YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Double Love E12 (1080p) CM.mp4

514.21 MB N/A video/mp4 58 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
The Dancing Detective: A Deadly Tango
6.8

The Dancing Detective: A Deadly Tango(2023) ******************************************* မော်လ်တာမြို့မှာ ဆီနိတ်တစ်ယောက်ရဲ့အစ်ကို လူကုံထံသူဌေးတစ်ဦးဟာ ရုတ်တရက်ကြီး သေဆုံးသွားပါ တယ်။ ရိုးရိုးသေတာလား၊ အသတ်ခံရတာလား မသေချာတော့ ဆီနိတ်တာက အမေရိကန်ရဲတွေထဲကအတော်ဆုံ း စုံထောက်လွှတ်ပြီး အမှုစုံစမ်းပေးဖို့ အကူအညီတောင်းပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အတော်ဆုံး စုံထောက်ဟာ အမှုလိုက် ရာမှာ တွဲဖက်ရဲတွေနဲ့ ဘုဘောက်ကျပြီး ကိုယ့်သဘောနဲ့ကိုယ်ပဲလုပ်တတ်တဲ့ စုံထောက်မဘေလီပါ။ အမှုက အရေး ကြီး နေတာကြောင့် ဘေလီ့ကို အင်တာပိုလ်က စီစဉ်ပေးတဲ့ တွဲဖက်တွေနဲ့ အဆင်ပြေပြေအလုပ်လုပ်ဖို့ နားချပြီး စေ လွှတ်လိုက်ပါတယ်။ မော်လ်တာရောက်တော့ အင်တာပိုလ်က စီစဉ်ပေးတဲ့တွဲဖက်ဟာ ရဲတွေ၊ စုံထောက်တွေ မဟုတ်ဘဲ အကသင်တဲ့နည်းပြဖြစ်နေတော့ ဘေလီတော်တော်စိတ်ညစ်သွားပါတယ်။ ပြီးတော့ အမှုကို စုံစမ်းတဲ့ အခါ ဘေလီတစ်ခါမှ မကဘူးတဲ့ အကပြိုင်ပွဲဝင်အနေနဲ့ စုံစမ်းရမှာဖြစ်လို့ ဘေလီအတွက် တော်တော်သေချင်စော်နံ့ သွားပါလေရော။ ဒီလိုခွတီးခွကျ အဖြစ်အပျက်များစွာနဲ့အတူ ဘေလီ အောင်အောင်မြင်မြင် အမှုဖော်ထုတ်နိုင်ပါ့ မလားဆိုတာကို ရှုစားကြရမှာပါ။ ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စုံထောက်၊ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဥရောပနိုင်ငံလေး မော်လ်တာနိုင်ငံရဲ့ သဘာဝအလှတွေ တစ်လှေကြီး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File Size :(1.4GB)& (681MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:24:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
6.8 2023 84 mins
The Dancing Detective: A Deadly Tango
Shanghai Triad
6.8

~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations - The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။ CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။ ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 875MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 48Min Genre - Crime, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.8 1995 108 mins
Shanghai Triad
Giant Snake Incident at Yellow River
6

" ဟွမ်မြစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူသားစား မြွေကြီးရဲ့ ဒဏ္ဍာရီလေးတစ်ပုဒ် " ဟွမ်မြစ်ရဲ့နံဘေးမှာ ဆိတ်ငြိမ်အေးချမ်းတဲ့ ခေတ်လွန်ရွာလေးတစ်ရွာတည်ရှိပါတယ် ။ ဒီလိုအေးချမ်းလှတဲ့ ရွာလေးဆီကို ခေါင်းတလားကြီးတစ်လုံးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးက ရောက်ရှိလို့လာခဲ့ပါတော့တယ် ။ ထူးဆန်းတဲ့ အရာတွေ မကြာခဏ ဖြစ်ပြီး လူတွေကလဲ တစ်ဦးပြီး တစ်ဦးပျောက်ဆုံးလို့ လာခဲ့ချေပါတယ် ။ ဒီဘေးအန္တရာယ်ကြီးကို ကျောက်မိသားစုကနေပြီး နှိမ်နင်းဖို့ သွားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး ။ ဒီကိစ္စဖြစ်ပြီး နှစ် ၂၀ ကြာတဲ့နောက်မှာ အလားတူ ကိစ္စရပ်မျိုး ပြန်လည်ဖြစ်ပျက်လာခဲ့သောအခါ...? ကျောက်အိမ်တော်ရဲ့ မျိုးဆက်ကို ဆက်လက် လက်ခံမဲ့ သခင်လေးကျောက်ပိုင်တစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကို နှိမ်နင်းဖို့ ခရီးစတင်ထွက်ခဲ့ပါတော့တယ် ။ ဒီတော့ မြစ်ထဲက မကောင်းဆိုးဝါး မြွေကြီးကို နှိမ်နင်းနိုင်ပါ့မလား ? ဘယ်လိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမှာလဲ ? ဆိုတာ သခင်လေး ကျောက်ပိုင်ရဲ့ စွန့်စားရေး ခရီးစဥ်လေးကို အတူတူ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery
6 2023 84 mins
Giant Snake Incident at Yellow River
The Surprise Visit
5.2

ဒီတစ်ခေါက်မှာတော့ ငွေမရှိလို့ ကြံရာမရတဲ့အဆုံး သူငှေးအိမ်မှာ ဓားပြသွားတိုက်တဲ့ ကေစီ နဲ့ အန်နာဘဲလ်တို့အတွဲ အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ကိုဗစ်ကာလအတွင်း လူတိုင်းဘေးကြပ်နံကြပ်ဖြစ်ပြီး အလုပ်အကိုင် တွေမရှိတော့တဲ့ထဲမှာ ကေစီနဲ့ အန်နာဘဲလ်တို့ကလည်း အပါအဝင်ပေါ့ သူတို့နှစ်ယောက်ကလည်း မူးယစ်ဆေးတွေသုံး ဘဝတွေပျက်ပြီး အန်နာဘဲလ်မှာ ကိုယ်ဝန်က‌လည်းရှိနေတော့ သူတို့ရဲ့ကလေးအနာဂတ် အတွက် ခေါင်းခြောက်နေကြရှာတယ်။ ကေစီကလည်း သူ့အဖေရဲ့ အလုပ် ရှင်ဆီမှာ အလုပ်လုပ်ဖို့ပြောတော့လည်း သူ့အဖေက သားဖြစ်သူရဲ့ အသုံး မကျမှုတွေကြောင့် မောင်းထုတ်ပလိုက်ရော။ အဲလိုနဲ့ ကေစီက လုံးဝမရတဲ့အဆုံး သူ့အဖေရဲ့အလုပ်ရှင် သူဌေးမအိမ်မှာ သွားခိုးမယ်ဆိုပြီး မိန်းမဖြစ်သူကို ဖြောင်းဖျတယ်။ သူ့မိန်းမက မလုပ်ချင်ဘူး အတင်းပြောပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ရဲ့အနာဂတ်အတွက်ပဲ ရွေးချယ်လိုက်တော့တဲ့အခါ . . . ဇာတ်လမ်းက ရင်တမမနဲ့ ကြည့်ရမယ့် ပုံစံဖြစ်လို့ Thriller ကြိုက်တဲ့ CM ပရိတ်သတ်တွေအတွက်အကြိုက်‌တွေ့‌စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.54 GB) / (760 MB) Quality............WebRip 1080p / 720p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Khant Sett Naing Encoder..........SWM

Horror • Thriller
5.2 2022 86 mins
The Surprise Visit
Signal: Long-Term Unsolved Case Investigation – The Movie

2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့ 2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ် ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ 2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ် ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီ အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။ Genre.....Action, Mystery, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 1GB and 337MB Format…mp4 Duration….2h 2min Subtitle….Myanmar Subtitle (Hardsub) Translator ..... Loon Swal Eain Encoder .....August

Drama • Romance
null 2021 122 mins
Signal: Long-Term Unsolved Case Investigation – The Movie
Fire Storm

ယာဥ် မတော်တဆမှုတစ်ခုကြောင့် ထောင်ကျနေတဲ့ဝေးဖုန်း... သူထောင်ထဲမှာရှိနေတဲ့အချိန် အပြင်မှာ ကျန်ခဲ့တဲ့အစ်မက အကြွေးဆပ်ဖို့အတွက် ရရာလုပ်ရင်း တယ်လီကွန်းလိမ်လည်မှုအဖွဲ့တစ်ခုရဲ့ ထောင်ခြောက်ထဲကျရာက ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိဖြစ်သွားခဲ့ရတယ် ထောင်ကလွတ်လာပြီးနောက်ပိုင်း အစ်မသေဆုံးရတဲ့အကြောင်းကိုစုံစမ်းရင်း လိမ်လည်နေတဲ့အဖွဲ့ကို သိခဲ့ရပြီး သူ့နည်းသူ့ဟန်နဲ့ ကလဲ့စားချေ ဖို့ကြိုးစားခဲ့တယ်.. ညီအစ်ကိုလို တပည့်လိုနေခဲ့တဲ့ ရှောင်ဖုန့်ရဲ့အကူအညီနဲ့ ဒုခေါင်းဆောင်ဝေရှောက်ကိုရင်းနှီးအောင်လုပ်ပြီး အဖွဲ့ထဲဝင်ကာ အစ်မအတွက် ဘယ်လိုကလဲ့စားချေမလဲ.... ပြစ်မှု သက်သေတွေရဖို့ ဘယ်လိုကြိုးစားရယူမလဲ.... ခေါင်းဆောင်အထိရော ဖမ်းမိနိုင်ပါ့မလားဆိုတာ................. Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK

Thriller
0 2023 79 mins
Fire Storm
Hidimbha
7

Hidimbha 2023 IMDb 9.2/10 Action/Drama သည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL

Drama
7 2023 135 mins
Hidimbha
Guns Akimbo
6.4

ညစ်ပတ်ပြီး ကြမ်းတမ်းတဲ့ ဟာသ အက်ရှင် အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး။ ကောင်းတာတော့ အတော်ကောင်းပါတယ်။ ဟယ်ရီပေါ်တာ မင်းသားက ဒီလိုကားတွေနဲ့ အတော်အကျိုးပေးပုံပါပဲ။ ဒီကားမှာတော့ မိုင်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်ပေါ့။ မိုင်လ်ဟာ ကုမ္ပဏီတစ်ခုမှာ ကွန်ပြူတာလေး တစ်လုံးနဲ့ အလုပ်လုပ်ရတဲ့ ကောင်လေး၊ လက်တွေ့ဘဝမှာဘယ်သူမှ အထင်မကြီးသလို၊ ဘာမှလည်း အရာမရောက်တဲ့ ကောင်လေးပါ။ ဒီလိုလူတွေရဲ့ ထုံးစံအတိုင်း အင်တာနက်ပေါ်မှာ ထရိုးလိုလို ဂိလိုလိုနဲ့ ဖောင်းထုပြီး ဖင်နာရှာရင်း ပျော်နေရတဲ့ သူပေါ့။ ဒါပေမယ့် သူဖောင်းထုတာ လူမှားသွားပါတယ်။ လူတွေကိုဖမ်းပြီး လူသတ်ပွဲတွေလုပ်ခိုင်းရင်း တိုက်ရိုက်ထုတ်လွှင့်တဲ့ ကောင်တွေကို သွားပြီး ဖောင်းထုမိတာပါပဲ။ ဟိုက တည်နေရာကိုရှာပြီး အိမ်အထိ လာရိုက်တဲ့ အခါမှ ခြေသလုံးဖက်တောင်းပန်ပေမယ့် မမှီတော့ပါဘူး။ ရလာဒ်ကတော့ လူသတ်ကစားပွဲထဲကို အသွင်းခံရပြီး၊ အတော်ဆုံး ကစားသမားနဲ့ အသက်လု ချရဖို့ ဖြစ်လာတော့တာပါပဲ။ ဒီလိုသောက်ပေါနဲ့ တကယ့် လူသတ်သမားအကြမ်းစားတို့ ပြေးကြလွှားကြ တိုက်ကြရင်း အဲဒီပွဲက အင်တာနက်မှာလူကြည့်အများဆုံးဖြစ်လာပြီး သူလည်း တစ်ရက်ထဲနဲ့ နာမည်ကျော်လာပါတော့တယ်။ ဒီလောက်ဆို ဆက်ကြည့်ချင်မယ်ထင်ပါတယ်၊ ဆက်မပြောပြတော့ဘူးနော်။ စကားလုံးရော ရိုက်ချက်တွေရော ကြမ်းလို့ အိမ်မှာ မိသားစုနဲ့ ကြည့်လို့မသင့်တာ သတိပေးပါရစေ။ File Size : ( 916 MB , 334 MB ) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Action , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama • Fantasy
6.4 2020 95 mins
Guns Akimbo
Alien Planet
5.5

ဇာတ်လမ်းလေးကတော့ ရာစုနှစ်ပေါင်းများစွာ ခမီးန်မျိုးနွယ်တွေက လို့ခ်ကိုင်းမျိုးနွယ်ကို ဖိနှိပ်ထားတဲ့အတွက် လို့ခ်ကိုင်းတွေမကျေနပ်တော့ တွန်းလှန်တဲ့အခါ စစ်ပွဲတွေစဖြစ်ပါတော့တယ်။ လို့ခ်ကိုင်းတွေဟာ စစ်ပွဲမှာအများအပြားကျဆုံးခဲ့ကြပြီး စစ်ရှုံးကာ ရော့ကာချီဆိုတဲ့ဂြိုလ်ကိုထွက်ပြေးပါတော့တယ်။ အဲ့ဂြိုလ်မှာက အာဟာရဓာတ်မပြည့်စုံတဲ့အတွက် ဇာ့ထ်ဆိုတဲ့ရေကိုပဲ သောက်ရတဲ့အတွက် Rejuvenation Vial ဆေးရည်ကို အသုံးပြုပြီးလိုအပ်တဲ့ ရေကိုရယူကြရတယ်။ တစ်ဖက်မှာ ခမီးန်တွေနေထိုင်တဲ့ဂြိုလ်ဟာ တလွဲ အသုံးချမှုတွေကြောင့် ရေအရင်းအမြစ်ဆုံးရှုံးလာပါတော့တယ်။ ခမီးန်ခေါင်းဆောင်ဟာ လို့ခ်ကိုင်းတွေမှာရှိတဲ့ Rejuvenation Vial ဟာဂြိုလ်တစ်ခုလုံးကို ပြန်လည်ရှင်သန်လာအောင်လုပ်နိုင်တယ်ဆိုတာသိထားတဲ့အတွက် အတော်ဆုံး စစ်သည်တော်ဖြစ်တဲ့ ဘရိုချိကိုသွားယူခိုင်းလိုက်ပါတယ်။ ဘရိုချိတစ်ယောက်တည်း ဆေးရည်ကိုအရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…2.16GB / 796MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2023
Alien Planet
Children…
7.1

Childern (2011) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

7.1 2011
Children…
Fanboys

ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။ အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြ‌ပါတော့တယ်။ စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထို‌ခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File size…(1.7 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama
0 2009
Fanboys
Deliver Us

“Deliver Us” ဆိုတဲ့ ခေါင်းစဉ်အတိုင်း ဒီဇာတ်ကားက ကလေးနှစ်ယောက်ကို မီးဖွားပေးတဲ့နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခရစ်ယာန်သမ္မာကျမ်းစာထဲမှာ “ယေရှုခရစ်တော်” က ယောင်္ကျားနဲ့မိန်းမ ပေါင်းဖက်ခြင်းကမဟုတ်ဘဲ ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အပျိုစင်ကညာတစ်ဦးဖြစ်တဲ့ “မာရိ” ထံကနေ လူ့ဇာတိခံခဲ့တာဖြစ်ပါတယ်။ နောက်တစ်ချက်က သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းထဲမှာဆိုရင် ဒီကမ္ဘာပေါ်ကို ယေရှုခရစ်တော် နောက်တစ်ဖန်ပြန်ကြွလာမယ်လို့ ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီကာလမတိုင်ခင်မှာပဲ “အန္တိခရစ်” ဆိုတဲ့ ခရစ်တော်ကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက ကမ္ဘာပေါ်မှာအရင်မွေးဖွားလာပြီး လူသားတွေကို လှည့်စားမှုပေါင်းများစွာနဲ့ အုပ်စိုးမှာပဲဖြစ်ပါတယ်။ အခုဇာတ်ကားထဲမှာတော့ သမားရိုးကျစိတ်ကူးယဉ်ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခရစ်ယာန်သမ္မာကျမ်းစာထဲက အကြောင်းအရာတွေအပေါ်ကိုအခြေခံပြီးတော့ ဆင့်ကဲကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရပ်ဝေးဒေသတစ်ခုမှာရှိတဲ့ သီလရှင်စစ္စတာတစ်ယောက်ကနေပြီးတော့ သံဝါသမပြုဘဲ ကိုယ်ဝန်လွယ်ထားရပါတယ်လို့ သတင်းထွက်လာပါတယ်။ ဒီကိစ္စက ကျမ်းစာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စ သမိုင်းတစ်ကျော့ပြန်လာတာလားဆိုတာကို ဟုတ်မဟုတ်အတည်ပြုဖို့အတွက် ဗာတီကန်ကနေ ဘာသာဗေဒပညာရှင် ခရစ်ယာန်ဘုန်းကြီးတွေကိုစေလွှတ်လိုက်ပါတယ်။ တကယ်ကတော့ စစ္စတာယူလီယာက ကလေးတစ်ယောက်မဟုတ်ဘဲ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာပါ။ သူကနေပြီးတော့ လာရောက်အတည်ပြုတဲ့ဘုန်းကြီးတွေကို သူ့ခေါင်းထဲကနေ ရူပါရုံတွေရနေတယ် ကလေးတွေရဲ့စကားပြောနေသံကိုလည်းကြားရပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေက သူပြောတဲ့အကြောင်းအရာနဲ့ ရှေးဟောင်းကျမ်းတွေကို တိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာ ကျမ်းတွေအရဆိုရင် ယူလီယာလွယ်ထားရတဲ့ကလေးတစ်ယောက်ဟာ သံဝါသမပြုဘဲရလာတဲ့ “မေရှိယ – လူတွေကိုအပြစ်ကနေ ကယ်ချွတ်မည့်လူ” လို့ ပရောဖက်ပြုထားတဲ့ကလေးနဲ့ လူလူချင်းပေါင်းသင်းဆက်ဆံပြီးမှရလာတဲ့ “သားရဲ” ဆိုတဲ့ လူတွေကို အနုနည်းနဲ့ အုပ်စိုးမယ့်အန္တိခရစ်ရဲ့အပေါင်းအပါဖြစ်တယ်ဆိုတာကို သိသွားကြပါတယ်။ ဒီလိုနဲ့ပဲ ဘုန်းကြီးတွေဟာ ယူလီယာကိုမေ့ဆေးပေးပြီး ကလေးကိုမမွေးပေးဘဲ ဆေးထိုးပြီးဖျက်ချဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန်ကစပြီးတော့ အနိဌာရုံတွေတစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ကလေးနှစ်ယောက်လုံးမွေးနိုင်ခဲ့လား… ကလေးတွေကရော နောက်ဆုံးကျဘယ်လိုဖြစ်သွားမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာစိတ်ဝင်တစားကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 890MB Quality – 1080p, 720p Format – mp4 Duration – 1H 43Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 102 mins
Deliver Us
Soo
6.1

Soo (2007) ************* ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားလေးမှာတော့ မင်းသားကြီး Ji Jin Hee, Oh Man Seok နဲ့ တခြားဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************** နာမည်ကြီး လူသတ်သမားတစ်ယောက်ဖြစ်တဲ့ Soo(Ji Jin Hee) က မိဘမဲ့ဂေဟာမှာတည်းက ကွဲသွားခဲ့တဲ့ အမွှာညီဖြစ်သူကိုလိုက်ရှာနေရင်း သူ့အမွှာညီဖြစ်သူက ရဲဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အပြင်၊ ဂိုဏ်းတစ်ခုကို ဖမ်းဖို့လုပ်ရင်း အသတ်ခံလိုက်ရတာကို သိလိုက်ရတဲ့အချိန်မှာ၊ သူ့ညီအတွက်လက်စားချေဖို့ ကြိုးစားပါတော့တယ်။ သူဘာတွေဆက်ပြီးရင်ဆိုင်သွားမလဲ၊ ဘယ်လိုနည်းတွေနဲ့ ပြန်ပြီး ကလဲ့စားချေမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ Action Thriller ရုပ်ရှင်ကား‌ကောင်းတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းကို Alice မှ ရေးသားပေးထားပါတယ်) File size…1.71GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Action, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Alice Encoded by AHtet

6.1 2007 122 mins
Soo
Dangerous Liaisons

ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူဟောင်းကို လက်စားချေချင်တဲ့ မာတူအီဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူ၏ချစ်သူဟောင်းရဲ့အပျိုစင်သတို့သမီးလောင်းရဲ့ ဂုဏ်သိက္ခာညစ်နွမ်းအောင် အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ကစားရာမှာနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗယ်မွန့်ကိုတာဝန်ပေးထားပါတယ်။ ကိုယ့်ကျင့်သိက္ခာတရားကို အင်မတန်တန်ဖိုးထားလှသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဒမ် တော်ဗယ်ကိုလည်း ရအောင်ဆွဲဆောင်မည်ဟု ဗယ်မွန့်တစ်ယောက် မာတူအီနဲ့အပေးအယူလုပ်ထားပါတော့တယ်။ အပေးအယူကတော့ ပေးအပ်ထားတဲ့တာဝန်အောင်မြင်ရင် မာတူအီနှင့်တစ်ညတာကုန်ဆုံးခွင့်ပဲဖြစ်ပါတယ်။ ဗယ်မွန့်တစ်ယောက် သူကြံစည်ထားတဲ့အတိုင်း ဖြစ်လာနိုင်လား ၊မာတူအီကရော သူ့လက်စားချေခြင်း အောင်မြင်နိုင်ပါ့မလား ၊ဘယ်လိုတွေ အဆုံးသတ်ကြမလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Dark Romance, Period Drama, Psychological Drama, Romantic Epic, Steamy Romance, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Documentary
0 1988 119 mins
Dangerous Liaisons