YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Double Love E10 CM.mp4

256.54 MB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
578: Magnum
7.2

578 : Magnum(2022) 2022 ခုနှစ်ထွက် ဗီယက်နမ် အက်ရှင်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ~ ဟုန်က ထရပ်ကားမောင်းတဲ့သူ ဖြစ်ပြီးတော့ အန် ဆိုတဲ့ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်ရှိပါတယ်။ ဟုန်က အန့်ကို သွားလေရာ ခေါ်သွားလေ့ရှိပေမဲ့ အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီး ကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်။ တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျား ရောဂါ ခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်။ အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင် အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်။ အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်း ဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ။ ~~~~~ ဇာတ်လမ်းက ကြည့်လိုက်ရင်တော့ သာမန် အက်ရှင်ကားတစ်ကားလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ 2023 အော်စကာပွဲရဲ့ Best Internaltional Feature Film Award Category မှာ ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကား၊ Father and Son(2017) နဲ့ နိုင်ငံတကာရုပ်ရှင်လောကထဲ ခြေဆန့်နိုင်ခဲ့တဲ့ ဒါရိုက်တာ Luong Dinh Dung ရဲ့လက်ရာဆိုရင်တော့ သာမန် မဟုတ်မှန်း သိသာပါတယ်။ ပြင်သစ်-ဗီယက်နမ် မင်းသား Alexandre Nguyen နဲ့ Miss Universe Vietnam(2018) H’hen Nie တို့ ခေါင်းဆောင်ပါဝင်ထားပြီး IMDb rating ကလည်း 7.3 အထိ ရရှိထားတာကြောင့် အော်စကာပွဲ ဝင်ပြိုင်မယ့် အာရှဇာတ်ကား တစ်ကားကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 964MB | 463MB Format… mp4 Duration….1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Action • Adventure • Science Fiction
7.2 2022
578: Magnum
Operation Tomahawk
6

လူ‌တွေရဲ့ အလိုဆန္ဒဟာ အတောမသတ်နိုင် ကြီးထွားလာပြီး လောဘအဖြစ်ပြောင်းလဲသွားတဲ့အခါ လောဘရဲ့ကျေးကျွန်အဖြစ် ကြိုးစေရာကရတော့တယ်၊အမိုက်မှောင်အတွေးတွေ ကြီးစိုးလာတဲ့အခါ ပြန်လမ်းမရှိတဲ့ စွဲလမ်းခြင်းမှာ ပိတ်မိနေတတ်ပါတယ်။ တစ်ချိန်က အားပု၊လိကျီနဲ့ ဝမ်ကျားဆိုတဲ့ ညီနောင်သုံးဦးရှိခဲ့ပါတယ်၊ ဒါပေမဲ့ အားပု(ဟယ်ဇစ်ဝေ)ဟာ ပြဿနာတက်ပြီး အချုပ်ကျခဲ့ပြီး တစ်ခြားသော ဇာတ်မြှုပ်ကွက်တွေကြောင့် သူတို့သုံးဦးလုံးတစ်နေရာစီ ကွဲထွက်သွားပါတော့တယ် ဒီလိုနဲ့ လိကျီဆိုသူဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ဂိုဏ်းနဲ့ပတ်သတ်နေတဲ့အခါ。。。 ပျောက်ဆုံးနေတဲ့ ဝမ်ကျားကို。。。 အားပု ထောင်ထဲကထွက်လာတဲ့အချိန်မှာရော အရင်ကညီနောင်သံယောဇဉ်ကို ဒီရုပ်ရှင်ထဲမှာ ဘယ်လိုပုံဖော်သွားမလဲ ထောင်ထဲကထွက်လာပြီး မသမာမှုနဲ့ လွတ်ကင်းစွာ နေနေတဲ့အားပုတစ်ယောက် လိကျီနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ 。。。 ရဲ‌တပ်ဖွဲ့ဝင်တွေကရဲ့ အမှုလိုက်ဖြေရှင်းပုံကို စိတ်ဝင်စားစွာ ကြည့်ရှုရမဲ့အပြင် မိမိကိုယ်ကို မှန်တယ်လို့ခံယူထားလို့လုပ်နေကြတဲ့သူတို့အားလုံးမှာ。。。 ဘယ်လိုအရာမျိုးက အဖြစ်မှန်အစစ်မှန်လဲဆိုတာ ဆက်လက်ကြည်ရှုရမှာပါ

6 2023
Operation Tomahawk
Café de Flore
7.3

Café De Flore (2011) IMDb – 7.3/10 ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက် ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။ မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်…. ဇာတ်လမ်းအညွှန်း ၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့ သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊ တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။ ၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့ အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊ တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားက ဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့ ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။ သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့ သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။ တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာ သူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။ အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီး စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။ ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့ ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။ တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကို လက်မခံနိုင်သေးဘဲ move on မလုပ်နိုင်သေးတဲ့သူ၊ ဆုံးရှုံးလိုက်ရသူကို လက်မလွှတ်နိုင်သေးဘဲ နာကျင်ခံစားနေရတဲ့သူဖြစ်ပါတယ်။ ကွဲပြားတဲ့ ဇာတ်ကြောင်းနှစ်ခုမှာ တူညီတဲ့အချက်ကတော့ အဆုံးမဲ့တဲ့ချစ်ခြင်းမေတ္တာတွေ၊ စွဲလမ်းစိတ်တွေ၊ ဝမ်းနည်းစရာတွေ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ ပိုချစ်ရတဲ့သူက နာကျင်တဲ့သူလား၊ ကျန်ခဲ့တဲ့သူက ပိုချစ်ရတဲ့သူဖြစ်မလား။ ပိုချစ်ရတဲ့သူက ကိုယ်ပဲဖြစ်ပါစေလို့ ဆုတောင်းရင်း ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်လျှောက်ကြရမလား။ ဇာတ်ဆောင်တွေရဲ့ ခံစားချက်တွေကို ပေါ််လွင်အောင် ရိုက်ပြထားပါတယ်။ ဇာတ်ကြောင်းနှစ်ခုတည်ထားရတဲ့အကြောင်းရင်း plot twist ကိုတော့ ဆက်လက်ကြည့်ရှုပြီးတော့ ခံစားလိုက်ပါ။ နာမည်ကြီးပြင်သစ်ဒါရိုက်တာ Jean-Marc Vallée ရဲ့ လက်ရာမြောက်ဇာတ်လမ်းတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 7.3 ထိတောင် rating ကောင်းကောင်းရထားတာဆိုတော့ ဘယ်လိုဇာတ်လမ်းကောင်းဖြစ်မလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါပြီ။ File size… 2.12 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2 h Genre ….. Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

7.3 2011
Café de Flore
96
8.9

96 (2018) ” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ ခင်ခင်ပျိုရေ ….. ငါ စောင့်ခဲ့တယ် ။ ။ #အောင်ချိမ့် အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ …. “ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေ‌အောင် ခံစားကြရမှာပါပဲ။ ၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့ နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာ အရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။ တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။ အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။ အင်္ဂလိပ်မှာ 500 Days of Summer ကိုရီးယားမှာ On your wedding day တရုတ်မှာ My Love ထိုင်းမှာ One Day ဆိုရင် …. ဒီတောင်ပိုင်းကား 96 ကလည်း အဲဒီအနွယ်ဝင်ပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama Quality…. 1080p | 720p File size… 2.13GB | 1GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. August Encoder ….. Aaron

Comedy • Mystery
8.9 2018 159 mins
96
A Little Chaos
6.5

ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.5 2014 117 mins
A Little Chaos
12th Fail
9.2

12th Fail (2023) “ရိုးဂုဏ်” IMDb – 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။ ၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ဒုက္ခရောက်ရချိန်မှာ ရိုးသားတဲ့ဒုရဲအုပ်ကြီးရဲ့ ကျေးဇူးနဲ့ အချုပ်ထဲကလွတ်လာတော့ အရင်က ရိုးသားမှုဆိုတာ ဘာတန်ဖိုးမှမရှိဘူးဆိုတဲ့ စိတ်ကနေ ရိုးသားမှုနဲ့ အာဏာပေါင်းလိုက်ရင်တော့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။ ဒီကနေပဲ ရဲအရာရှိတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ ဒုက္ခအဖုံဖုံကိုရိုက်ကူးပုံဖော်ထားတာမို့ ဘောလိ၀ုဒ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror
9.2 2023 146 mins
12th Fail
Arnold & Sly: Rivals, Friends, Icons
7.3

Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating – 7.3/10 အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ဆိုင်တာဟာဆိုရင် တအားကိုမှ လက်ပေါက်ကပ်တဲ့ အထိပြိုင်တာပါ။ ရုပ်ရှင်ထဲမှာ မင်း လူ ၂၈ ယောက်သတ်ရင် ငါက ၃၂ ယောက်သတ်မယ်ဆိုတာမျိုး၊ မင်းထက်ပိုကြီးတဲ့ သေနတ်ကိုင်ပြမယ်ဆို တာမျိုးတွေအထိ ပြိုင်ကြတာပါ။ အခု စကားဝိုင်းမှာဆိုရင် သူတို့တွေ ဘယ် လိုတွေပြိုင်ခဲ့ကြလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဖြုတ်ဖို့ ဘယ်လိုတွေလုပ် ခဲ့သလဲ၊ အချင်းချင်း ဘယ်လိုတွေ အပြန်အလှန်သင်ယူခဲ့လဲဆိုတာကို ကြည့် ရှုရင်း ကျွန်တော်တို့ငယ်ဘဝက အက်ရှင်သူရဲကောင်းကြီးတွေရဲ့ဘဝကို တစ်စိတ်တစ်ပိုင်း လေ့လာခွင့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.19 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Leonard Lin Encoder……….SWM

7.3 2024 43 mins
Arnold & Sly: Rivals, Friends, Icons
Something in the Water
5.5

Something in The Water ကတော့ နာမည်အတိုင်း ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကို ရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကို စွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စား ကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း *************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်း ငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့ တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကို ဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါ တော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာ တွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်း ကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင် မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည် အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကို သူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကို ပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာက လူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာ ငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့ သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦး မှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 86 mins
Something in the Water
Shall We Dance?

၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်….ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်…မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ… သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်…ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်…သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်…. ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်… ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်….အပြုအမူတွေပြောင်းလာတယ်…ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်….ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ….မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ…. File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2004
Shall We Dance?
The Way He Looks
7.9

The Way He Looks ဟာ ဒါရိုက်တာ Daniel Ribeiro ရဲ့ရုပ်ရှင်ကားတိုဖြစ်တဲ့ I Don’t Want to Go Back Alone ကို မူရင်းသရုပ်ဆောင်တွေနဲ့ပဲ သူကိုယ်တိုင်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ 64th Berlin International Film မှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားနေရာအတွက် FIPRESCI Prize နဲ့best LGBT-themed feature အတွက် Teddy Award တွေအပါအဝင်ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုပေါင်း ၂၇ ဆုအထိရရှိထားတဲ့ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လီယိုနာဒိုဆိုတဲ့ မွေးရာပါမျက်မမြင်ကောင်လေးတစ်ယောက်၊ သူ့မှာ ဂျီယိုဗနာဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းကောင်မလေးရှိတယ်။ အဲ့ဒီကောင်မလေးကပဲ သူ့ရဲ့နေ့စဉ်လူမှုဘ၀တွေမှာအမြဲတမ်းကူညီဖြည့်ဆည်းရင်းဖြတ်သန်းနေကြတာပါ။ တစ်နေ့တော့ သူတို့ကျောင်းကို ဂါဘရီယယ်ဆိုတဲ့ လူချောလေးတစ်ယောက်ပြောင်းလာပါတယ်။ဂါဘရီယယ် ချောမချောဆိုတာ ဂျီယိုဗနာရဲ့အပြောနဲ့ပဲမြင်ရတာဖြစ်ပြီး လီယိုနာဒိုက သူ့ကိုမှန်းကြည့်ရုံသာတတ်နိုင်ပါတယ်။တစ်ဖြည်းဖြည်းနဲ့ ဂါဘရီယယ်ဟာ ဂျီယိုဗနာရဲ့နေရာကို အစားထိုးဝင်ယူလာခဲ့ပြီး လီယိုနာဒိုရဲ့စိတ်တွေပါ သူ့အပေါ်တိမ်းညွတ်လာခဲ့ပါတယ်။ ဒါတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ ဂျီယိုဗနာတစ်ယောက် ဝမ်းနည်းစိတ်ဝန်တိုစိတ်တွေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာတဲ့နောက်မှတော့..။ ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ဝါဒဖြန့်တာတွေ လိုရာဆွဲထားတာတွေတင်မက ဗီလိန်တွေပါမပါပဲ ချစ်စရာကောင်းအောင်ရိုးရှင်းလှပစွာတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။နာမည်ကျော်သရုပ်ဆောင်ကြီးတွေမပါဝင်တာကြောင့် နိုင်ငံတကာမှာပေါက်သင့်သလောက်မပေါက်ခဲ့ပေမယ့် The Way He Looks ဟာ Love Simon, Call me by your name တို့လို LGBT Coming-of-Age ရုပ်ရှင်တွေထဲမှာ နေရာတစ်ခုရှိသင့်အောင်ကောင်းတယ်လို့ညွှန်းပါရစေ။ ( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပါ ) File size_(1.3 GB)/( 680 MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

7.9 2014
The Way He Looks
Pained
6.7

Pained (2011) ************* ဒီကားလေးကတော့ နာကျင်မှုတွေကို မခံစားရတဲ့ ကောင်လေးနဲ့ သွေးမတိတ်တဲ့ရောဂါရှိတဲ့လူနာ ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို ဖော်ပြထားတဲ့ Romance Movie လေးပဲဖြစ်ပါတယ်။ မင်းသား Kwon Sang Woo နဲ့ မင်းသမီး Jung Ryeo Won တို့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Ma Dong Seok လည်းပါဝင်ထားလို့ Action scene တွေကိုလည်း စိတ်ဝင်တစား ကြည့်ရမယ့် Movie ကောင်းလေးပါနော် .. ဇာတ်လမ်းအကျဉ်း ************* နမ်ဆွန်း (Kwon Sang Woo) ကတော့ မိသားစုရဲ့ ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှာ စိတ်ဒဏ်ရာတွေရပြီး နာကျင်မှုကို မခံစားရတော့တဲ့ သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ် .. လက်ရှိမှာတော့ ဘုံးနို (Ma Dong Seok)နဲ့ လက်တွဲအလုပ်လုပ်ရင်း သူ့ကိုယ်သူ အနာခံ အထိုးခံအနေနဲ့လုပ်ပြီး အတိုးကြီးစားငွေချေးသမားတွေအတွက် ပိုက်ဆံလိုက်ကောက်ပေးတဲ့သူတစ်ယောက်ပါ .. ဒုံဟျွန်း(Jung Ryeo Won)ကလည်း ငယ်စဉ်ကတည်းက မိဘနှစ်ပါးကိုဆုံးရှုံးလိုက်ရပြီး မိဘတွေရဲ့ ဆေးရုံစရိတ်တွေကြောင့် အကြွေးနွံနစ်နေတဲ့အပြင် သူ့ရဲ့သွေးမတိတ်တဲ့ရောဂါအတွက်ပါ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရပါတယ် .. တစ်နေ့မှာတော့ နမ်ဆွန်းနဲ့ ဘုံးနိုက ဒုံဟျွန်းဆီကနေ အကြွေးသွားကောက်ဖို့ ဖြစ်လာပါတော့တယ် .. ဘုံးနိုက သူ့မိန်းမရဲ့ပြဿနာတွေ ဖြေရှင်းနေရတဲ့အတွက် ဒုံဟျွန်းနောက်ကို လိုက်ပြီးအကြွေးကောက်ဖို့ရာက နမ်ဆွန်းရဲ့တာဝန်ဖြစ်လာခဲ့ပါတယ် .. ပေးစရာပိုက်ဆံမရှိတဲ့ ဒုံဟျွန်းနဲ့ မရမကအကြွေးလိုက်ကောက်နေတဲ့ နမ်ဆွန်းတို့ တွေ့တိုင်းစကားများရန်ဖြစ်ကြရင်း နှစ်ယောက်သား ဘယ်လိုသဘောကျသွားကြမှာလဲ .. မတူညီတဲ့ရောဂါတွေရှိနေတဲ့ သူတို့နှစ်ယောက်ကရော ဘယ်လိုဖေးမရင်း အတူတူဖြတ်သန်းသွားကြမှာလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် အညွှန်းကို Vanessa မှရေးသားပေးထားပါတယ်။ File size…2.01GB / 734MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Romance, Crime, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.7 2011
Pained
Strawman / Figurant

Figurant ဟာ ဒါရိုက်တာကြီး Robert Gliński ရဲ့ လက်ရာဖြစ်ပြီးတော့ နိုင်ငံရေး၊ဒရာမာဆန်ဆန် နဲ့ ပိုလန်နိုင်ငံရဲ့ကွန်မြူနစ်ကာလအတွင်းမှာ Bronek Budny ဆိုတဲ့ လျှို့ဝှက်အရာရှိတစ်ယောက်က Pope John Paul II ဖြစ်လာမယ့် Karol Wojtyła ကို နှစ် ၂၀ ကျော်ကြာစောင့်ကြည့်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီလိုစောင့်ကြည့်နေရင်းနဲ့ Budny က အလုပ်အနေနဲ့စခဲ့ရတဲ့တာဝန်ကို သူ့ရဲ့ pesonal ကိစ္စတစ်ခုအနေနဲ့ မြင်သွားပြီးတော့လိုက်စုံစမ်းပါတော့တယ်။ Mateusz Więcławek က Budny အနေနဲ့ သရုပ်ဆောင်ထားပြီးတော့၊ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ညွှန်းကိုတော့ Andrzej Gołda ကရေးသားထားပါတယ်၊ Adam Bajerski ရဲ့ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်က အရမ်းကြည့်လိုကောင်းနေပါပြီ ဒီ Strawman ရုပ်ရှင် ကို ပိုလန်နိုင်ငံ မှာ ရုံတင် ပြသရာကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့နိုင်ခဲ့ပါတယ် File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2023
Strawman / Figurant
Uncanny
6.2

Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

6.2 2015 91 mins
Uncanny
Girl Walks Into a Bar
5.6

Girl Walks Into a Bar (2011) **************************** ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ 2011 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်တွေက ၁ ယောက် ၂ ယောက်ပဲပါပေမဲ့ ဒီဇာတ်ကားမှာ တွေ့ရမဲ့ ဇာတ်ကောင်တိုင်းကတော့ သူ့ဘ၀နဲ့သူ သူ့ဇာတ်ကြောင်းနဲ့သူ အဓိကဇာတ်ဆောင်တွေဖြစ်နေကြတာပါပဲ။ ဇာတ်ကြောင်းဆိုပြီးတစ်ခုတည်း ခွဲထွက်နေတာမရှိသလို ဟိုရောက်ဒီရောက်နဲ့ ကြည့်ရမှာဆိုပေမဲ့ တစ်မူထူးခြားနေလို့ ရိုးရိုးတွေကို အီနေပြီဆိုရင် ဒီကောင်လေးက မဆိုးဘူးလို့ပြောရမှာပါပဲ။ ဇာတ်ကားနာမည်ကတော့ Girl Walk Into A Bar ဖြစ်ပြီး IMDb Rating 5.6 အထိ ရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကောင်မလေးတစ်ယောက် ဘားတစ်ခုထဲ ဝင်လာတာကနေ ဇာတ်လမ်းစထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းအရာတွေကို ချိတ်ဆက်ပြသသွားမှာဖြစ်တာမို့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်ဆိုပြီး မရှိတဲ့အတွက် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.36GB / 412MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 20m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

Drama • Romance
5.6 2011 80 mins
Girl Walks Into a Bar