YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

9-1-1 Lone Star S05E03 C12 1080p DSNP WEB-DL {CM}.mp4

990.21 MB 1080p video/mp4 105 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scorpion
5.4

"ရန်သူတစ်သိန်းကို အနိုင်ရတာထက်ကိုယ့်စိတ်ကိုယ် အနိုင်ရတာကပိုပြီး အောင်မြင်မှုကြီးတယ်"တဲ့။ စိတ် လေးတစ်ချက်မထိန်းနိုင်လိုက်တဲ့ ခဏအတွင်း ပျက်စီး သွားတဲ့ဘဝတွေမနည်းဘူး။ ကွဲကွာသွားတဲ့ မိသားစုတွေ လည်း အများကြီးပဲ။ အခုလည်းပဲ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ် ချင်လွန်းလို့ အရာအားလုံးပုံအောပြီး အသေလဲကြိုးစား ခဲ့​​ပြီးမှ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်လို့ ထောင်ထဲမှာ ခြောက်နှစ်လောက်သွားနေလိုက်ရတဲ့ အန်ဂျလိုဆိုတဲ့အရွယ် ကောင်း လက်ဝှေ့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါ တလွဲတွေအပြည့်နဲ့ ဒုစရိုက်လောကကြီးထဲမှာ မငယ်တော့ တဲ့ သူ့အသက်အရွယ်နဲ့ သူ့အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ပါဦးမလားဆိုတာကို ဥပဒေမဲ့ လက်ဝှေ့ပွဲတွေနဲ့ အတူ ပြင်သစ်ဒုစရိုက်လောကနဲ့ပါယှဥ်တွဲပြီးကြည့်ရှုခံစားရမှာပါ။ မဆိုးလှတဲ့ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်) File Size..........(1.95 GB) / (854 MB) / (507 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Momo Encoder..........SWM

Romance • Thriller
5.4 2007 98 mins
Scorpion
Predators
6.2

မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။ တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။ အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ) ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ။ ဂြိုလ်သားတွေနဲ့ လူသားတွေကြားက မုဆိုးနဲ့သားကောင် ၊ ဘယ်သူက မုဆိုးဖြစ်ပြီး ဘယ်သူတွေက သားကောင်တွေဖြစ်မလဲ ဆိုတာတော့ ကြမ်းကြမ်းတမ်းတမ်း ထောင်ချောက်တွေကြားမှာ အသည်းတယားယားကြည့်ရှုရမှာပါ။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(1.5 GB)/(850 MB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action • Adventure • Drama
6.2 2010 107 mins
Predators
Contraband
6.3

ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ... ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 49mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Drama • History
6.3 2012 109 mins
Contraband
Arrival
7.6

Arrival ဆိုတာ လေဆိပ်မှာဆိုရင်တော့ ဆိုက်ရောက်ပေါ့ဗျာ.. ဒီဇာတ်ကားထဲမှာလဲ တစ်စုံတစ်ဦးက တစ်နေရာရာကို ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုမြင်တွေ့ရမှာပါ။ အမှန်ပြောရရင် ကျွန်တော်ဒီကားကို Trailer လည်းမကြည့်ဖြစ်တော့ ဇာတ်ကားမကြည့်ခင်အထိ အာကာသနဲ့ ပတ်သက်တဲ့ ဇာတ်ကားလို့ပဲထင်ခဲ့ဖူးတယ်။ တကယ်တမ်းမှာ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်နေတာပါ။.. ဇာတ်ကားအမျိုးအစားကို Mystery/Science fiction လို့ ဖော်ပြကြပေမယ့် ကျွန်တော်ကတော့ Drama ဇာတ်ကားကောင်းတစ်ကားကို ကြည့်ခွင့်ရလိုက်တယ်လို့ပဲ ခံစားရပါတယ်။ Director Denis Villeneuve က ရိုက်ကူးပြီး မင်းသမီး Amy Adams နဲ့ မင်းသား Jeremy Renner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့…. Dr. Louise Banks ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အစပြုထားပါတယ်။ သူမက ကလေးငယ်တစ်ဦးရဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သမီးလေးကို တစ်ဦးတည်း ထိန်းကြောင်းနေတဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ လက်မှာ လက်ထပ်လက်စွပ်လည်းဝတ်ထားပြီး ခင်ပွန်းအကြောင်းကို မရိုက်ပြထားတော့ မုဆိုးမ / တစ်ခုလပ်အနေနဲ့ပဲ ဘဝကို သမီးလေးနဲ့ အတူဖြတ်သန်းနေပုံတွေကို အဆင့်ဆင့်ဖော်ပြထားကာ နောက်ဆုံးမှာ သူ့သမီးလေးက ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာ ရောဂါဝေဒနာတစ်ခုကိုခံစားရပြီး ဆေးရုံတက်နေရင်းနဲ့ သူမရဲ့ လက်ထက်မှာပဲသေဆုံးသွားခဲ့ပါတယ်။ သူမက ဘာသာဗေဒနဲ့ပတ်သက်ပြီး Doctor ဘွဲ့ရရှိထားတာဖြစ်ပြီး တက္ကသိုလ်တစ်ခုမှာ စာပြလျက်ရှိပါတယ်။ တစ်နေ့တော့ သူမရဲ့ စာသင်ခန်းမှာ သာမန်ထက်ကျောင်းသားတွေ ပိုနည်းနေပြီး စာသင်နေရင်းနဲ့ တွေ့ရှိရတဲ့ သတင်းတစ်ခုကတော့.. ကမ္ဘာမြေပေါ်ကို အမည်မသိ ယာဉ်ပျံကြီး (၁၂)စင်း ရောက်ရှိနေပြီး မတူညီတဲ့ နိုင်ငံ (၁၂)ခုမှာ ဆင်းသက်ရပ်နားထားတယ်ဆိုတဲ့ .. သတင်းပါ။ သက်ဆိုင်ရာ နိုင်ငံအသီးသီးက အစိုးရတွေကလည်း ဒီယာဉ်ပျံတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို .. အံ့သြစရာကောင်းလောက်အောင် ကြီးမားနေတာကြောင့် ပြည်သူလူထုကလည်း အထိပ်တလန့်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံထဲရဲ့ အရေးမဟုတ်တော့ပဲ.. တစ်ကမ္ဘာလုံးရဲ့ အရေးဖြစ်တာကြောင်း United Nation (UN) ကဝင်ရောက်ကိုင်တွယ်နေသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ပြီး သတင်းအချက်အလက်များ ဖလှယ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။ Dr. Louise Banks တို့ တက္ကသိုလ်ကလည်း အခြေအနေမတည်ငြိမ်မှုတွေကြောင့် ကျောင်းရှိလူကုန်ကို အိမ်ပြန်စေပါတယ်။ Dr. Louise Banks ကတော့ သူမတစ်ဦးတည်း နေထိုင်တဲ့ အိမ်ကို သက်သက်သာသာပဲပြန်လာခဲ့လိုက်ပါတယ်။ နောက်ရက်မှာတော့ သူမက တာဝန်အရ ကျောင်းကို ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမတပည့်တွေကတော့ ဘယ်သူမှ ကျောင်းလာမတက်ကြတော့ပါဘူး.. သူမရုံးခန်းမှာရှိနေစဉ်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်အမျိုးသား (၃)ဦးရောက်ရှိလာခဲ့ပြီး သူမကို ဘာသာပြန်ပေးဖို့အလုပ်အပ်ပါတယ်။ ဒါပေမယ့် ဘာသာပြန်ပေးရမှာက အသံသွင်းထားတဲ့ စက်ထဲက ထူးထူးဆန်းဆန်းအသံတွေကိုပါ။ အချက်အလက်မပြည့်စုံပဲ.စကားပြောဆိုတဲ့သူကိုလည်း မတွေ့ရတာကြောင့် သူမက ဘာသာပြန်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်အစောပိုင်းမှာပဲ သူမရဲ့ အိမ်ကို ရောက်ရှိလာပြီး ဒီတစ်ခါတော့ အသံသွင်းထားတဲ့ File ကို ဘာသာပြန်ရမှာမဟုတ်ပဲ.. အသံထွက်တဲ့ နေရာအထိခေါ်သွားဖို့အတွက် ရောက်ရှိလာတာပါ… အဲဒီနောက်မှာတော့ … စစ်သုံးရဟတ်ယာဉ်ပေါ်မှာ Ian Donnelly ဆိုတဲ့ ရူပဗေဒသိပ္ပံပညာရှင်နဲ့ တွေ့ဆုံပြီး သူတို့အလုပ်အတူတွဲလုပ်ရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံမှုမှာ ပထမဆုံးပြောတဲ့ Dialogue လေးတွေက စိတ်ဝင်စားစရာကောင်းတာကြောင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။ Ian က Louise ရေးသားတဲ့ ဘာသာဗေဒ စာအုပ်ထဲက စာသားအချို့ကို ရွတ်ပြခဲ့ပါတယ်။ “ Language is the foundation of civilization. It is the glue that holds the People together. It is the First weapon drawn in a conflict” (ဘာသာစကားဆိုတာ.. လူ့အဖွဲ့အစည်းရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး လူသားတွေကို အတူတကွရှိနေစေတဲ့ ကြားခံတစ်ခုပါ။ ရှုပ်ထွေးမှုတွေ အငြင်းပွားမှုတွေကိုဖြစ်စေတဲ့ ပထမဆုံးလက်နက်တစ်ခုလည်းဖြစ်တယ်။ ) Ian ရဲ့ စာသားအပေါ်မှတ်ချက်ကတော့ “It is great. Even if it is wrong” (မှားနေပေမယ့် ရေးထားတာအရမ်းကောင်းပါတယ်တဲ့) Louise က သံယောင်လိုက်ပြီး ပြန်မေးပါတယ်။ “It is wrong?” မှားနေတာလား ?? အဲဒီအခါမှာ Ian က သူ့ရဲ့ သဘောထားကို ပြန်ပြောခဲ့ပါတယ်။ “ The cornerstone of civilization isn’t language. It’s Science” (လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်က ဘာသာစကားမဟုတ်ပါဘူး.. သိပ္ပံပညာသာဖြစ်ပါတယ်) တဲ့ … အယူအဆမတူတဲ့ သူနှစ်ဦးက အလုပ်တစ်ခုကို တွဲလုပ်ကြရတော့မှာပါ… အဲဒီနောက်မှာတော့ ယာဉ်ပျံတစ်စီးရှိနေတဲ့ အရပ်ကို ရောက်ရှိလာပါပြီ… လေထုပြသနာရှိတာကြောင့် ၁၈နာရီမှာမှ တစ်ကြိမ် (နာရီအနည်းငယ်ခန့်)သာ ယာဉ်ပျံပေါ်တက်ရောက်ပြီး ဂြိုလ်သားတွေ့နဲ့ တွေ့ဆုံခွင့်ရှိတာကြောင့် ပထမဆုံး ဆုံတွေ့ချင်းမှာ.. တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က နားမလည်ခဲ့တာပါဘူး။ ဒုတိယအကြိမ်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အက္ခရာချင်းဖလှယ်လို့ရအောင် ကြိုးစားပါတော့တယ်… အဲဒီမှာသိလာရတာက စက်ဝိုင်းပုံတစ်ပုံဟာ ဝါကျတစ်ကြောင်းဖြစ်ပြီး ပါဝင်တဲ့ အစက်ကလေးတွေနဲ့ ပုံသဏ္ဍာန်တွေအပေါ်မှာ မူတည်ပြီး အဓိပ္ပာယ်တွေကွဲပြားသွားပါတယ်။ တစ်ဖက်မှာလည်း ..လူတွေက ဒီယာဉ်ပျံကြီးတွေနဲ့ပတ်သက်လို့ ကြောက်ရွံ့ထိပ်လန့်မှုတွေပိုမိုတိုးပွားလာလျက်ရှိပြီး တစ်ပြိုင်နက်တည်းမှာပဲ.. အကြောက်တရားနဲ့ အတ္တတို့ပေါင်းစပ်ကာ.. တိုင်းပြည်မငြိမ်သက်မှုများ.. ဆူပူအုံကြွမှုများ နဲ့ အစိုးရပေါ်ဖိအားပေးမှုတွေရှိလာပါတော့တယ်။ Ian နဲ့ Louise တို့ကြိုးစားအဖြေရှာနေကြသလိုပဲ.. တခြားနိုင်ငံတွေကလည်း ဘာသာစကားကို နားလည်ဖို့ကြိုးစားနေကြပါတယ်။ သူတို့ အဓိကသိချင်ကြတဲ့ မေးခွန်းတွေကတော့.. ဂြိုလ်သားတွေ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်ပါပဲ… အဲဒီလိုအဖြေရှာနေစဉ်ကာလအတွင်းမှာ Louise က သူမရဲ့ သမီးလေးနဲ့ပတ်သက်ပြီး မကြာခဏ သတိရလာသလို တိုက်ဆိုင်မှုတွေကိုလည်း မြင်နေရပါတယ်။ စိတ်ရောကိုယ်ပါ ပင်ပန်းနေတဲ့ Louise တစ်ယောက် အက္ခရာတွေကို ဖော်ထုတ်အဖြေရှာနိုင်ပါ့မလားဆိုတာ… အဲဒီအချိန်မှာပဲ တရုတ်နိုင်ငံက General Shang က ဘာသာစကားနဲ့ ပတ်သက်ပြီး သူတို့ ဖော်ထုတ်လို့ရတာက … Use the weapon လို့ အဖြေထုတ်လိုက်ပါတယ်။ ဒါဟာတစ်နည်းအားဖြင့် စစ်ကြေညာတာလို့ သူတို့က နားလည်လက်ခံလိုက်ပါတယ်။ Louise က အဖြေထုတ်ရာမှာတော့ Offer weapon လို့ အဖြေထုတ်ပါတယ်။ တနည်းအားဖြင့် နည်းပညာ/ လက်နက်တစ်ခုခုကို စီးပွားရေးဆန်ဆန် လာရောက်ရောင်းချတာမျိုးဖြစ်နိုင်တယ်လို့ သူမက ယုံကြည်ပါတယ်။ ဆိုတော့ကာ… တရုတ်အပါအဝင် အခြားနိုင်ငံတော်တော်များများက ယာဉ်ပျံတွေကို ၂၄ နာရီအတွင်း ကမ္ဘာမြေကထွက်ခွာဖို့ သတိပေးလိုက်ပြီး မထွက်ခွာပါက တိုက်ခိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ.. Russia နိုင်ငံကဲ့သို့ စစ်အင်အားကြီးနိုင်ငံအပါအဝင် Sudan, Pakistan အစရှိတဲ့နိုင်ငံတွေကပါ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စစ်ရေးအရပဲ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ Louise တို့ရဲ့စခန်းနဲ့လည်း အဆက်အသွယ်မလုပ်တော့သလို သတင်းအချက်အလက်များကိုလည်း ဝေမျှခြင်းမရှိတော့ပဲ…သိပ်မကြာခင်မှာ နိုင်ငံတော်တော်များများက ကမ္ဘာတစ်ဝှန်းလုံးက ယာဉ်ပျံတွေကို စစ်ကြေညာပြီး ထွက်ခွာဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီယာဉ်ပျံတွေကရော အလွယ်တကူ ထွက်ခွာသွားမလား.. ကမ္ဘာမြေကရော အန္တရာယ်ကင်းပါ့မလားဆိုတာ…. “Full Spoiler Alert” Louise က မတည်ငြိမ်တဲ့အခြေအနေတစ်ခုမှာ .. တော်တော်များများကလည်း စခန်းကို သိမ်းဆည်းနေပြီး စစ်ကြေညာဖို့ပြင်ဆင်နေတာကြောင့် .. သူမက အရဲစွန့်ပြီး ယာဉ်ပျံရှိရာဆီကို တစ်ဦးတည်း သွားရောက်ပြီး ဂြိုလ်သားနဲ့ ဆက်သွယ်ဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ သူမသဘောပေါက်လိုက်တာက သူမက အနာဂတ်ကို ကြိုမြင်တဲ့ အစွမ်းရှိနေတာပါ။ ကျွန်တော်တို့ဇာတ်လမ်းအစမှာ ကြည့်ခဲ့ရတဲ့ သူမနဲ့ သူမရဲ့ သမီးလေးဆိုတာကလည်း တကယ်တမ်းတော့ Louise ကြိုမြင်နေရတဲ့အရာတွေပါ။ သမီးရဲ့ဖခင်ကတော့ သူမရဲ့လုပ်ဖော်ကိုင်ဖက် ရူပဗေဒသိပ္ပံပညာရှင် Ian ပဲဖြစ်ပါတယ်။ ဒါပေမယ့် Louise က သူမရဲ့အနာဂတ်ကို ကြိုမြင်နိုင်စွမ်းကို ခင်ပွန်းဖြစ်သူ ရူပဗေဒသိပ္ပံပညာရှင် Ian ကို ဖွင့်ပြောခဲ့တာကြောင့် Ian ကလက်မခံနိုင်ပဲ အချင်းများရာက လမ်းခွဲလိုက်ကြပုံပါပဲ။ နောက်ဆုံးမှာတော့ Louise က သူမရဲ့ အနာဂတ်အကြောင်းကို သိရှိခဲ့ရသလိုပဲ.. သူမရဲ့ အနာဂတ် ကြိုမြင်နိုင်စွမ်းကို အသုံးချကာ တရုတ်နိုင်ငံက General Shang ကို နားလည်အောင်ရှင်းပြနိုင်ခဲ့တာကြောင့် စစ်ဖြစ်ပွားခြင်းမရှိတော့ပဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့ပါတယ်။ တကယ်တမ်းမှာ Louise ဘာသာပြန်ခဲ့သလို Offer weapon မဟုတ်ပဲ Offer Gift ဖြစ်နေတာပါ။ ဂြိုလ်သားနဲ့ ဆက်သွယ်ရင်းနဲ့ Louise က အနာဂတ်ကို ကြိုမြင်နိုင်စွမ်းတဲ့လက်ဆောင်ကို ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ဂြိုလ်သားတွေလာရောက်ဆက်သွယ်တဲ့ကိစ္စကလည်း တကယ်တမ်းမှာ သူတို့တွေအနေနဲ့ နောင်တစ်ချိန်မှာ လူသားတွေရဲ့အကူအညီလိုအပ်လာမှာဖြစ်လို့အခုကတည်းက လာရောက်ဆယ်သွယ်ထားခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ ဂြိုလ်သားတွေ အကြောင်းကို အသေးစိတ်ရှင်းမပြခဲ့ပဲ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေကျော်လွှားနိုင်ခဲ့တယ်ဆိုတာလောက်ပဲ ပြသသွားခဲ့ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး ခံစားမိတာကတော့.. လူတွေက ကြောက်စိတ်နဲ့ အတ္တပေါင်းစပ်လာရင် ကြမ်းတမ်းခက်ထန်လာတတ်တာပါပဲ.. ..(လူတွေက ဒီယာဉ်ပျံကြီးတွေနဲ့ပတ်သက်လို့ သေချာမသိရသေးခင်မှာပဲ စိုးရိမ်ပူပန်မှုတွေလွန်ကဲကာ အကြောက်တရားနဲ့ အတ္တတို့ပေါင်းစပ်ပြီး .. တိုင်းပြည်မငြိမ်သက်မှုများ.. ဆူပူအုံကြွမှုများ နဲ့ အစိုးရပေါ်ဖိအားပေးမှုတွေရှိလာပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ) နောက်ထပ်ခံစားမိတာတစ်ခုက အက္ခရာတွေကို အဓိပ္ပာယ်ဖော်တဲ့နေရာမှာ “use the weapon” နဲ့ “offer weapon” လို့ ဘာကြောင့်အဓိပ္ပာယ်ကွဲသွားရတာလဲဆိုတဲ့အချက်ပါ.. ကျွန်တော့်ရဲ့အမြင်အရတော့ Louise ရဲ့ စိတ်အခံက ဂြိုလ်သားတွေနဲ့ပတ်သက်ပြီး ရင်နှီး နှစ်လိုဖွယ်ရှိပြီး General Shang တို့ကတော့ နဂိုစိတ်ရင်းမှာကိုက ဂြိုလ်သားတွေအပေါ်မှာသံသယထားပြီး နှစ်မြို့ပုံမရတာကြောင့် ဘာသာပြန်တဲ့နေရာမှာအဓိပ္ပာယ်ကွဲပြားသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ လက်တွေ့ဘဝမှာလည်း လူတွေက မိမိတို့ကြားနေမြင်နေတာတွေကို ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးအဓိပ္ပာယ်ကောက်လေ့ရှိကြတယ်မဟုတ်ပါလား…. ဒါကြောင့် ချစ်သောစိတ်ဖြင့် မြင်နိုင်ကြားနိုင်ကြပါစေလို့ ဆုတောင်းရင်း…. #Arrival_2016, #Nucleon_Content, #Admin_N --------------------------------------------- (ရုပ်ရှင်အညွှန်းကို Nucleon FB Page မှကူးယူဖော်ပြပါသည်။) File size…(999MB) Quality…WEB-DL Rip 720p Format…mp4 Duration….01:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung (Ye Man Aung မှဘာသာပြန်တင်ဆက်ထားတာပါ။)

Action & Adventure • Drama
7.6 2016 116 mins
Arrival
Look Both Ways
6.4

Look Both Ways (2022) ================= IMDb Rating – 6.4/10 ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့ နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။ နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို မြင်တွေ့ရမှာပါ။ တစ်ခါတရံမှာ ဘဝဟာ ကိုယ်ထင်ထားသလို ဖြစ်မလာပေမယ့်လည်း ရတဲ့ဘဝမှာ ဘယ်လို အကောင်းဆုံးကြိုးစားရပ်တည်သင့်လဲဆိုတဲ့ အရာ တွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးမို့ လူငယ်ပရိသတ်တွေ အကြိုက် တွေ့ကြမယ်လို့ ထင်ပါတယ်။ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ IMDb Rating 6.4/10 ရထားတဲ့ လူငယ်ကိုယ်စားပြုဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နက်အဖြစ် မင်းသမီးချောလေး Lili Reinhartက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soeမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naingတို့ဖြစ်ပါတယ်)

Comedy • Family
6.4 2022
Look Both Ways
By the Sea
5.3

By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် << တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊ ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)

Adventure • Family • Fantasy • Science Fiction
5.3 2015 122 mins
By the Sea
Good Burger 2

ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ….. အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဘဝအမောတွေကို ဖြေဖျောက်နိုင်ဖို့ စိတ်ညစ်ခြင်းကနေ ရုန်းထွက်ချင်နေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ရှု့ဖို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Good Burger 2
Aa Okkati Adakku
6

Aa Okkati Adakku (2024) “မမေးသင့်သောအရာ” IMDb – 7.4/10 တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချော ဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူက ကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။ မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့ အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက် အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲ ယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။ အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေ အချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama • Thriller
6 2024
Aa Okkati Adakku
Just Pass
7.2

Just Pass 2024 နောက်ဆုံးတန်းသားတို့ပျော်စံရာ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာဆို အိမ်ကလည်း အမှတ်ကောင်းအောင်ဖိအားပေးသလို ကိုယ်တိုင်လည်း ရည်မှန်းချက်အလိုက် အနည်းနဲ့အများ အားထုတ်ရတာချည်းပါပဲ။ အဓိကကတော့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ အမှတ်တောင်းဆိုမှုတွေကြောင့်ပေါ့။ ဒီတစ်ခါရုပ်ရှင်လေးကတော့ ကျောင်းမှာဆို နောက်ဆုံးတန်းက အမှတ်ထွက်ရင်လည်း အောင်ရုံလေးဆိုတဲ့ Just Pass ကပ်အောင်ကျောင်းသားလေးတွေရဲ့ဘဝကို ရိုက်ကူးပြထားတာပါ။ အမျိုးသားဆုရှင်ကြီးဖြစ်ပြီး လေးစားခံရသူတစ်ယောက်ဖြစ်တဲ့ ဒါလာဗာယီတစ်ယောက် သူပင်စင်ယူပြီးချိန်မှာ ကောလိပ်တစ်ခုဖွင့်ဖို့လုပ်ပါတယ် ။ ဒါကတော့ ကျန်တဲ့တက္ကသိုလ်တွေမှာဆို အနှိမ်ခံရ နေရာမရရှာတဲ့ ကပ်အောင်သီးသန့် ကောလိပ်ကြီး တစ်နည်းပြောရရင်တော့ နောက်ဆုံးတန်းကကောင်လေးတို့ရဲ့နိဗ္ဗာန်ကြီးပေါ့။ အတန်းထဲမှာ ဗရုတ်အကျဆုံး ပေါက်ကရအလုပ်နိုင်ဆုံး အကဲဆုံး ဇော်ကျောင်းသားတွေချည်းဆုထားတဲ့ ဒီကောလိပ်ကြီးမှာ ဘယ်လိုဗရုတ်သုတ်ခတွေဖြစ်လာမလဲ။ ကပ်အောင်တွေဆိုတာ ဘာမှမဖြစ်ထွန်းဘူးဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကရော ဖြစ်မြောက်ပါ့မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ Thura ~ KKKZ တို့ပဲဖြစ်ပါတယ်။)

7.2 2024
Just Pass
Brother Bear

ရွာတစ်ရွာမှာ ညီအကို ၃ ယောက်ရှိပါတယ် စီကာ နှင့် သူ၏ ညီ နှစ်ယောက် ဖြစ်တဲ့ ဒီနိုင်း နဲ့ ကီနိုင်း တို့ ဖြစ်ကြပါတယ်… သိပ်မကြာခင် အချိန်တွင်းမှာ ကီနိုင်း ဟာ အရွယ်ရောက်လာသော ယောင်္ကျားတစ်ယောက်အဖြစ် မိုးကောင်းကင်က ချပေးသော နိမိတ်ပုံ ကို ရယူရမယ့် ပွဲကို တက်ရတော့မှာပါ… ဒီနိုင်း ကတော့ အရာရာကို ဆင်ခြင်တက်သူ ဖြစ်သော်လဲ ကီနိုင်း ဟာ ငယ်ရွယ်သွတ်လတ်ပြီး လုပ်ချင်ရာကို တဇွတ်ထိုး လုပ်တက်သူ တစ်ဦး ဖြစ်၍ အကိုကြီးဖြစ်သူ စီကာ မှာ ညီဖြစ်သူကို ဘယ်သော အခါမှ စိတ်မချတက်ပါ… တစ်ရက်မှာတော့ သူတို့ ညီအကို သုံးဦး ကြားထဲသို့ ကံကြမ္မာဆိုးကြီး တစ်ခု မဖိတ်ခေါ်ရပဲ နဲ့ ဝင်ရောက်လာခဲ့လေသော အခါ….. (ဒီဇတ်ကားကို ကိုမျိုးမင်းသူသန်းမြင့် မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး ဇတ်ဝင်ခန်း သီချင်းတွေက အစ အားလုံးကို သေချာ ဘာသာပြန်ပေးထားတာ ဖြစ်လို့ ကြည့်ရှုရတာ ခံစားမှု ပိုကောင်းစေမှာပါ) File size… 1.2 GB / 597 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Animation /Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Myominthu Thanmyint

0 2003
Brother Bear
[18+] School of Youth: The Corruption of Morals
6.1

***************************************************** မို့ဝန်းနဲ့ ဟန်မွန်းတို့က အမှုထမ်းစာ​​မေးပွဲကို အကြိမ်ကြိမ်ကျ​နေတဲ့သူ​တွေပါ ဟန်မွန်းက အမှူထမ်းစာ​မေးပွဲကို စိတ်မ၀င်စားဘဲ မိန်းက​လေး​​တွေရဲ့ကိုယ်လုံးတီးပုံ​တွေကို ဆွဲရတာ သ​ဘောကျ​တဲ့သူပါ .. မို့ဝန်းက​တော့ သင်္ချာဘာသာကို အလွန်စိတ်၀င်စားတဲ့​ကျောင်းသားလေးပေါ့ .. ရူက​တော့ ဂျပန်ဘာသာစကားကို စိတ်၀င်စားပြီး ဘာသာပြန်တစ်​ယောက်ဖြစ်ဖို့ ကြိုးစား​နေတာပါ .. အ​ဖေ​တွေကို မလွန်ဆန်နိုင်တာ​ကြောင့် စိတ်မ၀င်စား​ပေမဲ့လည်း အမှုထမ်းစာ​မေးပွဲကို ဝင်​ဖြေခဲ့ရပါတယ် တစ်​​နေ့သူတို့​ကျောင်းကို ​ကျောင်းသူ ၃​ယောက်​ပြောင်းလာတဲ့အချိန်ကစပြီး အ​ခြေအ​နေ​တွေ​ပြောင်းလဲသွားပါတယ် .. တစ်ည ရူနဲ့ မို့ဝန်းဟာ ပြန်​ပေးဆွဲခံရပြီး အလိုမတူဘဲ မုဒိမ်းကျင့်ခံလိုက်ရပါတယ် အဲဒီလိုနဲ့ သူတို့ကို မုဒိမ်းကျင့်တဲ့သူ​​တွေကို လိုက်ရှာကြပါ​တော့တယ် .. သူတို့ကို အဲဒီလိုလုပ်တာဟာ အသစ်​ပြောင်းလာတဲ့ ​ကျောင်းသူ​လေး​တွေလား ဒါမှ မဟုတ် တခြား ဘယ်သူ​များဖြစ်မလဲဆိုတာကို ဘယ်လိုအချက်နဲ့လိုက်ရှာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူကြရမှာပဲဖြစ်ပါတယ် .. File Size : 2.01GB, 787 MB Quality : 1080p,720p Format…mp4 Duration…1 hr. 30 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2014
[18+] School of Youth: The Corruption of Morals
The Naughty List of Mr. Scrooge
5

ကောလိပ်မှာကတည်းက ထူးထူးဆန်းဆန်းလက်ဆောင် လဲတမ်းဆော့ကြတဲ့ တက်ဘီတို့သူငယ်ချင်းတစ်သိုက်ဟာ ကျောင်းပြီးသွားပြီးတော့ ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ သူငယ်ချင်းတစ်သိုက်ပြန်ဆုံပြီး ငယ်ဘဝကအတိုင်းအချိန် ကုန်ကြဖို့စီစဉ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ကောလိပ်မှာတုန်းကအတိုင်း လျှို့ဝှက်လက်ဆောင် တွေလဲကြတဲ့အခါမှာ မထင်မှတ်ထားတဲ့လက်ဆောင်တွေ ရလာကြပြီး ဘယ်လိုမျိုးအဖြစ်အပျက်တွေကြုံရမလဲဆိုတာကို ကြည့်ရမယ့် Thriller ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်တမ်းကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေဗျာ…. File size… (837MB) / (425MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Drama
5 2024 89 mins
The Naughty List of Mr. Scrooge
Rekhachithram
7.4

Rekhachithram (2025) အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။ လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။ ၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။ သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေက သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်း‌မြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ရာမှာ‌တော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေးတစ်ခုကို တွေ့ပါတော့တယ်။ Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့…….. သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊ ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊ အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

7.4 2025 139 mins
Rekhachithram
Paru Parvathy
6.2

Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်) သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။ သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။ တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ….. သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ….. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Science Fiction
6.2 2025 159 mins
Paru Parvathy