YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

A.Good.Day.to.Be.a.Dog.2023.EP8.WEB-DL.720P(CM).mp4

382.47 MB N/A video/mp4 942 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spinning Gold
5.2

Spinning Gold (2023) ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။ "မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့" သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ချဲ့ကားပြောထားတာလေးတွေရှိမယ် ဇာတ်လမ်းသွားကောင်းအောင်ပြင်ဆင်ထားတာလေးတွေရှိမယ်။ ဒါပေမဲ့သားတစ်ယောက် အဖေတစ်ယောက်အတွက်အမှတ်တရဖန်တီးထားတဲ့ အမှန်တွေမဟုတ်ရင်တောင် အမှန်တွေပဲဖြစ်တဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရင်း တစ်ခေတ်တစ်ခါကအဆိုကျော်ကြီးတွေ သူတို့သီချင်းတွေနဲ့လဲရင်းနှီးခွင့်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 538MB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
5.2 2023 137 mins
Spinning Gold
Last Tango in Paris
7

Last Tango in Paris (1974) ~ IMDb - 6.9/10, Rotten Tomatoes - 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။ Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 9Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Drama • Sci-Fi & Fantasy
7 1972 129 mins
Last Tango in Paris

IMDb Rating - 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2.9 GB) / (1.48 GB) / (926 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Biography, Drama Translator.......JimX Encoder..........SWM

Action • Drama • War
null 2022
The Admiral
Blood: The Last Vampire
5.7

ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ် ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူး သွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ... ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ကြည့်လိုက်ကြရအောင်ဗျာ ( အညွှန်းရေးသားထားသူကတော့ Zero ပါ ) File Size__(1.6GB) / (760MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Shwe Yil Linn Encoded by Naing Aung Latt

Horror • Thriller
5.7 2009 91 mins
Blood: The Last Vampire
Nitram
6.9

IMDb Rating - 7.2/10 , Rotten Tomatoes - 90% 1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။ Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ အနိုင်ကျင့်ခံခဲ့ရသူပါ။ မွေးထားတဲ့ အမေကိုယ်တိုင်က သူ့ကိုသိပ်အမြင် မကြည်သလို ပတ်၀န်းကျင်ကလည်း သူ့ကိုအမြင်မကြည်ပါဘူး။ သူ့ဘက်မှာ ရပ်တည် ခဲ့တဲ့သူဟာ သူ့အဖေပဲရှိခဲ့ပါတယ်။ Nitramဟာ Martinလို စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူကနေ ဩစတေးလျရဲ့ အဆိုးရွားဆုံးလူသတ်မှုကို လုပ်ခဲ့တဲ့သူအဖြစ်ကို ဘယ်လိုဦးတည်လာခဲ့လဲ ဆိုတာကို Martinရဲ့ စိတ်ပိုင်းဆိုင်ရာကို အဓိကထား ပုံဖော်ပြထားတဲ့ Psychological Drama ရုပ်ရှင်ပါပဲ။ Martinကို ပရိသတ်က အသင့်အတင့် နားလည်နိုင်အောင်ပါ ပြထားပြီး စိတ်ချို့ယွင်းနေသူတွေကို မည်သို့မည်ပုံ မလုပ်သင့်တာကိုလည်း မသိမသာ ပုံဖော်ထားပါတယ်။ ဩစတေးလျဒါရိုက်တာ Justin Kurzel က ရိုက်ကူးထားပြီး ဒီရုပ်ရှင်ကို Kurzelရဲ့ မက္ကဘတ်လို့လည်း ဆိုကြပါတယ်။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ကောင်းကောင်းလက်စွမ်းပြထားပြီး မင်းသားဆို ဝေဖန်ရေးသမားတွေ ချီးကျူးတာ တော်တော်ခံခဲ့ရပါတယ်။ Martin နေရာက ပြောင်မြောက်စွာ သရုပ်ဆောင်တဲ့ Caleb Landry Jonesဟာ ကိန်းမှာလည်း Best Actorဆုရခဲ့ပါတယ်။ Nitramဟာ Requiem for a Dreamတို့ Magnoliaတို့ A Clockwork Orangeလို Disturbing အတော်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သြစတေးလျရုပ်ရှင်ဆုပေးပွဲမှာ Best Film, Best Direction, Best Actor, Best Actress, Best Supporting Actor နဲ့Best Supporting Actressဆုတွေကို ရခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.76 GB) / (991 MB) / (602 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – WiRa Aung Encoder – SWM

Action • Adventure • Thriller
6.9 2021 112 mins
Nitram
Lost Girls
6.1

မာရီဂီးလ်ဘတ်သည် သမီး ၃ယောက်အတွက် ရုန်းကန်နေရသော မုဆိုးမတစ်ယောက် ဖြစ်သည်။ အငယ်ဆုံးသမီးမှာ စိတ်ကျန်းမာရေး ချို့ယွင်းချက်ရှိပြီး အကြီးဆုံးသမီးမှာ တခြားမြို့တွင်အလုပ်လုပ် နေသည်။ တစ်ရက်တွင် သမီးကြီး ဖြစ်သူ ပျောက်နေကြောင်း ကြားသိလာရသောကြောင့် သမီးကြီး အပေါင်းအသင်းများထံ သွားမေးမိသည်။ ထိုအခါမှ သမီးကြီး ပျောက်ဆုံးမှုမှာ သွေးရိုးသားရိုး မဟုတ်သည့် အပြင် မိန်းကလေး တချို့လည်း ထူးထူးဆန်းဆန်း ပျောက်ဆုံးကြောင်း သိလာရသည်။ သမီးပျောက်မှုအတွက် သက်ဆိုင်ရာကို အကြောင်းကြားပေမယ့်လည်း လုံလောက်တဲ့သက်သေမရှိတဲ့အပြင် စောင့်ဆိုင်းဆဲကာလဆိုတဲ့အကြောင်းပြချက် ကြောင့် မာရီဂီးလ်ဘတ်အတွက် သမီးဇောနဲ့ အရူးတစ်ပိုင်းဖြစ်ရပါတယ်... ဒါပေမယ့် သမီးအတွက် သူမဟာ ပူဆွေးနေမယ့်အစား အစွမ်းကုန်ရှာဖွေဖို့ ကြိုးစား ပါတော့တယ်..... သမီးလေးကို ရှာတွေ့နိုင်ပါ့မလား.... ထူးဆန်းစွာပျောက်ဆုံးနေကြရတဲ့နောက်ကွယ်မှာ ဘယ်လောက်ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတွေများရှိနေမလဲ...... လျှို့ဝှက်သည်းဖို ဇာတ်လမ်း နှစ်သက်သူများ အကြိုက်တွေ့မည့် ဇာတ်ကားဖြစ်သည်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်..... File Size : (900 MB) and (341 MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Mystery , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Comedy • Drama
6.1 2020 95 mins
Lost Girls
In the Heart of the Sea
6.7

IMDb rating 7.0/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကို Channel Myanmar ပရိတ်သက်ကြီးအတွက် တဖန်ပြန်တင်ဆက်ပေးလိုက်ပါပြီ။ December 2015 USA မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာတကယ့်ကို လက်ရာလက်ကွက် ရိုက်ကွင်းရိုက်ချက်တွေဟာပြောင်မြောက်လွန်းပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်မင်းသားကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Thor ( Chris Hemsworth ) ဖြစ်ပြီး . နောက်ထပ် တစ်ယောက်ကတော့နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Batman;Begins နဲ့ Batman;The Dark Night ဇာတ်ကားတွေမှ ာ လူဆိုးခန်းနေရာက အဓိကသရုပ်ဆောင်ခဲ့တဲ့ မင်းသား Cillian Murphyပဲဖြစ်ပါတယ်။ စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ။ ချေ့(Thor) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီ ပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ . မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သဘောၤကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်။ အက်ဆက်သဘောၤနဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာ ဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သို့မည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။

Comedy • Drama
6.7 2015 122 mins
In the Heart of the Sea
Oprah + Viola: A Netflix Special Event

Viola Davis ဟာ အမေရိကန်ရုပ်ရှင်လောကမှာ အောင်မြင်မှုအင်တန်ကြီးမားတဲ့ လူမဲအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ How to get away with murder, Fences, Ma Rainey’s Black Bottom, Suicide Squad စတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Academy, Emmy Award, Tony award တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။ သို့ပေမယ့် သူ့ရဲ့ငယ်ဘဝကတော့ ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ Viola ဟာ အင်မတန်ဆင်းရဲချို့တဲ့ပြီး ကြမ်းတမ်းတဲ့ဖခင်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ၁၉၆၀ဝန်းကျင်က လူမဲတွေအပေါ် အသားအရေခွဲခြားရှုံ့ချခြင်းတွေကို အလူအလဲခံရင်း အနုပညာလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတွေကို ပြုခဲ့ရသူပေါ့။ 2022 April 26မှာ Viola ဟာ Finding Me : A Memoir ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ အများကြီးထဲက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ငယ်ဘဝကမိသားစုအခြေအနေ၊ အနုပညာပါရမီကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိရန်ကြိုးပမ်းခဲ့မှု၊ အဖိုးမဖြတ်နိုင်တဲ့လူအချို့နဲ့ တွေ့ဆုံခြင်း စတဲ့အကြောင်းအရာတွေကို အမေရိကန် talkshow host တစ်ယောက်ဖြစ်တဲ့ Oprah Winfrey နဲ့အတူ ဆွေးနွေးသွားတာဖြစ်ပါတယ်။ Zero to hero ဖြစ်လာခဲ့တဲ့ ဒီအမျိုးသမီးရဲ့ပုံပြင်ကို နားဆင်ရင်း လမ်းပျောက်နေတဲ့ လူတိုင်းအတွက် ဘဝခရီးလမ်းပေါ် တွန်းတင်ပေးတဲ့ စိတ်ခွန်အားလေးဖြစ်နိုင်မယ်လို့ ယုံကြည်ရင်း ဒီ talkshow အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Action • Crime • Thriller
0 2022
Oprah + Viola: A Netflix Special Event
The Blacklist
6.7

The Blacklist(2021) ****************** ဒီဇာတ်ကားသည် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားများရဲ့ဘဝနဲ့ အယူသည်းမှုများကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ… လူတစ်ယောက်ဟာ ထောင်ကျသွားတယ်… ထောင်ကျတာတဲ့စိတ်ညစ်ဖို့ကောင်းတာက ထောင်ကျတဲ့အချိန်အတူနေရတဲ့ အခန်းဖော်တွေပဲ… တစ်ယောက်တစ်မျိုး ပလပ်ကျွတ်နေကြတယ်.. တစ်ယောက်စီတိုင်းမှာလည်း မတူညီတဲ့အမှုတွေနဲ့ထောင်ကျလာတာပါ.. အဲ့ဒီနောက် ထောင်ကျအချင်းချင်း ပြစ်မှုတွေနဲ့ ကျရတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ခံစားကြည့်လိုက်ပါဦး.. File Size :2.02GB& 673MB Quality : WEB-DL1080p,720p Format…mp4 Duration…01:47:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Romance • Drama
6.7 2021
The Blacklist
Baby Assassins 2 Babies
6.7

Babe Assassins 2: Babies (2023) ========================== IMDb rating 6.7/10 Genre – Comedy, Action, Crime ဒါကတော့ ၂၀၂၀ကထွက်ထားတဲ့ကားရဲ့အဆက်ပါ။ sequelကားတွေက စုတ်ပြတ်သတ်သွားတာများပေမဲ့ ဒီကားကတော့ကောင်းတဲ့ထဲပါပါတယ် ။ plotကပိုရိုးရှင်းပေမဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်အမြင်ရဆို ဒီsequelက ကြည့်ရတာ funဖြစ်ပြီး heart warmingပိုဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ရေးသမားနှစ်‌ယောက်ဖြစ်တဲ့ ချီဆာတိုနဲ့ မာရီယာတို့နှစ်ယောက် အရင်ကထက်ပိုတွဲဖက်ညီလာကြပါပြီ။ ဒါပေမဲ့ နှစ်ကောင်ပေါင်းလောင်းကျော်ပြီး အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မိလို့ တာ၀န်ကနေ ခဏဆိုင်းငံ့ခံထားရပါတယ်။ အကြွေးတွေလဲဆင့်နေလို့ အချိန်ပိုင်းအလုပ်လုပ်နေရတဲ့အပြင်ကို တခြားလုပ်ကြံရေးသမားနှစ်ယောက်လည်း သူတို့နောက်ကိုလိုက်လာတဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပထမကားလိုပဲ သွက်သွက်လက်လက်အက်ရှင်ခန်းတွေကို ဟာသလေးစွက်ပြီးကြည့်ရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Soe Thiri Swe ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Action, Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Soe Thiri Swe

Drama • Romance
6.7 2023 101 mins
Baby Assassins 2 Babies
Take Me Away!
6.1

ကျိုကို ဟာ ဆန်ဖရန်စစ်စကိုကို အလည်သွားတုန်းမှာ တက်ဆု ဆိုတဲ့ကောင်လေးနဲ့ တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ချစ်မိသွားခဲ့ကြပါတယ်။ ကျိုကို ဟာ ဂျပန်ကိုပြန်ရတော့မယ့်အချိန်မှာ တက်ဆုကို ဂျပန်ကိုပြန်လာဖို့ပြောပါတယ်။ နောက်ဆုံးမှာတော့ တက်ဆုက တိုကျိုမှာပြန်ဆုံကြမယ်လို့ ဆိုတဲ့အတွက် ကျိုကိုတစ်ယောက် ဂျပန်ကိုစိတ်အေးလက်အေးပြန်သွားပါတော့တယ်။ ဒါပေမယ့် ကျိုကို ဂျပန် ပြန်ရောက်ပြီးနောက်မှ တက်ဆုဘက်က စာမလာအကြောင်းမကြားနဲ့ ချိန်းထားတဲ့နေရာကို ရောက်မလာတဲ့အခါ… File size…(1.7 GB)/(700 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Action • Fantasy • Adventure • Science Fiction
6.1 1978 92 mins
Take Me Away!
Hiroshima Mon Amour
7.8

Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 996MB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 30Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1959
Hiroshima Mon Amour