YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dong Dok Mai (2022) (Ep4)_720p.mp4

483.5 MB N/A video/mp4 103 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Prey for the Devil
7.1

ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။ သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Drama • Romance
7.1 2022 93 mins
Prey for the Devil
All Eyes
5.5

Podcast ကနေ သရဲဇာတ်လမ်းတွေ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို အင်တာဗျူးတဲ့ ဘဲတစ်ပွေရှိတယ်။ တစ်နေ့ သူ့အစီအစဉ်မှာ နောက်ယောင်ခံလိုက်ခံနေရတယ်လို့ သူ့ကိုယ်သူထင်နေတဲ့ လူတစ်ယောက်ကို အင်တာဗျူးရင်း အဲဒီလူက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့သူကို မိထားပြီ သတ်ပစ်မယ်ဆိုပြီး ကောက်လုပ်တယ်။ တကယ်လည်း သတ်ပစ်တော့ သူ့ကြောင့်ဖြစ်တာပါဆိုပြီး အလုပ်ပြုတ်သွားတယ်။ ဒီလိုနဲ့ သူ့အစီအစဉ်ကိုပြန်စဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ကိုရှာဖို့ဖြစ်လာတယ်။ အဲဒီအချိန်မှာ သူ့ဆီပို့ထားတဲ့ စာတစ်စောင်ကိုဖတ်ဖြစ်သွားတယ်။ ဒေါ်လာ၂သောင်းခွဲတန် ချက်လက်မှတ်ပေးပြီး အကောင်ကြီးတစ်ကောင်ကို သတ်တာကို လာကြည့်ဖို့ ဖိတ်တဲ့အဘိုးကြီးတစ်ယောက်ရဲ့စာပေါ့။ အဲဒီအကောင်ကြီးဟာ တစ်ကိုယ်လုံးမျက်လုံးတွေနဲ့ ပြည့်နေတဲ့ ထူးဆန်းတဲ့အကောင်ကြီးလို့သိလိုက်ရတယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုဖိတ်ကြားတဲ့သူကို အင်တာဗျူးရင်း အကောင်ကြီးကို သတ်တာကို သွားကြည့်ဖို့လုပ်ခဲ့တယ်။ အဘိုးကြီးပြောတဲ့ အကောင်ကြီးကို သူမြင်လိုက်ရလား။ အဘိုးကြီးကရော ဘာလဲ။ ဒီအကောင်ကြီး ဘယ်လိုဖြစ်လာတာလဲ။ အဘိုးကြီးကရော ဘာလို့သတ်ချင်နေတာလဲဆိုတဲ့ သို့လောသို့လော ပဟေဠိတွေနဲ့ ကြည့်ရမယ့်ကားပေါ့။ တကယ်လည်း ဇာတ်သိမ်းက ထင်သလိုမဖြစ်ဘဲ တော်တော်လည်း မှန်းရခက်တဲ့ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 27Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Horror • Science Fiction
5.5 2022 87 mins
All Eyes
Tenet
7.2

Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။ ၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။ တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။ ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။ Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာ အလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့ စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီအောက်က စာတွေကိုတော့ ရုပ်ရှင်ကြည့်ပြီး မရှင်းမှ လာဖတ်လိုက်ပါ။ Spoiler Alert ပါ။ အရာဝတ္ထုတစ်ခုဟာ အချိန်လားရာအတိုင်း အရှေ့ကို သွားနေပေမယ့် အနုမြူစွမ်းအင် လို ပေါက်ကွဲမှုတစ်ခုကြောင့် အချိန်လားရာ ပြောင်းပြန်ရွှေ့လျားတတ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကုန်တာပါ။ ဒီတော့ ကျွန်တော်က သာမန် ပစ္စည်းတစ်ခုကို ၂၀၂၀ နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ နေရာတစ်ခုမှာ မြေမြှပ်ပြီး ဖွက်ထားတယ်ဆိုပါစို့။ အဲဒီပစ္စည်းဟာ အဲဒီနေရာမှာ အချိန်လားရာအတိုင်း တည်ရှိနေပြီ ၂၀၅၀ မှာ လူတစ်ယောက်က တူးဖော်ယူပါလိမ့်မယ်။ အဲဒီလူက အဲဒီပစ္စည်းကို အချိန်လားရာ ပြောင်းပြန်ပစ္စည်းဖြစ်အောင် ဖန်တီးလိုက်ပြီး အဲဒီနေရာမှာပဲ မြှှပ်လိုက်မယ်ဆိုရင် အဲဒီပစ္စည်းဟာ အတိတ်ကို တရွေ့ရွေ့နဲ့ ရောက်ရှိသွားပြီ။ ၂၀၂၀ နိုဝင်ဘာ ၃၀ မနက် ၉ နာရီ မှာပဲ အနာဂတ် နှစ် ၃၀ လောက်က ပစ္စည်းတွေကို တူးဖော်ယူလိုက်ရုံပါပဲ။ ဒီတော့ အနာဂတ်နဲ့အတိတ် သတင်းစကားပါးဖို့ဆိုတာ တစ်စက္ကန့်အချိန်ပဲလိုတယ်လို့တောင် ပြောလို့ရပါတယ်။ ပစ္စည်းတွေအတွက်အဆင်ပြေပေမယ့် ပြောင်းပြန်လူတွေအတွက်တော့ အဆင်ပြေမနေပါဘူး။ အဆုတ်ထဲကိုလေက ပုံမှန်မဝင်တာတွေ အမြင်အကြားတွေ ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်လမ်းအရ အနာဂတ်မှာ လူတွေဟာ ကမ္ဘာကြီးပျက်စီးခါနီးလာပြီး ရင်းမြစ်တွေရှားပေးလာတဲ့အတွက် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို တီထွက်လိုက်ပါတယ်။ ဒါကတော ့အချိန်ကို လားရာပြောင်းပြန်နဲ့ သွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကို ဒီလို သွားနိုင်ဖို့ လုပ်လိုက်မယ်ဆိုရင် အတိတ်ကာလက အချိန်ရှေ့အတိုင်း သွားနေတဲ့ လူအားလုံး သေဆုံးပျက်စီးရပါလိမ့်မယ်။ ဒါဟာ Grandfather paradox အဘိုးဝိရောဓိ နဲ့ ညှိပါတယ်။ သင်ဟာ အတိတ်ကို ပြန်သွားပြီး ကိုယ့်အဘိုးကိုယ် သတ်လိုက်မယ်ဆိုရင် သင်လည်းမွေးမလာနိုင်တော့ပါဘူး။ မွေးမလာနိုင်တော့တဲ့အတွက် အတိတ်ကို ပြန်ပြီး အဘိုးကို သတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဝိရောဓိပါ။ ဒီရုပ်ရှင်ရဲ့ အနာဂတ်က လူတွေကတော့ ဒီဝိရောဓိမျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပြီး အတိတ်က ဘိုးဘေးအားလုံးကို ပြန်သတ်ဖို့ကြိုးစားသူရှိသလို၊ ဝိရောဓိကို ယုံကြည်လို့ တားဆီးဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တကယ်သာ အဲဒါ အောင်မြင်ပြီးသားဆိုရင် အတိတ်မှာ လူတွေအကုန်သေသွားတဲ့ စကြဝဠာဖြစ်တည်မှုတစ်ခု၊ အတိတ်ကလူတွေ မသေအောင် တားဆီးနိုင်တဲ့ အချိန်လမ်းကြောင်းတစ်ခု စသဖြင့် အမျိုးမျိးကွဲထွက်ပြီး multiverse တွေ တည်ရှိနိုင်မလားလည်း တွေးစရာဖြစ်နေပါတယ်။ ကျန်တဲ့ဇာတ်လမ်းတွေကတော့ ရုပ်ရှင်ထဲမှာပဲ ရှင်းလင်းသွားတာမို့နားလည်နိုင်မှာပါ။ File Size :(10.8GB) ( 3 GB , 1 GB ) Quality : BluRay.4K HEVC, 1080p , 720p  Running Time : 2 hr 30 min Format : Mp4 Genre : Action , Si-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama • Thriller
7.2 2020 150 mins
Tenet
The Story of the Night Watcher
9

ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်‌လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မကောင်းဆိုးဝါးနှင်တဲ့ကား‌လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာ ထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီး အစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့ မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ် ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေ အဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့ တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ် အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့ သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေက မကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီး ကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ် ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှ ာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ် အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီး သူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ် တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှ ာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာ အကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေ ဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာ ကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK

Action & Adventure • Drama • Sci-Fi & Fantasy
9 2023 80 mins
The Story of the Night Watcher
Love Amongst the Stars
5.6

မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူး‌‌ယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆို အဓိက‌ဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

5.6 2022
Love Amongst the Stars
57 Seconds

ကြည့်ရှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားပါ။ ဝါရင့်သရုပ်ဆောင်ကြီး Morgan Freeman လည်းပါဝင်ထားပြီး အနာဂတ်မှာတိုးတက်လာတဲ့ နည်းပညာနဲ့ဆေးပစ္စည်းတွေရဲ့ အကျိုးဆက်က အမြဲတမ်းမကောင်းနိုင်ဘူး ဆိုတာကိုမီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း….. ဖရန့်ကလင်းဖော့စ်ကတော့ ဇီဝနည်းပညာရှင်တစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူသေဆုံးမှုအတွက် တရားမျှတမှုကိုရှာပေးချင်နေတဲ့သူဖြစ်ပါတယ်။ လူတွေကိုလည်း အကောင်းဆုံးကျန်းမာရေးကိုပိုင်ဆိုင်နိုင်ဖို့ အမြဲနည်းလမ်းတွေပေးနေတဲ့သူဆိုလည်းမမှားပါဘူး။ တစ်နေ့မှာတော့ အကောင်းဆုံးကျန်းမာရေးကိုဖော်ဆောင်ပေးနေတဲ့ နည်းပညာရှင်ဂုရုကြီးနဲ့သွားတွေ့ရာက မထင်မှတ်ဘဲ လက်စွပ်တစ်ကွင်းကောက်ရလာခဲ့ပါတယ်။ အဲဒီလက်စွပ်က ရှေ့ ၅၇ စက္ကန့်ကိုပြန်ရစ်လို့ရတဲ့လက်စွပ်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာ… ဖရန့်ကလင်းတစ်ယောက် လက်စွပ်ရဲ့အစွမ်းကိုအသုံးချပြီး သူ့ညီမအတွက်တရားမျှတမှုကိုဘယ်လိုရှာပေးမလဲ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Music • Drama • History
0 2023 99 mins
57 Seconds
Veronica Guerin
6.8

၁၉၉၄ ခုနှစ်လောက်က အိုင်ယာလန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ကိစ္စအကြီးကြီး တစ်ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။ Thor: Ragnarok, The Lord of the Rings: The Fellowship of the Ring, Indiana Jones and the Kingdom of the Crystal Skull, Cinderella 2015 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီး Cate Blanchettက တခြားသော နာမည်ကြီး castတွေဖြစ်တဲ့ Ciarán Hinds, Colin Farrell, Gerard McSorley, Brenda Fricker, Alan Devineတို့နဲ့ အတူဦးဆောင်ပြီး ဇာတ်ရုပ်များစွာ လှပသေသပ်စွာနဲ့ ပွဲထွက်ထားပါတယ်။ ဗယ်ရော်နီကာ ဂေးရင်က Sunday independentက ဂျာနယ်လစ် တစ်ယောက်ဖြစ်ပါတယ်။ Sunday Indenpemdent မှာ ဆောင်းပါးတွေရေးရင်း အိုင်ယာလန်နိုင်ငံက အသက်မပြည့်သေးတဲ့ ကလေးတွေ၊ အငယ်ဆုံး အသက် ၁၄နှစ် ကလေးက မူးယစ်ဆေး သုံးစွဲနေကြောင်း ဆောင်းပါးရေးရာကနေ မထင်မှတ်ဘဲ နောက်ကွယ်က မူးယစ်ဂိုဏ်းတွေအကြောင်းကို စုံစမ်းမိလာတဲ့အခါ …. အမှန်တရားနဲ့ နီးစပ်လိုက်တိုင်း ခြိမ်းခြောက်ခံရတာတွေ …. အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရတာတွေ ….. ဗယ်ရော်နီကာရဲ့ မလျှော့သော ဇွဲလုံ့လတွေ …. အမှန်တရားကို ဖော်ထုတ်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေ …. အိုင်ယာလန်နိုင်ငံရဲ့ ဥပဒေနဲ့ ရဲရဲ့ အသုံးမကျမှုတွေကို ပြောင်ပြောင်တင်းတင်း ဝေဖန်ဖော်ပြထားမှုတွေနဲ့အတူ အဆိုပါ ရုပ်ရှင်မှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဗယ်ရော်နီကာ တစ်ယောက် မူးယစ်ဂိုဏ်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း ကလေးအစ ခွေးအဆုံး ဆေးစွဲအောင်လုပ်နေတဲ့ မာဖီးယားဂိုဏ်းချုပ်ကြီးကို ဖြုတ်ချနိုင်မလား … သူတို့နဲ့ ထိုက်တန်တဲ့ ထောင်ဒဏ်တွေကို အသီးသီး ရရှိသွားမလားဆိုတာကို စိတ်ဝင်တစားကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Family • Drama • Adventure
6.8 2003
Veronica Guerin
Friday After Next
5.8

Friday After Next (2002) IMDb-5.8 ဇာတ်လမ်းအညွှန်း ခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေး ခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီး တိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာ သူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size… 3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Horror • Thriller
5.8 2002 85 mins
Friday After Next
The Naked Kitchen
5.7

The Naked Kitchen (2009) 2009 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Shin Min Ah ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို ပြန်တင်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်ကတည်းက အနားမှာ အတူရှိလာခဲ့ပြီး ချစ်သူလို အစ်ကိုလိုချစ်ရတဲ့ လူနဲ့ နောက်ဆုံးမှာ လက်ထပ်လိုက်တဲ့ Mo Raeရဲ့ အိမ်ထောင်ရေးက သာသာယာယာရှိနေခဲ့တာပါ။ သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုမှတော့ တတိယလူကတော့ ပါကိုပါလာမှာပါပဲ။ ဟင်းချက်ဝါသနာပါတဲ့ ယောက်ျားဖြစ်သူရဲ့ စားသောက်ဆိုင်ဖွင့်မယ့် ကိစ္စကိုအခြေတည်ပြီး တတိယလူဝင်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီကားထဲမှာ Mo Rae အဖြစ်သရုပ်ဆာင်ထားတဲ့ Shin Min Ahရဲ့ ငယ်ရွယ်စဉ်က တက်ကြွလန်းဆန်းတဲ့အငွေ့အသက်ကို ခံစားနိုင်တယ်လို့ ထင်မိပါတယ်။ ယောက်ျားလေး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ခုန်နေတဲ့ Mo Rae ဆိုတဲ့ဇာတ်ကောင်ကို ကြည့်နေရတာက အပြစ်ကင်းသလို ဖြူစင်သလိုလို ခံစားရ ပေမယ့် တစ်ချိန်တည်းမှာပဲ ဒီလောက်လည်း ရိုးရှင်းမနေပြန်ပါဘူး။ ယောက်ျား လေးနှစ် ယောက်ကို တစ်ချိန်တည်း ချစ်နိုင်ပါ့မလား?? သူပဲ ၅၂၈နဲ့၁၅၀၀ကြား ဝေခွဲမရဖြစ်နေတာလား?? တစ်ဖက်က ငယ်ချစ်ဦး ဖြစ်တဲ့အပြင် လက်ထပ်ထားတဲ့ အမျိုးသား နောက်တစ်ဖက်မှာက ရင်ခုန်အောင်လုပ်နိုင်တဲ့ ဆိုးသွမ်းတဲ့မောင်လေး…. ဒီနှစ်ယောက်ကြားထဲ Mo Rae ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ အပြီးထိဆက်ကြည့်ကြပေါ့နော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Milkeux ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1.6GB | 806MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Milkeux Encoder ….. Aaron

History • Drama
5.7 2009
The Naked Kitchen
The Prince, The Witch, and The Mermaid
5.5

The Prince, The Witch, and The Mermaid (2002) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance, Action Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2002
The Prince, The Witch, and The Mermaid
Everyone’s Hero
5.8

၂ဝဝ၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Animation ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရန်းကီအာဗင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် သူဟာ ဘေ့ ဘောရိုက်ဝါသနာပါပေမယ့် ကျွမ်းကျင်မှုမရှိတာကြောင့် သူ့သူငယ်ချင်းတွေက သူ့ကိုဆိုမပါစေချင်ပါဘူး။ အမြဲအဖယ်ကျဉ်ခံရပါတယ်။ ရန်းကီ ရဲ့ဖခင်ဟာ အားကစားရုံမှာလုံခြုံရေးတစ်ယောက်ပါ။ တစ်ရက်သူ့အဖေအလုပ်ဆီ သူသွားရင်း အဲဒီအားကစားရုံမှာထားတဲ့ နိုင်ငံကျော် ဘေ့ ဘောသမား ဘေးရဲ့ဘေ့ဘောရိုက်တံဟာ ပျောက်ဆုံးသွားခဲ့ပြီး သူ့အဖေအလုပ်ပြုတ်သွားခဲ့ပါတယ်။ ရန်းကီဟာ သူလုံခြုံရေးတစ်ယောက်ကို မြင်ခဲ့တာကြောင့် သူ့နောက်လိုက်ကာ ထိုရိုက်တံကို ပြန်လည်ခိုးယူပြီး ပိုင်ရှင်အစစ်အမှန်ဆီပြန်လည်ပို့ဆောင်ပေးခဲ့ပုံတို့ကို ရင်သပ်ရှုမောဖွယ် ခံစားရမှာပဲဖြစ်ပါတယ်… File size… 1.4 GB / 696 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar

5.8 2006 87 mins
Everyone’s Hero
The Fatal Encounter
6.7

The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Drama ကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့‌ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။ နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိ‌နေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။ မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး အကွက်ကျကျ လုပ်ကြံသတ်ဖြတ်ဖို့စီစဥ်ထားတဲ့ကြံစည်မှုမှာ မင်းကြီး‌ရှောင်ထွက်နိုင်ပါ့မလားဆိုတာကို နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေအများကြီး ခေါင်းဆောင်အနေနဲ့ရော အရံအနေနဲ့ပါ ပါဝင်အားဖြည့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တဲ့အပြင် ထုတ်လုပ်ရေးမှာလည်း ဆုတွေရထားတာမလို့ ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File Size : 2.1 GB/ 888 MB Quality : BluRay 1080p / 720p Running Time : 2hr 15min Format : Mp4 Genre : Action,Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Jia Encoded by Thit San Khant

6.7 2014
The Fatal Encounter
Confessions of a Dangerous Mind

ယခုအခါတင်ဆက်ပေးလိုက်တာကတော့…ဖြစ်ရပ်မှုန်အပေါ်အခြေခံထားတဲ့ စိတ်လှုပ်ရှားစရာသူလျှိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်…..ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်…Sam Rockwell, Drew Barrymore, George Clooney, Julia Roberts အစရှိတဲ့နာမည်ကြီးမင်းသားမင်းသမီးများပါဝင်ထားပါတယ်… ဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင်မှာ နာမည်စကြီးခဲ့တဲ့ ရုပ်မြင်သံကြားထုတ်လုပ်သူ Chuck Barris ရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိအပေါ်အခြေခံထားပါတယ်…. အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစား‌နေတဲ့ Chuck Barris က ရုပ်မြင်သံကြားလုပ်ငန်းဟာအလားအလာရှိတယ်လို့သိမြင်လာတဲ့အခါ NBC ကုမ္ပဏီမှာအကူအနေနဲ့စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်…ထို့နောက်သူဟာ ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်ဖို့ကြိုးစားလာခဲ့ပြီး မအောင်မြင်သေးခင်ကာလမှာ ဂျင်မ်ဘတ်ဒ်လို့ခေါ်တဲ့ စီအိုင်အေသူလျှိုတစ်ယောက်က သူ့ကိုဆက်သွယ်လာခဲ့ပါတယ်….ချက်ခ်လည်းသူလျှိုလုပ်ဖို့သဘောတူလိုက်ပြီး ဂျင်မ်ဘတ်ဒ်ရဲ့ညွှန်ကြားမှုအတိုင်း စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပါတယ်….တဖက်မှာလည်း ရုပ်မြင်သံကြားထုတ်လုပ်သူအနေနဲ့ အသွင်ယူနေခဲ့ပါတယ်…ထို့နောက် သူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့သူလျှိုတွေအသတ်ခံလာရတဲ့အခါမှာတော့ ချက်ခ်ဟာလည်းကြောက်လန့်နေခဲ့ပါတယ်…. ဒီရုပ်ရှင်ဇာတ်လမ်းဟာ ချက်ခ်ဘယ်ရစ်ရဲ့မနက်ဆိုရုပ်မြင်သံကြားထုတ်လုပ်သူ…ညဆိုသူလျှိုလုပ်တဲ့ ဘဝနှစ်ခုအကြောင်းကိုတင်ဆက်ပြသထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ File size…(1.5 GB)/(796 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2002
Confessions of a Dangerous Mind
Stealing Harvard
5.1

Stealing Harvard (2002) ကြမ်းကျွံသော်နုတ်ရ စကားကျွံသော်နုတ်မရဆိုတဲ့အတိုင်းပဲ ဂျွန်တစ်ယောက် သူ့ရဲ့တူမလေးကို ရုတ်တရက်ပြောမိတဲ့စကားကြောင့် သူ့ရဲ့သာမန်လက်လုပ်လက်စားဘဝကနေ လတော်တော်ကြာစကားမပြောဖြစ်တဲ့ သူ့ရဲ့အချစ်တော် သူငယ်ချင်းဒက်ဖ်နဲ့ပြန်ပေါင်းထုပ်မိပြီး တစ်လွဲတွေစတင်လာပါတော့တယ်။ Comedy Movieဖြစ်လို့ jokesတွေက မပေါ့တဲ့အပြင် plot twistတွေကလည်းမိုက်တဲ့အတွက်ကြောင့် Underrated ဖြစ်သော်ငြားလည်း ကြည့်ပျော်တယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် တစ်ခါလောက်တော့tryကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.1 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime, Drama Duration….01:25:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

5.1 2002 85 mins
Stealing Harvard
Andrea’s Love El amor de Andrea
6.2

Andrea’s Love (2024) IMDb Rating (6.2) ၂၀၂၃ ရဲ့ အကောင်းဆုံးစပိန်ရုပ်ရှင်ကား ထိပ်တန်း(၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်တဲ့ “El.amor.de.Andrea.” ဆိုတဲ့ ဇာတ်ကားလေးက ၂၀၂၃ ခုနှစ် အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု စတဲ့ဆုပေါင်းများစွာကို သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၅ နှစ်အရွယ် အန်ဒရီယာဆိုတဲ့ ကောင်မလေးက မိသားစုမှာ အကြီးဆုံးသမီးတစ်ယောက်ဖြစ်ပါတယ်။ အဖေနဲ့အမေကွာရှင်းပြီးတဲ့နောက် သူတို့အဖေက သူနဲ့ သူ့မောင်လေးနှစ်ယောက်ကို လုံးဝလာမတွေ့တဲ့အချိန်မှာ ဖခင်မေတ္တာကို ငတ်မွတ်နေတဲ့ အန်ဒရီယာလေးဟာ သူမအဖေ သူတို့ကို ပြန်ချစ်လာစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအားထုတ်ခဲ့ပုံလေးကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီကားလေးထဲမှာ အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ ပဋိပက္ခတွေ၊ အမေတစ်ယောက်တည်းရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ သားသမီးနဲ့မိဘကြားလွဲမှားနေတဲ့ အယူအဆလေးတွေ၊ ဖခင်မေတ္တာငတ်မွတ်နေပေမဲ့ မောင်လေးတွေအပေါ်ကို အကြီးဆုံးသမီးတစ်ယောက်ပီပီ အစ်မကြီးအမိရာ မေတ္တာတရားကြီးမားပုံတွေကို ခံစားမိအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.5 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….01:41:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

6.2 2024 101 mins
Andrea’s Love El amor de Andrea