6wins and 6 nomis ဒိီကားလေးက ဒါရိုက်တာ Antonio Méndez Esparzaရဲ့စတုတ္ထမြောက် ရုပ်ရှင်ဖြစ်ပြီး၊း သူရဲ့ဇာတိနိုင်ငံ စပိန်မှာ ရိုက်ကူးထားတာပါ ဇာတ်လမ်းကို Juan José Millásရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ၊ ဇာတ်ကောင် Lucía ၏ ဘဝကို အဓိကထားပြသထားတာဖြစ်ပါတယ်။ ဒီကားဟာ Lucía (Malena Alterio) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကအနေနဲ့နောက်ကွယ်ကဖော်ပြထားပါတယ်။ သူမဟာ အိုင်တီ အထောက်အပံ့အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး၊ အလုပ်ထုတ်ခံလိုက်ရတဲ့အခါမှာ သူမဘဝတစ်လျှောက်မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ သူမဟာ တက္ကစီမောင်းသူအဖြစ်အသစ်စတင်ပြီး၊ လူ ပေါင်းစုံနှင့်တွေ့ဆုံရင်း သူမရဲ့ဘဝဟာ မထင်မှတ်ပဲ ရူးသွပ်လာပါတော့တယ်။ သရုပ်ဆောင် Malena Alterio က Lucía အဖြစ် သဘာဝကျကျသရုပ်ဆောင်ထားပြီး သူမရဲ့စိတ်ခံစားမှုတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဟာသ၊ ဒရာမာ၊ mystery စတဲ့ အမျိုးအစားတွေကို ချောချောမွေ့မွေ့ပေါင်းစပ်ထားလို့ ရုပ်ရှင်တစ်ခုလုံးကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမယ့် အခန်းတွေနဲ့တင်မက၊ ထိုင်တွေးစရာလည်းဖြစ်စေပါတယ်။ ဆုတွေလည်းခြောက်ခုလောက်ရထားပြီး RTကလည်း 100%အပြည့်နဲ့ကားကောင်းလေးမလို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Drama • Science Fiction
0 2024
Something Is About to Happen
King of Painting
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် King of Painting ဆိုတဲ့ စိတ်ကူးယဉ်ဟာသရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ခဲဟွမ့်ဟာ ပါရမီရှိပြီး အိပ်မက်နောက်လိုက်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ခေတ်ကြီးမှာ ကြိုးစားပြီး ပန်းချီဆွဲနေတဲ့ ခဲဟွမ့်ဟာ အားလုံးအထင်သေး အနိုင်ကျင့်စရာလူတစ်ယောက် ဖြစ်နေပါတယ်။ သူဟာ အိမ်ငှားခမပေးနိုင်၊ လုပ်ငန်းထဲကလူတွေအနိုင်ကျင့်၊ ရည်းစားကို ပြိုင်ဖက်က လုသွားတဲ့ ဘဝအနိမ့်ဆုံးအချိန်မှာ မိုးပေါ်က ကျလာတဲ့ စုတ်တံတစ်ချောင်းကြောင့် ဘဝကြီးက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီစုတ်တံက ဆွဲသမျှ အရာအားလုံး အပြင်ကို ရောက်လာတယ်တဲ့။ စုတ်တံက ဆွဲလိုက်လို့ ထွက်လာတဲ့ အရာတွေကဘယ်က ရောက်လာတာလဲ…… အဲဒီစုတ်တံက ကောင်ခြင်းတွေ သယ်ဆောင်လာမလား ဘေးအန္တရာယ်တွေ သယ်ဆောင်လာမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2025
King of Painting
Baby’s Day Out
6.1

Baby’s Day Out (1994) IMDb Rating (6.2) ၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။ Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။ Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်…. အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။

6.1 1994 99 mins
Baby’s Day Out