YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Asur.S02E05.1080p.JIO.WEB-DL.AAC5.1CH(CM).mp4

620.95 MB 1080p video/mp4 397 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Noble Intentions
6

ဘယ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အဖေဆုံးသွားပြီးနောက် အမေနဲ့နေထိုင်ရင်းက ကင်ဆာရောဂါသည်အမေကို ဆေးကုသဖို့အတွက် ငွေပမာဏအမြောက်အမြားလိုလာပါတယ်။ သူ့နာမည်နိုဘယ်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမဲ့ မိခင်ကိုချစ်တဲ့စိတ်ကြောင့် ငွေအများကြီးရှာနိုင်ဖို့ လမ်းစရှာရင်း နာမည်နဲ့မလိုက်တဲ့ အလုပ်တွေလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစကတော့ ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ဘဝကြီးမှာ တခြားရွေးချယ်စရာကလည်း ဘာမှရှိမနေပြန်တော့ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ တရားမဝင်တဲ့အလုပ်ကိုလုပ်ကိုင်ကြပြီး အကြောင်းပြချက်ကြီးကြီးမာမားမရှိပေမဲ့ လူတစ်ယောက်ကို အလွယ်တကူဒုက္ခပေးဖို့ ဝန်မလေးတတ်ကြတဲ့ လောကကြီးထဲမှာပါဝင်ပတ်သက်ရင်း နိုဘယ်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အန္တရာယ်များပေမဲ့ငွေဝင်လွယ်တဲ့လောကကြီးထဲကနေရော သူရုန်းထွက်နိုင်ပါ့မလား၊ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဖိုးရပြီး အမေနေကောင်းဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ရော ပြည့်ဝသွားရဲ့လားဆိုတာတွေကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.8 GB)/(910 MB)/(435Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Action • Adventure • Fantasy
6 2023 108 mins
Noble Intentions
How I Live Now
6.6

မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်း ဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်က အဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့ အမေရိကန်လူမျိုး ဒေစီ... ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရ တယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်‌တို့မိသားစုနဲ့လည်း ကင်းကင်းရှင်းရှင်းပဲနေပါတယ်..‌ တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စား စောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူ မရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်.. စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်.. ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝ ပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့ မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်.. File size…2.38GB / 1.04GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni

Comedy • Romance
6.6 2013 101 mins
How I Live Now
Liberal Arts
6.5

Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က တွဲပြတ်ထုံးစံကြီးနဲ့ ချစ်ရေးချစ်ရာကို အသားမကျတဲ့ ဇစ်ဘီတို့ဟာ အသက် ၁၈ နှစ်ကွာပေမယ့် ခပ်မြန်မြန်ပဲ ရင်းနှီးခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ လမ်းခုလတ်မှာ ခဏတဖြုတ်တွေ့ဆုံကြမယ့်သူတွေလား၊ ဘ၀လက်တွဲဖော် ဖူးစာဆုံကြမယ့်သူတွေလားဆိုတာကို အချစ်ဒဿန ဘ၀ဒဿနတွေနဲ့ ခပ်ပါးပါးလေးပုတ်ထားတဲ့ ဇာတ်ကားတစ်ကားမို့ ကြည့်ဖို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

TV Movie • Thriller
6.5 2012 97 mins
Liberal Arts
Mad God
6.9

Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။ CGI ခေတ်လို့ ဘယ်လောက်ပြောပြော stop-motion နည်းပညာကိုလည်း ခေါက်ထားလို့ မရသေးကြောင်း သက်သေပြနိုင်တဲ့ နောက်ထပ် အမိုက်စား Animation ကားလေးပေ့ါဗျာ။ ဇာတ်လမ်းအညွှန်းကတော့ ... ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ... လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ... သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ? သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား? ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDb မှာကော Rotten Tomatoes မှာပါ rating တွေ ကောင်းတဲ့အပြင် critic review တွေလည်း ရှယ်ရထားတာမို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ Lwin Lwin Aung က ရေးပေးထားတာပါ။) File Size : 2.2GB, 922MGB, 417MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 23mins Genre : Animation, Fantasy, Horror Encoded by Kinnov

Action • Crime
6.9 2022 84 mins
Mad God
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
The Human Centipede 3 (Final Sequence)
3.8

လူသားကင်း​ခြေများဆိုတဲ့ ရုပ်ရှင်က​တော့ ​အော်ဂလီဆန်စရာအ​ကောင်းဆုံး ဇာတ်ကား​တွေထဲမှာ အပါအဝင်ပါပဲ... ပညာရှိတို့ အရူးထရင် ဘယ်လို​တောင်​ကြောက်စရာ​ကောင်းတယ်ဆိုတာကို ၂၀၀၉မှာ ထွက်ရှိခဲ့တဲ့ ပထမကားမှာ မြင်​တွေ့ရပါမယ် လူသား၃​​ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်း တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ၂၀၁၁မှာ ထွက်ရှိတဲ့ ဒုတိယရုပ်ရှင်က​တော့ ပထမကားကိုစွဲလမ်း​ပြီး လူသား​တွေကို ကြုံသလို ဆက်မယ့် လုံခြုံ​ရေးသမားအ​ကြောင်းပါ..သူဟာ ငယ်ငယ်ကတည်းက အ​​ဖေဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုကို ခံထားရသူပီပီ ပိုကြမ်းမှာပါ ဒီကားကို​တော့ ဒါရိုက်တာက ကင်း​ခြေများကိုပဲ Focus မလုပ်ဘဲ dark theme ​လေး ခံစား​စေချင်လို့ black and white တင်ဆက်ထားပေမယ့် ကျနော်တို့ Dark Side ကတော့ Colorized Version နဲ့ တင်ဆက်လိုက်ပါတယ်။ ၂၀၁၅မှာ ​နောက်ဆုံးထွက်ရှိခဲ့တဲ့ Final Sequence မှာ​​တော့ ​နေမြင့်​လေ အရူးရင့်​လေဖြစ်တဲ့ ​ထောင်ပိုင်နဲ့ သူ့ရဲ့ ​ဂေါက်သီး စာရင်းကိုင်တို့ ၂​ယောက် ​ထောင်အသုံးစရိတ်​လျှော့ချ​ရေးအတွက် ​ထောင်သား​တွေကို ကင်းခြေများအသွင် ဖန်တီးကြမှာပါ လူ​တွေ ဘယ်အတိုင်းအတာထိ ရူးသွပ်နိုင်တယ်ဆိုတာကို ခံစားကြရပါမယ် အထက်မှာ ​ပြောခဲ့သလို ညစ်ညမ်းတာတွေအပြည့်နဲ့ဇာတ်ကားဖြစ်တာ​ကြောင့် အသက်မပြည့်သူများ ရွံတတ်သူများ နှလုံး​ရောဂါရှိသူများ လုံးဝ(လုံးဝ) မကြည့်သင့်ပါ​ကြောင်း...။ The Human Centipede ဇာတ်ကား ၃ ကားလုံးကို https://channelmyanmar.org/?s=The+Human+Centipede မှာကြည့်လို့ရပါတယ်။ [Dark Side Production မှ တင်ဆက်သည်။] File Size : (1.2 GB) & (570 MB) Quality : BluRay 1080p & 720p Running Time : 01:49:52 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Mugiwara Ya Encoded by RGB

Adventure • Animation • Comedy • Family
3.8 2015 103 mins
The Human Centipede 3 (Final Sequence)
Buffaloed
6.2

2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။ File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island

Family
6.2 2019 95 mins
Buffaloed
Marshall
7.3

Marshall (2017) ~ IMDb – 7.3/10, Rotten Tomatoes – 80% ~ အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။ ~ ဇာတ်လမ်းအညွှန်း ~ အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။ သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 680MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 50Min Genre – Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2017
Marshall
Wilderness Mystery Case
6

ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာ ကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။ နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာ ချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။ သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာ သူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။ အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ…… လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ…… လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲ အကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင် နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။

Drama
6 2023
Wilderness Mystery Case
This Hits Home
7.4

This Hits Home (2023) ================= ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်း ရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှု‌ထောင့်ကနေပါ သေ‌သေချာ လေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားနေရတတ်ပါတယ်။ ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့ လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာ တတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲ ဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသု‌တအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ် ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1 GB) / (371 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Khant Sett Naing Encoder……….SWM

7.4 2023
This Hits Home
United States of Love
6.1

၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။ သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာ ဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့ မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကို အချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်… အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့ အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြား သွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့ အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင် ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာက သူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့ အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီး အတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူ မာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့ မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်… အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလို ခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ… သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာက မီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကို ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ… ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်….. ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီး ဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ… File size… 1.6 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoa Va

6.1 2016
United States of Love
Aa Okkati Adakku
6

Aa Okkati Adakku (2024) “မမေးသင့်သောအရာ” IMDb – 7.4/10 တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချော ဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူက ကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။ မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့ အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက် အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲ ယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။ အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေ အချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama • Thriller
6 2024
Aa Okkati Adakku
Madanolsavam
6.9

Madanolsavam (2023) “အသုံးချခံ” အခုတစ်ခါမှာတော့ မလေယာလမ် ကျေးလက်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မာဒါနန်ဟာ အဒေါ်နဲ့အတူတူနေထိုင်ပြီး ကြက်တွေမွေး၊ အလှဆင်ကာ ရောင်းချတဲ့အလုပ်ကို လုပ်ကိုင်ပါတယ် ပူစရာဆိုလို့ အိမ်ထောင်ပြုဖို့ မသေချာရုံကလွဲလို့ ဘဝရည်မှန်းချက် ရေရေရာရာမရှိဘဲ အနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေရုံပါပဲ တစ်နေ့မှာတော့ ဦးလေးဆိုသူက သူ့ကို ပါတီတစ်ခုက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခိုင်းမယ်လို့ ပြောတာကြောင့် ဘုမသိဘမသိ လိုက်သွားပြီး ပြိုင်ဘက်ပါတီ နှစ်ခုကြားက ပြဿနာအရှုပ်အရှင်းများထဲ ဘယ်လိုရောက်သွားမလဲ ဆိုတာ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Action • Crime • Drama
6.9 2023 127 mins
Madanolsavam
White Tiger
5.7

White Tiger (2012) ******************* ဒီတင့်ကတော့ ဂျာမန်တို့ရဲ့ White Tiger ဆိုတဲ့တင့်ပါ…. M4 Sherman တွေကို အားပါတရဖျက်ဆီးပြသွားတာ ကြည့်ဖူးတဲ့သူတွေသိမှာပါ] တစ်စီးတည်းက ဖျက်ဆီးသွားတော့ ရုရှားတင့်တပ်က အကြီးအကဲတွေနဲ့ နည်းပညာသမားတွေအတွက်တော့ တကယ့်သွေးပျက်စရာပါပဲ… ပျောက်ကျားစစ်ပုံစံဆင်နွဲနေတဲ့ ဒီ White Tiger ကြီးကြောင့် များစွာအထိနာနေတဲ့ရုရှားတွေဟာ တန်ပြန်တိုက်ခိုက်ဖို့ တင့်တပ်ဖွဲစီစဉ်ပါတော့တယ်.. ဒီအထဲမှာတော့ အတွေ့အကြုံများစွာရှိနေတဲ့ တင့်ကား(၁၅)စီးတိုက်ခိုက်ခံရစဉ် မသေဘဲ ကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ခေါင်းဆောင်ခန့်ပြီး တိုက်ခိုက်ဖို့ကြံရွယ်ကြတယ်… ကိုင်း သူတို့အောင်မြင်မလားဆိုတာကိုတော့…ဇာတ်ကားထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး တင့်ကား စစ်ကားတွေမှ သဘောကြတဲ့သူတွေအတွက် ကားကောင်းတစ်ကားဖြစ်လို့ ခံစားကြည့်လိုက်ပါဦး…. File Size : 2.49GB / 1.01GB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:44:00 Genres : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Heather Oo

Comedy • Drama • Romance
5.7 2012 105 mins
White Tiger
Manamey
6.1

Manamey 2024 (မိသားစု) ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟာသမင်းသားကြီး Vennela Kishore ပါဝင်ထားတဲ့ ကလေးလေးတစ်ယောက်နဲ့တိုင်ပတ်ကြမဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်နေတတ်တဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ့်မှာ အချစ်ဆုံးသူငယ်ချင်း အာနူရန်ဆိုသူရှိပါတယ်။ အချစ်ရဆုံးသူငယ်ချင်းတွေဆိုပေမဲ့လည်း ဗစ်ကရမ်ကတော့‌ ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ နေတတ်သူတစ်ယောက်ပါ၊ အာနူရန်ကတော့ ချစ်ရသူရှိပြီး ချစ်ရသူနဲ့အတူတူ ဘဝကို ဖြတ်သန်းချင်တဲ့သူပေါ့။ သူတို့နှစ်ယောက်ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြရင်း ကံကြမ္မာဆိုးကြီးတစ်ခုက ရောက်လို့လာခဲ့ပါတယ်။ အဲဒီကံကြမ္မာဆိုးကြီးကတော့ အာနူရန်နဲ့ သူ့ဇနီးသည်ဟာ အက်စီးဒန့်ဖြစ်ပြီးတော့ ဆုံးပါးသွားရတာပါပဲ။ အာနူရန်တို့ ဆုံးပါးသွားခဲ့ပေမဲ့ အာနူရန်ရဲ့ကလေးလေး ခူရှီကတော့ သေကံမရောက်တဲ့အတွက် အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒီအခါမှာ ခူရှီလေးအတွက် ထည့်သွင်းစဉ်းစားလာရပါတော့တယ်။ ခူရှီလေးကို အာနူရန်ရဲ့ဇနီးသည်ဖြစ်သူရဲ့သူငယ်ချင်းဖြစ်သူ စမီသာဟာ မွေးစားခွင့်တောင်းခံခဲ့ပေမဲ့ စည်းမျဉ်းဥပဒေတွေအရ မွေးစားမဲ့သူဟာ အိမ်ထောင်သည်ဖြစ်မှ မွေးစားလို့ရမယ်ဆိုတဲ့အတွက် အခက်ကြုံရပါတော့တယ်။စမီသာဟာလည်း စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက် ခူရှီလေးကို မွေးစားဖို့အတွက် စမီသာနဲ့အတူ ဗစ်ကရမ်ပါ ၆လကြာအောင် ကလေးကို ပျိုးထောင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ်နဲ့ စေ့စပ်ထားပြီးသား စမီသာတို့နှစ်ယောက် ခူရှီလေးကို ဘယ်လိုပုံစံနဲ့ တစ်အိမ်တည်းအတူနေပြီး ပျိုးထောင်သွားကြမလဲ ……. နောက်ဆုံးအဆုံးဖြတ်အနေနဲ့ရော ဘယ်လိုတွေဖြစ်သွားမလဲ …….. ဆိုတာကို ဟာသလေးတွေနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Animation • Comedy
6.1 2024
Manamey