YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Back.to.the.Future.Part.III.1990.REMASTERED.1080p.BluRay.HEVC.mp4

2.42 GB N/A video/mp4 1445 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Freddy
7.6

ဖရက်ဒီဆိုတာ အသက် ၂၈ နှစ်အထိ ရည်းစားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်ပေါ့ သူ့ရဲ့ ရိုးရိုးအေးအေး တုံးတုံးအအ ပုံစံကြောင့် မိန်းကလေးတွေကလည်း သူ့ကိုမကြိုက်ကြဘူး သူက သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘမရှိ၊ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေနေရတာ ဖြစ်ပါတယ် အချစ်ကိုရှာဖွေရင်း အထီးကျန်ဆန်လှတဲ့ သူ့ဘဝကို စိတ်လှုပ်ရှားမှုတွေ ရင်ဖိုမှုတွေ ပေးမယ့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါတယ် အဲဒီမိန်းကလေးဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပေမယ့် သူ အဲဒီမိန်းကလေးကို ချစ်မိသွားခဲ့ပါတယ် လက်ထပ်ဖို့အထိပါ စဉ်းစားခဲ့ပြီး အဲဒီမိန်းကလေးကို ချဉ်းကပ်ပါတော့တယ် တကယ်တော့ အဲဒီမိန်းကလေးဟာ သူ့ယောက်ျားရဲ့ အထက်စီးဆန်မှု မောင်ပိုင်စီးမှုနဲ့ နှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေခဲ့ရတဲ့သူဖြစ်ပါတယ် ဒီလိုနဲ့ ဖရက်ဒီနဲ့ သူနဲ့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲ သူတို့ရဲ့တွေ့ဆုံမှုက ကံကြမ္မာရဲ့ စေလိုရာလား လူတစ်ယောက်ရဲ့ဖန်တီးမှုလား... ဒီဇာတ်ကားဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ လှည့်ကွက်များစွာနဲ့ မရိုးရှင်းလှပါဘူး ဒရမ်မာကိုမှ Mystery ဆန်ဆန် Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက် တကယ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size…1.34GB / 574MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~ Sora

Horror • Mystery • Thriller
7.6 2022 124 mins
Freddy
Bairagee
7

ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ် တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ် အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ် သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ် မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & Kevin & Thet Ko & BpL

Crime • Drama • Thriller
7 2022 135 mins
Bairagee
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
Sniper Vengeance
6.1

ကြီးမားလှတဲ့ စစ်ဆင်ရေး တာဝန်တစ်ခုမှာ သေဘေးကနေ လက်မတင်လေးတင် လွတ်မြောက်လာခဲ့ပြီး သူယုံကြည်ရဆုံး ရဲဘော် ရဲဘက်တွေကို ဆုံးရှုံးလိုက်ရသူ လက်ဖြောင့်စနိုက်ပါသမား – ကောင်းကျန်း ရဲဘော်တွေ သေဆုံးခဲ့ရလို့ ဖြေမဆည်နိုင်ဖြစ်နေပေမဲ့ ကောင်းကျန်းဘဏ်အကောင့်ထဲမှာ အမေရိကန်ငွေ ၄ သိန်းရောက်ရှိနေခဲ့တာမို့ သူ့ရဲဘော်တွေကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲခံနေခဲ့ရပါတယ် ။ နာကျဥ်းမှုတွေ များစွာရင်ဝယ်ပိုက်ထားတဲ့ ကောင်းကျန်းတစ်ယောက် မုန်တိုင်းအဖွဲ့ ဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းကာ လက်စားချေဖို့ လုပ်ဆောင်ခဲ့ပါတော့တယ် ။ ❏ ပြန်ပေးဆွဲမှုတွေ ခဏ ခဏ ကြုံတွေ့ရတဲ့ အချိန်မှာ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူဖြစ်နေမှာလဲ? ❏ သူ့ကိုချောက်ချတဲ့ သူကတော့ အမှန်ပဲရှိနေခဲ့တာလား? ❏ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်ရော ကောင်းကျန်းတစ်ယောက် လက်စားချေနိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။

Comedy • Drama
6.1 2023
Sniper Vengeance
Nimona
7.7

Nimona (2023) =========== Genre – Animation, Adventure, Comedy, Drama IMDb Rating – 7.7/10 Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာ သေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တ ကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Age တို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီး နေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေ ခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့ Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့ တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimona နေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင် နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretz ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio က နေ ခွဲထွက်လာပြီး Will Smith နဲ့ Tom Holland တို့ ပါဝင် ထားတဲ့ Spies in Disguise Animation ကို ပွဲဦးထွက် ရိုက် ကူးထားတဲ့ Nick Bruno နဲ့ Try Quane Duo နှစ်ယောက် ဖြစ်ကြပါတယ်။ ဇာတ်လမ်းလေးကတော့ ပြောရမယ်ဆို ခေတ်မှီနေတဲ့ ရှေး ခေတ်ဆန်ဆန် တိုင်းပြည်ကြီးတစ်ခုမှာ အခြေခံထားတာပေါ့။ ရှေးခေတ်ဆန်တယ်ဆိုတာက တိုင်းပြည်မှာ ရဲတွေ စစ်သား တွေမဟုတ်ပဲ ဟိုးအရင်ကတည်းက တိုင်းပြည်တည်ထောင်သူ ဘုရင်မဂလောရက်ရဲ့ တော်ဝင်မျိုးဆက် အစဉ်အဆက် သူရဲ ကောင်းတွေနဲ့ Institute ဆိုပြီး အုပ်ချုပ်ခဲ့တာမျိုး ဆိုပါစို့။ အဲဒီ မှာ လက်ရှိဘုရင်မကြီးက ဒီအစဉ်အလာကို ချိုးဖောက်ပြီး တော် ဝင်သွေးမဟုတ်တဲ့ ဘယ်လီစတာဆိုတဲ့ကောင်လေးကို ဓားပေးပြီး သူရဲကောင်းလုပ်ခဲ့ခိုင်းရာမှာ ဒီနေ့ ဘုရင်မကြီးကိုယ်တိုင် Sir ဆြာ ဘွဲ့ပေးအပ်တော့မယ့် အနေအထားတောင် ရောက်လာပါတယ်။ ဒါပေမဲ့လည်း လူတချို့ကတော့ အညတရပြည်သူတစ်ယောက်ကို လုပ်ခိုင်းစရာလား ဘာလားနဲ့ ကွဲလွဲမှုတွေတော့ ရှိတာပေါ့။ သူတို့ သူရဲကောင်းတွေကြားမှာလည်း ဘယ်လီစတာတစ်ယောက် မျက် နှာငယ်ရပြီး အနှိမ်ခံရတဲ့အချိန် အားကိုးဖော်ဘော်ဒါတစ်ယောက်ပဲ ရှိပါတယ်။ ဒီလိုနဲ့ ဘုရင်မကြီးပေးတဲ့ ဘွဲ့ကို ခံယူနေချိန်မှာပဲ သူ့ရဲ့ဓားက ထဖောက် ပြီး ဘုရင်မကြီးကို သတ်မိသွားကာ အားကိုးရတဲ့ သူငယ်ချင်းကလည်း လက်ကို ခုတ်ဖြတ်လိုက်ပြီး ဘယ်လီစတာတစ်ယောက် ဝရမ်းပြေး ဖြစ် သွားရပါတော့တယ်။ တစ်တိုင်းပြည်လုံးက ဗီလိန်ဆိုပြီး ဝရမ်းပြေးဖြစ် နေတဲ့အချိန် နီမိုနာဆိုတဲ့ လူထူးဆန်းကောင်မလေးကတော့ စိတ်ဝင်စားပြီး ဘယ်လီစတာကို ရှာပြီး ဗီလိန်လက်ထောက် ဖြစ်ချင်လို့ပါ ဆိုတဲ့အခါမှာ တော့… ဘယ်လီစတာ သူ့ နာမည်ပျက်ကိစ္စ ဖြေရှင်းနိုင်မလား၊ ကောင်မလေး နီမိုနာကရော ဘယ်လိုတွေ ထူးဆန်းနေသလဲ စသဖြင့် ရိုးရိုးအေးအေး ဘယ်လီစတာနဲ့ ပေါက်ကရလေးဆယ် နီမိုနာတို့ စွန့်စားခန်းထွက်ကြတာကို ကြည့်ရှုရမယ့် Animation ကားကောင်းလေး ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဟာသလေးတွေ ဝေဝေဆာဆာကြည့်ရမယ့်အပြင် ဒရမ်မာချိုးတာလေး တွေလည်း ခံစားရဦးမှာ ဖြစ်လို့ ပြေးကြည့်ကြဖို့သာ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.4 GB) / (614 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsuba Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thura Aung Encoder……….Zin Phyo Aung

7.7 2023
Nimona
Slow Video
6.3

၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားက အူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကို အသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာက အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုး မြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာ အနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူက လုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်း အလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာ ပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ် ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.53GB / 736MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance • Comedy • Drama
6.3 2014
Slow Video
Mean Machine
6.4

“The Mean Machine” လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ဆေးလိပ်အမြန်ဖွက်ပုံနည်းလမ်းအထိ ထောင်တွင်းနေထိုင်နည်းအဖြာဖြာကို သင်ယူခဲ့ရပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ခက်ခက်ခဲခဲစည်းရုံးအရယူအပြီးမှာတော့ ထောင်စောင့်တွေနဲ့ ယှဉ်ပြိုင်ရမယ့် ဘောလုံးပွဲစဉ်ဟာ နိုင်ငံသစ္စာဖောက်အဖြစ်နဲ့ ကျဆင်းခဲ့ရတဲ့ ဒန်နီရဲ့ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ရမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က The Longest Yard အမေရိကန်ရုပ်ရှင်ကားကို မှီငြမ်းထားပေမယ့် American Football အစား Soccer အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဒန်နီမီဟန် အနေနဲ့ Vinnie Jones၊ Jason Statham တို့ ပါဝင်ထားတဲ့ Sports Comedy ဇာတ်ကားလေးကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 625 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

War • Drama
6.4 2001
Mean Machine
The Reaping
5.8

တစ်ခေတ်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့မင်းသမီးချော Hilary Swank တို့ ဇာတ်ကြမ်းမင်းသားကြီး Idris Elba တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2007 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဘာသာရေးအစွန်းရောက်သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Reaping ဖြစ်ပြီး IMDb Rating 5.6 အထိရရှိထားခဲ့ပါတယ်။ ကက်သရင်းက ဘုရားသခင်ကိုလေးလေးနက်နက် ယုံကြည်ပြီးအမှုတော်ဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အံ့ဩဆန်းကြယ်ဖွယ်ရာလို့ လူတွေပြောကြတဲ့အရာတွေကို သိပ္ပံနည်းကျ အဖြေတွေထွက်လာအောင်လုပ်နိုင်တဲ့ ပါမောက္ခတစ်ယောက်လည်း ဖြစ်ပါတယ်။အရင်တုန်းကတော့ ခရစ်ယာန်အမှုတော်ဆောင်ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲ့ဒါကြောင့်ပဲ သူ့သမီးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်နာပြီး ဘာသာမဲ့တစ်ယောက်ဖြစ်လို့နေပါပြီ။ဘုရားသခင်ကို ပြန်လည်ယုံကြည်လာအောင် သူ့ကိုတခြားသူတွေကလည်း ဘယ်လိုမှ နားချလို့မရတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ ကျမ်းစာထဲမှာ နိုင်းမြစ်ကြီးသွေးတွေဖုံးလွှမ်းပြီးနီရဲသွားခဲ့သလို ဟေဗန်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြစ်လည်းအဲ့လိုဖြစ်နေတဲ့အတွက် အဖြေရှာဖို့သူ့ကိုလာအကူအညီတောင်းပါတော့တယ်။ဒီလိုနဲ့ သူလည်း ဘန်ဆိုတဲ့သူ့တွဲဖက်နဲ့အတူတူဟေဗန်မြို့ကိုထွက်လာခဲ့ ပါတော့တယ်။အဲ့ဒီမြို့က လူတိုင်းကဘာသာတရားကိုအရမ်း ကိုင်ရှိုင်းတဲ့အတွက် သူ့မျက်လုံးထဲမှာတော့မျက်စိစပါးမွှေးစူး ချင်စရာပါပဲ။ဒါပေမယ့် သူလုပ်စရာရှိတဲ့အလုပ်ဖြစ်တဲ့ မြစ်ကြီးနီရဲ လာတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရင်းနဲ့မှကျမ်းစာထဲမှာ ပါတဲ့အဖြစ်အပျက်တွေအတိုင်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတဲ့အခါမှာတော့ ဒီကိစ္စအတွက်ရောသိပ္ပံနည်းကျ ဖြေရှင်းချက်ရှိပါ့မလားဆိုတာအပြင် ဘာသာရေးအစွန်းရောက်တွေ နတ်ဆိုးကိုးကွယ်သူတွေရဲ့ရှုပ်ထွေးမှုတွေကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.77GB / 900MB Quality…Blu -Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2007 99 mins
The Reaping
Norm Of The North
3.4

အခုတခါတော့ ပရိတ်သတ်ကြီးအတွက် Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲက စီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံး တရုပ်ကို သရော်ထားတာကိုပါပဲ။ ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ ပိုလာဘဲတို့ရဲ့ ဒေသမှာ မစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီး တားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီး ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့ (ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ) File size… 1.6 GB / 976 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation/Adventure/Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Myo Min Thu Than Myint

3.4 2016
Norm Of The North
Breathless
7.7

Breathless (1960) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ဟာ နစ်ရှေးရဲ့ Nihilism ကို စံနမူနာပြထားတဲ့ ရုပ်ရှင်လို့လည်း ဆိုတယ်။ Breathless က ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်ထားတဲ့ ဇာတ်မျိုးပဲ။ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြဿနာတစ်ရပ်အပေါ် တုံ့ပြန်ပုံတွေကိုပဲ ဦးတည်ထားတယ်။ Breathless ရဲ့ဇာတ်ကောင်လုပ်သမျှတွေမှာ အကြောင်းရင်းတော်တော်ပျောက်နေတာတွေ များတယ်။ ဒီကောင် ဒီလိုလုပ်တာတော့ မဟုတ်သေးပါဘူးလို့ ပြောရမယ့်အရာတွေ များတယ်။ ဒါတွေကိုကလည်း ဒီကောင်ရဲ့ ဖလော်ဆော်ဖီကို မြင်သာစေတယ်။ ဒီလိုဆိုပေမဲ့ ဂိုးဒတ်ကို ကျွန်တော်တို့ ချီးကျူးရမယ့်တစ်ချက်က ဒီဇာတ်ထဲက ဇာတ်ကောင်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ကို နားလည်အောင်တစ်ဖက်လှည့်နဲ့လုပ်ပြသွားတာပဲ။ ဇာတ်ကောင်က သူ့အဖြစ်နဲ့ခပ်ဆင်ဆင် သူကြားဖူးနားဝဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသွားတယ်။ ဒီလိုပဲ ဇာတ်ကောင်တွေပြောတဲ့ဇာတ်လမ်းတွေနဲ့ ကြည့်ရှုသူကို နားလည်အောင်လုပ်ပေးသွားတဲ့ အခန်းတွေမနည်းဘူး။ ဒါကြောင့်လည်း သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ပမာဏတစ်ခုအထိ နားလည်နိုင်တယ်။ အဲဒီလိုနားလည်နိုင်လို့ပဲ ဒီဇာတ်က ပိုအရသာရှိနေတာပဲ။ ဂိုးဒတ်ဟာ နယူးဝေ့ရဲ့ ရိုးစင်းတဲ့အရွေ့မှာ သူနဲ့ခေတ်ပြိုင်တွေထက် ဒိုင်ယာလော့တွေကိုတော့ တော်တော်အားကိုးသွားတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားထဲက လူတစ်ယောက်ကို ဘဝရဲ့အကြီးဆုံးရည်မှန်းချက်ကဘာလဲမေးတော့… “To become immortal and then die” လို့ဖြေသွားတယ်။ တော်တော်လေးလှတဲ့အဖြေပဲ။ ဒီလိုတွေ ဂိုးဒတ်သုံးသွားတာ နည်းတော့မနည်းဘူး။ Breathless ဟာ ကျွန်တော့်အမြင်တော့ စည်းအပြင်ကလူလို ဇာတ်မျိုးကို ကြိုက်တဲ့လူတွေ ကြိုက်မယ့်ဇာတ်ပဲ။ မတူတာက ဒီကဇာတ်ကောင်ကတော့ သူ့အကျိုးဆက်နဲ့သူလို့ ပြောရမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်တွေဖြစ်လာအောင် သူလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို သူရွေးချယ်သွားပုံတွေကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ Breathless ရဲ့ ဇာတ်က ပြောပြရင် စာတစ်ပိုဒ်လောက်နဲ့ပြီးသွားမှာပေမဲ့ ကြည့်ရင်တော့ တော်တော်အရသာရှိတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီလိုဇာတ်မျိုး ဒီဘဲဘယ်လိုများ အိုင်ဒီယာရလဲတော့ မသိဘူး။ သူပြောခဲ့သလို “I pity the French Cinema because it has no money. I pity the American Cinema because it has no ideas.” “ပြင်သစ်ရုပ်ရှင်လောကကို ငွေမရှိလို့ သနားတယ်။ အမေရိကန်ရုပ်ရှင်လောကကိုတော့ အိုင်ဒီယာမရှိလို့ သနားတယ်” ဆိုတဲ့ သူ့စကားအတိုင်း သူတို့ပြင်သစ်ရုပ်ရှင်လောကမှာ အိုင်ဒီယာကောင်းတွေ များခဲ့ပုံပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့အခါ ဇာတ်ညွှန်းရေးတဲ့အပိုင်းမှာလည်း ဂိုးဒတ်က ဆန်းသစ်ခဲ့တယ်။ ရိုက်ကွင်းမစခင်မှ ကောက်ရေးတဲ့ စတိုင်ကိုသုံးပြီး သရုပ်ဆောင်တွေကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ဒိုကူမန်ထရီတစ်ခုရိုက်ကူးသလို အငွေ့အသက်မျိုးရအောင်ဖန်တီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဂိုးဒတ်ဟာ သူ့ရှေ့က ရုပ်ရှင်လောကကလူတွေကို Homage တော်တော်ပေးတဲ့သူလို့ နာမည်ကြီးပါတယ်။ သူနဲ့ခေတ်ပြိုင်တွေထဲ သူ Homage အပေးဆုံးလို့ ဆိုကြတယ်။ ဒီရုပ်ရှင်မှာလည်း အမေရိကန်ရုပ်ရှင်တွေကို Homage ပေးထားတာ မနည်းပါခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားနဲ့တင်ကို ဂိုးဒတ်ဟာ သူ့ကားထဲက ဒိုင်ယာလော့အတိုင်း Immortal ဖြစ်ပြီးမှ သေသွားတယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – BluRay 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 30Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 1960
Breathless
6 Bridges to Cross
6.7

ဒီကားလေးကတော့၁၉၅၅ခုနှစ်ကထွက်ရှိခဲ့တဲ့ crime/Drama ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ် Great Brink’s Robbery လို့ခေါ်တဲ့အဲ့ဒီအချိန်ကဖြစ်ပွားခဲ့တဲ့ဓားပြတိုက်မှုကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် အဲ့ဒီဓားပြတိုက်မှုက၁၉၅၀ဇန်နဝါရီ၁၇မှာဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းခွဲကျော်ပါသွားခဲ့ပါတာကြောင့်အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာ”the crime of the century”လို့ခေါ်ရလောက်အောင်အကြီးအမားဆုံးဓားပြတိုက်မှုကြီးဖြစ်ခဲ့ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့…. Boston မြို့မှာရဲအသစ်ဖြစ်တဲ့ Eddie Gallagher က Jerry Florea နဲ့သူ့အဖွဲ့ဆိုင်တစ်ဆိုင်ကိုဖောက်ထွင်းခိုးယူမှုကိုတားဆီးရင်းနဲ့ Jerry ကိုသေနတ်နဲ့ပစ်မိတာကြောင့်ဒဏ်ရာရခဲ့တာကနေစတင်ပါတယ် အဲ့ဒီနောက်သူတို့နှစ်ယောက်ခင်မင်သွားပြီးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ဖြစ်ပေါ်လာတဲ့ရဲတစ်ယောက်နဲ့သူခိုးတစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်ကိုကြည့်ရူရမှာဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Horror • Thriller
6.7 1955
6 Bridges to Cross
The Wounded Man
6.6

ပြင်သစ် ဒါရိုက်တာ – Patrice Chéreau ရိုက်ထားတဲ့ BL ပုံစံ လိင်တူ အဖိုးကြီးနဲ့ ဆယ်ကျော်သက်ကောင်လေးတို့ရဲ့ Drama movies ပါ Bl ဆို‌ပေမယ့် love scene တွေ အသားပေးထားတာမဟုတ်ပဲ လူ့ဆက်ဆံရေးအခက်အခဲတွေ , သနားစရာတွေ , လှည့်ကွက်တွေ , ချစ်ချင်းတွေကို ပညာပေးပုံစံရိုက်ကူးထားတာပဲဖြစ်ပါတယ် César Award မှာလည်း Best Screen play ဆုရထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇတ်ကားတစ်ကားဖြစ်လာစေမှာပါ ဇတ်လမ်းအကျဉ်း ဟိရိ ဆိုတဲ့ ကောင်လေးက အိမ်ကမိသားစုနဲ့အဆင်မပြေတဲ့အခါမှာ ရထားဘူတာမှာတွေ့ခဲ့တဲ့ လူတစ်ယောက်ကိုတွေ့တွေ့ချင် သဘောကျသွားပြီးတော့ သူ့နောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့အဲ့လူက လူလိမ်တစ်ယောက်ဖြစ်ပြီး ခြေသလုံးအိမ်တိုင်ဖြစ်နေပါတယ် ဟိရိကသူ့ကိုချစ်မိသွားပေမယ့် ဟိုလူကသူ့ကိုစိတ်ဝင်စားမလား သူတို့နှစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ရမယ့် ဒရမ်မာ နဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…(2.7 GB)/(1.8 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:49:00 Genre… Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zaw Lin Khant

6.6 1983
The Wounded Man
As Above, So Below
6.2

Abandon All Hopes, Ye who Enter Here ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ Adventure/ Horror ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်ပါတယ်။ ရှေးဟောင်းခေတ်က သူတွေဟာ ထာဝရအသက်ရှင်ခြင်းကို အင်မတန်မှ လိုလားကြပါတယ်။ ဒါဟာ အခုခေတ်ကျွန်တော်တို့တွေလည်း ဘဝမှာ အနည်းဆုံးတစ်ခါတော့ စိတ်ကူးယဉ်ဖူးကြမှာပါ။ မှော်ပညာတွေ အက္ခရိတ်ပညာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာလည်း ထာဝရအသက်ရှင်ခြင်းပါပဲ။ ဒီလို ထာဝရရှင်သန်ခြင်းကို အက္ခရိတ်ပညာနဲ့ ရရှိခဲ့တဲ့ သူရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိပါတယ် အဲဒါကတော့ Nicolas Flamel ပါ သူဟာ ၁၄၁၈ ခုနှစ်မှာ သေဆုံးသွားပေမဲ့ သူဖန်တီးခဲ့တဲ့ Philosopher Stone ဟာ ထာဝရအသက်ရှင်ခြင်း ဒါမှမဟုတ် မီးတိုင်တစ်တိုင်ကို ထာဝရလင်းနေစေနိုင်တဲ့ အနှိုင်းမဲ့ စွမ်းအင်တွေ ပေးနိုင်တယ်လို့ ယခုအချိန်ထိ ယုံကြည်နေကြသူတွေ ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ စကားလတ်ဆိုတဲ့ ရှေးဟောင်းသုသေသနပညာရှင်တစ်ယောက်က သူ့အဖေရဲ့ မပြီးဆုံးခဲ့တဲ့ ဒီ Philosopher Stone ကို ရှာနေခဲ့ပါတယ် ဒီလိုရှာဖွေနေရင် သဲလွန်စ ရလာခဲ့တဲ့ အချိန်မှာတော့ ပဲရစ်မှာရှိတဲ့ Nicolas Flamel ရဲ့ အုတ်ဂူနဲ့ ကျောက်စာက ဝှက်ထားတဲ့ စာတွေကိုဖော်ဖို့ဖြစ်လာပါတယ် ဒါပေမဲ့ ဒီရှေးဟောင်းစာပေကို မဖတ်နိုင်တဲ့အတွက် စကားလတ်ရဲ့ မိတ်ဆွေဟောင်း ‌ဂျော့ဂျ်ကိုသွားခေါ်ပြီး ပဲရစ်မြို့ရဲ့ မြေအေက်သင်္ချိုင်း catacomb တွေထဲမှာ ရှာပုံတော်ထွက်လာခဲ့ပါတယ်။ စကားလတ်တို့ philosopher stone ကိုရှာတွေ့သွားမှာလား လမ်းမှာ‌ရော ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့သွားရမလဲ ဆိုတာကို ဒီမြေအောက်သင်္ချိုင်းတွေထဲမှာ လိုက်ပါကြည့်ရှုရမှာပါ ဒီဇာတ်လမ်းဟာ Horror ဆိုပေမဲ့ Jump Scare တွေကို လိုအပ်သလောက်ပဲ သုံးထားပြီး ဇာတ်ကောင်တွေရဲ့ ကိုယ်ပေါ်က ကင်မရာရိုက်ချက်တွေနဲ့ ဖြစ်တာကြောင့် တစ်ကားလုံးမှာ ကိုယ်တိုင် ပါဝင်လိုက်ပါနေရသလို ခြောက်ခြားမှုခံစားချက်အပြည့်ရမှာပါ။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က မင်းသမီး Perdita Weeks တို့ ပါဝင်ထားကြတာမလို့ တကယ်ကို ကြည့်ရတာ တန်မှာပါ The Only Way Out is Down File Size : 2.1 GB, 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Thit San Khant

Drama
6.2 2014
As Above, So Below
Qimen Mechanism Scroll
5.8

ဒဏ္ဍာရီထဲမှာ ချီမိန်စက်ကျမ်းစာထဲမှာ အလောင်းဘုရင် ချုပ်ထိန်းပညာကို မှတ်တမ်းတင်ထားတယ်လို့ ပြောကြပါတယ်။အဲဒီ ကျမ်းစာကို ရသူက လောကကြီးကို ပိုင်နိုင်ပြီတဲ့။ အဲဒီကျမ်းစာကို ကွေကူသင်္ချိုင်းမှာ ရှိတယ်လို့ ပြောကြတဲ့အတွက် ချီတိုင်းပြည်နဲ့ ချူတိုင်းပြည်တို့က သူ့ထက်ငါအရင်ရအောင် သင်္ချိုင်းဂူထဲကို ဆင်းရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကိုမရတဲ့အပြင် နှစ်ဖက်လုံး ဒဏ်ရာရသူ သေဆုံးသူ များပြားခဲ့ပါတယ်။ မော့ဂိုဏ်းတပည့် မော့ရှင်းဟာ ဆရာတူအစ်ကို ကုံးစူးယန်နဲ့ ဆရာတူညီမလေး အားပေါင်းတို့ကို ခေါ်ပြီး နှစ်နိုင်ငံစစ်ရေးကို တားဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကွေကူသင်္ချိုင်းကို သွားခဲ့ပါတယ်။ ကွေကူသင်္ချိုင်းထဲမှာ ကျမ်းစာကို မရခဲ့ပေမဲ့ ကျမ်းစာရှိရာနေရာကို ပြတဲ့ မြေပုံတစ်ခုတော့ ရခဲ့ပါတယ်။ စစ်ဖြစ်ချင်သူအဖွဲ့နဲ့ စစ်ကို ရှောင်ရှားချင်သူတို့ကြား ဘယ်လို ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြံအစည်မျိုးတွေ ရှိနေမလဲ…… အဲဒီ အကြံအစည်တွေ နောက်ဆုံး အောင်မြင်လိမ့်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Comedy • Action
5.8 2025
Qimen Mechanism Scroll
A Scam Called Love
6.1

IMDb Rating – 6.1/10 ဒီကားကိုတော့ ဒါရိုက်တာ Carla Fonseca ကရိုက်ကူးထားပြီး Tobi Bamtefa, Didintle Khunou, Thanbo Thabethe, Brenda Ngxoli တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကတော့ မိသားစုဇာတ်လမ်းပုံစံကိုမှ ဟန်ဆောင်အချစ်ကနေ အစစ်အမှန်အချစ်ဆီ ကူးပြောင်းသွားပုံကို ဇာတ်လမ်းပုံဖော်ထားတာပါ။ တောင်အာဖရိက ကနေ အမေရိကန်ကို စားဖိုမှူးဖြစ်ဖို့ အိပ်မက်တွေနဲ့ ရောက်လာတဲ့ ဇိုလာဟာ ဗီဇာ အစိမ်းရောင်ကတ် မရတဲ့ပြဿနာနဲ့ ကြုံနေရပါတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အမေရိကန်နိုင်ငံသား အာဖရိကန်သွေးစပ်တဲ့ ဂျူလီယန်နဲ့ ဟန်ဆောင်လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဂျူလီယန်ကလည်း ငွေလိုနေတာကြောင့် လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ ဟန်ဆောင်အတွဲဟာ ဇိုလာရဲ့အိမ်ဖြစ်တဲ့ အာဖရိကကို ပြန်ရဖို့ဖြစ်လာတဲ့အခါ ဟန်ဆောင်တာတွေပေါ်မသွားဖို့ ကြိုးစားရပါတော့တယ်။ ဇိုလာရဲ့ မိဘတွေရဲ့ဆက်ဆံရေး၊ အမြဲလိုက်ပြိုင်နေတဲ့ ဝမ်းကွဲနဲ့ တစ်ခြားမိသားစုပြဿနာတွေကို အတူကျော်ဖြတ်ရင်း နှစ်ယောက်သား သံယောဇဉ်တွေ တိုးလာကြပါတယ်။ အမျိုးမျိုးသော အထင်လွဲစရာတွေ၊ အနှောင့်အယှက်တွေကြားမှာ ဇိုလာနဲ့ ဂျူလီယန်တို့က ချစ်တတ်ဖို့ သင်ယူသွားနိုင်မလားကိုတော့ ဒီကားထဲမှာ ဆက်လက်ရှုစားရမှာပါ။ File Size… (1.34 GB) / (803 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Crime
6.1 2025 109 mins
A Scam Called Love