YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dhevaprom_KwanRueTai S01E14 Final 720p CM.mp4

285.28 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Passengers
6.9

Passengers (2016) ‌Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။ ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား....သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ..... Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။ Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား...အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်......... Imdb Rating- 7/10 #ThuYein (ရုပ်ရှင်အညွှန်းကို Movie Gods FB Page မှကူးယူဖော်ပြပါသည်။) File size…(4.4 GB)/(1.5 GB)/ (900 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Ye Man Aung & Arr Khun Winchester

Drama • Mystery • Thriller
6.9 2016 116 mins
Passengers
World War Z
6.8

World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်... ၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ပြီး ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ...။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲကအစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက်တွေ ဆက်ထွက်လာဖို့ရှိပါတယ်။ File size…(5.4 GB)/(1.7 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

6.8 2013 116 mins
World War Z
Land of Gold
7

ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အားပေးကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ဗျ။ File size…(1.8 GB)/(870 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Action • Adventure • Science Fiction
7 2023 110 mins
Land of Gold
Dhokha: Round D Corner
5.4

IMDb 8.2/10 (5K) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။ တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။ အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလား ဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan

Adventure • Comedy
5.4 2022 108 mins
Dhokha: Round D Corner
Everything Everywhere All at Once
7.8

Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။ အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။ ဒါပေမဲ့ ပင်မင်းဆိုင်ပိုင်ရှင် ရိုးရိုးအေးအေးကြီး အက်ဗလင်းကမှ ဘာလို့ Matrix ထဲကလို The One ဖြစ်လာပြီး အပြိုင်စကြဝဠာတွေကို ကယ်တင်မလဲဆိုတာ... ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Doctor Strange Multiverse of Madness ထဲ ပိုကြိုက်ပါတယ်။ IMDb 8.7 ရထားပါပြီ။ မယုံရင်ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။ File size…(5.4 GB)/(2.7GB)/(1.29GB)/(668MB) Quality…. WEB-DL 4K HEVC/1080p/720p / 480p Format…mp4 Duration….02:19:00 Genre...Action /Aventure/ comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
7.8 2022 140 mins
Everything Everywhere All at Once
Infiltration
5.2

စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltration လို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့ အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့ တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေ တောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာ မရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့ အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေ ဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့က အခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်က ပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။ စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့ အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ အဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကို ကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက် လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်… File size…1.95GB / 1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Fantasy • Thriller
5.2 2022 110 mins
Infiltration
Ae Watan Mere Watan
7.5

Ae Watan Mere Watan (2024)( Do or Die) IMDb 7.3/10 ဒီကားက 1942 ခုနှစ် ဒုတိ‌ယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှနယ်ချဲ့တွေ အိန္ဒိယကိုသိမ်းပိုက်လိုက်တဲ့အချိန် မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အိန္ဒိယလွတ်လပ်ရေးအတွက် မဆုတ်မနစ် အနစ်နာခံကြိုးစားပုံတွေကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ “ကြီးမားတဲ့အောင်မြင်မှုက သေးသေးလေးကနေပဲ စတင်တယ်” တစ်ခုကိုလိုချင်ရင် တစ်ခုပေးဆပ်တတ်ရတာမို့ လွတ်လပ်ရေးလိုချင်လို့ အသက်ပေးခဲ့ရသူတွေဒုနဲ့ဒေးဖြစ်နေတဲ့ အင်္ဂလိပ်တွေအုပ်စိုးနေတဲ့ ဗြိတိသျှအင်ပါယာတစ်ခေတ်မှာပေါ့။ အူရှာက အိန္ဒိယဘက်တော်သားဖြစ်ပြီး တစ်အိမ်တည်းနေတဲ့ သူ့အဖေကတော့ အင်္ဂလိပ်ဘက်တော်သားပါ။ တရားသူကြီးလည်းဖြစ် အင်္ဂလိပ်တွေက ကားအကောင်းစားကြီးလည်း ချီးမြှင့်ထားတော့ တစ်ဖက်စွန်းရောက်ဖြစ်ပြီး အိန္ဒိယသားတွေရဲ့ လှုပ်ရှားသူတွေဆို ရွံမုန်းနေသူတစ်ယောက်ပေါ့။ သတင်းမှန်ပြန်ကြားဖို့နဲ့ ပြည်သူတွေ စိတ်အားထက်သန်လာပြီး တိုင်းပြည်ကို ဖိနှိပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ အူရှာတို့အဖွဲ့ ကွန်ကရက်ရေဒီယိုဆိုတဲ့ ရေဒီယိုအသံလှိုင်းတစ်ခု ထုတ်လွှင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားက ဉာဏ်အရမ်းပြေးတဲ့ အူရှာလေးတစ်ယောက် အိန္ဒိယလွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံကြိုးပမ်းပုံတွေ အိန္ဒိယနိုင်ငံသားတွေရဲ့ အနစ်နာခံပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ ပဲဖြစ်ပါတယ်)

7.5 2024
Ae Watan Mere Watan
Galaxy Writer
5.9

ရုပ်ရှင်တွေကို အမြဲတမ်း ကြည့်နေရပေမဲ့ ရုပ်ရှင်တစ်ကားက ဘယ်လိုဖြစ်လာသလဲဆိုတာကိုတော့ သိပ်မစဉ်းစားမိကြပါဘူး။ CM ရဲ့ ပရိသတ်တွေအတွက် ဇာတ်ညွှန်းရေးဆရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Galaxy Writer ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားမထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်၊ တစ်ယောက်က မာနကြီးတယ် တစ်ယောက်က သတ္တိရှိတယ်။ သူတို့နှစ်ယောက် ပေါင်းပြီးရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုနဲ့ ကုမ္ပဏီကြီးတွေကို စိန်ခေါ်လိုက်တဲ့အခါ ပိုက်ဆံနဲ့ အိပ်မက်ကို ဘယ်လို ချိန်ဆကြမလဲဆိုတာကို အောက်ခြေက ဇာတ်ညွှန်းရေးဆရာတွေရဲ့ ဘဝကို ဟာသလေးတွေနဲ့အတူ စိတ်အပန်းဖြေ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Crime • Drama
5.9 2024
Galaxy Writer
Justice League: War
7.2

Justice League War (2014) IMDB: 7.2 Rotten Tomatoes: 57% Genre: Action/Sci-fi Justice League War ဟာ ၂၀၁၄ ခုနှစ်ထွက် DC Animation ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ Justice League အဖွဲ့စတင်ဖြစ်ပေါ်လာပုံကိုရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး ဆိုက်ဘော့တောင်မှာ ဆိုက်တော့မဖြစ်သေးတဲ့ကာလဖြစ်ပါတယ်။ ဇာတ်ညွှန်း မြို့ကြီးတွေတိုင်းမှာ အမည်မသိအကောင်ကြီးတွေက ဗုံးတွေလာထောင်နေပါတယ်။ ဘာကြောင့်လည်းမသိသလို ဘယ်ကလာတယ်ဆိုတာလည်းမသိခဲ့ရပါဘူး။ ဒီလိုလာရောက်ပြီးကျူးကျော်မှုကို ကာကွယ်ဖို့ ဂရင်းလန်သန် တစ်ယောက်အလုပ်တွေရှုပ်နေပါတယ်။ ဒီလိုမျိုးကာကွယ်နေတုန်းမှာ ဘတ်မန်းရောက်ရှိလာကာ ဘုနဲ့ဘောက်ဖြစ်ကြရင်း စူပါမန်းဆီကိုရောက်သွားပါတယ်။ တစ်ဖက်မှာလည်း ဖလက်ရှ်က အဆိုပါဗုံးကို ဒေါက်တာစတုန်း(ဆိုက်ဘော့အဖေ) ဆီကိုအဖြေရှာဖို့အပ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့ကတော့ ဒိုင်ယာနာကို သံတမန်အနေနဲ့ဆင့်ခေါ်ထားပါတယ်။ တစ်ခုမှတ်ထားရမှာက ဒီဇာတ်လမ်းဇာတ်အိမ်တည်ထားတဲ့အချိန်မှာလူတွေက စူပါဟီးရိုးတွေကိုကြောက်ရွံကြပြီး မထောက်ခံတဲ့အချိန်ဖြစ်ပါတယ်။ အမည်မသိအကောင်းကြီးတွေ(ပါရာဒီးမွန်း)တွေရဲံနောက်ကွယ်မှာတော့ ဒါ့ခ်ဆိုက်ဒ် ရှိနေပါတယ်။ ဒါ့ခ်ဆိုက်ဒ်ကို ဘတ်မန်း၊ စူပါမန်း၊ ဖလက်ရှ်၊ ဆိုက်ဘော့၊ ရှဇမ်း၊ ဝန်ဒါဝူးမန်း၊ ဂရင်းလန်သန် တို့ ၇ ယောက်ပေါင်းပြီးဘယ်လိုများ ကာကွယ်ကြမှာလဲ။ File size… 1.4 GB / 686 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Comedy
7.2 2014
Justice League: War
Bharat Ane Nenu
7.5

Bharat Ane Nenu (2018) IMDb Rating (7.5) / Rotten Tomatoes (88%) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ် သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . . လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . . ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ် အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . . တစ်နည်းပြောရရင် သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . . ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . . မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပါကြောင်း. . . မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . . ရုပ်ရှင်ကြာမြင့်ချိန် ၃ နာရီနီးပါးရှိတာမလို့ အေးအေးဆေးဆေး မိသားစုနဲ့ အပန်းဖြေကြည့်ရှုဖို့သင့်တော်ပါတယ်။ (ရုပ်ရှင်အညွှန်းကို MLMC မှ ရေးသားထားပါတယ်။)

7.5 2018 173 mins
Bharat Ane Nenu
Pitch Perfect 2
6.4

Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်များကို ပိတ်ပင်ခဲ့သောကြောင့် နာမည်ကောင်း ပြန်လည် ရရှိဖို့ရန်အတွက် ကမ္ဘာ့ Cappella ပြိုင်ပွဲတွင် အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရပါတော့တယ်။ Jesse J ၏ Flashlight သီချင်းကို အဓိကဇာတ်ဝင်တေး အဖြစ်ခံစားရမှာဖြစ်ပြီး အခြားနာမည်ကြီးသီချင်းများစွာ ကိုလည်း ပုံစံအသစ်ဖြင့် နားဆင်ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော လူငယ်ကျောင်းသားဘဝ၊ Teamworking၊ သူငယ်ချင်းချစ်ခြင်းမေတ္တာတို့ကို ဟာသနှောကာ ရူစားရမှာပဲဖြစ်ပါတယ်။

6.4 2015 115 mins
Pitch Perfect 2
Suzume Suzume no Tojimari
7.8

Suzume (2022) IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့…… File size…(3.9 GB) / (1.7 GB) / (900 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Animation Duration….02:01:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Dr Nyan

7.8 2022 121 mins
Suzume Suzume no Tojimari
Bridge to Terabithia
7.2

Bridge to Terabithia (2007) IMDb Rating (7.2)/ Rotten Tomatoes (85%) နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်… ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့… ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်…. ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး “တီရာဘီသီးယား” (Terabithia) ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်… သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ စွမ်းအင်တွေ သတ္တဝါကြီးတွေ ထူးဆန်းတဲ့အရာတွေကို ဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။ ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာ အလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့………။ Terabithia ဆိုတာ ကလေးတွေရဲ့စိတ်ကူးထဲကနေရာလို့ ပြသထားပေမယ့် တကယ်တော့ လက်တွေ့ဘဝရဲ့စိန်ခေါ်မှုတွေ(ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း၊ မိသားစုပြဿနာများ) စတဲ့အရာတွေကို ညွှန်းဆိုထားတာ တွေ့ရမှာပါ။ ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်ခြင်းရဲ့ အရေးပါမှု၊ မိတ်ဆွေစစ်စစ်တန်ဖိုး၊ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေကိုရင်ဖွင့်ရဲမှုနဲ့ ဆုံးရှုံးခြင်းတွေကိုရင်ဆိုင်နိုင်မှု စသည်ဖြင့် အဖက်ဖက်ကနေ သင်ကြားပြသသွားခဲ့တဲ့ ကလေးရော လူကြီးပါမကျန် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Animation • Family • Fantasy
7.2 2007 96 mins
Bridge to Terabithia