YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dali and Cocky Prince (2021) (Ep12).mp4

548.22 MB N/A video/mp4 3096 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kwaidan
7.7

ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း... ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု... တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု... နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း... ရှေးခေတ်ဂျပန် Theme များကို ကြိုက်နှစ်သက်သူများအတွက်၊ တစ္ဆေပုံပြင်များကို ဘယ်လိုပုံဖော်ရိုက်ကူးလဲဆိုတာ လေ့လာရင်း ငြိမ့်ငြိမ့်လေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်တုန်းကတော့ Oscar စာရင်းထဲပါ ဝင်ခဲ့တဲ့ ဂန္ထဝင်မြောက်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 3H 3Min Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action & Adventure • Crime • Drama
7.7 1964 183 mins
Kwaidan
Nix
7.2

Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ... ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။ အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ.... ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.6 GB) / (650 MB) / (400 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Comedy • Drama • Thriller
7.2 2022 94 mins
Nix
Gangubai Kathiawadi
7.5

(ရုံတင်ခိုးရိုက်ဝါးတားတားမဟုတ်တဲ့ Netflix ရုပ်သံအကြည်ဗားရှင်းကို တင်ဆက်ပေးလိုက်ပါပြီ) IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။ Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။ ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ 1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ... အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပညာသင်ခွင့်နဲ့ အခွင့်အရေးအတွက် သူမဘယ်လိုရင်ဆိုင်သွားမလဲ။ "ယောကျာ်းတွေက လူသေကောင်နဲ့ဆိုရင်တောင် ယုံရတာမဟုတ်ဘူး"ဆိုတဲ့ နာကျင်နေတဲ့သူမစကားရဲ့နောက်မှာ ရှုံ့ချမှုတွေ၊ ဒဏ်ရာတွေကို သူမဘယ်လိုကြံ့ကြံ့ခံမလဲ။ တစ်ခုခုဆိုတာနဲ့ အပြစ်တင်ရှုံ့ချတတ်တဲ့ လူထုဆိုတဲ့အရာကရော သူမတို့ကို နောက်ဆုံးထိ တိုက်ခိုက်သွားနိုင်မှာလားဆိုတာ ဒီ Gangubai Kathiawadi ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ မိန်းမတစ်ယောက်ရဲ့ အတိတ်ရဲ့ဒဏ်ရာနဲ့ ဒဏ်ရာကို ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ ​ သတ္တိတွေဆီကနေ ဘာသင်ခန်းစာတွေများ ရနိုင်မလဲဆိုတာ....။ File size…2.8GB/ 1.2GB Quality…1080p HEVC 5.1CH / 720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate ~Taylor ~ Myo Myo ~ Poe ~ Shwe Pyae

Horror • Thriller
7.5 2022 157 mins
Gangubai Kathiawadi
Raging Flower

အခုလိုကာလလေးမှာ အက်ရှင် ဟာသကားလေးကြည့်ရတာက စိတ်ကို အနည်းငယ်သက်သာရာရစေမှာအမှန်ပါပဲ။ နာမည်ကြီး အက်ရှင်ဟာသကားတွေကြားက Raging Flowers ဆိုတဲ့ တရုတ် အက်ရှင် ဟာသကားလေးကို ညွှန်းချင်ပါတယ်။ ကူ​လေ နဲ့ ပိုင်ရိုနန် တို့ ကျောင်းသူ၂​ယောက်ဟာ ကျောင်းကလွှတ်တဲ့ Camp အတွက် ထိုင်းနိုင်ငံအသွား အပျော်ကနေ အပျက်ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီးကြည့်ရမှာပါ။ ထိုင်းနိုင်ငံရောက် တရုတ်တွေဖြစ်တော့ ပေါက်ကရတွေဖြစ်၊ ကြောင်တောင်တောင်တွေနိုင်တဲ့အပြင် သူတို့ရဲ့ ဆရာမကိုလည်း ရာဇဝတ်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ "အမလေး ငါသွေးတက်" ဖြစ်သွားတော့တာပါပဲ။ ဆရာမကို ကယ်ဖို့ ဇာတ်လမ်းတွေလုပ်ရင် ပလန်တွေဆွဲရင် အသေတီးကြတာကိုလည်း ကြည့်ရမှာဖြစ်တော့ Raging Flower (ဒေါသပုန်ထသော ပန်းကလေး) ဆိုတဲ့အတိုင်း မင်းသမီးချောချောလေးတွေကို ဟာသနှောပြီး ငမ်းရမှာအသေအချာပဲဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ ဒီကားရဲ့အဆက် Raging Flower 2 (2021) ကို ဒီမှာ https://channelmyanmar.org/raging-flower-2021/ ကြည့်ပါ။ File size…(1.2 GB)/(700 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Omi

Adventure • Comedy • Science Fiction
0 2018
Raging Flower
[18+] Alapaap
7.3

Alapaap (2022) ~ IMDb rating – 7.3/10 ~ အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။ အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။ အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.91GB, 950MB Quality – 1080p, 720p Format – mp4 Duration – 2H 10Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Animation • Comedy • Family
7.3 2022 130 mins
[18+] Alapaap
Good Kids
6.1

Good Kids (2016) သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။ အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး… (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 26Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Family • Drama
6.1 2016
Good Kids
In the Land of Saints and Sinners
6.4

အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း အိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ UK လက်အောက်မှာပဲ ဆက်တည်ရှိနေပါတယ်။ ဒါကိုသဘောတူလိုက်တဲ့အချက်ကလည်း အိုင်ယာလန်မြောက်ပိုင်း ပရိုတက်စတင့်နဲ့ အခြားပြည်နယ်တွေက ကတ်သလစ်ဘာသာဝင်တွေကို အတူစည်းရုံးလို့မရမဲ့အတူတူဆိုပြီး သဘောတူလိုက်တာများပါတယ်။ ဒီစာချုပ်ကြောင့် IRA နှစ်ခြမ်းကွဲသွားခဲ့ပြီး စာချုပ်ကိုသဘောတူတဲ့ IRA နဲ့ သဘောမတူတဲ့ IRA ဆိုပြီး အချင်းချင်းထချကြလို့ အိုင်ယာလန်ပြည်တွင်းစစ် ၁၉၂၂ မှာဖြစ်သွားပါတော့တယ်။ အိုင်ယာလန်အကွဲအပြဲတွေကို သရော်တဲ့အနေနဲ့အလကားနေရန်ထဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ The Banshees of Inisherin ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ ပြည်တွင်းစစ်မှာ စာချုပ်သဘောတူတဲ့အဖွဲ့က အစိုးရတပ်ဖွဲ့ Provisional Government of Irelandဖြစ်လာပြီး မတူတဲ့အဖွဲ့က anti-Treaty Irish Republican Army ဖြစ်လာခဲ့ပါတယ်။ စာချုပ်ဆန့်ကျင်ရေး IRA ၁၉၂၃ စစ်ရှုံးသွားခဲ့ပေမဲ့ လက်နက်မချဘဲ ၁၉၆၉ အထိ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဆန့်ကျင့်ရေးအဖွဲ့ကို အင်္ဂလန်ဗုံးခွဲမှုတွေနဲ့ ၁၉၃၁ မှာ တရားမဝင်အဖွဲ့အစည်းကြေညာခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်ကိုတိုက်ချင်ဇောနဲ့ ဟစ်တလာဆီက အကူအညီတောင်းခံခဲ့လို့ IRA ခေါင်းဆောင် ၅ ယောက်ကြိုးပေးခံခဲ့ရပါတယ်။ ၁၉၆၉ မှာကျတော့ အဲဒီ ဆန့်ကျင်ရေး IRA က ထပ်ပြီး ကွဲသွားပါတယ်။ ရိုမန်ကတ်သလစ်၊ ပရိုတက်စ်တန့်ဘာသာအရေးအခင်းကြောင့်ပါပဲ။ ဆန့်ကျင်ရေး IRA ကိုမှ Official IRA နဲ့ Provisional IRA ဆိုပြီးကွဲသွားတာပါ။ Official IRA က နိုင်ငံရေးလိုင်းကနေ အိုင်ယာလန်ကို ပေါင်းစည်းဖို့ကြိုးစားပြီး Provs IRA ကတော့ အကြမ်းဖက်လိုင်းဖြစ်သွားပါတယ်။ IRA ဗုံးခွဲတဲ့ကိစ္စနဲ့ပတ်သတ်တဲ့ဇာတ်ကားကိုတောင် The Foreigner ဆိုပြီး ဂျက်ကီချန်းနဲ့ရိုက်ထားတာရှိပါတယ်။ ဒီလက်နက်ကိုင် Prov IRA ဟာ ၂၀၀၅ မှာမှ စစ်ရေးဆန့်ကျင်မှုတွေကနေ နိုင်ငံရေးအဖြစ် ပြောင်းလဲဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့ မြို့တွေကို တင်စားခေါ်ကြတာများပါတယ်။ ဒီရုပ်ရှင်မှာတော့ နှလုံးလှတဲ့လူသတ်သမားရဲ့ ဝိရောဓိကိုလည်း တင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်းဘွိုင်ဆန်ဆန် ရွာလေးထဲကလူနည်းစု တိုက်ပွဲတွေကလည်း အရသာတစ်မျိုးမို့ ကြည့်လိုက်ကြပါဦး။ File size… 1.40GB / 625MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.4 2023
In the Land of Saints and Sinners
The Greatest Hits
6.2

တစ်စုံတစ်ယောက်ကို သတိရစေတဲ့ သီချင်းတွေနားထောင်မိတိုင်း အချိန်တွေနောက်ပြန်လှည့်လို့ရရင်ဆိုတဲ့ အတွေးက ကပ်ပါလာလေ့ရှိပါတယ်။ အကယ်၍ တကယ်နောက်ပြန်လှည့်လို့ရခဲ့ရင်ရော? ဇာတ်လမ်းအကျဉ်း အဖြစ်ဆိုးတစ်ခုကြောင့် ဆုံးပါးသွားရတဲ့ ရည်းစားဖြစ်သူကို မေ့မပစ်နိုင်တဲ့၊ မေ့မပစ်နိုင်အောင်လည်း ခိုင်လုံတဲ့ အကြောင်းအရင်းရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သီချင်းတွေရဲ့ လွှမ်းမိုးနိုင်စွမ်းရှိမှုနဲ့ အချိန်ခရီးသွားခြင်းအယူအဆပေါ် အခြေခံ ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bonsai

Romance • Comedy • Drama
6.2 2024 94 mins
The Greatest Hits
Arnold & Sly: Rivals, Friends, Icons
7.3

Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating – 7.3/10 အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ဆိုင်တာဟာဆိုရင် တအားကိုမှ လက်ပေါက်ကပ်တဲ့ အထိပြိုင်တာပါ။ ရုပ်ရှင်ထဲမှာ မင်း လူ ၂၈ ယောက်သတ်ရင် ငါက ၃၂ ယောက်သတ်မယ်ဆိုတာမျိုး၊ မင်းထက်ပိုကြီးတဲ့ သေနတ်ကိုင်ပြမယ်ဆို တာမျိုးတွေအထိ ပြိုင်ကြတာပါ။ အခု စကားဝိုင်းမှာဆိုရင် သူတို့တွေ ဘယ် လိုတွေပြိုင်ခဲ့ကြလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဖြုတ်ဖို့ ဘယ်လိုတွေလုပ် ခဲ့သလဲ၊ အချင်းချင်း ဘယ်လိုတွေ အပြန်အလှန်သင်ယူခဲ့လဲဆိုတာကို ကြည့် ရှုရင်း ကျွန်တော်တို့ငယ်ဘဝက အက်ရှင်သူရဲကောင်းကြီးတွေရဲ့ဘဝကို တစ်စိတ်တစ်ပိုင်း လေ့လာခွင့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.19 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator…….Leonard Lin Encoder……….SWM

7.3 2024 43 mins
Arnold & Sly: Rivals, Friends, Icons
Analog
6.8

Japanese Drama/Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဘယ်လိုအနေအထား ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် မင်းကို ထာဝရ အချစ်စစ်နဲ့ချစ်နေမှာပါဆိုတာကို ရိုက်ပြထားတဲ့ ဂျပန်အချစ်ကားလေးတစ်ကားပါ…. ဇာတ်အိမ်လေးကတော့….. မီဇူရှီးမား ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဆိုင်အပြင်အဆင်တွေ၊ ဟော်တယ်အပြင်အဆင်တွေကို ဒီဇိုင်းဆွဲတဲ့ Interior Designer တစ်ယောက်ပေါ့…. တစ်နေ့မှာ သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားပြီး အမြဲထိုင်လေ့ရှိတဲ့ Piano ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ မမျှော်လင့်ထားဘဲနဲ့ မီယူကီ ဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး…. သူဘဝရဲ့ ရှေ့ရေးဟာ ဘယ်လိုဆက်ပြီးဖြစ်လာမလဲ…… မီယူကီ နဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ…. ဒီထူးဆန်းတဲ့ မိန်းကလေးကရော ဘယ်လိုမိန်းကလေးမျိုးလဲ…. Happy Ending ရောဖြစ်နိုင်မလား ဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.3 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

6.8 2023 120 mins
Analog
Blade II Blade 2
6.7

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

Horror • Thriller
6.7 2002
Blade II Blade 2
Buddha 2: The Endless Journey
6.2

IMDb 6.2/10 MyAnimeList 6.9/10 ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ ပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။ မှတ်ချက် – နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File Size : 1.4 GB, 610 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode by : Thit San Khant

6.2 2014 120 mins
Buddha 2: The Endless Journey
The Unbreakable Boy
5.8

Unbreakable Boy ဟာ 2025 ခုနှစ်ထွက် Family Drama ရုပ်ရှင်လေးပဲ ​ဖြစ်ပါတယ်.. Shazam မင်းသား Zachary Levi ပါဝင်သရုပ်ဆောင် ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားလေးဟာ IMDb 5.8 ရရှိထားပါတယ်… ဇာတ်လမ်းကတော့… မျိုးရိုးလိုက်တတ်တဲ့ အရိုးရောဂါသည်လေး ထရီဆာနဲ့ စကော့ထ်တို့ အကြောင်းပါခဲ့ရာမှ အော်တစ်ဇင် နဲ့ အရိုးရောဂါသည်လေး အော်စတင်မွေးဖွားလာခဲ့ပြီး သူတို့မိသားစု ကြုံကြ ဆုံကြ ရင်ဆိုင်ကြရတဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်… အိမ်ထောင်ရေး ပြဿနာတွေ မိသားစု သံယောဇဥ်တွေ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဖေးမမှုတွေ စတာတွေကို Family drama ဇာတ်ကားကောင်း ပီသစွာ ကြည့်ရှု ခံစားနိုင်မှာပဲ ဖြစ်ပါတယ်… File size… (1.61 GB) / (888 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Min Thway

Horror
5.8 2025 108 mins
The Unbreakable Boy
Aku Jati, Aku Asperger
7.8

Aku Jati, Aku Asperger (2024) IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger’s syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။ Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။ သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ချစ်သူအသစ်ရှာခရီးစဉ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (760 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:21:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Horror
7.8 2024 88 mins
Aku Jati, Aku Asperger