YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

CSI.Crime.Scene.Investigation.S06E14.Killer.720p.AMZN.WEB-DL.DDP5.1.x264-NTb.mp4

531.1 MB 720p video/mp4 344 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Passenger 57
5.9

Blades မင်းသားကြီး Wesley Snipesရဲ့ ၁၉၉၂တုန်းက ထွက်ခဲ့တဲ့ Old but gold အက်ရှင်ကားတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် ။ မင်းသားကြီးဟာ ရဲဝန်ထမ်း​ဟောင်း၊ လက်ရှိ လေ​ကြောင်းလုံခြုံ​ရေး ​သရုပ်ပြ နည်းပြလုပ်​နေသူ ဂျွန်ကတ်တာအဖြစ် ပါဝင်ထားပါတယ်။ အတိတ်က သူ့ရဲ့အမှားတစ်ခု​ကြောင့် ရဲအဖြစ်က​နေအနားယူထားတဲ့ ဂျွန်ဟာ တစ်​နေ့မှာ​တော့ ​နိုင်ငံတကာ​ လေ​ကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံ​ရေးအရာရှိအဖြစ် ခန့်အပ်ခံရကာ ​လော့စ်အန်ဂျလိစ်ကိုသွားဖို့ အ​​ကြောင်းဖန်လာပါတယ်။ တိုက်ဆိုင်စွာပဲ သူစီးလာတဲ့ ​လေယာဉ်​ပေါ်မှာ ဗုံး​​ဖောက်ခွဲမှုများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းက FBI​ဖမ်းဆီးမှုကို ခံထားရပြီး ​အေးဂျင့်၂​ယောက်နဲ့အတူ ​လော့စ်အန်ဂျလိစ်ကို လိုက်ပါ လာကြပါတယ်။ နာမည်ကြီးအကြမ်းဖက်သမားဖြစ်​တဲ့ ချားစ်ရိန်းက အချိန်းအချက်​တွေနဲ့အတူ အတူပါ​ အေးဂျင့်၂​ ယောက်ကို သတ်ပြီး ​လေယာဉ်ကို ပြန်​ပေးဆွဲလိုက်တဲ့အခါ ဂျွန်ကတ်တာလည်း လုံခြုံ​ရေး အရာရှိ ဖြစ်ဖြစ်ချင်း မဟာစွန့်စားခန်းကြီးကို စဖွင့်ရင်း ချားစ်ရိန်းနဲ့ ရင်ဆိုင်ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.5GB) / (750MB) Quality__BluRay_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:25:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Crime • Mystery • Thriller
5.9 1992 84 mins
Passenger 57
Tiny Cinema
5.4

ဒီရုပ်ရှင်ဟာ ခရမ်းချဉ်သီး ၈၆လုံးအထိ ရထားတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာတော့ သိပ်ပူစရာမလိုပါဘူး။ ကောင်းတာထက်ကို ခပ်ကြောင်ကြောင် ခပ်ဆန်းဆန်းတွေလို့ပြောရင် ပိုမှန်မလားပဲ။ သူက မြို့တစ်မြို့က ဖြစ်ရပ်တွေကို လူတစ်ယောက်က ဇာတ်ကြောင်းပြောပြတဲ့ ပုံစံနဲ့ရိုက်ထားပြီး ဇာတ်လမ်းတိုလေးတွေ တစ်ခုပြီးတစ်ခုပြောပြနေလိမ့်မယ်။ သူ့ဇာတ်လမ်းတွေကလည်း တော်တော်ကြောင်တဲ့ တော်တော်ဆန်းတဲ့ ဇာတ်တွေ။ တစ်ဇာတ်ဆို ခိုးတာတို့ ဓားပြတိုက်တာတို့နဲ့မှ ဟိုဟာ မာတဲ့ဘော်ဒါတစ်ပွေအတွက် သူ မာနိုင်အောင် ဓားပြသွားတိုက်ကြတဲ့ ဇာတ်မျိုး။ တကယ့်ကို အူကြောင်ကြောင်ပဲ။ တစ်ဇာတ်ကျ အတိတ်ကလူနဲ့ အနာဂတ်ကလူ တွေ့ကြတယ်။ အတိတ်ကလူကို အနာဂတ်ကလူက ငါက အနာဂတ်က မင်းပဲလို့ပြောပြီး မင်းနဲ့ငါ ဘာညာမလုပ်ရင် ကမ္ဘာကြီးပျက်တော့မှာပြောပြီး ညာပြီး ချခိုင်းတယ်။ တစ်ဇာတ်ကျ ဒီပျက်ရှင်ကောင်မလေးတစ်ယောက်ရှိတယ်။ သေချင်လို့ တံတားနားသွားရပ်ရင်း မြစ်ထဲက အလောင်းတစ်လောင်းတွေ့လာတယ်ပေါ့။ ဘယ်ရည်းစားနဲ့မှ အဆင်မပြေနေတော့ အဲဒီအလောင်းကို ရည်းစားလိုတွဲပြီး နေရာတကာခေါ်သွားတယ်။ အဲဒီမှာ သူငယ်ချင်းတွေ ဖောင်းထုခံရတော့တာပါပဲ။ အဲလိုဖောင်းထုခံရလို့ ဒီပျက်ရှင်ထပ်၀င်ရာက ကံကောင်းပြီး အလောင်းကို အသက်သွင်းနည်းတွေ့သွားတယ်။ အလောင်းကြီးက လူဖြစ်လာပြီး သူတို့အတူနေကြသတဲ့။ ဒီလိုဇာတ်လေးတွေပေါ့။ မပြောရသေးတဲ့ဇာတ်တွေလည်း အများကြီးကျန်ပါသေးတယ်။ အကုန်လုံးက ဂလယ်အူကြောင်နဲ့ တော်တော်ဆန်းတဲ့ ဇာတ်တွေချည်းပါပဲ။ ဒီလိုမကြုံစဖူး ထူးခြားဆန်းပြားကားကြီးကို ရှားရှားပါးပါးကြုံရတာမို့ ကြည့်ကြသင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 743MB Quality - 1080p, 720p Format - mp4 Duration - 1H 24Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama • War
5.4 2022 84 mins
Tiny Cinema
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
She Will
5.4

She will (2021) =========== ဒီဇာတ်ကားကတော့ 2021 မှာ ထွက်ရှိခဲ့ပြီး IMDb 5.5 ရရှိထားတဲ့ Psychological Horror and Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗရိုနီကာ ဂန့်ထ် ဆိုတဲ့ နာမည်ကြီးမင်းသမီးကြီး တစ်လက်ဟာ ခွဲစိတ်မှုတစ်ခုကို ခံယူပြီး ပြန်လည်ထူထောင်ရေးအတွက် စကော့တလန်နယ်ဘက်မှာ သွားရောက်နေထိုင်ရာမှ စတင်လာပါတယ်။ ဒေစီ ဆိုတဲ့ သူနာပြုအကူတစ်ယောက်လည်း ဗရိုနီကာ့ကို ပြုစုပေးဖို့အတွက် သူမနဲ့အတူတူ လိုက်ပါလာခဲ့တယ်။ အဆိုပါနေရာက ဆက်သွယ်မှုပြင်ပ ဧရိယာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေနဲ့ တည်ရှိနေခဲ့တဲ့ နေရာတစ်ခုပါ။ လူထောင်ချီ မီးလောင်သေဆုံးခဲ့ရပြီး ထူးဆန်းဖွယ် ရွှံ့နွံတွေအပြည့်နဲ့ နေရာမှာ ဗရိုနီကာတို့လိုပဲ အနားယူဖို့ လာရောက်ကြတဲ့ လူထူးဆန်းတွေလည်း ရှိလို့နေပါတယ်။ ဗရိုနီကာလည်း အဲဒီကိုရောက်မှ သူမရဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာပြီး အိပ်မက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအင် တွေ ရရှိလာတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်အတိတ်ဆိုးတွေ ပြန်လည်စတင်လာပါတော့တယ်။ မီးလောင်မှုတွေနဲ့ ရွှံ့နွံတွေကြား ဆက်စပ်မှုတွေ၊ စုန်းမငှက်မွှေးလို့ခေါ်ကြတဲ့ ကျပ်ခိုးတွေနဲ့ အမှောင်ထုတွေကြားက ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာမို့ Psychological Horror and Thriller ကြိုက်တဲ့သူတွေအဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
5.4 2021
She Will
To the Moon
5.8

To The Moon (2021) ဝေးလံခေါင်သီတဲ့ တောတွင်းတစ်နေရာမှာ ဆေးစွဲနေလို့ ပြုတ်ခဲ့တဲ့ မင်းသားပြုတ်တစ်ယောက်ဟာ ဆေးဖြတ်ဖို့ အားယူနေတယ်။ သူ့မိန်းမက သူ့ကို အားပေးရင်း သူကလည်း သူ့မိန်းမထဲကို အားတွေပြန်ပေးရင်း နေလာလိုက်တာ ကံဆိုးချင်တော့ သူ့ဆီက နှစ်ပေါင်းများစွာက မတွေ့ခဲ့ရတဲ့ သူ့အစ်ကို ရုတ်တရက်ကြီး ရောက်လာတယ်။ သူ့အစ်ကိုရဲ့နောက်ကြောင်းကိုတော့ မရှင်းထားဘူးပေမဲ့ သူ့အစ်ကိုက ရူးနေသလိုလို ဘာလိုလိုပဲ။ သူ့မိန်းမကိုပါ ဆိုက်ကိုသွင်းပြီး ရူး‌ကြောင်မူးကြောင်ဖြစ်အောင်လုပ် သူ့ဘက်အရခေါ်ဖို့ကြိုးစားနေတဲ့ သူ့အစ်ကိုရဲ့ ရူးကြောင်မူးကြောင်အကွက်တွေအောက်မှာ ဆေးဖြတ်ဖို့ကြိုးစားရင်း ရူးကြောင်မူးကြောင်ဖြစ်နေတဲ့ သူဟာ ရူးကြောင်မူးကြောင်အရာတွေနဲ့ ကြုံလာရတော့တယ်။ ဒီကားနဲ့ပဲ American Film Festival ဒါရိုက်တာ ဆုရထားတဲ့ ဒါရိုက်တာရဲ့ ကားသစ်လေးပါ။ ပုံမှန် Thriller ကားတစ်ကားထက်ပိုတဲ့ Ending တစ်ခုကို ခံစားရမယ့်အပြင် ကာရိုက်တာသုံးယောက်ကြားက Chemistry နဲ့ အားပြိုင်မှုကိုပါ ကောင်းကောင်းကြီး ခံစားကြပါလိမ့်မယ်။ Low Budget ပေမဲ့ အတော်လေးကို ကြည့်ရ အဆင်ပြေရုံတင်မက စိတ်ပါကျေနပ်မယ့် ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 635MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 23Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Science Fiction • War
5.8 2021 81 mins
To the Moon
Army of Darkness
7.6

Army of Darkness (1992) ~ IMDb 7.4 / Rotten Tomatoes 74% ~ ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်… ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ File Size : (3.52 GB) and (1.3 GB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 1hr 21min Format : Mp4 Genre : Comedy / Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Phoebe Encoded by Thit San Khant

Drama • Romance
7.6 1992 81 mins
Army of Darkness
The Believer
7.1

The Believer (2001) ~ IMDb – 7.1/10, Rotten Tomatoes – 82% ~ ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။ အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။ ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။ ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.1 2001 98 mins
The Believer
Amityville Exorcism

Amityville Exorcism (2017) ===================== မသန့်တဲ့သစ်သားကြောင့် အိမ်မသန့်တာတွေဘာတွေ မကြုံဖူးရင်တောင် အရပ်စကားနဲ့ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီ Horror ရုပ်ရှင်မှာလည်း အဲဒီဖြစ်ရပ်မျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း- ဘုန်းတော်ကြီးဘန်နာဟာ အမ်မတီဗေးလ်အိမ်ကြီးမှာ အပနှင်ပေးရင်း အသက်ဆုံးသွားခဲ့တဲ့ဖာသာရဲ့ ညီ ဖြစ်ပါတယ်။ တစ်နေ့မှာ ချားစ်ဆိုတဲ့ကန် ထရိုက်ကို သွားတွေ့ရာက သူကိုယ်တိုင် အပနှင်ရဖို့ ဖြစ်လာပါတယ်။ ချားစ်ဟာ သူ့မိသားစုကို ပြန်သတ်မှုနဲ့ ထောင်ကျနေသူပါ။ ချားစ်တစ်ယောက် အမ်မတီ ဗေးလ်အိမ်ကြီးက သစ်ခွဲသားဟောင်းတွေကို သူပြင်ဆင်ပေးတဲ့ အိမ်တွေ အဆောက်အအုံတွေမှာ ပြန်သုံးမိရာက အပူးအကပ်ဇာတ်လမ်းပြန်စတင်လာပါ။ အမ်မတီဗေးလ်အိမ်ကြီးမှာ မကောင်းဆိုးဝါးကင်းစင်သွားပေမဲ့ အဲဒီသစ်ခွဲသား ဟောင်းတွေမှာ မကောင်းဆိုးဝါးတွေကပ်ပါသွားခဲ့ပါတယ်။ အဲဒါကြောင့် ဖာသာဘန်နာဟာ အဲဒီသစ်ခွဲသားတွေရှိရာ ဂျယ်ရမီနဲ့အေမီဒူကိန်း တို့သားအဖဆီ ရောက်ရှိလာပါတယ်။ ဘာသာတရားကိုမယုံကြည်တဲ့ဂျယ်ရမီ၊ မိတဆိုးသမီးလေးအေမီနဲ့ ဖာသာဘန်နာတို မကောင်းဆိုးဝါးကို ဘယ်လိုရင်ဆိုင် ကြမလဲ၊ ဒီတစ်ခါရော အပြီးနှင်ထုတ်နိုင်ပါ့မလားဆိုတာကို ကြည့်ကြရမှာပါ။ သရဲကားတော်တော်များများလို သရဲခြောက်တဲ့အိမ်ကြီးရယ်၊ စွဲကပ်နေတဲ့မကောင်း ဆိုးဝါးတွေရယ်၊ ပူးကပ်ခံရတဲ့လူတွေရယ်၊ အပနှင်မဲ့ ဘာသာရေးဆရာရယ်နဲ့ အခြေခံထားတာဖြစ်ပေမဲ့… Horror ပရိသတ်တွေအတွက်တော့ အပျင်းပြေကြည့် လို့ရမဲ့ ဇာတ်လမ်းမျိုးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.74 GB) / (830 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 17Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….C’mon Encoder……….SWM

0 2017
Amityville Exorcism
The Three Musketeers: D’Artagnan
7

The Three Musketeers: D’Artagnan (2023) ~ IMDb – 6.9/10, Rotten Tomatoes – 96% ~ ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။ Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.1GB, 1.6GB, 680MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 1Min Genre – Action, Adventure, History Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Adventure • Crime • Drama • Thriller
7 2023
The Three Musketeers: D’Artagnan
Rocky Road to Berlin
7.4

ယခုတစ်ယောက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ KUZMA SCRYABINရဲ့ ဇာတ်လမ်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Adventureပုံစံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကူဇ်မာဆိုတာကတော့ ယူကရိန်းက ဖျော်ဖြေပွဲလုပ်ခါနီး ရော့ခ်သမားလေးတစ်ယောက်ပေါ့။ ကူဇ်မာဟာ ချစ်သူလေးဘာရ်ဘာရဲ့ ကားစီးချင်တဲ့ အိပ်မက်တွေအမှန်ဖြစ်လာဖို့အတွက် စုထားတဲ့ပိုက်ဆံလေးနဲ့ တစ်ပတ်ရစ်အဟောင်းတန်းက ပိုဘီဒါကားလေးတစ်စီးကို ဝယ်ယူလိုက်တဲ့အခါမှာ ကားကစုတ်နေတဲ့အတွက် ချစ်သူလေးရဲ့ စိတ်ခုချင်းကို ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ရက် ဘယ်လောက်မှ မကျန်တော့တဲ့အချိန်မှာ အဖော်ကောင်း ဘာ့ဒ်ဆိုသူနဲ့ ချိန်မိပြီးတော့ ဘာလင်မှာ ပိုဘာဒါကားကို မာစီဒီးနဲ့ လဲချင်တဲ့သူရှိတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ဘာ့ဒ်နဲ့အတူ ဘာလင်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ကူဇ်မာနဲ့ ဘာ့ဒ်တို့ နှစ်ယောက်သား ဘာလင်ကို ခရီးဆက်ရာကနေ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ ……. စိတ်ဓာတ်တွေကျပြီး ဂီတလမ်းကြောင်းကို စွန့်ပစ်ချင်စိတ်ဖြစ်နေတဲ့ ကူဇ်မာတစ်ယောက်ရော ဒီခရီးစဉ်မှာ ဘယ်လိုစိတ်အပြောင်းအလဲတွေဖြစ်ဦးမလဲ …… ခရီးစဉ်ရဲ့အဆုံးမှာရော ဘယ်လိုအဆုံးသတ်တွေက စောင့်ကြိုနေမလဲ ….. ဆိုတာတွေကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:44:00 Genre… Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura

7.4 2023 100 mins
Rocky Road to Berlin
Alanaati Ramachandrudu
8.9

Alanaati Ramachandrudu (2024) အင်ထရိုဗာ့တစ်ယောက်ရဲ့အချစ် မွေးဖွားလာချိန်တူပြီး ကိုယ်ရည်ကိုယ်သွေးမတူကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်…။ ဗစ်ကရမ်ဆိုတဲ့ကောင်လေးက ဗီဇကိုက စကားနည်းပြီး အနေအေးလွန်းလို့ ငယ်ငယ်တုန်းကအတန်းထဲမှာ မာနကြီးတဲ့ကောင်လို့ အပြောခံရသည်ထိပါပဲ ။ ဒါရာနီကတော့ လမင်းကြီးပုံပြင်နားထောင်ရင်းကြီးပြင်းလာတဲ့ လနတ်သမီးလေးလိုအလှနဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်။ လူကြောက်ပေမဲ့ လူတွေကြားထင်ပေါ်လွန်းတဲ့ကောင်မလေးကိုမှ ချစ်မိလေတော့ တစ်သက်လုံးစွဲလာတဲ့အကျင့်ကို ဖီဆန်ပြီး အားမွေးတော့တာပေါ့။ အာမွေးပြီး ဖွင့်ဆိုလိုက်တဲ့ အချစ်စကားတစ်ခွန်းက သူ့ဘဝကို ပြောင်းပြန်လှန်သွားစေတဲ့အခါမှာတော့…. ပိတ်ရက်မှာ သီချင်းချိုချိုလေးတွေနဲ့ အချစ်ဟာသကားလေးနဲ့ အမောဖြေ‌နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

Fantasy • Horror
8.9 2024
Alanaati Ramachandrudu
Mercy Killing
6.8

Mercy Killing (2024) ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့် IMdb – 8.8/10 Euthanasia တို့ Mercy Killingတို့ဆိုတာ ဆေးပညာရပ်ဝန်းမှာအမြဲဒွိဟ‌ဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခု ဆေးပညာရပ်ဝန်းမှာ Mercy Killingဟာ ဘာလဲလို့ပြောရရင်တော့ ကုမရတော့တဲ့ရောဂါ အကြောသေလေဖြန်းလို့ သူတစ်ပါးအတွက် အမြဲဝန်ပိုဘဝနဲ့ ကိုမာဝင်နေလို့ သစ်ပင်လူသားလို အိပ်ရာပေါ်မှာရှင်သန်နေရသူတွေကို တရားသူကြီးအမိန့်နဲ့ ငြိမ်းချမ်းစွာ ဇီဝိန်ချုပ်ခွင့်ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ဒီကားလေးထဲမှာတော့ Mercy Killing ပေးဖို့တောင်းဆိုနေတာက နာဖျားနေသူလည်းမဟုတ် သစ်ပင်လူသားလို အိပ်ရာထဲလဲနေတာလည်းမဟုတ်တဲ့ ၁၄ နှစ်အရွယ် အရွယ်ကောင်းပညာသင်လို့ကောင်းတဲ့အရွယ် ကောင်မလေး ဆွယ်ချာ တရားဥပဒေနဲ့ အာဏာရအစိုးရကို အယုံအကြည်မရှိတော့လို့ မေတ္တာတရား ကိုယ်ချင်းစာမှုဆိုတာ ဘာလဲမသိတော့တဲ့ကမ္ဘာကြီးမှာ ရှင်သန်မယ့်အစား ငြိမ်းချမ်းစွာ သေဆုံးခွင့်ကို ရွေးခွင့်ပေးပါလို့ မြို့လယ်ခေါင်မှာ တောင်းဆိုနေပါသတဲ့။ တကယ်တော့ ဆွယ်ချာဟာ ကံဆိုးရှာတဲ့ မိဘမဲ့ကလေးတစ်ယောက်၊ ဉာဏ်ရည်ထက်မြက်ပြီး သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ပေမဲ့ မိဘမဲ့ဆိုတဲ့ စကားလုံး ၃ လုံးက အရိပ်လို အမြဲနောက်ကနေ ခြောက်လှန့်နေတော့ သူ့မိဘတွေဘယ်သူလဲဆိုတာ ရှာဖို့ထွက်လာတဲ့ ကလေးမလေးတစ်ယောက် ဒီလို ရည်မှန်းချက်တွေ အနာဂတ်တွေနဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်ဝနေရမယ့် ၁၄ နှစ်က‌လေးမလေးက သူ့ကိုသတ်ပေးဖို့ မြို့လယ်ခေါင်ကိုထွက် ဆန္ဒပြရတဲ့အထိ သူဘယ်လိုမတရားမှု‌တွေကြုံခဲ့ရတာလဲ။ သူ့ရဲ့မိဘတွေရှာနေချင်တဲ့ ရည်မှန်းချက်ကရော ပြည့်ဝသွားမလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.8 2024
Mercy Killing
Jackie Brown
7.5

Jackie Brown(1997) IMDb Rating (7.5)/ Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ (၃) ကားမြောက်ရုပ်ရှင်ကားဖြစ်ပါတယ်။ Robert De Niro , Samuel L. Jackson , Michael Keaton , Robert Forster , Pam Grier , Bridget Fonda တို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့မလို့ အမိုက်စားရုပ်ရှင်လဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ သန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီခွဲပြီး မက္ကဆီကိုကနေ မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …… သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက် ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေပါတယ်… သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမားဟာ အနည်းဆုံး လူဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇက်ရဲ သတ်ဖြတ်တတ်သူပါ … ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် အပူတပြင်းအလိုရှိနေတဲ့တစ်ယောက်ပေါ့ ……. ဒီလက်နက်မှောင်ခိုသမားဟာ ရဲတွေကြားမှာ ဘယ်လိုအကွက်ရွှေ့ရမလဲသိသလို အခက်အခဲကြုံလိုက်တိုင်းလည်း သွေးအေးအေးနဲ့ ဖြတ်သန်းတတ်သူပါ…… အမှုလိုက်တဲ့ရဲတွေ မှောင်ခိုသမားတွေ လက်ရဲဇက်ရဲ လူသတ်သမားတွေနဲ့ ဂျက်ကီဘရောင်းဆိုတဲ့လေယာဉ်မယ်အမျိုးသမီးတို့ကြား ဘယ်လိုတွေဆက်စပ်ဖြစ်ကုန်လဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….။ ဇာတ်ကားကြာမြင့်ချိန် နှစ်နာရီခွဲခန့်ကြာမြင့်ပေမယ့် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုသူပရိသတ်ပါ ဉာဏ်ကစားနိုင်အောင် မြှုပ်ကွက်လေးတွေနဲ့ရိုက်ထားတဲ့ကားဖြစ်လို့ ထိုင်ရာကမထချင်အောင် စွဲဆောင်မယ့် ဇာတ်ကားဖြစ်တဲ့အပြင် နာမည်ကြီးသရုပ်ဆောင်တွေကလဲ အပိုအလိုမရှိ ကျရာနေရာကနေပါဝင်သရုပ်ဆောင်ထားကြလို့ အော်စကာ အပါအဝင် ဆု ၂၂ ဆု ဇကာတင်ပြီး ဆု ၈ ဆုရရှိထားတာဆိုတော့ ကြည့်ရတာ တကယ်တန်မယ့်ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှ တင်ဆက်ထားပါတယ်။)

7.5 1997
Jackie Brown
Cheta Singh
7.4

Cheta Singh 2023 (ချီတာဆင်းဂ်) ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲ အဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊ အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။ ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကို အစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလို စာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊ တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီး သူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့ ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ… ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊ မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက် မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီး ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

7.4 2023 135 mins
Cheta Singh
Everything’s Going to Be Great
5.5

Everything’s Going to Be Great (2025) IMDb Rating (5.5) / Rotten Tomatoes (63%) ဒီတစ်ခါမှာတော့ Comedy/Drama ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ Breaking Bad ထဲကမင်းသားကြီး Bryan Cranston, Allisson Janneyနဲ့ Benjamin Evan Ainsworth တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဖျော်ဖြေရေးလောကမှာ စားဝတ်နေရေးအတွက် ပြဇာတ်ကစားပြီးရပ်တည်နေတဲ့ ဘက်ဒီနဲ့မေစီစမတ်တို့ဟာ ဒဲရစ်နဲ့လက်စတာဆိုတဲ့သားနှစ်ယောက်နဲ့အတူနေထိုင်ကြပါတယ်။ ဒေသခံပြဇာတ်ရုံအသေးလေးမှာပဲပြဇာတ်ကရင်း အိမ်ရဲ့စီးပွားရေးက ပြေလည်တစ်လှည့် ကြပ်တည်းတစ်လှည့်ပေါ့။ သားနှစ်ယောက်ကလည်း ဝါသနာမတူဘဲ မကြာခဏအချင်းများလေ့ရှိကြတယ်။ သားအငယ်လက်စတာကတော့ အဖေတူသားပီပီ ပြဇာတ်တွေမှာပါဝင်သရုပ်ဆောင်ရတာကိုခုံမင်ပေမဲ့ အကြီးဖြစ်သူဒဲရစ်ကတော့ ဘောလုံးအားကစားကိုဝါသနာပါပေမဲ့ လိုအပ်တဲ့အခါဖျော်ဖြေမှုမှာပါဝင်ရပါတယ်။ တစ်ရက်မှာ နယူးဂျာစီမှာရှိတဲ့ပြဇာတ်အကြီးမှာဖျော်ဖြေဖို့အခွင့်အရေးရလာပြီး ထိုဖျော်ဖြေမှုအောင်မြင်ခဲ့ပါက ဘဝပြောင်းနိုင်မယ့်အခွင့်အရေးကြီးမလို့ ရည်မှန်းချက်ကြီးမားတဲ့ဘက်ဒီတစ်ယောက် အားလုံးကိုပုံအောလောင်းကြေးထပ်ပြီး နယူးဂျာစီမြို့ကိုပြောင်းလာပါတယ်။ အောင်မြင်ရင်ရရှိမယ့်ဆုလဒ်ကကြီးမားသလို ဆုံးရှုံးခဲ့ရင်လည်းဘာမှမကျန်တော့တဲ့အထိဖြစ်မှာမလို့……..သူတို့အောင်မြင်သွားကြပါ့မလား။ မမျှော်လင့်ထားတဲ့အခက်အခဲတွေ အခြေအနေတွေကြုံတွေ့ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rybujane ဖြစ်ပါတယ်။) File size… (3.8 GB) / (1.3 GB) / (660 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:35:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Rybujane

5.5 2025 95 mins
Everything’s Going to Be Great