YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

A.Good.Day.to.Be.a.Dog.2023.EP7.WEB-DL.1080P(CM).mp4

1.04 GB N/A video/mp4 551 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cobra
6.8

ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vikram လို နာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား? ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ ပြစ်မှုကျူးလွန်ပါတယ် သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ် ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင် ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို အမိဖမ်းမှာပဲ ဖြစ်ပါတယ် သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရေ ာတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။ ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော် File size…7GB /3.2GB / 1.5GB Quality…4k HEVC / 1080p True WEB DL / 720p Format…mp4 Duration….3h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM &  OeliuJ & Lwin Htoo & Kevin & Sora

Drama • Horror • Thriller
6.8 2022 183 mins
Cobra
Snowden
7.1

ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။ File Size        :   960 Mb Duration      :   2 : 14: 06 Quality          :   Bluray 720p Format          :    MP4 Genre            :    biography,drama,thriller Translator   :    Littleneo Encoder       :   Littleneo

Drama
7.1 2016 134 mins
Snowden
On your own street, We are
4

On your own street, we (너만의 거리에서, 우리는) (2022) Squid Game မှာတုန်းက တစ်ခန်းထဲပါပြီး Scene Stealer လုပ်သွားတဲ့ Lee Jung Joon နဲ့ WSJN ထဲက အချောလေး Eun Seo တို့ရဲ့ မူဗီအသစ်လေး ရပါပြီ ဝူယောင်းဝူလေးကို အပတ်တိုင်းစောင့်ကြည့်ခဲ့သူတွေအဖို့ကတော့ မသန်စွမ်းကလေးတွေရဲ့အမူအကျင့်တွေ၊ သူတို့ရဲ့သဘောသဘာဝတွေနဲ့စိမ်းမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ မွေးရာပါ Autism ရောဂါသည်လေး “ဆွန်းမို” နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားအရွယ် မွေးရာပါမသန်စွမ်းကောင်လေး “ဆွန်းမို” .. တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်တာမို့ မိဘတွေကလည်း ဆွန်းမိုကိုအရမ်းချစ်ကြသလို “မသန်စွမ်းကလေးရဲ့မိဘတွေမို့ ကိုယ့်ကလေးထက် တစ်ရက်လေးပဲ အသက်ပိုရှည်ချင်တဲ့ ဆန္ဒပဲ ရှိတာပါ” လို့ ပြောရအောင် ဆွန်းမိုရဲ့အနာဂတ်အရေးကိုပူပန်နေကြသူတွေပါ။ အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ် ဆွန်းမို ကျောင်းပြီးလို့ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ရတဲ့အခါ သူများကလေးတွေနဲ့တန်းတူမလုပ်နိုင်မှာကိုလည်း မိဘတွေခမျာ ပူပန်နေရတာပေါ့။ “မသန်ပေမယ့် စွမ်းတဲ့” ဆွန်းမိုကတော့ ကော်ဖီဖျော်တဲ့နေရာမှာ ဆရာကြီးပါ။ ကော်ဖီစေ့အမျိုး ၅၀လောက်ကို အနံ့ခံရုံနဲ့အမျိုးအစားခွဲနိုင်ပြီး ကော်ဖီဖျော်တာကိုကျွမ်းကျင်ပေမယ့် သူတကယ်ဝါသနာပါတာက Barista အလုပ်မဟုတ်ဘဲ ပန်းချီဆွဲတာဖြစ်နေတဲ့အခါ ..။ တစ်နေ့မှာတော့ ဆွန်းမိုတို့ဦးလေးရဲ့ကော်ဖီဆိုင်ကို “ဘတ်ချာယောရာ” လို့ခေါ်တဲ့ အချိန်ပိုင်းအလုပ်သမလေး ရောက်လာပါတော့တယ်။ နာမည်ကအစထူးဆန်းနေတဲ့ ဘတ်ချာယောရာက အမြဲလွတ်လပ်ပေါ့ပါးနေတတ်ပြီး ကိုယ်မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်သူ .. သူတစ်ပါးရဲ့ကိစ္စကိုလည်း ဝင်စွက်ဖက်တတ်ပြီး လမ်းမှားရောက်နေရင်လည်း လမ်းမှန်ပေါ်ပြန်ရောက်အောင်တည့်မတ်ပေးတတ်ပြန်တဲ့ “မစပ်စုလေး” ဖြစ်နေတဲ့အခါ ..။ ဘတ်ချာယောရာတစ်ယောက် ဆွန်းမိုရဲ့ဘဝကို ဘာတွေပြောင်းလဲပေးလိုက်နိုင်မလဲ .. သူကိုယ်တိုင်ကရော ဘယ်လိုအဖြစ်မျိုးတွေကြုံခဲ့ပြီး လက်ရှိပုံစံနဲ့ကောင်မလေးအဖြစ်ရှင်သန်နေရတာလဲ ..။ ဆွန်းမိုအဖြစ် “Lee Jung Joon” ကပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ချာယောရာအဖြစ် မကြာသေးခင်ကကျင်းပခဲ့တဲ့ “Queendom S2” မှာအနိုင်ရရှိခဲ့တဲ့ WJSN အဖွဲ့က အလှလေး “Eunseo” ကပါဝင်သရုပ်ဆောင်ထားသလို လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်း” ကြားက ဒွိဟတွေ .. ကိုယ်ရွေးချယ်စရာမရှိဘဲ ရလာတဲ့ဘဝမှာဘယ်လိုမျိုးအကောင်းဆုံး အပျော်ရွှင်ဆုံးနေထိုင်သွားကြမလဲ .. စတာတွေကို ပုံဖော်ထားတဲ့ ပညာပေးဇာတ်လမ်းလေးမို့ ကြည့်ရတန်တဲ့ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre…..Drama, Family Quality…. 1080p | 720p | 480p File size…673MB | 372MB | 172MB Format… mp4 Duration….1h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Action • Adventure • Crime • Thriller
4 2022
On your own street, We are
Cassandra’s Dream
6.6

တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။ ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။ သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Documentary
6.6 2007
Cassandra’s Dream
Mune: Guardian of the Moon
7.1

Mune : Guardian of the Moon (2014) ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.1 2014
Mune: Guardian of the Moon
Carousel

CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်း တစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဇာတ်ကြောင်း လစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာ အလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြို ဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကို ညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။ ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်က သူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာ အုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေး အသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်း အပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာ တိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ…။ File size…1.37GB / 600MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
0 2023 93 mins
Carousel
The Hateful Eight
7.8

The Hateful Eight (2015) IMDb Rating (7.8) / Rotten Tomatoes (75%) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards, Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေ ရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာ ထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကို အခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ် ( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ် အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။ အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။ အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။ အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ကြာမြင့်ချိန် ၃ နာရီနီးပါးရှိပြီး ရုပ်ရှင်အရသာခံကြည့်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။

7.8 2015
The Hateful Eight
Oliver Twist
7.8

အိုလီဗာတွစ်ဆိုတဲ့ ကောင်လေးဟာ အဖေဖြစ်သူကိုလည်းမသိရ အမေဖြစ်သူကလည်း သူ့ကို မွေးမွေးပြီးချင်း ဆုံးပါးသွားလို့ ခိုကိုးရာမဲ့ပြီး ပရဟိတအသင်းတစ်ခုမှာ နေရရှာတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ကို ပရဟိတအသင်းက သူဌေးတစ်ယောက်ရဲ့အိမ်ကို ထမင်းစားကျွန်ခံဘဝနဲ့ လွတ်လိုက်ပါတော့တယ်။ ဖြစ်ချင်တော့ ဒီသူဌေးရဲ့အိမ်မှာ အလုပ်လုပ်နေတဲ့ အသက်ကြီးကြီး အစေခံအဘွားကြီးက အိုလီဗာကို မွေးဖွားပေးခဲ့တဲ့လူဖြစ်ပြီး အိုလီဗာနဲ့ သူ့အမေရဲ့ ဘဝအမှန်ကို သိပြီး မသေခင် အဲဒီအိမ်က သူဌေးမကို ပြောပြသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုလီဗာတစ်ယောက်က လုံးဝမခံစားနိုင်တဲ့အတွက် ထွက်ပြေးရာကနေ မဲဂင်းဆိုတဲ့လူဦးဆောင်တဲ့ ကလေးသူငယ်ခါးပိုက်နှိုက်အဖွဲ့ထဲ ရောက်သွားပါတော့တယ်။ မဲဂင်းဆိုတဲ့လူဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လမ်းမှားရောက်အောင်တွန်းပို့ ခိုးဆိုးလုယက် ခါးပိုက်နှိုက်ခိုင်းတဲ့ လူယုတ်မာဖြစ်ပါတယ်။ ဒီတော့ အိုလီဗာလေးဟာ သူထင်ထားသလို မိဘဆွေမျိုးမရှိတဲ့မိဘမဲ့လေးလား၊ အဘွားကြီးက မဆုံးခင်မှာ သူဌေးမကို အိုလီဗာအမေနဲ့ပတ်သက်ပြီး ဘာပြောပြခဲ့တာလဲ၊ ဒါကို ဘာလို့ သူဌေးမက လျို့ဝှက်ထားတာလဲ၊ အိုလီဗာကရော ခါးပိုက်နှိုက်အဖွဲ့ထဲက လွတ်မြောက်ပြီး သူ့မိသားစုအမှန်ဆီ ပြန်သွားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ အဖြူအမဲရုပ်ရှင်လေးဖြစ်ပါတယ် File size…(2.3GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.8 1948
Oliver Twist
Dragon Seeking Coffin
5.8

လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာ ကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။ အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာ ဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီး ဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့ လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်း မိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့ လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။ အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။ လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့် ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လို အန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။ အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား…… ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ……

Action • Science Fiction • Thriller
5.8 2024
Dragon Seeking Coffin
Sudden Death
5.8

ဒီဇာတ်ကား က​တော့ ကျွန်​တော်တို့ငယ်ငယ်က စစ်ကားအက်ရှင်ကားကောင်း​ဆိုရင် ပါတက်တဲ့ မင်းသားကြီး Van Damme ပါဝင်သရုပ်​ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကား​လေးက​တော့ သည်းထိတ်ရင်ဖို အက်ရှင်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ​တော့ မင်းသားကြီးVan dammeက မီးသတ်သမား တစ်​ယောက်အ​နေနဲ့ပါဝင်သရုပ်​​ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားက​တော့ ​ဟော်ကီပွဲမှာ ဓါးစာခံအဖြစ်ဖမ်းခံထားရတဲ့ ဒုသမ္မတနဲ့ မင်းသားကြီးရဲ့ က​လေး​တွေကိုကယ်တင်တဲ့အ​ကြောင်းပဲဖြစ်ပါတယ် မင်းသားကြီးတစ်​​ယောက် ဘယ်လိုတိုက်ခိုက်မလဲ အခက်အခဲ​တွေကိုဘယ်လိုရင်ဆိုင်​ကျော်လွှားမလဲဆိုတာက​တော့ ဇာတ်လမ်း​လေးမှာကြည့်ရှူကြပါဦးခင်ဗျား။ File Size : 2 GB, 903 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Jack Encode by : Thit San Khant

Fantasy • Action • Adventure • Drama
5.8 1995
Sudden Death
Everyphone Everywhere
6

ဒီဇာတ်ကားလေးကတော့ အထက်တန်းကျောင်းသူငယ်ချင်း(၃)ယောက်က သူတို့ပေးခဲ့ကြတဲ့ကတိအတိုင်း (၂၅)နှစ်ကြာတဲ့အခါ ပြန်တွေ့ကြတဲ့အကြောင်းဇာတ်လမ်းလေးဖြစ်ပါတယ်။ အခုခေတ်နေရာတိုင်း လူတိုင်းမှာဖုန်းတွေရှိကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းမတူကြဘူး။ သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ပြဿနာနဲ့ဇာတ်ကြောင်းလေးတွေပြရင်း လက်ကိုင်ဖုန်းတွေပေါများလာတဲ့ခေတ်မှာ လူငယ်တွေကြားမှာဖြစ်တတ်တဲ့ပြဿနာတွေ၊ ဖုန်းမရှိတဲ့အခါ အဆင်မပြေဖြစ်ရပုံတွေကိုမီးမောင်းထိုးပြသွားပါတယ်။ ((၂၅)နှစ်ကြာမှပြန်တွေ့ကြတဲ့ သက်လတ်ပိုင်းဖြစ်နေပြီဖြစ်ကြတဲ့ သူတို့တွေက ဘယ်လိုတွေပြောင်းလဲသွားကြပြီလဲ ဘာတွေကမပြောင်းလဲပဲအရင်အတိုင်းဖြစ်နေဦးမလဲဆိုတာ အတိတ်ခံစားချက်တွေကိုတမ်းတရင်းကြည့်ရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။

Drama • History • Romance
6 2024
Everyphone Everywhere
Faultline

Imdb rating – 6.0/10 ထွက်​ရှိထားတာ မကြာသေးတဲ့ ဒီဇာတ်ကားက Drama/Mystery အမျိုးအစား​ဖြစ်​ပြီး ဒါရိုက်တာ​ Anna Cooley ရိုက်​ကူး​ပေး​ထားတာ ဖြစ်​ပါတယ်​။ ဇာတ်​ကောင်​ အနည်းငယ်​သာ အသုံးပြု​ထားပြီး ဒရာမာနဲ့ အက်​ရှင်ပိုင်းထက် Mystery​ ဖက်ကို​ အားပြု​ထား​ပါတယ်​။ ဇာတ်လမ်း​အကျဥ်း​ကတော့ Paige Tennant ဟာ အောင်မြင်​တဲ့ ရှေ့​နေအမျိုးသမီးဖြစ်ပြီး ကုမ္ပဏီ​ကြီးတစ်ခုမှာ ဥပဒေ​အကြံပေးအဖြစ် လုပ်​ကိုင်နေသူဖြစ်ပါတယ်။ တစ်​နေ့မှာ​ ဖီးနစ်ဂိုးလ် လို့​ခေါ်​တဲ့ ရွှေ​တူးဖော်​ရေးကုမ္ပဏီ ပိုင်ဆိုင်​တဲ့ သတ္တု​တွင်း​တစ်​ခု ပြို​ကျသွား​တဲ့အခါ Paige အလုပ်​လုပ်​နေ​တဲ့ ကုမ္ပဏီ​ကြီး​နဲ့ ဖီးနစ်ဂိုးလ်​ ကုမ္ပဏီ​တို့ ပူးပေါင်း​ဖို့ အကြောင်း​ဖန်​လာပါတယ်။ တကယ်​တော့ Paige ရဲ့ အမေဖြစ်သူက ဖီးနစ်ဂိုးလ်​မှာ ဝန်ထမ်း​လုပ်ဖူးပြီး ကိုယ့်ကိုယ်ကို​ အဆုံး​စီရင်​ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်​ Paige လည်း​ လုပ်​ငန်း​ကိစ္စ​ညှိဖို့ ဖီးနစ်ဂိုးလ်​ကုမ္ပဏီ အခြေစိုက်​တဲ့ မြို့​လေး​တစ်​ဖြစ်​လည်း​ သူကလေးဘဝက နေခဲ့​ဖူးတဲ့ မြို့​လေးကို ပြန်​လာခဲ့ပါတယ်။ အဲဒီ​မြို့​မှာ Paige ရဲ့ ညီမဖြစ်သူ Jesse လည်း ရှိတဲ့​အတွက်​ ညီအစ်မ​နှစ်ယောက်​ ပြန်​ဆုံ​မိကြပါတော့တယ်။ တစ်ချိန်​တည်း​မှာ​ သူတို့​ညီအစ်မ​ရဲ့ အမေဖြစ်သူ Eve​ Tennant သေဆုံး​မှုဟာ သွေးရိုးသားရိုး မဟုတ်​ကြောင်း​ သိလိုက်ရ​ချိန်​မှာတော့ နှစ်​ဦး​သား အဖြစ်​မှန်​ကို စုံစမ်း​ကြပါတော့တယ်။ ဇာတ်လမ်း​အေးပြီး စုံ​ထောက်​ခြင်း​နဲ့ လျှို့ဝှက်​ဆန်းကြယ်​ခြင်းဖက်ကို အား​ပြုထားတဲ့အပြင် ဒရာမာ​ elements တွေ​ပါ ထည့်သွင်း​ထား​လို့ ကြည့်လေ့ကြည့်ထ မရှိသူတွေအတွက် ပျင်း​စရာ​ကောင်း​ပါလိမ့်မယ်​။ ဒရာမာ​နဲ့ စုံထောက်​ဆန်​ဆန်​ ဇာတ်လမ်း​မျိုး​ နှစ်​သက်​ရင်တော့ ကြည့်ရှုနိုင်ပါတယ်။ File size…(778 MB)/(450 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Science Fiction • Drama
0 2024
Faultline
Fox and Hare Save the Forest

ဇာတ်လမ်းကတော့ တောကြီးတစ်ခုထဲမှာ မြေခွေး၊ ယုန်၊ တောဝက်၊ ဇီးကွက် ဖျံ၊ ရေသူမနဲ့ သူခိုးရက်ကွန်းတို့က သူငယ်ချင်းတွေသိုက်သိုက်ဝန်းဝန်းစုပြီးနေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ သူတို့နေထိုင်ရာ တောလေးကို ရေတွေလွှမ်းလာပါတော့တယ်။ အဲ့တာကတော့ ကြွက်နှစ်ကောင်ရဲ့ ဘောစ့် ဘီဗာရဲ့လက်ချက်ပါပဲ။ ဘီဗာက ပစ္စည်းတွေကို တီထွင်ဖန်တီးရာမှာတော်ပေမဲ့ သူက အထီးကျန်နေတဲ့ ဘဝင်ရူးတစ်ကောင်ဖြစ်နေပါတယ်။ ကြွက်နှစ်ကောင်ရဲ့အကူအညီ သူ့ရဲ့အကောင်းဆုံးလက်ရာဆိုပြီး တောကိုဖြတ်စီးနေတဲ့မြစ်ကို ပိတ်ပြီး ဆည်ကြီးဆောက်ပစ်လိုက်ပါတယ်။ အဲ့လိုနဲ့ မြေခွေးနဲ့ ယုန်တို့ရဲ့တောအုပ်က ရေတွေလွှမ်းကုန်ပါတော့တယ်။ အဲ့လိုကနေ ရွေးချယ်စရာမရှိကြတော့တဲ့ ယုန်နဲ့ မြေခွေးတို့က သူတို့ရဲ့တောအုပ်ကို ဒီဆည်ကြီးဆီကနေ ကယ်တင်ကြပုံကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ကြမယ် Animationကားလေးတစ်ခုလည်းဖြစ်ပါတယ် File size… (1 GB) / (579 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Animation, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by lwin

Drama • Music • Romance
0 2024
Fox and Hare Save the Forest
Steamboy
6.8

Steamboy (2004) ———————- IMDB – 6.8/10, MyAnimeList – 7.3/10 ဒီကားရဲ့ ဒါရိုက်တာ Katsuhiro Otomo ဆိုတာကတော့ Anime သမိုင်းက ဂန္ဓဝင်လက်ရာ Akira ကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ သူက ၂၀၀၄ ခုနှစ်က ထွက်ရှိပြီး ဉာဏ်ကြီးရှင်တွေဖြစ်တဲ့ Steam မိသားစုအကြောင်းကို ဖော်ပြထားတဲ့ ရုပ်ရှင်ပါ။ ထွက်ထားတာကြာနေပြီဆိုနေပေမယ့် Anime ချစ်သူတိုင်း အလွတ်မပေးသင့်တဲ့ ဇာတ်ကားကောင်းဖြစ်တာကြောင့် ဒီကားကိုကြည့်ဖို့ Recommend ပေးပါတယ်။ ဒီကားမှာဆိုရင် သားအဖဖြစ်သူ ဒေါက်တာ Lloyd Steam နဲ့ ဒေါက်တာ Eddie Steam တို့ဟာ အလုပ်တူတူလုပ်ရင်း ရေနွေးငွေ့ဘောလုံးလို့ခေါ်တဲ့ လူသားတွေရဲ့သမိုင်းကို ပြောင်းလဲပစ်နိုင်တဲ့ နည်းပညာတစ်ခုကိုတွေ့ရှိသွားပါတယ်။ ဒါပေမယ့်လည်း သားအဖနှစ်ယောက်က ဒီနည်းပညာကို အသုံးချမှုအပေါ်မှာ သဘောထားတွေကွဲလွဲလာတဲ့အတွက် နည်းပညာကို လျှို့ဝှက်ထားချင်တဲ့ ဒေါက်တာ Lloyd Steam ဟာ ရေနွေးငွေ့ဘောလုံးကို မြေးဖြစ်သူ Ray Steam ဆီလျှို့ဝှက်ပို့လိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာကို လိုချင်နေတဲ့ အခြားသူတွေလည်း အဲ့ဒါကိုလုယူဖို့ကြိုးစားလာတဲ့အတွက် Ray Steam ဟာလည်း ဒီပြဿနာထဲကို အလိုဆန္ဒမပါပဲ ဝင်ရောက်လာခဲ့ရပါတော့တယ်။ အဲ့ဒီကနေစပြီး ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ ဉာဏ်ကြီးရှင်ပေါက်စလေး Ray ရဲ့ဘဝဟာ ဘယ်လိုမျိုး တစ်ဆစ်ချိုးပြောင်းလဲသွားမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ပရိတ်သတ်ကြီးတို့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်….။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1.9 GB / 980 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 06m Genre ….. Animation, Action, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn

Drama • Animation • Family • Comedy
6.8 2004 126 mins
Steamboy
Gemma Bovery
6.4

Gemma Bovery (2014) IMDb Rating (6.4)/ Rotten Tomatoes (54%) Gustave Flaubert ရဲ့ဂန္ဓဝင်၀တ္ထုကြီးဖြစ်တဲ့ “Madame Bovary” ကိုခေတ်သစ်ဗားရှင်းအနေနဲ့ဟာသနှောပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဂျမ်မာဘိုဗာရီဟာ လန်ဒန်ကနေ ပြင်သစ်နိုင်ငံနော်မန်ဒီရဲ့ကျေးလက်ဒေသကိုပြောင်းရွှေ့လာတဲ့ဗြိတိန်အမျိုးသမီးလေးဖြစ်ပြီး သူ့ဘ၀နောက်ခံအခင်းအကျင်းနဲ့အပြုအမူတွေဟာ “Madame Bovary” ထဲက Emma Bovary နဲ့သိပ်တူနေပါတယ်။ ဒါကိုသတိထားမိတဲ့သူကတော့ သူတို့ရဲ့အိမ်နီးချင်းမုန့်ဖုတ်သမား မာတင်ဂျူဘေးဖြစ်ပြီး ဂျမ်မာရဲ့ဘ၀ကို အမ်မာနဲ့အမြဲ နှိုင်းယှဉ်ချိန်ထိုးကြည့်လေ့ရှိပါတယ်။ အဲ့ဒီလိုကြည့်ရင်းလေ့လာရင်းက ဂျမ်မာ့ဘ၀ဟာ အမ်မာလို အဆုံးသတ်သွားမှာစိုးရိမ်စိတ်နဲ့ ဂျမ်မာဘ၀ရဲ့အဖြစ်အပျက်တွေထဲမှာ ကိုယ်တိုင်ဝင်ပါ ဝင်စွက်မိပါတော့တယ်။ ဂျမ်မာဘိုဗာရီအဖြစ် Hansel and Gretel ထဲက ဗြိတိန်မင်းသမီးချော Gemma Arterton က ခမ်းနားစွာပုံဖော်ခဲ့ပြီး လှပတဲ့ပြင်သစ်ကျေးလက်ဒေသရှုခင်းတွေနဲ့အတူ ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ခေတ်သစ်အနေနဲ့ပြန်အသက်သွင်းပြီး ဟာသနှောထားပေမယ့် မူရင်း၀တ္ထုကိုသစ္စာရှိခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေရဲ့ အကောင်းမြင်မှတ်ချက်တွေကိုလည်းရရှိထားပါတယ်။ Gemma Arterton ရဲ့ အလှအပတချို့နဲ့ ဇာတ်အိမ်တည်ထားတဲ့အခန်းတချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့မပြေလောက်ပါဘူး။

Thriller
6.4 2014 99 mins
Gemma Bovery