YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Because of Love (2023) (Ep12).mp4

591.45 MB N/A video/mp4 113 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
George of the Jungle
5.6

ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။ ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။ အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie Mann ကိုလည်း ပြန်ကြည့်နိုင်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ လူကုံတန်အသိုင်းအဝိုင်းက တစ်ဦးတည်းသောသမီး အမွေခံအမျိုးသမီးလေး အာဆယ်လာက တောဘုရင်ကြီးရှိတဲ့ အာဖရိကတောထဲကို လူဝံတွေကြည့်ချင်လို့ လာခဲ့ပါသတဲ့။ လေယာဉ်ပျက်ကျပြီး အာဖရိကတောထဲရောက်လာ၊ ကလေးပေါက်စတည်းကနေ လူဝံထီးကြီးတစ်ကောင်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လူလားမြောက်ခဲ့ရတဲ့ တောဘုရင် ဂျော့နဲ့ ဆုံတွေ့ခန်းရဲ့ ဇာတ်လမ်းကတော့ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ပါပဲ။ ခင်ပွန်းလောင်းကိုစွန့်ပယ်၊ တောဘုရင်အပေါ်မှ အချစ်ကြီးချစ်မိတဲ့ အာဆယ်လာရယ်၊ အခုမှ လူဆိုတာမြင်ဖူးတဲ့ ဂျော့ရဲ့ တောတွင်းလူရိုင်းနှလုံးသားရယ်၊ မတူတဲ့အသိုင်းအဝိုင်းကြောင့် သဘောမတူတဲ့ အာဆယ်လာရဲ့ မိခင်ရယ်၊ ဂျော့ရဲ့ မွေးစားဖခင် လူဝံကြီးကို ဖမ်းခေါ်သွားတဲ့ တရားမဝင်မုဆိုးနှစ်ယောက်ရယ်တို့ကို တဝါးဝါး တဟားဟား ကြည့်ရှုလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 32Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
5.6 1997 92 mins
George of the Jungle
The Iceman
6.5

လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာ လူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊ မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့ လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။ မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာ တစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့ လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊ သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊ နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ မပူပါနဲ့ဗျာ။ File Size :(1.8GB)(621MB) and (224MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Crime , Drama , Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (Kop) Encoded by Phyo Pyae

Drama • Thriller
6.5 2012 105 mins
The Iceman
Scandal Makers
6.3

ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရပြီး စိတ်အပန်းပြေစေမယ့် အင်ဒိုဟာသဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အော်စကာဟာ ရေဒီယိုအသံလွှင့်ရုံမှာ အလုပ်လုပ်ရင်း သူ့ရဲ့နာမည်ပြန်ရဖို့ ကြိုးစားနေရာကနေ တစ်နေ့မှာ သူ့ဆီကို အရှုပ်တော်ပုံတစ်ခုရောက်လာပါတော့တယ်။ အထက်တန်းကျောင်းက အချစ်ဦးနဲ့ အချစ်နယ်ကျွံရာကနေ အဖတ်တင်လာခဲ့တဲ့ သမီးဖြစ်သူ ဟာ မြေးဖြစ်သူနဲ့ရောက်ရှိလာတဲ့အခါ အော်စကာတစ်ယောက် ဗျာများရပါတော့တယ်။ နာမည်ရဖို့ကြိုးစားနေရာကနေ ဒီလိုကိစ္စတွေကြုံလာရတဲ့အခါ အော်စကာတစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.42GB / 630MB Quality…1080p  AMZ WEB DL /720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry

Drama
6.3 2023 86 mins
Scandal Makers
Di Renjie and Fire Unicorn

Detective Deeရဲ့ စုံထောက်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ် အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။ မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။ အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကို ပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာ တလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကို ခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။ အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ ဘယ်ကရောက်လာတာများလဲ။ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကို ဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2022 86 mins
Di Renjie and Fire Unicorn
Microhabitat
7.4

Microhabitat ( 2017 ) —————————- အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။ စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။ Microhabitatထဲက “မီဆို” ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ဘဝမှာ အရေးအကြီးဆုံးက သုံးခုပဲရှိတယ်။ စီးကရက် … ဝီစကီ … သူ့ကောင်လေး။ ဒါပေမဲ့ သူ့ကောင်လေးကလည်း လုပ်အားပေးလုပ်ဖို့ ဆော်ဒီအာရေဗျကိုပါသွားတယ်။ ဒီတော့ သူ့မှာ ဘာမှမကျန်တော့ဘူး။ စီးကရက်နဲ့ ဝီစကီပဲ ကျန်တော့တယ်ပေါ့။ ဒီလိုနဲ့ သူ အရက်ဘားကို ရောက်သွားတယ်။ ဝီစကီဈေးကလည်း တက်သွားတယ်။ ဒီလိုနဲ့ မီဆိုဟာ စီးကရက်နဲ့ နေစရာ ဘာကိုရွေးသွားလဲဆိုတဲ့ အကြောင်းကို ဒါရိုက်တာက ပြထားခဲ့တယ်။ ဒါရိုက်တာက IU ရဲ့ Persona ဇာတ်လမ်းတွဲထဲက Kiss Is Sin ဆိုတဲ့ အပိုင်းကို ရိုက်ခဲ့တဲ့တစ်ယောက်ပါပဲ။ Persona ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလေးယောက်လုံးက Art House ဆန်ဆန်တွေ အရိုက်များကြပါတယ်။ ဒီဇာတ်လမ်းမှာ ဒါရိုက်တာက အစစအရာရာဈေးတက်လာခဲ့တဲ့ ကိုရီးယားနဲ့ ပြည်သူတွေအခြေအနေကို ပြချင်တာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီမှာလည်း မထူးဘူးမို့လား Mevius ၃၅၀၀, Dunhill ၅၀၀၀, တစ်နေ့တစ်ဘူးစာနဲ့ တစ်လဆို တစ်လစာအိမ်လခတော့ကောင်းကောင်းရတယ်။ ခင်ဗျားတို့ ကျွန်တော်တို့သာဆိုလည်း ဈေးပေါတဲ့အိမ်ငှားပြီး ဆေးလိပ်တော့ ဆက်သောက်ဖြစ်နေဦးမပေါ့။ ဒီရုပ်ရှင်ကို ဆေးလိပ်ငါးလိပ်လောက်သောက်ရင်း ကြည့်ပြီးတဲ့နောက် ဆေးလိပ်ဆိုတာ ဇိမ်ခံပစ္စည်းဆန်တာကို ကောင်းကောင်းကြီးပိုသတိထားမိသွားခဲ့တယ်။ ဒီလိုနဲ့ ရုပ်ရှင်အပြီးမှာ ကျွန်တော်သင်ခန်းစာရပြီး စီးကရက်နောက်တစ်လိပ် ထပ်မီးညှိဖြစ်သွားတယ်။ “သူများအိမ်မှာ ကပ်နေပြီး စီးကရက်သောက်နိုင်သေးတယ် ငါ အင်မတန်ကံကောင်းပါလား” ဆိုတဲ့ သင်ခန်းစာကြီးပေါ့။ အားလုံးပဲ ရုပ်ရှင်ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြပါစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.21GB | 555MB | 264MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Action • Crime • Thriller
7.4 2017 105 mins
Microhabitat
Are You There God? It’s Me, Margaret.
7.8

Are You There God? It’s Me, Margaret. (2023) ~ IMDb – 7.8/10, Rotten Tomatoes – 99% ~ ဒီရုပ်ရှင်လေးကတော့ Anne with an E လိုမျိုး မြီးကောင်ပေါက်လေးတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းလေးတွေကို ချစ်စရာရိုက်ကူးထားတဲ့ Coming of Age အမျိုးအစားပါပဲ။ ဒီနာမည်နဲ့ပဲ မူရင်းဝတ္ထုဟာ 1970 မှာ စာရေးဆရာ Judy Blume ကရေးသားခဲ့ပြီး ၁၉၂၃ နောက်ပိုင်း အကောင်းဆုံး စာအုပ် ၁၀၀ ထဲမှာ အပါအဝင်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀မှာဖော်ပြခဲ့ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး စာအုပ် ၁၀၀ စာရင်းထဲမှာလည်း အပါအဝင်ပါပဲ။ ဒီဝတ္ထုကိုပဲ ခြေခံပြီး ဒါရိုက်တာ Kelly Fremon Craig က ဇာတ်ညွန်းခွဲ ရိုက်ကူးခဲ့တာပါ။ အဓိကမင်းသမီးလေး မာဂရက် အဖြစ် Ant-Man ရဲ့သမီး ကတ်ဆီ ငယ်ငယ်တုန်းက နေရာက‌နေ ပါဝင်ခဲ့တဲ့ Abby Ryder Fortson က သရုပ်‌ဆောင်ထားသလို မာဂရက်ရဲ့ မိခင်နေရာကတော့ ဒေါက်တာစထရိန့်ရဲ့ အချစ်ဆုံး ခရစ္စတင်းဖြစ်ခဲ့တဲ့ Rachel McAdams ပါ။ မာဂရက်ရဲ့ သူငယ်ချင်း နန်စီကတော့ Stranger Things ထဲက ရဲမှူးကြီးရဲ့ သမီးဖြစ်ခဲ့တဲ့ Elle Graham ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ မာဂရက်ဟာ ဂျူးအဖေ ခရစ်ယာန်အမေကနေ မွေးဖွားလာသူဖြစ်ပြီး မိဘတွေက ဘာသာမဲ့အဖြစ်ပဲထားထားပြီး အရွယ်ရောက်လာမှ ကိုယ်ပိုင်ဘာသာရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေကို သူ့ဘာသာ လေ့လာဆဲ စဉ်းစားဆဲပါပဲ။ သူတို့မိသားစု နယူးယောက်ကနေ နယူးဂျာဆီကို ပြောင်းလာပြီး ၆ တန်းမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိန်းကလေး ယောက်ျားလေးသဘာဝ ချစ်စရာ ဖြစ်ပျက်ပုံလေးတွေကို အခြေခံထားတာပါ။ ရင်သားတွေကြီးလာဖို့၊ ဘရာတွေအကြောင်းပြောဖို့၊ ဓမ္မတာလာတာရဲ့ ထူးဆန်းမှုတွေ၊ ကောင်လေးတွေအကြောင်းတွေ စသဖြင့် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့ အတွေးတွေနဲ့ စူးစမ်းမှုလေးတွေကို ပြထားတာမို့ မြီးကောင်ပေါက်ရုပ်ရှင်ကောင်းလေးတစ်ခုအဖြစ် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 46Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

7.8 2023 107 mins
Are You There God? It’s Me, Margaret.
Bakit Di Mo Sabihin
6.7

Bakit Di Mo Sabihin(2023) ************************ မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာ စကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့် တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊ အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊ လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝ ရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ File Size :(2.07GB)& (845MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

6.7 2023 120 mins
Bakit Di Mo Sabihin
The Switch

ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။ ၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2010
The Switch
Mantra Surugana

အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေ ကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ…၊ ဇာတ်လမ်းနာမည်က “စူရူဂါနာမန္တန်”တဲ့ ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်က သူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ…။ ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကို ဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ…။ ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာ စကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကို ပြောင်းလာခဲ့ပါတယ်…။ တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုး ရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတား အရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့…. နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေး တစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားဖူးတယ်…။ သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရ‌ပေါ့…။ တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့ လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲ ဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ…။ File size…910MB / 449MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Horror Translated by Themes

Drama • Thriller • Romance
0 2023 98 mins
Mantra Surugana
Railroad Tigers
5.8

ဂျက်ကီရဲ့စတိုင် ဟာသအက်ရှင် ပြန်လာပါပြီ။ ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်(ဂျက်ကီချန်း) တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။ တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။ (တစ်ကယ်တော့ အဲဒီတံတားဟာ ၁၉၄၂ ကာလမှာ တိုင်ကျင်းကနေ နန်ကျင်းကိုသွားတဲ့ အဓိက စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ဖျက်ဆီးနိုင်ခဲ့ရင် ဂျပန်တွေရဲ့တိုက်ခိုက်နိုင်စွမ်းအတော်ကို ကျဆင်းသွားမှာ ဖြစ်လို့ တရုတ်တပ်တွေက ဖောက်ခွဲဖို့ကြိုးစားခဲ့တာပါပဲ) အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ…. File size…(2.75 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield

5.8 2016
Railroad Tigers
Escape And Trace
5.8

လုချန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွာတဲ့ယာဉ်မတော်တဆမှုကိုစုံစမ်းစစ်ဆေးရာက ကွင်းဆက်အမှုတွဲအနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတစ်ခုပါ ပါလာခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်က လွန်ခဲ့တဲ့ ၅ နှစ်က လုချန်ယာဥ်ထိန်းရဲဌာနက ဒုအဖွဲ့မှူးလီယုံဖုန်းရဲ့ ဆရာကို သတ်သွားခဲ့တဲ့သူဖြစ်နေခဲပါတယ် လီယုံဖုန်းတစ်ယောက် ယာဥ်မတော်တဆမှုရဲ့ တရားခံကို စုံစမ်းရင်း တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေချိန်မှာ သူ့သမီးရှင်းရှင်းပါ ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦး

Horror • Mystery
5.8 2024
Escape And Trace
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro
6.5

သာယာတဲ့ ပုံမှန်​နေ့​လေးတစ်​နေ့မှာ Uda မိသားစုအ​နေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါ​တော့တယ်။ မိသားစုထဲက အငယ်ဆုံး​လေး Yuzuha ကို မတရား ပြန်​ပေးဆွဲခံရတဲ့ အ​ကြောင်းပြချက်က နိုင်ငံ​ရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်​နေတဲ့ အခါ သူတို့ ဘာ​တွေ ဆက်လုပ်ကြမလဲ။ အမှန်တရားကို ရှာ​ဖွေချင်တဲ့ ဦး​လေးဖြစ်သူ Kouji Uda ​ရော တူမ​​လေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူ​တွေ ကစားကြတဲ့ နိုင်ငံ​ရေး အရှုပ်​တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူ​တွေက ဘယ်သူ​တွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်​တွေက​တောင် အ​လျော်အစားကြီးမားလွန်း​နေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ​ပြောင်းလဲ​စေတဲ့ ​ရွေးချယ်မှု​တွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တ​စေ့တ​စောင်း ပြသ​နေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူး​နေကျ Crime/ Thriller ​တွေနဲ့ မတူတဲ့ ခံစားမှု တစ်ခုကို ​ပေးစွမ်းနိုင်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် သရုပ်​​ဆောင်​တွေ အများအပြားပါဝင်သရုပ်​ဆောင်ထားပြီး cinematographyနဲ့ ​နောက်ခံအသံ အပြင်၊ အ​ရောင်​ရွေးချယ်မှု​တွေလည်း ​ကောင်းမွန်တာ​ကြောင့် တကားလုံးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ အမှန်တရား၊ မိသားစု၊ ​ဥစ္စာဓန၊ တရားမျှတမှု၊ ပြစ်မှု နှင့် ပြစ်ဒဏ် စတာ​တွေကို ​မေးခွန်းထုတ်​စေမိတဲ့ ရသစုံလင်တဲ့ Imdb 6.7ရ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

6.5 2023
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro
My Love, My Bride

My Love, My Bride (2014) ************************* IMDb… 6.5 ဒီတစ်ခါမှာတော့ လူတိုင်းရဲ့ရင်ထဲမှာ အမြှီးကိုးချောင်း မြေခွေးမလေးအဖြစ် ကျန်ရစ်နေဆဲဖြစ်တဲ့ Shin Min-ah နဲ့အတူ Hospital Playlist နဲ့ လူသိများတဲ့အပြင် အဆိုရောသရုပ်ဆောင်ပါကောင်းတဲ့ Jo Jung Suk တို့ရဲ့ 2014တုန်းက ထွက်ရှိထားတဲ့ အိမ်ထောင်ရေးအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း အိမ်ထောင်ပြုတယ်ဆိုတာ ချစ်‌နေရုံနဲ့တင် အဆင်ပြေနိုင်တယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာရင်တော့ လက်တွေ့နဲ့ ရင်ဆိုင်ရမှာပါပဲ။ ဂင်ယောင်းမင်နဲ့ဂင်မီယောင်းတို့ရဲ့ ဇာတ်လမ်းကလည်း အတူတူပါပဲ။ ၄နှစ်ကြာတွဲပြီးတဲ့နောက် သမီးရည်းစားအဆင့်ကနေ အဆင့်တက်သွားကြတဲ့နှစ်ယောက်သား ပူပူနွေးနွေး စိတ်ကူးယဥ်ဆန်တဲ့ ကြင်စဦးအချိန်တွေကစလို့ လက်တွေ့နဲ့ယှဉ်လာတဲ့ အိမ်ထောင်ရေးအထိ ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ တတိယလူ၊ ဘဝတက်လမ်းနဲ့ ဝါသနာတွေ ပါဝင်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ချပြထားပြီးတော့ ယောင်းမင်နဲ့ မီယောင်းတို့ ဇနီးမောင်နှံ နှစ်ဦး ဘယ်လိုနားလည်မှုတွေနဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Milkeux ပဲ ဖြစ်ပါတယ်။) File Size : 1.46GB/ 670MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:52:15 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Milkeux Encoded by Tiff

0 2014 110 mins
My Love, My Bride