YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dead.Snow.2009.NORWEGIAN.720p.BluRay (CM).mp4

756.88 MB N/A video/mp4 3187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bridget Jones's Baby
6.4

~ IMDb - 6.5/10, RT - 78%, Meta - 59% ~ ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။ 2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။ အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ဒိတ်လွန်နေတော့ ဘရစ်ဂျစ်မှာ ကိုယ်၀န်ရှိလာပါတော့တယ်။ ကိုယ်၀န်က ဘယ်သူ့ဟာလဲဆိုတာ မသိတဲ့အခြေအနေမှာ တစ်ညအတူအိပ်ခဲ့တဲ့သူကလည်း မီလီယံနာသူဌေးတစ်ယောက်ဖြစ်နေပါတယ်။ ကိုယ်၀န်ကိစ္စကို နှစ်ယောက်လုံးသိသွားတဲ့အခါမှာ နှစ်ယောက်လုံးက ဘရစ်ဂျစ်နဲ့ကလေးကို အပြိုင်အဆိုင်ဂရုစိုက်ပါတော့တယ်။ ဒါပေမဲ့လည်း မာ့ခ်ကတော့ အလုပ်များတာနဲ့ ဘရစ်ဂျစ်လိုတဲ့အချိန်မှာ မလာနိုင်တာမျိုးဖြစ်ပြီး ကတောက်ကဆဖြစ်တာမျိုးရှိပါတယ်။ နောက်ဆုံး DNA စစ်ပြီးတဲ့အခါမှာ ကလေးရဲ့ဖခင်အစစ်က ဘယ်သူဖြစ်မလဲ၊ ဘရစ်ဂျစ်ကရော ဘယ်သူ့ကိုရွေးချယ်မှာလဲ၊ ဘရစ်ဂျစ် အမှန်တကယ်ချစ်တဲ့သူက ကလေးဖခင်ဖြစ်ပြီး ပျော်ရွှင်စွာအဆုံးသတ်မှာလားဆိုတာ ဟာသလေးတွေပါရောပြီး စိတ်၀င်စားဖွယ်ကြည့်ရမှာပါ။ နာမည်ကျော်အဆိုတော် Ed Sheeran ကလည်း Guest အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 840MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Thriller
6.4 2016 123 mins
Bridget Jones's Baby
Beast
6.8

Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 6GB, 2.1GB, 854MB, 429MB Quality            : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 33mins Genre              : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov

Action • Fantasy • Horror • Mystery
6.8 2022 93 mins
Beast
83
7

အခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ် အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ် တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် အားလုံးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... (ဇာတ်လမ်းအညွှန်းကိုတော့ Thar Htet က ရေးပေးထားပါတယ်) File Size          :  3.1GB, 1.7GB, 859MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 42mins Genre              : Biography, Drama, History Translated by  Thar Htet & Kit Encoded by Kinnov

Drama • Sci-Fi & Fantasy
7 2021 163 mins
83
Arctic
6.5

IMDb...7.2,,,,Rotten...89% ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲကငါးတွေဖမ်းလိုက် အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် .... သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ.. .. တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေ ခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်..... သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် .. ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် ..... ယာဉ်မောင်းသေဆုံးသွားပြီး  အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်... သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး...မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား... ဒီနေရာမှာပဲအသေခံမလား...ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား... သူတို့အသက်ရောရှင်နိုင်ကြပါ့မလား.... ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး....IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ ကြည့်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ.......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးသူက Cynthiaပါ... File Size : (832 MB) and (304 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Crime
6.5 2018 98 mins
Arctic
Tinker Bell and the Legend of the NeverBeast
7.1

Tinker Bell and the Legend of the NeverBeast (2014) ===================================== IMDb Rating – 7.1/10 အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲ့တစ်ခု ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။ အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ ကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လို့သတ်မှတ် ထားတဲ့အကောင် ကြီးတွေမှာလည်း သူတို့လိုနှလုံးသားရှိလေတော့ သိမ် မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်။ အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက် ပါတယ်ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်။ အဲ့ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာ လည်းဖြစ်လာတယ်။ ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန် တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တယ်။ အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ် မိကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့ တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာ အကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင် စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုး စွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင် တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Phyo Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.49 GB) / (674 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Family • Music • Comedy • Adventure • Animation
7.1 2014
Tinker Bell and the Legend of the NeverBeast
The Beautiful Game

IMDB 6.3/10, Rt 88% ရရှိထားတဲ့ Sport/Drama ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကြီး Bill Nighy (Pirates of the Caribbean film ထဲက ရေဘဝဲလူသားကြီး Davy Jones) နဲ့ Micheal Ward (Top Boy ထဲက Jamie) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ နည်းပြ မယ်လ်က အကျော်ဇေယျ ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအသင်းကို ရောမမှာပြုလုပ်တဲ့ နှစ်စဉ် အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆု ရရှိအောင် အစွမ်းကုန် ကြိုးစားနေသူပါ။ အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆိုတာကတော့ နိုင်ငံအနှံ့က အိမ်ခြေမဲ့တွေကပဲ ဝင်ပြိုင်နိုင်တဲ့ ပုံမှန် ဘောလုံးပွဲနဲ့ မတူတဲ့ ၄ယောက်တစ်သင်း ဘောလုံးပြိုင်ပွဲပါ။ နှစ်စဉ်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း တစ်ခါမှ အနိုင်မရဖူးဘဲ ရှုံးပဲရှုံးနေလို့ အပူတပြင်း နိုင်လိုစိတ်ပြင်းပြနေတဲ့ နည်းပြမယ်လ်က နဂိုလေ့ကျင့်နေတဲ့ကစားသမားတွေအပြင် နောက်ထပ် ကစားသမားအသစ်တစ်ယောက်ကိုပါ ဝင်ပြိုင်စေခဲ့ပါတယ်။ သူကတော့ ဗင်နီဖြစ်ပြီး သူမတူ ထူးချွန်တဲ့ အရည်အချင်းတွေရှိသူပါ။ ရုတ်တရက်ကြီး ပြိုင်ပွဲနီးမှ အဖွဲ့ဝင်အသစ်ရောက်လာတာမို့ အသင်းသားတွေနဲ့ အံဝင်ဂွင်ကျမဖြစ်ဘဲ အချင်းတွေများ ကတောက်ကဆတွေဖြစ်ကာ အခက်ကြုံရမယ့်အခြေအနေတွေကို ရင်ဆိုင်လာခဲ့ရချိန်မှာတော့.. မယ်လ်က ဘာဖြစ်လို့များ ဗင်နီ့ကို ရုတ်တရက်ကြီး ခေါ်သွင်းခဲ့တာလဲ.. ဗင်နီကရော သူမတူတဲ့ အရည်အချင်းတွေရှိပါလျက် ဘာလို့ အတည်တကျ ဘောလုံးအသင်း မရှိရတာလဲ.. အသင်းသားတွေနဲ့ အဆင်ပြေပြေနေနိုင်ပြီး အိမ်ခြေမဲ့ကမ္ဘာ့ဖလားကိုရော အရယူနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama
0 2024
The Beautiful Game
A Tribe Called Judah
6.3

Jedidah Judah က Single Mother တစ်ယောက်ဖြစ်ပြီး သူ့မှာ အယ်မီကာ၊ အာဒါမူ၊ ပဲယေး၊ ရှီနနဲ့ အယ်ဂျီရိုဆိုတဲ့သားငါးယောက် ရှိပါတယ်။ ထိုသားငါးယောက်ရဲ့ ဖခင်တွေကလည်း တစ်ယောက်စီဖြစ်ပြီးတော့ သူမကပဲ သားငါးယောက်လုံးကို ရုန်းကန်ကျွေးမွေး စောင့်ရှောက်နေရတာပါ။ သားအကြီးဆုံးတွေဖြစ်ကြတဲ့ အယ်မီကာနဲ့ အာဒါမူတို့ကတော့ ကုန်တိုက်တစ်ခုတည်းမှာ ပရိဘောဂ အရောင်းကိုယ်စားလှယ်နဲ့ လုံခြုံရေးအရာရှိတို့အဖြစ် အသီးသီး အလုပ်လုပ်ကိုင်ကြပါတယ်။ တစ်နေ့သူမမူးလဲကျလို့ဆေးရုံတင် လိုက်ရင်း သူမရဲ့ ကျောက်ကပ်ကပျက်စီးနေတာကို သိခဲ့ရပြီး သားတွေက သူတို့မိခင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် အကြီးဆုံးသားနှစ်ယောက်အလုပ်လုပ်တဲ့ ကုန်တိုက်ကိုဓားပြတိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့ဓားပြတိုက်နေတဲ့အချိန် လက်နက်တွေနဲ့ရောက်ရှိလာတဲ့ အခြားဓားပြတစ်ဖွဲ့နဲ့ တွေ့လိုက်ရတဲ့အခါ သူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Crime ဖြစ်ပြီး Jedidah က သူမရဲ့သားများကို ဘယ်လောက်ထိအလိုလိုက် ချစ်ခင်သလဲ Single Parent တစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဘယ်လောက်ထိရုန်းကန်ရလဲ သားတွေကရော သူတို့အမေကို ဘယ်လောက်ထိချစ်သလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

6.3 2023
A Tribe Called Judah
Branching Out
7.4

Branching Out (2024) ================= Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်) File Size……….(1.62 GB) / (897 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….KK Encoder……….SWM

7.4 2024 84 mins
Branching Out
Runt
7

ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ IMDB Rating 7 ထိ ရထားတဲ့ Family/Adventure အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာ အာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်း လက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်… ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearers မိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်… ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့ မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့ တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာ မျှော်ကိုးရပါတော့တယ်… ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ တိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်း လာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင် ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့ လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက် ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်… တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့် လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့် ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်… Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာ အစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့ မိသားစုအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ… Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလား Shearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ…… Upson Downs မြို့ကလေးက လယ်မြေတွေရော သူဌေးကြီး Earl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့ Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ……. File size… (1.62GB) / (892MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Animal Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Romance • Comedy
7 2024 91 mins
Runt
The Hitman’s Bodyguard
6.9

The Hitman’s Bodyguard (2017) IMDb Rating (6.9) 2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ…… သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား သရုပ်ဖော်ထားတာမို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းချင်ပါတယ်။ ဒီကားရဲ့ အဆက် Hitman’s Wife’s Bodyguard (2021) ကိုလဲ CM မှာ ကြည့်လို့ရပါတယ်။

Adventure • Comedy • Horror
6.9 2017 118 mins
The Hitman’s Bodyguard
Happy Monday(s)
6.2

“အေ့ဒ်” ဆိုတဲ့​တက္ကသိုလ်​ကျောင်းသား​လေးတစ်​ယောက်ဟာရည်မှန်းချက်မယ်မယ်ရရမရှိတဲ့အပြင်စာ​မေးပွဲခဏခဏကျလွန်းလို့ တက္ကသိုလ် ၈ နှစ်တက်တာ​တောင်အခုထိ​ကျောင်းမပြီး​သေးပါဘူး ။ဒါ့အပြင် အတန်းထဲမှာနာမည်ကြီးပြီးစာလည်းအရမ်း​တော်တဲ့ “ဆိုင်မိုင်” ဆိုတဲ့​ကောင်မ​လေးကိုတိတ်တခိုးသ​ဘောကျရင်း “ဆိုင်မိုင်” လိုအပ်သမျှကို​ဘေးကအရိပ်တကြည့်ကြည့်​ဖြည့်ဆည်း​ပေး​နေခဲ့တာပါ။ “ဆိုင်မိုင်” ​ကျောင်းပြီးရင်နိုင်ငံခြားမှာ​ကျောင်းဆက်တက်ဖိုပလန်ရှိတာ​ကြောင့် ပညာသင်ဆုရဖို့အပြင်းအထန်ကြိုးစား​ခဲ့​ပေမဲ့ ကံမ​ကောင်းချင်​တော့ အမှတ်ကထင်ထားသ​လောက်ထွက်မလာခဲ့ပါဘူး ။ စာ​မေးပွဲရလာဒ်မထွက်ခင် ” ​အေ့ဒ် ” ဟာ “ဆိုင်မိုင်” အမှတ်​တွေ​ကောင်းဖိုနဲ့သူ့ကိုပြန်ချစ်လာနိုင်ဖို့ဆု​တောင်းယတြာတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယတြာ​အောင်မြင်ဖို့အရက်​သေစာနဲ့မူးယစ်​ဆေးဝါးကို​ရှောင်ရှားရမှာဖြစ်​ပေမဲ့ ကံဆိုး​ချင်​တော့ စာ​မေးပွဲရလာဒ်ထွက်ပြီးတဲ့အထိ ဆု​တောင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ ဒီ​တော့​ “အေ့ဒ်” လည်းအရက်​တွေ​အလွန်အကျွံသောက်ပြီးမူးသွားပါ​တော့တယ် ။ ယတြာအစွမ်း​ကြောင့် “​အေ့ဒ်” တစ်​ယောက်ထပ်ခါတလဲလဲ ” ဧပြီလ ၁ ရက်​နေ့ တနင်္လာ​နေ့ ” ကိုပဲပြန်ပြန်နိုးထလာပါ​တော့တယ်။ ဒီ​တော့ ” ​​အေ့ဒ် ” ဟာရလာတဲ့အခွင့်အ​ရေးကိုအသုံးချပြီး သူဆု​တောင်း​တွေပြည့်လာဖို့အတွက် “ဧပြီလ ၁ရက်​နေ့၊ တနင်္လာ​နေ့” မှာဘယ်လို​တွေကျင်လည်ဖြတ်သန်းမလဲဆိုတာကို ” HAPPY MONDAY(S) ” ဆိုတဲ့movie ​လေးမှာကြည့်ရှုလို့ရပါပြီ​နော် File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:08:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Htet & Alyn

Action • Thriller
6.2 1900 128 mins
Happy Monday(s)
Yadang: The Snitch
7

IMDb… 7.0 မင်းသား Kang Ha-Neul အပီကြမ်းထားတဲ့ အလန်းစား အက်ရှင်မှုခင်းကားသစ်လေး ထွက်ရှိလာပါပြီ။ When Life Gives You Tangerine က မင်းသားကြီး Park Hae-Joon ၊ Exhuma ကားမှ Yu Hae-Jin နဲ့ Our Unwritten Seoul မှ မင်းသား Ryu Kyung Soo အစရှိတဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ် – ဇာတ်လမ်းအကျဉ်း – အီဂန်ဆူ (Kang Ha-Neul) ကတော့ လူတစ်ဦးရဲ့ ချောက်ချမှုကြောင့် အပြစ်မရှိဘဲ ဆေးမှုနဲ့ ထောင်ထဲရောက်နေသူပါ။ ဂူဂွမ်ဟီး (Yu Hae-Jin) ကတော့ ရည်မှန်းချက်ကြီးတဲ့ အမှုစစ်ဖြစ်ပြီး ရာထူးတိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆေးသမားတွေကို ကြားက သတင်းပေးမယ်ဆိုရင် ထောင်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ဂန်ဆူကို ကမ်းလှမ်းပါတော့တယ်။ ဒီလိုနဲ့ ဂန်ဆူဟာ အမှုစစ်ဂူအတွက် မူးယစ်သတင်းပေး စလုပ်ပေးခဲ့ပြီး အမှုစစ်ဂူလည်း အဲဒီကျေးဇူးကြောင့် ဆေးသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဖမ်းပြီးတော့ ရာထူးလည်း တစ်ဆင့်ထက်တစ်ဆင့် တက်လာခဲ့တာပေါ့။ တစ်ဖက်မှာလည်း မူးယစ်ဆေးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံထောက်ဖြစ်တဲ့ အိုဆန်းဂျယ် (Park Hae-Joon) က အမှုစစ်ဂူကြောင့် သူ့ရဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆက်တိုက် ကျရှုံးနေတာမို့လို့ အမှုစစ်ဂူအပေါ် သိပ်ပြီး အမြင်မကြည်လှသလို ဂန်ဆူနဲ့ အမှုစစ်ဂူတို့ရဲ့ ဆက်ဆံရေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေလေ့ရှိပါတယ်။ ဂန်ဆူ ၊ အမှုစစ်ဂူနဲ့ စုံထောက်အိုတို့ သုံးဦးဟာ ကိုယ်စီ အကျိုးစီးပွားတွေအတွက် အပြန်အလှန် ပတ်သက်ဆက်စပ်မိပြုလာတဲ့အခါမှာတော့…. တောင်ကိုးရီးယား မူးယစ်စုံစမ်းစစ်ဆေးရေးလောကထဲက အားပြိုင်ပုံ အမျိုးမျိုးအဖုံဖုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွတ်မခံဘဲ အခုပဲ အပြေးလေးကြည့်လိုက်ကြပါတော့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ‌ရေးသားထားပါတယ်။) File Size : 1.92GB/ 940MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Action, Mystery, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Hnin Wai Oo & Miri Encoded by Tiff

Drama • War • History
7 2025
Yadang: The Snitch
Time Renegades
6.8

Time Renegades (2016) *********************** IMDb… 6.8 IMDb 6.8 ရှိတဲ့ Sci-fi thriller ကိုမှ Romance နဲ့ရောထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Hospital Playlist နဲ့ လူကြိုက်များတဲ့ မင်းသား Jo Jung Suk, Search WWW နဲ့ Low Life တို့မှာ ပါဝင်တဲ့ မင်းသမီး Im Soo Jung, Squid Game S2 S3 မှာ ပါဝင်ခဲ့တဲ့ Player 246 Lee Jin Wook တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့…. ၁၉၈၃ခုနှစ်ရဲ့ နှစ်သစ်ကူး Countdown လုပ်တဲ့အချိန်မှာ အထက်တန်းပြဆရာ ဂျီဟွမ် (Jo Jung Suk) က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ချစ်သူလည်းဖြစ်တဲ့ ယွန်းဂျောင် (Im Soo Jung) ကို လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းပြီး ခဏအကြာမှာပဲ ချစ်သူဖြစ်တဲ့ ယွန်းဂျောင်ရဲ့ ပိုက်ဆံအိတ် အခိုးခံရလို့ ဂျီဟွမ်က သူခိုးအနောက်ကို လိုက်ရာကနေ ဓားထိုးခံလိုက်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။ အဲဒီလိုပဲ ၂၀၁၅ခုနှစ်ရဲ့ နှစ်သစ်ကူးအချိန်မှာ လူသစ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂွန်းအူ (Lee Jin Wook) ကလည်း လူအုပ်ထဲမှာ တရားခံကို ဖမ်းဖို့ကြိုးစားရင်း သေနတ်ထိမှန်လိုက်ရပြီး ဆေးရုံကိုရောက်သွားခဲ့ပါတယ်။ ၃၂နှစ် အချိန်ကွာဟာမှုကြားမှာ တူညီတဲ့ရက်၊ တူညီတဲ့ အချိန်မှာပဲ ဂွန်းအူနဲ့ ဂျီဟွမ်က ဆေးရုံမှာ အသက်လုနေရတဲ့အချိန်ပေါ့… ဇာတ်လမ်းက အဲဒီမှာစတာပါပဲ… နှစ်ယောက်စလုံး သေရေးရှင်ရေး အချိန်ကို ဖြတ်ကျော်ပြီးနောက်မှာ ၁၉၈၃ခုနှစ်က ဂျီဟွမ်နဲ့ ၂၀၁၅ခုနှစ်က ဂွန်းအူတို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်ကို အိပ်မက်ကနေတစ်ဆင့် မြင်လာရပါတော့တယ်။ ပြောချင်တာက ဂွန်းအူကလည်း အိပ်မက်ထဲကနေ ဂျီဟွမ်ကြုံတွေ့ရတာတွေကို မြင်ရသလို ဂျီဟွမ်ကလည်း အိပ်မက်ထဲကနေ ဂွန်းအူ ကြုံတွေ့ရတာတွေကို မြင်ရပါတော့တယ်… ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင် ပြီးမသွားသေးဘဲ သူတို့အိပ်မက်တွေကနေတစ်ဆင့် ၁၉၈၃ခုနှစ် အတိတ်မှာ ဖြစ်ခဲ့တဲ့အမှုတစ်ခုကို ၂၀၁၅က ဂျီဟွမ်က စုံစမ်းဖို့ ဖြစ်လာပါတော့တယ်… Plot Twist တွေလည်း ပါမယ်.. ဇာတ်လမ်းဆန်းဆန်းလေးလည်း ကြည့်ချင်တယ်ဆို ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါနော်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ M ပဲ ဖြစ်ပါတယ်။) File Size : 1.82GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:44 Genre : Thriller, Romance, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by M Encoded by Tiff

Adventure • Comedy
6.8 2016 107 mins
Time Renegades