YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Alien.Weekend.2024.720p.(CM).mp4

592.6 MB 720p video/mp4 34 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Tarla
7

Tarla(2023) CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို Cm Bollywood Team မှ Aditi, V နဲ့ ZWE တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.9GB / 800MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by  Aditi~  V ~ ZWE

Drama
7 2023 127 mins
Tarla
Godzilla vs. Kong
7.7

အားလုံးစောင့်မျှော်နေတဲ့ ဂေါ်ကြီး နဲ့ ကောင်ကြီးတို့ လာပါပြီ။ ဒီရုပ်ရှင် မတိုင်ခင်မှာ Godzilla (2014)၊ Kong Skull Island (2017), Godzilla King of Monsters (2019) တို့ကြည့်ဖူးထားရင် ပိုအချိတ်အဆက် သိပါတယ်။ ယှဉ်လာရင် ဗိုလ်မထားတဲ့ ဗိုက်ပူဂေါ်ကြီး နဲ့ မိုက်ကယ်ကောင်ကောင်တို့ ဇာတ်လမ်းကို ကြည့်လို့ရပါပြီ။ ကောင်းပါတယ် ဇာတ်လမ်းရော အက်ရှင်ရော မိုက်တယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ပါဘူး အဓိကက ဒီနှစ်ကောင် ချတာ ကြည့်ရဖို့ပဲ မဟုတ်လား။ ( အညွှန်းကတော့ လက်လန်တယ်နော် . ဤကား Encoder စကားချပ် :P ) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 53min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Sci-Fi, Thriller Source : 1080p.WebRip Translator – Littleneo Encoder – SWM

Drama • Thriller
7.7 2021 114 mins
Godzilla vs. Kong
Instant Family
7.5

Instant Family (2018) IMDb - 7.3/10_____Rotten - 82% Instant family ဇာတ်ကားဟာ IMDB 7.3 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား..... မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး..... လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ..... အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ..... ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ..... ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်... မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးရဲ့ မိဘအဖြစ်အသိအမှတ်ပြုခြင်းကို ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး..... သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး နားလည်မှုအပြည့်ပေးတဲ့ မိဘတွေကိုပဲ ပိုပြီးမက်မောတတ်တဲ့ အရွယ်ပေါ့...... စမ်းသပ်ကာလတစ်ခုအထိ အတူနေပြီး တရားဝင်မိသားစုဖြစ်လာဖို့ ကြိုးစားကြတဲ့ ပိ(ထ်)နဲ့အယ်လ်တို့ဟာ လစ်ဇီ ၊ ဂွမ်နဲ့ လီတာတို့ရဲ့ မိဘအဖြစ်အသိအမှတ်ပြုမှုကို နောက်ဆုံးမှာ ရရှိသွားပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ အဖြေရှာရင်း လုံးဝကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးလို့ပဲ ညွှန်းဆိုပါရစေ...... File Size : ( 1 GB) Quality : WEB DL 720p Running Time :1hr 58 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Neve & Mg King Encoded by Moe Myint Lwin

Drama • Mystery
7.5 2018 118 mins
Instant Family
Pom Poko
7.3

Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့ Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်​သေးဘူးဆိုတော့လည်း နည်းနည်း​လောက်တော့ပြောပြလိုက်ပါဦးမယ်။ ဇာတ်လမ်းလေးကဒီလိုစပါတယ်……. ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာ တာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ …. ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့ လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေက မြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီး မြို့သစ်တစ်ခုတည်ဆောက်​ဖို့ကြိုးစားကြပါတော့တယ် …… အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို အသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ……. ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့ အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာ အခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။ နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေ မျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေက ဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့် အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.10 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Romance • Comedy
7.3 1994 119 mins
Pom Poko
Kalluri Rascals

Kalluri Rascals 2023 ပြိုင်လမ်းပေါ်ကကောင်ဆိုးလေးများ ဘာကိုမှသိပ်ဂရုမစိုက် အလေးမထားတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ နှလုံးသားတံခါးကိုလာခေါက်မယ့်မိန်းကလေးကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကိုပိုင်ဆိုင်ရဖို့ ဘာမဆိုလုပ်တတ်ပါသတဲ့။ ဟော့ဟော့ရမ်းရမ်းနေတတ်ပြီး အဖေ့ပြိုင်ကားကြီးကိုမောင်းလို့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကားပြိုင်ပွဲတွေလုပ်လေ့ရှိတဲ့ ကလေကချေဗာရွန်တစ်ယောက် ပြိုင်ကားမောင်းရင်း သူများဆိုင်ဝင်တိုက်မိပြီးချိန်မှာတော့ အမေက ဖတဆိုးသားလေးကိုစိုးရိမ်ပြီး ကားကိုရောင်းခိုင်းပါတော့တယ်။ ဗာရွန်ကိုလည်း ကောလိပ်တစ်ခုမှာတက်ခိုင်းဖို့ အစ်ကိုဖြစ်သူရဲအရာရှိကို ကိုယ်တိုင်ကျောင်းအပ်ခိုင်းတာပေါ့။ အမေနဲ့အစ်ကိုကို မလွန်ဆန်နိုင်လို့သာ ကောလိပ်ရောက်လာပေမဲ့ ဗာရွန်တစ်ယောက် ကြိတ်မနိုင်ခဲမရပေါ့။ ဒီလိုနဲ့ကောလိပ်မှာ Kalluri Rascals ဆိုတဲ့ ပြိုင်ကားအဖွဲ့နဲ့တွေ့ပြီးတော့ ပြိုင်ကားပိုးကပြန်ထလာပြီး နှုတ်ခမ်းနီမလေးတွေအသဲစွဲ ပြိုင်ကားသမား အထာကျတဲ့ဘဲကြီးလုပ်နေရင်းနဲ့ သူ့ရဲ့နှလုံးသားကိုခိုးယူမယ့် နီဗီသာဆိုတဲ့ကောင်မလေးကို ကောလိပ်မှာဆုံဖို့ ဖြစ်လာချိန်မှာတော့…. သိပ်လှတဲ့နှင်းဆီတစ်ပွင့်ကို ခူးဆွတ်လိုသူတွေကများလွန်းတော့ ဗာရွန်တစ်ယောက်ရဲ့ နီဗီသာကိုရဖို့အရေး ကောလိပ်ကလူဆိုးဗိုလ်ပရမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ နဂိုထဲကဇနဲ့ဗလနဲ့ ခေါင်းငုံ့မခံတတ်တဲ့ဗာရွန်တစ်ယောက် နီဗီသာအတွက်နဲ့ ပရမ်နဲ့ငြိရင်း အဲဒီနယ်မြေတစ်ဝိုက်က မူးယစ်ဂိုဏ်းနဲ့ပါ ငြိစွန်း‌မိလေတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Mg Shin ~ Yunni ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

0 2023
Kalluri Rascals
Scoop
6.6

ဗြိတိန်အင်ပါယာရဲ့ဘုရင်မကြီး”အဲလစ်ဇဘတ်”ရဲ့တတိယမြောက်သားဖြစ်သူ မင်းသား”အန်ဒရူး” ဟာ အသက်မပြည့်သေးသောကောင်မလေးတစ်ဦးကိုဖိအားပေးပြီးလိင်ပိုင်းဆိုင်ရာစောက်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဂယက်ရိုက်ခဲ့ပါတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး 2019 ခုနှစ်မှာ BBCရဲ့ Newsnight ဆိုတဲ့ သတင်းအစီအစဥ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက အကြီးအကျယ်ပိုဆိုးသွားပြီး နောက်ဆုံးမှာ မင်းသား”အန်ဒရူး”ဟာ သူ့ရဲ့တော်ဝင်အရိုက်အရာရာထူးအာဏာတွေကိုစွန့်လွှတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ် ဒီဇာတ်ကားကတော့ မင်းသား”အန်ဒရူး”ကိုအင်တာဗျူးဖို့အတွက် BBCမှသတင်းထောက်တွေဘယ်လိုမျိုးကြိုးစားခဲ့ရသလဲ ဘယ်လိုစီစဥ်ခဲ့ရသလဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့အကြောင်းကိုအတွင်းကျကျရိုက်ကူးပြထားတာဖြစ်ပါတယ် ဒါကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ “Biography Film”လေးပါ File size…(1.15 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.6 2024
Scoop
Mr. Vampire 2
5.9

တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။ စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

5.9 1986
Mr. Vampire 2
Hunting Housewives

ဇနီးသည်တွေကို မကျေနပ်နေတဲ့ ခင်ပွန်းသည်ကြီးတွေအတွက် ပညာပေးလည်းဖြစ်ပြီး တမူထူးခြားတဲ့ Survivalအမျိုးအစားရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ချမ်းသာပြီး ဩဇာကြီးတဲ့ အသိုင်းအဝိုင်းဆီက ဇနီးသည်လေးယောက် ခရီးတစ်ခုထွက်ရင်း မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံရပါတယ်။ လူသူကင်းမဲ့တဲ့ တောကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကလည်းရှိနေတဲ့အပြင် ကယ်သူမဲ့နေတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုတွေကြိုးစားကြရမှာလဲ။ သူတို့အိမ်ထောင်ရေးအခြေအနေတွေကို တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်ကြရင်း သူတို့လက်ရှိအခြေအနေကို သဘောပေါက်သွားတဲ့နောက်မှာ။ ခင်ပွန်းဖြစ်သူတွေကလည်း သူတို့ဇနီးသည်တွေ မတော်တဆမှုကြုံတာကိုသိသိကြီးနဲ့ တီဗီဖန်သားပြင်ကနေ တိုက်ရိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီလိုအကြောင်းအရာတွေကိုရင်ဆိုင်နေကြရတာလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(835 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2024
Hunting Housewives
City of Ember
6.4

City of Ember (2008) IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။ City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ.. ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်.. အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး.. ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်.. ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ) ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်.. ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ.. ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက အချိန်အတိုင်းအတာတစ်ခုအထိနေရာယူနေဦးမှာပါ.. ဇာတ်လမ်းအမျိုးအစား Adventure, Family, Fantasy ဖြစ်ပြီး IMDb rating 6.4/10 ရရှိထားတဲ့ ဒီ City of Ember (မီးခဲမြို့တော်) ဆိုတဲ့ကားလေးဟာ လက်လွတ်မခံပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar khin ဖြစ်ပါတယ်။) File size…(1.4 GB) / (750 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Family, Fantasy Duration….01:35:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar khin

6.4 2008 90 mins
City of Ember
American Wages
6

ဒီတစ်ခေါက်မှာ CM က တင်ဆက်ပေးလိုက်တာကတော့ American Wages လို့ ခေါ်တဲ့ Comedy , Crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ။ မိန်းမလှလေးတစ်ယောက်ဖြစ်တဲ့ အက်ရှလေဟာ ကားဝပ်ရှော့မှာ စက်ပြင်ဆရာလုပ်တဲ့ ဂျက်ခ်နဲ့ ယူထားပြီးတဲ့နောက် ဆန်ကုန် မြေလေးနဲ့ ယူလိုက်လေခြင်းရယ်လို့ အမေဖြစ်သူဆီက နေ့စဥ် ရက်ဆက် အပြောခံနေရသလို တစ်ဖက်မှာလည်း သူတို့ဟာ ကိုယ်ပိုင်အိမ်တောင် မရှိဘဲ Trailer ကားထဲမှာ နေရတာဖြစ်ပြီး မီတာခတွေပေးဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ အခြေအနေပါ ။ ဒီလို အခြေအနေမျိုးမှာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဒဏ်ရာရထားတဲ့လူတစ်ယောက်ဟာ ငွေထုပ်ကြီး တင်လာတဲ့ ကားတစ်စီးနဲ့အတူ သူတို့အိမ်ရှေ့ကို ရောက်လာခဲ့ပါတယ် ။ သူတို့ လင်မယားက ဆေးရုံပို့ပေးဖို့ စဥ်းစားခဲ့ပေမဲ့ အဲဒီလူက ဆေးရုံမပို့ဖို့ ဆရာဝန်ကိုလည်း မခေါ်ဖို့ ပြောလာတဲ့အခါ သူတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ … အဲဒါအပြင် ငွေထုတ်ကြီးထဲက ပိုက်ဆံပမာဏကို မြင်လိုက်တဲ့ အခါမှာ လောဘတက်လာတဲ့ သူတို့ နှစ်ယောက် ဘာဆက်လုပ် ကြမလဲ ……. လောဘရဲ့ တစ်ခဏစေ့ဆော်မှုနောက်ကို လိုက်မိတဲ့ သူတို့ နှစ်ယောက် အဲဒီပိုက်ဆံတွေကိုရော လူမမိအောင် သေချာ ထိန်းသိမ်းနိုင်မှာလား … နောက်ဆုံးမှာ သူတို့ ထင်ထားသလို သူတို့ နှစ်ယောက် သန်းကြွယ်သူဌေးတွေအတွက် ကောင်းစားသွားမလား ဆိုတာကိုတော့ American Wages ရုပ်ရှင်မှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော် ။ File size… (847 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 19m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Thriller • Crime • Mystery
6 2025 80 mins
American Wages
Dangerous Animals
6.7

IMDb Rating (6.7) / Rotten Tomatoes (86%) ဒီကားကို ထရေလာမြင်ပြီးကတည်းက ကြည့်ချင်နေတာပါ။ အခုတော့ ကြည့်လို့ရပါပြီ။ စိတ္တဇဟော်ရာရုပ်ရှင်ပါပဲ။ ငမန်းတွေကြားထဲမှာ ရေကူးဖို့ လိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုလုပ်ပေးတဲ့ ဘဲက စိတ္တဇဖြစ်နေတာ။ လှေပေါ်ကို ပါလာတဲ့ လိုက်ရှာမဲ့သူမရှိလောက်မဲ့သူတွေကို ဖမ်းပြီး ငါးမန်းစာ အရှင်လတ်လတ် တွဲလောင်းဆွဲကျွေးတာပါ။ အဲဒီမှာ အဖမ်းခံလိုက်ရတဲ့ထဲက ကောင်မလေးတစ်ယောက်က ဘယ်လို ပြန်တိုက်ခိုက်ပြီး အလွတ်ရုန်းရမလဲ ပြတာပါ။ ဆိုက်ကိုဟော်ရာရော ငါးမန်းဟော်ရာရော ကြိုက်တဲ့သူတွေ လက်လွတ်မခံရမဲ့ ရုပ်ရှင်အသစ်ပါပဲ။ မင်းသား Jai Courtney က ဆူဆိုက်စကွက်တို့ တာမီနေတာတို့ထဲက ဘဲပါပဲ။ ခပ်ကြမ်းကြမ်းသရုပ်ဆောင်တဲ့နေရမှာပိုင်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File Size…( 5.91 GB) / (1.44 GB) / (787 MB) Quality… WEB-DL 4K HEVC /1080p HEVC /720p Format…mkv / mp4 Duration…1h 38m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Action
6.7 2025 98 mins
Dangerous Animals