YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dok Ya Pa Concrete (2023) (Ep6).mp4

263.45 MB N/A video/mp4 139 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
The Origin of Evil
6.6

The Origin of Evil (2022) ~ IMDb - 6.6/10, Rotten Tomatoes - 86% ~ Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။ စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။ စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို သူတို့အိမ်ကြီးဆီခေါ်သွားပြီး မိသားစုတွေနဲ့ တွေ့ဆုံစေပါတယ်။ သူ့ရဲ့ အဖေတူအမေကွဲညီမဖြစ်သူ ဂျော့ရှ်ကတော့ စတေဖနဲစ်ကို မယုံပါဘူး။ ငွေတွေလိုချင်လို့ သမီးယောင်ဆောင်ပြီး ချဉ်းကပ်တယ်လို့ထင်တာပါ။ သူတို့မိသားစုရဲ့ ဆက်ဆံရေးကလည်း အဆင်မပြေကြပါဘူး။ ဖခင်သူဌေးကြီးက သူ့လုပ်ငန်းတွေကို ဂျော့ရှ်က ဦးစီးပြီး ပြောင်းလဲပစ်မှာကို မကြိုက်တဲ့အတွက် စတေဖနဲစ်ကို အရေးပေးလာပါတယ်။ ဒီလိုနဲ့ သူဌေးကြီး‌ရဲ့ အမွေတွေ ရဖို့ ကြံစည်ကြပုံတွေ၊ အားလုံးက စတေဖနဲစ်လို ထင်ကြတဲ့ အမျိုးသမီးရဲ့ တကယ့်ဘ၀အစစ်အမှန်က ဘယ်သူလဲ၊ သူပြောသလို သူဌေးကြီးရဲ့ သမီးရင်း ဟုတ်ပါ့မလား၊ အမွေတွေကို နောက်‌ဆုံးမှာ ဘယ်သူရမလဲ......စတာတွေကို မြှုပ်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 2H 5Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.6 2022 123 mins
The Origin of Evil
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
Let’s Get Married
5.8

Let’s Get Married (2023) IMDb-6.3/10 CM ပရိသတ်ကြီးအတွက် ရုံတင်ပြီး ပထမဆုံး၄ ရက်အတွင်း ရုံတင်ငွေ ၈ ကုဋေထိရခဲ့တဲ့ ရိုမန့်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ် အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Harish Kalyan နဲ့ Ivana တို့နှစ်ယောက်လုံးက ချောချောလေးနဲ့ လိုက်ဖက်ညီကြတာရော ၊ | ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်ထားတာရောကြောင့် ချစ်လိုက်သတ်လိုက် ရယ်လိုက်မောလိုက်နဲ့ ရှုစားရမှာပါ “ချစ်သူတွေအဖြစ်မသတ်မှတ်သေးဘဲ အရင်တွဲကြည့်ကြမယ်” “လက်မထပ်ခင်တစ်ယောက်အကြောင်းတစ်ယောက်သိအောင်| ခရီးတွေအတူထွက်ကြမယ် အတူနေကြည့်ကြမယ်” ဒါတွေက ကြားဖူးနေကျပါ “လက်မထပ်ခင် ယောက္ခမနဲ့အဆင်ပြေမပြေနေကြည့်ကြမယ်” ဆိုတာမျိုးရော ကြားဖူးကြလား ဂေါ်သမ်နဲ့ မီရာတို့က နှစ်နှစ်လောက်တွဲကြည့်ကြမယ်ဆိုရာက နှစ်နှစ်ကြာအပြီးမှာ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတဲ့ချစ်သူတွေ အမေ့ကို တစ်ယောက်တည်းပစ်မထားချင်ခဲ့တဲ့ဂေါ်သမ် နဲ့ နှစ်‌ယောက်တည်းပဲဘဝကိုစချင်တဲ့ မီရာ.. အားလုံးညှိကြနှိုင်းကြပြီးနောက်မှာဆုံးဖြတ်လိုက်တာက ယောက္ခမနဲ့အဆင်ပြေမပြေကြိုသိရအောင် လက်မထပ်ခင် ခရီးအတူထွက်ကြည့်ကြဖို့ပါ သမီးယောက္ခမနှစ်ယောက်အတူထွက်ကြတဲ့ ခရီးမှာ ပူပူလောင်လောင်တွေမပါဘဲ ၅၂၈ မေတ္တာရှင်နဲ့ ၁၅၀၀ အချစ်တို့ကြား သံစဉ်ချိုချိုအရယ်‌အမောလေးတွေနဲ့ ကြည့်ရှူရမှာပါ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ Dee ~ ToMo ~ Dee တို့ပဲဖြစ်ပါတယ်

Comedy • Romance • Drama
5.8 2023
Let’s Get Married
Menunggu Bunda
8.1

Menunggu Bunda (2021) ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို “မသွားပါနဲ့ဦး အမေ” လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။ Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။ Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Family, Drama Quality…. 1080p | 720p File size…670MB | 349MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

8.1 2021
Menunggu Bunda
Dragon Hunter
5.7

တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ…. သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။ သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား…… ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား

5.7 2023
Dragon Hunter
Straightheads Closure
5.5

ဒီဇာတ်ကားရဲ့ နောက်ထပ်နာမည်ကတော့ Closure ပါ။ ဇာတ်ကားကတော့ ၁ နာရီ ၁၅ မိနစ်တည်းမို့ ရှည်ရှည်ဝေးဝေးပြောစရာမရှိပါဘူး။ အဲလစ်ဆိုတဲ့ ၂၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်က သူ့တိုက်ခန်းမှာ ကင်မရာလာတပ်ပေးတဲ့ အဒမ်ဆိုတဲ့ ကောင်လေးနဲ့ကြိုက်ပြီး ပါတီအတူတူသွားပြီးအပြန်မှာ လူတစ်စုက ကောင်လေးကိုရိုက်ပြီး ကောင်မလေးကို မုဒိမ်းဝိုင်းကျင့်သွားကြတယ်။ တစ်ရက်မှာ အဲလစ်က ကားမောင်းအပြန် သူ့ကိုမုဒိမ်းကျင့်သွားတဲ့အထဲက တစ်ယောက်ကိုတွေ့မိပြီး လက်စားပြန်ချေဖို့ နှစ်ယောက်သား အစီအစဉ်ဆွဲပြီး ပြန်သတ်ဖို့လုပ်ကြတဲ့ ဇာတ်ကားပါ။ “ဇာတ်အိမ်ကတော့ ထွေထွေထူးထူးမရှိသလို မြန်မြန်ဖြစ် မြန်မြန်ပြီးသွားတဲ့ ဇာတ်ကားမျိုးပါ။ ” File size… 1.9 GB / 736 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

5.5 2007 88 mins
Straightheads Closure
Across the Universe
7.3

ဒီတခေါက်တင်ဆက်ပေးမှာကတော့ The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့ Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါ ဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်း John Lennon နဲ့ Paul McCartney တို့ ရေးထားတာကို ယူထားတာပါ တကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို The Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါ The Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ် ၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်က ဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့ သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ် The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီး သီချင်းတွေကို ခံစားစီးမျောနိုင်မှာပါ IMDB rating ကလည်း 7.3 တောင် ရထားတာမို့ ကြည့်ရှုကြည့်စေချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ … လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာ သူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကို စိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက် သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့ တရားမဝင်ခိုးလိုက်လာခဲ့ပါတယ် ဟိုရောက်တော့ သူ့အဖေကိုရှာရင်း တက္ကသိုလ်ကျောင်းသားတယောက်နဲ့ သိရာကနေ ဘော်ဒါတွေဖြစ်သွားကြပြီး သူ့ညီမဖြစ်သူ Lucy နဲ့တွေ့ပါတယ် ဒီကောင်မလေးကို သူသဘောကျမိသွားပြီး အမေရိကန်မှာပဲ ဆက်နေဖြစ်ရင်း သူတို့တတွေ ဘယ်လိုကျော်ဖြတ်ကြသလဲ ဆိုတာကို The Beatles ရဲ့ တေးသီချင်းတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျ File size… 6.4 GB / 2.9 GB / 1.5 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Music/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Action • Comedy • Romance
7.3 2007
Across the Universe
Jaws 3-D

Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ ဒီမှာတော့ ငါးမန်းထက် ပထမကားတွေထက် အများကြီးဘတ်ဂျက်သုံးထားတဲ့ ဆက်တင်ခမ်းခမ်းနားနားကြီးကို ပိုအသားပေးထားပုံပါပဲ။ လင်းပိုင်တွေ တခြားအကောင်တွေလည်း ပါလာပါတယ်။ အဏ္ဏဝါအပန်းဖြေစခန်းမှာကိုး။ ဒါပေမဲ့လည်း ငါးမန်းကို တော်တော်လေးပေါ့ပေါ့လျှော့လျှော့ ပြသွားတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ ဇာတ်လမ်းကတော့ သူ့ရိတ်တင်လောက် ပစ်ခါနေရအောင် စုတ်ပြတ်မနေပေမဲ့လည်း ရှေ့ကားတွေနဲ့ယှဉ်ပြီး ရိတ်တင်ကတော့ စုတ်ပြတ်သွားခဲ့တယ်။ ဒါက ဒီကားကို ညှာပြောတာတော့လည်း မဟုတ်ပါဘူး။ Jawsဟာ ဆက်မရိုက်သင့်တော့တဲ့ကားပါ။ နောက်ကားတွေက ကြည့်ရင်လည်းဖြစ် မကြည့်ရင်လည်းဖြစ်ပါတယ်။ ဒီတော့ ကြည့်ချင်သပဆိုပြီး ကြည့်မယ်ဆိုရင်တော့ ၃ဟာ ကြည့်တော့ပျော်ပါတယ်။ File size… 4.6 GB / 2 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

0 1983 99 mins
Jaws 3-D
Diary of a Wimpy Kid: Rodrick Rules
6.6

Diary of a Wimpy Kid: Rodrick Rules (2011) ~ IMDb – 6.6/10, Rotten Tomatoes – 48% ~ ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။ သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။ အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 39Min Genre – Buddy Comedy, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.6 2011 99 mins
Diary of a Wimpy Kid: Rodrick Rules
After the Sunset
6.2

After the Sunset (2004) **************************** အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာ တစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေ စိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့ စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့ မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံက Paradiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။ ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက် စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။ ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။ မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။ တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။ FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။ သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်း​ပေါ်က ​ဒေသခံ ဂိုဏ်း​တစ်ခုကပါ ပါ၀င်လာတဲ့ အချိန်မှာ​တော့…… IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ရှိတဲ့ ဒီကားဟာ Comedy, Actionနဲ့ Crime တို့ ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။ မင်းသားကြီး Pierce Brosnan၊ Woody Harrelsonနဲ့ မင်းသမီး Salma Hayekတို့က အဓိက သရုပ်​ဆောင်ထားကြပြီး မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကား​ကောင်း တစ်ကား ဖြစ်ပါတယ်။ File Size : (1.92GB) and (884 MB) Quality : Blu-Ray 1080p, Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by K Encoded by AHtet

6.2 2004 97 mins
After the Sunset
Undercover
7.2

ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀ ဝန်းကျင် စပိန်နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းပေါ် ဇာတ်အိမ်တည်ပြီးရိုက်ထူးထားတဲ့ သည်းထိတ် ရင်ဖို သူလျှိုကားလေးဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း review ကောင်းတွေရရှိထားပြီ IMDb rating 7.3/10 အထိ ရရှိထားလို့ လက်မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ သူလျှိုဇာတ်ကားလေးဖြစ်ပါကြောင်း။ ဇာတ်လမ်းအကျဉ်း *************** ဘက်စကွက်ဒေသဟာ စပိန်ပြည်မကြီးကနေ ခွဲထွက်ပြီး တိုင်းပြည် ထူထောင်ချင်တဲ့ ဒေသဖြစ်ပြီးတော့ အဆိုပါ လက်နက်ကိုင် တော်လှန်မှုကို အီးတီအေ လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က ဦးဆောင်ပါတယ်။ အီးတီအေ အဖွဲ့ဟာ ရဲအရာရှိတွေနဲ့ စပိန် နိုင်ငံကိုတိုက်ခိုက်မှုကြောင့် စပိန်အရပ်သားကာကွယ်ရေးတပ်ဖွဲ့ နဲ့ စပိန်ရဲတပ်ဖွဲ့ဟာ အီးတီအေ အဖွဲ့ကို တိုက်ဖျက်ဖို့ အပြင်းအထန် ကြိုးစားလာပါဝောာ့တယ်။ အီးတီအေ အဖွဲ့ထဲကို သူလျှိုတွေ အမျိုးမျိုးထည့်ပေမဲ့လည်း ကြာကြာမခံပဲ အကုန်လက်စဖျောက် ခံရတဲ့အခါ စပိန်ရဲတပ်ဖွဲ့အနေနဲ့လည်း အကြပ်ရိုက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ထပ်မစ်ရှင်တစ်ခုအဖြစ် စပိန်ရဲတပ်ဖွဲ့က မိုနီကာမာရင် ဆိုတဲ့ ရဲအရာရှိမလေးကို အီးတီအေအဖွဲ့ကို ချဉ်းကပ်ဖို့ ဘက်စကွက်ဒေသကို စေလွှတ်ခဲ့ပါတယ်။ အာရန်ချာ တဖြစ်လည်း သူလျှိုမလေးဟာ ဘက်စကွက်ဒေသမှာ လျှို့ဝှက်တာဝန်ထမ်းဆောင်ရင်း ဘယ်လိုခက်ခဲမှုတွေ ကြုံတွေ့ရမလဲဆိုတာကို ရင်ထိတ်စရာ ရှုစားကြရမှာပါ။ File size… (1.66 GB) / (923 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Science Fiction • Drama • Adventure • Horror
7.2 2024 119 mins
Undercover
Sampung Utos Kay Josh
8.6

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ခရစ်ယာန်တွေ အတွက် အဓိကရည်ရွယ်တင်ဆက်ပေးထားပေမဲ့ လူမျိုး မရွေး ဘာသာမရွေး ရှုစားလို့ရတဲ့ အင်ဒိုနီးရှားဟာသ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Sampung Utos Kay Josh ဖြစ်ပြီး လက်ရှိ IMDb Rating 8.6 အထိရရှိထားတဲ့အတွက် မကောင်းမှာကတော့စိတ်ပူနေစရာကိုမလိုပါဘူး ။ အဓိကပေးချင်တဲ့မက်ဆေ့ချ်ကတော့ ကိုယ့်ဘ၀မှာ တစ်သက်လုံး စည်းမျဉ်းတွေကို မချိုးဖောက်ဘဲ စည်းကမ်း ရှိတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့လူအဖြစ်နေလာခဲ့ပေမဲ့လည်း တစ်ခါတစ်လေမှာ ကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်တွေကို ကြုံတွေ့ လာပေါင်းများလာရတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်ကပါ မကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်လာတဲ့အရာမျိုးတွေကို ကြုံတွေ့ဖူးကြမှာပါ။ဒါပေမယ့် အဲ့လိုကိုယ့်ဆီမှာဆိုးဝါးတဲ့ အရာတွေဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ကောင်းမွန်တဲ့အကျင့် စရိုက်ကို တန်ဖိုးထား မစွန့်ပစ်ဘဲနဲ့ ဆက်လက်ကျင့်သုံးသင့်တဲ့ အကြောင်းကို ပညာယူနိုင်ဖို့ ဟာသလေးတွေနဲ့ သူတော်ကောင်းလေး တစ်ယောက်ရဲ့ဘ၀ကိုတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် နာမည်ကတော့ ဂျော့ရှ်ဆိုတဲ့သူဖြစ်ပြီး သူက ငယ်စဉ်ကတည်းက ယခုအသက်အရွယ်အထိ ဘုရားတရားကို ရိုသေကိုင်းရှိုင်းခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက် ခရစ်ယာန်တွေရဲ့ပညတ်တော် ၁၀ ပါးလည်းမချိုးဖောက်တဲ့ အပြင် အိမ်တစ်အိမ်လုံးမှာပါ ဘုရားနဲ့ပတ်သတ်တဲ့ ရုပ်တုတွေ ပုံစံတူတွေမှအပြည့်ပါပဲ။အလုပ်အကိုင်ကတော့ ဘဏ်ဝန်ထမ်း ဖြစ်ပြီး ရိုးသားကြိုးစားတဲ့အတွက် ဘဏ်သူဌေးရဲ့သမီးရဲ့ သမီး ရည်းစားဖြစ်ပြီး သူဌေးသားမက်လောင်းလေးပါဖြစ်နေပါတော့ တယ်။ဒီလိုမျိုး စည်းမျဉ်းတွေအားလုံးကိုလိုက်နာခဲ့ပြီးဘုရား တရားကိုင်းရှိုင်းခဲ့တဲ့ သူ့ဘ၀လေးက ပြည့်စုံနေပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်တွေရောက်ချလာပြီး တစ်ခုပြီးတစ်ခုစတင်ပြိုလဲ လာခဲ့ပါတော့တယ်။အဲ့လိုဖြစ်လာတာတွေများလာတဲ့အခါမှာတော့ သူတစ်သက်လုံးကိုးကွယ်လာခဲ့တဲ့ဘုရားကိုစွန့်ပစ်ပြီး ပညတ်တော် ၁၀ ပါးကိုလည်း တစ်ပါးချင်းစီအရွဲ့တိုက် စိမ်ပြေနပြေချိုးဖောက် ရာကနေ နောက်ပိုင်းမှာတော့ သူ့ဘ၀က ပျက်စီးသွားမလား အရင်လျှောက်ခဲ့တဲ့လမ်းအတိုင်းပဲ ဆက်လျှောက်မလားဆိုတာ တွေကို စိတ်ဝင်စားစရာရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.35 GB) / (738 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
8.6 2025 104 mins
Sampung Utos Kay Josh
The Neighbors
7.3

The Neighbors (2012) ********************** IMDb… 7.3 ဒီတစ်ခါမှာတော့ ရုံတင်တုန်းက လက်မှတ်ပေါင်း 2.43သန်းရောင်းချခဲ့ရတဲ့အပြင် ဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ Castတွေအဖြစ်လည်း ပရိသတ်အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Ma Dong Seok, မင်းသားကြီး Kim Sung Kyun နဲ့အတူ မင်းသမီး Kim Sae Ron က ဇာတ်ကောင် 2ခုအဖြစ် အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂန်ဆန်းအိမ်ရာမှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေး ဝန်ယောဆွန်းကို ပျောက်ဆုံးပြီးနောက် ၁၀ရက်အကြာမှာ ခရီးဆောင်အိတ်ထဲကနေ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တိုက်ခန်းမှာနေထိုင်သူအားလုံးဟာ အဲဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နေနေရတော့တာပေါ့။ ဒါပေမဲ့ လူသတ်သမားဖြစ်သူ ရူ‌ဆွန်းဟျော့ကတော့ သူ့ကိုသံသယဝင်ပြီး သူ့အိမ်ထဲကိုဝင်လာတဲ့ အိမ်နီးနားချင်းတိုင်းကို သတ်ပစ်ပြီး သူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ သူသတ်ခဲ့တဲ့ ကျောင်းသူလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ ကျောင်းသူ ယူဆူယွန်းပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဒီလိုစိတ္တဇဆန်ပြီး သွေးအေးတဲ့လူသတ်သမားကို ဖမ်းဆီးသွားနိုင်မှာလား… လူသတ်သမားကပဲ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို သတ်နိုင်သွားမှာလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့်အပြင် မြှုပ်ကွက်လေးတွေပါဝင်တဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းမလို့ ညွှန်းပေးလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.40GB/ 650MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:50:21 Genre : Action, Thriller, Political Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Fantasy • Horror • Adventure
7.3 2012 110 mins
The Neighbors